Pages

Saturday, May 9, 2015

အသံဖိုင် နားထောင်ရန်နဲ့ ရယူရန် နားထောင်ရန် အသံဖိုင်ယူရန် ဦးအေးသာအောင်နဲ့ မေးမြန်းချက် နားထောင်ရန် အသံဖိုင်ယူရန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခွင့်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ခွင့်ပြုလိုက်ပြီး၊ စိုက်ထူမယ့် မြေနေရာကို ရွေးချယ်နေပါတယ်။
မြစ်ကြီးနားမြို့ မင်းရပ်ပြည်သူ့အားကစားကွင်းမှာ စိုက်ထူဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆွေးနွေးခဲ့တယ်လို့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သူကျော်က RFA ကို ပြောပါတယ်။
"ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးအတွက် အများပြည်သူအားလုံး ပါဝင်နိုင်အောင်အတွက်ဆိုပြီးတော့ အလှူခံဆောင်ရွက် တဲ့အခါမှာ အလှူရှင်တွေကနေပြီးတော့ ဘယ်နေရာမှထားမလဲ၊ ဘယ်နေရာမှာဆိုရင်ကောင်းမလဲ ကျနော်တို့က အပြန် အလှန်မေးမြန်းတဲ့အခါမှာ မင်းရပ်ပြည်သူ့အားကစားကွင်းဆိုရင် ကောင်းတာပေါ့ဆိုတဲ့ ပြည်သူ့ဆန္ဒသဘောထား ကလည်းပါတယ် ကျနော်တို့ကိုယ်တိုင်ကလည်း အဲ့ဒီနေရာဟာ ဗိုလ်ချုပ်ကြေးရုပ်ထုနဲ့ သင့်တော်တဲ့မြေနေရာဆိုတာ အဲ့လိုနဲ့ ကျနော်တို့က ဦးစားပေးတင်တာပါပဲ၊ အဲ့နေရာသည် အများပြည်သူအများဆုံးသွားလာတဲ့ နေရာဖြစ်ခြင်းပေါ့နော်၊ ဒါကိုအားလုံးမြင်သာထင်သာဖြစ်တယ်လို့ အဲ့လိုကြောင့် ကြိုက်တယ်လို့နှစ်သက်တာပေါ့၊ အများပြည်သူထိတွေ့လို့ရှိရင် ဗိုလ်ချုပ်ရဲ့စိတ်ဓါတ်တွေ ထွန်းကားရှင်သန်စေလာအောင်ဆိုတဲ့ စိတ်ဓါတ်တွေ အဓိကပေါ့နော်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ စိတ်နေသဘောထားတွေ သိစေချင်တာ"
ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပြင်မှာရှိတဲ့ အောင်ဇေရန်အောင်ဘုရားအနီး မြေကွက်လပ်ထဲမှာသာ စိုက်ထူဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေရာဟာ မြို့ပြင်ဖြစ်နေတဲ့အပြင် အများပြည်သူသွားလာမှုလည်း သိပ်မရှိတာကြောင့် မင်းရပ်ပြည်သူ့အားကစားကွင်းနေရာမှာ စိုက်ထူခွင့်ပြုဖို့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီက ပြည်နယ် အစိုးရအဖွဲ့နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အများပြည်သူရဲ့ ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်းနှစ်ရာလောက်ကုန်ကျခံ သွန်းလုပ်ထားတဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဗိုလ်ချုပ်ကြေးရုပ်ကို မြစ်ကြီးနားမြို့မှာ လာမယ့်ဇွန်လအတွင်းမှာ စိုက်ထူနိုင်ဖို့ ကော်မတီက စီစဉ်နေတာဖြစ်ပါတယ်။
RFA

တိုက်ပွဲဖြစ်ဆဲ ၃ ဖွဲ့ အပစ်ရပ်ချုပ်ဆိုပွဲမှာ ပါဝင်မှာမဟုတ်ကြောင်း ဝန်ကြီး ဦအောင်မင်းပြော

ethnic-political-party-meet-305
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး ပွဲမှာ လက်ရှိအစိုးရနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ MNDAA ကိုးကန့်အဖွဲ့၊ PSLF/TNLA တအာင်းပလောင်အဖွဲ့နဲ့ AA ရက္ခိုင့် တပ်မတော်တို့ပါဝင်မှာ မဟုတ်ကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောလိုက် ပါတယ်။
ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ ပါဝင်မယ့်အဖွဲ့တွေနဲ့ပတ်သက်လို့ သတင်းထောက်တွေ ရဲ့ မေးမြန်းချက်ကို ဝန်ကြီး ဦးအောင်မင်းက အခုလို ဖြေ ကြားခဲ့တာပါ။
"အခုနကပြောတဲ့ ကိုးကန့်အဖွဲ့၊ ပလောင်အဖွဲ့၊ AA အဖွဲ့ဟာ ဘိုင်လထရယ် မဆွေးနွေးရသေးပါဘူး၊ ဘိုင်လထရယ် ဆွေးနွေးတဲ့အခါမှာလည်း အချက်အလက်တွေ အများကြီးထွက်လာပါလိမ့်မယ်၊ အဲ့ဒီတော့ သူတို့ကို စောင့်ပြီးခေါ်မယ်ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးကြာနေလိမ့်မယ်၊ အခုပြောထားတဲ့ ၁၆ ဖွဲ့ ဆွေးနွေးနေတဲ့အဖွဲ့နဲ့ပဲ ကျနော်တို့ ဆက်ပြီးတော့ ရှေ့ကနေပြီးတော့ ပထမအဆင့်အနေနဲ့ သွားပါမယ်၊ ကျန်တဲ့အဖွဲ့တွေကတော့ ဘိုင်လထရယ်ဆိုတဲ့ အဆင့်ခံနေတဲ့အတွက် သူကဒုတိယအဆင့်နေနဲ့ ကျနော်တို့ ဆောင်ရွက်ဖို့ရှိပါတယ်"
အဲ့ဒီအဖွဲ့တွေဟာ အခုကျင်းပဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မှာမဟုတ် ပဲ နောက်တစ်ကြိမ် ဒုတိယအဆင့်အနေနဲ့ကျင်းပမယ့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်တယ် လို့ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ နိုင်ငံရေးမူဘောင်တွေ အမြန်ဆုံးချမှတ်နိုင်ရေး အဖြေရှာ ကြဖို့ ပြောကြားခဲ့ပါတယ်။
"နိုင်ငံရေးဆွေးနွေးမှုမူဘောင်နဲ့အညီ ပဏာမနိုင်ငံရေးဆွေးနွေးမှုများကို ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများမတိုင်မီ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆိုတဲ့အချက်မှာပါတဲ့ မူဘောင်ရရှိရေးအတွက် အချိန်နဲ့ပတ်သက်တဲ့ အခက်အခဲကို ကျော်လွှားနိုင်အောင် အကောင်အထည်ဖော်နိုင်ရေးလမ်းစရှာတဲ့ ဆွေးနွေးပွဲလည်းဖြစ်ပါတယ်"
ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့က အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တချို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိကဝတ်ပြုခြင်း (Deed of Commitment) မှာပါဝင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့တို့က ဦးဆောင်ကျင်းပတာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြုချက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေပါဝင်သလို လက်မှတ်မထိုးတဲ့ အဖွဲ့တွေလည်းပါဝင်ပါတယ်။
ဆွေးနွေးပွဲအပြီးမှာ ၂ဝ၁၅ ရွေးကောက်ပွဲမစမီ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ဖွဲ့စည်းသွားဖို့ သဘောတူညီခဲ့ပါတယ်။
ဒီပွဲကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးဝင်းထွန်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့က ခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ နိုင်ငံရေးပါတီ ၆၄ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြပါတယ်။
ဒီနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ RFA သတင်းထောက် မစန်းမော်အောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

အုပ်စုတက်ရေး အစွမ်းကုန်ကြိုးစားမည်ဟု မြန်မာယူ ၂၀ အသင်းခေါင်းဆောင်ပြော

u20b


၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၂၀ အသင်းအနေနဲ့ အုပ်စုအဆင့်ကနေတက်ဖို့ အဓိကထား ကစားသွားမယ်လို့ အသင်းခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
မေ ၉ ရက် နိုဗိုတယ် ဟိုတယ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် မြန်မာ ယူ ၂၀ အသင်းခေါင်းဆောင် နန္ဒကျော်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်ကြောင့် အသင်းအနေနဲ့ အကောင်းဆုံးကြိုးစားပြီးတော့ တတ်နိုင်သမျှ ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာ၊ အဓိက အုပ်စုတက်နိုင်ဖို့အတွက် အကုန်လုံးက ရေကုန်ရေခန်း ကြိုးစားနေကြပါတယ်။
မြန်မာယူ ၂၀ အသင်းအနေနဲ့ ဥရောပ ၅ နိုင်ငံကို ပူးတွဲလေ့ကျင့်ဖို့အတွက် သွားရောက်ခဲ့သလို မေ ၁၄ ရက်မှာလည်း သြစတြေးလျကို သွားရောက်လေ့ကျင်မှာဖြစ်ပြီး ၂၅ ရက်နေ့ကျမှာ နယူးဇီလန်နိုင်ငံ သွားရောက်မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးစိုးမိုးကျော်က ပြောပါတယ်။
၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အမေရိကန်၊ ယူကရိန်း၊ အိမ်ရှင်နယူးဇီလန်တိုနဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။
မေ ၃၀ ရက်မှာ အမေရိကန်အသင်း ဇွန် ၂ ရက်နေ့မှာ ယူကရိန်းအသင်း ဇွန် ၅ ရက်မှာ အိမ်ရှင် နယူးဇီလန် နယူးဇီလန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ

လူထုနှင့် ကေအန်ပီပီတပ်ဖွဲ့ တွေ့ဆုံရေး နေပြည်တော်စစ်ရုံးကို တင်ပြမည်

 ဓာတ်ပုံ (ဒေါက်တာ မင်းဇော်ဦး ဖေ့ဘွတ်ခ်)
လူထုနဲ့ ကေအန်ပီပီတွေ့ဆုံခွင့်ရရေး ကယားပြည်နယ်အစိုးရက နေပြည်တော်စစ်ရုံးကို တင်ပြပေး သွားမှာ ဖြစ်ပြီး လာမယ့်အပတ်ထဲ အဖြေသိရမယ်လို့ ကေအန်ပီပီက ပြောပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြောက်ဘက် ရှမ်းကယားနယ်စပ် တီးလိုကျေးရွာအုပ်စု ထဲမှာ ရောက်ရှိနေကြ တဲ့ ကေအန်ပီပီ တပ်ဖွဲ့ဝင် ၂၀၀ ကျော် နယ်မြေဆင်းပြီး လူထုနဲ့တွေ့ဖို့ တောင်းဆိုထားနဲ့ပတ်သက်လို့ ပြည်နယ် အစိုးရအဖွဲ့နဲ့ကေအန်ပီပီတို့ ဒီနေ့ လွိုင်ကော်မြို့မှာ ဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးပွဲကို ကယားပြည်နယ်အစိုးရဘက်က ၀န်ကြီးချုပ် ဦးခင်မောင်ဦး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဘက်က ဒုဥက္ကဋ္ဌ ခူးဦးရယ် ဦးဆောင်တဲ့အဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နေပြည်တော်စစ်ရုံးကို ဆက်လက်တင်ပြပေးမယ်ဆိုတဲ့ အဖြေရခဲ့ကြောင်း ဆွေးနွေးပွဲတက်ခဲ့တဲ့ ကေအန်ပီပီ ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ် က ပြောပါတယ်။
“စစ်ကြောင်းက သူတို့ မူအတိုင်းဆို ခွင့်ပြုလို့ မရဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ တပ်အင်အားလျှော့ပြီး သွားရင်တော့ တင်ပြပေးမယ်ပြောတယ်။ ကျနော်တို့ ပြောလိုက်တာက တပ်ကို ၃ ဖွဲ့ ခွဲမယ်၊ ၃ဖွဲ့ခွဲပြီး လှုပ်ရှားသွားခွင့်ပြုဖို့ တင်ပြတယ်။ အဲ့ဒါနဲ့ သူတို့ နေပြည်တော်စစ်ရုံးကို တင်ပြပေးမယ်တဲ့ နောက်တပတ်ထဲမှာ သိရမယ်လို့ ပြောတယ်။”
ကေအန်ပီပီတပ်ဖွဲ့အနေနဲ့ နယ်စပ်မှာပဲ အနေများပြီး လူထုနဲ့ ထိတွေ့မှုနည်းတာကြောင့် နယ်မြေဆင်းပြီး လူထုနဲ့ ထိတွေ့ဆက်ဆံချင်တယ်၊ လတ်တလော အပစ်ရပ်စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီးတော့လဲ လူထုကို ရှင်းပြလိုတယ်၊ ကျန်းမာရေးစောင့်ရှောက်ကုသမှု ပေးလိုတယ်၊ စတဲ့အကြောင်းတွေကြောင့် နယ်မြေဆင်းလို တာဖြစ်ကြောင်း ခူညေးရယ်က ပြောပါတယ်။
လတ်တလောမှာ ကေအန်ပီပီတပ်ဖွဲ့ဝင် ၂၀၀ကျော်ဟာ တီးလိုကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာ ၇ ရွာလောက် မှာ ဖြန့်ကျက်နေထိုင်နေကြပြီး သူတို့နဲ့ မနီးမဝေးမှာ အစိုးရတပ်ရှိနေပါတယ်။
ဒီနေ့စည်းဝေးပွဲမှာ အစိုးရ ဒစကတပ်မှူး ဗိုလ်မှူးကြီးအေးလွင်လည်း တက်ရောက်ပြီး ပစ်ခတ်မှု လုံးဝ မဖြစ်စေရ ဘူးလို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ကေအန်ပီပီ တပ်ဖွဲ့ဝင်တွေဟာ မေလ ၁ ရက်နေ့က  ရှားတောမြို့နယ်ထဲ ၀င်ရောက်ခဲ့ပြီး မေလ ၇ ရက်မှာတော့ လွိုင်ကော်မြို့ မြောက်ဘက် ရှမ်းကယားနယ်စပ် တီးလိုကျေးရွာအုပ်စုထဲမှာ ရောက်ရှိနေ တာ ဖြစ်ပါ တယ်။
ကေအန်ပီပီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ ပဏာမ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီး သတ်မှတ်ထားတဲ့နေရာမှာပဲ နေထိုင်ဖို့၊ သတ်မှတ်နေရာကအပ အခြားနေရာကို လက်နက်ကိုင်စွဲပြီး ၀င်ရောက်ခြင်းမပြုဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
DVB

လားရှိုး ပေါက်ကွဲမှု ကလေး ၁ ဦးသေ၊ လူကြီး ၂ ဦး ဒဏ်ရာရ

 2

3

4

5

6

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၂ မှာရှိတဲ့ ကုန်တင်ယာဉ်ကြီးများ ရပ်နား စခန်းဝင်းအတွင်းက လူနေတိုက်ခန်းတခုမှာ မေ ၉ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် လူကြီး ၂ ဦး ဒဏ်ရာရပြီး ကလေး ၁ ဦးသေဆုံးသွားပါတယ်။

