မြန်မာနိုင်ငံ၏ သက်တမ်း ၂ နှစ် မပြည့်သေးသော
စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ အခက်အခဲကြုံရသည့် အချိန်များရှိခဲ့သည်ဟု
စီးပွားရေးဆိုင် ရာ ၀န်ကြီးတစ်ဦးက ပြောကြားခဲ့ သည်။
မြန်မာနိုင်ငံတွင် အစောဆုံး ရင်းနှီးမြှုပ်နှံခဲ့သူတစ်ဦးဖြစ်ပြီး လူမှု
ရေးပြုပြင်ပြောင်းလဲမှုများကို အား ပေးခဲ့သူ ဂျော့ဆိုးရော့စ်ကလည်း
လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲမှုများ အရှိန်ကျသွား
ခြင်းက ၎င်းင်းအတွက် အခက်အခဲဖြစ် စေသည်ဟု ပြောကြားခဲ့သည်။ သို့သော်
အရှေ့တောင်အာရှ၏ နောက် ဆုံးဈေးကွက်သို့ နိုင်ငံတကာကုမ္ပဏီ ကြီးများ
ဝင်ရောက်လာသင့်သည် ဟု ယုံကြည်နေသေးကြောင်းဆိုးရော့စ် ကဆိုသည်။
စီးပွားရေးနှင့်သက်ဆိုင်သည့် ၀န်ကြီးဌာန ၁၁ ခုနှင့် ချိတ်ဆက်ကာ စီး
ပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ဆောင် ရွက်နေသည့်
သမ္မတရုံးဝန်ကြီးဦးစိုးသိန်း က မြေယာပိုင်ဆိုင်မှု စည်းမျဉ်းစည်း ကမ်းများ
ရှုပ်ထွေးနေခြင်းအား လာ မည့်နှစ်တွင် ပြင်ဆင်နိုင်ရန် မျှော်လင့်
သည်ဟုဆိုသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံ မှုညီလာခံတွင် ၀န်ကြီးက “မြေယာအ
သုံးပြုမှု၊ မြေယာမူဝါဒနဲ့ပတ်သက်ပြီး အပြည့်အ၀ လွှမ်းခြုံထားနိုင်တဲ့ ဥပဒေ
တစ်ခု ၆ လကနေ ၁ နှစ်အတွင်း ရှိ လာမှာပါ” ဟု ရိုက်တာသတင်းအား
ပြောကြားခဲ့သည်။ “အဲဒါပြီးရင် ရေနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ရ
မှာဖြစ်ပြီး စုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စက်မှုဖွံ့ဖြိုးရေးအတွက်
အရေးကြီးပါတယ်” ဟု ၎င်းက ထပ် လောင်းပြောကြားသည်။
သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းမှုများ စတင်ပြီးနောက် ပထမဆုံး
အထွေထွေရွေးကောက်ပွဲအား လာမည့် နှစ်တွင် ကျင်းပမည်ဖြစ်သည်။ မြန်
မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီး ပွားရေး ပိတ်ဆို့မှုအချို့အား အမေ ရိကန်က
ရပ်ဆိုင်းခဲ့သော်လည်း ပိတ် ဆို့မှုအချို့ ကျန်ရှိနေသေးသည်။
အမေ ရိကန်နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ် ရေးရုံး (OFAC) ၏
စည်းမျဉ်းများ အရ မြန်မာနိုင်ငံ၏ စီးပွားရေး အ စိတ်အပိုင်း အများအပြားမှာ
ကန့် သတ်ချက်များရှိနေသေးသည်။ OFAC က အထူးသတ်မှတ်ထားသည့် နိုင်ငံသားများ
(SDN) စာရင်းကိုပြုစု ထားသည်။ အမေရိကန်နိုင်ငံသားများ အား
ထိုစာရင်းပါလူနှင့် အဖွဲ့အစည်းများနှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်
ခြင်းမပြုရန် တားမြစ်ထားသည်။ တိုင်းပြည်စီးပွားရေးအပေါ် စစ်တပ်ကလွှမ်း
မိုးနိုင်မှုနှင့် မူးယစ်ဆေးမှောင်ခိုမှုများ ကြောင့် နိုင်ငံတွင်းရှိ
အရေးပါသည့် စီးပွားရေးသမားနှင့် ကုမ္ပဏီအများ အပြား ထိုစာရင်းတွင်
ပါဝင်နေသည်။
ဦးစိုးသိန်းက “အရေးယူမှုတွေ ရပ် ဆိုင်းထားတာက ဘာမှမလုပ်တာ ထက်စာရင်
ပိုကောင်းပေမဲ့ လုံးဝရုပ် သိမ်းဖို့ ကျွန်တော်တို့ ပိုလိုလားပါတယ်” ဟု
ပြောကြားခဲ့သည်။
လာမည့်နှစ် ရွေးကောက်ပွဲတွင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက
သမ္မတရာထူး အတွက် အဆိုပြုသူမရှိဘဲ ၀င်ရောက်ရဖွယ်ရှိသဖြင့် နိုင်ငံရေးအရ
မရေရာမှုများရှိနေသည်။ မြန်မာနိုင်ငံ တွင် သမ္မတအား လွှတ်တော်ကရွေး
ချယ်ခြင်းဖြစ်သဖြင့် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ
ဖြစ်စေလိုသော်လည်း ရွေးချယ်ခွင့် မရှိပေ။
ညီလာခံတွင် ဦးစိုးသိန်းဘေး၌ ထိုင်နေခဲ့သည့် ဆိုးရော့စ်က ၎င်းင်း၏
ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေး ရှင်းရုံးအား မြန်မာနိုင်ငံတွင် ဖွင့်လှစ်
ခဲ့သည်မှာ နှစ် ၂၀ ရှိပြီဖြစ်ပြီး အ ဆုံးထိ ဆက်လက်လုပ်ကိုင်သွားမည်
ဟုဆိုသည်။ လွန်ခဲ့သော နှစ်ဝက်အ ထိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ မှာ
အံ့အားသင့်ဖွယ်ဖြစ်ခဲ့သည်ဟု ဆိုးရော့စ်ကဆိုသည်။ “လှုပ်ရှားမှုတွေ ကို
ရွေးကောက်ပွဲအရိပ်က လွှမ်းမိုး လာတဲ့အတွက် တုန့်ဆိုင်းသွားပါတယ်။
ရွေးကောက်ပွဲပြီးရင် ပြန်လည်အရှိန် ရလာဖို့ မျှော်လင့်ထားပြီး တကယ်
ဖြစ်လာဖို့လည်း လိုအပ်နေပါတယ်” ဟု ၎င်းကပြောကြားသည်။
အမေရိကန်ကုမ္ပဏီများအနေဖြင့် OFAC ၏ စည်းမျဉ်းနှင့်ကိုက်ညီစေရန်
အသုံးပြုမည့် အိမ်ယာမြေများ၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍
သေချာလေ့လာရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။
သို့သော် မြန်မာဈေးကွက်အား နိုင်ငံတကာကုမ္ပဏီများ လျစ်လျူရှုရန်မသင့်ဟု
ဆိုရော့စ်က ယုံကြည်ထားသည်။ ယခုဘဏ္ဍာနှစ် အတွင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာ ဏ ၅ ဘီလီယံထိရှိရန် အစိုးရက
မျှော်မှန်းထားသည်။ SPA Group ဥက္ကဋ္ဌ မစ္စတာဆာ့ခ်ျပန်း၏
စီးပွားရေးလုပ်ငန်းများတွင် ဆိုးရော့စ်က ဒေါ် လာသန်းနှင့်ချီ၍
ရင်းနှီးမြှုပ်နှံထားသည်ဟု ၎င်းကပြောကြားသည်။ ဆိုးရော့စ်က “ဘဏ်လုပ်ငန်း၊
ငွေကြေးဝန်ဆောင်မှုနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ
ရင်းနှီးမြှုပ်နှံ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါဟာ ဒီနိုင်ငံနဲ့ ပြည်သူတွေ
အဓိကလိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှု တွေပါ” ဟု ပြောကြားခဲ့သည်။
KHTun
Pages
▼
Saturday, September 27, 2014
တယ်လီနောမြန်မာဆင်းကတ် မန္တလေးတွင် စတင်ရောင်းချမည်

တယ်လီနော ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့ တယ်လီနော မြန်မာ ကုမ္ပဏီက ဆင်းကတ်တွေကို စက်တင်ဘာလ ၂၇ ရက်နေ့ မန္တလေးမှာ စတင်ရောင်းချပေးတော့မှာဖြစ်ပါတယ်။
ဆင်းကတ်တခုကို ကျပ် ၁၅၀၀ ရောင်းချမှာဖြစ်ပြီး ဘယ်ဖုန်းမဆို ခေါ်ဆိုခ ၁ မိနစ်ကို ၂၅ ကျပ် သတ်မှတ်ထားပြီး ပထမဆုံးအသုံးပြုသူတွေ အတွက် မိနစ် ၂၀ အခမဲ့ ပြောဆိုခွင့်ပေး ထားသလို ၁ လအတွင်း အင်တာနက် အခမဲ့ အသုံးပြုခွင့်ပေးထားတယ်လို့ တယ်လီနော (မြန်မာ) ပြောခွင့်ရသူ ကိုစိုးသူထွန်းက ပြောပါတယ်။
ဒါ့အပြင် အင်တာနက်ကို my internet နဲ့ smart internet ဆိုပြီး နှစ်မျိုးသတ်မှတ်ထားပါတယ်။
အသုံးပြုသူတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ကောက်ခံတဲ့ စနစ်ဖြစ်ပြီး အမြန်နှုန်း 300 Kbps အထိ ရရှိနိုင်မယ့် MY Internet ကို 1MB – ၆ ကျပ်၊ အမြန်နှုန်း 2 Mbps အထိ ရရှိနိုင်မယ့် SMART Internet ကိုတော့ 1MB ကို ၁၀ ကျပ် ကောက်ခံမယ်လို့လည်း ကြေညာ ထားပါတယ်။
လက်ရှိမှာ မြန်မာ့ဆက်သွယ်ရေးက ဖုန်းခေါ်ဆိုခ ၁ မိနစ်ကို ၅၀ ကျပ်နှုန်းနဲ့ ခြောက်စက်ကန့်သုံးပြီးတိုင်း တကြိမ် ကောက်ခံတဲ့စနစ်၊ အော်ရီဒူးမြန်မာက ဖုန်းခေါ်ဆိုခ အော်ရီဒူးမြန်မာ ဆင်းကတ်ချင်းခေါ်ဆိုရင် တမိနစ် နှစ်ဆယ့်ငါးကျပ်နှုန်းနဲ့ စက်ကန့်အလိုက်သုံးသလောက်ကောက်ခံမှာဖြစ်ပြီး တခြားအော်ပရေတာ ဆင်းကတ်နဲ့ဖုန်းကို ခေါ်ဆိုခကတော့ တမိနစ်ကို ၃၅ ကျပ်နှုန်းထားတဲ့ သုံးသသလောက် စက်ကန့်အလိုက် သုံးသလောက်သာ ကောက်ခံမှာပါ၊
အခု တယ်လီနောမြန်မာကတော့ မည်သည့်ဖုန်းကို ခေါ်ဆိုသည်ဖြစ်စေ တမိနစ်ကို ၂၅ ကျပ်နှုန်းနဲ့ ၆ စက္ကန့် တကြိမ် ကောက်ခံမှာဖြစ်ပါတယ်။
တယ်လီနော မြန်မာဟာ 2G ကွန်ရက်သုံး keypad ဟန်းဆက်နဲ့ မိုဘိုင်းဆင်းမ်ကတ်ကို ငွေကျပ် ၁၉,၉၀၀ ကျပ်နဲ့ တွဲဖက်ရောင်းချဖို့ရှိသလို 3G ကွန်ရက်သုံး Touch Screen စမတ်မိုဘိုင်းဖုန်းနဲ့ မိုဘိုင်းဆင်းကတ်ကိုလည်း ငွေကျပ် ၄၉,၉၀၀ နဲ့ တွဲဖက်ရောင်းချမယ်လို့လည်း ဆိုပါတယ်။
ဆင်းကတ်တွေကို မန္တလေးမြို့ရှိ တယ်လီနောမြန်မာ ဆင်းကတ်အရောင်းဆိုင် ၁,၅၀၀ မှာ ရောင်းချပေးမှာဖြစ်ပေမယ့် ဟန်းဆက်တွေကိုတော့ ၉ ဆိုင်မှာသာ ရောင်းချပေးမှာဖြစ်ပါတယ်။
မန္တလေးမြို့မှာ ဆင်းကပ်တွေရောင်းချတာနဲ့ ချက်ချင်းအသုံးပြုနိုင်မှာဖြစ်ပြီး လာမယ့် သီတင်းပတ်ကျရင် နေပြည်တော်မှာ ရောင်းချမှာဖြစ်သလို လာမယ့် သီတင်းနှစ်ပတ်အကြာမှာတော့ ရန်ကုန်မြို့မှာ ရောင်းချမှာဖြစ်ပါတယ်။
လောလောဆယ် မန္တလေးမှာ အသုံးပြုနိုင်ဖို့ တာဝါတိုင် ၇၀ တပ်ဆင်ထားပြီး တနိုင်ငံလုံးမှာ တာဝါတိုင် ၆၀၀ စိုက်ထူးပြီးစီးကြောင်းနဲ့ ၅ နှစ်တာအတွင်း နိုင်ငံတ၀န်းမှာ တာဝါတိုင် ၈၀၀၀ တပ်ဆင်မယ်လို့ ကိုစိုးသူထွန်းက ပြောပါတယ်။
ဆက်သွယ်ရေးအော်ပရေတာလိုင်စင်ကို ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီနဲ့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီတို့ ရရှိခဲ့ပါတယ်။
အော်ရီဒူးမြန်မာကတော့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကတည်းက သူ့ဆင်းကတ်တွေကို မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်မှာ စတင်ရောင်းချခဲ့ပြီး ဆင်းကတ် ၁ သန်းကျော် ရောင်းချခဲ့ပြီးဖြစ်ပါတယ်။
ဒေါင်းမာန်ဟုန်
ဘာလင်တံတိုင်းက ပြောလိုက်တဲ့ မြန်မာပြည်ရဲ့ ပုဂ်္ဂိုလ်နှစ်ဦး – အောင်ထွန်းလင်း


