Pages
▼
Saturday, June 20, 2015
တရုတ်ပြည်မှာ မွတ်စလင်များ ဥပုသ်မစောင့်ရဟု တားမြစ်ထား
တရုတ်ပြည်အနောက်ဘက်စွန်း ရှင်ကျာန်းပြည်နယ်တွင် မွတ်စလင်ပါတီဝင်များ၊ မွတ်စလင် အစိုးရ၀န်ထမ်း၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအတွက် မွတ်စလင်ဥပုသ်လကို ပိတ်ပင်တားဆီးခဲ့သည်။ ယင်းကဲ့သို့ ဥပုသ်လတွင် ၀ီဂါ (Uighurs) လူမျိုးစု မွတ်စလင်များ နေထိုင်ရာဒေသများ၌ ဥပုသ်မစောင့်ရန် ပြောထားသည်ဟု ဆိုသည်။
ဝီဂါခေါင်းဆောင် ဒီလ်ဇက်ရာကစ်ကမူ ယင်းကဲ့သို့ ပိတ်ပင်တားဆီးခြင်းသည် ၎င်းတို့၏ ဘာသာရေးယုံကြည်မှုကို ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပိတ်ပင်တားဆီးမှုကြောင့် ၀ီဂါ ပြည်သူများအနေနှင့် တရုတ်အစိုးရအုပ်ချုပ်ရေးကို ပို၍ဆန့်ကျင်လာကြမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
မကြာသေးသော နှစ်များကမူ အရပ်သားများနှင့် အစိုးရအဖွဲ့အစည်းများအပေါ် အကြမ်းဖက် တိုက်ခိုက်မှု များသည် ၀ီဂါခွဲထွက်ရေးသမားများကြောင့်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက စွပ်စွဲထားသည်။ သို့သော် ခွဲထွက်ရေးအုပ်စုများမှ ၎င်းအချက်ကို ငြင်းဆိုခဲ့သည်။ တရုတ်ပြည်ရှင်ကျာန်းဒေသတွင် ၀ီဂါမွတ်စလင်များနှင့် တရုတ်အာဏာပိုင်တို့ အငြင်းပွားမှုပြဿနာများပို၍ တင်းမာလာခဲ့သည်။
ကာဇက်နယ်စပ်နှင့် ထိစပ်လျက်ရှိသောဒေသတွင် ဖွင့်လှစ်ထားသည့် မွတ်စလင်သီးသန့်စားသောက်ဆိုင်များကို ဥပုသ်လကာလအတွင်း နေ့ပိုင်းတွင်လည်း ဖွင့်လှစ်ထားရန် အစားအသောက် လုံခြုံရေးအဖွဲ့က တိုက်တွန်းထားကြောင်း အစိုးရ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ မွတ်စလင်ပိုင်ဆိုင်များ၌လည်း ၎င်းဥပုသ်လကာလတွင် စီးကရက်နှင့် ယမကာများကို ဆက်လက်ရောင်းချရန် အမိန့်ထုတ်ထားပြီး မလိုက်နာပါက ဆိုင်ပိတ်သိမ်းမည်ဟု ဆိုသည်။
လူ့အခွင့်အရေးအဖွဲ့များက ဘာသာရေးဖိနှိပ်မှုဟု ခေါ်ဆိုထားစေကာမူ တရုတ်အစိုးရသည် ဘာသာရေးအစွန်းရောက်ဝါဒကို နှိမ်နင်းလျက်ရှိသည်။ ဘာသာရေးနှင့်ပညာရေးကို သီးသန့်ခွဲခြားထားရမည် ဖြစ်ကြောင်း၊ ကျောင်းသားများအနေနှင့် ဘာသာရေးသြဇာသက်ရောက်မှု မရှိစေရကြောင်း အာဏာရကွန်မြူနစ်ပါတီက ပြောသည်။
Ref;AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဒုက္ခသည် ၅ဝ ကျော် နေရပ်ပြန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်တင်ထားတဲ့ လှေစီးဒုက္ခသည်တွေထဲက စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော စတဲ့မြို့နယ်တွေက လူ ၅၅ ဦးကို နေရပ်အသီးသီးကို ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
ဒီနေ့ညနေပိုင်းမှာပဲ ပို့ဆောင်လိုက်တာလို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။
"အခုပဲ ကျောက်တော်တို့ မင်းပြားတို့ဘက်ကိုသွားပြီ ကားနဲ့သယ်သွားပါပြီခင်ဗျ၊ အခုမှပဲ သယ်သွားတယ် ဟိုဘက်ကိုတော့ မရောက်သေးဘူး သွားနေကြတုန်းပဲ၊ ကျန်တဲ့ဟာတော့ ဘူးသီးတောင်နဲ့ မောင်တောဘက်ကပဲ ကျန်တော့တယ်၊ အဲ့ဘက်ကလူတွေအားလုံးက တောင်ပြိုတို့ဘာတို့က လွှဲပြီးသွားပြီ၊ အခု ဘူးသီးတောင်နဲ့ မောင်တောကလွှဲဖို့ သူတို့လုပ်နေကြတယ်၊ ဒီနေ့ကတော့ ကျနော်တို့ဘက်က စစ်တွေဘက်အခြမ်းကို အရင်ပို့တာပါ"
ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်တဲ့ လူ ၅၅ ဦးဟာ စစ်တွေက ၂၇ ဦး၊ မြောက်ဦးနဲ့ မင်းပြားက ၁ ဦးစီ၊ ပေါက်တောက ၁၄ ဦးနဲ့ ကျောက်တော်က ၁၂ ဦးတို့ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် မြန်မာရေပိုင်နက်ထဲဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ထဲမှာ ရခိုင်ပြည်နယ်က မွတ်စလင် ၁၇၈ ဦးပါဝင်ပါတယ်။
အဲ့ဒီအထဲက ၅၅ ဦးကို ဒီနေ့ နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်လိုက်တာဖြစ်ပြီး ကျန်တဲ့ လူ ၁ဝဝ ကျော်ကိုတော့ သူတို့ရဲ့ မူလနေရပ်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ဆက်လက်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းက ဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ထဲက ကျန်နေသေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၄ဝ ကျော်ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ဖို့ အစိုးရက ကြိုးပမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
RFA Burmese
မိုးမမှန်၍ ထားဝယ်တွင် လယ်စိုက်ရန် အခက်ကြုံ
ထားဝယ်မြို့နယ်အတွင်းရှိ လယ်ယာ လုပ်ငန်းခွင် တစ်နေရာ
ဓာတ်ပုံ - အောင်သူ / Dawei Watch |Dawei Watch| ထားဝယ်၊ ဇွန် ၂၀
ထားဝယ်ခရိုင်အတွင်း
မိုးအ၀င်တွင် ရက်ပိုင်းမျှ မိုးရွာသွန်းပြီးနောက် ထပ်မရွာတော့သည့်အတွက် စပါးစိုက်ပျိုးရန်
အခက်တွေ့ နေကြောင်း ထားဝယ်ဒေသမှ တောင်သူလယ်သမားများက ပြောသည်။
နှစ်စဉ်
နယုန်လဆန်းတွင် လယ်ယာလုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်၍ နယုန်လပြည့်ကျော်တွင် စပါး စိုက်ပျိုးလေ့ရှိသော်လည်း
ယခုနှစ်တွင် မိုးရေမရသောကြောင့် ၀ါဆိုလ ရောက်သည်အထိပင် စပါးစိုက်ပျိုး၍ မစိုက်ရသေးဟု
အထက်ပါ လယ်သမားများက ပြောသည်။
ထို့ကြောင့်
ပုံမှန်ထက် စပါးစိုက် နောက်ကျမည်ဖြစ်၍ သက်ကြီးစပါး စိုက်ပျိုးမည်အစား လယ်သမား အများစုမှ
သက်လတ်( လယ်သမားများအခေါ် သက်လယ် စပါး)စပါးများကို စိုက်ပျိုးရန် ပြင်ဆင်နေကြသည်ဟု သိရသည်။
“ဒီလိုမျိုး
ဖြစ်တာမကြုံဖူးဘူး၊ ထယ်လှန်(မြေလှန်)ပြီး မိုးမရွာလို့ ပျိုးခင်းထောင် မရ၊ စပါးစိုက်မရ
ဖြစ်နေတယ်” ဟု သက်လတ် စပါးမျိုးစိုက်ပျိုးရန် ပြင်ဆင်ထားသော လယ်ဧက ၂၀ ကျော်ပိုင်ရှင်တစ်ဦးဖြစ်သူ
ထားဝယ်ဒေသခံ ဦး မောင်အေးက ဆိုသည်။
သက်ကြီးစပါးများမှာ
ရေလွှမ်းမှု ဒဏ်ကို ခံနိုင်ပြီး သက်လတ် စပါးများမှာ မိုးနည်းသည့် အချိန်တွင် စိုက်ပျိုးသည့်
စပါးဖြစ်သည်ဟု သိရသည်။
သို့သော်
တချို့လယ်သမားများမှာ နောက်လများတွင် မိုးကောင်းနိုင်သည်ဟု ခန့်မှန်းပြီး သက်ကြီးစပါးကိုသာ
စိုက်ပျိုးမည်ဟု ပြေသည်။
“ဒီနှစ်က
လထပ်နှစ်ဖြစ်လို့ နောက်ပိုင်း မိုးကောင်းမယ်လို့ မှန်းထားတယ်။ ဒါကြောင့် သက်ကြီးစပါးကိုပဲ
စိုက်ပျိုးမယ်”ဟု ထား ၀ယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ လယ် ၅ဧက ပိုင်ရှင် ဦးအောင်ကျော်မိုးက
ပြောသည်။
သက်ကြီး၊
သက်လတ်၊ သက်ငယ်စပါးမျိုးများကို မိုးရွာသွန်းမှုအပေါ် မူတည်ပြီး ရွှေးချယ်စိုက်ပျိုးခြင်ဖြစ်ကာ
စပါးအထွက်နှုန်း ကွာဟမှု မရှိဟု အထက်ပါ လယ်သမားများက ပြောသည်။
သက်ကြီးစပါးမျိုး၏
သက်တမ်းမှာ လေးလကျော်ရှိပြီး၊ သက်လတ်စပါးမျိုးမှာ သုံးလခွဲမှ လေးလအကြား၊ သက်ငယ် စပါးမျိုးမှာ
သုံးလခန့် သက်တမ်းရှိသည်ဟု လယ်သမားများထံမှ သိရသည်။
စပါးမျိုး ၃ခုရှိသည်အနက်မှ သက်ကြီးစပါးမျိုးနှင့် သက်လတ်စပါးမျိုးကို မိုးရာသီတွင် စိုက်ပျိုးကြပြီး နွေရာသီတွင် သက်ငယ် စပါးမျိုးကို ရေသွင်းကာ စိုက်ပျိုးကြသည်ဟု သိရသည်။
စပါးမျိုး ၃ခုရှိသည်အနက်မှ သက်ကြီးစပါးမျိုးနှင့် သက်လတ်စပါးမျိုးကို မိုးရာသီတွင် စိုက်ပျိုးကြပြီး နွေရာသီတွင် သက်ငယ် စပါးမျိုးကို ရေသွင်းကာ စိုက်ပျိုးကြသည်ဟု သိရသည်။
Dawei
Watch
မဲစာရင်း ပြည့်စုံမှန်ကန်ရေး ၀ိုင်းကူကြရန် ကော်မရှင်ပြော
အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ၀ိုင်းဝန်းကူညီကြဖို့နဲ့ အပြုသဘောနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို ကြိုဆိုတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကော်မရှင်ရဲ့ ဇွန် ၁၉ ရက် ကြေညာချက်မှာ မဲစာရင်းပြည့်စုံမှန်ကန်ဖို့ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် မဲဆန္ဒရှင်များက ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးကြပါလို့ ဖော်ပြထားပါတယ်။