၃ နှစ် ကလေးငယ်က လျက်ဆား ပုလင်းနဲ့ ပုံစံတူတဲ့ ပစ္စည်းတခုကို ကောက်ယူလာပြီး
 ဖခင်နဲ့ အတူ ဆော့ကစားရာက   ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။
ဒီပေါက်ကွဲမှုကို ဗုံးပေါက်ကွဲမှုလို့ ရဲတပ်ဖွဲ့က ယူဆပြီး မြို့ခံ လူထုတွေအနေနဲ့ မသင်္ကာဖွယ် ပစ္စည်း တခုခုကိုတွေ့ရင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အကြောင်းကြားပေးဖို့ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး အောင်မြတ်မိုးက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်အတွက် ရဲတပ်ဖွဲ့က ငွေကျပ် ၂ သိန်း ထောက်ပံ့ခဲ့ပါတယ်။

သျှမ်းဘာသာ အပါအဝင် တိုင်းရင်းသားဘာသာ ၈ မျိုး ဒီဗီဘီရုပ်သံလိုင်း၌ စတင်ထုတ် လွှင့်မည်



 မေ ၉ ရက် ၂၀၁၅

 သျှမ်းဘာသာ အပါအဝင် တိုင်းရင်းသား ဘာသာစကား၈ မျိုးဖြင့် ဒီဗီဘီ ရုံမြင် သံကြား အသံလွှင့်ဌာန ရုပ်သံလိုင်းမှ တနင်္လာနေ့မှ စ၍ စတင်ထုတ်လွှင့်တော့ မည်ဟု ဘီအဲန်အိုင် ၏ တာဝန်ခံ ထုတ်လုပ်သူ ကပြောသည်။

မေလ ၁၁ ရက်နေ့ မှစ၍ မွန်ဘာသာ၊ မေ ၁၂ ရက်နေ့ သျှမ်းဘာသာ၊ ထိုနောက်ပိုင်း ကချင်၊ မြန်မာ၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင် စသဖြင့် တရက်တမျိုးထုတ်လွှင့်သွားမည် ဖြစ်သည်။ အစီအစဉ်တခုလျှင် ၁၅ မိနစ်ခန့် ကြာမည်ဟုဆိုသည်။

“အဓိက ကတော့ နိုင်ငံတကာနဲ့ သတင်းဌာနကြီးတွေမှာ ကျန်လပ်နေတဲ့ တိုင်းရင်းသား ဒေသက သတင်းတွေကို တိုင်းရင်းသားသတင်းထောက်တွေက တိုင်းရင်းသားတွေ နားလည်တဲ့ ဘာသာနဲ့ ပြန်ပြောပြနိုင်ဖို့ဖြစ်ပါတယ်” - ဟု ဘီအဲန်အိုင်၏ တာဝန်ခံ ထုတ် လုပ်သူ ကပြောသည်။

သျှမ်းသံတော်ဆင့်သတင်းဌာန၏ ရုပ်သံပိုင်းဆိုင်ရာတာဝန်ခံ နန်းမွေခေါင်ဝ် က- “ အင်္ဂါနေ့ ထုတ်လွှင့် နိုင်ဖို့ ကျမတို့ ပြင်ဆင်နေပါတယ်အခု။ ထုတ် လွှင့် မဲ့ဟာက သျှမ်းဘာသာ စကားပြော၊ မြန်မာစာတမ်းထိုးပါ။ ဒီဗီဘီ မှာ စောင့်မျှော် အားပေးကြပါလို့ တိုက်တွန်းလိုပါတယ်ရှင်” - ဟု ပြောသည်။

လက်ရှိအနေအထားအရ တိုင်းရင်းသားဒေသတွေမှာ ဆက်သွယ်ရေးက မဖွံ့ ဖြိုးသေး သည့်အတွက် ဗီဒီယိုကလစ်ဖိုင်များ အချိန်မီပို့နိုင်ရန် အခက်အခဲ ကြုံတွေ့နေရသော်လည်း မည်သို့ပင်ဆိုစေ ‘ အနာဂတ်မှာ တိုင်းရင်း သား ဒေ သတွေ မှာ လွတ်လပ်တဲ့ ရုပ်သံဌာနတွေ ပေါ်ပေါက်လာ ဖို့ လေ့ ကျင့်မှုတခု လည်းဖြစ်စေ မယ်လို့ မျှော်လင့်ပါတယ်’ ဟု ဘီအဲန်အိုင်၏ တာဝန်ခံ ထုတ် လုပ်သူ က ပြောသည်။

ဒီအစီအစဉ်ဖြစ်မြောက်ဖို့ နိုင်ငံတကာ မြန်မာသတင်း BNI နဲ့ ဒီမိုကရက် တစ်မြန်မာ့အသံ DVB တို့ စုပေါင်း စီစဉ်ထားခြင်းဖြစ်သည်။

နိုင်ငံတကာ မြန်မာသတင်း BNI ကို သျှမ်းသံတော်ဆင့် SHAN အပါဝင်၊ မစ္ဇျိမ Mizzima၊ နိုင်ငံတကာမွန် သတင်းအေဂျင်စီ IMNA ၊ ကရင်သတင်းစဉ် KIC ၊ နိရဉ္စရာသတင်းဌာန(ရခိုင်)၊ ကချင်သတင်းဌာန KNG ၊ ပေါက်ထော (မွန်)၊ ခေါနုမ်ထုန် (ချင်း)၊ ကုလားတန်၊ ကန္တာရ၀တီတိုင်း(မ်း) (ကရင်နီ) ၊ သတင်းမီဒီယာကွန်ယက် NMG ၊ ချင်းဝေါလ်(ချင်း)၊ သံလွင်တိုင်း(မ်)(မွန်) သတင်းဌာနများမှ စုပေါင်းကာ ဖွဲ့စည်းတည်ထောင်ထားပါ သည်။

ဒီဗီဘီမှာမူ ၁၉၈၈ နောက်ပိုင်းပေါ်ပေါက်လာသည့် အသံလွှင့်ဌာနဖြစ်ပြီး ထိုစဉ်က စဝ်ဟန် ယောင်ဟွေ ဦးဆောင်မှုဖြင့် နော်ဝေးနိုင်ငံ တွင်အခြေ စိုက်သည်။ ၂၀၁၀ ရွေးကောက်ပွဲမှ တဆင့် ဦးသိန်းစိန်အစိုးရ တက်လာ သည့် နောက်ပိုင်း ပြည်တွင်း၌လည်း ရုံးစိုက်ဖွင့်လှစ် ထား သည်။

သျှမ်းသံတော်ဆင့်

မြို့ကြီးအချို့တွင် မိုးသက်လေပြင်းကျ


မေလ ၈ ရက်ညနေပိုင်းက မြန်မာနိုင်ငံရှိ မြို့ကြီးအချို့မှာ မိုးသက်လေပြင်းကျရောက်ခဲ့ပြီး သစ်ပင်သစ်ကိုင်းကျိုးကျမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။
10356027_701338086661159_6471426697445028213_n

 11050176_701338103327824_5581541385312142683_n
ရှမ်းပြည်နယ်၊ မိုင်းဆတ်၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မန္တလေးတိုင်း၊ မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့နဲ့ မြစ်ငယ်တို့မှာ မေ ၈ ရက်နေ့ ညနေပိုင်းနဲ့ညပိုင်းတို့မှာ မိုးသက်လေပြင်းကျပြီး ထစ်ချုန်းမိုးတွေ ရွာသွန်းခဲ့ပါတယ်။
မန္တလေး၊ စစ်ကိုင်းလမ်းတလျှောက် သစ်ပင်ကြီးများ ပြိုလဲခဲ့ပြီး တောင်သမန်အင်းစောင်းမှာ တည်ရှိတဲ့ လောကရံသီပုထိုးတော်ကြီး ဘုရားရဲ့ထီးတော်သုံးဆင့်ခန့်နဲ့ စိန်ဖူးတော် မြေခခဲ့ပါတယ်။
မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်း ၁ နာရီမိုင် ၃၀ နဲ့ မိုင် ၄၀ လောက် တိုက်ခတ်ခဲ့ပြီး လေတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းတွေ ကျိုးကျတာ၊ သစ်ပင်များလဲပြိုကျတာ၊ အိမ်အမိုးတွေလန်ထွက်တဲ့အပြင် လျှပ်စစ်မီးပြတ်တောက်တာတွေလည်း ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။
မေ ၇ ရက်ညပိုင်းမှာလည်း ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့နယ်ထဲ အလားတူ မိုးသက်လေပြင်းကျရောက်ပြီး အင်ခေါင်းပါ ဒုက္ခသည်စခန်းရှိ အိမ် ၅၉ လုံး ပျက်စီးသွားတယ်လို့ ကေအိုင်အို ဗဟိုစစ်ဘေးဒုက္ခသည် ကူညီစောင့်ရှောက်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ရော်က ပြောပါတယ်။
“မေ ၇ ရက်ည ၇ နာရီလောက်မှာ မုန်တိုင်းကျပြီး အိမ်အမိုးအကာတွေ လွင့်ပါပျက်စီးကုန်ကြတယ်။ အိမ် ၅၉ လုံး၊ လူဦးရေ ၃၀၀ လောက် ဒုကရောက်နေကြတယ်။”
အင်ခေါင်းပါဒုက္ခသည်စခန်းမှာ လူဦးရေ ၂၀၀၀ လောက် ခိုလှုံနေထိုင်နေကြပြီး အကူအညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။
အခုရက်ပိုင်းအတွင်း မြန်မာပြည်အနှံ့အပြားမှာဖြစ်ပေါ်နေတဲ့ မိုးတိမ်တောင်တွေကြောင့် မိုးသက်လေပြင်းကျရောက်မှာတွေ ဖြစ်ပွားနိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – မျိုးနိုင်
  By ရွှေအောင် DVB

မုန်တိုင်းနှင့်မီးတောင်ဘေး ဖိလစ်ပိုင်တာဝန်ရှိသူများ ပြင်ဆင်


တိုင်ဖုန်းမုန်တိုင်းနဲ့ မီးတောင်ဘေးရန်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဖိလစ်ပိုင်အရာရှိတွေ မေ ၈ ရက်နေ့က ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

နိုင်ငံရဲ့ အရှေ့မြောက်ဘက် ကမ်းရိုးတန်းဆီကို တိုင်ဖုန်းမုန်တိုင်း တလုံးက ဦးတည်လာနေပြီး အလယ်ပိုင်းခရိုင်တခုမှာတော့ မီးတောင်တလုံးက ပြာတွေ ရေနွေးငွေ့တွေကို မှုတ်ထုတ်နေတယ်လို့ အရာရှိတွေက မေ ၉ ရက်နေ့က ပြောပါတယ်။

တိုင်ဖွန်း နူအယ်လ်ဟာ စာမာခရိုင် အရှေ့ပိုင်း ဘိုရွန်ဂံမြို့ အရှေ့မြောက်ဘက် မိုင် ၃၀၀ အကွာမှာ ရောက်နေပြီး လေပြင်းက တနာရီ ၁၁၅ မိုင်နှုန်း ရှိနေတာပါ။ အဆင့်လေး မုန်တိုင်းအဖြစ် သီတင်းပတ်ကုန်ရက်မှာ ကုန်းတွင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

မေ ၁၂ ရက်နေ့မှာတော့ ဂျပန်နိုင်ငံက အိုကီနာဝါ ကျွန်းဆီကို ဦးတည်ပြီး မုန်တိုင်း အားလျော့သွားမယ်လို့ မိုးလေဝသဗျူရိုက ပြောပါတယ်။

ပင်လယ်ပြင် လှိုင်းထန်နေလို့ အာဏာပိုင်တွေက သင်္ဘောတွေကို ရပ်ခိုင်းထားခဲ့တဲ့ အတွက် ထောင်နဲ့ချီတဲ့ ခရီးသည်တွေကတော့ ဖိလစ်ပိုင် အရှေ့ပိုင်းနဲ့ အလယ်ပိုင်းက ပင်လယ်ဆိပ်ကမ်းတွေမှာ သောင်တင်နေပါတယ်။

မိုးနဲ့မီးတောင် ပေါက်ကွဲမှုကြောင့် ရွှံ့မြေတွေ ပြိုကျတာ ရွှံ့တွေနဲ့အပျက်အစီး အပိုင်းအစတွေက မိုးရေနဲ့ ရောပြီး ချော်ရည်စီးကြောင်းတွေ ဖြစ်နိုင်တယ်လို့ အရာရှိတွေက သတိပေးထားပါတယ်။

အရာရှိတွေက စာသင်ကျောင်းတွေနဲ့ အားကစားရုံတွေကို ဒုက္ခသည်စခန်းအဖြစ် သုံးဖို့ ပုံစံထုတ်ထားပါတယ်။

မုန်တိုင်းကြောင့် မြေပြိုမှုနဲ့ ရုတ်တရက် ရေကြီးမှုဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အစိုးရအရာရှိတွေက မုန်တိုင်းလမ်းကြောင်း တလျှောက်က ဒေသခံ ရုံးတွေကိုလည်း ဖုန်းခေါ်ဆိုမှု ဖုန်းမက်ဆေ့ခ်ျနဲ့ အီးမေးလ်တွေ ပေးပို့တပ်လှန့်ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း ပျမ်းမျှ အလုံး ၂၀ လောက် ဝင်လေ့ ရှိတာပါ။ လတ်တလောနှစ်တွေအတွင်း အဆိုးရွားဆုံး ဖြစ်ခဲ့တဲ့ စူပါ တိုင်ဖွန်း ဟိုင်ရန် ၂၀၁၃ခုနှစ်မှာ တိုက်ခတ်မှုကြောင့် လူအယောက် ၈၀၀၀ ကျော် သေဆုံးဒဏ်ရာရခဲ့ပါတယ်။

 By ဒီဗွီဘီ

ဆင်ရိုင်းတကောင်လွတ်မြောက်

သတင်း ဓာတ်ပုံ (မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဖေ့ဘွတ်ခ်)
သတင်း ဓာတ်ပုံ (မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဖေ့ဘွတ်ခ်) 

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၁၇ အနီးမှာ ဆင်ရိုင်းတကောင်လွတ် မြောက်နေပါတယ်။
တာဝန်သိပြည်သူ တဦးက သတင်းပေးလာတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာ အရေးပေါ်သတင်း တရပ်အနေနဲ့ ထုတ်ပြန်ထားပါတယ်။
ဒီဗွီဘီ

သစ်ခိုးမှုဖမ်းဆီးစဉ် အစိုးရနှင့်ကေအိုင်အေ တိုက်ပွဲဖြစ်၊ လေကြောင်းပစ်ကူသုံး

 