”ဒီပဋိပက္ခ ဖြစ်တာတွေကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။ တင်မြှောက် တုန်းကတော့ လူတွေပဲ။ ဒါပေမဲ့ နောက်ကျတော့ လူ့အထက် ရောက် သထက်ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘ၀သို့ ရောက်သွားတယ် . . .”” ဗိုလ်ချုပ်အောင်ဆန်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ)
ဘာလင်တံတိုင်းလို့ဆိုရင် နဂိုက ဂျာမနီ နိုင်ငံကြီးကို နှစ်ခြမ်းခွဲထားတဲ့ ကွန်ကရစ်ပြားကြီးတွေကို ပြေးမြင် မိမှာပါ။ အရှေ့ဂျာမနီနဲ့ အနောက်~ ဂျာမနီကို နှစ်ခြမ်းခွဲပြီး တစ်ဖက်တစ်ခြမ်းစီမှာ တိုးတက်နေတဲ့ တိုင်းပြည် မှာ နေထိုင်ရသူနဲ့ တစ်ဖက်မှာတော့ မတိုးတက်မှုတွေကို ခံစားနေရတဲ့ ပြည်သူတွေ ရှိပါတယ်။ ဒါပေမဲ့လည်း ဂျာမနီပြည် သူတွေ ပြန်ပေါင်းစည်းလို့ ဘာလင်တံတိုင်းလည်း မြေခခဲ့ရပါတယ်။ တချို့ကဆိုရင် ဘာလင် တံတိုင်းနဲ့ ဂလိုဘယ် လိုက်ဇေးရှင်း (ကမ္ဘာ့ရွာ)ကိုတောင် ချိတ်ဆက်လို့ ပြောသူကပြော၊ ရေးသူကရေးလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သေချာ တာ တစ်ခုကတော့ ပြည်သူ့အလိုကျ ဘာလင်တံတိုင်းကြီး ပြိုလဲလို့ ဂျာမနီ ဟာလည်း တစုတစည်း ဖြစ်ခဲ့ပါတယ်။
ဟော အခုလာပြန်ပါပြီ။ ဘာလင်တံတိုင်းမှာ အသုံးပြုခဲ့တဲ့ ကွန်ကရစ် ပြားကြီးတွေပေါ်မှာ ကမ္ဘာအရပ်ရပ်က အကြမ်းမဖက်လမ်းစဉ်ကို ကျင့်သုံးခဲ့၊ ကျင့်သုံးဆဲ ဖြစ်တဲ့ ပုဂ္ဂိုလ်ငါးဦးရဲ့ ပုံတွေကို ရေးဆွဲပြီး ဂုဏ်ပြုသတဲ့။ ဂုဏ်ပြု ခံရတဲ့သူတွေကတော့မှာ လက်ဝဲ၀ါဒကနေ လက်ယာဝါဒကို ဂျာမန်နိုင်ငံရေး သမားကြီး ၀ီလီဘရန့် Willy Brandt၊ တိဗက် ဒလိုင်းလားမား၊ အိန္ဒိယ လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူ မဟတ္တမဂန္ဒီ၊ တောင်အာဖရိကရဲ့ ငြိမ်းချမ်းရေးရှင်ကြီးလို့ တင်စားခံရတဲ့ နယ်လ်ဆင် မင်ဒဲလားနဲ့ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်တို့ပါ။
ဘာလင်တံတိုင်းအဖြစ် အသုံးပြုခဲ့တဲ့ ကွန်ကရစ်ပြားကြီးတွေပေါ်မှာ လွတ်လပ်ခြင်းနဲ့ ပတ်သက်လို့ မတူညီတဲ့ အမြင်တွေနဲ့ ပန်းချီပုံတွေ၊ စာတန်းတွေကို ရေးထိုး ထားပေမယ့်လည်း ထူးထူးခြားခြား လူပုဂ္ဂိုလ် ငါးဦးရဲ့ ပုံတွေကိုပဲ ထည့်သွင်းရေးဆွဲ ဂုဏ်ပြုထားတာပါ။ ဒီကွန်ကရစ်ပြားတွေ ကို ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက ၀ယ်ယူပြီး အခုလို ပြုလုပ် ခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသ အသီးသီးက ငြိမ်းချမ်းရေးအတွက် အကြမ်းဖက် လမ်းစဉ်ကို စွန့်လွှတ်၊ ငြိမ်းအေးတဲ့ လမ်းစဉ်နဲ့ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်ဆဲပုဂ္ဂိုလ်တွေကို ဂုဏ်ပြုခြင်း တစ်ရပ်လည်း ဖြစ်ပါ တယ်။ နောက်တစ်ခုက အဲဒီဘာလင်တံတိုင်း ကျောက်ပြားတွေဆိုတာ ခွဲခြား ခံထားရခြင်းရဲ့သင်္ကေတ အမှတ်အသားတစ်ခု၊ ပြည်သူတွေရဲ့ ညီညွတ်ခြင်းနဲ့ ပေါင်းစည်းခြင်း အချိန်မှာ စွန့်ပစ် ခံရတဲ့ ပစ္စည်း တစ်ခုပါ။ အခုတော့ ဒီစွန့်ပစ်ခံ အရာတွေရဲ့အပေါ်မှာ အကြမ်းမဖက်ခြင်း၊ လွတ်လပ်ခြင်းတို့နဲ့ ပတ်သက်လို့ အမျိုးမျိုး ရေးဆွဲ ခံရနေရသလို ဒီလမ်းစဉ်ကို တစိုက်မတ်မတ် ကျင့်သုံးခဲ့သူ၊ ကျင့်သုံးနေဆဲ သူတွေရဲ့ ရုပ်ပုံတွေဟာ ခမ်းနားထည်ဝါစွာ ရှိနေပါပြီ။
မြန်မာနိုင်ငံသား ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး ဂုဏ်ပြုခံရတာ မြင်တော့ နိုင်ငံသား တစ်ယောက် အနေနဲ့““ဒါမှတို့ဗမာ””ကွလို့ စိတ်ထဲမှာ ကြုံးဝါးမိတယ်။ ကိုယ့်တိုင်းပြည်က ပါတီတစ်ခုရဲ့ ခေါင်းဆောင်၊ အများက လူထုခေါင်းဆောင်လို့ အမည်တပ် ဂုဏ်ယူ ပြောဆို ခံနေရသူတစ်ဦးကို အခုလို ဂုဏ်ပြုတာဟာ ကိုယ့်နိုင်ငံအတွက် လက်ခမောင်းခတ် ဂုဏ်ယူရမယ့် ကိစ္စပါ။
အခုလိုမျိုး ကန့်သတ်ခြင်း သင်္ကေတ ဘာလင်တံတိုင်းပေါ် မှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ ရုပ်ပုံရေးဆွဲခံရတာ ဒုတိယအကြိမ်ပါ။ ၂၀၁၃ ခုနှစ်တုန်း အတွင်းမှာ ပထမအကြိမ်ရေးဆွဲ ခံရတာကတော့ သမ္မတ ဦးသိန်းစိန်ပါ။ ဒါပေမဲ့ ရေးဆွဲခံရတဲ့ အကြောင်းအရာ ကတော့ မတူပါဘူး။ ရေးဆွဲခံရတဲ့ အကြောင်းအရာက Dictator’s Wall တဲ့။ Dictator ဆိုတာ မြန်မာလိုဆို အာဏာရှင်လို့ အဓိပ္ပာယ် ရပါတယ်။သမ္မတ ဦးသိန်းစိန်နဲ့အတူ ဖော်ပြ ခံရတဲ့သူတွေက အီရန်သမ္မတ မာမွတ် အာမက်ဒီနေဂျက်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ၊ လစ်ဗျား ခေါင်းဆောင် ကဒါဖီ၊ ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ၊ ဆူဒန်သမ္မတ Omar Al-bashir၊ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ် အာဆတ်စတဲ့ အာဏာရှင်တွေနဲ့တွဲပြီး ဖော်ပြထားတာပါ။ သမ္မတဦးသိန်းစိန်ကို ဘာရည်ရွယ် ချက်နဲ့ အာဏာရှင်စာရင်းမှာ ထည့်သွင်းထားတယ် ဆိုတာကတော့ ရုပ်ပုံဖော်ညွှန်းတဲ့ သူတွေပဲ သိနိုင်မှာပါ။
သေချာတာ တစ်ခုကတော့ အရပ်ဝတ်လဲ အစိုးရခေါင်းဆောင် သမ္မတ ဦးသိန်းစိန်ကို အာဏာရှင်စာရင်းမှာ ထည့်သွင်း ရေးဆွဲခဲ့တာကတော့ အမှန်တကယ်ပါ။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ တွေးမိတာက မြန်မာနိုင်ငံရဲ့ အစိုးရ ခေါင်းဆောင်နဲ့ အတိုက်အခံ ခေါင်းဆောင်လို့ ခေါ်ရမယ့် သူနှစ်ဦးဟာ စည်းခြားခြင်း သင်္ကေတ ဘာလင် တံတိုင်းပေါ်မှာ မတူညီတဲ့ ခေါင်းစဉ်နှစ်ခု နဲ့ ဖော်ပြခံရတာဟာ နိုင်ငံတကာနဲ့ နိုင်ငံတကာက အနုပညာရှင် တွေရဲ့ စိတ်နှလုံးကို ဖော်ပြလိုက်တယ် ဆိုတာပါ။ တစ်ယောက်က အာဏာရှင်၊ တစ်ယောက်က ငြိမ်းချမ်းရေး သမား။ မတူညီမှုတွေနဲ့ တွဲစပ်ခံထားရတဲ့ အနုပညာ တစ်ရပ်ကို ဖော်ညွှန်း ထားသလိုပါပဲ။
တွေးမိတာလေးတစ်ခုကို ထပ်ပြီး ဖောက်သည်ချပါရစေ။
ပြည်ပက အနုပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးသမား၊ သမ္မတဦးသိန်းစိန်ကို အာဏာရှင်လို့ ပြောနေ၊ ပုံတွေရေးဆွဲ ဖော်ညွှန်းနေတဲ့ အပေါ် ကျွန်တော်တို့ ပြည်သူတွေကကော အဲဒီအတိုင်း မြင်ကြသလား၊ ဘယ်လိုမြင်ကြသလဲ ဆိုတာက တွေးတော ရတော့မှာပါ။ အဘက်ဘက်က ကျပ်တည်းမှုတွေနဲ့ ဘ၀ကိုဖြစ်သလို ရုန်းကန်နေရလို့ တွေးတော ချိန်တွေ ပျောက်ဆုံးလို့၊ မရှိလို့များ မတွေးတောမိကြတာလား။
ဒါဆိုရင် ကျွန်တော်တို့ အချက်အလက်တွေနဲ့ စဉ်းစားကြည့်ရအောင်။ စာဖတ်သူတို့လည်း ကျွန်တော် မေးချင်တဲ့ မေးခွန်းလေးကို ကိုယ့်ဘာသာကိုယ် ဖြေဆိုရင်း စဉ်းစားကြရအောင်။ အချိန်ရတယ် ဆိုရင်ပေါ့။
သမ္မတ ဦးသိန်းစိန်ကို နိုင်ငံ့ရဲ့ခေါင်းဆောင်အနေနဲ့ လက်ခံသလား။ ကျွန်တော့်အတွက် အဖြေက နှစ်ခု ထွက်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေအရတော့ လက်ခံတယ်။ ဒါပေမဲ့ လူထုက တင်မြှောက်တဲ့ သမ္မတ အဖြစ်တော့ လက်မခံနိုင်ဘူး။
ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုကော အကြမ်းမဖက် ငြိမ်းချမ်းရေး လမ်းစဉ်ကို ကိုင်စွဲထားသူအဖြစ် လက်ခံသလား။ လက်ခံပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၉၀ ရွေးကောက်ပွဲကို ကြည့်လို့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး စစ်အစိုးရက အာဏာ မလွှဲပေးတဲ့အပေါ် ကြားဖြတ်အစိုးရဖွဲ့ဖို့ တိုက်တွန်းမှုတွေ ရှိပေမယ့် တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းချင်လို့ အတိုက်အခံတွေကြား အကွဲအပြဲတွေ ဖြစ်ကုန် ဖူးပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး နေအိမ်အကျယ်ချုပ် ချခံရပေမယ့် စစ်တပ်ကို မမုန်းပါဘူး၊ တွေ့ဆုံ ဆွေးနွေးရေး လုပ်ပါ့ရစေလို့ ကမ်းလှမ်းခဲ့သူပါ။
ဒါဆိုရင် ကျွန်တော်တို့ အလိုရှိတဲ့နိုင်ငံ ခေါင်းဆောင်နဲ့ အစိုးရဆိုတာက ဘယ်လိုမျိုးလဲ။ ထပ်ပြီး စဉ်းစား ရအောင်။ ဒီနေရာမှာ ကျွန်တော် ကတော့ ခေါင်းဆောင်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားတွေကို ပြန်ကိုးကားချင်ပါတယ်။
““ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက် မကြိုက်ကြိုက် ဟုတ်တာ မှန်တာဆိုရင် ပြောရဲရမယ်။ ညွှန်ပြရဲ ရမယ်။ ခေါင်းဆောင်ဟာ ခေါင်းရှောင် မဖြစ်စေရဘူး။ ကျွန်တော်ကတော့ လူတိုင်းအကြိုက်ကို လိုက်ပြောမှာ မဟုတ်ဘူး။ တိုင်းပြည်နှင့် လူထု အကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ”” (ဗိုလ်ချုပ်အောင်ဆန်း – ၂၁-၃-၄၇ နေ့က စစ်ကိုင်းတွင် ဟောပြောချက်မှ)
နောက်ပြီး ဗိုလ်ချုပ်ပြောခဲ့တဲ့ အစိုးရနဲ့ ပတ်သက်တဲ့ စကားတစ်ခုကိုလည်း ထပ်ပြီး ကိုးကားပါရစေ။
““အစိုးရဆိုတဲ့ သဘောတရားနှင့် ပတ်သက်ပြီး ရှေးတရုတ်၊ အိန္ဒိယ၊ ခေါမ၊ ရောမ ခေတ်ကစပြီး ယနေ့အထိ။ သဘောအမျိုးမျိုးပဲ ပေါ်ခဲ့ တယ်။ ယခုခေတ်မှာတော့ ကားလ်မတ်ဆိုတဲ့ ပုဂ္ဂိုလ်ကစတဲ့ မာက်စ်ဝါဒ သဘော တရားဟာ တဖြည်းဖြည်း ခေတ်စားလာတယ်။ အဲဒီဝါဒဟာလည်း အဆုံးစွန်ဆုံးတရား မဟုတ်သေးဘူး။ ရှာတုန်း၊ ဖွေတုန်း၊ တိုးတက်တုန်းပဲ။ အဲဒီလို သဘောအမျိုးမျိုး ဆိုပေမယ့် နိုင်ငံရေးဟာ စီးပွားရေး အုတ်မြစ်ပေါ်မှာ တည်တယ် ဆိုတာကတော့ ဘယ်သူမှ မငြင်းတော့ပါဘူး။
လူရယ်လို့ ဖြစ်လာရင် လူဟာ စားရမယ်၊ ၀တ်ရမယ်၊ နေရမယ်။ အဲဒီအစား အ၀တ်၊ အနေအထိုင်နဲ့ ပတ်သက်ပြီး လူရဲ့ ၀တ္ထုပစ္စည်း အသုံးအဆောင်တွေကို ရှာကြံတဲ့ အခါကျတော့ လူ့ပစ္စည်းလုပ်ငန်း စနစ်တွေ ပေါ်လာတယ်။ အဲဒီပစ္စည်း လုပ်ငန်းစနစ်တွေ ပေါ်လာတဲ့အခါ လူအချင်းချင်း ဆက်ဆံ ပေါင်းသင်းမှု စနစ်ဟာ ပေါ်လာတယ်။ လူတန်းစား ခြားနားလာကြတယ်။ အဲဒီလိုခြားနား လာကြရာက အကျိုးချင်း ကွဲပြားပြီး ပဋိပက္ခ ဖြစ်လာကြတယ်။ ဒီပဋိပက္ခ ဖြစ်တာတွေကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။
တင်မြှောက်တုန်းကတော့ လူတွေပဲ။ ဒါပေမဲ့ နောက်ကျတော့ လူ့အထက် ရောက်သထက် ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘ၀သို့ ရောက်သွားတယ်။ အဲဒီကစပြီး အစိုးရဆိုတာ လူတွေက အာဏာအပ်လို့ ဖြစ်လာတာပါကလား ဆိုတဲ့သဘောဟာ လုံးလုံးပျောက်သွားတာပဲ။ အဲ ရှင်ဘုရင် စနစ်လို သားစဉ်မြေးဆက်ခံတဲ့ အစိုးရမျိုးကျတော့ ဘာပြောစရာ ရှိတော့မလဲ”” (ဗိုလ်ချုပ်အောင်ဆန်း (၂၀-၅-၄၇ နေ့က ကျင်းပခဲ့သည့် ပဏာမညီလာခံတွင် မိန့်မြွက်ခဲ့သည့် ညီလာခံမိန့်ခွန်းမှ)
ကဲ . . .ကျွန်တော်ကတော့ ဗိုလ်ချုပ် ပြောခဲ့သလို နိုင်ငံ့ခေါင်းဆောင်မျိုး ဦးဆောင်တဲ့၊ ပြည်သူက ယုံယုံ ကြည်ကြည် လေးလေးစားစား အားကိုးတကြီး တင်မြှောက်ခွင့်ရတဲ့ အစိုးရအဖွဲ့မျိုးသာ ရခဲ့မယ်ဆိုရင်ဖြင့် အတိတ်က ရွှေထီးဆောင်းခဲ့ရတဲ့ မြန်မာပြည်မျိုး ပြန်လည်ရရှိမှာ မလွဲဧကန်ပါပဲ။
မြန်မာသံတော်ဆင့်သတင်းဌာန
ဒေါင်းမာန်ဟုန်- မှ
မြန်မာဒုက္ခသည်နောက်ဆုံးအသုတ် ဂျပန် ရောက်ရှိ

