နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ကြေငြာချက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၁
ဦး မှာ အန်အယ်လ်ဒီက ၂၁ ဦး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးမှာ
အန်အယ်လ်ဒီ ၁၅ ဦးနိုင်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီ ထိ ကော်မရှင်ရဲ့ ကြေငြာချက်ကတော့
ပြည်သူ့လွှတ်တော်အတွက် ၂၇၄နေရာ ၊ အမျိုးသားလွှတ်တော်အတွက် ၁၃၃ နေရာနဲ့
တိုင်းဒေသကြီးလွှတ်တော်အတွက် ၄၉၄ ယောက်အနိုင်စာရင်း
ကြေငြာပြီးသွားပြီဖြစ်ပါတယ်။
ဒီထဲမှာ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်မှာ ၂၁၇ ယောက်၊
အမျိုးသားလွှတ်တော်မှာ ၁၁၀ ယောက်နဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် ၃၈၂
ယောက်အနိုင်ရထားပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့က တပါတီတည်းနဲ့
အစိုးရဖွဲ့နိုင်ဖို့ဆိုရင် လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပြည်ထောင်စုလွှတ်တော်မှာ
၃၃၃ ယောက်စာ အနိုင်ရရမှာဖြစ်ပါတယ်။ တချို့ကတော့ ၃၂၉ လို့ ဆိုကြပါတယ်။
လက်ရှိ ကြော်ငြာပြီးတဲ့ ရလာဒ်အရ အန်အယ်လ်ဒီဟာ ပြည်ထောင်စုလွှတ်တော်အတွက် ၃၂၇
နေရာ ရပြီးသားဖြစ်နေပါပြီ။ နောက်ထပ်ကြော်ငြာဖို့က ၈၂ နေရာ ကျန်နေပြီး
ဒီထဲက အန်အယ်လ်ဒီဟာ ၆ နေရာ ထပ်နိုင်ရင် တပါတီတည်းနဲ့
အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။
အန်အယ်လ်ဒီဟာ အစိုးရဖွဲ့နိုင်ဖို့ လုံးဝ စိတ်ချသွားရတဲ့အနေအထားဖြစ်နေတာကို
တွေ့နေရပါပြီ။
BBC Burmese
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago