Headlines News :
Home » » ဆီးရီးယား မြို့ရွာ အချို့IS စစ်သွေးကြွတွေ ထပ်သိမ်း

ဆီးရီးယား မြို့ရွာ အချို့IS စစ်သွေးကြွတွေ ထပ်သိမ်း

Written By လွင့်မောင်မောင် on Wednesday, August 13, 2014 | 10:50 PM

 
ဆီးရီးယား နိုင်ငံ မြောက်ပိုင်း အလက်ပို ပြည်နယ်က မြို့ရွာ အတော်များများကို Islamic State အဖွဲ့ဝင် စစ်သွေးကြွတွေက သိမ်းပိုက် လိုက်ပြီလို့ ဆီးရီးယား နိုင်ငံက လာတဲ့ သတင်းတွေ အရ သိရပါတယ်။

အလက်ပိုမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက်မှာ ရှိတဲ့ Akhtarin မြို့ကိုလည်း ဆီးရီးယား သူပုန်တွေ လက်ထဲကနေ IS စစ်သွေးကြွတွေက သိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။

ဒီလို သိမ်းပိုက်တာ တကယ် မှန်ရင် IS စစ်သွေးကြွတွေ အနေနဲ့ အနောက်ဘက်ကို သိသိသာသာ ချဲ့ထွင် လာနိုင်တာ ဖြစ်ပြီး၊ အလက်ပို မြို့ကို ပေးပို့နေတဲ့ ဆီးရီးယား သူပုန်တွေရဲ့ ထောက်ပံ့ရေး လမ်းကြောင်းကို ထိခိုက် သွားနိုင်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

IS အဖွဲ့ဟာ ၂၀၁၃ ခုနှစ် ကတည်းက စပြီး ဆီးရီးယား နယ်မြေတွေကို သိမ်းပိုက် လာခဲ့ရာမှာ ပြီးခဲ့တဲ့ လမှာ မြောက်ပိုင်းက Raqqa မြို့ကို သိမ်းပိုက် နိုင်ခဲ့ပြီး နောက်ပိုင်း အဲဒီ မြို့ကို သူတို့ ဌာနချုပ်အဖြစ် ခြေကုပ် ယူထားခဲ့ပါတယ်။

IS စစ်သွေးကြွ အဖွဲ့ဟာ အီရတ်က နယ်မြေ အတော်များများကိုလည်း သိမ်းပိုက် ထားနိုင်ပြီး အစ္စလာမ္မစ် နိုင်ငံ ထူထောင်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template