ကချင်ပြည်နယ်အတွင်း တရားမ၀င်သစ်များ ခိုးထုတ်နေတာကို ဖော်ထုတ်ဖမ်းဆီးစဉ် စစ်တပ်နဲ့ ကေအိုင်အေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူသုံး တိုက်ခိုက်ခဲ့ရတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
မေ ၅ ရက်နဲ့ ၇ ရက်တို့မှာ ကချင်ပြည်နယ် မံဝိန်း၊ ဆဒုံးဒေသ၊ ကန်တော်ယန်ဒေသနဲ့ စီခမ်းကြီးဒေသအတွင်း သစ်ခိုးထုတ်မှုတွေကို လိုက်လံရှာဖွောဖော်ထုတ်ဖမ်းဆီးရင်း စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲဖြစ်တာလို့ မြ၀တီသတင်းက ဆိုပါတယ်။
အဲ့ဒီဒေသမှာ စုပုံထားတဲ့ သစ်ပုံတွေ သစ်ခွဲသားတွေကို လိုက်လံရှာဖွေဖော်ထုတ်ဖမ်းဆီးရင်း သစ်လုံးမျိုးစုံနဲ့အတူ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာ ၅ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ အခု သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကေအိုင်အေပြောခွင့်ရ ဦးလနန်းက အဲ့ဒီဒေသကို သစ်တွေ ရောက်မလာခင်ကတည်းက ဘာကြောင့်မဖမ်းတာလဲလို့ မေးခွန်းထုတ်ပါတယ်။
“ကျနော်တို့ဘက်က ကိုယ့်တပ်စခန်းထဲမှာပဲ ကိုယ်နေတယ်။ သူတို့ စစ်ကြောင်းတွေ ဒီလောက်လှုပ်ရှားနေတဲ့ကြားက ဒီလောက်သစ်တွေ ကားနဲ့တိုက်လာနိုင်တယ်ဆိုတာ အများသိပြီးသားပါ။ ဘာကြောင့်မို့ ကေအိုင်အေတပ်ရင်း ၁၂ ကျမှ လိုက်ပြီး ရှင်းရသလဲ။ အဲ့ဒီဒေသမရောက်ခင် မဘိန်းတို့လိုဒေသတွေမှာ ဘာလို့ ဒီသစ်တွေကို မဖမ်းတာလဲ၊ သူတို့က ကေအိုင်အေကို သိက္ခာကျအောင် လုပ်တဲ့ကိစ္စတွေပါ။”
မြ၀တီသတင်းထုတ်ပြန်ချက်မှာတော့ သစ်လုံးပုံတွေကို လေကြောင်းကင်းထောက်မှုတွေနဲ့ ရှာဖွေတွေ့ရှိခဲ့ပြီး ကေအိုင်အေနဲ့ တိုက်ပွဲအတွင်း လေကြောင်းပစ်ကူ တကြိမ်သုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဓာတ်ပုံ – မြ၀တီ ဖေ့စ်ဘွတ်ခ်

အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ Barrenကျွန်းမှ မီးတောင်တစ်ခု ပေါက်ကွဲလာနိုင်ခြေရှိ ပေါက်ကွဲပါက မြန်မာနိုင်ငံကမ်းရိုးတန်းသို့ ဆူနာမီလှိုင်း ရိုက်ခတ်နိုင်၍ စောင့်ကြည့်



  ကော့သောင်း မေ ၈

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ Barren ကျွန်းမှ ပေါ်ရိုမီးတောင်တစ်ခုသည် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အတွင်း မီးခိုးပြာများထွက်ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါ မီးတောင်သည် Andaman ကျွန်းစုအတွင်း တည်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၏အနောက် ယွန်းယွန်း မိုင် ၃၂ဝ ခန့်၊ မြိတ်မြို့၏ အနောက်ဘက် မိုင် ၃၁ဝ ခန့်၊ ကော့သောင်းမြို့၏အနောက်မြောက် ဘက် မိုင် ၃၆ဝ ခန့်သာ ကွာဝေးကြောင်းသိရသည်။

ထိုင်းနိုင်ငံအနောက်ပိုင်း ရနောင်းခရိုင်နှင့် ကီလိုမီတာ ၇ဝဝ ခန့်သာ ဝေးကွာလျက်ရှိရာ ယင်းမီးတောင်ပေါက်ကွဲပါက ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ငလျင် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအဖွဲ့ကလည်း ယင်းသတင်းမှန်ကန်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။

အဆိုပါ မီးတောင်ပေါက် ကွဲမှုဖြစ်ပွားခဲ့ပါက ဆူနာမီ လှိုင်းများ ဖြစ်ပေါ်လာခဲ့လျှင် ထိုင်းနိုင်ငံ အနောက်ပိုင်း ကမ်းခြေဒေသများနှင့် မြန်မာနိုင်ငံ အပေါ်ထိခိုက်လာနိုင်သဖြင့် စောင့်ကြည့်လေ့လာ မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ Volcano Discovery အဖွဲ့၏ သုတေသနပြု ဖော်ထုတ်ချက် အရ ပေါ်ရိုမီးတောင်သည် ၂ဝဝ၅-၂ဝဝ၆ ခုနှစ် အတွင်းက ပေါက် ကွဲမှုဖြစ်ပွား ခဲ့သဖြင့် ၂ဝ၁၅ ခုနှစ် မေ ၂၇ ရက်တွင် နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲလာနိုင်သည် ဟု ထုတ်ပြန်ထားကြောင်း လူမှုကွန်ရက်စာမျက်နှာများ မှတစ်ဆင့် သိရသည်။

ပြီးခဲ့သည့် မေ ၇ ရက်က ပါပူဝါနယူးဂီနီနိုင်ငံ ပန်ဂန်နာ မြို့ အနောက်တောင်ဘက် ၁၄၉ ကီလိုမီတာခန့်အကွာနှင့် ဆော်လမွန်ကျွန်းစုမြို့တော် ဟိုနီရာယာမှ ၆၄၂ ကီလိုမီတာ အကွာ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ မြေအောက် ၁၃ မိုင်အနက်ကို ဗဟိုပြု၍ ပြင်း အား ၇ ဒသမ ၂ ရှိ ငလျင် တစ်ခုလှုပ်ခတ်ခဲ့ပြီး ကမ်းရိုး တန်းတစ်လျှောက် ဆူနာမီရေ လှိုင်းများ တက်လာဖွယ်ရှိ သည်ဟု ပြောကြားခဲ့သော်လည်း ထိခိုက်မှုမရှိချေ။

ဧပြီ ၂၃ ရက်ကလည်း ချီလီနိုင်ငံတောင်ပိုင်းရှိ ကယ်လ်ဘူလိုမီးတောင်နှစ်ကြိမ်ပေါက်ကွဲခဲ့ရာ ကြိုတင်ကာကွယ်ထားနိုင်သဖြင့် ဘေးအန္တရာယ် မရှိဘဲ ဆူနာမီနှင့် မြေပြိုမြေပိမှုဒဏ်မခံခဲ့ရကြောင်း သိရသည်။ ပင်လယ်ပြင်တွင် မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်းများရှိပါက ဆူနာမီဖြစ်ပေါ်တတ်ကြောင်း ဘူမိဗေဒပညာရှင်များကခန့်မှန်းထားကြသည်။

ကျော်စိုး (ကော့သောင်း)
The Mirror Daily

ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ NLD နာယက စာပေးပို့



လှိုင်သာယာမြို့နယ်မှာ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျင်းပခွင့်မပေးတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေထံ ကန့်ကွက်စာပေးပို့လိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် ဆိုတဲ့ အသုံးအနှုန်းကြောင့် ပွဲကျင်းပခွင့်မပေးတာကို ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက စာပေးပို့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသ ကြီး အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးမြင့်ဌေး က ပြောပါတယ်။

"ကျနော်တို့ ဒီ ၅ လပိုင်းမှာ ပြုလုပ်မယ့်ကိစ္စကို ရန်ကုန်တိုင်း အစိုးရကနေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ကကျော် သွားတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်နဲ့ ပတ်သက်တဲ့အထိမ်းအမှတ်ပွဲကို ပါမစ်မပေးတော့ ဘူးလို့ပြောတယ်ခင်ဗျ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ ကျင်းပရေးကော်မတီကလည်း ကျနော်တို့ ဒါနဲ့ပတ်သက်လို့ ဒီခေါင်းစဉ်နဲ့မရဘူးရှိရင်တော့ ကျနော်တို့ ရန်ပုံငွေရှာပွဲကို မလုပ်တော့ဘူဆိုပြီးတော့ ကျနော်တို့ ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပါတဲ့ကိစ္စကို ဒီပါမစ်မပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘဘ ဦးတင်ဦးကနေပြီးတော့လည်း ဝန်ကြီးချုပ် ဦးမြင့်ဆွေဆီကို ကန့်ကွက်စာပေးပို့တာပါ"

ရန်ကုန်တိုင်းဒေသကြီး အန်အယ်လ်ဒီပါတီက ဗိုလ်ချုပ်ရာပြည့်ပွဲကို ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ကျင်းပဖို့ ခွင့်တောင်းရာမှာ ပယ်ချခံခဲ့ရတာဖြစ်ပြီး၊ မနက်ဖြန် မေလ ၉ ရက်နေ့ညမှာကျင်းပဖို့ ထပ်မံတောင်းဆိုတာကိုလည်း ပယ်ချခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနှစ်တစ်နှစ်ပတ်လုံးကျင်းပသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

RFA Burmese

မကွေးတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာအများစုတွင် သောက်သုံးရေ ရှားပါးမှုများ ကြုံတွေ့နေရ

 
မကွေး မေ ၈

ယခင်နှစ်မိုးရာသီက မိုးရွာသွန်းမှု နည်းလွန်းခဲ့သောကြောင့် မကွေး တိုင်းဒေသကြီးအတွင်း ကန်နှင့် စမ်းတွင်းရေများကို အဓိကအားထား ရသည့်ကျေးရွာအများစုတွင် ဖေဖော် ဝါရီလပိုင်းမှစ၍ သောက်သုံးရေ ရှားပါးမှုများကြုံတွေ့နေရပြီး ကျေးရွာ အချို့ ၌ ဧပြီလလယ်ပိုင်းမှစ၍ ရေ မလုံလောက်မှုများ ရင်ဆိုင်နေရ ကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး အတွင်း မကွေး၊ မင်းဘူး (စကု)၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ မြိုင် စသည့် မြို့နယ်များအတွင်း ကျေးရွာ များ၌ လူနှင့်တိရစ္ဆာန်များ သောက် သုံးရေအတွက် အဓိကမှီခိုရသည့် ကန်များတွင် ယခင်နှစ် မိုးရာသီ တွင် မိုးရေချိန် နည်းပါးလွန်းမှု ကြောင့် လုံးဝရေမတင်ခဲ့သည်များ လည်းရှိခဲ့သလို ရေတင်ခဲ့သည့် ကန်များတွင်လည်း နွေဦးပေါက် ရာသီချိန်မှစ၍ ရေများခန်းခြောက် ခဲ့ကြောင်း မတ်လပိုင်းမှစ၍ နေ့အပူ ချိန်မြင့်တက်မှုများကြောင့် လက်တူး အဝီစိတွင်းများနှင့် သဘာဝစမ်းတွင်း များတွင် ယခင်နှစ်များကဲ့သို့ ရေ မအောင်တော့ဘဲ ရေကြောများ ကန်းလာလျက်ရှိကြောင်း ဒေသခံ များထံမှ သိရသည်။

ထိုအခြေအနေများကြောင့် အဝီစိစက်ရေတွင်းရှိသည့် ကျေးရွာ များတွင်ပင် သောက်သုံးရေကို အချိန် ကြာမြင့်စွာတန်းစီ၍ ခပ်နေရခြင်း၊ အဝီစိစက်ရေတွင်း လုံးဝမရှိသည့် ကျေးရွာများတွင် နီးစပ်ရာ သဘာဝ စမ်းတွင်းများနှင့် လက်တူးတွင်း များမှရေကို ညသန်းခေါင်ကျော် အထိ တန်းစီစောင့်ဆိုင်း ခပ်ယူ နေကြရကြောင်း သိရသည်။

ထို ကျေးရွာများအနက် မကွေးမြို့နယ် သစ်ရာကောက်တိုက်နယ် အင် ကြင်းကိုင်းကျေးရွာ၊ ကြာကန် ကျေးရွာအုပ်စုရှိ ကြို့ပင်အင်း ကျေးရွာနှင့် မကွေးမြို့နယ်နှင့် နတ်မောက်မြို့နယ် အကြားရှိ ညောင်ကြပ်ပင် ကျေးရွာတို့တွင် ရေမလုံလောက်မှုများ ကြုံတွေ့နေရ ကြောင်း လက်ရှိ ရေနံချောင်းမြို့နယ် အတွင်း ကျေးရွာအချို့တွင် သောက် သုံးရေ မလုံလောက်သောကြောင့် မီးသတ်ကားများဖြင့် ရေသယ်ကာ ဖြန့်ဝေပေးနေရကြောင်း သိရသည်။

''ရွာက အိမ်ခြေ လေးဆယ် လောက်ပဲရှိပေမယ့် စက်တွင်းလုံးဝ မရှိတော့ ချောင်းထဲက လက်တူးတွင်း တွေမှာပဲ တန်းစီခပ်ယူရတယ်။ လက်တူးတွင်းတွေကလည်း ရေကြော တွေဝေးလွန်းပြီး လုံလောက်အောင်မယိုစိမ့်တော့တာကြောင့် တွင်း အသစ်တွေလည်း ထပ်တူးရသလို တွင်းတူးရာမှာ အရင်ကထက် အနက်ကြီးတွေထိ တူးရပါတယ်။ ကျွန်တော်တို့ရွာမှာ ဆိပ်အုပ်၊ နွား အုပ်ရှိတဲ့အိမ်တွေဆိုရင် တစ်နေ့ ရေနှစ်စည်လောက်လိုတော့ မိသားစု တွေက ညသန်းခေါင်ထိတစ်ယောက်၊ မနက်လေးနာရီလောက်တစ်ယောက် အလှည့်ကျ တန်းစီ ရေခပ်ယူနေရ ပါတယ်။ စက်တွင်းတူးဖို့လည်း ရွာထဲက ဘယ်သူမှ မတတ်နိုင်သလို စက်တွင်းရှိတဲ့ရွာတွေကလည်း နှစ်မိုင် ကျော်လောက်ဝေးတော့ ရေဒုက္ခက နေ့စဉ်ကိုêကြုံတွေ့နေရတာပါ'' ဟု မကွေးမြို့နယ် အင်ကြင်းကိုင်း ကျေးရွာနေ ဦးကျော်ဝင်းက ပြော သည်။

မင်းဘူး(စကု)မြို့နယ် မန်းချောင်း ဝန်းကျင်က ကျေးရွာများတွင် လက်တူးအဝီစိတွင်းများကို အများ ဆုံး မှီခိုနေကြရသော ကျေးရွာ တချို့မှ အဝီစိတွင်းများတွင် ရေ လုံးဝခန်းသည်အထိ ရှိလာပြီး ရေ ယိုမှု သိသိသာသာ လျော့နည်းလာ ကြောင်း ဒေသခံများထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူ၊ မြိုင်၊ မြို့သစ်၊ နတ်မောက် မြို့နယ်များတွင် ကျေးရွာအချို့ ၌ ၂ဝ၁၂ ခုနှစ်ကလည်း သောက်သုံး ရေပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရပြီး နီးစပ်ရာ မြို့များမှ လှူဒါန်းသည့်ရေ ကို အချိုးကျ သုံးရသည်အထိ ရှိခဲ့ ကြောင်း၊ ချောက်မြို့နယ် ဂွေးချို ကျေးရွာအုပ်စုအတွင်း ကျေးရွာအချို့ တွင် လူရေချိုးသည့်အခါ နွားစာကျင်း အတွင်းဝင်ချိုးပြီး ထိုရေဖြင့် နွားကျွေး ရသည်အထိ ရေအခက်အခဲကြုံရ လေ့ရှိခဲ့ကြောင်း၊ မင်းဘူးမြို့တွင် မြေအောက်ရေကြောတွင် အငန် ဓာတ်များလွန်းမှုကြောင့် နွေရာသီ ရောက်တိုင်း ရေအခက်အခဲကြုံရ လေ့ရှိကြောင်း ဒေသခံတစ်ဦးက
 ပြောသည်။

အဆိုပါ ရေအခက်အခဲများ အတွက် မကွေးတိုင်းဒေသကြီး ကျေးလက်ဦးစီးဌာနမှ အာရှ၊ ဂျပန် ပေါင်းကူးအဖွဲ့(BAJ) ၊ ဂျပန် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) တို့နှင့် ပူးပေါင်း၍ အဝီစိစက်ရေတွင်းများ ပြုပြင်ခြင်း၊ အသစ် တူးဖော်ခြင်းများကို ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး ကျေးလက် ဦးစီးဌာနအနေဖြင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်း အတွင်း ကျေးရွာပေါင်း ၃၁၄ ရွာ အတွက် စက်ရေတွင်း ၁၉၇ တွင်း အသစ်တူးဖော်ခြင်းနှင့် ရေကန် များ၊ သဘာဝစမ်းတွင်းများ ပြုပြင် ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်နေ ကြောင်း၊ မိမိတို့ဌာန အနေဖြင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူ၊ ဂန့်ဂေါစသည့် မြို့နယ်များအတွင်း ကျေးရွာပေါင်း ၁၅၉ ရွာတွင် သောက် သုံးရေအခက်အခဲကြုံလျှင် ရေဂါလန် ပေါင်း သိန်း ၂ဝ ကျော် ဖြန့်ဝေ ဆောင်ရွက်ပေးသွားရန် စီစဉ်ထား ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ သိရသည်။

  ကျော်ဇေယျ
Myanmaalinn

သမ္မတဦးသိန်းစိန် နဲ့ ဝသပ ခေါင်းဆောင်တွေ တွေ့ဆုံ



တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့
 ဝဒေသ မှာ တွေ့ဆုံခဲ့
ဝဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့ ညီလာခံအပြီး ရက်ပိုင်းအကြာမှာပဲ သမ္မတ ဦးသိန်းစိန် က ဝသပ ခေါင်းဆောင်တွေ အပါအဝင်ရှမ်းပြည်နယ် က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

သောကြာနေ့ က ကျိုင်းတုံမှာ သမ္မတ ဦးသိန်းစိန် က သီးခြားစီ တွေ့ဆုံခဲ့တဲ့အဖွဲ့တွေ ကတော့ မှာ အထူးဒေသ ၂ က ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ (ဝသပ) အဖွဲ့ ၊ အထူးဒေသ ၄ မိုင်းလားအဖွဲ့၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကော်မီတီ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ခေါင်းဆောင်တွေ နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဝသပ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် ရဲ့ ပြောကြားချက်အရ အခုအစည်းအဝေး မှာ ဝသပ ဒုတိယ စစ်သေနာပတိချုပ် ကျောက်တုံးထန်း နဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယိုရီ တို့ ဦးဆောင်တဲ့ အဖွဲ့နဲ့ သမ္မတဦးသိန်းစိန် တို့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

အခု အစည်းအဝေး ဟာ ဟိုးအရင် ကာလ ကတည်းက ကြိုတင်စီစဉ် ခဲ့တာမျိုးမဟုတ်ပဲ ဝဒေသမှာ လက်နက်ကိုင်တိုင်းရင်းသားတွေ ညီလာခံ လုပ်နေစဉ် အချိန်အတွင်း အစိုးရ ဘက်က ဆက်သွယ် ဖိတ်ကြားလို့ ဖြစ်လာတဲ့ အစည်းအဝေးဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

ဝဒေသမှာ ကျင်းပပြီးစီးခဲ့တဲ့ တိုင်းရင်းသားတွေ ရဲ့ညီလာခံ လိုလားချက်တွေထဲမှာ အစိုးရ နဲ့ လောလောဆယ် တိုက်ပွဲတွေ ဖြစ်နေတဲ့အဖွဲ့တွေ ကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မှာ ပါဝင်သင့်တယ် လို့ ဖော်ပြခဲ့သလို ဝပြည်နယ် တည်ထောင်နိုင်ရေး လည်း ပါဝင်ခဲ့ပါတယ်။

အစိုးရ ဦးဆောင်လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်နေမှုတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါဝင်နိုင်ရေး အတွက် အပစ်အခတ် ရပ်စဲရေး ကို အရင်စတင်လုပ်ရမှာ ဖြစ်ပြီး တခြားနိုင်ငံတွေ ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားကြီးတဲ့ အစိုးရဖက်က စတင် ကာ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းလေ့ရှိကြောင်း ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတရေး အဖွဲ့ ဒါရိုက်တာ ဒေါက်တာသောင်းထွန်း က ပြောပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစိုးရ အနေနဲ့ အပစ်ရပ်တဲ့ အချို့ အဖွဲ့တွေ နဲ့ အပစ်ရပ်ပြီး ဆွေးနွေးမှုတွေ က ရှိနေသလို တချို့ အဖွဲ့တွေ နဲ့ အပစ်မရပ် ပဲ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတွေ လည်းရှိနေတဲ့အတွက် အဲဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ် ဝေဘန်မှုတွေ လည်း ပေါ်ထွက်နေပါတယ်။

BBC Burmese

တောင်ကြီးမှာ လုံခြုံရေးယူတဲ့ အဖွဲ့ကြောင့် မြို့ခံတွေ စိုးရိမ်နေ


လုံခြုံရေး ပုံစံသစ်တွေရှိနေတဲ့ တောင်ကြီးမြို့က မီးပုံပျံပွဲ
ရှမ်းပြည်နယ်က တောင်ကြီးမြို့မှာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တခုကနေ တရား ဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး အဖွဲ့ဆိုပြီး ပြောက်ကျား စစ်ဝတ်စုံ တွေနဲ့ ပွဲလမ်း သဘင်တွေမှာ လုံခြုံရေးယူနေလို့ မြို့ခံ လူထုက စိုးရိမ် နေကြပါတယ်။

ဒီလူတွေကို ပွဲလမ်း သဘင်တွေမှာ အတွေ့များ လာရလို့ ဒေသခံတွေ ထိတ်လန့်နေတဲ့ အကြောင်း တောင်ကြီးဒေသခံ ကျူရှင်ဆရာ တဦးက ပြောပြပါတယ်။ ဒီလူတွေက လူစည်ကားတဲ့ ပွဲတွေမှာ မူးယစ် ရမ်းကားသူတွေကို ဖမ်းဆီးတာမျိုးရှိပြီး ဆန္ဒပြပွဲတွေကိုတော့ အဝေးကပဲ လုံခြုံရေး ယူတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ အဖွဲ့ဝင်တွေမှာ Law and Order လို့ အင်္ဂ္လိပ်လို ရေးထားပြီး တရား ဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး အဖွဲ့ဆိုတဲ့ ကဒ်ပြားတွေကို ကိုင်ဆောင်သူရဲ့ ဓါတ်ပုံနဲ့တကွ ရင်ဘတ်မှာ ချိတ်ထားတယ်လို့ လည်း သူကပြောပါတယ်။

ဒီအဖွဲ့တွေက ရွေးကောက်ပွဲမှာ မဲဆန္ဒ ပေးသူတွေကို အနှောင့်အယှက်ပေးမှာ စိုးရိမ်မိကြောင်း တောင်ကြီးခရိုင် အန်အယ်လ်ဒီ ဥက္ကဌ ကလည်း ပြောပြပါတယ်။

ဒီတူညီဝတ် စုံတွေ ဝတ်ထားသူတွေရဲ့ ကဒ်ပြားတွေမှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက လက်မှတ် ထိုးပေးထားတယ် ဆိုလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဘီဘီစီက ဆက်သွယ်ကြည့်တော့ တာဝန်ကျ ဝန်ထမ်းတဦးက သူတို့ ထုတ်ပေးထားတာ မရှိကြောင်း ဖြေပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ အဖြေဟာ လုံလောက်မှု မရှိတဲ့အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထူးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆို မပေးခဲ့ပါဘူး။

မြို့ခံတွေ ထိတ်လန့်ရတဲ့ အကြောင်းအရင်းကို အခြေခံပြီး တောင်ကြီးမှာရှိတဲ့ ရဟန်းပျိုများ သမဂ္ဂ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်း တွေက စစ်တပ်၊ ရဲတပ်ဖွဲ့အပါအဝင် အထူးသတင်းတပ်ဖွဲ့၊ စစ်ဘက် ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ တောင်ကြီးမှာ ရှိလျက်နဲ့ ဒီလို ယူနီဖေါင်းဝတ်တွေ မထားသင့်ဘူးဆိုပြီး ပြည်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ထိ မြို့ခံတွေရဲ့ လက်မှတ်တွေစုပီး တိုင်ကြားထား ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

BBC Burmese

ကိုယ်ချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ကြရန် ရဲချုပ်မှာကြား



ဓါတ်ပုံ - Yangon Police 
  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းမှ ၃၀.၄.၂၀၁၅ ရက်နေ့ ၁၀၀၀ အချိန် တွင် ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းနှင့် ဟံသာဝတီလမ်းထောင့်ရှိ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ်ပြတိုက် အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တပ်ဖွဲ့၊ ဌာနများမှ ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ညွှန်ကြားမှုများ
 ဆောင်ရွက် ခဲ့ပါတယ်။ ရဲချုပ်မှာကြားချက်တွေထဲမှ အချက်တချို့ ကို ကောက်နှုတ် တင်ပြပေးလိုက်ပါတယ်။

  နိုင်ငံအသီးသီးတွင် ရွေးကောက်ပွဲ လုံခြုံရေးနှင့် ပတ်သက်၍  အခြေခံအကျဆုံး ကဏ္ဍမှ တာဝန်ယူဆောင်ရွက်ကြရမှာ ရဲတပ်ဖွဲ့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဖြစ်စဉ် ဖြစ်ရပ်များနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းများ ပြီးပြည့်စုံအောင် စီစဉ်ထားဖို့ လိုအပ်တယ်လို့ ရဲချုပ်က ပြောပါတယ်။

လူစုလူဝေး ကိုင်တွယ်ထိန်းသိမ်းရာမှာလည်း  ဥပဒေ သဘောသဘာဝ နဲ့  သရုပ်သဏ္ဍာန်ကို နားလည်ပြီး ကိုင်တွယ် ဖြေရှင်းနိုင်ရမယ်။ ဘာဘဲလုပ်လုပ်  ဥပဒေ နဲ့ညီရမယ်၊ ကျင့်ထုံးဥပဒေ နဲ့  ပြစ်မှုဆိုင်ရာ ဥပဒေ (၂)ရပ်စလုံး ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။

မှုခင်းများနှင့် ပတ်သက်ပြီးတော့လည်း   ဖြစ်ပွားမှ အရေးယူခြင်းထက်  ကြိုတင်ကာကွယ် ဆောင်ရွက်ခြင်းကို  ပိုမိုထိရောက်အောင် လုပ်ဆောင်ရမှာ ဖြစ်တယ်။ ကြိုတင်ကာကွယ်ဆောင်ရွက်မှု အကျိုးရလာဒ်အနေနဲ့  အနီးစပ်ဆုံး သင်္ကြန်ကာလ မှုခင်းများကို  နမူနာထားပြောလိုတယ်။    သင်္ကြန်ကာလတွင်းမှာ  ကြိုတင်ကာကွယ်မှုများကို  ပညာပေးခြင်း အရေးယူခြင်း စည်းကမ်းချက်များ ထုတ်ပြန် မေတ္တာရပ်ခံခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် မှုခင်းများကျဆင်း သည်ကို သိသာထင်ရှားစွာ တွေ့ရှိရတယ်။ ထူးခြားချက်ကတော့ ယခင်နှစ်များက ဖြစ်လေ့ဖြစ်ထရှိတဲ့  သင်္ကြန်နဲ့ ဆက်နွယ်တဲ့ လူသတ်မှု၊ မုဒိမ်းမှု ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ဘူး။ ယခင်နှစ်ထက် သရုပ်ပျက်ဝတ်စားဆင်ယင်မှု လျော့နည်းခဲ့တယ်လို့ ရဲချုပ်က ပြောပါတယ်။

၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် ရန်ကုန် သင်္ကြန်မှုခင်းများ အခြေအနေ
မီဒီယာများနှင့်လည်း  ထိတွေ့ဆက်ဆံပြီး ယုံကြည်မှု တည်ဆောက်ရမယ်။ မိမိက ဥပဒေနှင့်အညီ ထုတ်ပြန်သင့်သည့် သတင်းများ၊ ပြည်သူတွေအမြင်ရှင်းစေဖို့ ဆောင်ရွက်ပေးရမှာ ဖြစ်သလို  မိမိတို့အား  မှုခင်းများ ကူညီဖော်ထုတ် ဖမ်းဆီးရေးနဲ့  ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရန်လိုအပ် ကြောင်းလည်း ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည်မြင့်ရေးအပြင် တပ်ဖွဲ့ဝင်မှ ရဲတပ်ဖွဲ့ပိုင်ယာဉ်၊ လက်ထိပ်တို့အား မလျော်မကန်အသုံးမပြုရန် ထိန်းသိမ်းကြပ်မတ်ရေးကိုလည်း  သတိပေးပြောကြားခဲ့ ပါတယ်။

ရဲတပ်ဖွဲ့ဝင်များ  လုပ်ငန်းကျွမ်းကျင်မှု ရှိစေဖို့   ဥပဒေ/လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်ဆောင်တတ်စေရန် လစဉ် On  The  Job  Training ကို  တစ်လလျှင်  ခေါင်းစဉ်တစ်မျိုးစီဖြင့်  လက်တွေ့လိုအပ်ချက်များအား ထုတ်နှုတ် သင်ကြားပေးလျက်ရှိ ပါတယ်။

ဥပဒေများသိထားရုံသာမက  ဥပဒေ၏ သရုပ်သဏ္ဍာန်ကိုပါ  ခွဲခြားသိရှိနိုင်အောင်  လေ့လာရန် လိုအပ်ပါတယ်။

ဥပဒေစာအုပ်များ  များမြောင်သည့်အတွက် အကယ်၍ မေ့လျော့သွားသည်များရှိက  ပြန်လည်ကြည့်ရှုနိုင်ရန် ဥပဒေစာအုပ်  အလွယ်တကူမရှိ၍ဟု မဖြစ်ရလေအောင်  ဥပဒေစာအုပ်များ  ရဲစခန်းတိုင်းတွင် ထုတ်ပေးထားရှိပါတယ်။

ဥပဒေပြဌာန်းချက်များနှင့် မကိုက်ညီသည့် ဖြစ်စဉ်များအပေါ်  ဖြေရှင်းရန်  ဇဝေဇ၀ါ မရှင်းမလင်းဖြစ်နေသည့်ကိစ္စ များတွင်  ကိုယ်ချင်းစာနာစိတ်ကလေးဖြင့်  ဆောင်ရွက်ကြရန်ဖြစ်ပြီး  ကိုယ်ချင်းစာနာစိတ်ကလေးဖြင့် ဆောင်ရွက်ခြင်းသည်  အမှားနည်း၍  အတတ်နိုင်ဆုံး ကိုယ်ချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ရန် အထူးအလေးထားပြီး ရဲချုပ်ဇော်ဝင်းမှ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ဝင်တဦး
သစ်ထူးလွင်

