Pages

Saturday, October 18, 2014

အီဘိုလာကြောင့် သေဆုံးသူ ၄၅၀၀ ကျော်ပြီ

အီဘိုလာကြောင့် ကမ္ဘာတလွှား သေဆုံးရသူပေါင်း ၄၅၅၅ ယောက် ရှိသွား ပြီဖြစ်ပြီး ရောဂါဖြစ်ပွါးခဲ့သူပေါင်းက ၉၂၀၀ နီးပါးရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အတည်ပြု ပြောကြားပါတယ်။ သောကြာနေ့မှာ WHOက  နောက်ဆုံး ထုတ်ပြန် လိုက်တဲ့ စာရင်းထဲမှာ ဂီနီ၊ လိုင်ဘေးရီးယား နဲ့ ဆီယာလီယွန်း နိုင်ငံတွေ မှာ  နောက်ဆုံး သေဆုံးခဲ့တဲ့  ၉ ယောက်တော့ မပါဝင်ပါဘူး။

အစောပိုင်းတုန်းကတော့ ဆီနီဂေါနိုင်ငံမှာ အီဘိုလာ နဲ့ သေဆုံးခဲ့သူ တဦးရဲ့  နောက်မှာ  ၄၂ ရက်ကြာခဲ့တဲ့အထိ ထပ်မံသေဆုံးမှု မရှိခဲ့တဲ့အတွက်  WHO က ဆီနီဂေါနိုင်ငံကို  အီဘိုလာကင်းစင်တဲ့ နိုင်ငံအဖြစ် ကြေငြာခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားကတော့  အမေရိကန်ပြည်ထောင်စုရဲ့ အီဘိုလာရောဂါပိုး တိုက်ဖျက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရာမှာ ထူးခြား လုပ်ဆောင်သူအဖြစ် အမေရိကန် ဒုသမ္မတ Joe Biden ရဲ့ အရာရှိဟောင်း Ron Klain ကို အမည်စာရင်းတင်သွင်း လိုက်ပါတယ်။

အနောက်အာဖရိက ကနေ အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် သူတွေကို တားမြစ်မယ့် ကိစ္စနဲ့ ပါတ်သက်ပြီး အမြင်ကျယ်ကျယ် ဖွင့်ထားဖို့  ဆန္ဒရှိကြောင်း သမ္မတအိမ်ဖြူကပြောပါတယ်။  အခုလိုတားမြစ်တာဟာ အမေရိကန်နိုင်ငံထဲ လာမယ့်သူတွေအတွက်  သူတို့ မှတ်တမ်းကို ဖြည့်ရာမှာ ပွင့်ပွင့် လင်းလင်း ရေးသားဖို့ နောက်တွန့်သွားနိုင်တယ်လို့ ယုံကြည်ကြောင်း လည်း ပြောပါတယ်။
ဒါ့ကြောင့် ဒါဟာ အမေရိကန် နိုင်ငံသားတွေ ရောဂါပိုးမကူးစက်အောင်လုပ်ဖို့ ကြိုးစားမှုကို အတော်ကြီး ရှုပ်ထွေးစေနိုင်တယ်လို့ ဆိုပါတယ်။
  VOA

SSPP ကိုယ်စားလှယ် နှင့် ဦးသိန်းဇော်တို့တွေ့ဆုံစဉ် အစိုးရတပ်အင်အားထပ်ဖြည့်


သျှမ်းပြည်မြောက်ပိုင်း ရမခ စစ်တိုင်းရုံးအခြေစိုက်လားရှိုး၌ မြန်မာအစိုးရ ကိုယ်စားလှယ် ဦးသိန်းဇော် ခေါင်းဆောင်သောအဖွဲ့နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ်တို့ ယနေ့ တွေ့ဆုံ စဉ်  ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ အစိုးရတပ်များအင်အားထပ်ဖြည့်နေ သည်ဟု ဆိုသည်။
 အောက်တိုဘာ ၁၈ ရက် ၂၀၁၄ ခု ယနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ  ဒုတိယဥက္ကဌ ၂ ဦးသိန်းဇော်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်အောင် စိုး၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ကိုကိုနိုင်နှင့် သျှမ်းပြည်တပ်မတော် အထွေ ထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံစဉ် သျှမ်းပြည်တပ်မတော်ဘက် အစိုးရတပ်များ အင်အား တိုးဖြည့်လာနေသည်ဟု မျက်မြင်များကပြောသည်။

“ကျေးသီးမြို့နယ် ပန်စေ့ကျေးရွာအုပ်စုထဲမှာရှိတဲ့ ကျနော်တို့တပ်တွေကိုဆုတ်ပေးဖို့ပြော တယ်။ လားရှိုးတွေ့ဆုံပွဲမှာလဲ ဒီအတိုင်းဘဲ  ဖိအားပေးပြောမှာဘဲ။ မရွှေ့ရင်တိုက်မယ် ဆိုတဲ့ သဘော အင်အားထပ်ဖြည့်ပြနေတယ်။ လားရှိုးဘက်က စစ်အင်အားအပြည့် တင်ဆောင်သည့် ကားက ၆ စီး၊ စစ်ဆင်မှုကွပ်ကဲရေး စကခ ၂ ဘက်က စစ်ကားတွေလဲ ထပ်လာနေတယ်” - ဟု သျှမ်းပြည်တပ်မတော် ပြန်ကြားရေး အရာရှိ တဦးကပြောသည်။

တန့်ယန်းမြို့ခံ လုံးစိုင်းလုံကလည်း စစ်သည်အပြည့်တင်ဆောင်သည့် အစိုးရတပ် အင်အား ၅ စီး ထက်မနည်း တန့်ယန်းမြို့ လွယ်လန်း ဘက်သို့ ဦးတည်သွားသည်ဟု ဆိုသည်။

  မြန်မာအစိုးရတပ်မတော်သည်  သျှမ်းပြည်တပ်တော် SSPP/SSA ၏ ကျေးသီးမြို့နယ် ပန်စေ့ ကျေးရွာအုပ်စု၊ တန့်ယန်းမြို့နယ် လွယ်လန်း နှင့် နမ့်ဆီကျိန် ဒေသအတွင်းရှိ လှုပ်ရှားတပ်များ၊ တပ်စခန်းများ ဆုတ်ပေးရန် ပြောကြားထားသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရ တပ်တို့သည် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုး ထားကြ သော်လည်း နှစ်ဘက်ခေါင်းဆောင်များတွေ့ဆုံစဉ် မြန်မာ့တပ်မတော်ဘက်က စစ်အင် အားဖြည့်ကာ တပ်စခန်း တက်သိမ်းလေ့ရှိသည်။ယနေ့တိုင်တိုက်ပွဲပေါင်း အကြိမ် ရာနှင့်ချီ ဖြစ် ပွါးနေဆဲဖြစ်ပါသည်။
 သျှမ်းသံတော်ဆင့်

ကချင်ရွာသားတွေ ပြောင်းရွှေ့မိန့် ဖားကန့်စစ်ဗျူဟာမှူး ပြန်ရုတ်သိမ်း

 
ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ရင်း ၆ အခြေစိုက် စခန်း အနီးမှာ ရှိတဲ့ ဒေသခံတွေ အနေနဲ့ ရွှေ့ပြောင်း စရာမလိုပဲ အေးချမ်းစွာ နေထိုင်ဖို့ ဖားကန့်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်သန်းက ဒီကနေ့ ပြောကြား တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာသာရေးအဖွဲ့အစည်းတွေက အောင်ဘာလေ ကျေးရွာသားတွေထံ အကူအညီပေးဖို့ သွားရောက်စဉ် စစ်ဗျူဟာမှူးက ပြောကြားလိုက်တာဖြစ်တယ်လို့ KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က ပြောပါတယ်။

"ဘာသာရေးအသင်းအဖွဲ့တွေနဲ့ NLD က လူကြီးတွေနဲ့ ဗျူဟာမှူးက ပြန်ပြောခိုင်းတယ်၊ သူတို့ အစည်းအဝေးလုပ်တဲ့အချိန်မှာ ကျနော်တို့လည်း သွားနားထောင်တဲ့အချိန်မှာတော့ ပြည်သူလူထုတွေ ဒီမှာအေးအေးဆေးဆေးနေကြပါပေါ့၊ ဘယ်မှလည်း ရွှေ့ပြောင်းစရာမလိုဘူး ဆိုတဲ့အပိုင်းပဲ စကားပါးပါတယ်၊ ကျနော်တို့ စစ်တပ်တွေပိုင်းကျတော့ ဘာမှစကားပါးတာမရှိပါဘူး၊ ပြည်သူလူထုကို ဒီလိုစကားမှာတယ်ဆိုတာတော့ တည်ငြိမ်လာတယ်လို့ ကျနော်တို့ကမြင်ပါတယ်"

ကေအိုင်အေနဲ့ အစိုးရစစ်တပ်အကြား ပိတ်မိနေတဲ့ အောင်ဘာလေ၊ ကံဆီးခေါ၊ ဆိုင်းငိုင် စတဲ့ ကျေးရွာသားတွေကို ဘေးလွတ်ရာကူညီခေါ်ဆောင်ဖို့ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာသာရေးအဖွဲ့တွေက ကားအစီး ၄၀ နဲ့ ဒီကနေ့ သွားရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တပ်မ ၆၆ တပ်မမှူးနဲ့ ဖားကန့်ဗျူဟာမှူးတို့က ကေအိုင်အေတပ်ရင်း ၆ တပ်စခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ နှုတ်မိန့်နဲ့ပြောဆိုပြီးနောက်ပိုင်း စစ်ရေးတင်းမာလာခဲ့ရာကနေ အဲဒီ ရွာသုံးရွာက စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

RFA Burmese

မီလန်မှာ ခေါင်းဆောင်တချို့နဲ့ ဦးသိန်းစိန် သီးသန့်ဆွေးနွေး

 
 ဥရောပမှာ ကျင်းပတဲ့ ASEM ဆွေးနွေးပွဲကို မြန်မာ သမ္မတ အနေနဲ့ ပထမဆုံး တက်ရောက် (ဓါတ်ပုံ MOI)
အီတလီနိုင်ငံ မီလန် မြို့မှာ ကျင်းပတဲ့ ASEM ခေါ် အာရှ ဥရောပ ထိပ်သီး အစည်းအဝေး တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ဥရောပ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဘေးထွက် ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။

ထိပ်သီး ဆွေးနွေးပွဲ အပိတ်နေ့မနက်က မြန်မာ နိုင်ငံရဲ့ တိုင်းရင်းသား ကိစ္စတွေနဲ့ လူ့ အခွင့် အရေး ကိစ္စတို့မှာ ကူညီပေးနေတဲ့ ဖင်လန်၊ ဆွီဒင် နိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံပြီး ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ဖင်လန် နိုင်ငံက တခြားနိုင်ငံများရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဝင်ရောက် ကူညီခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိတဲ့ အတွက် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ စိတ်ရှည်ရှည် ဆောင်ရွက်ဖို့နဲ့ သူတို့ဖက်က အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ပြောခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

ဆွီဒင် နိုင်ငံကတော့ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုး တိုးတက်ရေးနဲ့ တိုင်းရင်းသား အရေးနဲ့ လူ့အခွင့် အရေး တိုးမြှင့်ဖို့ ကိစ္စ တို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဗီယက်နမ် နိုင်ငံနဲ့ နော်ဝေနိုင်ငံ တို့က နိုင်ငံ ခေါင်းဆောင်တွေနဲ့ လည်း ဆွေးနွေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

သမ္မတနဲ့ အဖွဲ့ဟာ အောက်တိုဘာလ ၁၇ ရက်မှာ မီလန်ကနေ တူရင်း မြို့ကို ခရီးဆက်မှာ ဖြစ်ပြီး လျှပ်စစ် စီမံကိန်းနဲ့ စိုက်ပျိုးရေး ကိစ္စတို့ကို သွားရောက် လေ့လာမယ့် အပြင် တူရင်း ပြတိုက်မှာ ပြသထားတဲ့ မြန်မာ နိုင်ငံက အနာပညာ လက်ရာ ပြပွဲကိုလည်း သွားရောက်မယ်လို့ ပစ္စည်းတွေ သမ္မတ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဟောင်ကောင်မြို့လယ် ဆန္ဒပြပွဲ ပြန်ဖြစ်

ဟောင်ကောင်မှာ ရဲတွေနဲ့ ဆန္ဒပြတဲ့သူတွေ ထိပ်တိုက်တွေ့ခဲ့ကြပြီးတော့ ရဲ ၃ ယောက် ဒဏ်ရာရသွားခဲ့တယ် လို့ ဟောင်ကောင် အာဏာပိုင်တွေ က ပြောပါတယ်။ သောကြာနေ့ အစောပိုင်းက ရဲတွေ သိမ်းယူခဲ့တဲ့နေရာ ကို ပြန်ရောက် လာတဲ့ ဆန္ဒပြတဲ့သူတွေကို ရဲတွေက ထိန်းချုပ်ဖို့ ကြိုးစားစဉ် အဲဒီလို ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။
သောကြာနေ့ညနေမှာတော့ - Mong Kok ဒေသနေရာ တချို့ကို ပြန်သိမ်း ယူဖို့ကြိုးစားခဲ့တဲ့ ဆန္ဒပြတဲ့သူတွေကို ဟောင်ကောင် အာဏာပိုင်တွေဘက်က ငရုတ်ရည်တွေ နဲ့ နံပါတ်တုတ်တွေသုံးပြီးတော့ နှိမ်နှင်းခဲ့ပါတယ်။
အဲဒီမှာ စောင့်ကြည့်နေသူတွေရဲ့ အဆိုအရတော့၊ ရဲတွေက ဆန္ဒပြတဲ့သူတွေကို ရိုက်နှက်ခဲ့တာကြောင့် ဆန္ဒပြတဲ့သူတွေ ဒါဇင်နဲ့ချီ အလဲလဲအပြို ပြို ဖြစ်ပြီးတော့ ရဲတွေက အဲဒီလူတွေကို သယ်သွားခဲ့တယ်လို့ဆိုပါတယ်။ ရဲက အဲဒီလို သယ်သွားတဲ့ အထဲမှာ ဘန်ကောက်အခြေစိုက် ဓါတ်ပုံသတင်းဌာနက ဓါတ်ပုံသမား တစ်ယောက်လည်း ပါသွားတယ်လို့ အေပီသတင်းက ဆိုပါတယ်။
Mong Kok ဒေသဟာ ဟောင်ကောင်က  အဓိက ဆန္ဒပြနေတဲ့ စီးပွားရေး အချက်အခြာ ဇုံရဲ့ တဘက်ကမ်းက အသေးစား ဆန္ဒပြနေတဲ့ နေရာ တခုဖြစ်ပါတယ်။ အဲဒီနေရာဟာ ဟောင်ကောင်မှာ ဈေးဆိုင်တွေနဲ့ လူဦးရေ အထူထပ်ဆုံးနေရာလည်းဖြစ်ပါတယ်။
  VOA

Friday, October 17, 2014

မြိတ်တက္ကသိုလ်ကျောင်းသားအား ရိုက်နှက်ခဲ့သည့်ကိစ္စ သက်ဆိုင်ရာတာဝန်ရှိသူများက ဝန်ချတောင်းပန်


|Dawei Watch| မြိတ်၊ အောက်တိုဘာ ၁၆
မြိတ်တက္ကသိုလ်ကျောင်းသားတစ်ဦး
အား ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း
ရဲတပ်ဖွဲ့ဝင်တစ်ချို့မှ လူမှားပြီးရိုက်နှက်ခဲ့မှုနှင့် ပတ်သက်ပြီး
အောက်တိုဘာ ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က
ယင်းဘုန်းတော်ကြီးကျောင်းတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးနှင့်
အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူများက ဝန်ချတောင်းပန်ခဲ့ကြောင်း
ယင်းဘုန်းတော်ကြီးကျောင်းမှ သိရသည်။
ထို့အပြင် ရိုက်နှက်ရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်(၃)ဦးကို ဥပဒေအရ
ထိရောက်စွာအရေးယူပေးရန်၊ ရဲသတင်းပေးများကိုလည်း
ခံဝန်ကတိလက်မှတ်ရေးထိုးပေးရန်၊ အရိုက်ခံခဲ့ရသည့် တတိယနှစ်အဝေးသင်
ဥပဒေကျောင်းသား၏ ကျန်းမာရေး ကုသမှုစရိတ်နှင့် ပညာရေးစရိတ်တို့ကိုလည်း
ထောက်ပံ့ရန် စသည့်အချက်များဖြင့် သဘောတူကျေနပ်ခဲ့ကြသည်ဟု
ဘုန်းတော်ကြီးကျောင်းမှ သိရသည်။
“အခုလိုမျိုး သံဃာတော်တွေကို ပြည်သူလူထုရှေ့တွင် ဝန်ချတောင်းပန်သည့်အတွက်
သဘောတူကျေနပ်ပါတယ်”ဟု ယင်းဘုန်းတော်ကြီးကျောင်းမှ ဦးဇင်းတစ်ပါးက
မိန့်ကြားသည်။
မြိတ်ခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့နှင့် အရိုက်ခံရသူ ကိုညီညီစိုးမှလည်း
သဘောတူကျေနပ်သည့်အတွက် တရားစွဲတော့မည် မဟုတ်ဟု ၎င်းတို့က ပြောပြသည်။
မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ရှားတောဝရပ်ရှိ
မဟာရံသီ(ရှားတောဝ)ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း အောက်တိုဘာ ၁၂ ရက်နေ့
မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က တတိယနှစ် ဥပဒေကျောင်းသားတစ်ဦးကို
ရဲတပ်ဖွဲ့ဝင်တစ်ချို့နှင့် ရဲသတင်းပေးများမှ လူမှားပြီး
ရိုက်နှက်ခံခဲ့ရသည်။
အဆိုပါကိစ္စအား ထိရာက်စွာအရေးယူပေးရန် အောက်တိုဘာ ၁၆ ရက်က
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်သို့
ရောက်ရှိနေစဉ် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က တိုင်ကြားခဲ့ကြောင်း
ယင်းသမဂ္ဂအဖွဲ့ဝင် တစ်ဦးက ပြောသည်။
လက်ရှိတွင် လူမှားပြီးရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်(၂)ဦးနှင့်
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ဌေးတို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု
မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။
Dawei Watch

