Headlines News :
Home » » တက္ကသိုလ်ဝင်တန်း အောင်ချက် ခြောက်နှစ်ဆက်တိုက် မွန်ဗိုလ်စွဲ

တက္ကသိုလ်ဝင်တန်း အောင်ချက် ခြောက်နှစ်ဆက်တိုက် မွန်ဗိုလ်စွဲ

Written By လွင့်မောင်မောင် on Saturday, June 7, 2014 | 10:41 PM

Photo
အထက(၁)ထားဝယ် -ဓာတ်ပုံ -ဖိုးဇော်

မော်လမြိုင်၊ ဇွန် ၇

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ် တက္ကသိုလ်ဝင်တန်း
အောက်မြင်သည့်နှုန်းသည် မွန်ပြည်နယ် အများဆုံးဖြစ်ပြီး ခြောက်နှစ်ဆက်တိုက်
အောင်ချက်အကောင်းဆုံးပြည်နယ် အဖြစ်ရပ်တည်နေကြောင်း မွန်ပြည်နယ်
ပညာရေးမှူးရုံးမှ သိရသည်။

ဇွန်လ ၇ ရက်နေ့ ပြည်နယ်နှင့် တိုင်းဒေသအလိုက်
တက္ကသိုလ်ဝင်တန်းအောင်စာရင်များ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဖြေဆိုသူ
၁၆၈၇၃ ဦး ရှိသည့်အနက် ၇၄၂၀ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၄၆ ဒဿမ ၇၅
ရာခိုင်နှုန်းဖြင့် အောင်ချက်အမြင့်မားဆုံးဖြစ်ကြောင်း အထက်ပါရုံးမှ
သိရသည်။

“မွန်ပြည်နယ်ကတော့ ခြောက်နှစ်ဆက်တိုက်
အောင်ချက်အကောင်းဆုံးရရှိလာခဲ့တယ်။ဒါကတော့ ဆရာ
ဆရာမတွေရဲ့ကြိုးစားအားထုတ်မှု ကျောင်းသူ ကျောင်းသားတွေရဲ့
ကြိုးစားအားထုတ်မှုတွေကြောင့် ရရှိလာခဲ့တာဖြစ်တယ်။ ဝမ်းလည်းသာတယ်
ဂုဏ်လည်းယူပါတယ်။နောင်နှစ်တွေမှာလည်း ဒီလိုပဲ
အောင်မြင်မှုတွေရရှိနေမှာပဲလို့ မျှော်လင့်တယ်” ဟု မွန်ပြည်နယ်
ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ပြုံးပြုံးအေးက ပြောသည်။

မွန်ပြည်နယ်မှ အောင်မြင်သူများအနက် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ ငါးဘာသာ
ဂုဏ်ထူးရှင် ၃၆ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၅၄ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင်
၁၈၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၁၁ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၂၂၆ ဦး
ရရှိကြသည်။

မွန်ပြည်နယ်သည် ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်တွင် ၄၂ ဒဿမ ၅ဝ
ရာနှုန်းဖြင့်လည်းကောင်း၊ ၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်တွင် ၄၂ ဒဿမ ဝ၈
ရာနှုန်းဖြင့် လည်းကောင်း၊ ၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်တွင် အောင်ချက် ၄၃ ဒဿမ ၃၃
ရာနှုန်းဖြင့် လည်းကောင်း၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ၄၇ ဒဿမ ၃၈
ရာခိုင်နှုန်းလည်းကောင်း တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံး
ရရှိလာခဲ့သည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း သံဖြူဇရပ်မြို့နယ်သည်
 အောင်ချက်အကောင်းဆုံးဖြစ်ပြီး အောင်ချက် ၆၀ ဒသမ ၆၀ ရာခိုင်နှုန်း၊
ဒုတိယအောင်ချက်အကောင်းဆုံးအဖြစ် မုဒုံမြို့နယ် အောင်ချက် ၆၀ ဒသမ ၀၈
ရာခိုင်နှုန်းနှင့် တတိယအဖြစ် မော်လမြိုင်မြို့နယ် အောင်ချက် ၅၄ ဒသမ ၅၁
ရာခိုင်နှုန်း အသီးသီး ရရှိကြသည်။

“မြို့နယ်တွေအနေနဲ့က ဒီနှစ်ထူးခြားတာက သံဖြူဇရပ်မြို့နယ် ပထမရသွားတယ်။
ခါတိုင်းနှစ်တွေကျတော့ မုဒုံက ပထမဖြစ်နေတယ်။ မော်လမြိုင်၊ မုဒုံ၊
သံဖြူဇရပ်သုံးမြို့နယ်ထဲကပဲ လည်နေတာ” ဟု ဒေါ်ပြုံးပြုံးအေးက ပြောသည်။

၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံး
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊
တနင်္သာရီတိုင်း၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့ပါဝင်သည်ဟု
မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
 |Dawei Watch|
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template