မောတောင်ကို အထူးနယ်စပ်ဂိတ် အဖြစ် တိုးမြှင့်မည်


|Dawei Watch| မြိတ်၊ မေ ၇
မြန်မာ - ထိုင်း ယာယီနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ်ဂိတ်ကို လာမည့် မေလ ၂၃ ရက်နေ့မှ စပြီး အထူးနယ်စပ်ဂိတ်အဖြစ် တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပရာကျွတ်ခီရီခန် ခရိုင်ဝန်က ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရနှင့် ပရာကျွတ်ခရိုင်ဝန်နှင့် အဖွဲ့ဝင်များ မြိတ်မြို့တွင် မေလ ၆ ရက်နေ့က ပြုလုပ်သည့် မောတောင်-ဆင်းခွန် နယ်စပ် ဝင်/ထွက် ဂိတ် အဆင့်တိုးမြင့်ခြင်းနှင့် စပ်လျင်းသည့် ညှိနှိုင်းအစည်းအဝေးတွင် ခရိုင်ဝန်က ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။
အထူး နယ်စပ်ဂိတ်အဖြစ် တိုးမြင့်ရန် ထိုင်းနိုင်ငံရှိ ဝန်ကြီးများ အစည်းအဝေးတွင် သဘောတူပြီးဖြစ်ကာ ပရာကျွတ်ခရိုင်အတွင်းရှိ တိုက်နယ် ၅ ခုသို့ တညအိပ် နှစ်ရက်ခရီး သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ခရိုင်ဝန်က ပြောသည်။
“တစ်ညအိပ် နှစ်ရက်ခရီးက တအားနည်းနေတယ်။ ၂ ည အိပ် လောက်ဆိုရင် လုံလောက်မယ်”ဟု မြိတ်ခရိုင် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလှသန်းက ပြောသည်။
ယင်းသို့ ဖြတ်သန်းသွားလာခွင့် အချိန်နည်းခြင်းသည် မြန်မာဘက်မှ ပရာကျွတ်သို့ ကုန်သွယ်လိုသူများအတွက် အခက်အခဲ ဖြစ်သကဲ့သို့ ပရာကျွတ်ဘက်မှ ခရီးသွားလုပ်ငန်း တိုးမြှင့်မည့်သူများအတွက်လည်း အခက်အခဲရှိနိုင်သည်ဟု ၀န်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။
ယခင် ယာယီနယ်စပ်ဂိတ်အဆင့်တွင် မြန်မာဘက်မှ ပရာကျွတ်မြို့ အနီးအနားသို့ နေ့ချင်းပြန်ခရီးသာ သွားလာခွင့်ပေးခဲ့သည်။
နောက်ပိုင်းတွင် ခရီးသွားလာမှုနှင့် ကုန်သွယ်မှု အခြေအနေ အပေါ် မူတည်ပြီး မြန်မာဘက်မှ ခွင့်ပြုပေးထားသည့် သွားလာ ခွင့်နှင့် ညီတူ ခွင့်ပြုရန် ထိုင်းဝန်ကြီးချုပ်ထံ တင်ပြသွားမည်ဟု ပရာကျွတ်ခရိုင်ဝန်က ပြောသည်။
အထူးနယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်ပြီးပါက ထိုင်းဘက်မှ မြန်မာဘက်သို့ နယ်စပ် ဖြတ်သန်း ခွင့်လက်မှတ်ဖြင့် ၁၃ ညအိပ် ၁၄ ရက်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ၆ ညအိပ် ၇ ရက် သွားလာခွင့် ပြုမည်ဖြစ်ကြောင်း အထက်ပါ အစည်းအဝေးမှ သိရသည်။
မြန်မာဘက်မှ မောတောင်နယ်စပ် စခန်းကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့က တရားဝင်ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
Dawei Watch

တနိုင်ငံလုံး အပစ်ရပ်ရေး အမြန်လက်ထိုးဖို့ သမ္မတ လိုလား


သမ္မတ ဦးသိန်းစိန်နဲ့ RCSS/SSA ခေါင်းဆောင်တွေ့ဆုံ။ သတင်းဓာတ်ပုံ- သမ္မတပြောခွင့်ရဦးရဲထွဋ် FB။
 သမ္မတဦးသိန်းစိန်ရဲ့ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သီးခြားစီ တွေ့ဆုံတဲ့ အချိန်မှာ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေ ဘက်က အားလုံး ပါဝင်ပြီး အမြန်ဆုံးလက်မှတ် ထိုးပေးရန် တိုင်းရင်း သားတွေကို တိုက်တွန်းပေးသွားတဲ့ အကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA)က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ဟာ  ဝပြည်သွေးစည်း ညီညွှတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (မိုင်း လား)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA) တို့နဲ့ ဒီကနေ့တွေ့ဆုံတဲ့ အချိန် အခုလိုပြောကြားသွားခဲ့တာပါ။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း က သတင်းထောက် မမေခ ကပေးပို့ထားပါ တယ်။

သမ္မတကြီးက ကျိုင်းတုံရောက်နေစဉ်မှာ ဒီတိုင်းရင်းသားအဖွဲ့ ၃ဖွဲ့နဲ့ ဒီကနေ့ သီးခြား ဆီတွေ့ဆုံ ခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံကြချိန်မှာ သမ္မတကြီးက ခုလိုပြောဆိုခဲ့ တာဖြစ်ပါတယ်။ လက်ရှိ ကျန်ရှိနေတဲ့သမ္မတသက်တမ်းမှာ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်ကို သမ္မတကြီး က လက်မှတ်ထိုးစေ ချင်ကြောင်း တွေ့ဆုံစဉ် မှာပြောခဲ့ တယ်လို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA) ကဗိုလ်မှူး ကြီး စိုင်းငင်းက ခုလိုပြောပြပါတယ်။

"သူသက်တမ်းတစ်နှစ်ပဲ ကျန်တော့တယ်လေ။ သူအပြီးမှာ NCA -nationwide ceasefire agreement ကို မဖြစ်ဖြစ်အောင် လုပ်မယ်။ အဲ့တာ (၁) အချက်ပေါ့နော်။ အခု တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်နေတယ်ဆိုတဲ့ နေရာမှာလည်း အတတ်နိုင်ဆုံး ကြိုးစားပေးမယ်။ အဆင်ပြေအောင် ကြိုးစားပေးတဲ့သဘောပါ။ အဓိက ကတော့ NCA ကိစ္စပါခင်ဗျာ။ သမ္မတကြီးကတော့ ဒီကိစ္စကို မြန်မြန်ဖြစ်စေချင်ပါတယ်ပေါ့။ ဒါကြောင့်လည်း တိုင်းရင်းသားတွေ အားလုံးထိုးနိုင်အောင် ဝိုင်းဝန်း တိုက်တွန်းပေးကြပါ။ နှစ်ဘက်စလုံး ပူးပေါင်းပြီးတော့ လုပ်ကြပါဆိုတဲ့သဘောပါ။"

ပြီးခဲ့တဲ့ ပန်ဆန်းဆွေးနွေးပွဲမှာ အစိုးရတပ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ AA ရက္ခိုင့်တပ်မတော်၊ TNLA တအောင်း (ခေါ်) ပလောင်တပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပါ အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာ တန်းတူရည်တူ ပါဝင်ဖို့ တိုင်းရင်းသားတွေက တောင်းဆို ထားပါတယ်။ ဒီအဖွဲ့သုံးဖွဲ့ကို အစိုးရဘက်က တရားဝင်လက်ခံထားခြင်းမရှိသေးပါဘူး။

 အခုလို သမ္မတကြီး ကတွေ့ဆုံချိန်မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေဘက်က အားလုံးပါဝင်ပြီး အမြန်ဆုံး လက်မှတ် ထိုးပေးရန် ပြောကြားခဲ့ပေမယ့် ဒီအဖွဲ့တွေကို ဘယ်လို လက်ခံပေးမလဲ ဆိုတာကိုတော့ တိကျစွာ ရှင်းလင်းပေးမှုမရှိသေးပါဘူး။

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)ဘက်က သမ္မတကြီးကို လက်ရှိဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ ဗိုလ်မှုးကြီး စိုင်းငင်းကပြောပါတယ်။

" ပြဿနာတွေကို ကျနော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြရအောင် ဆိုတဲ့ သဘောမျိုးနဲ့ ကျနော်တို့ဘက်က တင်ပြတာ ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှတော့ တိုက်ရိုက်တော့ ဘာမှ မပြောပါဘူးခင်ဗျာ။ သူတို့ကလည်း ဒီဆွေးနွေးပွဲနဲ့ပဲ ဖြေရှင်းချင်ပါတယ်ဆိုတာ အရိပ်အမြွက်လောက်တော့ ပြော သွားပါတယ်ခင်ဗျ။"

သမ္မတကြီးနဲ့တွေ့ဆုံမှုမှာ သမ္မတကြီးဘက်က   ၆ရက်ကြာကျင်းပ ခဲ့တဲ့ ပန်ဆန်း ညီလာခံနဲ့ ပတ်သတ်ပြီး အသေးစိတ် မေးမြန်းပြောဆိုမှုတော့ မရှိခဲ့ပေမယ့် ဒီညီလာခံ အပေါ်အစိုးရဘက်က စိုးရိမ် မှုရှိခဲ့တယ်လို့ပြောပါတယ်။

" အယ့် ပထမတော့ ဒီပန်ဆန်းညီလာခံနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်ကတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့။ ဟိုမှာ အဖွဲ့ကများပြီးတော့ တဖွဲ့ တယောက် တပေါက်ပြောပြီးတော့ နဂို သဘောတူညီထားတဲ့အတိုင်း မဖြစ်မှာ အစိုးရကတော့ စိုးရိမ်တယ် အဲ့လောက်ပဲ ပြောပါတယ်ခင်ဗျာ။ "

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)နည်းတူ ဝပြည်သွေးစည်း ညီညွှတ်ရေးပါတီ(UWSP)၊နဲ့ အမျိုးသားဒီမိုက ရေစီမဟာမိတ်တပ်ဖွဲ့ (မိုင်း လား)အဖွဲ့တွေပါ သမ္မတကြီးက တွေ့ဆုံတာနဲ့ပတ်သတ်ပြီး အဲဒီအဖွဲ့တွေကိုကြိုးစား ဗွိအိုအေဘက်က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ ပါဘူး။

 သမ္မတကြီးအနေနဲ့ ပန်ဆန်းညီလာခံအပြီး နှစ်ရက်အကြာမှာ ပန်ဆန်းညီလာခံကို လက်ခံကျင်းပတဲ့ ဝတိုင်းရင်းသားအဖွဲ့အပြင် ပန်ဆန်းညီလာခံကိုတက်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့တွေကို အခုလိုခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)

ကချင်ဒေသတိုက်ပွဲ အစိုးရ စစ်လေယာဉ်နှစ်စင်း ပါဝင်တိုက်ခိုက်


kia-solider305။ လုံခြုံရေးယူထားသည့် KIA စစ်သားများကို တွေ့မြင်ရစဉ်။
Photo:RFA/Kyaw Myo Min
 ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း  အစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေ မေလ ၆ ရက်နေ့ကစလို့ သုံးရက်ဆက်တိုက်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး အစိုးရတပ်တွေက စစ်လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KIA က ဒီနေ့ ပြောပါတယ်။

တိုက်ပွဲတွေဟာ မေလ ၆ ရက်နေ့က မွန်းလွဲပိုင်းက KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ နယ်မြေအတွင်း  နမ်လင်းပါကျေးရွာအနီးမှာ စတင်ဖြစ်ပွားခဲ့တာလို့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် စစ်မဟာဗျူဟာဌာနအကြီးအကဲ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။

"တစ်နေ့က နေ့လည်ပိုင်းလောက်မှာ စဖြစ်တယ်၊ သူတို့ အဲ့ဒီ နမ်လင်းပါ ဆိုတဲ့ရွာကို စစ်ကြောင်းဝင်လာတဲ့အတွက်ကြောင့်မို့ ကျနော်တို့ရှိနေတဲ့ ရွာနားမှာတိုက်ပွဲဖြစ်တယ်ပေါ့ စဖြစ်တယ်၊ သူတို့က အဲ့ဒီလမ်းကြောင်းတွေကိုဝင်ရှင်းတာက သစ်မှောင်ခိုလုပ်ငန်းတွေကို ဝင်ရှင်းတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့ကဝင်လာတာဖြစ်တယ်၊ ၇ ရက်နေ့မှာတော့ မိနစ် ၂ဝ လောက်ပဲဖြစ်တယ် ပြီးတော့မှ ၈ ရက်နေ့မှာတော့ နေ့လည်ကနေပြီးတော့ စဖြစ်တဲ့အချိမှာ လေယာဉ် ၂ စီနဲ့ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် လာပစ်တဲ့အထိဖြစ်လာပါတယ်၊ ဒီနေ့မနက်လည်း မနက် ၄ နာရီကျော်ကျော်ကနေပြီးမှ စတင်ပစ်တာ မနက်ပိုင်း ၁ဝ နာရီလောက်အထိ ဖြစ်တယ်လို့ပြောတယ် ဒါပေမဲ့ အထိအခိုက်အရှအနာတော့ ကျနော်တို့ မသိရသေးဘူး"

တိုက်ပွဲတွေဟာ မေလ ၈ ရက် ဒီနေ့မနက်ပိုင်း၊ ၁ဝ နာရီအထိ ဖြစ်ပွားလျက်ရှိတယ်လို့သိရပေမယ့် မွန်းလွဲပိုင်းနဲ့ ညနေပိုင်း အခြေအနေတွေကိုတော့ အတိအကျမသိရသေးဘူးလို့ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။ ခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ရန်ကုန်အခြေစိုက် မြန်မာငြိမ်းချမ်းရေးစင်တာတို့ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ အစိုးရတပ်က သစ်မှောင်ခိုသမားတွေကို ဝင်ရောက်ရှင်းလင်းချိန်မှာ KIA ဘက်က မိုင်ထောင်တိုက်ခိုက်ခိုက်တာကြောင့်လို့ အစိုးရဘက်က အကြောင်းပြန်ထားကြောင်း ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။ အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။

RFA Burmese

Friday, May 8, 2015

KNPP တပ်ဖွဲ့ဝင်အင်အား ၂ဝဝ လောက် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခံထားရ


KNPP တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Nay Thwae/RFA

 ကယားပြည်နယ် ရှားတောမြို့နယ်ထဲကို ရောက်ရှိနေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်အင်အား၂ဝဝ လောက်ကို ပြည်နယ်အစိုးရက နယ်မြေဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တဲ့အတွက် KNPP ခေါင်းဆောင်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ မနက်ဖြန် လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

KNPP တပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားခွင့်ရှိတဲ့ နယ်မြေအတိအကျ သတ်မှတ်ပေးဖို့အကြောင်းကို အဓိက ဆွေးနွေးမှာဖြစ်တယ်လို့ KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ် က ပြောပါတယ်။

"အဖွဲ့တော့ ကျနော်တို့တွေ့မှာကတော့ ဒီစစ်ကြောင်းနဲ့ပတ်သက်ပြီး အဖွဲ့ရပ်တန့်ခံရတယ်လေ၊ ကျနော်တို့ အစီအစဉ်မစနိုင်သေးတာကြောင့် စစ်ကြောင်းပေါ့၊ ဒီနယ်လှည့်စစ်ကြောင်းနဲ့ ပတ်သက်ပြီးတော့ တစ်ခုကတော့ ပြည်နယ်ညီလာခံတစ်ခုလုပ်ဖို့ကလည်း ညှိနှိုင်းဖို့ရှိပါတယ်၊ နယ်မြေသတ်သတ်မှတ်မှတ် မသတ်မှတ်တဲ့အချိန်မှာ ကျနော်တို့ကလည်း ကျနော်တို့ လှုပ်ရှားနေတဲ့နေရာမှာ လှုပ်ရှားခွင့်ပြုသင့်တယ် ဆိုတာတစ်ခုတော့ ကျနော်တို့ပြောမှာပဲ၊ နောက်မှ လူထုတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့သင့်တယ်ဆိုတာ ကျနော်တို့ တောင်းဆိုမှာပဲ"

KNPP တပ်ဖွဲ့ဝင် ၂ဝဝ လောက်ဟာ လက်နက်၊ ဝတ်စုံအပြည့်နဲ့ ရှားတောမြို့နယ်နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ စည်းရုံးရေးဆင်းဖို့အတွက် မေလ ၅ ရက်နေ့မှာ ရောက်ရှိနေတာလို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမှုတွေကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့က ခွင့်မပြုကြောင်း KNPP အဖွဲ့ဝင်နှစ်ဦးကို ခေါ်ယူသတိပေးခဲ့ကြောင်း မေလ ၆ ရက်နေ့ထုတ် မြဝတီသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

KNPP အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က အစိုးရနဲ့ ပဏာမအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

RFA Burmese

ရုရှားဂြိုဟ်တု ကမ္ဘာမြေပေါ်ပြန်မကျမီ မီးလောင်ပျက်စီး



 နိုင်ငံတကာ အာကာသစခန်းကို ရိက္ခာတင်ပို့လိုက်တဲ့ ဂြိုဟ်တုဟာ အာကာသစခန်းနဲ့ မချိတ်ဆက်မိပဲ ကမ္ဘာမြေပေါ် ပြန်ကျလာစဉ် လမ်းမှာတင် မီးလောင် ပျက်စီးသွားပြီလို့ ရုရှားအာကာသအေဂျင်စီက ဒီကနေ့ မေလ ၈ ရက်နေ့မှာ ပြောဆိုပါတယ်။

Progress လို့ အမည်ရတဲ့ ဂြိုဟ်တုရဲ့အပိုင်းအဆတွေပဲ ပစိဖိတ်သမုဒ္ဒအလယ်ပိုင်းကို ပြန်ကျလာလိမ့်မယ်လို့ မျှော်လင့်ရတယ်လို့လည်း ရုရှားအာကာသအေဂျင်စီက ဆိုပါတယ်။

ဒီရိက္ခာသယ်ဂြိုဟ်တုကို ထောက်ပံ့ရေးပစ္စည်း ၃ တန်ကျော်နဲ့ ဧပြီလ ၂၈ ရက်နေ့က ကာဇတ်စတန်နိုင်ငံ ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ တင်လွှတ်လိုက်တာပါ။ ဂြိုဟ်တု ပတ်လမ်းထဲ ရောက်ရှိခဲ့ပြီး ခဏအကြာမှ အဆက်အသွယ်ပြတ်သွားပြီး ရေဒါ အချက်အလက်တွေအရ ကမ္ဘာလေထုထဲ ပြန်ကျလာတာကို တွေ့မြင်ခဲ့ရတာပါ။

ကမ္ဘာမြေပြင်အထက် မိုင် ၂၅၀ အကွာမှာရှိတဲ့ နိုင်ငံတကာအာကာသစခန်းကို ရိက္ခာနဲ့ ထောက်ပံ့ပစ္စည်းတွေ ရောက်မသွားပေမယ့် အဲ့ဒီမှာရှိတဲ့ အာကာသယာဉ်မှူး ၆ ဦးကတော့ ၄ လစာရိက္ခာအလုံလောက်ရှိတယ်လို့ ဆိုပါတယ်။

ဒီဂြိုဟ်တုဟာ တာဝန်ပြီးဆုံးရင် လေထုထဲ မီးလောင်ပျက်စီးအောင် ဒီဇိုင်းထုတ်ထားတာပါ။ ဘာကြောင့် အစီအစဉ်အတိုင်း မဖြစ်ခဲ့လဲဆိုတာကိုစုံစမ်းဖို့ ရုရှားအာကာသအေဂျင်စီက အထူးစုံစမ်းရေးကော်မရှင်ဖွဲ့ထားပါတယ်။ ဒီဂြိုဟ်တုကြောင့် အမေရိကန်ဒေါ်လာ ၅၀.၇ သန်း ဆုံးရှုံးတယ်လို့ ရုရှားအာကာသအေဂျင်စီပြောခွင့်ရက ထုတ်ဖော် ပြောဆိုပါတယ်။

By ဒီဗွီဘီ

မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲတက်ပြီ



၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ မြန်မာ အသင်းက သြစတြေးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ဒီနေ့ မြန်မာစံတော်ချိန် ၃ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းက ပထမပိုင်းမှာကတည်းက သြစတြေးလျအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ တဖက်သတ်ဖိကစားခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းစပြီး မိနစ် ၅၀ မှာ မြန်မာအသင်းအတွက်ဂိုးကို ခင်မိုးဝေက မိနစ် ၅၀ မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ယှဉ်ပြိုင်နေတဲ့ ဒီပွဲစဉ်မှာ မြန်မာအသင်းဟာ အုပ်စုပွဲစဉ်မှာတုန်းက အိမ်ရှင် ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ဖိလစ်ပိုင်နဲ့ မလေးရှား အသင်းတွေကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
သြစတေးလျား ယူ ၂၀ အသင်းကတော့ အုပ်စုပွဲတွေအတွင်းမှာ ထိုင်းအသင်းကို ၃ ဂိုးဂိုးမရှိ၊ လာအို အသင်းကို ၁ ဂိုးဂိုးမရှိ၊ အင်ဒိုနီးရှားအသင်းကို ၇ ဂိုး ဂိုးမရှိ တို့နဲ့ အနိုင်ရပြီး အသင်းဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ထိုင်းအသင်းနဲ့ဗီယက်နမ်တို့ ၂ သင်းထဲက အနိုင်ရရှိတဲ့အသင်းနဲ့ ဗိုလ်လုပွဲကို မေ ၁၀ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
DVB

ပါကစ္စတန်နှင့် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာကာချုပ်ဆွေးနွေး



ပါကစ္စတန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပါကစ္စတန်သမ္မတ မမ်နွန်းဟူစိန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေးနဲ့ စစ်တပ်အချင်းချင်း ချစ်ကြည်ရေးမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ဖို့  ဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  “တပ်မတော် အချင်းချင်းချစ်ကြည်ရေးအတွက် အလွှာအသီးသီးမှ ခေါင်းဆောင်များအား အပြန်အလှန် စေလွှတ်လိုပါကြောင်း၊ ပက်ရှ်ဝါတပ်မတော် အထက်တန်းကျောင်း အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အပေါ် ၀မ်းနည်းပါကြောင်းနဲ့ စာနာထောက်ထားပါကြောင်း၊ ပါကစ္စတန်နိုင်ငံ၏ ဒေသတွင်း အရေးပါမှုကိုလည်း နားလည်သဘောပေါက်ကြောင်း၊ မိမိတို့ နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒမှာ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးပင်ဖြစ်ကြောင်း” ပြောကြားခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပါကစ္စတန်သမ္မတကတော့  “ယခု ခရီးစဉ်သည် ချစ်ကြည်ရေးကို တိုးမြှင့်ပေးနိုင်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ ၁၉၇၁ ခုနှစ်မှ မိမိနိုင်ငံ အခက်အခဲ ဖြစ်စဉ်တွင် မြန်မာနိုင်ငံက အကူအညီ ပေးသည်ကို ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံဥက္ကဋ္ဌတာဝန်နဲ့ အစည်းအဝေးများအား အောင်မြင်စွာ ထမ်းဆောင်နိုင်မှုအပေါ် ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ကိစ္စများသည် အနာဂတ်တွင် ဆက်လက်တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ အခြားစီးပွားရေး ကိစ္စများလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ပါကစ္စတန်သတင်းတွေမှာတော့ ပါကစ္စတန်သမ္မတက မြန်မာနဲ့ ကုန်သွယ်ရေး၊ ကာကွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ဆက်ဆံရေးတိုးမြင့်ဖို့ ဆန္ဒရှိတဲ့အကြောင်း၊  ပညာရေး၊ ကာကွယ်ရေးနဲ့ တခြားကဏ္ဍတွေမှာ မြန်မာကို သင်တန်းတွေပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ရေးပါတယ်။

မြန်မာတပ်မတော်အကြီးအကဲဟာ ၀န်ကြီးချုပ် မိုဟာမက် နာဝပ်ရှရစ်နဲ့လည်း မေ ၇ ရက်နေ့က အစ္စလာမ္မာဘတ်ဒ် နေအိမ်မှာ တွေ့ဆုံခဲ့ရာမှာ ၀န်ကြီးချုပ်က မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတက်တက်မှုတွေဟာ အထင်ကြီးစရာဖြစ်ကြောင်း၊ နယ်ပယ်အားလုံးမှာ မြန်မာနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  ပါကစ္စတန် တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရာရှက်ဒ်မာမွတ်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲကိစ္စ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နေမှုနဲ့ လောက်ကိုင်ဒေသ ကိုးကန့်တိုက်ပွဲအခြေအနေတွေအပြင်  နှစ်နိုင်ငံတပ်မတော် အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်စေလွှတ်ရေး၊ သင်တန်းသားတွေ အပြန်အလှန်စေလွှတ်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

ဒါ့ပြင် မြန်မာကာကွယ်ရေးဦးစီးချုပ်ဟာ ပါကစ္စတန် တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရာဟီးလ် ရှရစ် နဲ့လည်း သီးခြားတွေ့ဆုံပြီး ပါကစ္စတန်နိုင်ငံရဲ့  တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွေ့အကြုံနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းသောင်းကျန်းမှု အတွေ့အကြုံနှစ်ရပ် ပူးပေါင်းဖလှယ်နိုင်ပါက နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမယ်လို့ ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်တပ်မတော် ကြည်းတပ်ဦးစီးချုပ်ကတော့  လေ့ကျင့်ရေးပိုင်းဆိုင်ရာ ကိစ္စတွေမှာ  ပိုမို ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာတပ်မတော်ရဲ့  အတွေ့အကြုံတွေကို ဖလှယ်ရယူလိုကြောင်းနဲ့ ပါကစ္စတန်နိုင်ငံအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့  တိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေမှု အတွေ့အကြုံတွေ ပြန်လည်ဆွေးနွေး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဟာ ပါကစ္စတန်နဲ့ ဆားဘီးယားနိုင်ငံတွေကို မေ ၆ ရက်ကတည်းက ချစ်ကြည်ရေးခရီးထွက်ခွာသွားတာ ဖြစ်ပြီး မြန်မာတပ်မတော်အကြီး အကဲတဦးအနေနဲ့ ဒီနိုင်ငံတွေကို ပထမဆုံးအကြိမ် တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်တာလည်းဖြစ်ပါတယ်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံ တပ်မတော်တွေအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်တွေ ဆွေးနွေးတာနဲ့ အထင်ကရနေရာတွေ၊ အကြီးစားစက်မှု လက်မှုလုပ်ငန်းတွေကို လေ့လာကြည့်ရှုသွားဖို့ရှိတယ်လို့လည်း သတင်းထုတ်ပြန်ထား ပါတယ်။

 By ဒီဗွီဘီ

ဗြိတန်အမျိုးသမီးအမတ်များအတွက် သမိုင်းဝင်အောင်ပွဲ

11179946_888832977821870_104237294405711912_n

ဗြိတိန် ရွေးကောက်ပွဲဟာ ကွန်ဆာဗေးတစ်ပါတီက အများစုနဲ့ အနိုင်ရတာ မမျှော်လင့်တဲ့ အောင်ပွဲဖြစ်သလို အမျိုးသမီးအမတ်တွေ အတွက်လည်း သမိုင်းဝင် အောင်ပွဲဖြစ်လာပါတယ်။
မဲဆန္ဒနယ် အများစုကို ကြေညာပြီးချိန်မှာ အနိုင်ရတဲ့ အမတ်တွေထဲက သုံးပုံတပုံတပုံဟာ အမျိုးသမီးအမတ်တွေ ဖြစ်နေပါတယ်။ ဒါဟာ ဗြိတိသျှ ပါလီမန်မှာ အရင်က မရှိခဲ့ဖူးတဲ့ အရေအတွက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်မှာ အမျိုးသမီးအမတ် ၂၂ ရာခိုင်နှုန်း ပါဝင်ခဲ့ပါတယ်။
ထူးခြားတဲ့ အမျိုးသမီးလွှတ်တော်အမတ်ယောက်ကတော့ စကော့တလန် နယ်မှာ SNP ပါတီက တင်တဲ့ တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူ Mhairi Black ပါပဲ။ သူဟာ ဗြိတိန်သမိုင်းမှာ ၁၆၆၇ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး အမတ်ဖြစ်လာပါတယ်။
SNP ပါတီခေါင်းဆောင်  Nicola Sturgeon ကလည်း အမျိုးသမီးဖြစ်သလို အမျိုးသမီးလွှတ်တော်အမတ်လောင်း ဦးရေ ၃၆ ရာခိုင်နှုန်းအထိ ရွေးချယ် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒေးဗစ်ကင်မရွန်းခေါင်းဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ အမတ်လောင်းတွေမှာ  ၂၆ ရာခိုင်နှုန်းနဲ့ လစ်ဘရယ် ဒီမိုကရက်  အမတ်လောင်း  ၂၇ ရာခိုင်နှုန်း အမျိုးသမီးတွေ ဖြစ်ပါတယ်။
အမျိုးသမီးပါတီ ခေါင်းဆောင်ကို တာဝန်ပေးတဲ့ အစဉ်အလာ မရှိသေးတဲ့ လေဘာနဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီတွေကတော့ ဒီနှစ်ရွေးကောက်ပွဲမှာ အကြီးအကျယ်ရှုံးခဲ့ပါတယ်။ ဒါကြောင့် နှစ်ပါတီစလုံး ကိုယ်ဒဏ်ရာကို လျာနဲ့ သပ်ပြီး ခေါင်းဆောင်သစ် ရှာပုံတော် ဖွင့်ရမယ့် သဘောဖြစ်တယ်လို့ တယ်လီဂရက်သတင်းက ရေးပါတယ်။ ကိုယ်ကိုယ်ကို တိုးတက်တဲ့ အမြင်ရှိပါတယ်ဆိုတဲ့ ခေါင်းဆောင်တွေအနေနဲ့ မြောက်ဘက် (စကော့တလန်) ဘက်ကို လှမ်းကြည့်ရင်း အမှားတွေကို သင်ခန်းစာယူဖို့ တယ်လီဂရက်သတင်းက အကြံပြုပါတယ်။
DVB

သျှမ်း/မြောက် ဒုက္ခသည်များအတွက် နိပွန်ဖေါင်ဒေးရှင်းမှ ကျပ်သိန်း ၅၀၀၀ ကျော် တန်းဖိုးရှိ ပစ္စည်းများထောက်ပံ့

 
ဓါတ်ပုံ- နိပွန်ဖေါင်ဒေးရှင်းမှ သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးစစ်ဒဏ်ခံနေရသည့် ဒေသခံများ အတွက် ကူညီထောက်ပံ့ပစ္စည်းများပေးအပ်သည့်အခမ်းအနား (ဓါတ်ပုံ- စိုင်းစံမင်း ဖေ့စ်ဘုမှ)

 မေ ၈ ရက် ၂၀၁၅

 သျှမ်းပြည်မြောက်ပိုင်း အတွင်း စစ်ဘေးစစ်ဒဏ်ခံနေရသည့် ဒေသခံများ အတွက် ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖေါင်ဒေးရှင်းမှ ကျပ်သိန်းပေါင်း ၅၀၀၀ ကျော် ကာလတန်ဖိုးရှိ ဆန်နှင့် တခြား ပစ္စည်းများကို လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးရှုံးမှတဆင့် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ကြားသိရသည်။