မြန်မာအသင်း UAE ကို နိုင်ပြီး ဆီမီးဖိုင်နယ် တက်

အာရှအဆင့်ပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့  U 19 AFC Championship ပြိုင်ပွဲမှာ မြန်မာ ယူ ၁၉  အသင်း က UAE အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါပြီ။ ဒါကြောင့် အခုဆိုရင် အိမ်ရှင် မြန်မာအသင်းဟာ ဆီးမီးဖိုင်နယ် ၄ သင်း အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ဖြစ်ပါတယ်။ အခုလို ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက် လာနိုင်တဲ့  မြန်မာအသင်းဟာ - ၂၀၁၅ ကျရင် နယူးဇီလန် နိုင်ငံမှာ ကျင်းပမယ့် ယူ ၂၀  ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း တိုက်ရိုက် ၀င်ရောက်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုဒီပွဲကို စောင့်ကြည့် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း ရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။
(အားကစားကွင်းအတွင်းမှ ကြွေးကြော်သံများ)
အခု ကြားခဲ့ရတဲ့ အသံတွေကတော့ မြန်မာ နဲ့ ယူအေအီး ပွဲကို အားပေးခဲ့တဲ့ အားကစားကွင်း ထဲက မြန်မာပရိသတ်တွေရဲ့အသံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေတဲ့ ယူ ၁၉  အာရှဖလား ပြိုင်ပွဲ ရဲ့  ကွာတားဖိုင်နယ် ၈ သင်းအဆင့် ပြိုင်ပွဲမှာ ယူအေအီး အသင်းကို မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တာပါ။
အခုလို အနိုင်ရလာဒ် ရရှိခဲ့တာဟာ တစ်ပွဲလုံး ကစားကွက်ကောင်း ခဲ့တဲ့ မြန်မာ အသင်း အတွက် ထိုက်တန်တဲ့ အနိုင်ရလာဒ်ဖြစ်တယ်လို့ ၀ါရင့် အားကစား ကလောင်ရှင် ဦးကျော့မောင် (မင်္ဂလာတောင်ညွှန့်) က သုံးသပ်ပါတယ်။
တစ်ဆက်တည်းမှာ မြန်မာအသင်းဟာ အနိုင်ရလာဒ် နဲ့ အတူ ပထမ ကမ္ဘာ့ အဆင့် ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၀င်ခွင့် ရရှိခဲ့ပြီဖြစ်တယ်လို့ ဦးကျော့မောင် က ပြောပါတယ်။
" မြန်မာအသင်းက အရင်တုန်းက တခါမှ ဒီလို ကမ္ဘာ့ ဖလားပွဲကို ဝင်မပြိုင်ဖူး ဘူးလေ။ ဒီတကြိမ် ကတော့ အသက်ကန့်သတ်ချက်နဲ့ဖြစ်ပေမဲ့ ဒီတကြိမ်က ကမ္ဘာ့ဖလားပွဲကို ဝင်ခွင့်ရတာကိုး။ ရှေ့နှစ်ခါကျရင် နယူးဇီလန်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား အသက်(၂၀) အောက် လူငယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲအောင် သွားပြီပေါ့ဗျာ။"
မြန်မာအသင်းအတွက် အနိုင်ဂိုး ကို ပွဲချိန် မိနစ် ၄၀ ကျော်မှာ နံပတ် ၁၁ သန်းပိုင် က ကျောနံပတ် ၉  အောင်သူ ဖန်တီးပေးခဲ့တဲ့ ဘောလုံးကို ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ တာဖြစ်ပါတယ်။
ဒီကနေ့ပွဲမှာ မြန်မာအသင်းဟာ မိနစ် ၉ ၀ လုံးလုံး ကစား အားမကျပဲ UAE အသင်းကို သူတင် ကိုယ်တင် ကစားသွားနိုင်ပြီးတော့ ယူ၁၉  မြန်မာအသင်းရဲ့ အဓိက အားသာချက် ဟာ ပွဲချိန်ပြည့် ကစားအား ကို ထိန်းထားနိုင်တဲ့ အချက်ဖြစ်တယ်လို့ ပွဲကြည့် ပရိသတ် ကိုဥက္ကာဦး က ပြောပါတယ်။
" ဟုတ်ကဲ့။ မြန်မာနောက်တန်းကတော့ အမှားအယွင်းတော်တော်နည်းပါတယ်။ တပွဲလုံး တောက်လျောက်မှာ အမှားအယွင်း အနည်းဆုံး ဖြစ်အောင် ကစားသွားနိုင် တာကို တွေ့ရတယ်။ နောက်ပြီးတော့ ခုနက ပြောသလိုပဲ ပြောစရာ မရှိလောက်အောင် စုစုစည်းစည်းနဲ့ ကစားသွားနိုင်တာကို တွေ့ရပါတယ်။ အဓိက ပြောနိုင် တာကတော့ ဒီ U19 အသင်းက ကစားအားဖြင့် သက်လုံအားဖြင့် ကြံ့ခိုင်မှုမှာ သူများထက် ယှဉ်ရင် နည်းရင် နည်းမယ်ပေါ့။ ဒါပေမဲ့ သက်လုံပိုင်းမှာ မိနစ်ကိုးဆယ်လုံး အထိ Tempo ကိုထိန်းပြီးတော့ ကစားနိုင်တဲ့ အနေအထားမှာ တွေ့ရတယ်။ အဲ့တာကြောင့်မို့လို့လည်း ဒီဦးဆောင်ဂိုးတွေကို ကာကွယ်တဲ့နေရာမှာ အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်။"
တစ်ဂိုး အသာ နဲ့ မြန်မာအသင်းက UAE ကို ဦးဆောင်နေချိန်မှာ UAE ဘက်က တောက်လျောက် ဆိုသလို ပြန်ပြီးတော့ တိုက်စစ်ဆင် ကစားခဲ့တာပါ။ ဒါပေမဲ့ မြန်မာ အသင်းရဲ့ ကွင်းလယ် နဲ့နောက်တန်းက တည်တည်ငြိမ်ငြိမ် ဖျက်ထုတ် နိုင်ခဲ့တာကြောင့် အခုလို မြန်မာအသင်း ပုံဖော်နိုင်ခဲ့ တာ ဖြစ်တယ်လို့ လည်း ပွဲကြည့်ပရိသတ် ကိုချမ်းငြိမ်းအောင်ကပြောပါတယ်။
"အလယ်တန်းရော၊ အနောက်တန်းရော နှစ်ခုစလုံး ညီလို့ပေါ့။ အလယ်တန်း ကလည်း လိုအပ်သလို ထိန်းပြီး ဖျက်ပေးနိုင်တယ်။ ပြီးတော့ လိုအပ်တဲ့ အလုံးလေးတွေပေါ့နော်။ သူတို့ကို ပေးမကန်တဲ့ တော်တော်များများ တွေ့ရတယ်။ သူတို့ပိတ်ထားနိုင်တယ်ပေါ့။ တော်ရုံတန်ရုံ ဟိုဘက်က အပိုင်လုံး လုံးဝ ကန်ခွင့်မရလိုက်ဘူး။ နောက်ဆုံး ဖရီးကစ်မှာလည်း မြန်မာနောက် တန်း ဝေါကာထားတဲ့ဟာ တော်တော်ကောင်းတယ်ပြောလို့ရပါတယ်။
ဟိုဘက်က ရှေ့တန်းတွေရဲ့ အဆုံးသတ်မှုတွေက လည်း သိပ်မကောင်းဘုး လို့ ပြောလို့ရပါတယ်။ သူတို့လည်း Pressure ဝင်နေပုံရပါတယ်။ ပရိတ်သတ် အားကြောင့် အဲ့တာကြောင့် သူတို့ရဲ့ ကစား အားလေးတော့ ကောင်းတယ်။ ဒါပေမဲ့ တကယ်တမ်း လိုအပ်တဲ့ အလုံးတွေကို အသုံးမချနိုင်ခဲ့ဘူး။ သူတို့က နည်းစနစ်ပိုင်း တော်တော်ပိုင်နိုင်ပါတယ်။ ပထမပိုင်း လိုအပ်တဲ့ ဂိုးကို ရအောင်ယူကြည့်တယ်။ မရဘူး။ ဒုတိယပိုင်းမှာ ဂိုးရပြီးတာနဲ့ ပိတ်ဆော့ သွားတယ်ပေါ့။ လိုအပ်တဲ့နေရာ ရှေ့တန်းကလည်း ဖောက်မယ်။ အလယ်တန်းက သူ့ဘာသာသူ အဖျက်မှာတော်တယ်။ သူတို့ဆော့ သွားတာ တော်တော်ကောင်း ပါတယ်။ Tempo မကျတာထက် နည်းပြရဲ့ နည်းစနစ် ပိုပြီး ကြွယ်ဝတယ်လို့ထင်ပါတယ်။"
ဒီကနေ့ မြန်မာအသင်းရဲ့ အနိုင်ရလာဒ် မှာ အဓိက ကျခဲ့တဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ တာကတော့ ပရိသတ် ရဲ့အားပေးမှုကလည်း အခရာ ကျခဲ့တယ်လို့ အများက သုံးသပ်ပါတယ်။ ဒီကနေ့ မြန်မာအသင်း နဲ့ UAE အသင်းတို့ရဲ့ပွဲကို လာရောက် အားပေးသူ စုစုပေါင်း သုံးသောင်းကျော်လောက်ရှိတာကို တွေ့ရတယ်လို့လည်း ပွဲကို ကိုယ်တိုင် သွားရောက် အားပေးခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုစည်သူနိုင်က ဆိုပါတယ်။
ဒီကနေ့ မြန်မာအသင်းဟာ UAE ကို အနိုင်ရခဲ့တဲ့အတွက် ဆီမီးဖိုင်နယ် ပြိုင်ပွဲကို တက်ရောက်ခွင့် ရခဲပြီးတော့ ဂျပန် နဲ့ မြောက်ကိုရီးယား မှာ အနိုင်ရတဲ့ အသင်း တစ်သင်း နဲ့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အောင်ရဲမောင်မောင်VOA

ငပလီကမ်းခြေတွင် စားသောက်ဆိုင်ဖွင့်က ဖမ်းဆီးမည်ဟု ဟိုတယ်ဒုဝန်ကြီး ခြိမ်းခြောက်ဟုဆို

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2oI6XpWGqDrWNgarAJBmH3_lHtflul_N759Hb2pDqnze7gfJEQzc9sIXINYsRSncB5-6oLqOnCWiutWKT8_OSYORTVK5wGf6Yud_xibZL93SVaWSN65PzTw50S840F1yrGQXK7eTvedw/s1600/1.jpg
ရခိုင်ပြည်နယ်၊ သံတွဲမြို့ခရိုင်၊ ငပလီကမ်းခြေတွင် ဆိုင်ဖွင့်ခွင့်မရဘဲ တားမြစ်ခံထားသည့် ဒေသခံ စားသောက်ဆိုင် ၂၈ ဆိုင်အနေဖြင့် ယင်းနေရာတွင် ဆက်လက်ရောင်းချပါက ဖမ်းဆီးမည်ဟု ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်ရွှေက ခြိမ်းခြောက် ပြောဆိုကြောင်း စားသောက်ဆိုင်ပိုင် ရှင်များက ပြောကြားသည်။

ဟိုတယ်ဒုဝန်ကြီး ဦးတင်ရွှေနှင့် ဒေသအာဏာပိုင်များအပါအဝင် ဆိုင်ခန်းပိုင်ရှင်များနှင့် ငပလီ ကမ်းခြေ ရှိ ကျောက်စိမ်းနဂါးဟိုတယ်တွင် အောက်တိုဘာလ ၁၅ ရက်၊ ညနေပိုင်းက တွေ့ဆုံ ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ရာ ယင်းတွေ့ဆုံပွဲ၌ ဝန်ကြီးက ထိုသို့ ပြောကြားခဲ့သည်ဟု အဆိုပါတွေ့ဆုံပွဲသို့တက်ရောက်ခဲ့ကြသည့် ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

“လုံးဝမရောင်းနဲ့။ ရောင်းရင် ဖမ်းမယ်တဲ့။ ဟိုတယ်ဒုဝန်ကြီးကိုယ်တိုင်ပြောတာ။ ရောင်းလို့ လုံးဝမရဘူးတဲ့” ဟု Green Umbrella အမည်ရှိ စားသောက်ဆိုင်ပိုင်ရှင် ကိုဘရွှေက နိရဉ္စရာသို့ပြောသည်။

စားသောက်ဆိုင် ၂၈ ဆိုင်ကို ကမ်းခြေတွင် ဈေးရောင်းချခွင့်ပေးမည်မဟုတ်တော့ဘဲ ငပလီမြို့ရှိ ကျောက်စိမ်း နဂါးဟိုတယ်ရှေ့၊ စစ်တပ်ပိုင် တောင်ကုန်းငယ်တွင် နေရာချထားပေးမည်ဟု ဟိုတယ် ဒုဝန်ကြီးက ပြောဆိုသွားခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ဆက်ပြောသည်။

“အဲဒီနေရာမှာ ကျနော်တို့ကိုပို့မယ်တဲ့။ ပို့ပြီးရင် ဆိုင်အနေအထား ပုံစံမျိုးကို ဘာမှ မပြောဘဲနဲ့ ဘယ် အချိန်ကနေ ဘယ်အချိန်ဖွင့်၊ ညနေပိုင်းဆိုင်ရင် ဆိုင်ပိတ်ပြီးသွား လူလည်းမအိပ်ရဘူးတဲ့”ဟု ကိုဘရွှေက ပြောသည်။

အစားထိုးနေရာချထားပေးသည့်အဆိုပါတောင်ကုန်းငယ်မှာ ကမ်းခြေနှင့်အလှမ်းကွာဝေးသည့် အတွက် စားသောက်ဆိုင် ဖွင့်ရန် အကွက်အကောင်း မကျသည့် အပြင် ယင်းတောင်ကုန်းငယ်ရှိ အပင်ကြီး/ငယ်များကို ကိုယ်တိုင် ခုတ်ထွင် ရှင်းလင်း၍ ဆိုင်ခန်းများ ဆောက်လုပ်ချိန် နှင့်ဆိုပါက ပွင့်လင်းရာသီများ၌သာ အလုပ်ဖြစ်သည့် ယင်းတို့အတွက် နစ်နာမှုများစွာ ရှိကြောင်းလည်း ဆိုင်ခန်း ပိုင်ရှင်များက ပြောပြသည်။

ယင်းအပြင် ဆိုင်ခန်းများကို မည်သည့်အချိန်တွင် စတင်ဆောက်လုပ်ရောင်းချရမည်ဆိုသည်ကိုလည်း ဆိုင်ခန်းပိုင်ရှင်များကို တိကျစွာပြောဆိုခြင်းမရှိကြောင်းလည်း ဆိုင်ခန်းပိုင်ရှင်များကဆိုသည်။

“ကျွန်တော်တို့မှာ တော်တော်လေးအခက်အခဲတွေ့နေရတယ်။ အဲဒီဆိုင်ခန်းတွေကိုကော ဘယ်အချိန် မှာ သွားဆောက်ရမှာလဲ။ အခုက ပွင့်လင်းရာသီရောက်နေပြီ”ဟုလည်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ငပလီမြို့၊ မြပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က “သူတို့ကိုအခု အစား ထိုးချ ထားပေးမယ့်နေရာက စစ်တပ်ပိုင် ကော်ဖီခြံဖြစ်နေတယ်။ အဲဒီနေရာမှာ တောင်ယာတွေ ခုတ်ထွင်ရမယ်၊ ပေါင်းတွေ ရှင်းရမယ်၊ ပေါင်းရှင်းပြီးတော့မှတစ်ခါ ဆိုင်ခန်းတွေ ဆောက်ရမယ်နဲ့ တစ်လကျော်လောက်တော့ သူတို့တွေ အချိန်ပေးရမယ်။ ပွင့်လင်းရာသီမှာမှအဆင်ပြေကြတဲ့သူတွေ ဒီရာသီအတွက် အရမ်းနောက်ကျသွားမယ်။ ကျနော့်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဆိုင်ခန်း ပိုင်ရှင်တွေကို နေရာမပြောင်းစေချင်ဘူး”ဟု နိဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံလည်း တင်ပြရဦးမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက် ပေးမှသာ ဆိုင်ခန်းများ စတင်ဆောက်လုပ်မည့်အချိန်ကိုသိရှိနိုင်မည်ဖြစ်ကြောင်းလည်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ငပလီမြို့၊ မြပြင်ရပ်ကွက်မှ ရာအိမ်မှူး ဦးနောင်နောင်က ပြောသည်။

“အရင်တုန်းက ဒီလိုမျိုးတားမြစ်တာတွေမရှိဘူး။ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းပဲ အခုလိုတားမြစ်တာတွေ ခံနေရတာ”ဟု မြပြင်ကျေးရွာမှ ငပလီဘားအမည်ရှိ စားသောက်ဆိုင်ပိုင်ရှင် ဒေါ်မခိုင်က ပြောသည်။

ယခုကိစ္စတွင် ဒေသခံလက်လုပ်လက်စားများ၏ တပိုင်တနိုင်စီးပွားရေးကို ဟိုတယ်စီးပွားရေးလုပ်ငန်းရှင်များက အာဏာပိုင်များ နှင့်ပူးပေါင်းကာ လက်ဝါးကြီးအုပ်နေကြခြင်းသာဖြစ်ကြောင်း ငပလီမြို့ခံတစ်ဦးက သုံးသပ် ပြောကြားသည်။

သိုသော်လည်း ဟိုတည်ပိုင်ရှင်များကမူ စားသောက်ဆိုင်များကြောင့် ကမ်းခြေကိုညစ်ပတ် စေသည်ဟု ဆိုသည်။

( နိရဉ္စရာ- ၁၇ အောက်တိုဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)

တောင်ကိုရီးယား ဂီတရှိုးပွဲ မတော်တဆမှု ၁၄ ဦး သေ




တောင်ကိုးရီးယား နိုင်ငံ ဆိုးလ်မြို့ တောင်ပိုင်းမှာ ပေါ့ပ်ဂီတ ဖျော်ဖြေပွဲ တခုအတွင်း မတော်တဆမှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး အကြီးအကျယ် ဒဏ်ရာရသွားပါတယ်။

တောင်ကိုရီးယားမှာ လူကြိုက်များတဲ့ 4Minute လို့ခေါ်တဲ့ အမျိုးသမီး ဂီတ အဖွဲ့ရဲ့ လဟာပြင် ဂီတ ဖျော်ဖြေပွဲမှာ လူတွေ တက်ကြည့်တဲ့ လေဝင်ပေါက် တစ်ခု ပြိုကျခဲ့တာ ဖြစ်ပါတယ်။

လူ ၇၀၀ လောက် လာကြည့်တဲ့ အထဲက အဲဒီ လေဝင်ပေါက် သံပန်းပေါ်မှာ လူ ၃၀လောက် ရပ်ကြည့် နေခဲ့ကြတာ ဖြစ်ပြီး ပြိုကျချိန်မှာ ၆၅ ပေ မြင့်တဲ့ မြေအောက် ကွန်ကရိ ကြမ်းခင်းပေါ်ကို ပြုတ်ကျခဲ့ကြတာပါ။

သေဆုံးသွားသူ အများစုဟာ ကျောင်းသားတွေလို့ ယူဆရပါတယ်။

အခု ဒီ ဖြစ်ရပ်ကြောင့် တောင်ကိုးရီးယားရဲ့ ဘေးကင်း လုံခြုံမှု စံနှုန်းအပေါ် အခြေအတင် ပြောဆိုမှုတွေ ပိုမို ကြီးထွားလာနိုင်ဖွယ် ရှိတယ်လို့ ဆိုးလ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

BBC Burmese

လိုင်စင်မဲ့ကား အခကြေးငွေယူ သယ်ယူသူများတွင် ရဲတပ်ဖွဲ့ဝင်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ပါနေ

လိုင်စင်မဲ့ကား အခကြေးငွေယူ သယ်ယူသူများတွင် ရဲတပ်ဖွဲ့ဝင်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ပါနေ
မော်လမြိုင်၊ အောက်တိုဘာ ၁၆
မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် အောက်တိုဘာလ ၄ ရက်နေ့တွင် လိုင်စင်မဲ့ကား ၄ စီး ဖမ်းမိခဲ့ရာ  ၂ စီးမှာ ရဲတပ်ဖွဲ့ဝင်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်သား မောင်းနှင်လာသည့် ယာဉ်များဖြစ်ကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက်နေ့က ကျိုက်ထိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကော့စံနိုင်ရပ်ကွက် အထက (၂) ရှေ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်၌ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေမှုပြုလုပ်စဉ် ဘားအံမြို့နယ်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် လိုင်စင်မဲ့ မော်တော်ယာဉ် ၄ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
ဖမ်းမိသည့် ယာဉ် ၄ စီးအနက် တစ်စီးကို သုဓမ္မဝတီနယ်မြေရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦးက မောင်းနှင်လာပြီး နောက်တစ်စီးမှာ KNU/KNLA-PC မှ တပ်သားတစ်ဦးမောင်းနှင်လာကြောင်း သိရသည်။
ယင်းလိုင်စင်မဲ့ မော်တော်ယာဉ်များကို အခကြေးငွေယူကာ သယ်ယူမောင်းနှင်လာခြင်းဖြစ်ပြီး ဒုတပ်ကြပ်မောင်းနှင်သည့် ကားအပါအ၀င်သုံးစီးမှာ တစ်စီးလျှင် ကျပ် ၅ သိန်းဖြင့် ဘားအံမှ မန္တလေးသို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး KNU/KNLA-PC  မှ တပ်သားမောင်းနှင်သည့် ကားမှာ မြ၀တီမှ မန္တလေးသို့ အခကြေးငွေယူကာ သယ်ယူမောင်းနှင်လာခြင်းဖြစ်ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများကို  ကျိုက်ထိုမြို့မရဲစခန်းမှ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အသီးသီးအမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၁၃ ရက်နေ့ကလည်း မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းရဲစခန်းမှ လိုင်စင်မဲ့မော်တော်ယာဉ် ၃ စီး ဖမ်းဆီးရမိခဲ့ကြောင်း ဒိုင်းဝန်ကွင်းရဲစခန်းမှ သိရသည်။
မွန်ပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် စီမံချက်ချ ဖမ်းဆီးလျက်ရှိရာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၁၀ ရက်နေ့ထိ လိုင်စင်မဲ့မော်တော်ယာဉ် ၂၈၉ စီး ဖမ်းဆီးရမိထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
Dawei Watch

နီပေါ တောင်တက်သမား ၄၀ ကို ထပ်မံ ကယ်ထုတ်


ခုချိန်ထိ သေဆုံးသူ ၂၉ ဦး ရှိပြီ

နီပေါနိုင်ငံ ဟိမဝန္တာတောင်မှာ အခု သီတင်းပတ် အစောပိုင်းတုန်းက ရုတ်တရက် တိုက်ခတ်ခဲ့တဲ့ နှင်းမုန်တိုင်းကြောင့် တောင်တက်သမားတွေ၊ လမ်းပြတွေနဲ့ အထမ်းသမားတွေ အတော်များများ သေဆုံးခဲ့တဲ့ တောင်ကြား နေရာကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေ အရောက် သွားနိုင်ခဲ့ကြပြီး လူ ၄၀ ကျော်ကို ထပ်မံ ကယ်ထုတ် နိုင်ခဲ့ပါတယ်။

အဲဒီ လူတွေထဲက တချို့က အခြေအနေ စိုးရိမ်ရပြီး ဒေသန္တရ ကျန်းမာရေး စခန်းတခုမှာ ဆေးကုသမှု ခံနေကြပါတယ်။

နှင်းမုန်တိုင်းနဲ့ ရေခဲတောင် ပြိုကျမှုတွေ ဖြစ်ပွားခဲ့ချိန်မှာ အဲဒီ နေရာမှာ တောင်တက်သမားတွေနဲ့ ပြည့်နှက်နေပြီး နီပေါလူမျိုးနဲ့ နိုင်ငံခြားသားတွေ စုစုပေါင်း ၂၉ ယောက် သေဆုံးခဲ့ကြောင်း အတည်ပြု သိရပါတယ်။

