Headlines News :
Home » » Nippon Foundation က ချင်းကျေး လက်ပြည် သူများ အစာပြတ်လပ်မှု သိန်းပေါင်း ၁၈၀၀ ကူညီ

Nippon Foundation က ချင်းကျေး လက်ပြည် သူများ အစာပြတ်လပ်မှု သိန်းပေါင်း ၁၈၀၀ ကူညီ

Written By လွင့်မောင်မောင် on Thursday, August 14, 2014 | 11:24 PM

 
ချင်းပြည်နယ် ကျေးလက်ဒေသပြည်သူများ အစာရေစာ ပြတ်လပ် မှုဖြေရှင်းရေး အတွက် ဂျပန်နိုင်ငံမှ Nippon Foundation က အစိုးရနှင့် ပဏာမငြိမ်းချမ်းရေး ရယူထား သည့် CNF ကို ဖြတ်သန်းပြီး ကျပ်သိန်းပေါင်း ၁၈၀၀ ကူညီ မည်ဟု ယနေ့ ကြားသိရသည်။

ကျပ်သိန်းပေါင်း ၁၈၀၀ ကို Nippon Foundation က ကာလပေါက်ဈေးအတိုင်း ၀ယ်ယူပြီး ချင်းပြည်နယ် (၉) မြို့နယ် တွင် ဖြန့်ဝေသွားမှာဖြစ်ကြောင်း နှင့် ကူညီမည့် ပမာ ဏကို CNF နဲ့ ချင်းပြည်နယ်အစိုးရမှ အောက်ပါအတိုင်း ခွဲဝေခဲ့ ကြောင်း သိရသည်။

ဖလမ်းမြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၂၀၀၊ ပလက်ဝမြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၃၀၀၊ မတူပီမြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၂၅၀၊ ထန်တလန်မြို့နယ်အတွင်း ကျပ် သိန်းပေါင်း ၃၀၀၊ ဟားခါးမြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၂၀၀၊ မင်းတပ်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၂၀၀၊ ကန်ပက်လက်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၇၅ ( ကျပ် သိန်း ပေါင်း ၁၅၀ ကူညီပြီး)၊ တွန်းဇံမြို့နယ်အတွင်း ကျပ်ငွေသိန်းပေါင်း ၇၅ ( ကျပ်သိန်းပေါင်း ၁၅၀ ကူညီပြီး)၊ တီးတိန်မြို့ နယ်အတွင်း ကျပ်သိန်းပေါင်း ၂၀၀ ဖြစ်သည်။

” နောက်လ စက်တင်ဘာလမှာ အပြီးအစီးဖြန့်ဝေနိုင်မယ်လို့ ခန့်မှန်းထားပါတယ်၊ သူတို့ Nippon Foundation  တာဝန်ရှိတွေ ကိုယ်တိုင်က ဆန်အိတ်ဝယ်ယူမှာဖြစ် တယ် ” ထန်တလန်မြို့၊ CNF ဆက်ဆံရေးရုံးမှ တာဝန်ရှိဖြစ်သူ ဆ လိုင်း ဗျက်ပုမ်က ပြောသည်။

ဆန်အိတ် ခွဲဝေဖြန့်ချိရေးနှင့် ပါတ်သက်ပြီး အသေးစိပ် အချက်အလက်များကို CNF ထန်တလန်ဆက်ဆံရေးရုံးနှင့် ချင်းပြည်နယ် အစိုးရ မှ ကောက်ခံပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ကြောင်း ထပ်ဆိုသည်။

Nippon Foundation (Japan) သည်  ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အတွင်း ချင်းပြည်နယ် တီးတိန်၊ ထန်တလန်၊ မတူပီ၊ ပ လက်ဝ မြို့နယ် ကျေးလက်ဒေသတချို့တွင် ဆန်အိတ် များ ဖြန့်ဝေပေးခဲ့သည်။

၂၀၀၆ ခုနှစ်ကတည်းက ၀ါးသုဉ်းမှုဒါဏ်ကြောင့် အစာရေစာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော ချင်းပြည်သူများသည် ယခုနှစ်တွင်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့်  အ စာရေစာ ပြတ်လပ်မှုနှင့် ဆက်လက်ရင်ဆိုင်နေရကြောင်း သ တင်းများအရ ကြားသိရသည်။

Khonumthung News Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template