ထိုင်း မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက လူဦးရေ ၂၃ ယောက်ပါဝင်တဲ့ မိသားစုငါးစုဟာ တတိယနိုင်ငံမှာ အခြေချနေထိုင်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သောကြာနေ့ညနေပိုင်းက ရောက်ရှိခဲ့ကြပါတယ်။
ကရင်တိုင်းရင်းသားတွေ အများစုပါဝင်တဲ့ အဲဒီ ၂၃ ယောက်အသုတ်ဟာ ဂျပန်နိုင်ငံ အစီအစဉ်အတွက် နောက်ဆုံးအသုတ်ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ဂျပန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ရေးအစီအစဉ်ကို ၂ဝ၁ဝ ပြည့်နှစ်က စတင်ခဲ့တာပါ။ နှစ်စဉ် ဒုက္ခသည်အရေအတွက် ၃ဝ လက်ခံဖို့ဖြစ်ပေမဲ့၊ အဲဒီအရေအတွက်မပြည့်မီခဲ့ဘူးလို့ ဆိုပါတယ်။
၂ဝ၁၄ ခုနှစ်အထိ အစီအစဉ်တစ်ခုလုံးအတွက် ဒုက္ခသည် စုစုပေါင်း ၈၆ ယောက်သာ ဂျပန်ကိုရောက်ရှိလာခဲ့ကြ တာပါ။ ၂ဝ၁၂ ခုနှစ်ကဆိုရင် တစ်ယောက်မှရောက်မလာကြဘူးလို့ သိရပါတယ်။
လာမယ့်နှစ်ကစပြီး ဂျပန်အစိုးရဟာ မလေးရှားမှ မြန်မာနိုင်ငံသားဒုက္ခသည်တွေကို ခေါ်ယူမှာဖြစ်ပါတယ်။
ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားဒုက္ခသည်တွေဟာ ဂျပန်ဘာသာစကားနဲ့ လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းတွေ တက်ရောက်သင်ယူကြရမှာဖြစ်ပါတယ်။
RFA Burmese
၂ဝဝ၈ ဖွဲ့စည်းပုံကိုမပြင်လျှင် ပါတီရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များ မရရှိနိုင်ကြောင်း ညီလာခံတွင် ပါတီ ခေါင်းဆောင်များပြောကြား
ညီလာခံတွင် (ပ) ခေါင်းဆောင် ဦးအေးသာအောင် မိန်းခွန်းပြောကြားနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
စစ်အစိုးရလက်ထက်က အတည်ပြုဖွဲ့စည်းပေးခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင် နိုင်လျှင် ရခိုင်အမျိုးသားပါတီ၏ရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များကိုမရနိုင်ကြောင်း ရခိုင်အမျိုး သားပါတီ ခေါင်းဆောင်များက ပြောကြားသည်။
စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီက ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိ လေးမျက်နှာ ဓမ္မာရုံတွင် ပြုလုပ်သော ပထမအကြိမ် ရခိုင်အမျိုးသားပါတီ(Arakan National Party-ANP) ညီလာခံ ဖွင့်ပွဲ၌ ထိုသို့ ပြောကြားခဲ့ကြခြင်းဖြစ်သည်။
ပြည်သူတစ်ရပ်လုံးသည် တစ်ချိန်က နဝတ၊ နအဖက ကြိုတင်ချပေးလိုက်သည့် ပုံစံခွက်တစ်ခု တည်းတွင် ရောက်ရှိနေပြီး ယင်းပုံစံခွက်ကို မပြိုလဲ မပျက်စီးစေရန် ၂ဝဝ၈ ဖွဲ့စည်းပုံက ကာရန်ထားကြောင်း ပါတီ (ပ) ခေါင်းဆောင် ဦးအေးသာအောင်က ရခိုင်အမျိုးသားပါတီညီလာခံ အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
ယင်း ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြိုလဲ၊ မပျက်စီးစေရန်နှင့် မပြင်ဆင်နိုင်စေရန် လွှတ်တော်အသီးသီးက နည်းမျိုးစုံဖြင့် ကာရန်ထားသည့်အတွက် ငြိမ်းချမ်းသော ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရန် ပြည်ထောင်စု တိုင်းရင်းများ အနေဖြင့် မည်မျှကြိုးစားစေကာမူ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်နိုင် ပါက ရခိုင်အမျိုးသားပါတီ၏ ရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များကိုမရနိုင်ကြောင်း ဦးအေးသာအောင်က သုံးသပ် ပြောသည်။
“ကျွန်တော်တို့ရဲ့တိုက်ပွဲဟာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးပဲ။ ပြင်တဲ့အခါလည်း လိုသလောက်ပဲ ကွက်ပြီး ပြင်လို့မရဘူး။ အစအလယ်အဆုံးပြင်ရမယ်။ ဖြစ်နိုင်ရင် အားလုံးသဘောတူရင် အသစ်ရေး ဆွဲတာ အကောင်းဆုံးလို့ ပြောချင်ပါတယ်”ဟု ဦးအေးသာအောင်က ဆိုသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံကိုပြင်ဆင်နိုင်မှသာလျှင် ပြည်ထောင်စုတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်၍ တိုင်းရင်းသားများ မျှော်လင့်ထားသော ငြိမ်းချမ်းရေးပန်းတိုင်ကိုရောက်ရှိနိုင်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ဒုတိယ ခေါင်းဆောင်ဖြစ်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း သုံးသပ် ပြောဆိုသည်။
ယင်းသို့ပြင်ဆင်ရာတွင် အဓိက ပြင်ဆင်သင့်သည့် ပုဒ်မမှာ ပုဒ်မ ၄၃၆ ဖြစ်ကြောင်း သူက ဆိုသည်။
“လာမယ့် ၂ဝ၁၅ မတိုင်ခင်မှာ ဖွဲ့စည်းပုံကြီးတစ်ခုလုံး ပြုပြင်ပြီးသားဖြစ်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ရည်မှန်းတဲ့ ဖွဲ့စည်းပုံမျိုး ဟုတ်ချင်မှလည်း ဟုတ်မယ်”ဟု ယင်းက ပြောသည်။
ယင်းအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၆) တွင်ပါရှိသော တပ်မတော်သည် အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်ရှိရမည်ဆိုသည့် တပ်မတော်၏ရည်မှန်းချက်ကို ကာလတစ်ခုတွင် ထားခဲ့သင့်ပြီဖြစ်ပြီး လက်ရှိကာလတွင် ယင်းဥပဒေပုဒ်မ ၆ ရှိသင့်/မရှိသင့်ဆိုသည့်အချက်ကို တပ်မ တော်နှင့်ပတ်သက်သည့် ဥပဒေအရ သုံးသပ်ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆက်လက်သုံးသပ်ပြောသည်။
ရခိုင်အင်အားကြီးပါတီနှစ်ခုဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီတို့ပူးပေါင်းထားသော ရခိုင်အမျိုးသားပါတီ(ANP)၏ ပထမ အကြိမ် ပါတီညီလာခံကို ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ ငပလီမြို့ကမ်းခြေတွင် စက်တင်ဘာလ ၂၅ ရက် မှ ၂၉ ရက်အထိ ၅ ရက်တိုင်တိုင် ပြုလုပ်နေသည်။
http://www.narinjara.com/burmese/wp-content/uploads/2014/09/dr-aye-mg-speech.jpg
ညီလာခံတွင် (ဒု) ခေါင်းဆောင် ဒေါက်တာအေးမောင် မိန်းခွန်းပြောကြားနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ပထမနေ့အဖြစ်ပြုလုပ်သည့်ပါတီညီလာခံဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီက ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိ လေးမျက်နှာ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ပြီး နေ့လယ်ပိုင်းအစီ အစဉ်ကို ယင်းနေ့နေ့လယ် ၁ နာရီက သံတွဲခရိုင် ငပလီမြို့၊ လင်းသာရပ်ကွက်ရှိ လင်းသာဘုန်း တော်ကြီးကျောင်းဝင်းတွင်ပြုလုပ်ခဲ့သည်။
ရခိုင်အမျိုးသားပါတီညီလာခံ ပထမနေ့၏ နေ့လယ်ပိုင်းအစီအစဉ်တွင် မြို့နယ်ပါတီဗဟိုကော် မတီဝင်များနှင့် မြို့နယ်ပါတီကိုယ်စားလှယ်များအဖြစ် မြို့နယ်အသီးသီးမှရွေးချယ်ခံထားရသောပုဂ္ဂိုလ် များအနက် မြို့နယ် ပါတီဗဟိုကော်မတီဝင်များနှင့် မြို့နယ်ပါတီကိုယ်စားလှယ်များဖြစ်နိုင်မည့်သူများကို မဲစနစ်ဖြင့် ရွေးချယ် ခဲ့ကြသည်။
ညီလာခံမှ အတည်ပြုရွေးချယ်မည့် မြို့နယ်ပါတီ ဗဟိုကော်မတီဝင်များနှင့် မြို့နယ်ပါတီကိုယ် စားလှယ်များကို ပါတီညီလာခံဒုတိယမြောက်နေ့ဖြစ်သော စက်တင်ဘာလ ၂၆ ရက်နေ့တွင် ညီလာခံ၌ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပါတီနှစ်ခုပူးပေါင်းထားသော ရခိုင်အမျိုးသားပါတီအတွင်းတွင် ပါတီစွဲ၊ ပုဂ္ဂိုလ်များကြောင့် ညီ ညွတ်သင့် သလောက် မညီညွတ်သည့်အခြေအနေများရှိနေသည့်အတွက် ကျစ်လျစ်ခိုင်မာပြီး အမျိုး သားရေးကိုဦးတည်သည့် ရခိုင်တိုင်းရင်းသားများအတွက် ခိုင်မာသော အမျိုးသားပါတီတစ်ရပ်ဖြစ်ပေါ် လာစေရန် ယခုကဲ့သို့ ပါတီညီလာခံကိုကျင်းပရခြင်းဖြစ်ကြောင်း ဦးအေးသာအောင်က ပြောသည်။
ယင်းနေ့ကပြုလုပ်သောပါတီညီလာခံသို့ ပါတီဗဟိုကော်မတီဝင်များအပါအဝင် မြို့နယ်ကိုယ် စားလှယ် ၂ဝဝ ကျော်နှင့် စိတ်ပါဝင်စားသူများလည်း တက်ရောက်ခဲ့ကြသည့်အပြင် ကချင်အခြေစိုက် ရက္ခိုင့်တပ်မတော်(Arakan Army-AA)မှ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဟန်၊ အိန္ဒိယအခြေစိုက် ရခိုင်ပြည် ဒီမိုကရက်တစ်ပါတီ(Democratic Party of Arakan- DPA)မှ ဥက္ကဋ္ဌဦးထွန်းအောင်ကျော်နှင့် အတွင်းရေးမှူး ဦးအောင်ဟိန်း၊ တို့လည်း တက်ရောက်ခဲ့ကြသည်။
( နိရဉ္စရာ- ၂၆ စက်တင်ဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)
အန်အယ်ဒီပါတီ ၂၆ နှစ်ပြည့်ပြီ
![]() |
မနှစ်က အန်အယ်ဒီ ၂၅ နှစ်ပြည့် ပွဲမှာ တွေ့ရတဲ့ ပါတီ ခေါင်းဆောင်တွေ |
၁၉၈၈ ခုနှစ် တနိုင်ငံလုံး လူထု အုံကြွမှုကြီး ဖြစ်ပွား ခဲ့ပြီးတဲ့ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဆိုတဲ့ အမည် နဲ့ နိုင်ငံရေး ပါတီကြီး တရပ် ပေါ်ပေါက်လာခဲ့ တာဖြစ်ပါတယ်။
ဒီပါတီကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တတ်သိ ပညာရှင်တွေ၊ တပ်မတော် တပ်မှူးဟောင်းကြီး တွေ ပါဝင်တဲ့ မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ နဲ့ တော်လှန်ရေး ကောင်စီ ဒုတိယ ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တို့ ၃ ဦး စုပေါင်း တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။
NLD ဖွဲ့စက ပါဝင်ခဲ့တဲ့ စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူက သူတို့ အားလုံး တိုင်ပင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ အမည်ကို ပေးခဲ့တာဖြစ်ကြောင်း၊ ပါတီ အလံကိုရွေးချယ်ရာမှာလည်း ခွပ်ဒေါင်းနဲ့ တော်လှန်ရေး အလံကို ပေါင်းလိုက်တာ ဖြစ်ကြောင်း ပြောပြပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လို့ ခေါ်ရတာကလည်း အဖွဲ့အစည်း ပေါင်းစုံပါဝင်တဲ့အတွက် ဖဆပလ အဖွဲ့ချုပ်လို နာမည်ကိုယူခဲ့တာဖြစ်တယ်လို့ ဆရာမောင်မိုးသူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး နဲ့ ဦးအောင်ကြီးတို့က၊ တဖက်ကို ၁၃ ဦးစီပါဝင်ပြီး ပါတီဖွဲ့စည်းမယ်လို့ဆုံးဖြတ်လိုက်ချိန်မှာ ဆရာမောင်မိုးသူက ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ဖက်က ပါခဲ့တာဖြစ်ပါတယ်။
ဦးအောင်ကြီး အုပ်စု ဖက်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးကြည်မောင် ပါဝင်ခဲ့ပါတယ်။
အိမ်မှာ ခေါင်းဆောင်သုံးဦး တွေ့ဆုံပြီး ပါတီ ထူထောင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ လည်းဦးမိုးသူ က ပြောပြပါတယ်။
အန်အယ်ဒီ ပါတီထဲကို အလွှာအသီးသီးက ဝင်ရောက်ခဲ့ကြတဲ့ ပါတီဝင်တွေထဲမှာ ခုလက်ရှိ ပါတီဗဟို ဦးစီး အဖွဲ့ဝင် ဖြစ်လာတဲ့ ဦးဝင်းထိန်လည်း ပါဝင်ပါတယ်။
သူကတော့ ဗိုလ်ကြီးဟောင်း ဘဝကနေ NLD ရုံးအဖွဲ့မှူး ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ တာဝန်တွေ ယူခဲ့ဘူး ပါတယ်။
မျိုးချစ်ရဲဘော်ဟောင်းအဖွဲ့ ကနေ အန်အယ်ဒီထဲကို စတင်ပါလာခဲ့ပြီး၊ ပါတီဝင်သစ်တွေ စုဆောင်း တဲ့လုပ်ငန်းတွေကို အားတက်သရော လုပ်ခဲ့ပုံကို ဦးဝင်းထိန်က ပြန်ပြော ပြပါတယ်။
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အာဏာ မရရှိခဲ့ဘဲ ပါတီ ခေါင်းဆောင်တွေ ထိန်းသိမ်း ခံခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ လည်း နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ် ကျခံခဲ့ရပြီး နောက်ဆုံး တခေါက် လွတ်မြောက် လာတဲ့ နောက်မှာတော့ NLD ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့လို့ အခု တော့ လွှတ်တော်တွင်း ပါတီတရပ် အနေနဲ့ ရပ်တည်လျက် ရှိပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အာဖဂန်မှာ ခရိုင် တခုကို တာလီဘန်တွေ သိမ်း