နှင်းမုန်တိုင်း ကျခဲ့ချိန်မှာ သေလုမတတ် အေးခဲသွားခဲ့ပြီး ဘာမှ မမြင်ရတော့ပဲ စမ်းတဝါးဝါးနဲ့ ရှေ့ကို လျှောက်ခဲ့ရကြကြောင်းနဲ့ အထမ်းသမားတွေဟာ သင့်တော်တဲ့ အဝတ်တွေ ဖိနပ်တွေကို ဝတ်ဆင်ထားတာမျိုး မရှိကြောင်း အသက်ရှင် လွတ်မြောက်လာသူတွေက ပြန်ပြောပြပါတယ်။

နှင်းတွေ အောက်မှာ ဖုံးနေတဲ့ အလောင်းတွေ ကျန်နေနိုင်လို့ သေဆုံးသူ အရေအတွက် ထပ်တိုးလာဖွယ် ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကြာသပတေး နေ့က စပြီး ခုချိန်ထိ လူ ၂၀၀ ကို ကယ်ထုတ် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
BBC

အီဘိုလာ အတွက် ကူညီဖို့ ကတိတွေ မထိရောက်သေး


အီဘိုလာကြောင့် လိုင်ဘေးရီးယားမှာ အများဆုံး သေဆုံး

အီဘိုလာ ရောဂါ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အနောက် အာဖရိက ဒေသကို အကူအညီ ပေးဖို့ နိုင်ငံတကာရဲ့ ကတိပြုမှုတွေဟာ ရောဂါ တိုက်ဖျက်ရေးမှာ ခုချိန်အထိ ထိရောက်မှု မရှိသေးကြောင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) က ပြောပါတယ်။

အီဘိုလာ ရောဂါ ပျံ့နှံ့မှုကို ခုချိန်အထိ မထိန်းချုပ် နိုင်သေးကြောင်းလည်း MSF အဖွဲ့က Christopher Stokes က ပြောပါတယ်။

ရောဂါဒဏ် အဆိုးရွားဆုံး ခံနေရတဲ့ နိုင်ငံတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို MSF အဖွဲ့ရဲ့ စေတနာ့ ဝန်ထမ်းတွေက ကျုံးရုန်း လုပ်ဆောင် နေကြရတာဟာ လုံးဝ အဓိပ္ပာယ် မရှိဘူး လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း အီဘိုလာ ရောဂါ တိုက်ဖျက်ရေး အတွက် အလှူငွေတွေ အရေးပေါ် လှူဒါန်းကြဖို့ ထပ်မံ ပန်ကြားလိုက်ပြီး ပြီးခဲ့တဲ့ လက သူ တောင်းခံထားတဲ့ တစ်ဘီလျံ ဒေါ်လာ ရန်ပုံငွေ ကလည်း ဒေါ်လာ တသိန်းလောက်ပဲ ရသေးတယ်လို့ ပြောသွားပါတယ်။

တခြား ကုလသမဂ္ဂ အေဂျင်စီတွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေကိုတော့ အလှူ့ရှင် နိုင်ငံတွေက ဒေါ်လာ သန်း၄၀၀ နီးပါး လှူဒါန်းထားပြီး ဖြစ်ပါတယ်။
BBC

ခိုးဝင်လာတဲ့ တူရကီနိုင်ငံသား ၅ ဦး ရှမ်းပြည်နယ်တွင်ဖမ်းမိ

                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ

တရုတ်နိုင်ငံ ရွှေလီမှ တဆင့် ရှမ်းပြည်နယ် တာချီလိတ်ကို ဆိုင်ကယ် ကယ်ရီသမားများနှင့် အတူ ခိုးဝင်လာသော တူရကီနိုင်ငံသား (၅) ဦးကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က နံနက်က ဖမ်းမိခဲ့ကြောင်း The Voice Weekly သတင်း ဖေါ်ပြထားသည်။
၎င်းတူရကီ နိုင်ငံသား (၅) ဦးသည် ရွှေလီမြို့တွင်နေထိုင်သူ ဆိုင်ကယ်ကယ်ရီ ခေါင်းဆောင် မြင့်နိုင်(ခေါ်) နူဒူး ဦးဆောင်သော ဆိုင်ကယ်ကယ်ရီ ငါးစီးနှင့် အတူ အောက်တိုဘာလ ၁၁ ရက်နေ့က စတင် ၀င်ရောက် လာခဲ့သည်ဟု ဆိုသည်။
တူရကီနိုင်ငံသား ငါးဦးကို တရုတ်နိုင်ငံ ရွှေလီကနေ တာချီလိတ်ကို တစ်ဦး ကျပ် ခုနစ်သိန်းနှုန်းနှင့် ဆိုင်ကယ်  ကယ်ရီခေါင်းဆောင် မြင့်နိုင်(ခေါ်) နူဒူးက ဦးဆောင် ခေါ်လာကြောင်း၊  သူတို့သည် မန္တလေးမြို့နှင့် အေးသာယာ မြို့သစ်များကို ရောက်ရှိခဲ့ပြီး ယင်းမြို့များသို့ အရောက်တွင်  မြို့ဝင်လမ်းဘေး တောတွင်းတွင် ညအိပ်ရပ်နားခဲ့ကြောင်း၊ အေးသာယာကို ရောက်သောအခါ ရွှေလီကနေ ငှားလာသော ဆိုင်ကယ်ကယ်ရီ လေးစီးကို တစ်စီး ကျပ် တစ်သိန်းခွဲ နှုန်းဖြင့် တာချီလိတ်မြို့သို့ ထပ်ငှားခဲ့ကြောင်း ကျိုင်းတုံမြို့မ ခေတ္တရဲစခန်းမှူး ရဲအုပ်ဝင်းမင်းသန့်က ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။
တူရကီနိုင်ငံသား ငါးဦးကို ကျိုင်းတုံမြို့ အမှတ်၂ ရပ်ကွက် လက်ဘက်ရည်ဆိုင်တွင် မသင်္ကာဖွယ် တွေ့ရသောကြောင့် ခေါ်ယူစစ်ဆေးရာမှ အထောက်အထားမဲ့ ခိုးဝင်လာသည်ကို သိရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှူး ဦးကိုကိုသော်ကိုကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။
တူရကီ နိုင်ငံသားများမှာ အသက် ၁၇ နှစ်အရွယ်ကနေ အသက် ၂၉ နှစ်အရွယ်ကြား ရှိသူများ ဖြစ်ကြပြီး  တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ နေထိုင်ကြသူများဟု သိရသည်။ သူတို့အား မည်သည့်အတွက်ကြောင့် ခိုးဝင်လာသည်ကို စစ်ဆေးနေသည်ဟု ဆိုသည်။
ဆိုင်ကယ်ကယ်ရီ ခေါင်းဆောင် မြင့်နိုင်(ခေါ်) နူဒူးမှာ မြန်မာနိုင်ငံသား တောင်ငူမြို့ ဇာတိ ဖြစ်ပြီး တရုတ်နိုင်ငံ ရွှေလီမြို့တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
တူရကီနိုင်ငံသားငါးဦးနှင့် မြန်မာနိုင်ငံသား ဆိုင်ကယ် ကယ်ရီသမားများကို (ပ)၁၂၀/၂၀၁၄၊ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဌာန်းချက်) အက်ဥပဒေ ပုဒ်မ ၁၃(၁)/၁၃(၅) အရ အမှုဖွင့် အရေးယူထားပြီး ကျိုင်းတုံမြို့မ ရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
နိရဉ္စရာ

Thursday, October 16, 2014

ကျားအင်္ဂါနှစ်ခု၊ မအင်္ဂါတစ်ခု ပါဝင်သော ကလးငယ်တစ်ဦး ဂွဆေးရုံတွင် မွေးဖွား

                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ

 ကျားအင်္ဂါနှစ်ခု၊ မအင်္ဂါတစ်ခု ပါဝင်သော ကလးငယ်တစ်ဦး ဂွဆေးရုံတွင် မွေးဖွား

ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့ဆေးရုံတွင် ယောင်္ကျားအင်္ဂါ နှစ်ခု၊ မ အင်္ဂါတစ်ခု ပါဝင်သော ကလေးငယ် တစ်ဦးကို ယခုလ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်ဟု သိရသည်။

ယင်းသို့ မွေးဖွားသည်ကို ဂွမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၂၅ မိနစ်မှာ မွေးတာပါ။ မိဖတွေကတော့ ဦးရဲပိုင်ထူးနဲ့ ဒေါ်ဝေေ၀မာတို့ ဖြစ်ကြပါတယ်။ နေရပ်ကတော့ ဂွမြို့နယ် ရဟိုင်း ကူးတို့ကျေးရွာအုပ်စု ကျောင်းကုန်း ကျေးရွာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကလေး၏ ကိုယ်အလေးချိန်မှာ ၇ ပေါင်ကျော်ရှိကြောင်း၊ ယခုအခါ ကလေးငယ်အား ဆေးကုသနိုင်ရေးအတွက် စစ်တွေရှိ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနသို့ အကြောင်းကြားတင်ပြထားသည်ဟု သူက ပြောသည်။

(နိရဉ္စရာ- ၁၆ အောက်တိုဘာ ၂၀၁၄) / နေဇော်

နီပေါမှာ နှင်းတောင်ပြိုကျ ၂၀ သေ၊ ၁၀၀ ကျော် ပျောက်ဆုံး


16 October 2014
နီပေါနိုင်ငံ ​ဟိမဝန္တာတောင်တန်းမှာ ​နှင်းမုန်တိုင်းနဲ့ ​နှင်းတွေ ​တောင်အောက် ​လျှောကျမှုတွေ ​ဖြစ်ခဲ့တဲ့အတွက် ​အနည်းဆုံး ​လူ ​၂၀ ​သေဆုံးခဲ့ပြီး ​လူပေါင်း ​တစ်ရာကျော် ​ပျောက်ဆုံးနေပါတယ်။

အဲဒီဒေသဟာ ​တောင်တက်သမားတွေအကြား ​နာမည်ကြီးတဲ့ ​ဒေသဖြစ်ပြီး ​သေဆုံးသူတွေထဲမှာ ​နိုင်ငံခြားသာ ​တောင်တက်သမားတွေလည်း ​ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ​တနင်္ဂနွေနေ့က ​ကျရောက်တဲ့ ​Hudhud ​မုန်တိုင်းရဲ့ ​လက်ကျန်ရာသီဥတုရဲ့ ​ဒဏ်ကို ​နီပေါနိုင်ငံ ​Annapurna ​Circuit ​ဒေသက ​တောင်တက်သမားတွေနဲ့ ​သူတို့ရဲ့ ​လမ်းပြတွေက ​ခံခဲ့ရတာ ​ဖြစ်ပါတယ်။

နှင်းမုန်တိုင်းနဲ့ ​နှင်းတွေ ​ပြိုကျမှုကြောင့် ​လူပေါင်း ​၂၀ ​ရဲ့ ​အလောင်းကို ​ရဲတွေ ​တွေ့ရှိခဲ့ပြီး ​တချို့လူတွေ ​ပိတ်မိနိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

သေဆုံးသွားတဲ့ ​တောင်တက်သမားတွေထဲမှာ ​အစ္စရေး၊ ​ပိုလန်၊ ​ကနေဒါ၊ ​အိန္ဒိယနဲ့ ​ဗီယက်နမ်နိုင်ငံသားတွေ ​ပါဝင်ပါတယ်။ ​ရာသီဥတု ​ဆိုးဝါးမှုကြောင့် ​အလောင်းတွေကို ​ပြန်မသယ်နိုင်သေးဘူးလို့လည်း ​သိရပါတယ်။

တောင်တက်သမား ​အယောက် ​၁၀၀ ​လောက် ​အဲဒီနေရာမှာ ​ရောက်ရှိနေတယ်လို့ ​ခန့်မှန်းရတဲ့အတွက် ​ရှာဖွေမှုတွေ၊ ​ဆက်သွယ်မှုတွေ ​ပြုလုပ်နေကြပါတယ်။ ​ဒါပေမဲ့ ​ဖုန်းအဆက်အသွယ် ​မကောင်းတဲ့အတွက် ​တောင်တက်သမားတွေနဲ့ ​အဆက်အသွယ် ​မရသေးပါဘူး။

ဒီလို ​ရာသီအတွင်း ​တောင်တက်ဖို့ ​ကောင်းမွန်တဲ့အတွက် ​အဲဒီနေရာကို ​တောင်တက်သမား ​ထောင်နဲ့ချီ ​လာရောက်လေ့ရှိတယ်လို့လည်း ​အေဘီစီ ​သတင်းထောက် ​Stephanie ​March ​က ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

ကျောင်းသားကို ရိုက်နှက်မှု ရဲဝန်ထမ်းများ တောင်းပန်စေလို


16 October 2014
မြိတ်မြို့နယ်၊ ကလွင်ကျေးရွာ ဘုန်းတော်ကြီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျောင်းသား တစ်ဦးကို ရဲဝန်ထမ်း ၁၂ ဦးက အင်အားသုံး ဝင်ရောက်ရိုက်နှက်ခဲ့တာကို အရေးယူပေးဖို့နဲ့ ဆရာတော်တွေ ကျေနပ်တဲ့အထိ တောင်းပန်ဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တောင်းဆို ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဖြေရှင်းမပေးဘူးဆိုရင် တရားမျှတမှုရရှိရေးအတွက် မိမိတို့ဆန္ဒပြမှာဖြစ်တယ်လို့ မြိတ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင် ကိုအောင်နိုင်ဦးက RFA ကို ပြောပါတယ်။

"ရဲ ၁၂ ယောက်စလုံးကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုထားတယ်၊ နောက်တစ်ချက်က ကျောင်းဝင်းထဲကို ဖိနပ်စီးဝင်ပြီးတော့ အတင်းအဓမ္မ ဝင်ပြီးတော့ရိုက်တာဟာ သာသနာတော်ကို စော်ကားတာရောက်နေတဲ့အတွက် အဲဒီ့ ဆရာတော်ဘုရားကြီးကို ကျေနပ်တဲ့အထိတောင်းပန်ပေးဖို့ ကျနော်တို့ကတော့ ရဲတပ်ဖွဲ့ကို တောင်းဆိုထားတယ်၊ မလုပ်ပေးရင် ပြည်သူတွေပေါင်းပြီးတော့ ဆန္ဒပြသွားမယ်"

မြို့နယ်ဒု-ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး သူတို့ရဲတပ်ဖွဲ့ကို ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်တစုံတယောက်ကမှ လာရောက်အမှုဖွင့်ခြင်း သို့မဟုတ် တောင်းဆိုထားခြင်းမရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လည်ပိုင်းက မြိတ်မြို့နယ် ကလွင်ကျေးရွာက မဟာရံသီ ဘုန်းကြီးကျောင်းဝင်းအတွင်း စာကျက်နေတဲ့ အဝေးသင်ဥပဒေ တတိယနှစ်ကျောင်းသား မောင်ညီညီစိုးကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရိုက်နက်ခဲ့ရာကနေ အခုလို မကျေနပ်မှုပေါ်ပေါက်လာတာဖြစ်ပါတယ်။

RFA Burmese

အိမ်အကူကို ကိုယ်အင်္ဂါထိခိုက်အောင် ရိုက်နှက်သည်ဟုဆိုသည့် မြောက်ဥက္ကလာပဆေးရုံကြီးမှ ဆရာဝန်မိသားစုအား သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေ


မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တွင် အိမ်အကူမိန်းကလေးတစ်ဦးအား ကိုယ်အင်္ဂါထိခိုက်အောင် ရိုက်နှက်သည်ဟုဆိုသည့် ဆရာဝန်မိသားစုအား ခေါ်ယူစစ်ဆေးနေပြီ ဖြစ်ကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းမှ အောက်တိုဘာ ၁၄ ရက်က သိရသည်။

“အမှုဖွင့်ခံထားရတဲ့ ဆရာဝန်မိသားစုကို ခေါ်ယူစစ်ဆေးနေပါပြီ။ အခြားစစ်ဆေးစရာလေးတွေကို စစ်ဆေးပြီးသွားရင်တော့ တရားစွဲဆိုနိုင်ဖို့အတွက် လာမယ့်အပတ်ထဲမှာ ဥပဒေအကြံပေး တောင်းခံသွားဖို့ရှိပါတယ်”ဟု ထောက်ကြန့်နယ်မြေရဲစခန်း မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလခန့်တွင် မြန်အောင်မြို့နယ် ဇလုပ်ကြီးအုပ်စု ကန့်ဘလူကျေးရွာနေ မ....(၁၄နှစ်) သည် ဒေါ်--၏ အဆက်အသွယ်ဖြင့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲ(၃)ရပ်ကွက်ရှိ ဆရာဝန်မိသားစုအိမ်တွင် အိမ်အကူလုပ်ရန် ရောက်ရှိလာခဲ့ပြီး တစ်လကျော်ခန့်အကြာ နောက်ပိုင်းတွင် အိမ်ရှင်နှင့်ဆရာဝန်ဖြစ်သည့် ၎င်း၏သမီးနှင့် သမက်တို့က မ....(၁၄ နှစ်)အား ဟင်းခိုးစားသည်ဟုဆိုကာ မျက်နှာအား ယောင်းမ၊ ငရုတ်ကျည်ပွေ့တို့ဖြင့် ထုရိုက်ခြင်း၊ အ၀တ်လျှော်သည့်အခါ မပြောင်ဟု ဆိုသည့်အခါ၊ စိတ်တိုင်းမကျသည့်အခါများတွင်လည်း ၀ါးရင်းတုတ်၊ တံမြက်စည်းတို့ဖြင့်လည်း ရိုက်နှက်ခဲ့ကြောင်း မ....(၁၄ နှစ်)က ဆိုသည်။

ထို့အပြင် ရိုက်နှက်ခံရ၍ လက်များတွင် ပေါက်ပြဲ၊ ရောင်ရမ်းဒဏ်ရာများ ရရှိနေစဉ်တွင်လည်း အိမ်ရှင်ဖြစ်သူ ဒေါ်နုနုစိန်ဆိုသူ၏သမီး ဆရာဝန် မသဉ္ဇာစိုးဆိုသူက ၎င်းကလေး၏အနှီးများကို လျှော်ဖွတ်ခိုင်းခဲ့ပြီး ရေညစ်၍ လက်များက ထွက်သောသွေးများ က အနှီးများကို ပေသည်ဆိုကာ ရေနွေးဖြင့် ပြုတ်လျှော်ခိုင်းခဲ့ကြောင်း၊ ရေနွေးဆူသည့်အခါတွင်လည်း အိုးထဲသို့အနှီးအားစိမ်ခိုင်းပြီး မ....(၁၄ နှစ်) ၏လက်ကိုလည်း လက်တွင် ပိုးများရှိသည်ဟုဆိုကာ လက်ကိုပါစိမ်ခိုင်းကာ နှိပ်စက်ခဲ့ကြောင်း မ....(၁၄ နှစ်)၏ ပြောပြချက်အရ သိရသည်။

အိမ်ရှင် ဒေါ်နုနုစိန်ဆိုသူ၏ သမီးနှင့် သမက်တို့မှာ မြောက်ဥက္ကလာပဆေးရုံကြီးတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း မ....(၁၄ နှစ်)၏ မိသားစုများထံမှ သိရသည်။  ထောက်ကြန့်နယ်မြေရဲစခန်းက စက်တင်ဘာလက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
 မင်းသိန်းနိုင် Eleven Media Group

မြန်မာနှစ်ဦး စွပ်စွဲဖမ်းဆီးခံထားရသည့် ခိုထောင်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာတွင် ကူညီရန် ဗြိတိန်ကမ်းလှမ်းချက်ကို ထိုင်းဝန်ကြီးချုပ် ပယ်ချ


 October 15, 2014
ထိုင်းနိုင်ငံ ခိုထောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ခရီးသည်နှစ်ဦး သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများအား ကိုင်တွယ်နေသည့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်၌ ထိုင်းအာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မြန်မာနှစ်ဦးကို စုံစမ်းစစ်ဆေးနေသည့် အမှုသည် ယုံကြည်စိတ်ချရပြီး ယင်းအမှုသည် ထိုင်းနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ဒေးဗစ်မီလာ (၂၄ နှစ်) ကို သတ်ဖြတ်မှုနှင့် ဟန်နာဝှစ်သာရစ် (၂၃ နှစ်) ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုတို့အတွက် ထိုင်းရဲတပ်ဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို တရားစွဲဆိုခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့က မြန်မာနှစ်ဦးသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး သူတို့၏ DNA နမူနာများသည် ဝှစ်သာရစ်၏ ခနာကိုယ်မှရရှိသော DNA နမူနာများနှင့် ကိုက်ညီမှုရှိသည်ဟု ဆိုသည်။