မေ ၈ ရက် ၂၀၁၅ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံး၌ အခန်းအနား ကျင်းပကာ ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖေါင်ဒေး ရှင်းမှ သျှမ်းပြည်မြောက်ပိုင်း မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ ဟိုပန်၊ လာရှိုး မြို့နယ်ရောက် စစ်ဘေးဒုက္ခသည်များအတွက် ကျပ်သိန်း ၅၁၃,၄၉၃,၆၀၀ တန်ဖိုးရှိ ဆန် ၁၈,၉၁၈ အိပ်၊ ဆေးရေစိမ်ခြင်ထောင် ၃,၂၉၄ ခု၊ ဆိုလာပြား ၃,၂၉၄ ပြား အား အိမ်ထောင် စု ၂,၀၂၅ ခု ၊စုစုပေါင်းလူဦးရေ ၃၇,၃၅၀ ယောက် အတွက် ထောက်ပံ့ပေးခဲ့သည်။

“လားရှိုးခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးကနေ လက်ခံထားပြီး ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ် ရေးရုံး ကို ခွဲဝေ ပေးပို့သွားမယ်။ လားရှိုး မန်ဆူကျောင်း တိုက်မှာတော့ သုံးလကျော်နေထိုင်နေတဲ့ စစ်ဘေးဒုက္ခသည်က ၂၀၀ လောက် ရှိတယ်။ သူတို့တွေလဲ လောက်ကိုင်ကို ပြန်သွားပြီ” - ဟု လားရှိုးမြို့နေ သျှမ်းပြည်နယ် အမှတ် ၃ မဲဆန္ဒနယ် အမျိုးသားလွှတ်တော် အမတ် စိုင်းစံမင်းက ပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်များအားလက်ခံထားသည့် လားရှိုးမြို့ မန်ဆူကျောင်း တိုက် ဆရာတော်ဘုရား ထံလည်း နိပွန်ဖေါင်ဒေးရှင်း တာဝန်ခံများရောက် ရှိလာပြီး ဆန်အိတ် ၆၄၂ အိပ် ဆက်ကပ်လှူဒန်းခဲ့သေးသည်ဟု မန်ဆူဘုရား ဒါယိကာ တဦးကလည်း ပြောသည်။

နိပွန်ဖေါင်ဒေးရှင်းသည် ၂၀၁၃ နှစ်လည်ပိုင်းတုန်းကလည်း သျှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့နယ် ကျေးသီးမြို့နယ် အခြေစိုက် သျှမ်းပြည်တပ်မတော် SSPP/SSA ထံသို့လည်း ဆန်အိတ်နှစ်ထောင် ထောက်ပံ့ခဲ့သေးသည်။

မြန်မာနိုင်ငံအတွင်း စီးပွားရေး ရင်းနီးမြှုပ်နှံမှု ပြုနိုင်ရန် အတွက် မြန်မာ့ ငြိမ်း ချမ်းရေး အမြန်ဆုံး ဖေါ် ဆောင်နိုင်ရန် နိပွန်ဖေါင်ဒေးရှင်းမှ ငြိမ်းချမ်းရေး အတွက် ထောက်ပံ့မှုများ အမျိုးမျိုးပေးနေသည့် ဂျပန်အစိုးရကျောေ ထာက်နောက်ခံသည့် ဖေါင်ဒေးရှင်းတခုဖြစ်သည်။

သျှမ်းသံတော်ဆင့်

ယူကေ ရွေးကောက်ပွဲ ကွန်ဆာဗေးတစ် အနိုင်ရ



၂၀၁၅ ယူကေ ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၅၀ အနက် ၆၄၈ နေရာ ရေတွက်ပြီးတဲ့နောက် ကွန်ဆာဗေးတစ်က ၃၂၉၊ လေဘာက ၂၃၂၊ အက်စ်အန်ပီက ၅၆၊ လစ်ဘရယ် ဒီမိုကရက်က ၈နေရာ၊ မြောက်အိုင်ယာလန် အခြေစိုက် ဒီယူပီ ပါတီက ၈ နေရာ၊ တခြား ပါတီငယ်တွေက စုစုပေါင်း ၁၅ နေရာ အသီးသီး ရခဲ့ကြပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်မရနိုင်ဘူး ဆိုတဲ့ ခန့်မှန်းချက်ဟာ မှားယွင်းသွားခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီက အမတ်နေရာ တစ်ဝက်ကျော်ကို ရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒေးဗစ် ကင်မရွန်းက ဝန်ကြီးချုပ် အဖြစ် ဆက်ရှိနေမှာ ဖြစ်ပြီး အမှတ် ၁၀၊ ဒေါင်းနင်းလမ်းကို ပြန်သွားခဲ့ပါပြီ။

လေဘာ ပါတီ ခေါင်းဆောင် အက်ဒ်မီလီဘန် နဲ့ လစ်ဘရယ် ဒီမိုကရက် ခေါင်းဆောင် နစ်ကလက်တို့ ကတော့ ရာထူးကနေ နုတ်ထွက်သွားကြပါပြီ။

ယူကစ်ပါတီ ခေါင်းဆောင် နိုင်ဂျယ် ဖယ်ရာ့ဂ်ျကလည်း သူ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မှာ အနိုင်မရတဲ့အတွက် နုတ်ထွက်သွားပါတယ်။

ဒေးဗစ် ကင်မရွန်းက ဒေါင်းနင်းလမ်းမှာ မိန့်ခွန်း ပြောရာမှာ ကြီးမြတ်တဲ့ ဗြိတိန်ကို ပိုမို ကြီးမြတ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

BBC Burmese

သူရ ဦးရွှေမန်း ပြော စကား ဒေါ်အောင်ဆန်းစုကြည် ကြိုဆို


အမေရိကန်ကိုရောက်ရှိနေတဲ့ သူရဦးရွှေမန်းကို တွေ့ရစဉ် Photo: RFA
အတိုက်အခံခေါင်းဆောင်နဲ့ မဟာမိတ်ဖွဲ့ဖို့ လမ်းဖွင့် ထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း အမေရိကန်မှာ ပြောကြားခဲ့တဲ့အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ချီးမွမ်းထောပနာပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်ပြည်ထောင်စု ကိုရောက်ရှိခဲ့တဲ့ သူရဦးရွှေမန်းက ၀ါရှင်တန်မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွးပွဲမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြေကိစ္စနဲ့ ပတ်သက်တဲ့မေးခွန်းကို အခုလို ဖြေ ကြားခဲ့ပါတယ်။

"NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်ဟာ မိတ်ကောင်းဆွေကောင်းဖြစ်သလို တစ်ဖက်က ပြိုင်ဆိုင်မှုကောင်းမယ့် သူများပဲဖြစ် ပါတယ်၊ ရွေးကောက်ပွဲ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းမယ့် ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံအတွက် အများပြည်သူ အတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ရော မနက်ဖြန်ရော အနာဂါတ်အတွက်ရော ပူးပေါင်းဆောင် ရွက်ဖို့ အဆင်သင့်ရှိပါတယ်"

သူရဦးရွှေမန်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အဲဒီ့လိုပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ဓါတ်ဟာ အင်မတန်ကောင်းပါတယ်၊ ကျမတို့ကြိုဆိုပါတယ်လို့ AFP သတင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြောကြားခဲ့ပါတယ်။

၂၀၀၈ အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အရွေးခံခွင့်ပိတ်ပင်ထားရာမှာ၊ တခြားထင်ရှားပြီး သြဇာကြီးတဲ့ အတိုက်အခံခေါင်းဆောင်ရယ်လို့လည်း ပေါ်ထွက်မလာသေးတဲ့အတွက်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရင်စစ်အစိုးရလက်ထက်က တတိယအဆင့် ခေါင်းဆောင်ဖြစ်ခဲ့ပြီး၊ အခု ပြည်သူ့လွှတ်တော်ဥက္ကဌ တာဝန်ယူထားတဲ့ သူရ ဦးရွှေမန်းနဲ့ ညွှန့်ပေါင်းအစိုးရ ဖွဲ့ကောင်းဖွဲ့နိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေတယ်လို့ AFP သတင်း ကဖေါ်ပြပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ညွှန်းပေါင်းအစိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားကိုတော့ ဖွင့်ဟထုတ်ဖေါ်မပြောဆိုခဲ့ပါဘူး။

NLD ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကလည်း အဖွဲ့ချုပ်အနေနဲ့ တခြားပါတီတွေနဲ့ ပူးပေါင်းဖို့ မူဝါဒချမှတ်ထားတာမရှိသေးပါဘူးလို့ ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

ဒါ့ပြင် လာမယ့်ရွေးကောက်ပွဲကို သပိတ်မှောက်တန်မှောက်ရလိမ့်မယ် ဆိုတာကလည်း ရွေးချယ်စရာနည်းလမ်း တစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်ဆန်းပိုင်းမှာ ပြောဆိုထားပါတယ်။

RFA Burmese

မေ ၈ ရက်နေ့ ငွေလဲနှုန်း

 money exchange only
မေ ၈ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့
အမေရိကန် ၁ ဒေါ် လာကို ၁၀၈၀ ကျပ်၊
၁ ယူရိုငွေကို ၁၂၁၅ ဒသမ ၅ ကျပ်၊
မလေးရှား ၁ ရင်းဂစ်ကို ၂၉၉ ဒသမ ၇၉ ကျပ်၊
စင်ကာပူ ၁ ဒေါ်လာကို ၈၁၀ ဒသမ ၆၃ ကျပ်၊
ထိုင်း ၁ ဘတ်ကို ၃၂ ဒသမ ၂၁ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။

ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းဒေသ ရေရှား၍ ကျေးရွာလူထု အကြီးအကျယ် ဒုက္ခရောက်

ယခုနှစ် နွေရာသီတွင် ရခိုင်မှ ရေခန်းခြောက်နေသောကန်တစ်ကန်)
(ယခုနှစ် နွေရာသီတွင် ရခိုင်မှ ရေခန်းခြောက်နေသောကန်တစ်ကန်)
ဂီရိမုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ရေရှားပါးနေသဖြင့် ကျေးရွာအများအပြားတွင် ဒေသခံ လူထု အနေဖြင့် အထူး ဒုက္ခရောက်နေကြရသည်ဟု သတင်း ရရှိသည်။
“ ကျွန်တော်တို့ရွာမှာ ရေလုံးဝ မရှိတော့ဘူး။ ရွာသားတွေက နာရီဝက်ခန့်ဝေးတဲ့ နေရာက ရေတွေကို သွားခပ်နေရတယ်။ တစ်ချို့ ဆိုရင် ရှစ်မိုင်လောက်ဝေးတဲ့ ကျွဲတွေနွားတွေ သောက်တဲ့ ရေကန်တွေက သွားခပ်နေရပါတယ်။ သောက်ရေကတော့ ခွဲတန်းနဲ့ အိမ်တစ်အိမ်ကို တစ်လုံး၊ အဲသလိုမျိုး သွားခပ်နေရပါတယ်” ဟု ရေလုံးဝ ရှားပါးနေသော လောင်းဒရိတ်ကျေးရွာမှ ဦးမောင်ကျော်သိန်းက နိရဉ္စရာသို့ပြောဆိုသည်။
သောင်းဒရိတ်ကျေးရွာတွင် အိမ်ခြေ ၂၇၃ အိမ်ရှိပြီး ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်းက တိုက်ခတ်သွားခဲ့သော ဂီရိမုန်တိုင်းအတွင်း တစ်ရွာလုံးရှိ အိမ်များ ပျက်စီးသွားခဲ့သော ကျေးရွာ တစ်ရွာဖြစ်သည်။  ရေကန် ၅ ကန်ရှိသော်လည်း ပူပြင်းသော နွေအပူချိန်ကြောင့် ရေကန်များ အားလုံး ရေခမ်းခြောက်သွားပြီဟု သိရသည်။
“ ခါတိုင်းနှစ်တွေမှာလည်း ရှားပါတယ်။ ဒါပေမယ့် ဒီနှစ်လို မရှားဘူး။ လူတွေက အကုန်လုံး ဒုက္ခရောက်နေကြပါပြီ” ဟု ပြောဆိုသည်။
အလားတူ ရေအကြီးအကျယ်ရှားနေသည့် ငွေတွင်းတူး ကျေးရွာသို့ ဆက်သွယ်ရာ ဦးမောင်ထွန်းယဉ်က သူတို့ရွာတွင် ရေရှားပြီး ဒေသခံ ပြည်သူများ အခက်အခဲ ကျရောက်နေပုံကို ယခုလို ပြောဆိုသည်။
“ ကျွန်တော်တို့ အဝေးကြီးမှာရှိတဲ့ ငတောက်ချေဘက်ကို သွားခပ်ရပါတယ်။ နှစ်နာရီ၊ သုံးနာရီ ဝေးတဲ့ နေရာကို သွားခပ်ရပါတယ်။ ညဥ့်မအိပ်ရ၊ အလုပ် အကိုင် မဖြစ် ဖြစ်နေကြရပါတယ်။ ရေစောင့်ရတယ်။ လှေနဲ့ သွားတင်ရပါတယ်။ ဟိုဘက်ကမ်းမှာ ညအိပ်ပြီး သွားစောင့်ရတယ်။ နှစ်တိုင်း နွေရာသီဆိုရင် ဒီလို ဖြစ်နေပါတယ်” ဟု ပြောဆိုသည်။
ငွေတွင်းတူး ကျေးရွာသည်လည်း ဂီရိမုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော ကျေးရွာ တစ်ရွာဖြစ်ပြီး ယင်းရွာတွင် အိမ်ခြေ ၅၀၀ ကျော် ၆၀၀ နီးပါးခန့်ရှိကာ ရေကန် နှစ်ကန် သုံးကန် ရှိကြောင်း သူက ပြောဆိုသည်။
ငွေတွင်းတူး ကျေးရွာမှ အသက် ၆၀ အရွယ်ရှိ အမျိုးသမီး တစ်ဦးကလည်း သူတို့ရွာတွင် ရေရှား၍ ဒုက္ခရောက်နေကြရသဖြင့် ကူညီပေးကြစေလိုသည်ဟု ပြောဆိုသည်။
“ အဒေါ်တို့ရွာမှာ ရေက ကကောင်းအကျပ်အတည်း ဖြစ်နေပါတယ်။ ရွာမှာ ရေမရှိတော့ တစ်နာရီ နှစ်နာရီ ဝေးတဲ့ နေရာတွေကို သွားတင်နေရပါတယ်။ စိတ္တရ အထိ သွားတင်နေရပါတယ်။ သုံးနာရီ လေးနာရီ ကြာပါတယ်။ တစ်ရွာလုံး ဒုက္ခဖြစ်နေကြပါပြီ။  ရေကန် လိုချင် ပါတယ်။ ရေခန်းနေတဲ့ သောက်ရေ ကန်ကြီးတွေကို တူးဖော်ပေးစေချင်ပါတယ်။ ဘတ်ဖိုးနဲ့ တူးပေးစေချင်ပါတယ်” ဟု ပြောဆိုသည်။
ငွေတွင်းတူ အနီးရှိ လမားကျွန်းတွင်လည်း ရေရှားနေသဖြင့် တစ်ခြားရွာများမှ လှေဖြင့် သွားတင်နေရသည်ဟု သိရသည်။
ယင်းပြင် ကန်သာရွာတွင်လည်း ရေရှားပါးနေသဖြင့် အခက်အခဲ ရောက်နေကြရသည်ဟု ကန်သာရွာသား ဦးခိုင်အောင်က ပြောသည်။
“ အဝေးကို သွားပြီး ၀က်ခေါင်းထိ သွားခပ်နေရပါတယ်။ သုံးမိုင်၊ လေးမိုင်လောက် ဝေးပါတယ်။ အခုလို  ရေသွားခပ်နေရတဲ့ အတွက် ကျွန်တော်တို့ တစ်ခုလည်း အလုပ်အကိုင် လုပ်ကိုင်စားသောက်လို့လည်း မရတော့ဘူး။ တစ်ရွာလုံး ဒုက္ခရောက်နေကြရပါတယ်။ အခုဘဲ ရွာသားတွေ နောက်နှစ်အတွက်  ရေကန်တွေ တူးဖော်နေကြပါတယ်” ဟု ပြောဆိုသည်။
ကန်သာတွင် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိပြီး ရေကန် သုံးကန်သာ ရှိကာ လူဦးရေနှင့် ရေကန်မှာ မညီမျှဘဲ ဖြစ်နေကြောင်း၊ သို့အတွက် လူဦးရေနှင့် ညီမျှသော ရေကန်များ လိုအပ်နေကြောင်း ပြောဆိုသည်။
၎င်းအပြင် ပဲကောက်၊ ဒဂုံ၊ ခေါင်းဖြူ၊ ကန်သာရွာကြီး၊ ရွာချေ တို့တွင်လည်း ရေရှားပါးနေသည်ဟု ဆိုသည်။
ယခုနှစ်တွင် အပူရှိန်မြင့်တက်နေပြီး သစ်ပင်များမရှိရာမှ ရေကန်များတွင် ရေများ ခမ်းခြောက်သွားခြင်း ဖြစ်သည်ဟု ဦးခိုင်အောင်ကသူ့အမြင်ကို ပြောဆိုသည်။
ယခုကဲ့သို့ မြေပုံမြို့နယ်တွင် ရေရှားပါးနေပြီး လူထုများ ဒုက္ခရောက်နေကြရသဖြင့် မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက သူတို့ ရေရှား၍ ဒုက္ခရောက်နေကြသည်ကို သူတို့ မသိရှိရသေးကြောင်း၊ မည်သူမျှလည်း သတင်း ပေးပို့ခြင်း မရှိသေးကြောင်း ပြောကြားသည်။
နိရဉ္စရာမှ ဆက်လက်ပြီး မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများ အနေဖြင့် ကျေးရွာအများအပြားတွင် ဒုက္ခရောက်နေကြရသည်ကို တိုင်ကြားမှ ဖြေရှင်းပေးမည်လား၊ တိုင်ကြားခြင်း မရှိလျှင် ပြည်သူများ ဒုက္ခရောက်နေကြရသည်ကို  ဖြေရှင်းပေးရန် အစီအစဉ်မရှိဘူးလားဟု ဆက်လက်မေးမြန်းရာ “ ရေရှားသည်ဆိုပါကစက်လှေများနှင့် သွားရောက် ကူညီ ပို့ဆောင်ရမည်ဖြစ်ပြီး သက်ဆိုင်သူများ နှင့် တိုင်ပင် ညှိနိုင်းဆွေးနွေးရမည် ဖြစ်ကြောင်း” ပြန်လည် ဖြေကြားပြောဆိုသွားခဲ့သည်။
နိရဉ္စရာ