ကော်မရှင်အနေနဲ့ အခြေခံမဲစာရင်းပြုစုခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလကနေ ၂၀၁၅ ခုနှစ် ဇွန်လအထိ လုပ်ဆောင်ခဲ့ပြီး ရရှိတဲ့မဲစာရင်းတွေကို ၂၀၁၅ ခုနှစ် ဧပြီလမှ ဇွန်လအထိ အဆင့် ၄ ဆင့်နဲ့ ကပ်ထားကြေညာပေးနေတယ်လို့ ဆိုပါတယ်။
မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှာ မိမိနာမည် ပါ မပါ သွားရောက်ကြည့်ရှုပြီး မပါရင် နာမည်ထည့်ပေးဖို့ တောင်းဆိုခြင်း၊ အချက်အလက်မှားနေရင် ပြင်ပေးဖို့ ကန့်ကွက်ခြင်းတွေ လုပ်ရမယ်၊ ဒါမှ ဆန္ဒမဲစာရင်းအမှန် ရနိုင်မယ်လို့ ကော်မရှင်ကြေညာချက်ထဲ ဖော်ပြထားပါတယ်။
မဲစာရင်းကပ်ထားတာနဲ့ မဲစာရင်းကပ်ထားတာကို လာကြည့်ကြဖို့ လေ့လာပညာပေးနေတဲ့ (TSI-The Serenity Initiative) အဖွဲ့က မစုပုံချစ်ကတော့ အခြေခံမဲစာရင်းမှားနေတာတွေ တွေ့ရသလို မဲစာရင်းသွားကြည့်ဖို့ စိတ်မ၀င်စားသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
“မှားနေတာတွေ တွေ့တယ်၊ သူက အခြေခံမဲစာရင်း ဖြစ်တာကိုး၊ တိကျတဲ့ မဲစာရင်းတွေတော့ ထွက်မလာသေးဘူး၊ မှားတဲ့အချက်တွေရှိတယ်။ နာမည် မှားတာတို့ အချက်အလက်မှားတာ တို့၊ ဒါပေမယ့် တချို့ဟာတွေကျတော့ ကွန်ပျုတာ မှားရိုက်တာလည်း ရှိပါတယ်။ မဲစာရင်း သွားကြည့်ဖို့တော့ အများကြီး နှိုးဆော်ပေးရမယ်။ တချို့ပြည်သူတွေက သွားကြည့်ဖို့ မလိုဘူးဆိုပြီး စိတ်မ၀င်စားကြဘူး။”
ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းဖြစ်ဖို့ တော်တော်ကို လိုအပ်နေသေးတယ်လို့လည်း ပြောပါတယ်။
အိမ်ထောင်စုဇယားကို အခြေခံပြီး ကောက်ယူထားတဲ့ မဲစာရင်းဖြစ်တာကြောင့် တနယ်တကျေးမှာ ဧည့်စာရင်းနဲ့ သွားရောက်အလုပ်လုပ်သူတွေ မဲပေးဖို့ကိစ္စတွေမှာ ပြည်သူတွေသိအောင် ပညာပေးလုပ်ငန်းတွေ အများကြီး ဆက်လုပ်ဖို့ ရှိနေသေးတယ်လို့ မဲစာရင်းပညာပေးအဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကော်မရှင်ထံပေး ပို့တဲ့စာမှာလည်း ရန်ကုန်တိုင်းအတွင်း မဲစာရင်းတွေ ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ မှားယွင်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ကော်မရှင်အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ လူဦးရေ အခြေပြ စာရင်း၊ သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရုံးရှိ အိမ်ထောင်စု စာရင်းပုံစံ (၆၆/၆) တို့မှ အသက် ၁၈ နှစ်ပြည့်သူများအား ကူးယူပြုစုထားတယ်လို့ သိရပါတယ်။
လာမယ့် ဇွန်လ ၂၂ ရက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ခရိုင်များမှာ မဲစာရင်းတွေကို ၂ဝ၁၅ ခုနှစ်၊ ဇွန် ၂၂ ရက်မှ ဇူလိုင် ၅ ရက်ထိ ၁၄ ရက်တိုင်တိုင် ကပ်ထား ပေးမယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
DVB
ယူ ၂၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဆားဘီးယားက ဘရာဇီးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိ
နယူးဇီလန်မှာ ကျင်းပနေတဲ့ ယူ ၂၀ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဒီနေ့ ယှဉ်ပြိုင်ကစားရာမှာ ဆားဘီးယားအသင်းက ဘရာဇီးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်းမှာ တဖက်နဲ့ တဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်းကစားပြီး ပွဲချိန် မိနစ် ၇၀ မှာ ဆားဘီယားအသင်းရဲ့ ကစားသမား Mandic က ဦးဆောင်ဂိုးကို သွားယူခဲ့ပါတယ်။ ဒီနောက် ၇၃ မိနစ်မှာ ဘရာဇီးအသင်းအတွက် Pereira က ချေပဂိုး ပြန်လည်သွင်းယူခဲ့တာပါ။
ပွဲစဉ်ပြီးဆုံးချိန်ထိ ၁-၁ ဂိုးနဲ့ သရေကျနေလို့ အချိန်ပိုကစားရာမှာ ဆားဘီးယားအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၁၁၈ မိနစ်မှာ Maksimoviင က သွင်းယူခဲ့ပါတယ်။
တတိယနေရာလုပွဲမှာတော့ မာလီအသင်းက ဆီနီဂေါအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
DVB
Friday, June 19, 2015
လူထုဗဟိုပြုတဲ့ နိုင်ငံရေးလုပ်ကြဖို့ ၇၀ ပြည့်မွေးနေ့မှာ ဒေါ်စုတိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည် အသက်(၇၀)ပြည့်မွေးနေ့။ (ဇွန် ၁၉၊ ၂၀၁၅)
19.06.2015
ဒီနေ့ဆိုရင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အသက်
၇၀ ပြည့် ခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့ အမှတ်တရ စကားပြောကြားရာမှာတော့
ဒီနှစ်ကုန်ပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲ မှန်မှန်ကန်ကန် ဖြစ်ဖို့နဲ့
နိုင်ငံရေး အင်အားစု အားလုံး နိုင်ငံကောင်းကျိုးအတွက် ပြည်သူ့
အကျိုးစီးပွား ကို ရှေးရှုတဲ့ နိုင်ငံရေးကိုသာ လုပ်ကြဖို့ကို လည်း မွေးနေ
့မှာ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း လိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့
သူ့ရဲ့ နိုင်ငံရေး ဖြတ်သန်းမှု ဘ၀ကို ပြန်ပြောင်း သုံးသပ်ထားတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ တိုက်တွန်းချက်တွေကို မသိင်္ဂီထိုက်
စုစည်းတင်ပြထားပါတယ်။
နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အသက် ၇၀ ပြည့်မွေးနေ့မှာ မြန်မာပြည်သူ လူထုနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်သူ အားလုံးကို ပြည်သူကို ဗဟိုပြုတဲ့ နိုင်ငံအကျိုးရှိစေမယ့် နိုင်ငံရေးဖြစ်အောင် ၀ိုင်းဝန်းပံ့ပိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
"ဒီနိုင်ငံဟာ အခုနှစ်ဆိုလို့ရှိရင် ကျမရဲ့ (၇၀)မြောက်မွေးနေ့ဖြစ်လို့ မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်မို့လို့ အင်မတန်မှ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဒီရွေးကောက်ပွဲများ မှန်မှန်ကန်ကန် ရလဒ် ထွက်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ အခုအချိန်မှာ အဖွဲ့အသီးသီး ပုဂ္ဂိုလ် အသီးသီး က ရွေးကောက်ပွဲ များမှာ အောင်မြင်ရေးအတွက် ၊ အောင်နိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။ ဒါလည်း သဘာဝကျပါတယ်။ အားလုံးဟာ ကိုယ့်ရဲ့ယုံကြည်ချက် အရ၊ ကိုယ့်ရဲ့အဖွဲ့အစည်း၊ ကိုယ်ထောက်ခံတဲ့ ပုဂ္ဂိုလ် နိုင်အောင်လို့ လုပ်ပေးချင်ကြ တာချည်းပါပဲ။
ဒါပေမဲ့ လုပ်ပုံကိုင်ပုံဟာ ကျမတို့ နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးကြီး ပါတယ်။ ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျမတို့ ကျင်းပမလဲ။ ဒီရွေးကောက်ပွဲ ရဲ့ ရလဒ်တွေဟာ ဘယ်လိုဖြစ်မလဲ။ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက်မှာ ကျမတို့နိုင်ငံဟာ ဘယ်လို အခြေအနေမှာ ရှိမှာလဲ ဆိုတာတွေဟာ ဒီနှစ်အတွက် မဟုတ်ဘူး။ နောက်နှစ်အတွက် မဟုတ်ဘူး။ နောက် နှစ်ပေါင်းများစွာ အတွက် ကျမတို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။"
နိုင်ငံ အနာဂတ်ကို အဆုံးအဖြတ် ပေးမယ့် ရွေးကောက်ပွဲ မှာ ပြည်တွင်း ပြည်ပ ပြောဆို ချက်တွေ ထက် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေဟာ မြန်မာ့ နိုင်ငံရေး အတွက် သိပ်ကို အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်လို့ ရခိုင် နိုင်ငံရေး သမားတဦးဖြစ်တဲ့ လွှတ်တော် အမတ် ဒေါက်တာအေးမောင်က ပြောပါတယ်။