ယင်းလူသတ်မှုကို ကိုင်တွယ်ဖြေရှင်းနေမှုအား နက်နက်ရှိုင်းရှိုင်း စိုးရိမ်နေကြချိန်တွင် စုံစမ်းစစ်ဆေးမှုအတွက် ကူညီရန် ဗြိတိန်က ကမ်းလှမ်းခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်၏မှတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တရားခံဟု သံသယရှိခံရသည့် မြန်မာနှစ်ဦးသည် နှိပ်စက်ညှဉ်းပန်းခံရပြီး ဝန်ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ယင်းအမှုကို ဘဝင်မကျမှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။ သို့သော်လည်း ထိုင်းအစိုးရက ယင်းစွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

“ခိုထောင်အမှုဟာ ယုံကြည်စိတ်ချရတယ်လို့ ကျွန်တော်ယူဆပါတယ်” ဟု ပရာယွတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို စွဲချက်တင်ရန် အထောက်အထား အမြောက်အမြားရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

“ဘယ်သူမဆို ထိုင်းကိုလာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အရေးဟာ ကျွန်တော်တို့အရေးပဲ ဆိုတာကို မေ့လို့မရပါဘူး” ဟု သူက ဗြိတိန်၏ ကမ်းလှမ်းမှုအား ရည်ညွှန်းပြီး ပြောကြားခဲ့သည်။

“အစပိုင်းတုန်းက မဖြစ်နိုင်ဘူး ထင်ခဲ့ရပေမယ့်လည်း သံသယရှိသူတွေကို ကျွန်တော်တို့ အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ပရာယွတ်က ပြောကြားခဲ့သည်။

ဗြိတိန်သံအမတ်ကြီး မက်ကန့်က သူသည် မြန်မာသံအမတ်ကြီး၊ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောပြခဲ့ခြင်း မရှိပေ။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုမတိုင်ခင် မြန်မာနိုင်ငံ နေပြည်တော်ရှိ သမ္မတရုံးမှ အရာရှိတစ်ဦးက ယင်းတွေ့ဆုံဆွေးနွေးမှုသည် အများက ထိုင်းအာဏာပိုင်များအနေဖြင့် မှားယွင်းကိုင်တွယ်မှုများ ရှိခဲ့သည်ဟု စွပ်စွဲထားသော အဆိုပါအမှုနှင့် ပတ်သက်၍ မျှတ၍ စစ်မှန်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရေးအတွက် အထောက်အကူဖြစ်စေရန် မျှော်လင့်ကြောင်း အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၃ ရက်တွင် ဗြိတိန်အစိုးရသည် လန်ဒန်ရှိ ထိုင်းနိုင်ငံ သံအမတ်ကို ဆင့်ခေါ်ကာ အမှုအား စုံစမ်းစစ်ဆေးမှုကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ အမှန်တကယ် စိုးရိမ်မိကြောင်း အထူးပြု ပြောကြားခဲ့သည်။

ဗြိတိန်အငယ်တန်း နိုင်ငံခြားရေးဝန်ကြီး ဟူးဂိုးဆဝိုင်ကလည်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် အမှုအား စုံစမ်းစစ်ဆေးရေးနှင့် ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရေးကို အကူအညီပေးရန်အတွက် ဗြိတိန်ရဲတပ်ဖွဲ့အနေဖြင့် အသင့်ရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော် ထိုင်းအစိုးရက ဗြိတိန်၏ ကူညီရန်ကမ်းလှမ်းမှုကို တုံ့ပြန်ခြင်းရှိမရှိ သေချာစွာသိရခြင်း မရှိသေးပေ။

အခင်းဖြစ်ပွားပြီးနောက် ရက်များအတွင်း စုံစမ်းစစ်ဆေးမှုများ အလွဲလွဲအချော်ချော် ဖြစ်နေသည်ဟု ဗြိတိန်မီဒီယာများ ဦးဆောင်ကာ စွပ်စွဲဝေဖန်မှုများ ထွက်ပေါ်ခဲ့သောကြောင့် ထိုင်းအာဏာပိုင်များအား ပြင်းထန်သော စောင့်ကြည့်သုံးသပ်မှုများ ဖြစ်ပွားနေသည့်အချိန်တွင်
 မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Eleven Media Group

Wednesday, October 15, 2014

UPWC နှင့် NCCT တို့ NCA အတွက် အောက်တိုဘာလအတွင်း တွေ့ဆုံရန်ရှိ

 
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA အတွက်  အောက်တိုဘာလ အတွင်း နှစ်ဖက်တွေ့ ဆုံ ဆွေးနွေးနိုင်ရန်  အကြောင်းကြားထားကြောင်း MPC  အကြီးတန်း အကြံပေးက  ပြောသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ NCCT ဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း၊ ပြင်ဆင်နေဆဲကာလ ဖြစ်သဖြင့် ဆွေးနွေးပွဲရက်အတိအကျ မသတ်မှတ်ရသေးကြောင်း မြန်မာငြိမ်းချမ်းရေးဗဟိုဌာန MPC ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးလှမောင်ရွှေ ဆိုသည်။

၎င်းက  “ဒီလအတွင်းတော့ ဆွေးနွေးဖို့ရှိပါတယ်”ဟု အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

(KNPP) ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ NCCT အဖွဲ့ဝင် ခူးတော်ရယ်က ဆွေးနွေးရန် အချိန်နေရာ အတိအကျမရှိသေးေ ကြာင်း ပြောကြားသည်။

“ဒီလမဖြစ်လည်း နောက်လထဲမှာလုပ်ဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဆွေးနွေးပွဲများမှ နားလည်မှုမရသေးသည့် ကိစ္စရပ်များကို ညှိနှိုင်းမည့် ထပ်မံတွေ့ဆုံမှုသည် အလွတ်သဘောမဟုတ်ကြောင်း ၎င်းကဆိုသည်။

 “တခြားအသစ်တော့ဆွေးနွေးမယ့် အချက်မရှိလောက်ပါဘူး။ အရင်ဆွေးနွေးပွဲက မကျသေးတဲ့ဟာတွေပဲ ပြန်ပြီးဆွေးနွေးရမယ် သဘောပဲရှိပါတယ်” ဟု ခူးတော်ရယ် ကဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)  တို့သည် စက်တင်ဘာ ၂၂ မှ ၂၆ ထိ (MPC) မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင်  တစ်နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးစာချုပ် ကို ၅ ရက်ကြာ ဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် လွှတ်တော်သို့ တင်သွင်းရေး၊ လုံခြုံရေးဆိုင် ရာ ပေါင်းစည်းရေးနှင့် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးမှုများ မကျေမလည်ဖြစ်ခဲ့သည်။

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည့်  ကိစ္စကို NCA တွင် မူအရလက်ခံထားပြီးဖြစ် ကြောင်း ခူးတော်ရယ်က ပြောသည်။
သျှမ်းသံတော်ဆင့်

မန္တလေး ကာယ ဗလမောင်/ အလှမယ် ပြိုင်ပွဲ သျှမ်း မောင်/မယ် နှစ်ဦး ပထမ ဆု ဆွတ်ခူး

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစီးကျင်းပသည့် ကာယ ဗလမောင်/အလှမယ် ပြိုင်ပွဲအား မန္တလေးမြို့တော်ခန်းမ၌ ယမန်နေ့  ၁၄၊၁၀၊၂၀၁၄  ရက်နေ့က ကျင်းပရာ သျှမ်းမောင်မယ် နှစ်ဦး က ပထမဆုနှင့် ဒုတိယဆု အသီးသီးဆွတ်ခူးရရှိသည်ဟုဆိုသည်။


မန္တလေးတိုင်းဒေသကြီး  အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား  ကာယကြံ့ခိုင်မှုအလှမယ် မူစယ်သူ နန်းလောဝ်ခမ်း ပထမဆု ဆွတ်ခူးနေစဉ် (Photo: Sai Chit Ngwe)

ကိုယ်ကာယ ဗလမောင်ပြိုင်ပွဲတွင် မိုင်းကုတ်သား စိုင်းဟင်ပေါင်း (ခေါ်) စိုင်းချစ်ငွေ က ကီလို ၇၀ တန်း ပြိုင်ပွဲတွင်ပထမ၊ ဆုရှင်များ စုပေါင်းပြိုင်ပွဲတွင် ဒုတိယ ရရှိကြောင်းနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု အငယ်တန်းပြိုင်ပွဲတွင် နန်းလောဝ်ခမ်း ကလည်း ပထမဆု ရရှိခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ပထမဆုရ ကာယ ဗလမောင် မိုင်းကုတ်သား စိုင်းဟင်ပေါင်း (ခေါ်) စိုင်းချစ်ငွေ (Photo: Sai Chit Ngwe)


 “ပြိုင်ပွဲက  ၆၀- ၆၅- ၇၀- ၇၅ နဲ့ ၇၅ ကီလို အထက် စတဲ့ ပြိုင်ပွဲဝင်အတန်းအမျိုးအစား ၅ တန်း ရှိတယ်။ ကျနော်က ၇၀ ကီလိုတန်းမှာ ပြိုင်တာ။ ၇၀ ကီလို အတန်းမှာ ကျနော်က ပထမ ရတယ်။ အဒီအတန်း ပထမ ဆု ၅ ယောက် မှာတော့ ကျနော်က ဒုတိယ ဆုပါ” - စိုင်းဟင်ပေါင်း က ပြောသည်။

ထို့အတူ မန္တလေးမြို့နေ မူစယ်ဇာတိ နန်းလောဝ်ခမ်းက - “၂၀၁၃ ခုနှစ်လပိုင်းမှာ ဒုတိယဆု၊ ၂၀၁၄ ခု ဂျွန်လ ရွှေမန်းမယ်ပြိုင်ပွဲမှာ ပထမဆု ရခဲ့ပါတယ်။  ဒီ ၂၀၁၄ ဩဂုတ်လတုန်းက တောင်ကြီးမြို့ ဖိတ်ခေါ် ပြိုင်ပွဲတုန်းကတော့ ပြည်နယ်ဆု ဒုတိယဆု၊ ဖိတ်ခေါ်ဆု လဲ ဒုတိယဆု နှစ်ဆုရလာတယ်။ အခုလဲ မြစ်ကြီးနား မှာသွားပြိုင်ဖို့ လူရွေးတော့ အငယ်တန်းမှာ ပထမ ဆုရတာပါ” - ဟု ပြောသည်။

စိုင်းဟင်ပေါင်းမှာမူ ရွှေမန်းမောင်ဆု သုံးနှစ်ဆက်တိုက် ပထမ အဆင့်ဆွတ်ခူးရရှိသူဖြစ်သည်။

၎င်းတို့နှစ်ဦးလုံးသည် လာမည့်အောက်တိုဘာ ၂၄ ရက်နေ့ မြစ်ကြီးနားမြို့၌ ကျင်းပမည့် ပြည်နယ် နှင့် တိုင်းပေါင်းစုံ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ၌ မန္တလေးတိုင်း ကိုယ်စား သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သျှမ်းသံတော်ဆင့်

အစိုးရစစ်တပ်နှင့် KIA တပ်ရင်း ၆ တို့ အကြားအငြင်းပွားနယ်မြေမှ ရွာသားများအား တခြားသို့ တိမ်းရှောင် ခွင့်မပြု

October 15, 2014 
အစိုးရစစ်တပ်နှင့် KIA တပ်ရင်း ၆ တို့ အကြားနယ်မြေအငြင်းပွားရာဒေသဖြစ်သည့် ဖားကန့်မြို့နယ် ကင်ဆီဆိုင်းရာဒေသ  အောင်ဘာလီကျေးရွာဒေသရှိ ဒေသခံများအား အစိုးရစစ်တပ်မှ တခြားဒေသသို့ ထွက်ပြေးခွင့်မပြုကြောင်း  ကချင်ငြိမ်းချမ်းရေးကွန်ယက် ဒေါ်ခေါန်ဂျာကပြောသည်။

“ရွာထဲကိုအကုန်ပြန်ဝင်ခိုင်းတယ်”ဟု ၎င်းက ဆိုသည်။

အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီခန့်က အစိုးရစစ်တပ်နှင့်ဖားကန့်ဒေသခံ ဘာသာရေးဆရာများ နှင့်တွေ့ဆုံပြီး ရွာသားများရွှေ့ပြောင်းရေးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းခဲ့ကြောင်း အောင်ဘာလီ ကျေးရွာဥက္ကဋ္ဌ  ဦးအားချူ ကပြောသည်။

ရွာသားများ ထွက်မပြေးရန်နှင့် ကျေးရွာကို ပြန်လည်ထိန်းသိမ်းရန် နှစ်ဖက်ညှိနှိုင်း ခဲ့ခြင်းဖြစ်ကြောင်း ဦးအာချူက ဆိုသည်။

တဖက်တွင်လည်း ရွာတွင်းသို့ အစိုးရစစ်တပ်ဝင်ရောက်အခြေချနေထိုင်မည်ကို  စိုးရိမ်လျက်ရှိကြောင်း ဒေသခံအချို့ က ဆိုသည်။

“အခုအခြေနေက ဗမာစစ်ကြောင်းက ဝင်ကိုဝင်မယ်လို့ပြောတယ်။ အောင်ဘာလီကိုဝင်လို့ရတယ် ပြန်ထွက်လို့မရတော့ဘူး။
လမ်းတွေလည်းအားလုံးပိတ်ထားတယ်”  ဟုအမည်မဖော်လိုသူ တစ်ဦး ကပြောသည်။
 ဥရုမြစ်အရှေ့ဘက်ခြမ်းရှိ အောင်ဘာလီကျေးရွာအနီးတဝိုက် တပ်စွဲထားသော KIA တပ်များ  ဖယ်ရှားရန် အစိုးရစစ်တပ် တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတစ်ခုက အောက်တိုဘာလ ၁၄ ရက် တွင်နှုတ်ဖြင့် အကြောင်းကြားခဲ့ရာမှ ဒေသခံများ စိုးရိမ်မှုဖြစ်လာရခြင်းဖြစ်သည်။

ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါကဒေသခံများတိမ်းရှောင်နိုင်ရန် ကျေးရွာအကျိုးပြုအဖွဲ့တစ်ခုဖြစ်သည့် ဖားကန့်အကျိုးဆောင်အဖွဲ့နှင့် ဘာသာရေးဆရာများက ကားများစီစဉ်ပေးမည်ဖြစ်ကြောင်း ဦးအာချူး ကဆိုသည်။
အောင်ဘာလီကျေးရွာတွင်အခြေချနေထိုင်သူ ၆၀၀ ၀န်းကျင်ရှိသည်။
သျှမ်းသံတော်ဆင့်

ရွာနှင့်အနီးဝန်းကျင်အား လက်နက်ကြီးအလုံး ၂၀ ကျော်ပစ်ခတ် ရွာသားများထိပ်လန့်



Wednesday, October 15, 2014

သျှမ်းပြည်တောင်ပိုင်း ကျေသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စု အတွင်း အခြေချနေထိုင်သည့် အစိုးရ တပ်မတော်စစ်ကြောင်းတခုက လက်နက်ကြီး အလုံး ၂၀ ကျော် ရပ်ရွာ ထဲသို့ပစ်ခတ် သောကြောင့် ရွာသားများ ထိပ်လန့်ကာ ရွာလုံးကျွတ်ဘုန်းကြီးကျောင်းသို့ တိမ်းရှောင်ကြ သည်ဟု ဆိုသည်။
အာက်တိုဘာ ၁၃ နှင့် ၁၄ ရက်နေ့အတွင်း အစိုးရ တပ်မတော် စစ်တိုက်လေယာဉ်များ၊ရဟတ် ယာဉ်များ ဝမ့်ဟိုင်းဒေသသို့ နေ့စဉ်ပျံသန်းကြောင်း၊  အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် ဝမ့်ဝပ်ကျေးရွာအုပ်စု အတွင်းသွား လာလှုပ်ရှားသည့် အစိုးရတပ်မတော် စစ်ကြောင်းတခုက ဝမ့်တဖန်ကျေးရွာတွင် ချ၍ ပန်စေ့ကျေးရွာ နှင့် အနီးတဝိုက်သို့ ၆၀ မမ အမျိုးအစား အလုံး ၂၀ ကျော် ပစ်ခတ်ခဲ့သည့် အတွက် ပန်စေ့ဒေသခံများ ဝမ့်ဝပ် ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းသို့ ထွက်ပြေးကြသည်ဟု ဆိုသည်။

“ကျနော်တို့ရွာထဲ ၊ ရွာအနီး၊ လယ်တော တွေမှာ လက်နက်ကြီးတွေကျတယ်။ သျှမ်းစစ်သား တွေကို ကူညီထောက်ပံ့ရင် ရွာကိုမီးရှို့ပစ်မယ်လို့လဲ ခြိမ်းခြောက်ထားတော့ ကျနော်တို့ရွာကို တကယ်လုပ် တော့မှာလား ဆိုပြီးကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးကြတယ်။ ဝမ့်ဝပ်ဘုန်ကြီးကျောင်းကိုဘဲပြေးရတာပေါ့” - ဟု အမည်မဖေါ်လိုသည့် စစ်ဘေးရှောင်သူ တဦးက ပြောသည်။

“ပစ်ခတ်မှုကြောင့် လူနဲ့တိရစ္ဆာန်မထိဘူး။ ရမ်းပစ်တာပါ။ နမ့်ပုတ် တပ်စခန်းမှာ သူတို့ ရဟတ်ယာဉ် လာဆင်းလို့  ပစ်ခတ်ခြိမ်းခြောက်တာထင်ပါရဲ့။ ရဟတ်ယာဉ် ဆင်းနေစဉ် တိုက်ဂျတ်လေယာဉ် သုံးစင်းလဲ လာပတ်တယ်။ လက်နက်ကြီးပစ်ခတ်တာဟာ  စစ်ရေးအရ ဒီဘက်ကနေ ခြိမ်းခြောက်ပြီး တဖက်ကလည်း ကျနော်တို့ တပ်အင်အားကို မျှားခေါ်တဲ့ သဘောလို့ဘဲထင်ပါတယ်။” - ဟု ဒေသအတွင်း SSPP/SSA တပ်မှူး တဦးကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲအခြေစိုက် ရလခ စစ်တိုင်းမှူးက သျှမ်းပြည်တပ်တော် SSPP/SSA အား ကျေးသီး - ပန်စေ့- လွယ်ယွဲ- ခိုလောင်း လမ်းမကြီးမှ  အတွင်းပိုင်းသို့ သုံးမိုင်ခန့် တပ်ထပ်ဆုတ်နေထိုင် ရန် ခိုလမ်ရှိ ဆက်ဆံရေးရုံးမှ တဆင့် ဖုန်းဖြင့် ညွှန်ကြားထားသည်။

“ကျနော်တို့မရှောင်ရင် သူတို့နည်းသူတို့ဟန်နဲ့ လုပ်ဆောင်သွားမယ်တဲ့။ အင်အား သုံးပြီး တိုက် ခိုက်  မယ် ဆိုတဲ့သဘောပေါ့။ ကျနော်တို့တော့ မရှောင်နိုင်ဘူး။ လာရင်ခုခံတိုက်မှာဘဲ။ ဒီနေ့ ၁၅၊၁၀၊၂၀၁၄ လဲ    
 ပန်စေ့မှာ တိုက်ပွဲ ပြန်ဖြစ်နေတယ်” - ဟု အဆိုပါတပ်မှူးကပြောသည်။

  ကျေးသီး ပန်စေ့ လွယ်ယွဲ ခိုလောင်း လမ်းသည် ၁၉၉၅ ခုနှစ်ကတည်းက သျှမ်းပြည် တပ်မတော် SSPP/SSA ဘက်မှ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော ကျောက်ခင်းလမ်းဖြစ်သည်။
သျှမ်းသံတော်ဆင့်

ဘရာဇီး ထောင်အုံကြွမှုတွင် အကျဉ်းသား အချင်းချင်း မီးရှို့ကာ ထောင်ခေါင်မိုးပေါ်မှ ပစ်ချ

Prison
ပုံစာ - ဂူရာပူရာဗာ အကျဉ်းထောင် ခေါင်မိုးပေါ်မှ အကျဥ်းသားများ။ ယင်းတို့က လူခုနှစ်ဦးကို မီးရှို့ပြီး အကျဉ်းထောင် ခေါင်မိုးပေါ်မှ ပစ်ချခဲ့ သည်။ ဓာတ်ပုံ - Mirror