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်းမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ တာလီဘန် စစ်သွေးကြွတွေ အကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေရာမှာ Ghazni ပြည်နယ်ထဲက မဟာဗျူဟာ ကျတဲ့ Ajrestan ခရိုင်ကို ကြာသပတေးနေ့ ညက လက်လွှတ်လိုက်ရကြောင်း အာဖဂန် အရာရှိတွေက ပြောပါတယ်။
တာလီဘန်တွေက Ajrestan ခရိုင်ကို သိမ်းပိုက် အပြီးမှာ ဒေသခံ ၇၀ လောက်ကို သတ်ဖြတ် ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အထဲက ၁၅ ယောက် ကိုတော့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်တယ် ဆိုတဲ့ သံသယနဲ့ တာလီဘန်တွေက ခေါင်းဖြတ် သတ်ခဲ့ကြောင်း အာဖဂန် ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။
Ghazni ပြည်နယ်ဟာ အာဖဂန် နစ္စတန် အရှေ့တောင်ဘက် ပိုင်းနဲ့ မြို့တော် ကာဘူးလ် အကြား အရေးကြီးတဲ့ ထွက်ပေါက် ဖြစ်ပါတယ်။
အာဖဂန် အစိုးရ တပ်တွေက အဲဒီ နယ်မြေကို ပြန်ရဖို့ ဆက်လက် တိုက်ခိုက် နေပေမယ့် တခြား နယ်မြေတွေကို တာလီဘန်တွေ ထပ်မံ တိုက်ခိုက် လာနိုင်တဲ့ အန္တရာယ် ရှိနေကြောင်း သိရပါတယ်။
BBC Burmese
မြန်မာ့အရေး ကုလ မိတ်ဖက်နိုင်ငံများ ဆွေးနွေး
27 September 2014
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်လာတာကြောင့် အားရကျေနပ်စရာဖြစ်တယ်လို့ ဆိုပေမယ့် ရခိုင်ပြည်နယ်နဲ့ အခြား မြန်မာနိုင်ငံနေရာ အချို့မှာရှိနေတဲ့ လူမှုအသိုင်းအ၀ိုင်းအကြား အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား တင်းမာမှုဟာ အတော်လေး စိုးရိမ်မကင်းဖြစ်စရာ အခြေအနေရှိနေတုန်းပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။
ေ
သောကြာနေ့ ညနေပိုင်း နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ပြုလုပ်သွားတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဖက်နိုင်ငံများအစည်းအဝေးမှာ ပြောဆိုသွားတာပါ။
ဒီလို တင်းမာမှုတွေ ရှိနေတာကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကိုပါ ထိခိုက်လာနိုင်တယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးခဲ့ပါတယ်။ မြန်မာအစိုးရက ဘင်္ဂလီလို့ခေါ်ပြီး အဲဒီလူမှုအသိုင်းအ၀ိုင်းက သူ့ကိုယ်သူ ရိုဟင်ဂျာလို့ သတ်မှတ်သုံးနှုန်းတဲ့ ရခိုင်ပြည်နယ်တွင်းက မူဆလင်လူနည်းစုတွေရဲ့ နိုင်ငံသားဖြစ်မှုကိစ္စတွေကို ပြည်ပြည့်စုံစုံ ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုအပ်နေတယ်ဆိုတာကိုလည်း မစ္စတာဘန်ကီမွန်းက ထောက်ပြသွားပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့ကတော့ လူမှုစီးပွားဖွံဖြိုးမှု အမျိုးသားပြန်လည်သင့်မြတ်ရေး ဒိမိုကရေစီဖြစ်ထွန်းရေး နယ်ပယ် အတော် များများမှာ တိုးတက်မှုတွေ တွေ့လာရတယ်လို့ အတွင်းရေးမှူးချုပ်က ချီးကျူးပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ ဒေသတွေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေမှာပါ ပါဝင်ဆောင်ရွက်လာတယ်ဆိုပြီး အာဆီယံ ဥက္ကဋ္ဌအဖြစ် လက်ရှိဆောင်ရွက်မှုကို ဥပမာပြသွားပါတယ်။ တချိန်တည်းမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်တာကြောင့် မြန်မာအနေနဲ့ အရေးကြီးတဲ့ အနှောက်အတားတွေကိုတော့ ကျော်ဖြတ်သွားရမှာ ဖြစ်တယ်လို့တော့ အတွင်းရေးမှူးချုပ်က ထောက်ပြထားပါတယ်။
အစည်းအဝေးအတွင်း ကျန်အဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံဖက်က ဘာတွေ ဆွေးနွေးကြသလဲ အသေးစိတ်တော့ မသိရသေးပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ထွန်းမှုတွေနဲ့ စိန်ခေါ်ချက်တွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာနိုင်ငံကို မကြာမကြာသွားရောက်နေတဲ့ ကုလသမဂ္ဂ အထူး အကြံပေး အရာရှိ မစ္စတာ Nambiar ကလည်း သူ့ခရီးစဉ်အခြေအနေတွေနဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ထွန်းတိုးတက်မှုတွေကို အဲဒီ အစည်းအဝေးတွင်း ရှင်းပြမယ်လို့ ယူဆရပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများဆိုပြီး ၂၀၀၇ ခုနှစ်က အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံနဲ့ ဖွဲ့စည်းခဲ့တာပါ။ မြန်မာအရေးစိတ်ဝင်စားတဲ့ အမေရိကန်၊ ဗြိတိန် စတဲ့ အနောက်နိုင်ငံတွေအပြင် မြန်မာအိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်ကြပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှာတော့ မြန်မာအရေး မိတ်ဖက်နိုင်ငံများဆိုပြီး အမည်ပြောင်းလဲခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
မော်လမြိုင်တွင် ဗိုလ်မှူး အယောင်ဆောင်သူကို အမှုဖွင့် အရေးယူ
|Dawei Watch | မော်လမြိုင် ၊ စက်တင်ဘာ
၂၄
မွန်ပြည်နယ်
မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် ဗိုလ်မှူး အဆင့်တံဆိပ် ယူနီဖောင်း ၀တ်ဆင်ထားသည့်
ဗိုလ်မှူးအယောင်ဆောင် တစ်ဦးကို စက်တင်ဘာလ
၂၀ ရက်နေ့တွင် ဒိုင်းဝန်ကွင်း ရဲစခန်းမှ ဖမ်းမိခဲ့ကြောင်း မုတ္တမရဲစခန်းမှ သိရသည်။
ဖမ်းဆီးရမိသူမှာ
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် တရားရုံးတွင် ဖမ်းဝရမ်း ထုတ်ထားသည့် ကျော်မျိုးနိုင်
(ခ) ကျော်ကျော်ဖြစ်ပြီး ၄င်းကို ဖမ်းဆီချိန်တွင် ဟွန်ဒါဖစ် ခဲပြာရောင် မော်တော်ယာဉ်
လိုင်စင်မဲ့ယာဉ်နှင့် အတူဖမ်းဆီရမိကြောင်း အထက်ပါ ရဲစခန်းက ပြောသည်။
ခမရ ၁၀၂ မှ
ဗိုလ်ကြီး သက်ထူးဇင် ဆိုသူက တယ်လီဖုန်းဖြင့် အကြောင်းကြားသဖြင့် သွားရောက် ဖမ်းဆီခဲ့ကြောင်း
မှုခင်းမှတ်တမ်းတွင် ဖော်ပြသည်။
ဖမ်းဆီရမိသူ
ကျော်ကျော်သည် တပ်မတော်မှ ဗိုလ်ကြီး တစ်ဦးမဟုတ်ဘဲ့ ရန်ကုန်တိုင်းဒေသကြီးမှ တရားရုံး
ပြစ်မှုကြီး အမှတ် ၂၅/၂၀၁၄ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ နှင့် ပြစ်မှုကြီး အမှတ် ၂၇၆/၂၀၁၄
ပို့ကုန်သွင်းကုန် ပုဒ်မ ၈ ဖြင့် တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည့် သူဖြစ်ကြောင့် ရဲစခန်း
သက်သေထွက်ချက် အရသိရသည်။
လက်ရှိတွင်
ကျော်မျိုးနိုင်(ခ) ကျော်ကျော်ကို (ပ) ၉၈/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၁၇၀/ ၁၇၁ အရလည်းကောင်း၊
(ပ)၉၉/၂၀၁၄ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရလည်းကောင်း မုတ္တမစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း
သိရသည်။
Dawei
Watch
ISကို အနိုင်တိုက်ဖို့ လေကြောင်းတိုက်ခိုက်မှုနဲ့ မလုံလောက်
![]() |
Add caption |
အမေရိကန် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Martin Dempsey က လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင်အဖွဲ့အပေါ် ထိခိုက်မှုတွေ ရှိမှာ ဖြစ်ပေမယ့် လေကြောင်း တိုက်ခိုက်မှု တခု တည်းနဲ့တင် အနိုင်တိုက်ဖို့ မလုံလောက်ဖူးလို့ သတိပေး ပြောကြားလိုက်ပါတယ်။
အီရတ်နဲ့ ဆီးရီးယားမှာ ရှိတဲ့ IS လက်နက်ကိုင်တွေကို အနိုင်တိုက်ဖို့ နိုင်ငံရေး နည်းလမ်းအရရော၊ မြေပြင် တိုက်ခိုက်မှုပါ လိုမယ်လို့ ဆိုပါတယ်။
ဆီးရီးယားမှာ မြေပြင် တိုက်ခိုက်မှုတွေ လုပ်ဖို့ အတွက် အလယ်အလတ် သဘောထား ရှိတဲ့ ဆီးရီးယား အတိုက်အခံ လက်နက်ကိုင် တသောင်း နှစ်ထောင် လောက် လိုလိမ့်မယ်လို့ လည်း ဗိုလ်ချုပ်ကြီး Martin Dempsey က ပြောပါတယ်။
ရုရှားကတော့ ဆီးရီးယားနိုင်ငံမှာ အမေရိကန်နဲ့ အာရပ် နိုင်ငံတွေက လေကြောင်း ကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာဟာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေကို ချိုးဖောက်ရာ ကျတယ်လို့ ပြောကြားလိုက်ပါတယ်။
အမေရိကန် အစိုးရအနေနဲ့ IS လက်နက်ကိုင် အဖွဲ့ရဲ့ စခန်းတွေကို လေကြောင်း တိုက်ခိုက်မှုတွေ မလုပ်ခင် ရုရှားရဲ့ မိတ်ဘက် ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ်ဆီက အတည်ပြုချက် ယူသင့်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က သတင်းထောက်တွေကို နယူးယောက်မြို့မှာ ပြောသွားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဦးဝီရသူကို သီရိလင်္ကာကို လာခွင့် မပေးဖို့ ကန့်ကွက်
![]() |
ဦးဝီရသူကို အကြမ်းဖက်သမားအဖြစ် Time မဂ္ဂဇင်း မှာ ဖေါ်ပြထား |
ဦးဝီရသူကို အစည်းအဝေး တက်ဖို့ သီရိလင်္ကာ နိုင်ငံက သဘောထား တင်းမာတဲ့ ရဟန်းတော် အဖွဲ့ ဖြစ်တဲ့ Bodu Bala Sena အဖွဲ့က ဖိတ်ကြား ခဲ့တာ ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ မကြာသေးခင် လပိုင်းတွေ တုန်းက ဗုဒ္ဓဘာသာဝင် တွေနဲ့ မွတ်ဆလင် တွေအကြား ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာမို့ ဦးဝီရသူ လာရင် ရှုပ်ထွေးမှာ စိုးတဲ့အတွက် သူ့ကို ပြည်ဝင်ခွင့် မပေးဖို့ အာဏာပိုင် တွေကို ကန့်ကွက်ထားတယ်လို့ သီရိလင်္ကာ မွတ်ဆလင် ကောင်စီ ယာယီ ခေါင်းဆောင် ဟီလ်မီ အာမက် က ပြောပါတယ်။
ဦးဝီရသူဟာ မြန်မာနိုင်ငံက မွတ်ဆလင်တွေ အပေါ် အကြမ်းဖက် သတ်ဖြတ်မှု တွေ အတွက် လှုံ့ဆော် ပေးခဲ့သူ ဖြစ်ပြီး သူလာရင် သီရိလင်္ကာမှာ ရှိတဲ့ မွတ်ဆလင် တွေရဲ့ လုံခြုံမှု အတွက် စိုးရိမ်ရကြောင်း မစ္စတာ အာမက်က ပြောပါတယ်။
Bodu Bala Sena အဖွဲ့ အတွင်းရေးမှူးချုပ် Gala Goda Athe Gnanasara ကတော့ ဦးဝီရသူ သာမက နိုင်ငံ အတော်များများက ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကို ဒီအစည်းအဝေး တက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဦးဝီရသူဟာ ဘာပြစ်မှု မှုခင်းနဲ့မှ ငြိစွန်းနေတာမျိုး မရှိတာမို့ ဦးဝီရသူ လာရင် ကြိုဆိုဖို့ ရှိကြောင်း၊ ဗုဒ္ဓဘာသာမှာ အကြမ်းဖက် ဝါဒဆိုတာ မရှိကြောင်းနဲ့ ဦးဝီရသူ လာမယ့် အတွက် သီရိလင်္ကာမှာ ရှိတဲ့ မွတ်ဆလင် တွေအနေနဲ့ စိုးရိမ် ကြောက်လန့်ဖို့ မရှိကြောင်း အရှင် Gnanasara က မိန့်ပါတယ်။
ဦးဝီရသူဟာ သီရိလင်္ကာ သံဃာ့ အစည်းအဝေး တက်ဖို့ မြန်မာနိုင်ငံကနေ စက်တင်ဘာလ ၂၆ရက်နေ့က ထွက်ခွာသွားပြီလို့ သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ISIS စစ်သွေးကြွများကို လေကြောင်းမှ တိုက်ခိုက်ရာတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုမှ အမျိုးသမီး လေယာဉ်မှူးတစ်ဦး ပါဝင်

ဒူဘိုင်း ၊ ၂၆-၉-၂၀၁၄
ဆီးရီးယား နိုင်ငံအတွင်းရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်ရာတွင် အာရပ်စော်ဘွား များ ပြည်ထောင်စုမှ အမျိုးသမီး လေယာဉ်မှူး တစ်ဦးက ဦးဆောင် ခဲ့ကြောင်း သိရသည်။
အာရပ်စော်ဘွား များ ပြည်ထောင်စု မှ အသက် ၃၅ နှစ်အရွယ် မာရီယမ် အယ်လ်မန်ဆူရီ (ပုံ) အမည်ရှိ ယင်း လေယာဉ်မှူးသည် အမေရိကန် အစိုးရ၏ ဂျီဟတ်ဒ် စစ်သွေးကြွ တိုက်ဖျက်ရေး လုပ်ငန်းစဉ်၏ တစ်စိတ် တစ်ဒေသ အနေဖြင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ စစ်သွေးကြွ များကို လေကြောင်းမှ တိုက်ခိုက်ရာတွင် အာရပ် စော်ဘွားများ ပြည်ထောင်စု မှ တိုက်လေယာဉ် များကို ဦးဆောင်ရာတွင် ပါဝင်ခဲ့သည်ဟု သိရသည်။
သူမသည် အဆိုပါ နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး လေယာဉ်မှူး တစ်ဦး ဖြစ်ပြီး လေကြောင်း ပျံသန်းရေး အတတ်ပညာ ကို အဘူဒါဘီမြို့ ရှိ ခါလီဖာဘင်ဇေယက် လေကြောင်း အတတ်သင် သိပံ္ပတွင် တက်ရောက်
သင်ကြား ခဲ့သည်။ သို့ရာတွင် လေကြောင်း တိုက်ခိုက်မှု၌ သူမ ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကို အာရပ် စော်ဘွားများ ပြည်ထောင်စု အစိုးရက အတိအကျ ပြောကြား ထားခြင်း မရှိကြောင်းသိရသည်။
သို့ရာတွင် ဆီးရီးယား နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက် မှုများကို လုပ်ဆောင်လျက် ရှိသည့် အစ္စလာမ္မစ် များကို လေကြောင်းမှ တိုက်ခိုက်ရာတွင် ဆော်ဒီ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်း နှင့် ဂျော်ဒန် နိုင်ငံတို့က ပူးပေါင်း ပါဝင်လျက် ရှိကြောင်း အမေရိကန် အစိုးရက အတည်ပြု ခဲ့ကြောင်း သိရသည်။
#PyiChitThar
Friday, September 26, 2014
မြို့သစ်စီမံကိန်းအဆို ပြန်ရုပ်သိမ်းကြောင်း ကြေညာ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အဆိုကို ပြန်လည်ရုပ်သိမ်းကြောင်း ရန်ကုန်မြို့တော်ဝန်က တိုင်းလွှတ်တော်မှာ ကြေညာလိုက်ပါတယ်။
မြို့သစ်စီမံကိန်းအကြောင်း လွှတ်တော်အမတ် ၁၂ ဦးက ရန်ကုန်တိုင်းအစိုးရကို မေးမြန်း ဆွေးနွေးရန် အစီအစဉ် မစမီ ရန်ကုန်မြို့တော်ဝန်က အဲဒီကြေညာချက်ကို ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ် ချက်အရ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆိုင်းငံ့လိုက်ပြီး တိုင်းလွှတ်တော်ကို စက်တင်ဘာ ၂၂ ရက်နေ့က တင်သွင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအဆိုကို ပြန်ရုပ်သိမ်းကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့တာပါ။
စီမံကိန်းရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းပေမယ့် အသေးစိတ် အကြောင်းပြချက်ကို မြို့တော်ဝန်က ပြန်လည်ဖြေဆိုတာတော့ မရှိပါဘူး။
အဲဒီ စီမံကိန်း လွှတ်တော်မှာဆွေးနွေးဖို့ ရုပ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေကြားမှာတော့ အမြင်အမျိုးမျိုး ရှိကြပါတယ်။
တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက “လွှတ်တော်နည်းဥပဒေ မှာရှိတဲ့ ပုဒ်မ ၃၂(ဋ)မှာ ဘာပြောထားလဲ ဆိုတော့ ဥက္ကဋ္ဌကြီးက လွှတ်တော်မှာ ဆွေးနွေးဆဲအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ရပ်ဆိုင်းဖို့အတွက်။ ရွှေ့ဆိုင်းဖို့ လုပ်နိုင်တယ်ဆိုတော့။ အန်တီက အဲဒီ အာဏာကို သုံးပေးပါဆိုပြီး တင်ထားလိုက်တယ်လေ။ နောက်ပြီး အစိုးရအဖွဲ့ကို မေးခွန်း ၁၇ ခု ပို့ခဲ့လိုက်တယ်။ အဲဒီ မေးခွန်း ၁၇ ခုကို ဖြေပေးပါဆိုပြီးတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့မေးခွန်းတွေ ပို့ခဲ့တယ်ပေါ့။ အဲဒီတော့ အစိုးရအဖွဲ့က မေးခွန်း ၁၇ ခုလည်း သေသေချာချာ ဖတ်တယ် ထင်ပါတယ်။ သူတို့ အစည်းအဝေးမှာ စဉ်းစားတယ် ထင်ပါတယ်။ အခု ဥက္ကဋ္ဌကြီးက ခွင့်ပြုလိုက်တယ်ဆိုတော့ ဒါအားလုံးအတွက် မင်္ဂလာသတင်းပေါ့” လို့ ပြောပါတယ်။
ဒါပေမယ့် ဈေးနှုန်း အဆမတန်မြင့်မားနေတဲ့ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ သေသေချာချာ မထိန်းချုပ်နိုင်ပေမယ့် စီမံကိန်း ဆိုင်းငံ့လိုက်တယ် ဆိုတဲ့အတွက် အိမ်ခြံမြေဈေးကွက်ကိုတော့ သိသိသာသာ လှုပ်ခတ်လာနိုင်တယ်လို့ သုံးသပ်သူတွေ ရှိနေပါတယ်။
ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ကြည်ကြည်မာက “မြေဈေးတွေ တန့်သွားတာကတော့ သူတို့ရဲ့ တကိုယ်ရည် လောဘတရားကြောင့် ဝယ်ကြ ခြမ်းကြတာတော့ သူတို့ အပေးမှာပဲ မူတည်တယ်။ အန်တီတို့က ပိုင်ဆိုင်မှု ဒီဘက်မှာလည်း မရှိဘူး။ ဘာမှလည်း ဝယ်ထားတာ မရှိဘူး။ ဒီအပေါ်မှာ ဘာမှ မပြောလိုဘူး။ ပြောချင်တာကတော့ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ။ ဘယ်ကုမ္ပဏီ လုပ်တာလဲ စိတ်မဝင်စားဘူး။ ကောင်းတဲ့ ကုမ္ပဏီလုပ်။ လုပ်လို့ ကိုယ့်ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရင် အန်တီက ကျေနပ်တယ်”လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ မြို့တော်ဖွံ့ဖြိုးရေးစီမံကိန်း Conceptual Plan ကို ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(ဂျိုက်ကာ) အကူအညီနဲ့ ရေးဆွဲနေချိန်မှာ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက ရန်ကုန်မြို့အနောက်ဘက်က ဧက ၃ သောင်းပေါ်မှာ မြို့သစ်ဆောက်ဖို့ ကမ်းလှမ်းခဲ့တာဟာ နိုင်ငံတော်ဘဏ္ဍာငွေကို လျှော့ချပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုဆိုတဲ့ မူဝါဒနဲ့ ကိုက်တာကြောင့် လက်ခံခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က စက်တင်ဘာလ ၂၂ ရက်နေ့က ပြောဆိုခဲ့ဖူးပါတယ်။
အဲဒီ စီမံကိန်း အကောင်အထည်ဖော်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အဲဒီဒေသက မြေဈေးတွေဟာ နေရာအကွက်အကွင်းပေါ် မူတည်ပြီးတော့ ၁ ဧကကို ကျပ်သိန်းထောင်ချီထိ အမြင့်ဆုံးဈေးပေါက်ခဲ့ပါတယ်။
By ကျော်ဇေယျာဝင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/66127
ရခိုင်အမျိုးသားပါတီညီလာခံ သံတွဲ ငပလီတွင် စတင် ကျင်းပ

စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ (၅) ရက်တိုင်ကျင်းပမည့် ရခိုင်အမျိုးသားပါတီ ညီလာခံကို ယမန်နေ့က သံတွဲမြို့ ငပလီတွင် စတင်ဖွင့်လှစ်လိုက်သည်။
ဖွင့်ပွဲ အခမ်းအနားနှင့် ပတ်သက်ပြီး ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဦးလှစောက အခြေအနေ ကောင်းမွန်ကြောင်း ပြောဆိုသည်။
“ ကျွန်တော် ဖွင့်ပွဲ အခြေအနေက ပုံမှန်ပါဘဲ။ ဘာမှ ခက်ခက်ခဲခဲ မရှိပါဘူး။ လုံခြုံရေး ကိစ္စတွေရော အကုန်လုံး အဆင်ပြေပါတယ်။ ဖွင့်ပွဲကိုတော့ ဗောဓိကုန်း ဓမ္မာရုံမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဗိုလ်ကုန်းဆိုတဲ့ နေရာမှာပေါ့လေ။ တရားဝင်တော့ ကိုယ်စားလှယ် ၂၀၂ ဦး၊ စုစုပေါင်း လူပေါင်း ၂၅၀ တက်ရောက်ခဲ့ပါတယ်။ မြို့ပေါ်က လူတွေလည်း တော်တော်များများ လာရောက်ကြပါတယ်” ဟု ဆိုသည်။
ဖွင့်ပွဲ အခမ်းအနားတွင် သဘာပတိ အဖွဲ့ ၀င် အဖြစ်ဆောင်ရွက်သူ ရခိုင် ၀ါရင့်နိုင်ငံရေးသမား ဦးဝေစိန်အောင်၊ ပါတီ (ပ) ခေါင်းဆောင် ဦးအေးသာအောင်၊ (ဒု) ခေါင်းဆောင် ဒေါက်တာ အေးမောင်တို့က အသီးသီးအမှာစကား ပြောကြားခဲ့ကြသည်။
“ ဒုတိယပိုင်းကိုတော့ ကျနော်တို့ ရောက်ရှိလာတဲ့ ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ၊ နောက် ချင်းပြည်နယ် ပလက်ဝနဲ့ ရန်ကုန်နဲ့ ဧရာဝတီ တိုင်းက ညီလာခံ ကိုယ်စားလှယ် အသီးသီးကို အချင်း မိတ်ဆက်ကြတယ်။ CC ရွေးချယ်ခံမယ့် ကိုယ်စားလှယ်တွေကို စာရင်းကိုလည်း မနေ့ မှတ်တမ်းပြုစုကြပါတယ်” ဟု ဆိုသည်။
ညီလာခံကို ကျင်းပရသည့် အဓိက ရည်ရွယ်ချက်ကိုလည်း ဦးဦးလှစောက ယခုလို ပြောသည်။
“ ကွန်ဖရင့် ကတော့ သမိုင်းအရ ပါတီ နှစ်ခု ပူးပေါင်းလိုက်တယ်ဆိုတာလဲ ဒါ အကုန်လုံး၊ တပြည်လုံး၊ နိုင်ငံရေး အင်အားစုများ အားလုံး သိကြတဲ့ အတိုင်း ဖြစ်ပါတယ်။ တကယ်ပါတီ ခိုင်မာတဲ့ တကယ့်ပါတီ တစ်ရပ် ဖြစ်ပေါ်ရေး အတွက် တကယ် ခေါင်းဆောင်မူ အခန်းကဏ္ဍကို မပြုလုပ်ရသေးတဲ့ အတွက် ဒါကို ရွေးချယ်ဖို့လည်း ပါဝင်တာပေါ့လေ။ ဥက္ကဌ အဖွဲ့၊ အတွင်းရေးမှူး အဖွဲ့တွေကို ရွေးချယ် ဖွဲ့စည်းမယ်။ ဒါ့ပြင် ဖွဲ့စည်းပုံထဲက ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်မယ်။ နောက်တစ်ခုက ကျနော်တို့ ပါတီညီလာခံ ကျင်းပရတာက ၂၀၁၅ ခုနှစ် လာမယ့် ရွေးကောက်ပွဲမှာ တကယ်တောင့်တင်းခိုင်မာတဲ့ အမျိုးသား ပါတီ တစ်ရပ် ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး ခုညီလာခံကို ကျင်းပရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်များကို ဘယ်မူများနှင့် ရွေးချယ်မည်ကို ညီလာခံအတွင်း ဆွေးနွေးကြမည် ဖြစ်ပြီး ရွေးချယ်ဆိုင်ရာ မူတစ်ခုကိုလည်း ညီလာခံမှ အတည်ပြုရန် ရှိကြောင်း သိရသည်။
ယင်းပြင် ညီလာခံ ဒုတိယနေ့တွင် မြို့နယ် အသီးသီး၏ အစီရင်ခံစာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အစီရင်ခံစာများ၊ ဖိတ်ကြားထားသော ကချင် အခြေစိုက် ရက္ခိုင့်တပ်မတော် (AA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည် ဒီမိုကရက်တစ်ပါတီမှ သ၀ဏ်လွှာများကို ဖတ်ကြားကြမည်ဟု ဆိုသည်။
ညီလာခံတွင် ခေါင်းဆောင်ရွေးချယ်မူ အပိုင်းနှင့် ပတ်သက်ပြီး ညီလာခံသို့ တက်ရောက်နေသူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ယခုလို ပြောကြားသည်။
“ ဥက္ကဌ၊ ဒုဥက္ကဌ အပါအ၀င် ခေါင်းဆောင်ပိုင်းတွေကို ရွေးချယ်တဲ့အခါ မှားမှားယွင်းယွင်း မဖြစ်အောင် ညီလာခံ ကျင်းပရေးကော်မတီက အစွန်းကုန်ကြိုးစားနေပါတယ်။ ပါတီ နှစ်ခု ပေါင်းစည်းတယ်ဆိုတာက အမည်အားဖြင့်လည်း ပေါင်းစည်းတယ်။ အနှစ်သာရ အားဖြင့်လည်း ပေါင်းစည်းတယ်။ ပြည်သူတွေကလည်း ပေါင်းစည်းတယ်ဆိုတာကို လိုချင်တဲ့ အတွက် ဖြစ်အောင် ကျနော်တို့ ကြိုးစားမှာပေါ့။ ညီလာခံ ကိုယ်စားလှယ်တွေလည်း ကောင်းတဲ့ အလုပ်ကို လုပ်နိုင်ကြပါလိမ့်မယ်။ ညီလာခံကိုယ်စားလှယ်တွေ အနေနဲ့ လောဘတွေ ရှိနေကြပေမယ့် သူတို့လည်း တိုင်းပြည်နဲ့ လူမျိုးကို တန်ဖိုးထား ချစ်မြတ်နိုးသူတွေ ဖြစ်ကြတဲ့ အတွက် ကောင်းကျိုးကို ရည်မျှော်ပြီး လုပ်ကြပါလိမ့်မယ်” ဟု သူက ပြောဆိုသွားသည်။
(နိရဉ္စရာ- ၂၆ စက်တင်ဘာ ၂၀၁၄)
Wednesday, September 24, 2014
နိုင်ငံရေးလမ်းပြမြေပုံ သဘောတူညီချက် မရသေးဘူးလို့ NCCT ပြော
24 September 2014
ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ NCCT နဲ့ UPWC တို့ရဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုရေး ဆွေးနွေးပွဲတတိယနေ့အပြီးမှာ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမှုန်း ဆာခေါင်က အခုလိုပြောခဲ့တာပါ။
"ဒီနေ့ဟာ ကျနော်တို့ တော်တော်များများ ဆွေးနွေးတယ်၊ တိကျသော သဘောတူညီချက်တော့ မရသေးဘူး၊ စိစစ်ဆွေးနွေးနိုင်ဖို့အတွက် ကျနော်တို့ အများကြီးလမ်းဖွင့်ထားပါတယ်၊ သို့သော် တချို့နေရာမှာတော့ နည်းနည်းပါးပါး နောက်ကြောင်းပြန်ပြီးတော့ ဆွေးနွေးနေတာလည်း အများကြီးရှိတယ်၊ တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေးသဘောတူစာချုပ်မှာ ကျနော်တို့ ဖော်ပြချင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လမ်းပြမြေပုံကိစ္စတွေလည်း ကျနော်တို့ အသစ်လိုလို ပြန်ဆွေးနွေးတာလည်း တွေ့ရပါတယ်"
ဒီကနေ့ ဆွေးနွေးပွဲမစတင်ခင်မှာ NCCT အဖွဲ့ဟာ တပ်မတော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့နဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။
အဲ့ဒီလိုတွေ့ဆုံရာမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ နောက်ကြောင်းပြန်မလှည့်သွားဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်က ပြောပါတယ်။
"ကျနော်တို့အနေနဲ့က ဒီဆွေးနွးပွဲကို ကျနော်တို့တွေက နှစ်ဖက်စလုံးကလုံးကနေပြီးတော့ ကြိုးကြိုးစားစားနဲ့ပေါ့နော်၊ စိတ်ရှည်ရှည်ထားပြီးတော့ ကျနော်တို့ဆွေးနွေးကြဖို့ နောက်ကြောင်းပြန်မလှည့်ဖို့၊ နောက်ကြောင်းပြန်မလှည့်ဖို့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့အတွက် လိုအပ်တယ်ဆိုတဲ့ဟာကို ကျနော်တို့အနေနဲ့ ညှိနှိုင်းကြတာ၊ သဘောတူကြတာဖြစ်ပါတယ်"
တပ်ပိုင်းဆိုင်ရာနေရာချထားရေးကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်မဆွေးနွေးရသေးကြောင်း လည်း သိရပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် လာမယ့် စက်တင်ဘာလ ၂၆ရက်နေ့အထိ ဆွေးနွေးဖို့ စီစဉ်ထားတာဖြစ် ပါတယ်။
RFA Burmese
နိုင်ငံသားတဦး မှတ်ပုံတင်လုပ်ခ ၆ ကျပ်မှ ၁၀ ကျပ်အတွင်းသာဖြစ်ဟု လဝကဝန်ကြီး တရားဝင်ဖြေကြား
![]() |
လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်တင် (ဓါတ်ပုံ-ပြည်သူ့လွှတ်တော်) |
စက်တင်ဘာလ ၂၃ ရက် ၂၀၁၄
မြို့နယ်အသီးသီးရှိ လူဝင်မှု ကြီးကြပ်ရေး(လ၀က)ရုံးတွင် ထုတ်ပြန်ကြေငြာ ထားသည့် အတိုင်း ထောက်ခံစာနှင့် စာရွက်စာ တမ်း အပြည့်အစုံ ပါရှိပါက နိုင်ငံသားတဦး မှတ်ပုံတင်လုပ်ခမှာ ၆ ကျပ်မှ ၁၀ ကျပ်အတွင်းသာ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက တရားဝင် ဖြေကြားလိုက်သည်။
လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်တင်၏ လွှတ်တော်အတွင်း မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း ကို ပြည်ထောင်စုဝန်ကြီးက စာဖြင့်သာ ပြန်လည်ဖြေကြားပေးပို့ရာတွင် ထိုကဲ့သို့ပါရှိပါသည်။
“ ဟုတ်တယ် ဝန်ကြီးကလဲ အဲလိုဖြေတယ်။ လ၀က ရုံးတွေမှာလည်း မှတ်ပုံတင်လုပ်ခ ၆ ကျပ် သက်တမ်းတိုးခ ၃ ကျပ် ပျောက်ဆုံးပျက်စီးပါက ပြန်လုပ်ဖို့ဆိုရင် ၁၀ ကျပ် ပေးရမယ်ဆိုတာတွေပါရှိတယ်။ တကယ်တမ်းကျတော့ လုံးဝ မဟုတ် ပါဘူး။ နိုင်ငံရေးပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ ကျောင်းသားတွေတောင်မှ မှတ်ပုံတင်လဲလှယ်တာလုပ်ရင် ၅ သောင်း တောင်းခံရတယ်။ အဲတာကိုကျနော်က လွှတ်တော်မှာတင်ပြတော့ ဝန်ကြီးရဲ့ဖြေကြားစာထဲမှာ အကျင့်ပျက် ဝန်ထမ်းတွေကို သက်သေအထောက်အထားနှင့်တကွ လာတိုင်ကြားရင် ထိရောက်စွာ အရေးယူမယ်လို့ ပါရှိပါတယ်” ဟု သျှမ်းသံတော်ဆင့်၏ မေးမြန်းချက်အား စိုင်းမောင်တင်က ပြန်လည်ဖြေကြားခဲ့သည်။
အမြန်လိုအပ်ပါက ကျပ်ငွေ ၃ သိန်းအထိပေးရသူများလည်းရှိကြောင်း လဲချားဒေသခံ နန်းအေခမ်း က ပြောသည်။
၎င်းနှင့်ပတ်သက်၍ စိုင်းမောင်တင်က “ ကျပ်ငွေ ၅ သောင်းဆိုတာ ပိုက်ဆံချမ်းသာသူတွေအတွက် အခက်အခဲ မဟုတ်ပေ မယ့် တောင်သူလယ်သမားတွေအတွက်တော့ တကယ့်ကို အခက်အခဲဖြစ်စေပါတယ်။ နိုင်ငံသားတယောက်က မှတ်ပုံတင် လာလုပ်တာကို ဝန်ထမ်းတွေက အဲလိုအဆမတန်ပိုက်ဆံတောင်းတာတော့ မဖြစ်သင့်ပါဘူး။ လဲချားမှာတင်မကပါဘူး တခြားသောမြို့နယ်တွေမှာလည်း နိုင်ငံသားစစ်စစ်က နိုင်ငံသားမဟုတ်တဲ့လူတွေထက် မှတ်ပုံတင်လုပ်ရခက်နေတာကို တွေ့ရပါတယ်။ အဲတာကို စစ်ဆေးအရေးယူပေးဖို့ လိုပါတယ်” ဟု ပြောဆိုပါသည်။
၂၀၁၅ ရွေးကောက်ပွဲလည်း နီးကပ်လာသည်နှင့်အညီ သျှမ်းပြည်သားတိုင်း၊ နိုင်ငံသားတိုင်း မဲထည့်ခွင့်ရရှိရေးအတွက် နိုင်ငံသားကတ် (သို့) မှတ်ပုံတင်ရှိရန် လိုအပ်နေသည်ဖြစ်ရာ ပြည်ပသို့ အသီးသီးရောက်ရှိနေသော သျှမ်းပြည်သားတိုင်း မှတ်ပုံတင်ပြုလုပ်ရန် အချိန်တန်ပြီဖြစ်ကြောင်းလည်း စိုင်းမောင်တင်က ပြောဆိုသည်။
“ နိုင်ငံသားတယောက်က မှတ်ပုံတင်မရှိဘူးဆိုရင် နိုင်ငံမဲ့တဲ့လူ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့်မှတ်ပုံတင်ရှိဖို့အတွက် အားစိုက် ကြဖို့ တိုက်တွန်းချင်ပါတယ်။ ရပ်ရွာပြန်ပြီးမှတ်ပုံတင်လုပ်တဲ့သူတွေလည်း တကယ်လို့မှတ်ပုံတင်လုပ်ရခက်မယ် ငွေအဆမ တန်တောင်းခံရတယ်ဆိုရင် နီးစပ်ရာ ပြည်သူ့ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီဝင်တွေကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းကြပါလို့ တိုက်တွန်းလိုပါတယ် ” ဟုလည်း ပြောဆိုပါသည်။
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်တင်က ပြီးခဲ့သည့် ဂျွန်လက ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းတင်သွင်းရာ ပြည်ထောင်စုဝန်ကြီး လ၀က ဝန်ကြီး ဦးခင်ရီက ဂျွန်လကုန်ပိုင်းမှ ဖြေကြားချက်ကို စာစောင်ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ လွှတ်တော်တွင်း၌ ဖြေကြားခြင်းမရှိဘဲ စာဖြင့်သာ အကြောင်းပြန်ဖြေကြားခြင်းအပေါ်တွင်လည်း ကျေနပ်အားရမှု မရှိခဲ့ကြောင်း၊ လွှတ်တော်အတွင်း ဖြေကြားခြင်းက ပိုမိုထိရောက်ကြောင်း စိုင်းမောင်တင် အပါအဝင် လွှတ်တော်ကိုယ်စား လှယ်များက ပြောဆိုနေကြပါသည်။
သျှမ်းသံတော်ဆင့်
အမေရိကန်က ISIS အပြင် အယ်လ်ကိုင်ဒါ ကိုပါ စတင်တိုက်ခိုက်