" ဒီရွေးကောက်ပွဲ မတိုင်ခင်ကာလ တည်ငြိမ်မှုဟာ အင်မတန်မှ အရေးကြီးပါ တယ်။ ရွေးကောက်ပွဲ အလွန်ကာလ တည်ငြိမ်မှုကတော့ဖြင့် အာဏာအပြောင်းအလဲနဲ့ သက်ဆိုင်ပါတယ်။ အဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့၊ ကြိုးစားတဲ့ ကာလမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ကျနော်တို့ လိုလားတဲ့ ဖွဲ့စည်းပုံ တဆစ်ချိုးကို ကျနော်တို့ ပြုပြင်ပြောင်းလဲနိုင်အောင် ဆောင်ရွက်ဖို့ အင်မတန်အရေးကြီးပါတယ်။ အဲ့တာကြောင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်ပတ်သက်တဲ့သူ အားလုံး ရဲ့ ဆင်ခြင်တုံတရားနဲ့ တည်ငြိမ်မှုကို ရအောင်ယူဖို့ အရေးကြီးပါတယ်။ "
၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှု နောက်ပိုင်း နိုင်ငံရေး လောကထဲကို ၀င်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကစလို့ ၂၀၁၀ ပြည့်နှစ် အတွင်း နေအိမ် အကျယ်ချုပ် ၁၅ နှစ်နီးပါး ကျခံခဲ့ရတာပါ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီကို စစ်အစိုးရက အာဏာ မအပ်ခဲ့ သလို ရွေးကောက်ပွဲ ရလဒ်ဟာလည်း ဒီကနေ့ ဒီအချိန်ထိ အသိအမှတ်ပြု မခံခဲ့ရပါဘူး။
ဒီနောက်ပိုင်း ဆယ်စုနှစ် ၂ ခုကြာ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ လည်း ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ်နဲ့ထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အရင် စစ်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ စစ်သားဟောင်းတွေ အများစု ပါဝင်တဲ့ စစ်တပ်ထောက်ခံမှု ရှိတဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အများစု အနိုင်ရပြီး စစ်အစိုးရကနေ အရပ်သား အစိုးရ အဖြစ် အသွင်ပြောင်းချိန်မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ရော စစ်တပ်နဲ့ပါ သဘောထား ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်ဆံရေး ထူထောင်နိုင်ခဲ့တယ်လို့ ရခိုင်နိုင်ငံရေး သမား ဒေါက်တာ အေးမောင်က ထောက်ပြပါတယ်။
ဒါပေမယ့်လည်း ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတို့ အရေးမှာ NLD ပါတီရဲ့ မူဝါဒ ရေးရာတွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိဘူး ဆိုပြီး ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေ လည်း ခံခဲ့ရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမ အနေနဲ့ နိုင်ငံရေး လုပ်သက် ဆယ်စုနှစ် ၃ ခု အတွင်းမှာ သင်ယူခဲ့ရတာတွေ ရှိသလို နိုင်ငံရေးမှာ ပါဝင် ပတ်သက်သူ အားလုံးလည်း ပြည်သူ့ ကောင်းကျိုး ထမ်းဆောင်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
"နိုင်ငံရေးမှာဆိုလို့ရှိရင် ဘာလိုလိုနဲ့ ကျမပါခဲ့တာဟာ အနှစ်သုံးဆယ်လောက်ရှိသွားပါပြီ။ အနှစ်သုံးဆယ် ဆိုတာလည်း မနည်းပါဘူး။ အဲ့ဒီ့တော့ ဒီအနှစ်သုံးဆယ်အတွင်းမှာ အဓိက ရခဲ့တဲ့ သင်္ခန်းစာတွေကတော့ ကျမတို့အပေါ်မှာ မေတ္တာစေတနာထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ မျှရမယ်ဆိုလို့ဆိုရင် လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် လုပ်ပေးနေနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အနေအထားရှိပါတယ်။ ကိုယ်ဟာ ဘယ်လောက်ပဲ နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ။ ဒါတော့ ကမ္ဘာ့အမြင်အရ လောကီ အမြင်အရ နိမ့်တာမြင့်တာကို ဆိုလိုတာပါ။ လူတိုင်း လူတိုင်းမှာ ကိုယ့်မှာ ပေးစရာ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ ယူမှာ၊ ယူနိုင်တာကိုပဲ စဉ်းစားနေလို့ လည်း မဖြစ်ပါဘူး။ ဒါကြောင့် ကျမတို့ ပြည်သူလူထုဟာ ငါတို့ ဒီလောကကြီးကို ဘာပေးနိုင်မလဲ ဆိုတာကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ "
မကြာခင်ကမှ တရုတ် သမ္မတနဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အနောက် နိုင်ငံ တကာ ခေါင်းဆောင်တွေ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ထားနိုင် တဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတနိုင်ငံ အနေနဲ့ သီးခြား ရပ်တည်လို့ မရတဲ့ အနေအထားမှာ ကမ္ဘာ့ အခြေအနေကိုလည်း မျက်ခြည် မပြတ်ကြဖို့ ပြည်သူတွေကို မွေးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။
VOA
နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အသက် ၇၀ ပြည့်မွေးနေ့မှာ မြန်မာပြည်သူ လူထုနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်သူ အားလုံးကို ပြည်သူကို ဗဟိုပြုတဲ့ နိုင်ငံအကျိုးရှိစေမယ့် နိုင်ငံရေးဖြစ်အောင် ၀ိုင်းဝန်းပံ့ပိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
"ဒီနိုင်ငံဟာ အခုနှစ်ဆိုလို့ရှိရင် ကျမရဲ့ (၇၀)မြောက်မွေးနေ့ဖြစ်လို့ မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်မို့လို့ အင်မတန်မှ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဒီရွေးကောက်ပွဲများ မှန်မှန်ကန်ကန် ရလဒ် ထွက်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ အခုအချိန်မှာ အဖွဲ့အသီးသီး ပုဂ္ဂိုလ် အသီးသီး က ရွေးကောက်ပွဲ များမှာ အောင်မြင်ရေးအတွက် ၊ အောင်နိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။ ဒါလည်း သဘာဝကျပါတယ်။ အားလုံးဟာ ကိုယ့်ရဲ့ယုံကြည်ချက် အရ၊ ကိုယ့်ရဲ့အဖွဲ့အစည်း၊ ကိုယ်ထောက်ခံတဲ့ ပုဂ္ဂိုလ် နိုင်အောင်လို့ လုပ်ပေးချင်ကြ တာချည်းပါပဲ။
ဒါပေမဲ့ လုပ်ပုံကိုင်ပုံဟာ ကျမတို့ နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးကြီး ပါတယ်။ ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျမတို့ ကျင်းပမလဲ။ ဒီရွေးကောက်ပွဲ ရဲ့ ရလဒ်တွေဟာ ဘယ်လိုဖြစ်မလဲ။ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက်မှာ ကျမတို့နိုင်ငံဟာ ဘယ်လို အခြေအနေမှာ ရှိမှာလဲ ဆိုတာတွေဟာ ဒီနှစ်အတွက် မဟုတ်ဘူး။ နောက်နှစ်အတွက် မဟုတ်ဘူး။ နောက် နှစ်ပေါင်းများစွာ အတွက် ကျမတို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။"
နိုင်ငံ အနာဂတ်ကို အဆုံးအဖြတ် ပေးမယ့် ရွေးကောက်ပွဲ မှာ ပြည်တွင်း ပြည်ပ ပြောဆို ချက်တွေ ထက် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေဟာ မြန်မာ့ နိုင်ငံရေး အတွက် သိပ်ကို အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်လို့ ရခိုင် နိုင်ငံရေး သမားတဦးဖြစ်တဲ့ လွှတ်တော် အမတ် ဒေါက်တာအေးမောင်က ပြောပါတယ်။
" ဒီရွေးကောက်ပွဲ မတိုင်ခင်ကာလ တည်ငြိမ်မှုဟာ အင်မတန်မှ အရေးကြီးပါ တယ်။ ရွေးကောက်ပွဲ အလွန်ကာလ တည်ငြိမ်မှုကတော့ဖြင့် အာဏာအပြောင်းအလဲနဲ့ သက်ဆိုင်ပါတယ်။ အဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့၊ ကြိုးစားတဲ့ ကာလမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ကျနော်တို့ လိုလားတဲ့ ဖွဲ့စည်းပုံ တဆစ်ချိုးကို ကျနော်တို့ ပြုပြင်ပြောင်းလဲနိုင်အောင် ဆောင်ရွက်ဖို့ အင်မတန်အရေးကြီးပါတယ်။ အဲ့တာကြောင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်ပတ်သက်တဲ့သူ အားလုံး ရဲ့ ဆင်ခြင်တုံတရားနဲ့ တည်ငြိမ်မှုကို ရအောင်ယူဖို့ အရေးကြီးပါတယ်။ "
၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှု နောက်ပိုင်း နိုင်ငံရေး လောကထဲကို ၀င်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကစလို့ ၂၀၁၀ ပြည့်နှစ် အတွင်း နေအိမ် အကျယ်ချုပ် ၁၅ နှစ်နီးပါး ကျခံခဲ့ရတာပါ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီကို စစ်အစိုးရက အာဏာ မအပ်ခဲ့ သလို ရွေးကောက်ပွဲ ရလဒ်ဟာလည်း ဒီကနေ့ ဒီအချိန်ထိ အသိအမှတ်ပြု မခံခဲ့ရပါဘူး။