ဘရာဇီး နိုင်ငံတောင်ပိုင်း ဂူရာပူရာဗာရှိ အကျဉ်းထောင် တစ်ခုတွင် ထောင်အုံကြွမှု ဖြစ်ပွားရာ အကျဉ်သား များက ဖမ်းဆီး ထားသည့် ဓားစာခံများ အနက်မှ ခုနှစ်ဦးကို မီးရှို့ ပြီး အကျဉ်းထောင် ခေါင်မိုးပေါ်မှ ပစ်ချသည် အထိ ဆူပူအုံကြွမှု ပြင်းထန် ခဲ့သည်။
ထောင်ဆူ မှုမှာ တနလာင်္နေ့ က စတင် ဖြစ်ပွားခြင်း ဖြစ်သည်။ အကျဉ်းသား များက ထောင်ဝန် ထမ်း ၁၂ ဦးကို ဓားစာခံ လုပ်ထား သည်။ အခြား အကျဉ်းသား ၁၆၀ ကိုလည်း ဓားစာခံ အဖြစ် ဖမ်းဆီး ထားကြောင်း အာဏာပိုင် များက ပြောသည်။ ထောင်ဝန်ထမ်း နှစ်ဦးနှင့် ထောင်သား ငါးဦးတို့ ကို အကျဉ်းသား များက မီးရှို့ ကာ ထောင်အမိုး ပေါ်မှ ပစ်ချ ခဲ့ကြောင်း စကိုင်းနယူး က ဖော်ပြသည်။ သို့ သော် မီးရှို့ ပစ်ချခံရသူ အားလုံး အသက်မသေဘဲ ဆေးရုံ တင်ပို့ ပေး ထားခဲ့ သည်။
အကျဉ်းသား များက ထောင်တွင်း အိပ်ရသည့် အနေအထားနှင့် အကျွေးအမွေး မကောင်း ခြင်းကြောင့် ယခုကဲ့သို့ ထောင်အုံကြွခြင်း ဖြစ်ကြောင်း သိရသည်။ ထိုပြင် ၎င်းအကျဉ်း သား များက မိုဘိုင်းဖုန်း ကိုင်ဆောင်ခွင့်လည်း တောင်းဆို ထားသည်။ ယခု ကဲ့သို့  ထောင်ဆူပူမှု အတွက် သက်ဆိုင်ရာ အာဏာပိုင် များက အကျဉ်းသား များနှင့် ညှိနှိုင်း ခဲ့ရသည်။
ထိုကဲ့သို့ သော ထောင်ဆူမှု သြဂုတ်လ အတွင်းက ကက်စ်ကာဗယ် အကျဉ်းထောင်တွင် ၄၈ နာရီကြာ ဖြစ်ပွားရာ လူငါးဦး သေဆုံးခဲ့သည်။ ထိုအကျဉ်း ထောင် မှ အကျဉ်းသား ၈၀၀ကို အခြား အကျဉ်းထောင် များသို့ လူခွဲ၍ ပို့ ထားခဲ့ ရသည်။
လူခွဲပို့ ရာတွင် ယခု အုံကြွမှု ဖြစ်သည့်  ဂူရာ ပူရာဗာ အကျဉ်းထောင်သို့  အကျဉ်းသား ဆယ်ဦး ကို ပို့ ခဲ့သည်။ ဂူရာပူရာဗာ အကျဉ်း ထောင်တွင် စက်တင်ဘာ ၇ရက် ကလည်း အုံကြွမှု ဖြစ်ပွား ထားသည်။ အဆိုပါ အုံကြွမှု အတွင်း ထောင်ဝန်ထမ်း ၁၄ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီး ခဲ့သည်။
  Mizzima

ဖြူနှင်းထွေး လွတ်ပြီ

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်းတောင်စီမံကိန်း ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲမှုဖြင့် အကျဉ်းသူ ဘဝဖြင့် အမှုစစ်ဆေးခံနေရသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ)အဖွဲ့ဝင် ကျောင်းသူ မဖြူနှင်းထွေးကို အောက်တိုဘာ ၁၅ ရက်တွင် ယင်းမာပင်ခရိုင်တရားရုံးက တရားရှင်လွှတ်ပေးလိုက်ပြီဖြစ်သည်။
Ba-Ka-Ta-Phyu-Hnin
ဗကသကျောင်းသူ မဖြူနှင်းထွေးကို တတိယအကြိမ်မြောက်အဖြစ် ရုံးထုတ်လာသည်ကို ယင်းမာပင်ခရိုင် တရားရုံးရှေ့တွင် စက်တင်ဘာ ၁၃ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုတိုးကြီး၊ မဇ္ဈိမ)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီတူးဖော်ထုတ်လုပ်ရေး မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီပွားရေး ဦးပိုင်လီမိတက် တာဝန်ခံမန်နေဂျာ ဦးလှစိန်ဆိုသူက အမှုဖွင့် ထားခြင်းဖြစ်ပြီး စွဲချက်မတင်မီ အမှုကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
"တရားလိုဦးလှစိန်က အမှုကိုရုတ်သိမ်းလိုက်ပြီးတော့မှ လွတ်လိုက်တာပေါ့။ နှစ်နာရီခွဲလောက်မှာပါ။ တရားလိုဘက်က ဆုံးဖြတ်ချက်ပေါ့။ တရားလိုဘက်က ဒီအမှုကိုဆက်ပြီးတော့ စစ်မယ်ဆို အကျိုးမရှိဘူး။ အဲ့သဘောပေါ့"ဟု မဖြူနှင်းထွေး၏ အကိုဖြစ်သူ ကိုဖြိုးက မဇ္ဈိမကို ပြောသည်။
ယင်းမတိုင်မီ နှစ်ရက်အလိုအထိ မန္တလေးအဝေးသင်တက္ကသိုလ် မြန်မာစာ ဒုတိယနှစ်ကျောင်းသူ မဖြူနှင်းထွေး၏ အာမခံလျှောက်ထားမှုကို ယင်းမာပင် တရားရုံးက ပယ်ချထားသည်။
“သမီးလွတ်မြောက်ဖို့အတွက်နဲ့ သမီးအတွက် စိတ်ပူပင်ပေးကြတဲ့ ပြည်သူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်”ဟု တရားရုံးမှ ပြန်အထွက်တွင် ၎င်းက ပြောသည်။
၎င်းကို လွှတ်ပေးရန် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တို့က ယင်းမာပင် ခရိုင်တရားရုံးနှင့် ယင်းဒေသအတွင်းရှိ လက်ပံတောင်းကြေးနီစီမံကိန်းရုံးချုပ် ရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ မဖြူနှင်းထွေးကို မေ ၁၈ ရက် ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းကျေးရွာဟောင်းအတွင်း ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦး ထိန်းသိမ်း ခံရမှုဖြစ်စဉ်တွင် ပါဝင်သည်ဟုဆိုကာ အမှုရင်ဆိုင်ရခြင်းဖြစ်သည်။
၎င်းကို စက်တင်ဘာ ၁၃ ရက်က မန္တလေးမြို့၊ ပုသိမ်ကြီး အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဆားလင်းကြီးမြို့နယ် ရဲစခန်းက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၄/၃၆၈ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကိုတိုးကြီး၊ မင်းမင်း  မဇ္ဈိမ

ပုသိမ်ရှုခင်းကြည့်ခရီးစဉ် ၁၀ ယောက်စီးလေယာဉ်ဖြင့် ပြေးဆွဲတော့မည်

Myanma-Airways 
ရန်ကုန်လေဆိပ်တွင် ရပ်ထားသည့် ၁၀ယောက်စီး Grand Caravan လေယာဉ် တစ်စီးကို တွေ့ရစဉ်။ (ဓာတ်ပုံ - မြန်မာ့လေကြောင်း)
ရန်ကုန် (မဇ္ဈိမ) ။ ။ ပုသိမ်-ငွေဆောင်-မော်တင် နှင့် ပုသိမ်- ငွေဆောင်- ချောင်းသာ- ပုသိမ် ရှုခင်းကြည့် ခရီးစဉ်အတွက်
မြန်မာ့လေကြောင်းက အောက်တိုဘာ ၁၈ ရက်က စတင်ကာ ၁၀ ယောက်စီး Grand Caravan လေယာဉ် စတင်ပြေးဆွဲမည် ဖြစ်သည်။
ယင်းခရီးစဉ်နှစ်ခုတွင် Promotion ကာလ၌ ပုသိမ်-ငွေဆောင်-မော်တင် ခရီးစဉ်အတွက် တစ်ဦး ကျပ် ၃၀၀၀၀၊ ပုသိမ်- ငွေဆောင်- ချောင်းသာ- ပုသိမ် ခရီးစဉ်အတွက် ၂၅၀၀၀ ဖြင့် ပျံသန်းပြေးဆွဲမည်ဟု နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
ထိုနေ့တွင်ပင် ရန်ကုန်- ပုသိမ် ခရီးစဉ်ကို Grand Caravan လေယာဉ်ဖြင့် ပျံသန်းမည်ဖြစ်ကာ သုံးသောင်းကျသင့်မည်ဖြစ်သည်။
ရန်ကုန်- ပုသိမ် ခရီးစဉ်အတွက် ရန်ကုန်မှ နံနက် ၈နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ပုသိမ်မှ ရှုခင်းကြည့် ခရီးစဉ်များကို သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များတွင် ခရီးသည်လိုအပ်ချက် ရှိသလောက် ပျံသန်းပြေးဆွဲမည်ဖြစ်သည်။
 

e စီးကရက် သုံးစွဲသူများ သတိထား

 e-cegrette
 e စီးကရက် ပေါက်ကွဲခဲ့သောကြောင့် ဒေးဗစ်၏ ခြေထောက်တွင် ဤကဲ့သို့ အပေါက်ကြီး ဖြစ်သွားခဲ့သည်။ ဓာတ်ပုံ - Daily Mail
စီးကရက်များက အသက် အန္တရာယ်ကို ခြိမ်းခြောက် လာသောကြောင့် ကျန်းမာရေး အတွက် စီးကရက်ဖြတ်ရန် စီးကရက် အစားထိုး သောက်သုံးစရာ တစ်ခုဖြစ်သည့် e စီးကရက်ကို ပြောင်းလဲ သုံးစွဲသူ တစ်ဦးမှာ  ယင်း လျှပ်စစ်စီးကရက် ပေါက်ကွဲသဖြင့် အသက်ဘေးမှ သီသီလေး လွတ်မြောက် ခဲ့သော်လည်း ကံမကောင်း အကြောင်းမလှ စွာဖြင့် ခြေထောက်တွင် သေနတ်မှန် သကဲ့သို့ ဒဏ်ရာ ရပြီး ဆေးရုံတက်ခဲ့ရသည်။
 ဗြိတိန် နိုင်ငံမှ အသက် ၄၈နှစ် ရှိသော ဒေဗစ်အက်စပင်းနဲလ် ဆိုသူသည် သူ၏ တိုက်ခန်း အတွင်း e စီးကရက်ကို သောက်နေ စဉ် ပေါက် ကွဲ ခြင်းဖြစ်သည်။ e စီးကရက် အတွင်း အပူချိန် မြင့်တက် လာစဉ် ၎င်းက ကြောက်လန့်တကြား လွှတ်ချလိုက်ရာ အချိန်မီကလေး အသက်ဘေး မှ လွတ် ခဲ့ရခြင်း ဖြစ်ပြီး ကြမ်းပြင်ပေါ် အရောက်တွင် ပေါက်ကွဲခဲ့ရာ ခြေသလုံးတွင် သေနတ်ဖြင့် ပစ်ခံရသလို နက်ရှိုင်းသည့် အခေါင်းပေါက်ကြီး ဖြစ်သည့်အထိ ဒဏ်ရာရ သွားခြင်း ဖြစ်သည်။
"သေနတ် ဒဏ်ရာလို ပြင်းထန်တယ်။ အဲဒါက ပေါက်ကွဲပြီး ကျွန်တော့် အခန်းတွင်း မှာလည်း မီလောင်တယ်။ သတ္တုစ တွေက ကျွန်တော့် ခြေသလုံးကို သေနတ်ပစ် ခံရသလို ဒဏ်ရာရစေ ခဲ့တယ်ဗျ။ အခန်းထဲက ပရိဘောဂ တွေမှာလည်း သတ္တုစတွေ စိုက်ဝင်နေ တာ တွေ့ ရတယ်"ဟု ဒေးဗစ်က ပြောသည်။ ဒေးဗစ်သည် ဆေးရုံပေါ်တွင် ကိုးရက်ကြာ ယင်းဒဏ်ရာ များကို ကုသ ခဲ့ရသည်။ ပေါက်ပြဲ ပျက်စီးသွားသော အရေပြားများ အကောင်းအတိုင်း ပြန်ဖြစ်လာ ရန်လည်း သုံးနှစ်ခန့် မျှ အချိန်ယူ ရနိုင်သည်။
"အဲဒီအချိန်က e စီးကရက်က အပူလွန်လာတယ်။ ကျွန်တော့် လက်ထဲ ရှိနေစဉ်မှာပေါ့။ ကျွန်တော် လွှတ်ချ မိခဲ့လို့ ပါ။ ကျွန်တော်သာ လွှတ်မ ချ မိခဲ့ရင် ကျွန်တော့် ခေါင်းတော့ ရစရာ ရှိမှာ မဟုတ်ဘူး။ ကျွန်တော့်ခေါင်းပါ ပေါက်ကွဲသွား နိုင်တယ်။ လွှတ်ချလိုက်လို့ ခြေထောက်ပဲ မှန်ခဲ့တာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်၍ပြောသည်။
ထိုသို့ သေဘေးသို့ နီးသွားခဲ့ရပြီး နောက်ပိုင်းတွင် ဒေးဗစ်က ကျန်းမာရေး အတွက် အသုံးပြု ခဲ့သည့် e စီးကရက်ကို အသက်ဘေး အန္တရာယ်ကြောင့် စွန့် လွှတ်ကာ ဆေးရွက်ကြီး ပါဝင်သည့် စီးကရက်ကို ဘေးကင်းသည်ဟု ဆို၍ ပြန်သောက် နေခဲ့ပြီ ဖြစ်သည်။ ဒေးဗစ်၏ အဖြစ်အပျက် မတိုင်မီ အလားတူပင် e စီးကရက် ပေါက်ကွဲမှု ဖြစ်၍ အသက် ၆၂နှစ်အရွယ် လူတစ်ဦး သြဂုတ်လ အတွင်း သေဆုံးခဲ့သည်။
e စီးကရက် ထပေါက်ကွဲမှု ဖြစ်ရသည်မှာ အိပ်ခန်း အတွင်း ၎င်းကို အားသွင်းစဉ် လွန်ကဲစွာ သွင်းမိခြင်းကြောင့် ပေါက်ကွဲ မှု ဖြစ်ကာ အောက်ဆီ ဂျင်နှင့် ထိတွေ့ ၍ မီးပါ လောင်ရခြင်း ဖြစ်သည်ဟု စုံစမ်းစစ်ဆေး သူများက ပြောသည်။
Ref: Daily Mail
 

KIA တပ်ရင်း ၆ ကို တပ်စခန်းမှ ဆုတ်ခွာရန် တပ်မတော် ထပ်မံသတိပေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်းကို ဆုတ်ခွာပေးရန် အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရ စစ်တပ်က ထပ်မံ ပြောဆိုခဲ့ပြီး အစိုးရ ဘက်မှ စစ်ရေးအရ ဖြေရှင်းမည့် အခြေအနေတွင် ရှိနေသည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိ ဦးလနန်က မဇ္ဈိမကို ပြောသည်။
KIA-1
အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ခလရ ၁၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျ အောက်တိုဘာလ ၁၄ ရက် နောက်ဆုံးထား ဆုတ်ခွာပေးရန် အောင်ဘာလေကျေးရွာ ရွာလူကြီးများမှ တဆင့် ပြောဆိုခဲ့သလို၊ အောက်တိုဘာလ ၁၅ ရက်တွင်လည်း အစိုးရ စစ်တပ်က ဖယ်ပေးရန် ထပ်မံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အဓိက တပ်ရင်း ၆ မှာ စစ်ရေးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပုံစံအနေနဲ့ သူတို့ ခြိမ်းခြောက်တဲ့ အနေအထားရှိတယ်။ ကျန်တဲ့ဒေသမှာလည်း တပ်အင်အားတိုးချဲ့ထားတာ ရှိတယ်။ စစ်ရေးလှုပ်ရှားမှုကတော့ ကျွန်တော်တို့ စောင့်ကြည့်နေတုန်းပါပဲ” ဟု ဦးလနန်က မဇ္ဈိမကို ပြောသည်။
လက်ရှိ အစိုးရ စစ်တပ်က KIA ၏ တပ်မဟာ ၂ တနိုင်းဘက်တွင် ၃ နေရာတွင် အင်အားတိုးမြင့်ချထားသလို၊ တပ်ဟမာ ၃ ဒေသ မန်စီမြို့နယ် ကိုင်ထိပ်ကျေးရွာတွင်လည်း အစိုးရ တပ်အင်အား ၂၀၀ ကျော်ကို ယခုရက်ပိုင်းအတွင်း တိုးမြင့်ချထားသည်ဟု သူက ဆိုသည်။
KIA ဘက်မှ ၎င်းတို့ တပ်ရင်း ၆ ကို တပ်ဆုတ်ပေးရန် အစီအစဉ် မရှိကြောင်း အစိုးရ စစ်တပ်က ဆက်လက် ဖိအားပေးလာပါက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်မည်ဟု သူက ပြောဆိုသည်။
အစိုးရ၏ တပ်ရင်း ၆၆ တပ်ဖွဲ့မှ KIA တပ်ရင်း ၆ အား ဖယ်ရှားပေးရန် ပြောဆိုလာမှုနှင့် ပတ်သက်၍ နည်းလမ်း မှန်ကန်စွာ ဖြေရှင်းပေးရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စ မာရီယန်ထံသို့ အောက်တိုဘာလ ၁၄ ရက်က အကြောင်းကြားထားသည်ဟု ဦးလနန်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်က ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ဖွင့်လှစ်ခဲ့ပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာလာခြင်းသည် အစိုးရနှင့် KIA တို့ အခွန်ကောက်ခံမှုကြောင့် ဖြစ်ပေါ်လာကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။ သို့သော် ယင်းဝေဖန်မှုများမှာ ဖြစ်နိုင်ခြေမရှိဘဲ အစိုးရက အဓိက KIO ၏ စီးပွားရေးလုပ်ငန်းများကို လိုလားနေခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)သည် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UWPC)နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့တို့နှင့်အတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေသည်။
နောက်ဆုံး ၆ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုတွင် သဘောတူညီမှု မရခဲ့ဘဲ နောက်တစ်ကြိမ် အောက်တိုဘာအတွင်း တွေ့ဆုံရန်သာ သဘောတူခဲ့သည်။
ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ လျော့နည်းခဲ့သဖြင့် နှစ်ဖက် ယုံကြည်မှု ပိုမိုရှိလာပြီး လုပ်ငန်းတိုးတက်မှု ရှိသည်ဟု ပြီးခဲ့သည့် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးကော်မတီဝင် ဗိုလ်မှူးကြီး ခွန်နောင်က မဇ္ဈိမကို ပြောဆိုခဲ့သည်။
ဖနိဒါ  မဇ္ဈိမ
https://www.blogger.com/blogger.g?blogID=8561541533177272493#editor/target=post;postID=6500037891647468656

