
ဟိုအရင် မြန်မာ အစိုးရနဲ့  ချုပ်ဆိုထားတဲ့ ရေကာတာဆောက်လုပ်ရေး စီမံချက်စာချုပ်တွေ ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုဖို့  ဖြစ်နိုင်တယ်လို့ Power Construction Corp of China PCCC ကုမ္ပဏီ ၊ ဒုတိယ ဥက္ကဌ Sun Hongshui က ပြောကြားလိုက်ပါတယ်။
ပြည်တွင်းမှာ လျှပ်စစ်ဓါတ်အား လိုအပ်ချက်က အရင်တုန်းကထက် များပြားလာနေတယ်လို့ လက်ရှိ မြန်မာ အစိုးရအနေနဲ့  ယူဆရင်၊ ပြည်တွင်း လိုအပ်ချက်ကို အရင် ဖြည့်ဆီးပေး ဖို့ ပြဿနာ မရှိကြောင်း၊ ပိုလျှံတဲ့ လျှပ်စစ်ဓါတ်အားတွေကို တရုတ်ပြည်ကိုဖြစ်ဖြစ် တခြား အိမ်နီးချင်းနိုင်ငံတွေကို ဖြစ်ဖြစ် တင်ပို့ရောင်းချနိုင်ကြောင်း သူကပြောပါတယ်။
Mr Sun Hongshui ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့မှာ မြန်မာအစိုးရ စွမ်းအင် အရာရှိကြီးတွေနဲ့  ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလိုထုတ်ဖော်ပြော ကြားလိုက်တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ဧရာဝတီမြစ်ဆုံ အပါအဝင် ရေကာတာတွေ အများအပြား ဆောက်လုပ်ပြီး တရုတ်ပြည်ကို လျှပ်စစ်ဓါတ်အား တင်ပို့ရောင်းချမယ့်ကိစ္စဟာ ပြည်တွင်းက လေထု၊ ရေထု၊ ပထဝီပတ်ဝန်းကျင် ပျက်စီးမှုတွေ ရှိလာမယ့် အန္တရာယ်ကြောင့် မြန်မာလူထု က ရေကာတာ ဆောက်လုပ်ရေးစီမံကိန်းတွေကို ကန့်ကွက်ခဲ့ကြတာပါ။
RFA Burmese