Headlines News :
Home » » MPC မှာ အပစ်ရပ်တိုက်တွန်းတဲ့ ကြေညာချက် NLD သဘောထား မပါဝင်

MPC မှာ အပစ်ရပ်တိုက်တွန်းတဲ့ ကြေညာချက် NLD သဘောထား မပါဝင်

Written By လွင့်မောင်မောင် on Wednesday, August 13, 2014 | 10:40 PM



 မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးဖို့ နိုင်ငံရေး ပါတီ ၆၆ ခုက ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ MPC အဖွဲ့တွေဆွေးနွေး အပြီး တိုက်တွန်းတဲ့ ကြေညာချက်အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဒီကြေညာချက်ဟာ NLD ပါတီနဲ့ နိုင်ငံရေးပါတီအားလုံးကို ကိုယ်စားမပြုဘူးလို့ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

သမ္မတရုံးဝန်ကြီးဦးအောင်မင်းရဲ့ ဖိတ်ကြားချက်နဲ့ သြဂုတ်လ ၁၁ ရက်နေ့က MPC မှာ နိုင်ငံရေးပါတီ ၆၆ ပါတီမှ ကိုယ်စားလှယ်တွေတွေ့ဆုံခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် လူအပ်တဲ့ မူဘောင်ညှိနှိုင်းမယ်လို့ ဆိုတဲ့ ဆွေးနွေးမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံရေး ပါတီ တချို့ က အချက် ၆ ချက်ပါ သဘောထားကြေညာချက်တရပ် ထုတ်
ပြန် ခဲ့ရာ အပစ်ရပ်ရေး အမြန် လက် မှတ် ထိုးဖို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် သက်ဆိုင်သူ များ ကို တိုက်တွန်းသည် ဆိုသော အချက် ပါဝင်ပြီး ယင်းကြေညာချက်တွင် နိုင်ငံရေးပါတီ ၆၆ ပါတီကို ကိုယ်စားပြု သည့်ပုံစံ ထုတ်ပြန်ထားကြောင်း သိရပါတယ်။


MPC တွင် ကျင်းပသော နိုင်ငံရေးပါတီ ၆၆ ပါတီမှ ကိုယ်စားလှယ်များနှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တို့တွေ့ဆုံပွဲ။(ဓာတ်ပုံ-MPC)
ဧရာဝတီ blog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template