ဒီနောက်ပိုင်း ဆယ်စုနှစ် ၂ ခုကြာ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ လည်း ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ်နဲ့ထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အရင် စစ်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ စစ်သားဟောင်းတွေ အများစု ပါဝင်တဲ့ စစ်တပ်ထောက်ခံမှု ရှိတဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အများစု အနိုင်ရပြီး စစ်အစိုးရကနေ အရပ်သား အစိုးရ အဖြစ် အသွင်ပြောင်းချိန်မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ရော စစ်တပ်နဲ့ပါ သဘောထား ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်ဆံရေး ထူထောင်နိုင်ခဲ့တယ်လို့ ရခိုင်နိုင်ငံရေး သမား ဒေါက်တာ အေးမောင်က ထောက်ပြပါတယ်။
ဒါပေမယ့်လည်း ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတို့ အရေးမှာ NLD ပါတီရဲ့ မူဝါဒ ရေးရာတွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိဘူး ဆိုပြီး ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေ လည်း ခံခဲ့ရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမ အနေနဲ့ နိုင်ငံရေး လုပ်သက် ဆယ်စုနှစ် ၃ ခု အတွင်းမှာ သင်ယူခဲ့ရတာတွေ ရှိသလို နိုင်ငံရေးမှာ ပါဝင် ပတ်သက်သူ အားလုံးလည်း ပြည်သူ့ ကောင်းကျိုး ထမ်းဆောင်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
"နိုင်ငံရေးမှာဆိုလို့ရှိရင် ဘာလိုလိုနဲ့ ကျမပါခဲ့တာဟာ အနှစ်သုံးဆယ်လောက်ရှိသွားပါပြီ။ အနှစ်သုံးဆယ် ဆိုတာလည်း မနည်းပါဘူး။ အဲ့ဒီ့တော့ ဒီအနှစ်သုံးဆယ်အတွင်းမှာ အဓိက ရခဲ့တဲ့ သင်္ခန်းစာတွေကတော့ ကျမတို့အပေါ်မှာ မေတ္တာစေတနာထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ မျှရမယ်ဆိုလို့ဆိုရင် လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် လုပ်ပေးနေနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အနေအထားရှိပါတယ်။ ကိုယ်ဟာ ဘယ်လောက်ပဲ နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ။ ဒါတော့ ကမ္ဘာ့အမြင်အရ လောကီ အမြင်အရ နိမ့်တာမြင့်တာကို ဆိုလိုတာပါ။ လူတိုင်း လူတိုင်းမှာ ကိုယ့်မှာ ပေးစရာ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ ယူမှာ၊ ယူနိုင်တာကိုပဲ စဉ်းစားနေလို့ လည်း မဖြစ်ပါဘူး။ ဒါကြောင့် ကျမတို့ ပြည်သူလူထုဟာ ငါတို့ ဒီလောကကြီးကို ဘာပေးနိုင်မလဲ ဆိုတာကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ "
မကြာခင်ကမှ တရုတ် သမ္မတနဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အနောက် နိုင်ငံ တကာ ခေါင်းဆောင်တွေ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ထားနိုင် တဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတနိုင်ငံ အနေနဲ့ သီးခြား ရပ်တည်လို့ မရတဲ့ အနေအထားမှာ ကမ္ဘာ့ အခြေအနေကိုလည်း မျက်ခြည် မပြတ်ကြဖို့ ပြည်သူတွေကို မွေးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။
VOA
ဖားကန့်က ထူးကုမ္ပဏီ တိုက်ခိုက်ခံရ
19.06.2015
လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ
အခုနောက်ဆုံး ပုဂ္ဂလိကကုမ္ပဏီတခုကို မီးရှို့ဖျက်ဆီးမှုတွေကြောင့်
ထိခိုက်ပျက်ဆီးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဘယ်သူဘယ်ဝါလက်ချက်မှန်း မသိရသေးတဲ့
တိုက်ခိုက်ဖျက်ဆီးမှုတွေနဲ့အတူ မတည်မငြိမ် အခြေအနေတွေကြောင့် ဒေသခံတွေ
ရဲ့ကြားမှာ စိုးရိမ်မှုတွေ တိုးပွား လာနေပါတယ်။ ဒီသတင်းအပြည့်အစုံကို
ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ပြောပြထားပါတယ်။
ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မနေ့ညပိုင်းမှာတော့ လက်နက်ကိုင်လူ ၂၀လောက်က ဆိုင်းတောင် အနီးက ထူးကုမ္ပဏီပိုင်ကားတွေကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျပ်သိန်း ၆၀၀ကျော် ဆုံးရှုံးခဲ့ပြီး ကျူးလွန်သူ တရားခံကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကြာသပတေးနေ့ညပိုင်းမှာတော့ ဖားကန့်ဒေသ ဆိုင်းတောင်အနီးမှာ ထူးကုမဏီပိုင် မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အခြေအနေကို ဖားကန့်ဒေသခံတဦးက ပြောပါတယ်။
" မနေ့ကည ၈နာရီလောက်က သေနတ်တွေနဲ့ လူ(၂၀)လောက် က ကောင်ဆာမှာ ရှိတဲ့ ထူးကုမ္ပဏီကို ကုမ္ပဏီဝင်းပေါ့ဗျာ လုပ်ကွက်ဧရိယာတော့ မဟုတ်ဘူး။ ကုမ္ပဏီယန္တယားတွေ ဘာတွေ ထားတဲ့ ကုမ္ပဏီလာပြီးတော့ အကုန်လုံး မီးပုံရှို့သွားတာ။ အကုန်လုံး ကားတွေကို သေချာကို ဓာတ်ဆီလောင်းပြီး မီးရှို့သွားတာပေါ့နော်။ ဘီးကား လေးငါးခြောက်စီးနဲ့ လူစီးတဲ့ ဖိုးဝှီးနှစ်ခန်းတွဲကား လောင်သွားတယ်။ ကျန်တဲ့ ဘက်ဖိုးတွေ ဘာတွေတော့ လောင်တာ ကျွမ်းတာ ဆုံးရံှုံးတာ မရှိဘူး။ ကျနော် သိရသလောက်ပေါ့နော်။ "
လက်နက်ကိုင်အဖွဲ့က လာရောက်တားမြစ်တဲ့ ကုမ္ပဏီဝန်ထမ်းနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေကို ရိုက်နှက်သွားတာ ရှိပေမဲ့ ဆိုးဆိုးဝါးဝါး ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ ပြောပါတယ်။
ဒီကနေ့မှာတော့ အခင်းဖြစ်ပွားတဲ့နေရာကို ဌာနဆိုင်ရာတာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး ပျက်ဆီးတဲ့အခြေအနေနဲ့ မျက်မြင်တွေ့ရှိသူတွေကို မေးမြန်း တာတွေ ဆောင်ရွက်ခဲ့ပါတယ်။
ဖားကန့်ရဲစခန်းက တာဝန်မှူး ကတော့ ဒီမီးရှို့မှုမှာ ၁၂ဘီးကား ၆စီး မီးလောင်ကြောင်း လာရောက် တိုင်ကြားထားတယ် လို့ပြောပါတယ်။
" တိုင်စာအတိုင်းဆိုရင် ၁၂ဘီးယာဉ် ခြောက်စီးမှာတဲ့ မီးလောင်နေကြောင်း တွေ့ရ သည် တဲ့။ ဘယ်လိုစဖြစ်လဲ ဆိုတာတော့ မပြောသွားဘူး။ သူက ၁၂ဘီးကား ခြောက်စီး ဆိုင်ကယ်သုံးစီး မီးလောင်နေတာ တွေ့ရတဲ့ အကြောင်းပေါ့နော်။ အဲ့လိုပဲ ရေးထားတာ။ ဆုံးရှုံးမှုတန်ဖိုးက သိန်း ၆၆၄သိန်း အဲ့လိုပဲ ရေးထားတယ်။"
လောလောဆည်မှာတော့ တရားခံကို ဖော်ထုတ်နိုင်တာ မရှိသေးပေမဲ့ ဒေသခံတွေ က ဖားကန့်မှာ စိုးမိုးထားတဲ့ KIA လက် ချက်လို့ ယူဆနေပေမဲ့ ရဲတပ်ဖွဲ့ကတော့ အတည်ပြု ဖော်ထုတ်နိုင်တာရှိသေးဘဲ စုံစမ်းနေဆဲရှိကြောင်း ပြောပါတယ်။
ဒီမီးရှို့ဖျက်ဆီးတာနဲ့ပတ်သက်ပြီးမေးမြန်းဖို့အတွက် ထူးကုမဏီနဲ့ KIA တပ်ဖွဲ့ဖက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းက ဖားကန့်မြို့နယ် ၊ မရှီကထောင် ရပ်ကွက်က ဝေအောင် ကမ္ဘာ ကုမ္ပဏီ က ၀န်ထမ်း အိပ်ဆောင်ကို လက်နက်ကိုင် အဖွဲ့ဝင်တချို့က မီးရှို့ခဲ့သလို ကုမ္ပဏီပိုင် ကားတစ်စီးအား ဗုံးနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာတော့ KIA ရဲ့ လက်ချက်ဖြစ်တယ် လို့ မြ၀တီသတင်းဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။
VOA
ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မနေ့ညပိုင်းမှာတော့ လက်နက်ကိုင်လူ ၂၀လောက်က ဆိုင်းတောင် အနီးက ထူးကုမ္ပဏီပိုင်ကားတွေကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျပ်သိန်း ၆၀၀ကျော် ဆုံးရှုံးခဲ့ပြီး ကျူးလွန်သူ တရားခံကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကြာသပတေးနေ့ညပိုင်းမှာတော့ ဖားကန့်ဒေသ ဆိုင်းတောင်အနီးမှာ ထူးကုမဏီပိုင် မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အခြေအနေကို ဖားကန့်ဒေသခံတဦးက ပြောပါတယ်။
" မနေ့ကည ၈နာရီလောက်က သေနတ်တွေနဲ့ လူ(၂၀)လောက် က ကောင်ဆာမှာ ရှိတဲ့ ထူးကုမ္ပဏီကို ကုမ္ပဏီဝင်းပေါ့ဗျာ လုပ်ကွက်ဧရိယာတော့ မဟုတ်ဘူး။ ကုမ္ပဏီယန္တယားတွေ ဘာတွေ ထားတဲ့ ကုမ္ပဏီလာပြီးတော့ အကုန်လုံး မီးပုံရှို့သွားတာ။ အကုန်လုံး ကားတွေကို သေချာကို ဓာတ်ဆီလောင်းပြီး မီးရှို့သွားတာပေါ့နော်။ ဘီးကား လေးငါးခြောက်စီးနဲ့ လူစီးတဲ့ ဖိုးဝှီးနှစ်ခန်းတွဲကား လောင်သွားတယ်။ ကျန်တဲ့ ဘက်ဖိုးတွေ ဘာတွေတော့ လောင်တာ ကျွမ်းတာ ဆုံးရံှုံးတာ မရှိဘူး။ ကျနော် သိရသလောက်ပေါ့နော်။ "
