Headlines News :
Home » » အသည်းပုံရေအိုင် ကျွန်းပြဿနာကြောင့် အလည်အပတ်ခရီးစဉ် ဖျက်သိမ်းသူ နှစ်သောင်းနီးပါးရှိလာ

အသည်းပုံရေအိုင် ကျွန်းပြဿနာကြောင့် အလည်အပတ်ခရီးစဉ် ဖျက်သိမ်းသူ နှစ်သောင်းနီးပါးရှိလာ

Written By Live100 on Saturday, November 14, 2015 | 8:53 PM

အသည်းပုံရေအိုင် ၀င်ပေါက်ကို တားထားသည်ကို တွေ့ရစဉ် ၊ဓာတ်ပုံ - နိုင်သစ်


အသည်းပုံရေအိုင်သို့ လာလည်ကြသူများ၊ဓာတ်ပုံ - နိုင်သစ်


|Dawei Watch| ကော့သောင်း၊ နိုဝင်ဘာ ၁၄
ကော့သောင်းမြို့နယ် ကြက်မောက်ကျွန်းရှိ အသည်းပုံရေအိုင်သို့ ခရီးသည်များ လည်ပတ်ခွင့်နှင့်  ပတ်သက်ပြီး အငြင်းပွား မှုဖြစ်ပြီးနောက် ယင်းကျွန်းသို့ လာရောက် လည်ပတ်ရန် ကြိုတင် စာရင်းပေးထားသည့် ခရီးသည် နှစ်သောင်းနီးပါးအထိ ခရီးစဉ် ဖျက်သိမ်းခဲ့ကြောင်း ယင်းခရီးစဉ်အတွက် ၀န်ဆောင်မှုပေးနေသည့် ကုမ္ပဏီများနှင့် ကော့သောင်းမြို့နယ် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
ထိုင်းနိုင်​ငံ ခရီးသွား လုပ်​ငန်းများမှ တစ်​ဆင့်​ ယခုနှစ်​ ပွင့်​လင်းရာသီ တွင်​ အသည်းပုံ ​ရေအိုင်​ရှိသည့် ကျွန်းသို့ အလည်​အပတ်​ လာရန်​ ကြိုတင်​စာရင်းပေးထားသူ လေးသောင်း​ကျော်​အနက်​ တစ်ဝက်ခန့် ခရီးစဉ် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ထိုင်းဘက်က​ စက်တပ်ရွက်​လှေေ​တွနဲ့ ကျွန်းခရီးစဉ်​တွေလာဖို့ ဟိုတယ်​နဲ့ ချိတ်​ထားတဲ့ ကမ္ဘာလှည့်​ ခရီးသွားတွေက လက်​ရှိ ဖြစ်​နေတဲ့ ကျွန်းပြဿနာ​တွေ​ကြောင့်​ ​နောက်​ဆုတ်​ လိုက်​တာပါ”ဟု သူေးကျွန်း ဟိုတယ်​မှ ခရီးသွားလုပ်​ငန်း မန်​နေဂျာ ဦးရင်​​ထွေးက ဆိုသည်။
ကော့သောင်းခရီးစဉ်အတွက် အသည်းပုံရေကန်သို့ သွားနိုင်သည်ဟု ကြေညာပြီးမှ ယခုကဲ့သို့ ပြဿနာဖြစ်သည့်အတွက် ခရီးလုပ်ငန်းများအပေါ် ခရီးသည်များက အထင်လွဲမှုများဖြစ်ခဲ့ရသည်ဟု ထိုင်းနိုင်ငံ ရနောင်ခရိုင်အခြေစိုက် Ponplace Travel & Tour ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ တာဝန်ခံက ပြောသည်။
ယင်းသို့ ခရီးစဉ်ဖျက်သိမ်းမှုများရှိသဖြင့် ကော့သောင်းဒေသ ခရီးသွားလုပ်ငန်းမှ ရရှိမည့် နိုင်ငံတော်၏ ၀င်ငွေ တစ်ဝက်ခန့် လျော့ကျသွားနိုင်သည်ဟု ကော့သောင်းမြို့နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဦးစီးဌာနမှ ဒုညွှန်မှူး ဦးလွမ်းမိုးက ပြောသည်။
ကျွန်းခရီးစဉ်​ သွားသည့်​ ခရီးသည်​ တစ်​ဦးထံမှ ​ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဦးစီးဌာနမှ တစ်​နေ့လျှင်​  ​ဒေါ်လာ ၅၀ ကောက်ခံသည်ဟု ၎င်းက ပြောသည်။
ကြက်​​မောက်​ကျွန်း အပါအဝင်​ ခရင်းခွကျွန်း၊ လန်​ပိကျွန်း ၊ ဂျာလန်းကျွန်းစသည့်​ ကျွန်းများသည် ​​ ​ ကော့​သောင်းခရိုင်​အတွင်း ​နေ့ချင်းပြန် ​​အလည်အပတ် ခွင့်ပြုချက်ရထားသည့် ကျွန်းများဖြစ်သည်ဟုေ​​​​​​​​​ကာ့​သောင်းမြို့နယ် ဟိုတယ်နှင့်ခရီး ဦးစီးဌာနထံမှ သိရသည်။ 
ပြီးခဲ့သည့်  အောက်တိုဘာလ ၁၃ ရက်က အသည်းပုံရေအိုင်ရှိသည့် ကြက်မောက်ကျွန်းသို့ လာရောက်လည်ပတ်သည့် ခရီးသည်များကြောင့် ငှက်သိုက်လုပ်ငန်းကို ထိခိုက်သည်ဟုဆိုကာ ကျွန်းပေါ်တွင် ငှက်သိုက် စုသိမ်းခွင့်ရထားသည့် ပတ္တမြားရောင်​ခြည်​ ငှက်​သိုက်​လုပ်​ငန်းကုမ္ပဏီက ကျွန်းဝင်ပေါက်ကို မျောတိုင်များဖြင့် ပိတ်ဆို့တားဆီးခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနပေါင်းစုံပါဝင်သည့် အဖွဲ့မှ နိုဝင်ဘာလ ၃ ရက်နေ့က သွားရောက် စစ်ဆေးပြီး ကော့သောင်းခရိုင် အုပ်ချုပ်ရေးဦးစီးဌာနထံ တင်ပြထားသည်ဟု သိရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template