ဝါရှင်တန် ၊ ၂၄-၉-၂၀၁၄
အမေရိကန် ပြည်ထောင်စု သည် ဆီးရီးယား ရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက် ဖျက်ဆီးမှုအား အရှိန်အဟုန်မြင့် ပြုလုပ် နေသည် သာမက အမေရိကန် ပြည်ထောင်စု ကို တိုက်ရိုက် ခြိမ်းခြောက် နိုင်သည်ဟု ယုံကြည်ရသော အလက်ပိုမြို့ အနောက်ပိုင်းရှိ အယ်လ်ကိုင်ဒါ အဖွဲ့ငယ် တစ်ခု၏ စခန်းတစ်ခု ကိုလည်း ယမန်တွင် ဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
အလက်ပိုမြို့ အနောက်ပိုင်းတွင် လျှို့ဝှက် တပ်စွဲထားသော ခိုရာဆန် အဖွဲ့သည် လူသိနည်း လှသော်လည်း လက်နက်ခဲယမ်း မီးကျောက် စုံလင်လှသော အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့ဖြစ်ရာ ယမန်နေ့ နံနက်တွင်
အမေရိကန်က လေကြောင်းမှ ရှစ်ကြိမ် အထိ တိုက်ခိုက် ခဲ့ပြီး လေ့ကျင့်ရေး စခန်းများ၊ ဖောက်ခွဲရေး နှင့် လက်နက်ခဲယမ်း မီးကျောက် ထုတ်လုပ်ရေး စက်ရုံတစ်ရုံ၊ ဆက်သွယ်ရေး အဆောက်အအုံ တစ်လုံးနှင့် ကြီးကြပ် ကွပ်ကဲရေးရုံး အဆောက်အအုံ များကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ပင်တဂွန် က ပြောသည်။
ခိုရာဆန် အဖွဲ့သည် အမေရိကန် နှင့် အနောက် အင်အားစုကို ကြီးမားသော တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင်မှု နောက်ဆုံး အဆင့်သို့ ရောက်ရှိ နေပြီး ဥရောပ တစ်ခွင်ကို တိုက်လုဆဲဆဲ အချိန်သို့ ပင် ရောက်လာပြီ ဖြစ်သည့် အတွက် ယခုကဲ့သို့ တိုက်ခိုက် ဖျက်ဆီး လိုက်ရခြင်း ဖြစ်ကြောင်း ပင်တဂွန်မှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောသည်။
ယမန်နေ့ လေကြောင်း တိုက်ခိုက်မှု ကို လေယာဉ်တင် သင်္ဘောကြီးများ ကလည်း ပစ်ကူ ပေးခဲ့ရာ ပထမ သုံးကြိမ် တိုက်ခိုက်မှုတွင် အမေရိကန် စစ်သင်္ဘော တစ်စီးမှ ပစ်လွှတ် လိုက်သော တိုမာဟော့ ဒုံးကျည်က ခိုရာဆန် တည်နေရာ ကို တိုက်ရိုက် ထိမှန်ခဲ့ပြီး နောက် ဆီးရီးယား တွင် ခိုအောင်း နေပြီး ပြည်ပ တိုက်ခိုက်ရေး၊ ဖောက်ခွဲရေး လက်နက်သစ် များ စမ်းသပ်ရေး နှင့် အနောက်နိုင်ငံ များကို တိုက်ခိုက်ရန် အနောက် နိုင်ငံသား များကိုပင် ပြန်လည် စုဆောင်း လေ့ကျင့် စေလွှတ်ရေး လုပ်ငန်းများကို ဆောင်ရွက် နေသော အယ်လ်ကိုင်ဒါ လှုပ်ရှားအဖွဲ့ခိုရာဆန် များကို မဟာမိတ် နိုင်ငံနှင့် ကမ္ဘာက သတိထား မိသွားသည်။
ခိုရာဆန် အဖွဲ့ကို သက်တမ်းရင့် အယ်လ်ကိုင်ဒါ ခေါင်းဆောင် မူဆင် အယ်ဖာဒလီ က ဦးဆောင်ပြီး ဆီးရီးယား တွင် လှုပ်ရှား နေသော အခြား စစ်သွေးကြွ အဖွဲ့များ အားလုံးထက် တစ်မူ ထူးခြားသော အဖွဲ့ဖြစ်သည်။
ခိုရာဆန် သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ ကဲ့သို့  ဆီးရီးယား တွင် ပိုင်နက်ရယူ လိုစိတ်၊ သမ္မတ ကို ဖြုတ်ချ လိုစိတ်ဖြင့် တိုက်ခိုက် နေခြင်း မဟုတ်ဘဲ အနောက် နိုင်ငံသား ဂျီဟတ်ဒ် တိုက်ခိုက်ရေး သမားများကို စည်းရုံး စုဆောင်း လေ့ကျင့် သင်ကြား စေလွှတ် တိုက်ခိုက်ရေး ကို ဆောင်ရွက် နေခြင်းဖြစ်ပြီး လေယာဉ်များ ပေါ်တွင် ဗုံးဖောက်ခွဲရန် အဓိက စီမံ နေခြင်း ဖြစ်ကြောင်း သိရသည်။
#PyiChitThar
Al-Qaeda ရန်ကြောင့် ရွှေတိဂုံလို နေရာမှာ လုံခြုံရေးတိုးချဲ့

မြန်မာနိုင်ငံမှာ Al-Qaeda အဖွဲ့ရဲ့ အကြမ်းဖက်မှု ခံရနိုင်တဲ့အတွက် ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ လုံခြုံရေး တိုးချဲ့ချထားကြောင်း သိရပါတယ်။
အထူးသဖြင့် ရွှေတိဂုံလို အထင်ကရ ဘာသာရေး အဆောက်အဦးတွေမှာ လုံခြုံရေး တင်းကြပ်ထားကြောင်း ရန်ကုန်တိုင်းနယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။
ကင်းလှည့်မှုတွေ ပိုမိုလုပ်ဆောင်ထားသလို၊ အဝင်အဝတွေမှာလည်း စစ်ဆေးမှုတွေ လုပ်နေပြီး CCTV ကင်မရာကနေတဆင့် ခါတိုင်းထက် ပုံမှန် ကြည့်ရှု စစ်ဆေးမှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။
သင်္ကာမကင်းမှုတွေ တွေ့ခဲ့ရင်လည်း အကြောင်းကြားဖို့ ညွန်ကြားထားပါတယ်။
မကြာသေးခင်တုန်းကပဲ Al-Qaeda ခေါင်းဆောင်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာ လှုပ်ရှားမှုတွေ တိုးချဲ့ လုပ်ဆောင် သွားမယ်လို့ ပြောခဲ့ပါတယ်။
Al-Qaeda အဖွဲ့ ခေါင်းဆောင်ရဲ့ ပြောကြား ချက်ကို မြန်မာ မွတ်စလင်များ အသင်းက ရှုတ်ချ ထားတဲ့အကြောင်း ရှင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia
မြေပုံမြို့နယ်မှ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂလီအမျိုးသားများအား နိုင်ငံသားကတ်များ စတင်ထုတ်ပေး
မြေပုံမြို့ဘင်္ဂါလီဒုက္ခသည် စခန်းမှ နိုင်ငံသားဖြစ်ခွင့်ရရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်မျာကို ယခုလ ၂၂ ရက်နေ့က အခမ်းအနားပြုလုပ်ကာ ထုတ်ပေးလိုက်ပြီဖြစ်သည်။
မြေပုံမြို့ရှိ သမဝါယမရုံးအစည်းအဝေး ခန်းမ၌ ယင်းနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သော အခမ်းအနားတွင် နိုင်ငံသားဖြစ်ခွင့် ရရှိသည့်ဘင်္ဂါလီ ၄ဝ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအား၎င်း၊ နိုင်ငံသားပြုခွင့်ရရှိသည့်ဘင်္ဂါလီ ၁၆၉ ဦးတို့ကို နိုင်ငံသားပြုခွင့် အသိအမှတ်ပြု ကတ်ပြားများ၎င်း အသီးသီး ထုတ်ပေးခဲ့သည်။
ယင်းသို့ပေးအပ်ရာတွင် လျှောက်ထားသူ ၁၀၉၄ ဦး အနက်မှ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်အညီ အဆင့်ဆင့် စိစစ်၍ ပေးအပ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ယင်းအခမ်းအနားတွင် ပြောကြားသည်။
“ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်အညီ အဆင့်ဆင့် စိစစ်ပီး ပေးအပ်တာ ဖြစ်ပါတယ်။ အခုလိုမျိုး နိုင်ငံသားဖြစ်ခွင့်ရလို့ နိုင်ငံသားအခွင့်အရေးကိုတစ်ဘက်ကရသလို တစ်ဘက်မှာ လည်း နိုင်ငံ့သစ္စာကိုစောင့်သိကြဖို့လိုပါတယ်”ဟု သူက ဆိုသည်။
ယင်းနေ့က ပြုလုပ်သည့် အခမ်းအနားတွင် နိုင်ငံသားဖြစ်ခွင့်ရသူများက နိုင်ငံသားတစ်ယောက်အတိုင်း နိုင်ငံ့သစ္စာကို စောင့်သိရိုသေမည်ဖြစ်ကြောင်း နိုင်ငံတော်အလံအား အလေးပြုကာ ကတိပြုကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။
“မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရတာ ကျွန်တော်အရမ်းဝမ်းသာပါတယ်။ အခုလို နိုင်ငံသား ဖြစ်ခွင့်ရလို့ ကျွန်တော်တို့ သွားချင်တဲ့နေရာသွားလို့ရပြီ။ ဈေးဝယ်ဖို့လည်းသွားလို့ရပြီ။ နိုင်ငံတော်ရဲ့ စည်းကမ်းစည်းမျဉ်းတွေကို လိုက်နာသွားဖို့ အတွက်လည်း ကျွန်တော်တို့ သစ္စာပြုထားပါတယ်” ဟု နိုင်ငံ သားဖြစ်ခွင့်ရရှိသည့် မြေပုံမြို့၊ တောင်ပေါ်ဒုက္ခသည်စခန်းမှ ဘင်္ဂါလီတစ်ဦးဖြစ်သူ ကိုမောင်မောင်ခင် က နိရဉ္စရာသတင်းဌာန၏သီးသန့်တွေ့ဆုံမေးမြန်းမှုကိုဖြေကြားခဲ့သည်။
ယင်းပြင် အသက် ၄၂ နှစ်အရွယ် ဘင်္ဂါလီအမျိုးသမီးတစ်ဦးဖြစ်သူ ဟာမီနာ ခါတူကလည်း “အခုလို နိုင်ငံသားဖြစ်ခွင့် ရလာလို့ ဈေးတွေသွားလာခွင့်ရပြီး စားရေးသောက်ရေးတွေ အဆင် ပြေလာမှာဖြစ်လို့ ပျော်ပါတယ်”ဟု ပြောသည်။
နိုင်ငံသားဖြစ်ခွင့်ရသူများနှင့် နိုင်ငံသားဖြစ်ခွင့်ရသူများကို မြေပုံမြို့ရှိ တောင်ပေါ်ဒုက္ခ သည်စခန်းရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်အနက် ဘင်္ဂါလီလူမျိုး အမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်စိစစ်ပေးရန် လျှောက်ထားလာသည့်ဘင်္ဂါလီ ၁ဝ၉၄ ဦးကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် နေပြည်တော်ရှိ ဗဟိုအဖွဲ့ အဆင့်ဆင့်တို့က အသေးစိတ် စိစစ်ခဲ့ရကြောင်းလည်း သိရသည်။
သို့သော် နိုင်ငံသားဖြစ်ခွင့်ရရှိသွားကြသည့် အချို့ဘင်္ဂါလီများကိုစိစစ်ရာတွင် အထောက်အထားပြည့်စုံမှုမရှိဘဲ စိစစ်ခဲ့သည်ဟုဆိုကာ ယင်းကိုလက်မခံနိုင်သည့်အတွက် မြေပုံမြို့ရှိ မြို့မဈေးကြီး အပါအဝင် ဈေးဆိုင်ခန်းများနှင့် နေအိမ်များပါ အခန်းတံခါးများပိတ်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ ကြပြီး ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း ကျောင်းတက်ရောက်ခြင်းမပြုခဲ့ကြပေ။
ယင်းနှင့်ပတ်သက်ပြီး မြေပုံမြို့ခံတစ်ဦးက “နိုင်ငံသားဖြစ်ခွင့်ရော၊ နိုင်ငံသားပြုခွင့်ရော မရနိုင်ဘူးလို့ လက်မှတ်ထိုး တင်ပြလိုက်တဲ့သူက နိုင်ငံသားပြုခွင့်ရတဲ့သူတွေထဲပါနေ လို့ ဒါကို မကျေနပ်လို့ အခုလို ဆန္ဒထုတ်ဖော်တာလို့ သိရတယ်ဗျ”ဟု ပြောသည်။
ယခုကဲ့သို့ နိုင်ငံသားဖြစ်ခွင့်ဆောင်ရွက်ရာတွင် မြေပုံမြို့မိမြို့ဖအချို့အပါအဝင် သက်ဆိုင်ရာအ ကြီးအကဲများက အဆင့်ဆင့်စိစစ်ခဲ့ခြင်းဖြစ်ပြီး ယင်းတို့အားလုံး၏သဘောတူလက်မှတ်ရေးထိုးပြီးမှသာ ပြည်နယ်မှတဆင့် ဗဟိုသို့ ပေးပို့လိုက်ခြင်းဖြစ်သည့် အတွက် ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။
သို့သော် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် များစွာစိတ် မကောင်းဖြစ်ရကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့မိမြို့များအပါအဝင် လူမှုကွန်ရက်အဖွဲ့ထံ ဖုန်းဖြင့်ဆက် သွယ်ခဲ့သော်လည်း ယင်းတို့၏ဖုန်းများအားလုံးကို ပိတ်ထားကြသည့်အတွက် ဆက်သွယ်၍ မရခဲ့ပါ။
နိုင်ငံသားဖြစ်ခွင့်ရသူများကို နိုင်ငံသားအခွင့်အရေးအရ မြန်မာနိုင်ငံတစ်ဝန်း ဒေသမရွေးသွား လာခွင့်ပြုထားပြီ ဖြစ်သော်လည်း လူမျိုးစုနှစ်ခု အကြား သင့်မြတ်မှုမရှိသေးသည့်ရခိုင်ပြည်နယ်အတွင်းဆိုလျှင် လောလောဆယ်သွားလာ၍ ရရှိဦးမည်မဟုတ်သေးကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင် အုန်းက စက်တင်ဘာလ ၂၂ ရက်၊ ညနေပိုင်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
( နိရဉ္စရာ- ၂၂ စက်တင်ဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)
Lwintmgmg Daily News သို့ပေးလာတဲ့ လူပျောက်ကြော်ငြာ
သို့
ဦးထူးချစ်နဲ့တကွ
အဖွဲ့သားများအားလုံးထံ
မင်္ဂလာပါခင်ဗျား
ကျွန်တော်ထမင်းဆိုင်တွင် အမီူးသမီးတစ်ဦးက သူသားလေးပျောက်တဲ့အကြောင်းလာပြီးပြောနေပါတယ်။ကျွန်တော်စပ်စုမိပါတယ်။မောင်မင်းသက်စိုးဆိုတဲ့
လူငယ်တစ်ယေက်က ထိုင်းနိုင်ငံတောင်ပိုင်း ချော်ဖော်မြို့ မှာ အလုပ်လုပ်နေပါတယ်။တရွားတည်းနေသူငယ်ချင်းတစ်ယောက်က
အလုပ်ကောင်းတယ်ဆိုပြီးငါးဖမ်းလှေကိုရောင်းစားလိုက်တယ်လို့ မောင်မင်းသက်စိုး မိခင်ကပြောပါတယ်။ပျောက်နေတာ
ခုဆိုရင် ၂နှစ်ခွဲလောက်ရှိပါပြီ။လက်ရှိမှာတော့ ပူကစ်မြို့ မှာရှိနေတယ်လို့သတင်းရပါတယ်။ကျွန်တော်တောင်းဆိုချင်တာက
ဦးထူးချစ်တို့ကူညီနိုင်မယ်ဆိုရင်အကူအညီေ ပးစေချင်ပါတယ်။
ဆက်သွယ်ရန် ထိုင်းဖုန်း၀၈၈၁၇၈၃၉၅၁ မာမာစိုး(မီးလွယ်)




ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖြေမနီးသေး

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ အင်္ဂါနေ့က ဒုတိယနေ့ အဖြစ် ကျင်းပခဲ့တဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အပစ်ရပ် စာချုပ် အတွက် တွေ့ဆုံ ဆွေးနွေးပွဲ ဟာ အရင်နေ့ထက် တစ်နာရီ ကျော်စောပြီး ပြီးဆုံး သွား ခဲ့ပါတယ်။
အစည်းအဝေး အစနေ့မှာဘဲ တပ်မတော် ကိုယ်စားလှယ်တွေဘက်က တင်းမာမှုတွေ ရှိနေတယ် လို့ တိုင်းရင်း သား ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။
ညှိလို့ မရသေးတာတွေ
အခု လိုမပြေမလည် ဖြစ်ရတဲ့ အကြောင်းရာတွေထဲမှာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေလည်း ပါဝင်နေပါတယ်။ ပြည်ထောင်စု တပ်မတော် ထူထောင်ရေး ဆိုတဲ့ အပိုင်းမှာ တပ်မတော်က သဘောမတူချင်တဲ့ သဘောတွေ တွေ့နေရတယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက သတင်းထောက်တွေကို ပြောပါတယ်။
နောက်တခါ တပ်သားသစ် မစုဆောင်းရဘူးဆိုတဲ့ သတ်မှတ်ချက်မှာလည်း တိုင်းရင်းသား တပ်ဖွဲ့တွေကတော့ တပ်သားမစုရဆိုပြီး တပ်မတော်ကတော့ ဆက်စုခွင့် ရနေမယ့် အရေးကိုလည်း ညှိနှိုင်းနေရတုန်းပဲ လို့ သူက ဆိုပါတယ်။ ဆွေးနွေးပွဲ တက်လာတဲ့ တပ်မတော် ကိုယ်စားလှယ်တွေက သူတို့ဟာ သူတို့ ဆုံးဖြတ်ချက် မချနိုင်ပဲ ညှိရမယ့် ကိစ္စတွေဆို အထက်ကို ပြန်တင်ပြမယ်လို့ပဲ ပြောတဲ့ အကြောင်း နိုင်ဟံသာက ပြောပါတယ်။
ဒီဆွေးနွေးပွဲ စတင်တဲ့ နေ့မှာဘဲ ကာကွယ်ရေး ဦးစီးချုပ် က ဂျပန်နိုင်ငံကို ချစ်ကြည်ရေး ခရီး သွားရောက်နေပါတယ်။
ဒီအစည်းအဝေး ကိုလေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ပဋိပက္ခ ဖြေလျှော့ရေး နဲ့ ငြိမ်းချမ်းရေးကော်မတီ ဥက္ကဌ ဦးခက်ထိန်နန် ကတော့ ကျန်တဲ့ ရက်တွေမှာ ကြိုးကြိုးစားစား ဆက်ညှိဖို့ လိုလိမ့်မယ်လို့ ပြောပါတယ်။ အရင်က မူကြမ်းအဖြစ် သဘောတူထားတာတွေကို အသေးစိတ် ဆက်ညှိနေကြရတာ ဖြစ်လို့ အဖြေထုတ်နိုင်ဖို့တော့ ညှိစရာတွေ ကျန်ပါသေးတယ်လို့ ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
မှော်ဘီဝါးနက်ချောင်း စစ်တပ် မြေသိမ်းယူမှု လယ်သမားတွေ ဆန္ဒပြ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာက ခြံမြေဧက ၁၀၀ကျော်ဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ပိုင်မြေဖြစ်ကြောင်း အဲ့ဒီခြံမြေတွေမှာ လက်ရှိလုပ်ကိုင်နေတဲ့ တောင်သူတွေကို လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် ဒီနေ့ ၀ါးနက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လယ်သမား ၅၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ လယ်သမားတွေကို လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် လက်မှတ်မရေး ထိုးခဲ့ဘဲ လယ်သမားတွေက ဆန္ဒပြခဲ့တာဖြစ်တယ်လို့ ၀ါးနက်ချောင်းကျေးရွာက လယ်သမား ဦးအေးနိုင်က ပြောပါတယ်။
"ရန်ကုန်တိုင်းစစ်ဌာနချုပ်က သိမ်းတယ်ဆိုပြီးမှ ကျနော်တို့ကို စာတွေဘာတွေလည်း ထုတ်မပေးဘူး၊ ကျနော်တို့ ဘိုးဘွားဘီဘင် စိုက်ပျိုးထားတဲ့ခြံတွေပေါ့နော်၊ ရော်ဘာခြံတွေလည်းရှိတာပေါ့နော်၊ သီးပင်၊ စားပင်အကုန်လုံး ရာသီပင်လည်းစိုက်တယ်ပေါ့၊ ဒီကိစ္စကိုတပ်က ဒီဇင်ဘာလကုန် ဖယ်ပေးပါလို့ သူတို့ကပြောတယ်၊ အုပ်ချုပ်ရေးမှူးက စာပို့တယ်၊ ခြံသမားအကုန်လုံးကို ကျနော်တို့ သွားတော့ ဘယ်သူမှလက်မှတ်မထိုးဘူး၊ ကျနော်တို့ကတော့ ဆန္ဒပြတယ်"
အဲ့ဒီခြံမြေဧက ၁၀၀ ကျော်ဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ပိုင် တပ်မြေအဖြစ်သတ်မှတ်ပြီး လက်ရှိ လုပ်ကိုင်နေ သူတွေနဲ့ မသက်ဆိုင်ကြောင်း ဒီကနေ့ လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် လယ်သမား ၅၀ ကျော်က ဝါးနက်ချောင်းကျေးရွာက မြေတွေဟာ သူတို့ပိုင်ဆိုင်တဲ့မြေတွေဖြစ်ကြောင်း ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာ တာဝန်ကျခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ တွေကို အဲ့ဒီခြံမြေတွေ ချထားပေးခဲ့တာဖြစ်ကြောင်းနဲ့ တောင်သူတွေကို လာမယ့် ဒီဇင်ဘာလ နောက်ဆုံးထား ပြီး ပြောင်းရွှေ့ပေးဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
RFA Burmese
" တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကို ဖီဆန်ကြပြီလား "




တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်ကို ဖီဆန် ကြတာလား။ ဆင်းရဲသား နင်းပြား တောင်သူ လယ်သမား တွေကို လိမ်လည်လှည့် ဖျားတာလား။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒေသခံ တောင်သူ လယ်သမား များနှင့် ပြေလည်အောင် ဆွေးနွေးညှိနှိုင်းရန် သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့များထံ ညွှန်ကြား ထားကြောင်း သိရသော်လည်း၊ ဒေသခံ ကျေးရွာသူ ကျေးရွာသားများ ပိုမိုဒုက္ခ ရောက်စေရန် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက တမင်ကြံရွယ်လုပ်
ဆောင် နေသည်မှာ ထင်ရှား လှသည်။
အမှတ်(၁)ခဲယမ်း မီးကျောက်တပ်သည် ပဲခူးမြို့၊ သာယာကုန်း ကျေးရွာ အုပ်စုမှ ကျေးရွာ တောင်သူလယ်သမားများပိုင် လယ်ယာ မြေဧက (၅၈၀၀) ကျော်ကို အဓမ္မ သိမ်းဆည်း ထားပြီးနောက် ပြန်မပေးသေးသည့်အပြင်၊ သုံးမိုင်နီးပါး အရှည်ရှိသည့် အုတ်တံတိုင်းစည်းရိုး ကာရံလိုက်သဖြင့် ကျေးရွာသူ ကျေးရွာ သားများ အလွန်ဒုက္ခ ရောက်လျက်ရှိပါသည်။
အုတ်တံတိုင်း စည်းရိုးသည် ကျေးရွာအ၀င် အထွက်လမ်းများ အားလုံးကို ပိတ်ဆို့ လိုက်သည်ဖြစ်၍၊ အမျိုးသမီးများနှင့် ကလေးငယ်များ သာမက၊ ကျောင်းသူ ကျောင်းသားများပါ အုတ်တံတိုင်း စည်းရိုးကို ၀ါးလှေကားဖြင့် ခက်ခက်ခဲခဲ ကျော်ဖြတ်သွားလာ နေရပါသည်။
အဆိုပါ ၀ါးလှေကားလေးကိုပင် မကြာခန လာရောက်ခုတ်ဖြတ် ဖျက်ဆီး လေ့ရှိသေးသည်။ သုံးမိုင်နီးပါးအရှည်ရှိသည့် ထိုအုတ်တံတိုင်း စည်းရိုးကြောင့် ကျောင်းသား ငယ်လေးများသည် အဆိုပါ အုတ်တံတိုင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရသည့် အပြင်၊ နှစ်မိုင်နီးပါး ဝေးသော မူလတန်း ကျောင်းလေးသို့ နှစ်နာရီကြာမျှ ခြေလျင်လျှောက်၍ နေ့စဉ်ကျောင်းတက် နေရပါသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် တာဝန်ရှိသလို အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးသင့်ပါသည်။
ကျမတို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂ အနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ မကြာမီတွင် တရားဝင် တင်ပြတောင်းဆို သွားမည်ဖြစ်ပါသည်။
Su Su Nway
https://www.facebook.com/susu.nway
ဂျာနယ်ကြီး နှစ်ခုကို အစိုးရက ဥပဒေအရ တုန့်ပြန်မယ်


Weekly Eleven ဂျာနယ်နဲ့ မြန်မာ သံတော်ဆင့် ဂျာနယ်တွေပါ အချက်အလက် စာသားတွေနဲ့ ပတ်သက်လို့ အစိုးရက ဥပဒေကြောင်းအရ တုန့်ပြန် ဖြေရှင်း သွားမယ်လို့ ပြန်ကြားရေး ဝန်ကြီး ဉီးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။
Weekly Eleven ဂျာနယ်ထဲမှာ ပြန်ကြားရေး ဝန်ကြီး ဌာနက ဝယ်တယ် ဆိုတဲ့ ပုံနှိပ်စက်တွေရဲ့ ဈေးနှုန်းကို ဖေါ်ပြရာမှာ အချက်အလက်တွေ မှားယွင်းနေပြီး မြန်မာ သံတော်ဆင့် ဂျာနယ် ထဲမှာတော့ သမ္မတ ဦးသိန်းစိန်ကို ပုဂ္ဂိုလ်ရေး အရ ပုတ်ခတ် ပြောဆိုမှုတွေ ထည့်သွင်းဖေါ်ပြထားတာကြောင့် အခုလို ဥပဒေကြောင်းအရ ဖြေရှင်းဖို့ လုပ်ရတာလို့ ဦးရဲထွဋ်က ပြောပါတယ်။
အချက်အလက်တွေ မှားယွင်းနေတာကို ပြန်လည် ပြင်ဆင် ဖေါ်ပြပေးဖို့နဲ့ ပုဂ္ဂိုလ်ရေး ပုတ်ခတ် ပြောဆိုမှုတွေကို ပြန်တောင်းပန်ဖို့ ဂျာနယ် နှစ်ခုစလုံးကို စာနယ်ဇင်း ကောင်စီက တဆင့် ၂ကြိမ် ညှိနှိုင်းခဲ့ပေမယ့် ညှိလို့ မရတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်ရတာလို့ ဆိုပါတယ်။
ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲမှာလဲ ဆိုတာကိုတော့ ဥပဒေကြောင်းအရ လောလောဆယ် ထုတ်ဖော် မပြောနိုင်သေးဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။
Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးကတော့ Weekly Eleven ဂျာနယ် ထဲမှာ ဖေါ်ပြထားတဲ့ အချက်အလက်တွေကို အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်တယ်လို့ ပြောပါတယ်။
မြန်မာ သံတော်ဆင့် ဂျာနယ် ဒုတိယ အယ်ဒီတာချုပ် ကိုအောင်ကျော်မင်းကလည်း သူတို့ ဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ အင်တာဗြူးဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ အတွက် မဟုတ်ပဲ အတိုက်အခံ ပါတီကြီးတခုက အစိုးရ ခေါင်းဆောင် အကြီးအကဲအပေါ် ဘယ်လောက် ပြင်းပြင်းထန်ထန် သဘောထား သလဲဆိုတာကို ချပြတဲ့ သဘောသာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အမေရိကန်ဗီဇာကံစမ်းမဲ လာမယ့်ရက်ပိုင်းအတွင်း ထိုးနိုင်ပြီ
.jpg)
၂ဝ၁၆ ခုနှစ် အမေရိကန်ဗီဇာ ကံစမ်းမဲကို လာမယ့်ရက်ပိုင်းအတွင်း ထိုးလို့ရပါပြီ။
အောက်တိုဘာ ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ အစပြုပါမယ် တဲ့။
အဆုံးသတ်မယ့်နေ့က နိုဝင်ဘာ ၃ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
လျှောက်လွှာကို အင်တာနက်ကနေပဲ လျှောက်ခွင့်ရှိပါလိမ့်မယ်။
နောက်ဆုံးအချိန်အထိ စောင့်မနေနဲ့၊ အဲဒီနေ့တွေမှာဆို လျှောက်တဲ့သူ များလွန်းလို့ ကံစမ်းမဲလျှောက်လွှာလက်ခံတဲ့ အင်တာနက်စာမျက်နှာ အလုပ်လုပ်မှုနှေးကွေးသွားတာမျိုး ဖြစ်တတ်တာကြောင်ပါ တဲ့။
လိပ်စာက www.dvlottery.state.gov ဖြစ်ပါတယ်။
တခြားနှစ်တွေလိုပဲ ဒီနှစ်မှာလည်း .... လူ ၁ ဦးကို ၁ ကြိမ်ပဲ လျှောက်နိုင်တယ်၊ ပိုလျှောက်ရင် ပယ်မဲ ဖြစ်ပါမယ်။
လျှောက်လွှာတင်တဲ့အတွက် ငွေပေးစရာ မလိုဘူးလို့ ဆိုပါတယ်။
(ငွေတောင်းတဲ့ ၀က်ဆိုက်တွေ ရှိတဲ့အတွက် အဲဒီလို သတိပေးတာ ဖြစ်ပါလိမ့်မယ်။
ဖောင်ဖြည့်တာ၊ ဓာတ်ပုံအရွယ်အစားပြင်ဆင်တာ၊ အင်တာနက်ကနေ လျှောက်လွှာတင်တာတွေ ဆောင်ရွက်ဖို့ အခက်အခဲဖြစ်နေသူ အများအပြား ရှိတဲ့အတွက် အင်တာနက်ဆိုင်တချို့က ဝန်ဆောင်မှုပေးတတ်ပါတယ်။ အဲဒီမှာတော့ ဆိုင်ကို ၀န်ဆောင်ခ ပေးရပါလိမ့်မယ်။)
အသေးစိတ်အချက်အလက် ဖတ်ရှုလိုသူများ http://go.usa.gov/pzTY ကို သွားနိုင်ပါတယ်။
အပေါ်ပုံကို ရန်ကုန် အမေရိကန်သံရုံးအွန်လိုင်းကနေ ယူပါပီ တဲ့။
ဧရာဝတီဘလော့ http://blog.irrawaddy.org လာရောက် ဖတ်ရှုသူများထဲ ဒီကံစမ်းမဲအကြောင်း စိတ်ဝင်စားသူတွေ ရှိနိုင်တာကြောင့် ပြန်လည် ဖောက်သည်ချလိုက်ရခြင်းပါ။
သတင်းတပုဒ်မှာ ရေးထားတာကတော့ DV-2015 တုန်းက ရောက်လာတဲ့ လျှောက်လွှာတွေထဲမှာ စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ လျှောက်လွှာအရေအတွက်က 9,388,986 ရှိတယ်လို့ ဆိုတယ်။ ဆယ်သန်းနီးပါးပေါ့။
အဲဒီထဲက မဲပေါက်တဲ့ အရေအတွက်က 125,514 ရှိတယ်လို့ ဆိုတယ်။
ယခင် ကံထူးသူများရဲ့ အပြောအရတော့ ..... မဲပေါက်တိုင်း အမေရိကန်ဗီဇာရတယ်လို့လည်း မဆိုနိုင်ပါဘူး။
မဲပေါက်သူတွေကို သံရုံးက အင်တာဗျူးပါလိမ့်မယ် တဲ့။
အင်တာဗျူး အဆင်ချောရင် ဗီဇာ ရမယ်၊ အမေရိကန်သွားရမယ်၊ ဟိုရောက်ရင် အမြဲတမ်းနေထိုင်ခွင့် (ဂရင်းကတ်) ရမှာ ဖြစ်ပါတယ်။
ဧရာဝတီ blog
မော်လမြိုင် အ.ထ.က (၁) ကျောင်းအုပ်ကြီး အ.လ.က ကျောင်းအုပ်အဖြစ် ရာထူးပြောင်းရွှေ့ခံရ
|Dawei
Watch| မော်လမြိုင်၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊
မော်လမြိုင် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်အား သံဖြူဇရပ်မြို့နယ်၊ ဝါခရူ
အ.လ.က ကျောင်းအုပ်ဆရာမကြီးအဖြစ်သို့ ရာထူးပြောင်းရွှေ့ ခန့်အပ်ခဲ့ကြောင်း မွန်ပြည်နယ်
ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
ကျောင်းအုပ်ဆရာမကြီး
ဒေါ်မိမိကြည်သည် ကျောင်းမှ ဆရာ၊ ဆရာမများကို အဂါရ၀ ဖြစ်စေသော အပြုအမူများ ပြုလုပ်သည်ဟုဆိုကာ
သြဂုတ်လဆန်းပိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်ပြီး
စစ်ဆေးရာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် လွဲချော်မှုရှိသည်ဟု တွေ့ရှိရကြောင်း မွန်ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးက
ပြောသည်။
“လုပ်ထုံးလုပ်နည်းများအတိုင်း
ပွင့်လင်းထင်သာမြင်သာစွာ ဆောင်ရွက်ထားပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းသို့
ပြောင်းရွှေ့ခန့်အပ်ကြောင်း ပြန်တမ်းကို စက်တင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ကျောင်းအုပ်ဆရာမကြီးသည်
အစည်းအဝေးအခန်းတွင်း ၄င်းတစ်ဦးတည်းသာ ထိုင်ခုံပေါ်တွင် ထိုင်ပြီး ဆရာ ဆရာမများအား ကြမ်းပြင်တွင်
ထိုင်နေရခြင်းဓာတ်ပုံ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည့်ကိစ္စနှင့် ဆရာမနှစ်ဦးအား လူအများရှေ့တွင်
စိတ်ထိခိုက် အောင် ပြောဆိုခဲ့သည်ဟု သြဂုတ်လဆန်းပိုင်းခန့်က စွပ်စွဲချက်များ ပေါ်ထွက်ခဲ့ပြီး
ပြည်တွင်းသတင်းမီဒီယာများတွင် လည်း ဖော်ပြခဲ့သည်။
ယင်းကိစ္စများနှင့်
ပတ်သက်ပြီး စုံးစမ်းစစ်ဆေးမှုကို သြဂုတ်လ ၅ ရက်နေ့က စတင် ပြုလုပ်ခဲ့သည်ဟု မော်လမြိုင်
မြို့နယ်ပညာရေးမှူး ဒေါ်သန်းနွဲ့က ပြောသည်။
ကျောင်းအုပ်ဆရာမကြီး
ဒေါ်မိမိကြည်ကမူ ၎င်းအနေဖြင့် ဆရာ ဆရာများအပေါ် ထိခိုက် နစ်နာစေလိုသည့် ရည်ရွယ်ချက်ဖြင့်
ပြောဆိုခဲ့ခြင်းမဟုတ်ဘဲ မိမိကျောင်းစည်းကမ်း၊ ကျောင်းပညာရေးအောင်ချက် ကောင်းမွန်လာစေလိုသည့်
ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ လုပ်ဆောင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ စဉ်က
ပြောခဲ့သည်။
ကျောင်းအုပ်ဆရာမကြီး
ဒေါ်မိမိကြည်သည် ၂၀၁၃ ခုနှစ်တွင် ကျိုက်မရောမြို့မှ မော်လမြိုင်မြို့ အ.ထ.က (၁) သို့ ပြောင်းရွေ့လာခဲ့ပြီး ယခင်က ကျောင်းအောင်ချက်ကျဆင်းနေသည့်
မော်လမြိုင်မြို့ အ.က.ထ (၁) သည် ဆရာမကြီး ရောက်ရှိလာသည့်နှစ်တွင် ၁၀ တန်းအောင်ချက်သည်
၄၉.၁ ရာခိုင်နှုန်းထိ ကောင်းမွန်လာခဲ့သည်ဟု သိရသည်။
Dawei
Watch
သြစီ၊ ကန်နဲ့ ဥရောပ ပြည်သူတွေကိုပါ သတ်ပစ်ဖို့ IS တိုက်တွန်း

သြစတြေးလျနိုင်ငံအပါအဝင် ဘာသာပတွေကို သတ်ပစ်ဖို့ ISIS အဖွဲ့တိုက်တွန်း (Credit: AFP)
ISIS လို့ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံ တည်ထောင်သူတွေက သြစတြေးလျ၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပတိုက်က မွတ်စလင်ဘာသာ မဟုတ်သူတွေကို သတ်ပစ်ဖို့ ကမ္ဘာပေါ်က သူတို့အဖွဲ့ကို ထောက်ခံသူတွေကို ပန်ကြားလိုက်ပါတယ်။
အနောက်တိုင်းနိုင်ငံတွေအပေါ် စစ်ခင်းကြောင်း အတိအလင်းပြောကြားတဲ့ အသံဖိုင်ထဲမှာ ISIS အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Abu Muhammad al-Adnani ash-Shami က ပြောခဲ့တာပါ။
အမေရိကန် ဒါမှမဟုတ် ဥရောပက တိတ္ထိကောင်တွေ၊ မုန်းဖွယ်ကောင်းပြီး အသုံးမကျတဲ့ ပြင်သစ် ဒါမှမဟုတ် သြစတြေးလျ၊ ကနေဒါ နဲ့ တခြား ဘာသာပတွေကို သတ်ပစ်နိုင်မယ်ဆိုရင် အာလာ ဘုရားရှင်ကို အားကိုးပြီး တတ်နိုင်တဲ့နည်းနဲ့ သတ်ဖြတ်ဖို့ al-Adnani က အသံဖိုင်ထဲမှာ ပြောဆိုထားပါတယ်။
အနောက်တိုင်း စစ်သားတွေသာမက သာမာန်ပြည်သူတွေ ဖြစ်နေပါစေ သတ်ပစ်ဖို့ တိုက်တွန်းထားပြီး ကိုယ့်ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အကြံညဏ်တောင်းစရာ၊ တိုင်ပင်စရာမလိုပဲ အကောင်အထည်ဖော် လုပ်ဆောင်ဖို့ ပြောထားပါတယ်။
အမေရိကန်နဲ့ နိုင်ငံတကာတပ်တွေက ISIS စစ်သွေးကြွတွေအပေါ် ထိုးစစ်ဆင်မှုတွေ ပိုမိုလုပ်လာပြီးတဲ့နောက် အခုလို တကမ္ဘာလုံးက မွတ်စလင်တွေအပေါ် ပန်ကြားချက် ထွက်ပေါ်လာတာပါ။
သြစတြေးလျ အစိုးရကတော့ ဒီလို ခြိမ်းခြောက်ပြောဆိုမှုတွေဟာ အထူးအဆန်း မဟုတ်ပေမယ့် တပ်လှန့်မှုတွေ ရှိဖို့ လိုတယ်လို့တော့ သြစတြေးလျ ရှေ့နေချုပ် George Brandis က တုန့်ပြန်ထားပါတယ်။
ISIL အဖွဲ့နဲ့ တခြား အကြမ်းဖက်အဖွဲ့တွေက အခုလိုမျိုး အနောက်တိုင်းတွေရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကျတဲ့ နေထိုင်မှုအပေါ် ရန်လိုတဲ့ ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ဖူးတာရှိတယ်လို့လည်း ပြောပါတယ်။
အကြမ်းဖက် ပညာရှင် Greg Barton ကတော့ အဲဒီ အကြမ်းဖက်ခေါင်းဆောင် ပြောသွားတဲ့ အပြောအဆိုတွေဟာ ဓမ္မာကျမ်းစာဟောင်းက တမန်တော်တွေ ပြောသွားသလို ပြောဆိုတဲ့အတွက် ဆွဲဆောင်မှု ရှိမှာကို စိုးရိမ်မိတဲ့အကြောင်း အထူးသဖြင့် လူငယ်တွေနဲ့ သြစတြေးလျနိုင်ငံက လူငယ်တွေအပေါ် လွှမ်းမိုးသွားမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
အခုဆိုရင် အရှေ့အလယ်ပိုင်းကို လာပြီး ပူးပေါင်းတိုက်ခိုက်ဖို့ ဖိတ်ခေါ်မှုတွေ မလုပ်ပဲ သူတို့နေထိုင်ရာ နိုင်ငံမှာ အကြမ်းဖက်မှုတွေ လုပ်ကြဖို့ တိုက်တွန်းတဲ့အတွက် သြစတြေးလျပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်မှာကို စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။
By Dylan Welch - exclusive
ABC Radio Australia
ဒေါင်းမာန်ဟုန် - မှ
ဦးစံလင်းကို ငွေပြန်အမ်းပြီး ခေါင်းလောင်းရှာသည့်သောင်တူးသင်္ဘောကို ဌာနပြန်သိမ်းခြင်းဖြစ်
ဓမ္မစေတီခေါင်းလောင်းရှာဖွေခဲ့သည့် သောင်တူးသင်္ဘော(ဓာတ်ပုံ − နစ်ကီ)
ဓမ္မစေတီခေါင်းလောင်း
ရှာဖွေရာတွင် အသုံးပြုခဲ့သည့် သောင်တူးသင်္ဘောကို ငှားရမ်း ထားသော
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက
ဦးစံလင်းကို ငွေပြန် အမ်းပြီး သင်္ဘောပြန်သိမ်းလိုက် ခြင်းဖြစ်ကြောင်း
သတင်းရရှိ သည်။
‘‘သူတို့တင်ထားတဲ့ ပိုက်ဆံ ပြန်အမ်းပြီး ပြန်သိမ်းယူလိုက်တာ ပါ’’ဟု ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
သောင်တူးသင်္ဘောငှားရမ်း ရန် ဦးစံလင်းအဖွဲ့က လုပ်ငန်း မစတင်မီ သြဂုတ် ၄ ရက်တွင် ငွေကျပ် သိန်းနှစ်ရာပေးသွင်းခဲ့ပြီး သြဂုတ် ၈ ရက်တွင် ငွေကျပ်သိန်း တစ်ရာထပ်မံပေးသွင်းခဲ့၍ စုစု ပေါင်း ငွေကျပ်သိန်းသုံးရာပေး သွင်းခဲ့ခြင်း ဖြစ်သည်။
သောင်တူးသင်္ဘောငှားရမ်း ခတွင် စက်သုံးဆီ၊ စက်ဆီနှင့် ချောဆီ၊ ရေယာဉ်ဝန်ဆောင်စရိတ်အ ဖြစ် အစိုးရက ရက်ပေါင်း ၃၀ အ တွင်း ငွေကျပ် ကျပ် ၂၃၄ သိန်းရရှိခဲ့ပြီး ကျန်ငွေ ကျပ်သိန်း ခြောက် ဆယ်ကျော်ကို ဦးစံလင်းအဖွဲ့ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သ တင်းရရှိသည်။
မိုးကုန်ဆုံးတော့မည်ဖြစ်၍ ဌာန၏ မြစ်ချောင်းထိန်းသိမ်းရေး လုပ်ငန်းများ၌ သောင်တူးယာဉ် အသုံးပြုရန် လိုအပ်နေခြင်းကြောင့်ဦးစံလင်းထံမှ သောင်တူးသင်္ဘော ကို သိန်းခြောက်ဆယ်ကျော်ပြန် အမ်းကာ စက်တင်ဘာ ၂၁ ရက်တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းရှာဖွေနေ သည့် ရက်ပေါင်း ၂၀ အတွင်း ငွေကျပ်သိန်း တစ်ထောင့်ရှစ်ရာ ကျော်ကုန်ကျမည်ဟု ဦးစံလင်း အဖွဲ့က တွက်ချက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် အမှန်တကယ် ကုန်ကျငွေမှာ ကျပ်သိန်း ၇၀၀ ၀န်းကျင်သာရှိခဲ့သည်ဟု ခေါင်း လောင်းရှာဖွေရေးအဖွဲ့က ထုတ် ပြန်သည်။
ခေါင်းလောင်းရှာဖွေရေးအ တွက် အလှူရှင် ခုနှစ်ဦးက လှူဒါန်းခဲ့သည်ဟု မီဒီယာများသို့ ဖြေကြားခဲ့သော်လည်း မည်သူက လှူဒါန်း ခဲ့သည်။ ငွေကျပ်မည်မျှလှူဒါန်း ခဲ့သည်ကို ယနေ့အထိအတိအ လင်း ထုတ်ပြန်ခြင်းမရှိဘဲ စက် တင်ဘာ ၂၅ ရက်တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ၌သာ ဖြေကြားမည်ဟု အဖွဲ့ကပြောဆိုထား သည်။
ခေါင်းလောင်းရှာဖွေရာတွင် ပါဝင်ရေငုပ်ခဲ့သော ရေငုပ်သမား များကို ခရီးစရိတ်၊ စားသောက် စရိတ်နှင့် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့သည်မှလွဲ၍ မည်သည့် ငွေကြေးမှ ပေးခဲ့ခြင်းမရှိကြောင်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရေငုပ်ရှာဖွေရေးခေါင်းဆောင်ဦးသန်းညွန့်က ဖြေကြားခဲ့သည်။
သြဂုတ်လ ၉ ရက်တွင် စတင် ရှာဖွေခဲ့သော ဓမ္မစေတီခေါင်း လောင်းသည် ရှာဖွေချိန်သည် ရက်ပေါင်း ၄၄ ရက်ကြာမြင့်ခဲ့ပြီးဆယ် ယူမည့် ဦးစံလင်းအဖွဲ့အပေါ် ဝေဖန်မှုများနှင့် လူထုစိတ်ဝင်စားမှုများရှိခဲ့သည်။
7 Day
‘‘သူတို့တင်ထားတဲ့ ပိုက်ဆံ ပြန်အမ်းပြီး ပြန်သိမ်းယူလိုက်တာ ပါ’’ဟု ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
သောင်တူးသင်္ဘောငှားရမ်း ရန် ဦးစံလင်းအဖွဲ့က လုပ်ငန်း မစတင်မီ သြဂုတ် ၄ ရက်တွင် ငွေကျပ် သိန်းနှစ်ရာပေးသွင်းခဲ့ပြီး သြဂုတ် ၈ ရက်တွင် ငွေကျပ်သိန်း တစ်ရာထပ်မံပေးသွင်းခဲ့၍ စုစု ပေါင်း ငွေကျပ်သိန်းသုံးရာပေး သွင်းခဲ့ခြင်း ဖြစ်သည်။
သောင်တူးသင်္ဘောငှားရမ်း ခတွင် စက်သုံးဆီ၊ စက်ဆီနှင့် ချောဆီ၊ ရေယာဉ်ဝန်ဆောင်စရိတ်အ ဖြစ် အစိုးရက ရက်ပေါင်း ၃၀ အ တွင်း ငွေကျပ် ကျပ် ၂၃၄ သိန်းရရှိခဲ့ပြီး ကျန်ငွေ ကျပ်သိန်း ခြောက် ဆယ်ကျော်ကို ဦးစံလင်းအဖွဲ့ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သ တင်းရရှိသည်။
မိုးကုန်ဆုံးတော့မည်ဖြစ်၍ ဌာန၏ မြစ်ချောင်းထိန်းသိမ်းရေး လုပ်ငန်းများ၌ သောင်တူးယာဉ် အသုံးပြုရန် လိုအပ်နေခြင်းကြောင့်ဦးစံလင်းထံမှ သောင်တူးသင်္ဘော ကို သိန်းခြောက်ဆယ်ကျော်ပြန် အမ်းကာ စက်တင်ဘာ ၂၁ ရက်တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းရှာဖွေနေ သည့် ရက်ပေါင်း ၂၀ အတွင်း ငွေကျပ်သိန်း တစ်ထောင့်ရှစ်ရာ ကျော်ကုန်ကျမည်ဟု ဦးစံလင်း အဖွဲ့က တွက်ချက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် အမှန်တကယ် ကုန်ကျငွေမှာ ကျပ်သိန်း ၇၀၀ ၀န်းကျင်သာရှိခဲ့သည်ဟု ခေါင်း လောင်းရှာဖွေရေးအဖွဲ့က ထုတ် ပြန်သည်။
ခေါင်းလောင်းရှာဖွေရေးအ တွက် အလှူရှင် ခုနှစ်ဦးက လှူဒါန်းခဲ့သည်ဟု မီဒီယာများသို့ ဖြေကြားခဲ့သော်လည်း မည်သူက လှူဒါန်း ခဲ့သည်။ ငွေကျပ်မည်မျှလှူဒါန်း ခဲ့သည်ကို ယနေ့အထိအတိအ လင်း ထုတ်ပြန်ခြင်းမရှိဘဲ စက် တင်ဘာ ၂၅ ရက်တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ၌သာ ဖြေကြားမည်ဟု အဖွဲ့ကပြောဆိုထား သည်။
ခေါင်းလောင်းရှာဖွေရာတွင် ပါဝင်ရေငုပ်ခဲ့သော ရေငုပ်သမား များကို ခရီးစရိတ်၊ စားသောက် စရိတ်နှင့် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့သည်မှလွဲ၍ မည်သည့် ငွေကြေးမှ ပေးခဲ့ခြင်းမရှိကြောင်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရေငုပ်ရှာဖွေရေးခေါင်းဆောင်ဦးသန်းညွန့်က ဖြေကြားခဲ့သည်။
သြဂုတ်လ ၉ ရက်တွင် စတင် ရှာဖွေခဲ့သော ဓမ္မစေတီခေါင်း လောင်းသည် ရှာဖွေချိန်သည် ရက်ပေါင်း ၄၄ ရက်ကြာမြင့်ခဲ့ပြီးဆယ် ယူမည့် ဦးစံလင်းအဖွဲ့အပေါ် ဝေဖန်မှုများနှင့် လူထုစိတ်ဝင်စားမှုများရှိခဲ့သည်။
7 Day
Tuesday, September 23, 2014
ဆိုက်ရောက်ဗီဇာ ခွင့်မပြုတော့

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်
မြန်မာအစိုးရဟာ နိုင်ငံခြားသားတွေကို အင်တာနက်ကနေ E-Visa စနစ်နဲ့ ဗီဇာလျှောက်ခွင့် ၀င်ရောက်ခွင့် ပေးပြီးနောက် စက်တင်ဘာ ၁၈ ရက်နေ့ကစ ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကို လုံးဝ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာပါတယ်။
ကြေညာချက်ထဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနမှာ ကြိုတင် ခွင့်ပြုချက် တင်ပြထားပြီး ဖြစ်တဲ့ ခရီးသည် ၁၂၀၀ ကိုပဲ လာမယ့် အောက်တိုဘာကုန်အထိ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဦးမှာ ဖြစ်ပြီး အခြားသူတွေကိုတော့ လုံးဝ ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။
အစိုးရအနေနဲ့ ခုလို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှု ရုတ်တရက် ရပ်ဆိုင်းလိုက်တာကြောင့် ခရီးသွားဝင်ရောက်မှုကို ထိခိုက်မယ်၊ မထိခိုက်ဘူး ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။
By ဒီဗွီဘီ
မှော်ဘီမှာ စစ်တပ်က မြေသိမ်းပြန်

မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာက တောင်သူတွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်လာခဲ့တဲ့ ခြံမြေဧက ၁ဝဝ ဝန်းကျင်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်မြေအဖြစ်သတ်မှတ်ပြီး၊ လက်ရှိလုပ်ကိုင်နေသူတွေနဲ့ မသက်ဆိုင်ကြောင်း ဒီကနေ့ လက်မှတ်ရေးထိုးခိုင်းမှာဖြစ်တဲ့အတွက် ဒေသခံတောင်သူတွေ ဆန္ဒပြကြမယ်လို့ဆိုပါတယ်။
ဝါးနက်ချောင်းကျေးရွာအုပ်စုအတွင်းက တောင်သူ ၂ဝ ကျော် လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ ကျော်က လုပ်ကိုင်နေတဲ့ ခြံမြေတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ပိုင်မြေဖြစ်ပြီး တောင်သူတွေနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း လက်မှတ်ရေးထိုးဖို့ ဝါးနက်ချောင်းအုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ အရောက်လာကြဖို့ အမိန့်ထုတ်ထားတာဖြစ်ပါတယ်။ တောင်သူ ဦးစိုးထွန်းက ခုလိုပြောပါတယ်။
"ကျနော်တို့အနေနဲ့က ဒီလက်မှတ်ကို မထိုးနိုင်ဘူး၊ မထိုးနိုင်ဘူးဆိုတာ ကျနော်တို့က လုပ်ကိုင်နေတဲ့လူတွေဖြစ်တယ်၊ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးကလည်း ထောက်ခံထားတာရှိတယ်၊ ထောက်ခံတယ်ဆိုတာ အပင်စိုက်ပျိုးကြောင်း ထောက်ခံထားတာရှိတယ်၊ ကျနော်တို့မှာ ပြေစာအပြင်ကို ခိုင်မာတဲ့ဟာ စိုက်ပျိုးတာ လုပ်ကိုင်တာလည်းရှိတယ်၊ အပင်တွေပြစရာရှိပါတယ်ခင်ဗျ၊ လက်မှတ်မထိုးပဲ ကန့်ကွက်ဆန္ဒပြဖို့ပဲရှိပါတယ်"
ဒီမြေတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ၁၉၉၉ ခုနှစ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတွေကို ချထားပေးပြီးဖြစ်တယ်ဆိုတဲ့ အကြောင်းကြားစာကို ခြံလုပ်ကိုင်နေသူတွေထံ ပေးပို့ထားပါတယ်။ ဒါပေမဲ့တောင်သူတွေက မိမိတို့မှာရှိတဲ့ စာရွက်စာတန်းတွေကို ပြသရှင်းလင်းပြီးဖြစ်တယ်လို့ ဆိုပါတယ် ။
တောင်သူတွေအနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ဝါးနက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ကြမှာဖြစ်ပေမဲ့ လက်မှတ်ရေးထိုးဖို့မဟုတ်ဘဲ ကန့်ကွက်ဆန္ဒပြဖို့ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
RFA Burmese