အမျိုးသမီးငယ်တစ်ဦးကို တပ်မတော်သားတစ်ဦးက သစ်သားပိုင်းဖြင့် ရိုက် ၊ဆွဲကြိုးလု

ထားဝယ်၊ အောက်တိုဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကံပေါက်ကျေးရွာ၊ သီရီမင်္ဂလာရပ်ကွက်နေ
အသက်၂၂အရွယ် အမျိုးသမီးတစ်ဦးကို တပ်မတော်သားတစ်ဦးက ကံပေါက်ဈေးသို့
သွားသည့်လမ်းတွင် အောက်တိုဘာလ ၁၃ရက်နေ့ နံနက် ၈ နာရီခန့်တွင်
ဦးခေါင်းကို သစ်သားပိုင်းဖြင့် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း
အရိုက်ခံရသူ၏ ဖခင် ဦးထွေးအောင်ထံမှ သိရသည်။
ဖြစ်စဉ်မှာ အရိုက်ခံရသူ အမျိုးသမီးသည် သီရီမင်္ဂလာရပ်ကွက်မှ
ကံပေါက်ဈေးသို့ ရွှေစေတီနောက်ဖက် ဖြတ်လမ်းအတိုင်း လမ်းလျှောက်သွားရာ
ရွှေစေတီဝင်းအတွင်းရှိ တံတားအလွန်အရောက်စဉ် တံတားအပေါ်၌ ထိုင်စောင့်နေသော
ကလိန်အောင်တပ်နယ်၊ ခမရ ၄၀၉ တပ်ရင်းမှ အသက် ၂၁ အရွယ်ရှိသော ရဲဘော်တစ်ဦးက
နောက်မှလိုက်လာကာ ၃လက်မခန့် ဗြက်ရှိသော သစ်သားပိုင်းဖြင့်
ဦးခေါင်းကိုရိုက်ပြီး အမျိုးသမီး၏ လည်ပင်း၌ဆွဲထားသော
လော်ကစ်ပါဆွဲကြိုးကို လုယူထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဦးထွေးအောင်က
ရှင်းပြသည်။
“ဒဏ်ရာရရှိတာနဲ့ ဖြစ်ဖြစ်ချင်း ကံပေါက်ဆေးရုံကိုတင်ပြီး ဆေးဝါးကုသခဲ့တယ်။
အဲဒီနေ့ ညနေပိုင်းမှာ ထားဝယ်ဆေးရုံကြီးကို ပြောင်းရွှေ့လာခဲ့တယ်။ သမီးက
စကားပြန်ပြောနိုင်ပေမယ့် ခေါင်းလှုပ်မရသေးဘူး”ဟု ဦးထွေးအောင်က ဆိုသည်။
ဦးခေါင်းကို ရိုက်ခံရခြင်းကြောင့် ဦးခေါင်းတွင် နှစ်ချက်ကွဲကာ
၂လက်မနှင့် ၃လက်မခန့်အကျယ် ရှိသော ဒဏ်ရာကို ၃ချက်စီချုပ်ထားရသည်ဟု
မိသားစုဝင်များထံမှ သိရသည်။
ယင်းအမျိုးသမီးငယ်မှာ ဇောတိကသဘာဝဓါတ်ငွေ့စီမံကိန်း(PTTEP)
ဇောတိကရေနံနှင့်သဘာဝ ဓါတ်ငွေ့ဗဟိုစခန်းမှ ယာယီလုပ်သားတစ်ဦးဖြစ်ပြီး
လုပ်နားရက်၌ ဈေးသို့သွားအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
ဒေသခံများထံမှသိရသည်။
ထားဝယ်ဆေးရုံကြီးသို့ရောက်သည့်နေ့ ညပိုင်းတွင် ခမရ ၄၀၉ တပ်ရင်း
စစ်ဗိုလ်နှစ်ဦးရောက်ရှိလာပြီး ဆေးဝါးကုသမှု တာဝန်ယူပေးမည်ဟု
လာရောက်ပြောဆိုပြီး တောင်းပန်စကားပြောခဲ့ကြောင်း မိသားစုဝင်များက
ပြောဆိုသည်။
“ စစ်ဗိုလ်တွေ ဒီနေ့ မနက် ၉နာရီမှာ ပြန်လာမယ်လို့ပြောတယ် အခုအထိတော့
(မွန်းလွဲနာရီခွဲကျော်အထိ) မလာသေးဘူး” ဟု အောက်တိုဘာလ ၁၄ ရက်နေ့က
ဦးထွေးအောင်က ဆိုသည်။
အမျိုးသမီးငယ်ဦးခေါင်းကို ရိုက်ကာထွက်ပြေးသွားသော ရဲဘော်ကို
ရဲတပ်ဖွဲ့ဝင်များနှင့်ရွာသားများဝိုင်းဝန်းရှာဖွေခဲ့ရာ ပရရွာနှင့်
ကံဘောက်ရွာအကြားရှိ ရော်ဘာခြံထဲတွင် ယင်းနေ့ မွန်းလွဲ၁၂ နာရီခန့်တွင်
ဖမ်းဆီးနိုင်ခဲ့သည်ဟု ကံပေါက်ရဲစခန်း ထံမှ သိရသည်။
ယင်းရဲဘော်အား ကံပေါက်ရဲစခန်းမှ (ပ) ၄၇ / ၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒပုဒ်မ ၃၉၄
ဖြင့် အမှုဖွင့်ခဲ့ပြီး စစ်သည်ဖြစ်၍ စစ်ဘက်ဆိုင်ရာဥပဒေအရ
ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလ ၁၃ ရက်နေ့ ညက
ယင်းတပ်ရင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။
ဦးခေါင်းထိခိုက်ဒဏ်ရာရထားသည့် အမျိုးသမီးငယ်ကို
ထားဝယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း
ဖခင်ဖြစ်သူ ဦးထွေးအောင်က ပြောကြားသည်။

|Dawei Watch|

ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာ


15 October 2014
အစိုးရတပ်မ ၆၆ တပ်မမှူးနဲ့ ဖားကန့်အခြေစိုက် အမှတ် ၁ စစ်ဗျူဟာမှူးတို့က ကချင်လွတ်မြောက် ရေး တပ်မတော် KIA တပ်ရင်း ၆ ရဲ့တပ်စခန်းတွေကို အောက်တိုဘာ ၁၄ ရက်နေ့ မနေ့က နောက်ဆုံးထားပြီး ဆုတ်ခွာခိုင်းခဲ့တဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ကေအိုင်အေ တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

မိမိတို့ အခြေစိုက်စခန်းကနေ မဆုတ်ခွာဘူးလို့ အကြောင်းပြန်ထားကြောင်း KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က RFA ကို ဒီနေ့ပြောကြားခဲ့ပါတယ်။

"တင်းမာတဲ့ အခြေအနေကတော့ အပြည့်အဝရှိနေပါတယ်၊ အောင်ဘာလေရွာဆိုတာ ကျနော်တို့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ရွာလေ၊ အဲဒီ့ရွာမရောက်ခင်မှာ ကျနော်တို့ တပ်စခန်းလေးတွေရှိတယ်၊ အဲ့တပ်စခန်းလေးတွေကို ဖယ်ရှားခိုင်းတယ်၊ ကျနော်က မဖယ်ရှားပေးဘူးလို့ အကြောင်းပြန်ထားတယ်၊ ပြည်သူလူထုကတော့ ကျီးလန့်စာစားဖြစ်နေကြပါတယ်၊ ရွာကကိုယ့်အိမ်ကိုလည်း မစွန့်ခွာနိုင်ဆိုတော့ ရွာသားတွေကတော့ ဒီအတိုင်းပဲနေနေကြပါတယ်၊ ကျနော်တို့ကလည်း စွန့်ခွာပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စဆိုတော့ သူတို့ဝင်လာရင်တော့ တိုက်ပွဲကတော့ မလွဲမသွေဖြစ်မှာပဲ၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပစ်နေပြီဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးလည်း မယူထားဘူးဆိုတော့ ကျနော်တို့ နယ်မြေထဲဝင်လာရင်တော့ ပစ်ခတ်တိုက်ခိုက်သွားမှာပဲ"

အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် ကေအိုင်အေတပ်ရင်း ၆ အခြေစိုက်စခန်းနဲ့ အနီးဆုံးမှာရှိတဲ့ အောင်ဘာလေ ကျေးရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက အဲဒီသတင်းကိုကြားပေမဲ့ အသေးစိတ်တော့ မသိရှိဘူးလို့ဆိုပါတယ်။

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့၂ဝ၁၂ ခုနှစ်နှောင်းပိုင်းဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို ထွက်ပြေးခိုလှုံခဲ့ကြရတယ်လို့ သိရပါတယ်။

RFA Burmese

Ebola အခြေအနေ ပိုဆိုးဘွယ်ရှိ


15 October 2014 22:07(+0630) (32 မိနစ် ခန့်က)
လာမယ့် ဒီဇင်ဘာလကျရင် Ebola ရောဂါ ကူးစက်ခံရသူဟာ တပတ် တပတ်ကို ၅ ထောင်ကနေ ၁ သောင်းအထိ ရှိလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေး ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့လတွင်း ရောဂါ နောက်ထပ် ဖြစ်ပွားမှုဟာ တပတ်မှာ ၁၀၀၀ လောက်ရှိတယ်လို့ WHO လက်ထောက်ညွှန်ချုပ် ဒေါက်တာ Bruce Aylward က မနေ့က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

ဒီအတောအတွင်း လိုက်ဘေးရီးယား ကူးသန်းသွားလာရေးဝန်ကြီးရဲ့ ကားကို မောင်းသူ Ebola ရောဂါနဲ့ သေဆုံးသွားတဲ့သတင်း ထွက်လာပြီးတဲ့နောက် ၀န်ကြီး Angela Cassell-Bush ဟာလည်း သူ့ကိုယ်သူ တခြားသူတွေနဲ့ သီးခြား ခွဲခြား နေနေတဲ့အကြောင်း လိုက်ဘေးရီးယား အစိုးရသတင်းမှာ ဖော်ပြပါတယ်။

ဝန်ကြီး Cassell-Bush ဟာ Ebola ကူးစက်မခံရ သေးပေမဲ့လို့ သူမစိတ်နဲ့သူ သီးခြားခွဲနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။ သူ့ရဲ့ယာဉ်မောင်း အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံး အလုပ်လုပ်ခဲ့တဲ့ အချိန်ကတည်းကစလို့ ၀န်ကြီးနဲ့ အဆက်အသွယ် မရှိခဲ့ဘူးလို့ ကူးသန်းသွားလာရေးဝန်ကြီးဌာနက ပြောပါတယ်။

ရောဂါ ထပ်ပြီး ကူးစက် မပြန့်ပွားနိုင်အောင် ဌာနချုပ်တလုံးကို ပိုးသတ်ပစ်ဖို့ ကူးသန်းသွားလာရေး ၀န်ကြီးဌာနက အစိုးရအရာရှိတွေကို တောင်းဆိုထားပါတယ်။ အနောက်အာဖရိကဒေသမှာ လက်တလောမှာ အီဘိုလာကြောင့် သေဆုံးသူ ၄,၄၅၀ ရှိနေပြီး ရောဂါဖြစ်ပွားမှု ပေါင်းကတော့ ၈,၉၀၀ ကျော် ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Dallas မြို့မှာတော့ အီဘိုလာရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ Thomas Eric Duncan ကို ကုသပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း နောက်ထပ်တဦး ရောဂါ ကူးစက်ခံနေရပါတယ်။ ပထမကူးစက်ခံရတဲ့ သူနာပြု Nina Pham ကတော့ အခြေအနေကောင်းလာ နေတဲ့အကြောင်းကို မနေ့က ထုတ်ပြန် ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အမျိုးသမီးငယ်တစ်ဦးကို တပ်မတော်သားတစ်ဦးက သစ်သားပိုင်းဖြင့် ရိုက်

ထားဝယ်၊ အောက်တိုဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကံပေါက်ကျေးရွာ၊ သီရီမင်္ဂလာရပ်ကွက်နေ
အသက်၂၂အရွယ် အမျိုးသမီးတစ်ဦးကို တပ်မတော်သားတစ်ဦးက ကံပေါက်ဈေးသို့
သွားသည့်လမ်းတွင် အောက်တိုဘာလ ၁၃ရက်နေ့ နံနက် ၈ နာရီခန့်တွင်
ဦးခေါင်းကို သစ်သားပိုင်းဖြင့် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း
အရိုက်ခံရသူ၏ ဖခင် ဦးထွေးအောင်ထံမှ သိရသည်။
ဖြစ်စဉ်မှာ အရိုက်ခံရသူ အမျိုးသမီးသည် သီရီမင်္ဂလာရပ်ကွက်မှ
ကံပေါက်ဈေးသို့ ရွှေစေတီနောက်ဖက် ဖြတ်လမ်းအတိုင်း လမ်းလျှောက်သွားရာ
ရွှေစေတီဝင်းအတွင်းရှိ တံတားအလွန်အရောက်စဉ် တံတားအပေါ်၌ ထိုင်စောင့်နေသော
ကလိန်အောင်တပ်နယ်၊ ခမရ ၄၀၉ တပ်ရင်းမှ အသက် ၂၁ အရွယ်ရှိသော ရဲဘော်တစ်ဦးက
နောက်မှလိုက်လာကာ ၃လက်မခန့် ဗြက်ရှိသော သစ်သားပိုင်းဖြင့်
ဦးခေါင်းကိုရိုက်ပြီး အမျိုးသမီး၏ လည်ပင်း၌ဆွဲထားသော
လော်ကစ်ပါဆွဲကြိုးကို လုယူထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဦးထွေးအောင်က
ရှင်းပြသည်။
“ဒဏ်ရာရရှိတာနဲ့ ဖြစ်ဖြစ်ချင်း ကံပေါက်ဆေးရုံကိုတင်ပြီး ဆေးဝါးကုသခဲ့တယ်။
အဲဒီနေ့ ညနေပိုင်းမှာ ထားဝယ်ဆေးရုံကြီးကို ပြောင်းရွှေ့လာခဲ့တယ်။ သမီးက
စကားပြန်ပြောနိုင်ပေမယ့် ခေါင်းလှုပ်မရသေးဘူး”ဟု ဦးထွေးအောင်က ဆိုသည်။
ဦးခေါင်းကို ရိုက်ခံရခြင်းကြောင့် ဦးခေါင်းတွင် နှစ်ချက်ကွဲကာ
၂လက်မနှင့် ၃လက်မခန့်အကျယ် ရှိသော ဒဏ်ရာကို ၃ချက်စီချုပ်ထားရသည်ဟု
မိသားစုဝင်များထံမှ သိရသည်။
ယင်းအမျိုးသမီးငယ်မှာ ဇောတိကသဘာဝဓါတ်ငွေ့စီမံကိန်း(PTTEP)
ဇောတိကရေနံနှင့်သဘာဝ ဓါတ်ငွေ့ဗဟိုစခန်းမှ ယာယီလုပ်သားတစ်ဦးဖြစ်ပြီး
လုပ်နားရက်၌ ဈေးသို့သွားအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
ဒေသခံများထံမှသိရသည်။
ထားဝယ်ဆေးရုံကြီးသို့ရောက်သည့်နေ့ ညပိုင်းတွင် ခမရ ၄၀၉ တပ်ရင်း
စစ်ဗိုလ်နှစ်ဦးရောက်ရှိလာပြီး ဆေးဝါးကုသမှု တာဝန်ယူပေးမည်ဟု
လာရောက်ပြောဆိုပြီး တောင်းပန်စကားပြောခဲ့ကြောင်း မိသားစုဝင်များက
ပြောဆိုသည်။
“ စစ်ဗိုလ်တွေ ဒီနေ့ မနက် ၉နာရီမှာ ပြန်လာမယ်လို့ပြောတယ် အခုအထိတော့
(မွန်းလွဲနာရီခွဲကျော်အထိ) မလာသေးဘူး” ဟု အောက်တိုဘာလ ၁၄ ရက်နေ့က
ဦးထွေးအောင်က ဆိုသည်။
အမျိုးသမီးငယ်ဦးခေါင်းကို ရိုက်ကာထွက်ပြေးသွားသော ရဲဘော်ကို
ရဲတပ်ဖွဲ့ဝင်များနှင့်ရွာသားများဝိုင်းဝန်းရှာဖွေခဲ့ရာ ပရရွာနှင့်
ကံဘောက်ရွာအကြားရှိ ရော်ဘာခြံထဲတွင် ယင်းနေ့ မွန်းလွဲ၁၂ နာရီခန့်တွင်
ဖမ်းဆီးနိုင်ခဲ့သည်ဟု ကံပေါက်ရဲစခန်း ထံမှ သိရသည်။
ယင်းရဲဘော်အား ကံပေါက်ရဲစခန်းမှ (ပ) ၄၇ / ၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒပုဒ်မ ၃၉၄
ဖြင့် အမှုဖွင့်ခဲ့ပြီး စစ်သည်ဖြစ်၍ စစ်ဘက်ဆိုင်ရာဥပဒေအရ
ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလ ၁၃ ရက်နေ့ ညက
ယင်းတပ်ရင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။
ဦးခေါင်းထိခိုက်ဒဏ်ရာရထားသည့် အမျိုးသမီးငယ်ကို
ထားဝယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း
ဖခင်ဖြစ်သူ ဦးထွေးအောင်က ပြောကြားသည်။

|Dawei Watch|

မြိတ် တက္ကသိုလ်ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်အချို့ ရိုက်နှက်


 အရိုက်ခံရသည့် ကျောင်းသား မြိတ်ပြည်သူ့ဆေးရုံကြီးတွင်
ဆေးကုသမှုခံယူနေစဉ်ဓာတ်ပုံ - မြင့်မိုရ် / Dawei Watch

မြိတ်၊ အောက်တိုဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုက် မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု
ရှားတောဝရပ်ရှိ မဟာရံသီ(ရှားတောဝ) ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း
စာကျက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့
မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် နောက်လိုက်များက
ရိုက်နှက်ခဲ့ကြောင်း အရိုက်ခံရသည့် ကာယကံရှင်ကျောင်းသားနှင့်
ယင်းဘုန်းတော်ကြီးကျောင်းရှိ ဦးဇင်းတစ်ပါးထံမှ သိရသည်။
ဘုရားသိမ်ထဲတွင် စာကျက်နေစဉ် ဆိုင်ကယ် ၆ စင်းဖြင့် လူ ၁၂ ဦးခန့်
ဝင်လာပြီး ရိုက်နှက်ခြင်းဖြစ်ကြောင်း ကာယကံရှင် တတိယနှစ် ဥပဒေကျောင်းသား
ညီညီစိုးက ပြောသည်။
“ဘာမှပြောဆိုခြင်းမရှိဘဲ တုတ်နဲ့ရိုက် လက်သီးနဲ့လည်း
ဝိုင်းထိုးခံခဲ့ရပါတယ်။ ကျောင်းသားပါလို့ ပြောတာတောင်မရဘူး။ ဥပဒေမဲ့စွာ
မတရားအရိုက်ခံခဲ့ရတာဖြစ်လိုက တရားစွဲဆိုသွားဖို့ စီစဉ်နေပါတယ်”ဟု
ညီညီစိုးက ဆိုသည်။
မူးယစ်ဆေးဝါးကိစ္စ သံသယရှိသူတစ်ဦး ယင်းကျောင်းဝင်းအတွင်း ရှိနေသည်ဟု
သတင်းရသဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီးမှ လူမှားမှန်းသိခဲ့ရသည်ဟု
မြို့မရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်များ ယူနီဖောင်းမ၀တ်ဘဲ
ဝင်လာပြီး ထိုးရိုက်နေသည်ကို တွေ့ရပြီး ရပ်ကွက်အုပ်ချုပ်ရေးဘက်မှ
တာဝန်ရှိသူများမပါဟု အနီးဝန်းကျင်ရှိ မျက်မြင်တွေ့ရှိသူများက ပြောသည်။
အဆိုပါ ဥပဒေကျောင်းသားသည် စားမေးပွဲနီးနေပြီးဖြစ်သဖြင့်
ယင်းဘုန်းတော်ကြီးကျောင်းတွင် စာလာကျက်နေခြင်းဖြစ်ပြီး
အရိုက်ခံရသည့်နေ့တွင် ဘုန်းတော်ကြီးကျောင်းတွင်
အစည်းအဝေးတစ်ခုပြုလုပ်နေသဖြင့် ဘုရားသိမ်ထဲတွင်
တစ်ယောက်တည်းစာသွားကျက်နေသည်ဟု ယင်းဘုန်းတော်ကြီးကျောင်းရှိ
ကျောင်းသားနှင့် ဦးတော်စပ်တူ ဦးဇင်တစ်ပါးက မိန့်ကြားသည်။
“သာသနာ့နယ်မြေမှာ ဒီလိုဖြစ်တယ်ဆိုတော့ နေပြည်တော် သာသနာရေးဦးစီးဌာနအထိ
တိုင်ကြားသွားပါမယ်”ဟု အထက်ပါ ဦးဇင်းက မိန့်ကြားသည်။
လက်ရှိတွင် ကျောင်းသားအား ရိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို
အချုပ်ထဲထည့်ထားပြီး ထိန်းသိမ်းထားသည်ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ပြောသည်။
ရဲတပ်ဖွဲ့နှစ်ဦးနှင့် နောက်လိုက်များမှ ရိုက်နှက်ခံရသဖြင့် ကျောင်းသား၏
ယာဘက်နဖူးတွင် တစ်ချက်ချုပ်ထားပြီး အရိုက်ခံထားရတာ ဒဏ်ရာအချို့
လက်ထပ်ခတ်ခံထားရသည့် ဒဏ်ရာတစ်ချို့နှင့် မြိတ်ပြည်သူ့ဆေးရုံကြီးရှိ
ခွဲစိတ်ကုသဆောင်တွင် ဆေးကုသခံယူနေရသည်ဟု ယင်းဆေးရုံကြီးမှ သိရသည်။
အရိုက်ခံခဲ့ရသည့် ကျောင်းသားကိုညီညီစိုးသည် မြိတ်တက္ကသိုလ်တွင် အဝေးသင်
တတိယနှစ် ဥပဒေဘာသာသင်ကြားနေပြီး ပုလောဇာတိဖြစ်ကာ
အဆောင်နေကျောင်းသားတစ်ဦးဖြစ်သည်ဟု သိရသည်။
|Dawei Watch|