Thursday, May 7, 2015

လူထုဆွေးနွေးရေး စစ်ကြောင်းချီတက်မည့် လမ်းကြောင်း မပိတ်ရန် ကေအန်ပီပီ သတိပေး


ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) တပ် နယ်လှည့် လူထု တွေ့ဆုံ ဆွေးနွေး သည့် စစ်ကြောင်း လမ်းတလျောက် ချထားသည့် အစိုးရ တပ်များ ရှေ့ဆက် မတိုးရန် မေ ၇ ရက်က အကြောင်းကြားထားသည်။

စစ်ကြောင်း လမ်းကြောင်းတွင် အစိုးရတပ်များ ချထားသည့် အတွက် ၂ ဖက် ရင်ဆိုင် တိုက်ပွဲများ မဖြစ်ပေါ်ရန် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်သို့ ကေအန်ပီပီက အသိပေးထားသည်ဟု လွိုင်ကော် ဆက်ဆံရေးရုံးတာဝန်ခံ ဦးပလုရယ်ကပြောသည်။

“လွိုင်ကော် ရှားတောလမ်းဖက်မှာ ရှိတဲ့ရွာတွေ၊ လွိုင်ကော် လွယ်လင်ဖက်က လင်ဖုံ၊ တီးစဲခါး၊ ကွန်နားတို့ဖက်မှာ ဗမာတပ်တွေလိုက်ချထားတယ်၊ ဒီမနက်တော့ သွားပြော လိုက်ပြီ ရောက်တဲ့နေရာက ရှေ့ဆက်မသွားဖို့ပေါ့”ဟု ဦးပလုရယ်ကပြောသည်။

လက်ရှိ ကေအန်ပီပီ စစ်ကြောင်းကိုလည်း ရှေ့ဆက် မသွားရန် ဒေသကွပ်ကဲရေးမှူးများက ကေအန်ပီပီခေါင်းဆောင်များကို မေ ၂ ရက် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

ရှားတောမြို့နယ် အနီးတ၀ိုက်ရှိ ကျေးရွာများသို့ ကေအန်ပီပီ အဖွဲ့ဝင် ၂၀၀ ၀န်းကျင်သည် လက်နက်များ ကိုင်ဆောင်၍ နယ်လှည့်ကွင်းဆင်း စည်းရုံးရန် မေလဆန်းက လုပ်ဆောင် ခဲ့ကြောင်း၊ စည်းရုံးရေး လုပ်ငန်းစဉ်များ အတွက် သံလွင်မြစ် အနောက်ခြမ်း၌ အခြေပြု နေထိုင်လျက်ရှိကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ထပ်မံ ဖြစ်ပွားလာမည်ကို ဒေသခံ ပြည်သူ များက စိုးရိမ်နေကြကြောင်း မေ ၆ရက် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

မတ် ၃၁ရက်က ကေအန်ပီပီနှင့်ပြည်နယ်အစိုးရတို့တွေ့ဆုံဆွေးနွေးချိန် မေလအတွင်း ကရင်နီတပ်မတော်များမှ နယ်လှည့်လူထုတွေ့ဆုံဆွေးနွေးရေး စစ်ကြောင်းပြုလုပ်မည့် ကိစ္စကို အသိပေးဆွေးနွေးခဲ့သည်။

ကန္တာရ၀တီတိုင်(မ်း)

မန္တလေးတွင် တရားမ၀င်ကုန်သွယ်မှုမှ ကျောက်စိမ်းနှင့် ကျွန်းသစ်များဖမ်းမိ

 MDY
မန္တလေးမြို့မှာ ရေကြောင်းနဲ့ လေကြောင်းကနေ တရားမ၀င်ကုန်သွယ်မှုကို ဖမ်းဆီးခဲ့ရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာကနေ ဧပြီအထိ ၆ လအတွင်း ကျပ်သိန်းပေါင်း ၁၅၀၀ ဖိုးလောက် ဖမ်းဆီးရမိခဲ့ပါတယ်။
ရေကြောင်းနဲ့ တရားမ၀င်ကုန်သွယ်မှုကို အရေးယူရာမှာ ၆ လအတွင်း ကျွန်းသစ်အပါဝင် သစ်တန်ပေါင်း ၉၆ တန်ကျော်ကို ဖမ်းဆီးမိတယ်လို့ မန္တလေးတိုင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဦးက ပြောပါတယ်။
“မန္တလေး လေဆိပ်ရယ်၊ ဧရာဝတီမြစ်ဆိပ်ရယ်မှာ စဆောင်ရွက်တဲ့အချိန်မှာ ဖမ်းဆီးမှု ၈ ကြိမ်မှာ ကျောက်စိမ်းပါတယ်၊ သစ် ဖမ်းမိတယ်။ တန်ဖိုးအားဖြင့် တန်ဖိုးအားဖြင့် စုစုပေါင်း ကျပ်သိန်း ၁၅၀၀ နီးပါးဖိုးလောက် ဖမ်းဆီးရမိတယ်။”
တရားမ၀င်ကုန်သွယ်မူကို လုပ်ဆောင်ရာမှာ လူအင်အား၊ သတင်းအခက်ခဲတွေ ရှိတာကြောင့် မမှန်မကန်ပြုလုပ်မူကို သိရင် ဗဟိုကော်မတီရုံးချုပ် ၀၁- ၃၇၇၀၇၇ ကို ဆက်သွယ် တိုင်ကြားနိုင်တယ်လို့  မန္တလေးတိုင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်မှူး အေးမင်းထွန်းက ပြောပါတယ်။
“တံတားဦး၊ ဂေါဝန်၊ ရွှေကြက်ယက်၊ မရမ်းခြံတို့မှာ ဆိုင်းဘုတ်တွေ ထောင်ထားတယ်။ လုပ်ငန်းရှင်တွေအနေနနဲ့ မမှန်မကန်ပြုလုပ်တာတွေရှိရင်လည်း တိုင်ကြားလို့ရပါတယ်။ သတင်းပေးလို့ရပါတယ်။ နောက်ပြီး ၀န်ထမ်းတွေအနေနဲ့ တန်စိုးလက်ဆောင် ယူတာ၊ လာဘ်စားတာတွေရှိရင်လည်း တိုင်ကြားလို့ရတယ်ဆိုပြီး ပြောထားပေမယ့် လုပ်ငန်းရှင်တွေအနေနဲ့ အခုချိန်ထိတော့ သတင်းပေးတိုင်ကြားတာ တယောက်မှ မရှိသေးဘူး။”
မန္တလေးမြို့မှာ တရားမ၀င်ကုန်သွယ်မူကို ရေကြောင်း၊ လေကြောင်းကစစ်ဆေးမူတွေ ရှိပေမယ့် ကုန်းတွင်းပိုင်းစစ်ဆေးမူတွေ မရှိသေးပါဘူး။
မူဆယ် မတ္တရာ၊ စစ်ကိုင်း၊ မိတ္ထီလာ စတဲ့ လမ်းကြောင်းကနေ ကျွန်းသစ်ကအစ ကုန်တင်ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်မူတွေ ရှိနေတယ်လို့ ဒေသခံအများစုက ပြောဆိုနေပါတယ်။
အခု ဖမ်းဆီးမိတဲ့ ကုန်ပစ္စည်းအများစုက တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတွေကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
 ဒီဗွီဘီ

မြန်မာသင်္ဘောသားများပါသည့် ကုန်တင်သင်္ဘော အီရန် ပြန်လွှတ်

 MAERSK_TIGRIS
ပြီးခဲ့တဲ့တပတ်က ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာသင်္ဘောသားတွေ ပါဝင်တဲ့  ကွန်တိန်နာသင်္ဘောကို အီရန်အစိုးရက မေလ ၇ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ အီရန်နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။
အီရန်ဆိပ်ကမ်းနဲ့ ရေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အစိုးရပိုင် သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။ သင်္ဘောဟာ မာရှယ်ကျွန်းစုအလံလွှင့်ထူထားပြီး ဧပြီလ ၂၈ ရက်နေ့က အီရန်ကင်းလှည့်သင်္ဘောတွေက တားဆီးခဲ့တာပါ။
MAERSK_TIGRIS-1သင်္ဘောကို ဒိန်းမတ်သင်္ဘောလိုင်းတခုဖြစ်တဲ့ Maersk သင်္ဘောလိုင်းက ပိုင်ဆိုင်ပြီး   မြန်မာ၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနဲ့ ဗြိတိန် နိုင်ငံသားတွေအပါအ၀င် သင်္ဘောသား ၂၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
Maersk သင်္ဘောလိုင်းက ကုမ္ပဏီတခုကို လျော်ကြေးပေးဖို့ကိစ္စ တရားရုံးကိစ္စ မပြေလည်သေးလို့ သင်္ဘောကို ထိန်းသိမ်းထားတာလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ တပတ်က ပြောဆိုခဲ့တာပါ။
တရားရုံးကိစ္စ ၁ ရက်၊၂ ရက်အတွင်း ပြီးစီးမယ်လို့လည်း အီရန်အရာရှိတဦးက မေလ ၆ ရက်နေ့က ပြောဆိုပါတယ်။ သင်္ဘောဖမ်းဆီးခံရတဲ့ကိစ္စဟာ ပါရှန်ပင်လယ်ကွေ့ နိုင်ငံတကာ ရေကြောင်းလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်လို့ နိုင်ငံတကာအရေးအခင်းတခု ဖြစ်တော့မယ့် အခြေအနေအထိ ဖြစ်ခဲ့တာပါ။
အမေရိကန်နိုင်ငံက ဖျက်သင်္ဘောတစီးကို စေလွှတ်ခဲ့ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။
သင်္ဘောကို နိုင်ငံတကာရေလမ်းကြောင်းမှာ အခွင့်မရှိဘဲ ဖမ်းဆီးခဲ့တာလို့ သင်္ဘောလိုင်းက စွပ်စွဲပေမယ့် အီရန်အစိုးရကတော့ အီရန်ရေပိုင်နက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီဗွီဘီ

မြန်မာသင်္ဘောသားများပါသည့် ကုန်တင်သင်္ဘော အီရန် ပြန်လွှတ်

 MAERSK_TIGRIS
ပြီးခဲ့တဲ့တပတ်က ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာသင်္ဘောသားတွေ ပါဝင်တဲ့  ကွန်တိန်နာသင်္ဘောကို အီရန်အစိုးရက မေလ ၇ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ အီရန်နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။
အီရန်ဆိပ်ကမ်းနဲ့ ရေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အစိုးရပိုင် သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။ သင်္ဘောဟာ မာရှယ်ကျွန်းစုအလံလွှင့်ထူထားပြီး ဧပြီလ ၂၈ ရက်နေ့က အီရန်ကင်းလှည့်သင်္ဘောတွေက တားဆီးခဲ့တာပါ။
MAERSK_TIGRIS-1သင်္ဘောကို ဒိန်းမတ်သင်္ဘောလိုင်းတခုဖြစ်တဲ့ Maersk သင်္ဘောလိုင်းက ပိုင်ဆိုင်ပြီး   မြန်မာ၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနဲ့ ဗြိတိန် နိုင်ငံသားတွေအပါအ၀င် သင်္ဘောသား ၂၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
Maersk သင်္ဘောလိုင်းက ကုမ္ပဏီတခုကို လျော်ကြေးပေးဖို့ကိစ္စ တရားရုံးကိစ္စ မပြေလည်သေးလို့ သင်္ဘောကို ထိန်းသိမ်းထားတာလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ တပတ်က ပြောဆိုခဲ့တာပါ။
တရားရုံးကိစ္စ ၁ ရက်၊၂ ရက်အတွင်း ပြီးစီးမယ်လို့လည်း အီရန်အရာရှိတဦးက မေလ ၆ ရက်နေ့က ပြောဆိုပါတယ်။ သင်္ဘောဖမ်းဆီးခံရတဲ့ကိစ္စဟာ ပါရှန်ပင်လယ်ကွေ့ နိုင်ငံတကာ ရေကြောင်းလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်လို့ နိုင်ငံတကာအရေးအခင်းတခု ဖြစ်တော့မယ့် အခြေအနေအထိ ဖြစ်ခဲ့တာပါ။
အမေရိကန်နိုင်ငံက ဖျက်သင်္ဘောတစီးကို စေလွှတ်ခဲ့ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။
သင်္ဘောကို နိုင်ငံတကာရေလမ်းကြောင်းမှာ အခွင့်မရှိဘဲ ဖမ်းဆီးခဲ့တာလို့ သင်္ဘောလိုင်းက စွပ်စွဲပေမယ့် အီရန်အစိုးရကတော့ အီရန်ရေပိုင်နက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီဗွီဘီ