Headlines News :
Home » , » မြန်မာမှာ ဘဏ်ခွဲဖွင့်နိုင်ဖို့ ဂျပန် ကုမ္ပဏီ သုံးခုက ကြိုးစားနေ

မြန်မာမှာ ဘဏ်ခွဲဖွင့်နိုင်ဖို့ ဂျပန် ကုမ္ပဏီ သုံးခုက ကြိုးစားနေ

Written By လွင့်မောင်မောင် on Thursday, August 14, 2014 | 8:03 AM

 
  မြန်မာနိုင်ငံမှာ ​ဘဏ်ခွဲတွေ ​ဖွင့်လှစ်နိုင်ဖို့အတွက် ​ဂျပန်နိုင်ငံက ​ကြိုးစားနေကြပါတယ်။ ​မြန်မာနိုင်ငံတွင်းမှာ ​စီးပွားရေး ​ရင်းနှီးမြုပ်နှံတဲ့ ​အနေနဲ့ ​ဂျပန်ကုမ္ပဏီတွေက ​ဘဏ်ခွဲသုံးခုကို ​ဖွင့်နိုင်ဖို့ ​ပြီးခဲ့တဲ့လကတည်း ​မြန်မာအစိုးရဆီမှာ ​လိုင်စင်လျှောက်ထားတာဖြစ်ပါတယ်။

လိုင်စင်ရဖို့ ​ကြိုးစားနေကြတဲ့ ​ဂျပန် ​ကုမ္ပဏီတွေကတော့ ​Bank ​of ​Tokyo-Mitsubishi ​UFJ၊ ​Sumitomo ​Mitsui ​Banking ​Corp. ​နဲ့ ​Mizuho ​Bank ​တို့ ​ဖြစ်ပါတယ်။

နိုင်ငံခြားက ​ဘဏ်တွေအနေနဲ့ ​မြန်မာနိုင်ငံမှာ ​လာရောက် ​ရင်းနှီးမြုပ်နှံဖို့နဲ့ ​ဘဏ်ခွဲတွေ ​ဖွင့်လှစ်ဖို့ ​မြန်မာအစိုးရက ​အကန့်အသတ်နဲ့ ​ခွင့်ပြုထားပါတယ်။

နိုင်ငံတကာနဲ့ ​အိမ်နီးခြင်းတွေကလည်း ​မြန်မာနိုင်ငံကို ​အာရှရဲ့ ​အနာဂတ် ​ဈေးကွက်ကောင်းနေရာ ​တခုအဖြစ်မြင်နေကြတဲ့အတွက် ​အခုဆိုရင် ​မြန်မာမှာ ​ဘဏ်ခွဲဖွင့်နိုင်ဖို့ ​လိုင်စင် ​လျှောက်ထားတဲ့ ​ဘဏ် ​၂၅ ​ခု ​ရှိတယ်လို့လည်း ​သိရပါတယ်။

အဲဒီထဲက ​ဘဏ် ​၁၀ ​ခုလောက်ကတော့ ​စက်တင်ဘာလ ​ကုန်ပိုင်းမှာ ​လိုင်စင်ရနိုင်ပြီး ​ဂျပန်ကုမ္ပဏီက ​ဘဏ်တွေလည်း ​ပါဝင်နိုင်တယ်လို့ ​စက်မှု ​စီးပွားရေး ​ကဏ္ဍ ​ကျွမ်းကျင်သူတွေက ​ယူဆနေကြပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template