မြန်မာမီဒီယာကောင်စီ ကာချုပ်နဲ့တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ဒီကနေ့ နေ့လည်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ နဲ့ တပ်မတော်အကြား တိုက်ပွဲတွေဖြစ်တဲ့အခါ နှစ်ဘက် မျှတမှုရှိတဲ့ သတင်းတွေ ဖော်ပြနိုင်အောင် တပ်မတော်ဘက်ကလည်း စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းပြီးတော့ သူတို့ဘက်က သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးဖို့ နောက် မြန်မာ့ဒီမိုကရေစီ ခရီးလမ်းမှာ တပ်မတော်ဘက်ကလည်း ဒီမိုကရေစီဘက်က အခုအတိုင်း ဆက်လက်ရပ်တည်သွားမယ်ဆိုတဲ့  အချက် ၂ ချက်ကို သဘောတူညီခဲ့ကြတယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ နေလယ်ပိုင်း ၃ နာရီက စပြီးတော့ ညနေ ၆ နာရီထိ ၃ နာရီကြာအောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထိပ်ပိုင်းအဖွဲ့ဝင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အခုလို ဆွေးနွေးခဲ့တဲ့နေရာမှာ ကာချုပ်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့အကြား အရေးပါတဲ့အချက် ၂ ချက်ကို သဘောတူညီမှု ရခဲ့တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ဗွီအိုအေကို အခုလို ပြောပါတယ်။
“အဓိကကတော့ ၂ ချက်ပေါ့နော်၊ ၂ ချက်သိရတယ်။ ၂ ချက် သဘောတူညီချက်ဆိုတာက ဒီလို။ နံပါတ် ၁ ကတော့ သတင်းစီးဆင်းမှုပေါ့။ တပ်မတော်နဲ့ ပတ်သက်လို့ သတင်းတွေ၊ တပ်မတော်က ပြည်သူလူထုကို အသိပေးသင့်တဲ့ သတင်းတွေ၊ ပြည်သူလူထုကို အသိပေးသင့်တဲ့ သတင်းတွေ၊ ပြည်သူလူထု သိသင့်တဲ့ သတင်းတွေပေါ့နော်။ အဲ့ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အရင်ကတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေ အတည်ပြုဖို့ ခက်ခဲတယ်။ အဲဒါတွေအတွက်လည်း ပြည်တွင်းမီဒီယာတွေမှာ သတင်းဖော်ပြတဲ့အခါမှာ တဘက်သတ် ဆန်သွားတာတွေ ရှိတယ်။ ဆိုတော့ အဲဒါတွေမဖြစ်အောင် ရှေ့လျှောက် ဘယ်လိုလုပ်မလဲလို့ ညှိနှိုင်းတဲ့အခါမှာ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘာသဘောတူလိုက်သလဲဆိုတော့ နောင်မှာ သတင်းထုတ်ပြန်တဲ့အခါမှာ တပ်မတော်က ပြည်သူလူထု သိသင့်သိထိုက်တဲ့ သတင်းထုတ်ပြန်ချက်တွေ အားလုံးကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပြီး ထုတ်ပြန်သွားမယ်၊ ပူးပေါင်းညှိနှိုင်း ထုတ်ပြန်သွားမယ်။ အဲဒါ နံပါတ် ၁ အချက်။ နောက် နံပါတ် ၂ အချက်ကတော့ တပ်မတော်အနေနဲ့ ရှေ့လျှောက်မှာ နိုင်ငံတည်ဆောက်ရေးမှာ ဒီမိုကရေစီသွားတဲ့ လမ်းကြောင်းမှာ တပ်မတော်ရဲ့ ရပ်တည်ချက်က ဒီအတိုင်းပဲ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းမှာ တပ်မတော်က အပြည့်အ၀ ကာကွယ်သွားမယ်။ ဒီအတိုင်းပဲ ဆက်လျှောက်သွားမယ်၊ အဲဒါကို မမှိတ်မသုန်သွားမယ် ဆိုတဲ့ဟာကို အာမခံထပ်ပေးတယ်ပေါ့နော်။”
အခုလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးတဲ့အခါ တပ်မတော်နဲ့ စာနယ်ဇင်းမီဒီယာတွေဟာ အရင်စစ်အစိုးရရဲ့ စနစ်ဟောင်းအောက်က လာခဲ့ရတဲ့ အခြေအနေကြောင့် တဘက်နဲ့ တဘက်အကြား သံသယတွေရှိနေတဲ့ အချက်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။
“ကျနော်တို့ကလည်း တပ်မတော်ရဲ့ သဘောထားပေါ့နော်၊ ဘာပဲပြောပြော သူတို့မှာရှိတဲ့ နဂိုက စနစ်တခုအောက်မှာ ဖြတ်လာခဲ့တဲ့ institution လည်းဖြစ်တဲ့အတွက် ကျနော်တို့ကလည်း အဲဒီစနစ်အောက်က ထွက်လာတဲ့ institution မီဒီယာသမားတွေကလည်း အဲဒီအောက်က ဖြတ်လာခဲ့တာဆိုတော့ ကာကွယ်ရေး ဦးစီးချုပ်ကလည်း အဲဒါကို ကောင်းကောင်း သဘောပေါက်တာ တွေ့ရတယ်။ အဲဒီတော့ သူကနိုင်ငံတကာကို သွားတဲ့အခါမှာလည်း ဒီအတိုင်းပဲ ပြောခဲ့တာ။ သူက တိုင်းပြည်က ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်နဲ့ သွားခဲ့တဲ့ အခါကျတော့ traumatize ရှိတယ်ပေါ့နော်၊ ပြည်သူလူထုမှာ ဒီ traumatize နဲ့ သွားတဲ့အခါမှာ ရုတ်တရက် ခေတ်ပြောင်းသွားတဲ့ အခါမှာ သူတို့ရင်ထဲက ခံစားချက်တွေ ပေါက်ကွဲထွက်နေတဲ့ ကာလဖြစ်တယ်ဆိုတာကို သူသဘောပေါက်တယ်။ အဲဒီတော့ တပ်မတော်က သည်းခံရမယ်ဆိုတာ သူသိတယ်။ ဒါဟာ အင်မတန် အဖိုးတန်တဲ့ အချက်လို့ ပြောရမှာပေါ့နော်။”
ကာချုပ်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ရဲ့တွေ့ဆုံမှုဟာ ဒါဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း သတင်းအချက်အလက်တွေ ဖလှယ်နိုင်ဖို့နဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဆွေးနွေးမှုတွေ ထပ်ပြီးရှိလာဖို့လည်း သဘောတူညီမှု ရခဲ့တယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံမှုမှာ တပ်မတော်နဲ့ ယူနတီဂျာနယ်တို့အကြား မကြာသေးခင်က ဖြစ်ခဲ့တဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီဘက်က တစုံတရာ တင်ပြခဲ့တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ မီဒီယာအကြား ညှိနှိုင်းဆောင်ရွက်ဖို့လိုတဲ့ အချက်တွေကို ယေဘုယျ ဆွေးနွေးနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခုလို သီးသန့် တွေ့ဆုံခွင့်ရတဲ့အခါမှာ ကာချုပ်ရဲ့ မြန်မာနိုင်ငံ အပေါ်မှာထားတဲ့ သူရဲ့သဘောထားကိုလည်း အနည်းငယ် လေ့လာနိုင်ခဲ့တယ်လို့ ဦးကျော်မင်းဆွေက ဆိုပါတယ်။
“Very Genuine ဖြစ်တာကို တွေ့ရတယ်။ Very Genuine ဆိုတာက သူပြောတဲ့ဟာတွေ အကုန်လုံးက တကယ်လုပ်မယ့်ဟာတွေ၊ ယုံကြည်တဲ့ဟာတွေ ပြောတာတွေ့ရတယ်။ နောက်တခါ ဒီကောင်စီအပေါ်မှာလည်း သူအလေးအနက်ထားတာ တွေ့ရတယ်။ ဘာဖြစ်လို့ လေးနက်တာတွေ့ရလည်းဆိုတော့ စုစုပေါင်း တွေ့ဆုံချိန်က ၃ နာရီနဲ့ မိနစ် ၂၀ ကြာတယ်။ ၃ နာရီနဲ့ မိနစ် ၂၀ ကြာတဲ့ အခါမှာ စိတ်ရှည်လက်ရှည် ပြောတာဟာ တခုချင်းစီ၊ တယောက်က ပြောဆိုဆွေးနွေးတိုင်း သူက အဲဒီဆွေးနွေးချက်ကို ပြန်ပြီးတော့ ဆွေးနွေးတယ်၊ ရှင်းပြတယ်ပေါ့နော်။ ဒီဖက်က ပွင့်ပွင့်လင်းလင်း ပြောဖို့လည်း၊ ဆွေးနွေးဖို့လည်း ဖိတ်ခေါ်တယ်။ ဘာပဲဖြစ်ဖြစ်ပြောပါ၊ ဆွေးနွေးပါ၊ မေးပါပေါ့နော်။ ဒါတွေလည်း ဖွင့်ပေးတာ တွေ့ရတယ်။ အဲဒီတော့ ဘာပဲပြောပြော ကာကွယ်ရေး ဦးစီးချုပ်က ကျနော်တို့ မျှော်လင့်ထားတာထက် ပိုပြီးတော့ ပွင့်လင်းပြီးတော့ တာဝန်ခံမှု၊ တာဝန်ယူမှု၊ တာဝန်သိမှု ရှိတာတွေ့ရတယ်။”
ဒီကနေ့ နေပြည်တော်မှာ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီချုပ်တို့ တွေ့ဆုံတဲ့နေရာမှာ သမ္မတ ဦးသိန်းစိန် အစိုးရဘက်က ၀န်ကြီးတွေ တက်ရောက်လာတာမျိုးတော့ မရှိခဲ့ပါဘူး။ တပ်မတော်ဘက်က ဒုတိယ ကာကွယ်ရေးဝန်ကြီး အပါအ၀င် စစ်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တချို့ တက်ရောက်လာခဲ့တယ်လို့ စာနယ်ဇင်းကောင်စီဖက်ကတော့ ပြောဆိုခဲ့ပါတယ်။

Tuesday, October 14, 2014

အစွန်းရောက်အပေါ်အမေရိကန်နဲ့ ဆော်ဒီ လေကြောင်းတိုက်ခိုက်မှု တိုး

တူရကီနိုင်ငံအတွင်းက ကာ့ဒ်လူမျိုးတွေ IS အစွန်းရောက်တွေက ဆီးရီးယား၊ ကိုဘန်နီမြို့ တိုက်ခိုက်မှုကို ဆန့်ကျင်ကန့်ကွက်မှု။
ဆီးရီးယားနယ်စပ် ကိုဘာနီမြို့ အနီးမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တနင်္လာနေ့မှာ အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံတွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မြေပြင်မှာလည်း ကားဒစ်ရှ် တိုက်ခိုက်ရေးသမားတွေနဲ့ စစ်သွေးကြွတွေဟာ  မြို့ကိုထိန်းချုပ်နိုင်ဖို့အတွက်  အပြင်းအထန် တိုက်ခိုက်နေပါတယ်။
ကိုဘာနီမြို့ရဲ့ကောင်းကင်မှာ မီးခိုးလုံးကြီးတွေ တက်နေတာကို တူရကီနယ်စပ်ကနေ တွေ့မြင်နေရပါတယ်။ စစ်သွေးကြွတိုက်ခိုက်ရေးသမားတွေဟာ မြို့ကိုသုံးဖက်ကနေ ၀ိုင်းရံပြီး တိုက်ခိုက်နေကြတယ်လို့ ကိုဘာနီမြို့က တာဝန်ရှိသူတယောက်ကပြောပါတယ်။
မြောက်ဖက်အကျဆုံးနေရာဟာ တူရကီနယ်စပ်နဲ့ အနီးဆုံးနေရာမှာ ရှိပြီး စစ်သွေးကြွတွေကသာ ၀ိုင်းလိုက်မယ်ဆိုရင် မြို့နဲ့ အဆက်အသွယ် ပြတ်တောက် သွားလိမ့်မယ်ဆိုပြီး စိုးရိမ်တကြီး ပြောဆိုနေကြပါတယ်။
အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား တိုက်လေယာဉ်တွေဟာ ကိုဘာနီမြို့ရဲ့ အနောက်တောင်ဖက်ခြမ်းကို လေးကြိမ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး၊ IS တပ်တွေကို ထိမှန်ခဲ့ကြောင်း လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ နေရာတွေကို ဖျက်ဆီးပစ် ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။
နောက်ထပ်တခြား တိုက်ခိုက်မှု ၃ ခုပြုလုပ်ခဲ့ရာမှာ ခိုဘာနီမြို့ရဲ့ အရှေ့မြောက်ဖက်မှာရှိတဲ့ IS တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီထဲမှာ ဂျီဟတ်တွေ ထိန်းချုပ်ထားတဲ့ အဆောက်အဦ ၂ ခုလည်းပါဝင်တယ်လို့ ဆိုပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

အီဘိုလာကြောင့် ကုလ ဝန်ထမ်း ဂျာမနီမှာ သေဆုံး


အီဘိုလာ ရောဂါ ကူးစက် ခံရလို့ ဂျာမနီ နိုင်ငံမှာ ဆေးကုသမှု ခံယူနေတဲ့ ကုလသမဂ္ဂ ဆေးဝန်ထမ်း တစ်ယောက် ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

သေဆုံးသူဟာ ၅၆ နှစ်အရွယ် ဆူဒန် နိုင်ငံသား ဖြစ်ပြီး သူ့ကို စမ်းသပ် ဆေးဝါးတွေနဲ့ ကုသ ပေးနေတဲ့ ကြားက ကွယ်လွန် သွားတာ ဖြစ်တယ်လို့ ဆရာဝန် တွေက ပြောပါတယ်။

သူ့ကို ပြီးခဲ့တဲ့ တစ်ပတ်က လိုင်ဘေးရီးယား နိုင်ငံ ကနေ ခေါ်လာခဲ့ပြီး ဂျာမနီ နိုင်ငံ လိုက်ပ်ဇစ်ခ် Leipzig မြို့က St Georg ဆေးရုံမှာ ကုသမှု ပေးနေခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဂျာမနီမှာ ကုသပေးနေတဲ့ အီဘိုလာ ရောဂါရှင်တွေထဲက ၃ ဦး မြောက် ဖြစ်ပြီး ကျန်နှစ်ဦး အနက် တစ်ဦးကတော့ အခြေအနေ ပြန်လည် ကောင်းမွန်လာတယ်လို့ သိရပါတယ်။

တစ်ခါ ဗြိတိန် နိုင်ငံမှာလည်း လန်ဒန်မြို့ ဟီသရိုး လေဆိပ်မှာ ခရီသည်တွေကို ရောဂါ ရှိမရှိ စတင် စမ်းသပ် စစ်ဆေးနေပါတယ်။

အီဘိုလာ ရောဂါ အဆိုးဆုံး ဖြစ်ပွားနေတဲ့ အနောက် အာဖရိက တိုက်က လိုင်ဘေးရီးယား၊ ဆီယာရာ လီယွန်းနဲ့ ဂီနီ နိုင်ငံတို့က လာရောက်တဲ့ ခရီးသည်တွေကို ရောဂါနဲ့ ပတ်သက်ပြီး စစ်မေးတာ၊ ကိုယ်အပူချိန် တိုင်းတာတွေ ပြုလုပ်နေပါတယ်။
BBC

ကရင်လက်နက်ကိုင်တပ်တွေ ကော်သူးလေတပ်မတော် ပူးပေါင်းဖွဲ့စည်းကြောင်း ထုတ်ပြန်


14 October 2014 
ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းပြီး ကော်သူးလေ တပ်မတော် KAF ဖွဲ့စည်းတယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီရဲ့ သဘောထား မဟုတ်ကြောင်း ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ဒီနေ့ ပြောလိုက်ပါတယ်။

အဲဒီကိစ္စအတွက် ကေအဲန်ယူ ဗဟိုကော်မတီအစည်းဝေးမှာ ဆွေးနွေးသွားမှာဖြစ်ကြောင်း ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

"ကျနော်တို့ ပေါင်းစည်းရေး အဖွဲ့လေးဖွဲ့ထဲမှာ ကျနော်တို့ ကေအဲန်ယူက ခေါင်းဆောင်တချို့ ပါတဲ့အခါကျတော့ ကျနော်တို့ မကြာခင် အောက်တိုဘာလ နောက်ဆုံးအပတ်မှာ ကေအဲန်ယူရဲ့ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပမှာဖြစ်ပါတယ်၊ ကျနော်တို့ ရဲဘော်ရဲဘက်တွေဖြစ်တယ်၊ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်၊ ကျနော်တို့ မျက်နှာစုံညီအစည်းဝေးမှာ ကျနော်တို့ ညှိညှိနှိုင်းနှိုင်းနဲ့ အေးအေးချမ်းချမ်း တွေ့ဆုံပြီးတော့ အမြင်မတူတာလေးတွေကို ညှိနှိုင်းသွားမှာဖြစ်တယ်၊ ကရင့်တော်လှန်ရေးရဲ့ အခြေခံဒေသတစ်နေရာမှာ ကျနော်တို့လုပ်မှာဖြစ်ပါတယ်"

ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KNLA ၊ KNDO ၊ DKBA ၊ KNU/KNLA-PC အမည်တွေနဲ့ ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း မနေ့က ထုတ်ပြန်ခဲ့တာပါ။ အဲဒီ ထုတ်ပြန်ချက်မှာ ကော်သူးလေ တပ်မတော်အနေနဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုခုကို ထိပါးတိုက်ခိုက်မယ်ဆိုရင် ၀ိုင်းဝန်းဖြေရှင်းမှာဖြစ်ကြောင်း ပါရှိပါတယ်။

ဒါ့အပြင် ကော်သူးလေတပ်မတော် KAF ဟာ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

RFA Burmese

လောင်းလုံးမြို့နယ် ၊ နှစ်စဉ်ကျင်းပမြဲဖြစ်သော သံဃပရိဝသ် ဆောက်တည်ပွဲကျင်းပမည်

                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ

နှိုးဆော်အပ်ပါသည်
=========== ===
နှစ်စဉ်ကျင်းပမြဲဖြစ်သော
သံဃပရိဝသ် ဆောက်တည်ပွဲကို
၁၃၇၆ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့မှ
နတ်တော်လဆ္ဆန်း (၉)ရက်နေ့အထိ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်
လောင်းလုံးမြို့နယ် မင်းရပ်ရွာ
မင်းရပ်ချောင် ပဋိပတ္တိသာသနာ့ရိပ်သာတွင်(၃၅)နှစ်ပြည့်ပွဲတော်အဖြစ်
ြ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။
--------------------------------------------
တာဝန်ခံ
ဘဒ္ဒ န္တ ဝရဥာဏ (အဂ္ဂမဟာ ကမ္မဌာနစရိယ)
မင်းရပ်ချောင် ပဋိပတ္တိ သာသနာ့ရိပ်သာ
ဆက်သွယ်ရန်  ၀၉၈၇၄၀၅၃၃။ ၀၉၄၃၃၃၁၉၁၈၉

ကိုဘာနီမြို့မှာ ကာ့ဒ်တွေ အသာစီး ရလာ


14 October 2014
တူရကီ နယ်စပ် အနီး ဆီးရီးယား နိုင်ငံ ကိုဘာနီမြို့ အနောက်ဘက်က စစ်ရေးအရ အရေးပါတဲ့ တောင်ကုန်း တစ်ခုကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ စစ်သွေးကြွ တွေရဲ့ လက်တွင်းကနေ ကာ့ဒ် တပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက် လိုက်နိုင်ပြီလို့ သိရပါတယ်။

အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်အပြီးမှာ ကာ့ဒ် တပ်ဖွဲ့တွေ ဘက်က အသာစီး ရခဲ့တာလို့ ဆိုပါတယ်။

ဒီတောင်ကုန်းကို IS စစ်သွေးကြွတွေက လွန်ခဲ့တဲ့ ၁၀ ရက်ကျော်ကတည်းက သိမ်းပိုက် ထားခဲ့တာ ဖြစ်ပြီး ကိုဘာနီမြို့ကို သိမ်းပိုက်နိုင်ဖို့ တစ်လကြာ တိုက်ခိုက် နေခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့ နှောင်းပိုင်းမှာတော့ အမေရိကန် သမ္မတ အိုဘားမားက နိုင်ငံပေါင်း ၂၀ ကျော်က စစ်ဘက် အကြီးအကဲတွေနဲ့ ဝါရှင်တန်မှာ တွေ့ဆုံပြီး ဆီးရီးယားနဲ့ အီရတ်မှာ ရှိတဲ့ IS တပ်ဖွဲ့တွေကို ဘယ်လို နှိမ်နင်းမလဲ ဆိုတာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

