Headlines News :
Home » , » တရုတ်တွင် အီဘိုလာရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးပေါ်အခြေအနေ ကြေညာ

တရုတ်တွင် အီဘိုလာရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးပေါ်အခြေအနေ ကြေညာ

Written By လွင့်မောင်မောင် on Sunday, August 3, 2014 | 11:33 PM

 
လူအသေအပျောက်များတဲ့ အီဘိုလာ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တရုတ်ကျန်းမာရေးနဲ့ မိသားစု စီမံကိန်း ကော်မရှင်က အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ ဆေးဌာနတွေ အဆင့်တိုင်းက အီဘိုလာ ကူးစက်မှု သံသယရှိတဲ့ ဘယ်လို ကိစ္စမျိုးကို မဆို အကြောင်းကြားကြဖို့နဲ့ အထူးသတိရှိရှိကြဖို့ နှိုးဆော်ထားပါတယ်။

အီဘိုလာ ရောဂါအတွက် အခုအချိန်အထိ ကာကွယ်ရေး မရှိသေးသလို အခုအချိန်မှာ နံပါတ်တစ် ဦးစားပေးကိစ္စက ရောဂါကူးစက်ခံရတဲ့ လူနာတွေကို သီးသန့်ခွဲခြား ထားဖို့ပဲ ဖြစ်တယ်လို့ တရုတ်ကျန်းမာရေး ကော်မရှင်က ဆိုပါတယ်။ အီဘိုလာ လူနာတွေလို့ သံသယရှိသူတွေရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ၊ အညစ်မကြေးတွေနဲ့ တွေ့ထိ ကိုယ်တွယ်တာကို ရှောင်ကြဉ်ကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။

အာဖရိကတိုက်နိုင်ငံတွေဆီကနေ ပြန်လာတဲ့ လေကြောင်းခရီးစဉ်တွေကိုလည်း စစ်ဆေးနေ သလို အာဖရိကန်တိုက်ကနေ ပြန်လာတဲ့ ခရီးသည်တွေ ဖျားနာရင် အကြောင်းကြားဖို့ နှိုးဆော်ထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိန်းဂဏန်းအရ အီဘိုလာ ရောဂါကြောင့် ဒီနှစ်အတွင်း လူပေါင်း ၇၂၉ ယောက် သေဆုံးခဲပြီး ၁၃၀၀ ကျော် ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

၁၉၇၅ ကတည်းက စတင်တွေ့ရှိခဲ့တဲ့ အီဘိုလာရောဂါဟာ တချို့နှစ်တွေမှာ လူသေဆုံးသူမရှိအောင် အောင်အောင်မြင်မြင် ကုသနိုင်ခဲ့ပေယ့် ၂၀၁၄ ခုနှစ်ကျမှ သေဆုံးသူဦးရေ သိသိသာသာများပြားလာခဲ့တာဖြစ်ပါတယ်။

အခု ရောဂါအပြင်းထန်းဆုံးဖြစ်ပွားနေတဲ့ အနောက်အာဖရိကဒေသဟာ ကမ္ဘာ့အဆင်းရဲဆုံးဒေသ တွေဖြစ်ပြီး တချို့ဒေသတွေမှာဆိုရင် လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ဒေသတွေ လည်း ဖြစ်ပါတယ်။

အီဘိုလာရောဂါကို ထိထိရောက်ရောက် မကုသနိုင်ရင် ကူးစက်ခံရပြီး ၂ ရက်ကနေ ၂၁ ရက်အတွင်း သေဆုံးပြီး ကုသဆေး၊ ကာကွယ်ဆေး မရှိသေးပါဘူး။ အနောက်အာဖရိက တိုက်ထဲက လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါသည်တွေကို ဆေးကုသပေးရင် ကူးစက်ခံခဲ့ရတဲ့ အမေရိကန်လူမျိုးလူတယောက်ထဲက ဒေါက်တာ ဘရန့်တလေကို အမေရိကန်နိုင်ငံကို ပြန်ခေါ်ထားပြီး သြဂုတ်လ ၂ ရက်နေ့ကစလို့ အတ္တလန်တာ မြို့မှာ ရှိတဲ့ ဆေးရုံတရုံမှာ အထူးကျပ်မတ် ကုသပေးနေပါတယ်။

ဒေါက်တာ ဘရန့်တလေနဲ့ တဖွဲ့တည်းဖြစ်တဲ့ သာသနာပြုအမျိုးသမီး နန်စီ ရိုက်ဘိုးကိုလည်း သီးသန့် လေယာဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို စီစဉ်နေတယ်လို့ သိရပါတယ်။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template