လက်နက်ကိုင်အဖွဲ့က လာရောက်တားမြစ်တဲ့ ကုမ္ပဏီဝန်ထမ်းနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေကို ရိုက်နှက်သွားတာ ရှိပေမဲ့ ဆိုးဆိုးဝါးဝါး ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ ပြောပါတယ်။
ဒီကနေ့မှာတော့ အခင်းဖြစ်ပွားတဲ့နေရာကို ဌာနဆိုင်ရာတာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး ပျက်ဆီးတဲ့အခြေအနေနဲ့ မျက်မြင်တွေ့ရှိသူတွေကို မေးမြန်း တာတွေ ဆောင်ရွက်ခဲ့ပါတယ်။
ဖားကန့်ရဲစခန်းက တာဝန်မှူး ကတော့ ဒီမီးရှို့မှုမှာ ၁၂ဘီးကား ၆စီး မီးလောင်ကြောင်း လာရောက် တိုင်ကြားထားတယ် လို့ပြောပါတယ်။
" တိုင်စာအတိုင်းဆိုရင် ၁၂ဘီးယာဉ် ခြောက်စီးမှာတဲ့ မီးလောင်နေကြောင်း တွေ့ရ သည် တဲ့။ ဘယ်လိုစဖြစ်လဲ ဆိုတာတော့ မပြောသွားဘူး။ သူက ၁၂ဘီးကား ခြောက်စီး ဆိုင်ကယ်သုံးစီး မီးလောင်နေတာ တွေ့ရတဲ့ အကြောင်းပေါ့နော်။ အဲ့လိုပဲ ရေးထားတာ။ ဆုံးရှုံးမှုတန်ဖိုးက သိန်း ၆၆၄သိန်း အဲ့လိုပဲ ရေးထားတယ်။"
လောလောဆည်မှာတော့ တရားခံကို ဖော်ထုတ်နိုင်တာ မရှိသေးပေမဲ့ ဒေသခံတွေ က ဖားကန့်မှာ စိုးမိုးထားတဲ့ KIA လက် ချက်လို့ ယူဆနေပေမဲ့ ရဲတပ်ဖွဲ့ကတော့ အတည်ပြု ဖော်ထုတ်နိုင်တာရှိသေးဘဲ စုံစမ်းနေဆဲရှိကြောင်း ပြောပါတယ်။
ဒီမီးရှို့ဖျက်ဆီးတာနဲ့ပတ်သက်ပြီးမေးမြန်းဖို့အတွက် ထူးကုမဏီနဲ့ KIA တပ်ဖွဲ့ဖက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းက ဖားကန့်မြို့နယ် ၊ မရှီကထောင် ရပ်ကွက်က ဝေအောင် ကမ္ဘာ ကုမ္ပဏီ က ၀န်ထမ်း အိပ်ဆောင်ကို လက်နက်ကိုင် အဖွဲ့ဝင်တချို့က မီးရှို့ခဲ့သလို ကုမ္ပဏီပိုင် ကားတစ်စီးအား ဗုံးနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာတော့ KIA ရဲ့ လက်ချက်ဖြစ်တယ် လို့ မြ၀တီသတင်းဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။
VOA
ဒေါ်စု ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတဖြစ်မယ်လို့ နက္ခတ်ပညာရှင် ဟောကိန်းထုတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ရွေး ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိပြီး သမ္မတဖြစ်မယ်လို့ နိုင်ငံကျော် မြန်မာနက္ခတ်ပညာရှင် စံဇာဏီဘိုက ဟောကိန်းထုတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၀ ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်က ဆက်သွယ်မေးမြန်းရာမှာ ဟောကြားချက်ဖြစ်ပြီး အသက် ၇၀ ပြည့်ပြီးတာနဲ့ သူ့ရဲ့ ရှေးဘုန်းရှေးကံမြင့်လာပြီး ဒုက္ခပေးခံရခြင်း၊ လုပ်ကြံခံရခြင်းတို့ကနေ လုံးဝ ကင်းစင်သွားတယ်လို့ ပြောပါတယ်။
မြန်မာနက္ခတ်ပညာရှင် စံဇာဏီဘိုက “အင်မတန် ဇာတာကောင်းပါတယ်။ ဒီနေ့ကစပြီး လာမယ့် အနာဂတ်မှာ အန္တရာယ်ကင်း ဘေးကင်းစွာနဲ့ ထိပ်တန်းရောက်မယ်။ ၇၀ နဲ့ ၇၁ ကြား သူ့အတွက် အထွတ်အထိပ် ကံကောင်းတဲ့နှစ် ဖြစ်တယ်။ ဘ၀မှာ ပေးဆပ်ပြီး လုပ်ထားတဲ့အရာတွေရဲ့ ကောင်းသော အကျိုးဆက်ကို ရရှိမှာပါ။ ရွေးကောက်ပွဲမှာလည်း နိုင်မယ်။ နိုင်ငံရဲ့ အမြင့်ဆုံးနေရာကိုလည်း သူရောက်မယ်။ သမ္မတက အမြင့်ဆုံးဆို သမ္မတနေရာ ရောက်မယ်။ ဒီအတွက်တော့ သူ့ရဲ့ ကံကြမ္မာကက ဒီမွေးနေ့ကစပြီး ထင်ရှားစွာ ပြသပါတယ်။ ၇၀ ပြည့်ပြီးတာနဲ့ တပြိုင်နက်တည်း သူ့ရဲ့ ရှေးဘုန်းရှေးကံတွေက တအားမြင့်လာတဲ့အတွက် ကျန်းမာရေး၊ စီးပွားရေးကအစ နိုင်ငံတကာအဆင့် တိုးတက်မှုတွေ ဆက်တိုက်ရလာပါမယ်။ လုပ်ကြံခံရခြင်းတို့၊ ဒုက္ခပေးခံရခြင်းတို့ လုံးဝ ကင်းစင်သွားတယ်။”
မြန်မာပြည်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်တဲ့ အနာဂတ်ခေါင်းဆောင်ရဲ့ အချိန်အခါကောင်းကို ဒီနေ့ကစ ရောက်ရှိပြီလို့လည်း သူက ပြောပါတယ်။
၇၅ နှစ်လောက်အထိရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံဇာတာ အခြေအနေ။
လာမယ့် အနာဂတ်တွေမှာလည်း သူ့ရဲ့အနေအထား ကံအခြေအနေ ဆက်မြင့်နေပါတယ်။ ဆက်လက်ပြီး တိုးတက်မယ်။ ၇၀ နဲ့ ၇၁ ကြား၊ နောက် ၇၂ နဲ့ ၇၃ ကြား၊ ၇၄ နဲ့ ၇၅ ကြားတွေမှာ ဆက်တိုက်ကောင်းပြီးတော့ အနာဂတ် မြန်မာနိုင်ငံကို ဦးဆောင်တဲ့ အမျိုးသမီးတယောက်အနေနဲ့ သူ့ကံကြမ္မာက သယ်ဆောင်သွားလိမ့်မယ်။ မြန်မာနိုင်ငံကို တူရာသီက ပိုင်ဆိုင်တယ်။ တူရာသီကို ကုမ်ရာသီဖွားတွေရယ်၊ မေထုန်ရာသီဖွားတွေရယ် ဦးဆောင်ပြီး ပြောင်းလဲရင် ထူးခြားစွာ တိုးတက်မယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မေထုန်ရာသီဖွား ဖြစ်တဲ့အပြင် မိန်းမသားတဦး ဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ အနာဂတ်ကို လာမယ့် ၅ နှစ်အတွင်း တမုဟုတ်ချင်း ပြောင်းလဲပြီးတော့ ထူးခြားစွာ အောင်မြင်အောင် ဖန်တီးနိုင်တယ်။ ပြီးတော့ ဒေါ်စုမွေးတဲ့ရာသီရဲ့ သဘာဝက သူများတွေ အံ့သြသွားလောက်အောင် မှော်ဆရာ၊ ပဉ္စလက်အတတ်ပညာရှင်တယောက်လို မြန်မာပြည်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်တဲ့ အနာဂတ်ခေါင်းဆောင်ရဲ့ အချိန်အခါကောင်းကို ဒီနေ့ကစ ရောက်ရှိပါပြီ။
DVB
ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကိစ္စဆွေးနွေးသည့် ဒေါက်တာညိုညိုသင်း သတိပေးခံရ
ရန်ကုန်မြို့သစ်စီမံကိန်း အကြောင်း ဒီကနေ့ ဇွန်လ ၁၉ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာဆွေးနွေးခဲ့တဲ့ လွှတ်တော်အမတ် ဒေါက်တာဒေါ်ညိုညိုသင်းကို လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးလိုက်ပါတယ်။
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀ အစီရင်ခံစာကို ဒေါက်တာညိုညိုသင်း ဆွေးနွေးစဉ် ဇွန်လ ၁၅ ရက်နေ့က လွှတ်တော်ကအတည်ပြုလိုက်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့တဲ့အတွက် ဆွေးနွေးမှု ခေါင်းစဉ်လွဲမှားတယ်လို့ဆိုကာ လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးလိုက်တာပါ။
လွှတ်တော်ကအတည်ပြုခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဒီကနေ့ဆွေးနွေးနေတဲ့ မဟာရန်ကုန်မြို့ပြဖွံဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀ မှာ ဦးစားပေးအလိုက်မြို့သစ်စီမံကိန်း ၇ ခုထဲက ဒုတိယဦးစားပေးအဆင့်ဖြစ်တဲ့ အနောက်တောင်ပိုင်းမြို့သစ်စီမံကိန်းတခုလည်း ဖြစ်ပါတယ်။
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို ဆွေးနွေးသူ ၃ ဦးမှာ ကန့်ကွက်ဆွေးနွေးသူ ၂ ဦးနဲ့ ထောက်ခံဆွေးနွေးသူ ၁ ဦးရှိပါတယ်။ အစည်းအေ
ဝးညနေပိုင်းမှာတော့လျို့ဝှက်မဲပေး နည်းဖြင့် မဲခွဲဆုံးဖြတ်လည်းရှိနေပါတယ်။
မြစ်ကုန်ကူးခံ ရာဇဝင်များရဲ့သတို့သမီးနဲ့ ရှမ်းကုန်းမြေမြင့်ရဲ့ အရိုင်းပန်း မနွမ်းရလေအောင်
အခုလပိုင်း ရက်ပိုင်းအတွင်းမှာ မြန်မာပြည်သူတွေ အပြင်းအထန် ဆန့်ကျင်ခဲ့ကြလို့ ခေတ္တရပ်ဆိုင်းထားရတဲ့ မြစ်ဆုံဆည် တည်ဆောက်ရေးကို တရုတ်ပြည်က စကားခေါ်ပြီး ပြန်စဖို့ တာစူနေပြန်ပြီ။ သံလွင်မြစ်ပေါ်မှာလည်း မိုင်းတုံရေအားလျှပ်စစ်ဆည် (ယခင်တာဆန်းရေကာတာ) အပါအဝင် ဆည်တွေအများကြီး ဆောက်မယ့် စီမံကိန်းတွေကို ရှမ်းပြည်သူတွေ၊ ကရင်၊ ကယားဒေသခံတွေက ဆန့်ကျင်နေပါလျှက်နဲ့ လက်ရှိအစိုးရနဲ့ လွှတ်တော်က မသိချင်ယောင်၊ မကြားချင်ယောင် ဆောင်နေကြတယ်လေ။
မြစ်တွေကိုတားပြီး ဆည်တွေဆောက် လျှပ်စစ်ထုတ်တဲ့နည်းဟာ ရမယ့်အကျိုးအမြတ်ထက် ဂေဟစနစ်ကို ပျက်စီးမှုကစလို့ ရှားပါးမျိုးစိတ် သက်ရှိဇီဝတွေ မျိုးတုံးမယ့်အရေး၊ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းဘဝ ထိခိုက်မှု၊ ရှေးအမွေအနှစ်ဟောင်းတွေ ဆုံးပါးရမယ့်အရေး စတဲ့ ဆိုးကျိုးတွေ တသီတသန်းကြီးမို့ တခြားရွေးစရာလမ်း မရှိတော့မှ စဉ်းစားရမှာပါ။