BBC Burmese

ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်းဖို့ သဘောတူ


 14.10.2014 21:21

အပစ်အခတ်ရပ်စဲရေး ရယူထားတဲ့ ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်းဖို့ သက်ဆိုင်ရာတပ်ဖွဲ့ တာဝန်ရှိသူတွေ သဘောတူ လက်မှတ်ထိုးလိုက်ပါပြီ။ ကော်သူလေတပ်မတော် KAF ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တပ်ဖွဲ့တွေအားလုံး စုစည်းနိုင်ဖို့ ကနဦးပြင်ဆင်ချက်ခြေလှမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုစဉ်းစားရည်ရွယ်ချက်နဲ့ လက်နက်ကိုင်တပ်တွေ စုစည်းရသလဲဆိုတာကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ကရင်လူထုတွေရဲ့ တောင်းဆိုချက်အရ KNU ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်ကနေ ညီညွတ်ရေးအတွက် လုပ်ဆောင်ဖို့ မူချထားခဲ့တာပါ။ ကရင်အမျိုးသားအစည်းအရုံး အလံတော်အောက်ကနေ ခွဲထွက်ပြီး တိုက်ပွဲဝင်နေကြတဲ့ ကရင်လက်နက်ကိုင်တွေကို စုစည်းဖို့အတွက် ပြီးခဲ့တဲ့လတွေတုန်းက ဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ အခုအခါမှာတော့ ကရင်ပြည်နယ်တွင်းမှာ မငြိမ်သက်မှုတွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အတွက် စိုးရိမ်စရာ အခြေအနေအောက်မှာ ကရင်လက်နက်ကိုင်အဖွဲ့တွေ စုစည်းပြီး အောက်တိုဘာ ၁၃ ရက်နေ့က သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အခုသဘောတူညီမှုထဲမှာတော့ ကရင်လက်နက်ကိုင် တဖွဲ့ချင်းအပေါ်မှာ စော်ကား ထိပါးလာမယ်ဆိုရင် အားလုံးက ခုခံတိုက်ပွဲဝင်ကြမယ် ဆိုတဲ့အကြောင်းတွေ ပါဝင်တာပါ။  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးပထမတန်းက ဗိုလ်ချုပ် မဲ့အေစိန်က  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လုပ်ရင်းနဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်း ကာကွယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုက Nationwide Ceasefire သွားတဲ့ကာလမှာ ပိုပြီးတော့ တဆင့်မြင့်လာတော့ ကျနော်တို့အားလုံး လူမျိုးစုတွေရော၊ ကျနော်တို့ရှိတဲ့ KNU ရော၊ တစုတစည်းတည်း သွားကြဖို့၊ သွားတွေ့လိုက်တဲ့အခါမှာ တကြိမ်ပြီး တကြိမ်၊ တကြိမ်ပြီး တကြိမ်၊ နောက်ဆုံးကျတော့ အခုက တိုက်ပွဲတွေပြန်ဖြစ်လာတယ်။ လှုပ်ရှားမှုသဘောထားတွေဟာ စိုးရိမ်စရာ အခြေအနေတွေရှိတယ်။ ယုံကြည်မှုတည်ဆောက်ရေးရဲ့ လက္ခဏာက နည်းနည်းလေး ပြောင်းလဲလာတဲ့ အနေအထားမှာရှိတယ်။ ကျနော်တို့ရဲ့ ကြေညာချက်ထဲမှာလည်း ကရင်အားလုံးက ညီညီညွတ်ညွတ် လက်တွဲပြီးတော့ ကျနော်တို့အမျိုးသားရယ်၊ ကျနော်တို့ ပြည်သူရယ်ကို ကာကွယ်ဖို့၊ တကယ်လို့ လိုအပ်လာရင် ကျနော်တို့ လှုပ်ရှားဖို့၊ အဲ့ဒါ ဒီကြေညာချက်ထဲမှာရှိတယ်။ ဆိုလိုတာက ကျနော်တို့ ငြိမ်းချမ်းရေး ကြိုးပမ်းတဲ့ကာလမှာ စစ်ဖြစ်လာရင် ကျနော်တို့ ကာကွယ်ကြဖို့၊ One Command အောက်မှာ ပြန်ထားလိုက်တဲ့အပေါ်မှာ အကုန်လုံး ကျန်တဲ့အဖွဲ့အစည်းတွေ၊ ဖျက်သိမ်းမလား၊ ဖျက်သိမ်းလို့ကလည်း မရသေးဘူး ဒီကာလမျိုးကြီးမှာတော့ အကုန်လုံးပြန်ပြီးတော့ သူ့နေရာနဲ့သူ အမျိုးသားအလံတော် တခုအောက်မှာပဲ ရှိကြဖို့၊ ခံယူကြဖို့၊ ပြီးတော့ ဒီ KAF ခေါင်းဆောင်မှုအောက်မှာ ခံယူကြဖို့၊ အဲ့ဒီလိုပဲ လုပ်သွားကြမှာဖြစ်တယ်၊ အဲ့ဒါ ပထမအဆင့်။ နောက် ဒုတိယအဆင့်ကတော့ ကျနော်တို့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကနေ Nationwide Ceasefire၊ နောက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့က အခုလက်ရှိ အပစ်အခတ်ရပ်စဲရေး အဆင့်မှာတော့ မရှိသေးပါဘူး။”      

တပ်ဖွဲ့တွေထဲမှာ KNU ရဲ့တပ်ဖြစ်တဲ့ KNLA တပ်ကိုယ်စား ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘော်ကျော်ဟဲ DKBA ကိုယ်စား ဗိုလ်ချုပ်စောလားဘွယ် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် နာတာမြ KNU KNLA ငြိမ်းချမ်းရေးကောင်စီတပ် ကိုယ်စား ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးတို့က ဦးဆောင်ပြီး  ကော်သူလေတပ်မတော်ကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် DKBA က ဗိုလ်မှူးကြီး စောဆန်းအောင်ကတော့  ကော်သူလေတပ်မတော်ကို တပ်မှူးအားလုံးရဲ့ သဘောတူညီချက်နဲ့ ကရင်လူထု တောင်းဆိုချက်အရ ပြင်ဆင်လုပ်ဆောင်ပြီး ဖွဲ့စည်းထားတာဖြစ်ကြောင်းကို ပြောပြပါတယ်။

“တကယ်တမ်းတာဝန်ရှိတဲ့ လိုအပ်နေတဲ့ အချိန်ပေါ် မူတည်ပြီး အချိန်ယူပြီးတော့ ပြုစုပျိုးထောင်ပြင်ဆင်ပြီးတော့ လုပ်ဆောင်ချက်တွေဖြစ်တယ်ဗျ။”

မကြာသေးခင်တုန်းကတော့ မြန်မာအစိုးရတပ်တွေနဲ့ DKBA တပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။ ကရင်ဒုက္ခသည် ရာနဲ့ချီပြီး ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ရတဲ့အထိ ဖြစ်ရတဲ့ တိုက်ပွဲတွေအတွင်း နှစ်ဘက်တင်းမာမှုတွေ ရှိခဲ့ပါတယ်။ အခု ကရင်လက်နက်ကိုင်တွေ စုစည်းထားတဲ့ ကော်သူလေတပ်မတော်နဲ့ KNDO လို့ခေါ်တဲ့ တပ်တွေဟာ ကရင်တော်လှန်ရေး စတင်ကတည်းကရှိခဲ့တဲ့ တပ်များဖြစ်ပြီး ဖျက်သိမ်းထားခြင်းမရှိဘဲ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်တွေနဲ့အတူ လှုပ်ရှားဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

ကော်သူလေတပ်မတော်ကို ကရင်လက်နက်ကိုင်တွေ စုစည်းတဲ့အခါမှာ အားလုံးလက်ခံတဲ့အတွက် အဲဒီနာမည်ကိုရွေးချယ်ပြီး အဲဒီအောက်မှာ တပ်တွေစုစည်းလိုက်တာ ဖြစ်တယ်လို့ KNU စစ်ဦးစီးပထမတန်း ဗိုလ်ချုပ် မဲ့အေစိန်က ဆိုပါတယ်။ ကော်သူလေ armed foced လို့ခေါ်တဲ့ ကော်သူလေတပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့  ကရင်အမျိုသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့၊ တပ်မတော်အဖြစ် ဖွဲ့စည်းထားတဲ့ အဖွဲ့ ၄ ဖွဲ့ဟာ တခုတည်းသော ကရင်အမျိုးသား အလံတော်အောက်မှာ ရှိနေကြပြီး တဖွဲ့ဖွဲ့ကို ထိပါးစော်ကားလာမယ်ဆိုရင် တညီတညွတ်တည်း ခုခံကာကွယ်သွားဖို့ဆိုတာတွေ ဒီမိုကရေစီရေး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တိုင်းရင်သားတပ်ပေါင်းစုနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ် ဆိုတာတွေကို ဖော်ပြထားပါတယ်။
မအေးအေးမာ VOA

Sunday, October 12, 2014

မြောက်ဥက္ကာပမြို့တွင် ဓာတ်ကြိုးပြုတ်ကျပြီး မိသားစု ၃ ဦး ဓာတ်လိုက်

 
မြောက်ဥက္ကလာပမြို့နယ် သံသုမာ ၅ လမ်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၇ နာရီကျော်လောက်က ဓာတ်ကြိုးပြုတ်ကျပြီး မိသားစု ၃ ယောက် ဓာတ်လိုက်လို့ ဆေးရုံတင်ပို့လိုက်ရပါတယ်။

ဓာတ်ကြိုးဟာ ကလေးငယ်ပေါ် အရင် ပြုတ်ကျတာ ဖြစ်ပြီး မိဘ ၂ ပါးက ကလေးကို လှမ်းဆွဲရာမှာ ၃ ယောက်စလုံး ဓာတ်လိုက်ခဲ့တာပါ။

အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ သူတို့ ၃ ယောက်စလုံး ကျန်းမာရေးကောင်မွန်လို့ ဆေးရုံကနေ ဆင်းခွင့် ပြုလိုက်ပါတယ်။

ဒီလို ဓာတ်ကြိုး ပြုတ်ကျတာဟာ လျှပ်စစ်မီးကြိုးတွေကို စတီးကြိုးနဲ့ ချိတ်ပြီး သွယ်တန်းရယူတာတွေ ရပ်ကွက်တွေမှာ ပြုလုပ်နေ တာကြောင့်လို့ မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးဝဏ္ဏကျော်က ပြောပါတယ်။

နောက်ထပ် ဒီလိုမျိုး မဖြစ်အောင် ရပ်ကွက်တွေမှာလည်း လျှပ်စစ် ပညာပေးလုပ်ငန်းတွေကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အခု လျှပ်စစ်ဓာတ်ကြိုး ပြုတ်ကျအောင် စတီးကြိုးနဲ့ သွယ်တန်းသူကိုလည်း လျှပ်စစ်ပုဒ်မနဲ့ ရဲစခန်းမှာ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ် ဇန်န၀ါရီလကနေ စက်တင်ဘာလအထိ ဓာတ်လိုက်သေဆုံးမှု အမှုပေါင်း ၁၂၀ လောက် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ

ထားဝယ်စီမံကိန်းတွင် ဒေသခံများ၏ ပါဝင်ခွင့်ကို အာမခံရန် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ တောင်းဆို

Displaying A. T  (14).JPG
 (၁) ထားဝယ်စီမံကိန်း ဧရိယာအတွင်း တနေရာ
   ဓာတ်ပုံ - အောင်သူ / Dawei Watch

ထားဝယ်၊ အောက်တိုဘာ ၉
မကြာခင် ပြန်စမည်ဟု စီမံကိန်း တာဝန်ရှိသူများက ပြောနေသည့်
ထားဝယ်စီမံကိန်းတွင် ဒေသခံများ၏ ပါဝင်ခွင့်ကို အာမခံရန်
ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ
့က ထိုင်းနှင့် မြန်မာ အစိုးရများကို
တောင်းဆိုလိုက်သည်။
ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာ၏ ယနေ့ စတင်သည့် မြန်မာနိုင်ငံ
ခရီးစဉ်နှင့် အချိန်ကိုက် ထုတ်ပြန်လိုက်သည့် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့၏
ကြေညာချက်တွင် ထားဝယ်စီမံကိန်းကို ပြန်မစခင် ပြီးခဲ့သည့် သုံးနှစ်
အီတာလျံ-ထိုင်း အကောင်အထည်ဖော်စဉ်က ဖြစ်ခဲ့သည့် ပြဿနာများကို
ဖြေရှင်းပေးရန်၊ ဒေသခံများ၏ ပါဝင်ပူးပေါင်းမှုကို အာမခံရန်၊ အတင်းအကျပ်
ခြိမ်းခြောက်  ပြောင်းရွှေ့နေရာချထားခြင်း မပြုရန် အပါအ၀င် အချက် ၈
ချက်ကို တောင်းဆိုခဲ့သည်ကို ယင်းအဖွဲ့၏ ကြေညာချက်အရ သိရသည်။
ထားဝယ်စီမံကိန်းကို အီတာလျံ- ထိုင်း ကုမ္ပဏီက တာဝန်ယူအကောင်အထည်ဖော်သည့်
၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်ကြား ကာလတွင် စီမံကိန်း အကောင်အထည်ဖော်သူနှင့်
ဒေသခံလူထုကြားတွင် ယုံကြည်မှု ကျိုးပျက်ခဲ့သည့် အခြေအနေ ဖြစ်သည့်အတွက်
စီမံကိန်းကို လက်ရှိတာဝန်ယူ အကောင်အထည်ဖော်မည့် မြန်မာနှင့်
ထိုင်းအစိုးရများအနေဖြင့် ဒေသခံများ၏ ယုံကြည်မှုကို ရရန် ကနဦးအနေဖြင့်
စဉ်းစားရန်လိုကြောင်း ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့၏ ရန်ကုန် ညှိနှိုင်းရေးမှူး
ဦးဘိုဘိုအောင်က ပြောသည်။
“ဖွံ့ဖြိုးဆဲနိုင်ငံက စီမံကိန်းတွေကို သုတေသနပြုပြီး သီအိုရီတစ်ခု
ထွက်လာတာရှိတယ်။ အဲဒါက ဘာလဲဆိုတော့ လူထုထောက်ခံမှု မရတဲ့ စီမံကိန်းတွေက
အမြဲတမ်း အရုံးနဲ့ ရင်ဆိုင်ရမယ်”ဟု ဦးဘိုဘိုအောင်က ဆိုသည်။
ယင်းသုတေသနကို ယခုနှစ် မေလက Queenland တက္ကသိုလ်နှင့် Harvard Kennedy
တက္ကသိုလ်နှစ်ခု က အိန္ဒိယ၊ ချီလီ၊ ပီရူး၊ သြစတေးလျနှင့် အာဂျင်တီးနား
နိုင်ငံ ငါးနိုင်ငံမှ သတ္တုတွင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းပေါင်း
၅၀ ကျော်ကို ပူးတွဲ ပြုလုပ်ခဲ့ကြောင်း ဦးဘိုဘိုအောင်က ရှင်းပြသည်။
လူထု ထောက်ခံမှု မရသည့် စီမံကိန်းများသည် နှောင့်နှေးခြင်း၊
ဖျက်သိမ်းရခြင်းတို့ကို ကြုံရပြီး တကယ့် စံနှုန်းများအတိုင်း
လိုက်နာလုပ်ဆောင်သည့် ကုန်ကျစရိတ်ထက် ပိုများသည်ဟု သီအိုရီထုတ်ထားကြောင်း
၎င်းက ပြောသည်။
“မြန်မာအစိုးရအနေနဲ့ ပြောင်းသင့်ပြီ”ဟု ဦးဘိုဘိုအောင်က ဆိုသည်။
ဒေသခံများ၏ ပါဝင်ပူးပေါင်းမှုရရန် ဆောင်ရွက်ရာတွင် စီမံကိန်း
အစီအစဉ်များကို သတင်းအချက်အလက်ထုတ်ပြစဉ်တွင် ဒေသခံ လူထုနားလည်နိုင်အောင်
ထုတ်ပြန်ရမည်ဖြစ်ပြီး နားလည်မှသာ ပါဝင်ပူးပေါင်းနိုင်မည်ဟု သိရသည်။
ထို့အပြင် စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများ ထောက်ပြပြောနိုင်
ပါဝင်နိုင်သည့် အခင်းအကျင်းကိုလည်း ဖန်တီးပေးရန် လိုကြောင်း ပြောသည်။
ထားဝယ်စီမံကိန်းစတင်ချိန်က ခြံထဲ ဘူဒိုဇာလာထိုးသည့်အချိန်မှ ထိုင်းသို့
ဖောက်မည့် လမ်းအတွက်ဟုသိရသည်မျိုးရှိခဲ့ပြီး ယခုအချိန်အထိ
ပြောင်းရွှေ့နေရာချထားရေးနှင့် ပတ်သက်ပြီး မည်သည့်နေရာသို့
ပြောင်းရွှေ့မည်၊ မည်သို့ နေရာချထားမည်၊ သက်မွေးဝမ်းကျောင်းမှုအတွက်
အဆင်ပြောသည့် နေရာမဖြစ်မဖြစ် လူထုကို ညှိနှိုင်းခြင်းမရှိခဲ့ဟု
ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့၏ ထားဝယ်ညှိနှိုင်းရေးမှူး ဦးသန့်ဇင်က ပြောသည်။
“အခုက မိသားဖသားပီပီတောင်းရမ်းဖို့ မကြိုးစားဘဲ ကားတင်ပြေးမယ်ဆိုတဲ့
အချိုးမျိုးဖြစ်နေတယ်”ဟု ဦးသန့်ဇင်က ပြောသည်။
စီမံကိန်းကို ပြန်စသည့်အခါ လူထူ၏ ပါဝင်ပူးပေါင်းမှုနှင့်
အခြားလိုက်နာရမည့် စံနှုန်းများကို မလိုက်နာပါက ပြဿနာများဖြင့်သာ
ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် ယခင်က ပြုလုပ်ထားသည့် ပြဿနာများကို
အမြန်ဆုံးဖြေရှင်းရန်လိုကြောင်း ဦးသန့်ဇင်က ပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် အီတာလျံ - ထိုင်းက ကနဦး
တာဝန်ယူ အကောင်အထည်ဖော်ခဲ့သည့် ထားဝယ်စီမံကိန်းကို ၂၀၁၃ နိုဝင်ဘာတွင်
ထိုင်းနှင့် မြန်မာအစိုးရချင်း ပူးပေါင်းလုပ်ကိုင်သည့် စီမံကိန်းအဖြစ်
ပြောင်းလဲလိုက်သည်။
ထားဝယ်စီမံကိန်းကြောင့် ရွာပေါင်း ၂၀ မှ ၃၆ ရွာကြား အိမ်ထောင်စု ၄၃၈၄ မှ
၇၈၀၇ ကြား၊ လူဦးရေ ၂၂၀၀ မှ ၄၃၀၀၀ကြား ထိခိုက်မည်ဟု
ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
|Dawei Watch|

လက်နက်ကြီးကျည်ကျတဲ့ ဒေါနတောင်ကျော်ကားလမ်း ပုံမှန်ပြေးဆွဲ

 
 ဓာတ်ပုံ - ကိုအောင်တိုး(သတင်းထောက်) ကော့ကရိတ် ။

အောက်တိုဘာ - ၁၂ - ၂၀၁၄

  မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်မှာ မနေ့မနက်ပိုင်းက လက်နက်ကြီးကျလို့ ခရီးသွား ၄ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပေမဲ့ ယာဉ်တန်း အတက်အဆင်း ကတော့ ပုံမှန် ပြေးဆွဲ လျှက်ရှိပါတယ်။

ဒီနေ့ယာဉ်တန်းအတက်နေ့မှာ ဘားအံကနေတက်လာတဲ့ စောအဒီးက" ဒီနေ့တက်လာတာ ဘာမှတော့မဖြစ်ဘူး ကံကောင်းတယ်ဘဲ ပြောရမယ် မတတ်နိုင်ဘူးလေ ကိုယ်အပူနဲ့ကိုယ်ဆိုတော့ ကံတရားလို့ဘဲ သဘောထားလိုက်တယ်"လို့ဆိုပါတယ်။

ဒီနေ့ယာဉ်တန်း အတက်နေ့မှာခါတိုင်းလိုဘဲ ခရီးသွားတွေပုံမှန်အတိုင်းပါဘဲ ဆိုပြီး ဒီလမ်းမှာပြေးဆွဲတဲ့ ကားသမားတဦးကဆိုပါတယ်။

ယာဉ်မောင်းတဦးဖြစ်တဲ့ ကိုအောင်ကတော့" မနေ့ကဖြစ်တာ ကျနော်တို့နဲ့ မနီးမဝေးမှာဘဲ မှာဘဲဖြစ်သွားတာပါ ကျနော်ထင်ပါတယ် စစ်တပ်ကိုပစ်တာ လိုရာမရောက်ဘဲ ခရီးသည်တွေထိသွားတာနဲ့တူပါတယ် ဘယ်သူဘဲဖြစ်ဖြစ်ပေါ့လေ ဒါမျိုးကမလုပ်အပ်ဘူးလေ တွေ့ဘူးတာတွေပြောရမယ်ဆိုရင် စစ်တပ်ကဘဲပစ်ပစ် သူပုန်တွေကဘဲပစ်ပစ် တလွဲတချော်တွေကြီးဘဲ ကြည့်ရတာဒီလူတွေ သင်တန်းကောင်းကောင်း မတက်ရဘူးနဲ့တူတယ်" ဆိုပြီး သူ့ထင်မြင်ချက်ကိုပြောဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ထိခိုက်မှုမရှိဘဲ ပုံမှန်ကုန်သွယ်မှုတွေ စီဆင်းနေပါတယ်။

ကုန်သည်တဦးကတော့ " လူတွေကကိုယ့်အပူနဲ့ကိုယ် သွားလာလုပ်ရှားနေကြရတယ် ချ ချင်ရင်သူတို့အချင်းချင်းချပေါ့ ဘာလို့မဆီမဆိုင် အရပ်သားတွေကို လာလုပ်ရတာလဲ ဘယ်သူဘဲလုပ်လုပ် သူတို့ကိုပြောချင်တယ် ကံကံရဲ့အကျိုးဆိုတာရှိတယ် မယုံမရှိနဲ့လို့ဆိုပါတယ်။

ဒီလမ်းပေါ်မှာ ပြေးဆွဲနေတဲ့ ယာဉ်ကြီးယာဉ်ငယ်အသွယ်သွယ်က နေ့စဉ်အစီးရေ (၈၀၀) အထက်မှာရှိတယ်ဆိုပြီး သင်္ကန်းညီနောင်မှာ အဲဒီကားတွေကိုပိုက်ဆံကောက်တဲ့ ဂိတ်က လူငယ်တဦးကဆိုပါတယ်။

သတင်း - ကရင်အမျိုးသား (မီဒီယာ)
https://www.facebook.com/profile.php?id=100004061645399&fref=ts