MKC Photo 1
ဒီနှစ်ပိုင်းတွေမှာ လူကုန်ကူးမှု (Human Trafficking) ဆိုတဲ့ စကားလုံးဟာ တကမ္ဘာလုံးမှာ ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးမှု နိမ့်ကျကျန်ရစ်တဲ့ နိုင်ငံတွေက အားကိုးရာမဲ့ လူသားတွေကို အလုပ်အကိုင်အတွက် အကြောင်းပြ၊ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူပြီး လိမ်ညာလှည့်ဖျားလို့ဖြစ်စေ ချမ်းသာတဲ့နိုင်ငံတွေဆီ အခကြေးငွေယူပြီး ရောင်းစားကြတာကြောင့် လူကုန်ကူးတယ်ဆိုတဲ့ စကားလုံးအသစ် ပေါ်လာရတာ မဟုတ်လား။
တိုင်းပြည်ကို တိုးတက်ကြီးပွားအောင် မအုပ်ချုပ်နိုင်တဲ့ အရည်အချင်း နိမ့်ကျပြီး စိတ်ဓာတ်ကောင်းတွေနဲ့ မပြည့်စုံတဲ့သူတွေ အနိုင်ကျင့် ဗိုလ်လုပ်နေတဲ့ တိုင်းပြည်မှာ အလုပ်အကိုင်တွေရှားပါး၊ စီးပွားရေးနဲ့  အသက်ရှင် ရပ်တည်ရေးအတွက် အဆင်မပြေကြတော့ ဆင်းရဲသားပြည်သူတွေဟာ ဘ၀ထွက်ပေါက်ရှာရင်း သူများဆီ ကျွန်ခံရ၊ အလိုမတူဘဲ လိင်အလုပ်သမားတွေ ဖြစ်ကြရ စတဲ့ အဖြစ်ဆိုးတွေနဲ့ ကြုံလို့ အခန့်မသင့်ရင် အသက်တောင် ကုန်ကြရတာမဟုတ်လား။
အဲ့ဒီလိုပါပဲ၊ တိုင်းသူပြည်သားတွေ အလိုမတူဘဲ မြစ်ချောင်းတွေကို ဆည်ဖို့ ဖြတ်တားပြီး ရေအားလျှပ်စစ်ထုတ် ရောင်းစားတာကို မြစ်ကုန်ကူးတဲ့ ရာဇဝတ်မှု (River Trafficking) လို့ နာမည်တပ်ချင်တယ်။ မြစ်ကုန်ကူးခံရတဲ့ မြစ်ဟာ မြစ်ကောမြစ်ကန်းကြီးဖြစ်ပြီး လူလုပ်ကပ်ဘေးကြောင့် ဘ၀ပျက်၊ ဒုက္ခရောက်သွားနိုင်တယ်လေ။
တကယ်တော့ လျှပ်စစ်ဓာတ်အားထုတ်ဖို့ဆိုတာ ရှမ်းကုန်းမြေမြင့်ရဲ့ အရိုင်းပန်းနဲ့တူတဲ့ သံလွင်မြစ်နဲ့ ရာဇဝင်များရဲ့ သတို့သမီး ဧရာဝတီတို့ကို အပျိုရည်ဖျက်စရာမလိုဘဲ ထုတ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ လေအားလျှပ်စစ် (Wind power)၊ နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ် (Solar power)၊ အဏုမြူစွမ်းအင်သုံးလျှပ်စစ် (Nuclear power)၊ လောင်စာဆီ စွမ်းအင်သုံးလျှပ်စစ် (Oil fired steam turbine)၊ သဘာဝဓာတ်ငွေ့စွမ်းအင်သုံးလျှပ်စစ် (Gas turbine)၊ အမှိုက်မီးရှို့စွမ်းအင်သုံးလျှပ်စစ် (Waste-to-energy plant)၊ ကျောက်မီးသွေး စွမ်းအင်သုံးလျှပ်စစ် (Charcoal steam turbine)၊ ပင်လယ်ရေ ဒီလှိုင်းစွမ်းအင်သုံးလျှပ်စစ် (Tidal stream & wave power generator)၊ မြေအပူအားသုံးလျှပ်စစ် (Geothermal steam turbine) စသည်ဖြင့်ရှိပါတယ်။
ရေအားလျှပ်စစ် (Hydro power) နဲ့ ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ် (Charcoal steam turbine)၊ လောင်စာစွမ်းအင်သုံးလျှပ်စစ် (Oil fired steam turbine) ထုတ်လုပ်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအများဆုံး ပေးတာမို့ တခြားရွေးစရာလမ်း မရှိတော့မှ ရွေးသင့်ပါတယ်။ အဏုမြူစွမ်းအင်သုံးလျှပ်စစ် (Nuclear power) ကလည်း သိကြတဲ့အတိုင်း အန္တရာယ်ကြီးပါတယ်။
လျှပ်စစ်မီးရောင်များနှင့် ကမ္ဘာကြီးရဲ့ ညရှုခင်း
နိုင်ငံတနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာတဲ့ အချက်တွေထဲမှာ လျှပ်စစ်စွမ်းအား သုံးစွဲမှုပမာဏလည်း တချက်အပါအဝင်ဖြစ်တယ်။ အာရှရဲ့ကျားတကောင်ဖြစ်တဲ့ စင်ကာပူရဲ့ လျှပ်စစ်အားသုံးစွဲမှု ပမာဏဟာ မြန်မာနိုင်ငံရဲ့လျှပ်စစ်အားသုံးစွဲမှု ပမာဏထက် ၆ ဆခွဲကျော် ၇ ဆလောက် ပိုများတယ်။ ကမ္ဘာ့မြေပုံမှာ အစက်အပြောက် ဇီးရွက်လောက်သာရှိတဲ့ စင်ကာပူရဲ့ လျှပ်စစ်အားသုံးစွဲမှုဟာ ၂၀၁၄ ခုနှစ်မှာ ၄၇,၁၇၉ ဒသမ ၈ ဂစ်ဂါဝသ်နာရီ (gigawatt hours) ထိရှိပါတယ်။
သူတို့ဆီက အထပ်ရာဂဏန်းရှိတဲ့ မိုးမျှော်တိုက်ကြီးတလုံးမှာ သုံးစွဲရတဲ့ လျှပ်စစ်ပမာဏဟာ မြန်မာနိုင်ငံက မြို့တမြို့သုံးတဲ့ လျှပ်စစ်ပမာဏထက် ပိုများတယ်။ ဒီလောက်များပြားတဲ့ လျှပ်စစ်ဓာတ်အားတွေကို စင်ကာပူနိုင်ငံဟာ ဘယ်လိုနည်းတွေနဲ့ ထုတ်ယူနေသလဲဆိုတာ ကြည့်လိုက်ကြရအောင်။
ဧရိယာအကျယ်အားဖြင့် ၇၁၈ ဒသမ ၃ စတုရန်းကီလိုမီတာသာရှိတဲ့ စင်ကာပူဟာ ရေအားလျှပ်စစ်ထုတ်ယူနိုင်တဲ့ မြစ်ချောင်းတွေ မရှိသလို မလက္ကာရေလက်ကြားမှာ တည်ရှိလို့ ပင်လယ်လှိုင်းတံပိုးလည်း မကြီးပါဘူး။ နိုင်ငံလေးက သေးလွန်းလို့ နျူကလီးယားစွမ်းအင်နဲ့ လျှပ်စစ်ဓာတ်ထုတ်ဖို့လည်း မသင့်တော်ပါဘူး။ လေအားလျှပ်စစ် ထုတ်လောက်အောင်လည်း အခြေအနေ မရှိပါဘူး။ ရွေးစရာ များများစားစား မရှိတာမို့ စင်ကာပူဟာ အောက်ပါ အဓိကနည်းလမ်းတွေနဲ့ပဲ လျှပ်စစ်ဓာတ် ထုတ်ယူသုံးစွဲကြတယ်။
၁။ လောင်စာဆီစွမ်းအင်သုံး လျှပ်စစ် (Oil fired steam turbine)
၂။ သဘာဝဓာတ်ငွေ့စွမ်းအင်သုံးလျှပ်စစ် (Gas turbine)
၃။ အမှိုက်မီးရှို့စွမ်းအင်သုံးလျှပ်စစ် (Waste-to-energy plant)
၎။ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် (Solar power) စသည်တို့ပဲ ဖြစ်ပါတယ်။
ဧရိယာအကျယ်အားဖြင့် ၆၇၆,၅၇၈ စတုရန်းကီလိုမီတာရှိပြီး စင်ကာပူထက် အဆပေါင်း ၉၄၂ ဆနီးပါးကြီးတဲ့ မြန်မာနိုင်ငံဟာ လျှပ်စစ်ဓာတ်အားထုတ်ဖို့ ရွေးချယ်စရာလမ်းတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အသည်းနှလုံးနဲ့တူတဲ့ ဧရာဝတီမြစ်နဲ့  လက်ဝဲလက်ရုံးနဲ့တူတဲ့ သံလွင်မြစ်ကို ကောအောင်၊ ကန်းအောင်လုပ်ပြီး လျှပ်စစ်ဓာတ်ထုတ် ရောင်းစားစရာ လုံးဝမလိုပါဘူး။ ကျောက်မီးသွေးအားနဲ့  လျှပ်စစ်ထုတ်ပြီး ပတ်ဝန်းကျင်လေထု အလွန်ညစ်ညမ်းစေပြီးမှလည်း လျှပ်စစ်ဓာတ် ထုတ်ရောင်းစားစရာ မလိုပါဘူး။
အရှည် ၃၀၀၀ ကီလိုမီတာနီးပါးရှိတဲ့ မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာ ပင်လယ်ဒီရေလှိုင်းအားနဲ့  လျှပ်စစ်ဓာတ်ထုတ်နိုင်ခြေတွေလည်း လေ့လာသင့်တယ်။ လေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ် ထုတ်လုပ်နိုင်ခြေတွေ တိတိကျကျ ဆန်းစစ်သင့်တယ်။ ကိုယ့်နိုင်ငံမှာ ဒီလောက် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ထွက်နေတာ နောက်ဆုံးအဆင့် စင်ကာပူနိုင်ငံလို လောင်စာဆီစွမ်းအင်၊ ဓာတ်ငွေ့စွမ်းအင်နဲ့ လျှပ်စစ်ထုတ်တာတွေကို လက်ရှိထုတ်နေတာထက်ပိုပြီး ထုတ်ယူတာမျိုး စဉ်းစားသင့်တယ်။
အခုဖြစ်နေတာက တိုင်းပြည်ကောင်းစားဖို့ လျှပ်စစ်တွေ ထုတ်ရောင်းချင်တဲ့ စေတနာထက် သူတို့ အာဏာရှင်သန်ရေးအတွက် စစ်အာဏာရှင်အစိုးရက တရုတ်နိုင်ငံဆီမှာ ဧရာဝတီနဲ့ သံလွင်ကို ထိုးအပ်ပြီး မြစ်ကုန်ကူးခဲ့လို့ ထွက်လာတဲ့ ရလဒ်ဆိုးကျိုးကြီးတခုပါ။ မြန်မာနိုင်ငံရဲ့ကြွယ်ဝလှတဲ့ သယံဇာတ အရင်းအမြစ်တွေက မြန်မာနိုင်ငံအတွက် မငြိမ်းချမ်းမှု၊ မဖွံ့ဖြိုးမှုကို ဖြစ်နေစေတဲ့သဘောမျိုး သယံဇာတကျိန်စာလို့တောင် တချို့က ဆိုကြတယ်။ ဒီအယူအဆကို လက်မခံသင့်ပါဘူး။ မိမိညံ့ဖျင်းတာ၊ မမှန်ကန်တဲ့သူတွေ အုပ်ချုပ်ခွင့်ရနေတာကို မဖယ်ရှားနိုင်တာ၊ မစီမံတတ်တာကို ဖုံးကွယ်ပြီး သက်မဲ့သယံဇာတတွေအပေါ် အပြစ်ပုံချရာ ရောက်ပါတယ်။
ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီခေတ်နဲ့ ဗိုလ်နေ၀င်းရဲ့ မဆလ ခေတ်ဦးထိ ဆီရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံခဲ့တာ၊ သယံဇာတတွေ ကြွယ်ဝတာ တခုတည်းကြောင့်မဟုတ်ဘူး။ ထမင်းရေချောင်းစီး၊ မောင်းတီးလှူနိုင်ခဲ့တာဟာလည်း သယံဇာတတွေ ရောင်းစားခဲ့တာကြောင့် မဟုတ်ဘူး။ အိမ်ဆူးစို့၊ ကလေးလက်တို့၊ ခွေးအို့အို့ ဆိုတဲ့စကား တွင်ရလောက်အောင် ရွာလုံးကျွတ် မီးခိုးတိတ်ကျွေးနိုင်၊ လှူဒါန်းနိုင်တာဟာ သယံဇာတတွေ ရှိခဲ့တာ တခုတည်းကြောင့်မဟုတ်ဘူး။
တိုင်းပြည်ကို ကဏ္ဍပေါင်းစုံမှာ တအိအိ ယိုယွင်းနိမ့်ကျပြီး ဖွတ်ကျောပြာစု ဆင်းရထုကြီး တက်စေခဲ့ခြင်းရဲ့ အရင်းခံအကြောင်းတရားဟာ တိုင်းပြည်အရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းခဲ့ကြလို့ပါ။ ဗိုလ်ကျစိုးမိုးလိုစိတ်တွေနဲ့ အကြမ်းဖက်ခဲ့ကြ၊ လက်နက်နဲ့ ဖြေရှင်းခဲ့ကြတာကြောင့်ပါ။ ဒီတော့ ပြည်တွင်းစစ်မီး အရှိန်ရသထက်ရလာ၊ တောကြောင်တွေ လက်ခမောင်းခတ်၊ နိုင်ငံရဲ့ အိမ်ဦးခန်းမှာ စစ်ဂျပိုး လူ့ဂျပိုးတွေ နေရာယူခွင့် ပေါ်ခဲ့ရတာ မဟုတ်လား။
အဲ့ဒီကနေ သွက်သွက်ခါအောင် မှားယွင်းတဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဆိုတာကြီးတို့ တိုင်းပြည်ရဲ့အနာဂတ်ကို လှိုက်စားဖျက်ဆီးဖို့ တစ္ဆေတကောင်လို အရိပ်မိုးခဲ့တာ မဟုတ်လား။ လူမမှန် စနစ်မမှန်တော့ စီမံအုပ်ချုပ်ပုံ အမှားကုဋေကုဋာနဲ့ ဆိုတော့ အယိုအဖိတ်တွေက များရတဲ့အထဲ စာရိတ္တတွေပါယိုင်ရွဲ့လာတော့ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်စာရင်းထဲ ၀င်သွားတာ မဆန်းဘူး မဟုတ်လား။
လူမှန်နေရာမှန်ရှိပြီး တော်တည့်ဖြောင့်မတ်သူတွေနဲ့ မှန်ကန်တဲ့စနစ်ရှိရင်၊ မှန်ကန်တဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုအောက်မှာ တို့တိုင်းပြည်ရဲ့ သယံဇာတတွေကို အယိုအဖိတ်နည်းနည်းနဲ့ ထိထိရောက်ရောက် အသုံးချနိုင်အောင် ကျနော်တို့မှာ လုံလောက်တဲ့ ပညာရှင်တွေ ရှိပြီးသားပါ။ နောက်ဆုံး သဘာဝ သယံဇာတတွေ လုံးဝမရှိဦးတော့ တိုးတက်ချမ်းသာအောင် စီမံခန့်ခွဲနိုင်ပါတယ်။
လူမှန်နေရာမှန်ရှိဖို့ တော်တည့်ဖြောင့်မတ်သူတွေနဲ့ မှန်ကန်တဲ့စနစ် ရှိလာဖို့အတွက် စစ်ကျွန်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းနိုင်ဖို့ သို့မဟုတ် ထိထိရောက်ရောက် ပြင်ဆင်နိုင်ဖို့အရေးမှာ မြန်မာနိုင်ငံသားတွေ ဘယ်လောက်ပါဝင် ကူတွန်းနိုင်မလဲဆိုတာဟာ တို့တိုင်းပြည်ရဲ့ ကံကြမ္မာ အဆိုးအကောင်းကို ဆုံးဖြတ်သွားမယ်လို့ပဲ ပြောချင်ပါတယ်။
သယံဇာတတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘိုးစဉ်ဘောင်ဆက် ချမ်းသာကြွယ်ဝတဲ့ သူဌေး သူကြွယ် တွင်းရိုးတွင်းစား မိသားစုကြီးတွေကနေ အသည်သား ဆင်းရဲသား နင်းပြားမိသားစုအထိ လူကို လူလိုမမြင်တဲ့ စရိုက်ဆိုးနဲ့ ဗိုလ်ကျစီးပိုးတဲ့ အထုံဓလေ့ကြီးမားတဲ့ အာဏာရှင်၊ အိမ်ထောင်စု အကြီးအကဲ လူပုဂ္ဂိုလ်တွေ စိုးမိုးအုပ်ချုပ်တဲ့ တိုင်းနိုင်ငံ၊ လူ့အဖွဲ့အစည်း မိသားစုတွေဟာ ဘယ်သောအခါမှ ငြိမ်းချမ်းလိမ့်မယ် မဟုတ်ဘူး။
ကိုယ့်အမိန့်နာခံသူ၊ သစ္စာရှိသူတွေသာ မျက်နှာသာပေးမြှောက်စားတတ်၊ နေရာမှန် လူမှန်မရှိဘဲ ထင်သလိုဆုံးဖြတ်၊ လူ့ဂုဏ်သိက္ခာကို တန်ဘိုးမထားတတ်တဲ့ လူ့အဖွဲ့စည်းတိုင်းမှာ မတရားမှုနဲ့ အနိဋ္ဌာရုံတွေဟာ ထမင်းစားရေသောက်ကိစ္စလို လွယ်လင့်တကူ ဖြစ်နေလိမ့်မယ်။
ဒါကြောင့် ဗိုလ်ကျစီးပိုးတတ်တဲ့ အာဏာရှင်ဓလေ့ကို ကျနော်တို့တိုင်းပြည်မှာ အမြစ်ကနေ ဆွဲနုတ် တူးထုတ်ပစ်မှသာ ဗမာပြည်မှာဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်စဲ လူမှုအနိဋ္ဌာရုံတွေရဲ့ ရာခိုင်နှုန်းအများစုဟာ လျော့ပါးပျောက်ကွယ်သွားပါလိမ့်မယ်။
ဒီဆောင်းပါးကို နိဂုံးသတ်ရရင် တိုင်းပြည်အတွက် အမှန်တကယ် မလိုအပ်ဘဲ ဆိုးကျိုးတွေသာ ယူဆောင်လာတဲ့ အာဏာရှင်စစ်အစိုးရရဲ့ နိုင်ငံတော်အဆင့် မြစ်ကုန်ကူးမှု စီမံကိန်းကြီးတွေကို အကြွင်းမဲ့ ဖျက်သိမ်းနိုင်တဲ့အထိ မြန်မာနိုင်ငံသားတိုင်း ဝိုင်းကြ သိုင်းကြဖို့၊ ရာဇဝင်များရဲ့သတို့သမီး မြစ်မင်းဧရာဝတီနဲ့ ရှမ်းကုန်းမြေမြင့်ရဲ့ အရိုင်းပန်း မြစ်သံလွင် မနွမ်းရလေအောင် အချိန်မီကယ်တင်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
မင်းကောင်းချစ်
Source: International Energy Agency (IEA Statistics © OECD/IEA, http://www.iea.org/stats/index.asp), Singapore Department of Statistics www.singstat.gov.sg/docs/default-source/default…and…/sif2015.pdf
DVB
မလေးရှားရေနံတင်သင်္ဘော ပြန်ပေးဆွဲခံရဟု အတည်ပြု
ပြီးခဲ့တဲ့တပတ်က ပျောက်ဆုံးနေခဲ့တဲ့ မလေးရှားရေနံတင်သင်္ဘောဟာ ဗီယက်နမ်ရေပိုင်နက်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး ပြန်ပေးဆွဲခံထားရတယ်လို့ မလေးရှားရေတပ်အာဏာပိုင်တွေက ဇွန် ၁၈ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။
ကွာလာလမ်ပူမြို့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားရေတပ် ဒုဗိုလ်ချုပ် အာမက်ပူဇီ (Ahmad Puzi) က အခုလို ပြောဆိုလိုက်ပြီး အော်ကင်ဟာမိုနီ (Orkim Harmony) သင်္ဘောဟာ ရေတပ်သင်္ဘောတစီးခြံရံပြီး တောင်ဘက်ကို ပြန်လည်ခုတ်မောင်းလာပြီလို့ ပြောဆိုပါတယ်။
သြစတြေးလျလေတပ်က သင်္ဘောကို အရင်တွေ့ရှိခဲ့တာဖြစ်ပြီး ပင်လယ်ဓားပြတွေနဲ့ မလေးရှာ ရေတပ်တို့ ဆွေးနွေးညှိနှိုင်းနေပြီး ဓားပြတွေကို အေးဆေးဆေးဆေးလက်နက်ချဖို့ တိုက်တွန်းထားတယ်လို့ ဒုဗိုလ်ချုပ် ပူဇီက ပြောဆိုပါတယ်။
ဒုဗိုလ်ချုပ် အာမက်ပူဇီ
ရေနံတန်ချိန် ၇၃၀၀ တင်ဆောင်နိုင်တဲ့ ဒီသင်္ဘောဟာ ဇွန်လ ၁၁ ရက်နေ့က မလေးရှားနိုင်ငံ တောင်ပိုင်း ဂျိုဟာ (Johor) ဆိပ်ကမ်းကနေ နိုင်ငံအလယ်ပိုင်းက ကွမ်တန်မြို့ (Kuantan) ကို ခုတ်မောင်းစဉ် ပြန်ပေးဆွဲခံရတာဖြစ်ပြီး ၂ ပတ်အတွင်း ဒုတိယမြောက်သင်္ဘောတစီး ပြန်ပေးဆွဲခံခဲ့ရတာပါ။
မလေးရှားသင်္ဘောကုမ္ပဏီတခုထဲက သင်္ဘော ၂ စီး လမ်းကြောင်းတခုတည်း၊ တနေရာမှာပဲ ပြန်ပေးဆွဲခံရတာဖြစ်လို့ အရှေ့တောင်အာရှပင်လယ်ပြင်ရဲ့ ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်မှုတွေဖြစ်ခဲ့ကြပါတယ်။
ဒီသင်္ဘောပေါ်မှာ သင်္ဘောဝန်ထမ်းအားလုံး ၂၂ ဦးပါဝင်ပြီး မလေးရှား ၁၆ ယောက်၊ အင်ဒို ၅ ယောက်နဲ့ မြန်မာ ၁ ယောက် ပါဝင်ပါတယ်။
DVB
ဇွန်လ (၁၈)ရက်၊(၁၉)ရက်နေ့ ထုတ် သတင်းစာနှင့် ဂျာနယ်များ - သစ်ထူးလွင်
ဇွန်လ (၁၈)ရက်နေ့ ထုတ် ရှင် စာပေနှင့် အနုပညာ ဂျာနယ် အတွဲ-၃၊ အမှတ်-၂၁
သစ်ထူးလွင် at သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin - 3 hours ago
ဇွန်လ (၁၈)ရက်နေ့ ထုတ် ရှင် စာပေနှင့် အနုပညာ ဂျာနယ် အတွဲ-၃၊ အမှတ်-၂၁ ဂျာနယ်
ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဇွန်လ (၁၉)ရက်နေ့ ထုတ် Auto World Journal အတွဲ - ၄၊ အမှတ် - ၂၂
သစ်ထူးလွင် at သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin - 3 hours ago
ဇွန်လ (၁၉)ရက်နေ့ ထုတ် Auto World Journal အတွဲ - ၄၊ အမှတ် - ၂၂ ဂျာနယ်
ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဇွန်လ (၁၉)ရက်နေ့ ထုတ် Hot News Weekly Vol 5 No 247
သစ်ထူးလွင် at သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin - 4 hours ago
ဇွန်လ (၁၉)ရက်နေ့ ထုတ် Hot News Weekly Vol 5 No 247 ဂျာနယ် ဖတ်ရှုရန်
ဒီနေရာကို နှိပ်ပါ
ဇွန်လ (၁၈)ရက်နေ့ ထုတ် Popular News Vol 7 No 24
သစ်ထူးလွင် at သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin - 4 hours ago
ဇွန်လ (၁၈)ရက်နေ့ ထုတ် Popular News Vol 7 No 24 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို
နှိပ်ပါ
ဇွန်လ (၂၀)ရက်နေ့ ထုတ် The Trade Times Vol 4 Issue 163
သစ်ထူးလွင် at သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin - 4 hours ago
ဇွန်လ (၂၀)ရက်နေ့ ထုတ် The Trade Times Vol 4 Issue 163 ဂျာနယ် ဖတ်ရှုရန်
ဒီနေရာကို နှိပ်ပါ
ဇွန်လ (၁၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သစ်ထူးလွင် at သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin - 4 hours ago
ဇွန်လ (၁၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန်
ဒီနေရာကို နှိပ်ပါ
ဇွန်လ (၁၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သစ်ထူးလွင် at သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin - 4 hours ago
ဇွန်လ (၁၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို
နှိပ်ပါ
ဇွန်လ (၁၉)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ
သစ်ထူးလွင် at သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin - 4 hours ago
ဇွန်လ (၁၉)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန်
ဒီနေရာကို နှိပ်ပါ
ဇွန်လ (၁၈)ရက်နေ့ ထုတ် The Messenger Daily Newspaper
သစ်ထူးလွင် at သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin - 5 hours ago
ဇွန်လ (၁၈)ရက်နေ့ ထုတ် The Messenger Daily Newspaper သတင်းစာ ဖတ်ရှုရန်
ဒီနေရာကို နှိပ်ပါ
ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ်ရာ မားစ်ရောဂါ -ပါမောက္ခခင်မောင်ဝင်း (အသည်း)
အခုတလော တီဗွီ၊ သတင်းစာ ဂျာနယ်တွေမှာ ကိုရီးယားနိုင်ငံမှာ MERS ရောဂါပျံ့နှံ့ပြီး လူတွေ သေနေတဲ့ သတင်းတွေကို တွေ့ရပါလိမ့်မယ်။
ဒီနေ့ညနေ CNN သတင်းကို ကြည့်လိုက်တဲ့အခါ မှာMERS ရောဂါကြောင့် ကိုရီးယားနိုင်ငံမှာ ၁ဝ ယောက်မြောက်လူနာ သေသွားတဲ့ သတင်းကို ကြည့် လိုက်ရပါတယ်။ ကိုရီးယားတစ်နိုင်ငံလုံးမှာMERS ရောဂါပျံ့နှံ့ပြီး လူနာ ၁ဝဝ ကျော်ရှိသွားပြီး လူပေါင်း ၂ဝဝဝ ကျော်ကို သွားလာခွင့် လုံးဝပိတ်ဆို့ကန့်သတ် ထားတယ်ဆိုတာလည်း တွေ့လိုက်ရပါတယ်။CNN သတင်းက ဘာပြောလဲဆိုတော့ အခုလက်ရှိ ကိုရီးယား မှာ ဖြစ်နေတဲ့အခြေအနေဟာ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက် က ဟောင်ကောင်မှာဖြစ်ခဲ့တဲ့SARS ရောဂါလို ဖြစ်နေ ပါတယ်တဲ့။
ကိုရီးယားနိုင်ငံမှာ လူတွေအားလုံးဟာ ထိတ်လန့် ပြီး MERS ရောဂါကြောင့် သေမှာကို အထူးကြောက် နေကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံဟာ ဆက်ဆံကူးလူးမှုများပြားပြီး နေ့စဉ် ကိုရီးယားလေကြောင်း လိုင်းဟာ မြန်မာပြည်ကို ဆိုက် ရောက်နေတယ်။ ၁၆ ရက်နေ့မှာဆိုရင် ကိုရီးယားနိုင်ငံ ရဲ့ နာမည်ကြီး K - Pop အဖွဲ့ဟာ မြန်မာပြည်ကို လာရောက်ဖျော်ဖြေပါဦးမယ်။
အဲဒီတော့ မြန်မာပြည်ဟာလည်း ခေတ်ပေါ် MERS ရောဂါရဲ့ အန္တရာယ်ကို သိရှိနားလည်ပြီး ဂရုတစိုက်နဲ့ ကြိုတင်ကာကွယ်ထားဖို့ လိုပါလိမ့်မယ်။ ဂျာနယ်တွေထဲမှာလည်း မြန်မာနိုင်ငံ လေဆိပ်ကနေပြီး MERS ရောဂါကို မြန်မာနိုင်ငံထဲ ဝင်မလာအောင် တားဆီးပိတ်ပင်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်းတွေ ဖတ်ရလို့ ဝမ်းသာမိပါတယ်။
ဒီလို အခြေအနေတွေကြောင့် MERS ရောဂါ အကြောင်းကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ ပြည်သူတွေအားလုံးလည်း သိသင့်တယ်လို့ ယူဆ လို့ MERS ရောဂါအကြောင်း အရေးကြီးတဲ့ သိကောင်း စရာအချက်အ လက်တွေကို ပြောပြချင်ပါတယ်။
MERS ရောဂါဆိုတာဘာလဲ MERS ရောဂါရဲ့ အရှည်ကတော့ Middle East
Respiratory Syndrome ပါ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတစ်ခုပါ။
Middle East
အရှေ့အလယ်ပိုင်းပေါ့။ ဒီရောဂါဟာ အရှေ့အလယ် ပိုင်းကစခဲ့တဲ့ ရောဂါဖြစ်လို့ပါ။
Respiratory
ရက်စ်ပိုင်ရေထရီ ဆိုတာကတော့ အသက်ရှူလမ်း ကြောင်းပေါ့။ ဒီရောဂါဟာ အသက်ရှူလမ်းကြောင်း ကို ထိခိုက်ပြီး အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်တတ်လို့ပါ။
Syndrome
ဆိုတာကတော့ ရောဂါစုပေါ့။ ဥပမာပြောရမယ် ဆိုရင် အသက်ရှူကျပ်မယ်၊ ဝမ်းလျှောမယ် ဆိုတဲ့ ရောဂါလက္ခဏာအစုကို ခေါ်တာပေါ့။
MERS ဟာ ကိုရိုနားဗိုင်းရပ်စ် (Corona Virus) ကြောင့် ဖြစ်တဲ့ရောဂါပါ။ ဒီရောဂါပိုးကို ပထမဆုံး ၂ဝ၁၂ ခုနှစ်မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ စတင်တွေ့ရှိခဲ့ တာပါ။
ဒါကြောင့်မို့ MERS ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကိုတော့ MERS - CoV လို့ ခေါ်ပါတယ်။ ကိုရိုနားဗိုင်းရပ်စ်ဆိုတာကတော့ သာမန် နှာစေး၊ ချောင်း ဆိုးရောဂါကနေSARS ရောဂါအထိ ဖြစ်နိုင်စေတဲ့ ဗိုင်းရပ်စ်တွေပါ။
အားလုံး ကိုပြန်ပြီး ကြည့်လိုက်မယ်၊ အဓိပ္ပာယ်ဖွင့် ဆိုလိုက်မယ်ဆိုရင်MERS ဆိုတာ Middle East Respiratory Syndrome အရှေ့အလယ်ပိုင်းက ပျံ့နှံ့ လာတဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်မှုရောဂါစုလို့ ခေါ်ရမှာပေါ့။
MERS ရောဂါဟာ ဘယ်နိုင်ငံတွေမှာ ဖြစ်နေတာလဲ
ယနေ့အထိMERS ရောဂါဖြစ်နေတဲ့ နိုင်ငံတွေ ကတော့ -
အရှေ့အလယ်ပိုင်း
- ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီ အာရေးဗီးယား၊UAE ၊ ယီမင် ဥရောပ
- ပြင်သစ်၊ ဂျာမနီ၊ ယူကေ အာဖရိက
- တူနီးရှား၊ အီဂျစ် အာရှ
- ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင် အမေရိက
- ယူအက်စ်အေ၊ အမေရိကန်
MERS ရောဂါရဲ့ လက္ခဏာတွေက ဘာလဲ အဓိကလက္ခဏာတွေကတော့-
ဖျားမယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူကျပ်မယ် ဆိုတဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်မှု လက္ခဏာတွေ ပါပဲ။ သိပ်ဆိုးလာတဲ့အခါမှာတော့ အသက်လုံးဝမ ရှူနိုင် တော့တဲ့ (Respiratory failure) ရပြီး စက်နဲ့ အသက် ရှူရတဲ့အဆင့်ကို ရောက်သွားပါတယ်။ ဒီဗိုင်းရပ်စ် ဟာ အောက်မှာဖော်ပြထားတဲ့ အခြေအနေ မှာတော့ တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်စေနိုင်ပါတယ်။
- ကိုယ်ခံအားနည်းနေတဲ့လူတွေ
- အသက်ကြီးတဲ့လူတွေ
- နာတာရှည်ရောဂါရှိတဲ့လူတွေ ဥပမာ- ဆီးချိုေ ရာဂါ
- ကင်ဆာလူနာ
- နာတာရှည်အဆုတ်ရောဂါ MERSရောဂါပိုး ဘယ်လိုကူးစက်လဲ
- ဘယ်လိုကူးစက်တယ်ဆိုတာ သေချာမသိပါ။
- အရှေ့အလယ်ပိုင်း Middle East မှာတော့
ရောဂါပိုးရှိတဲ့ ကုလားအုပ်တွေကနေ ကူးစက်
နိုင်ပါတယ်လို့ ယူဆပါတယ်။
- အခုဖြစ်နေတဲ့ MERS ကပ်ရောဂါကြီးမှာေ တာ့ လူနာတွေကို ပြုစုစောင့်ရှောက်ရင်းကနေ ကူးစက်တာပါ။ MERS ရောဂါဟာ ကူးစက်လွယ်လား
- ကူးစက်နိုင်ပါတယ်။
- ဒါပေမယ့် လူတစ်ယောက်ကနေ တစ်ယောက် ကူးစက်ဖို့ မလွယ်သေးပါဘူး။
- ဒါပေမယ့် အကာအကွယ်မရှိဘဲ လူနာေ တွကို ထိတွေ့ကိုင်တွယ်တယ်ဆိုရင်တော့ ကူးမှာပေါ့။ MERS ရောဂါ ဘယ်ကစတာလဲ
- အဓိက ကူးစက်မှုစတာကို ပြောရမယ်ဆိုရင်ေ တာ့ အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ ကုလားအုပ်တွေကနေစပြီး လူတွေကို ပျံ့နှံ့ တာပါ။
MERS ကာကွယ်ဆေးရှိလား
- ယနေ့ထက်တိုင် MERS ကာကွယ်ဆေး မရှိပါ။
MERS ရောဂါကို ဘာဆေးနဲ့ ကုမှာလဲ
- MERS ရောဂါကို ကုတဲ့ဆေးမရှိပါ။ လူနာ
ကို သက်သာအောင် ပြုစုစောင့်ရှောက်ကုသ တာပဲရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ MERS ရောဂါကြောင့် ခရီးသွားကန့်သတ်မှုတွေ ရှိပါသလား
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီနေ့အထိတော့ ဘယ် နိုင်ငံကို မသွားသင့်ဘူးဆိုတဲ့ ခရီးသွားကန့်သတ်ချက် မထုတ်ပြန်သေးပါဘူး။
မြန်မာနိုင်ငံနဲ့ MERS ဘယ်လိုကူးစက်မှန်း သေချာမသိ၊ ကုသစရာဆေး မရှိ၊ ကာကွယ်ဆေး မပေါ်သေးတဲ့MERS ရောဂါဟာ မြန်မာပြည်ကို ရောက်မလာဘူး လို့ မပြောနိုင်ပါဘူး။ အထူးသဖြင့် ခုလို ကိုရီးယား တစ်နိုင်ငံလုံးမှာ ပျံ့နှံ့ ကူးစက်ပြီး လူနာ ၁ဝ ယောက်ကျော် အသက်ဆုံးရှုံး ပြီး လူပေါင်းရာကျော် ရောဂါကူးစက်နေပြီဖြစ်တဲ့အတွက် ကိုရီးယားနိုင်ငံနဲ့ အကူးအလူး အဆက်အဆံများတဲ့ မြန်မာနိုင်ငံအနေနဲ့ အထူးသတိထားရမယ့် အခြေ အနေမှာရှိနေပြီဖြစ်ပါတယ်။MERS ရောဂါ လူနာများ မြန်မာပြည်ကို ရောက်လာမယ်ဆိုရင် ဘယ်ဆေးရုံမှာ ထားလို့ ဘယ်လိုကုပြီး ရောဂါမပျံ့နှံ့အောင် ဘယ်လို ကာကွယ်မှာလဲဆိုတာကို အခုကတည်းက ကြိုတင် စဉ်းစားပြင်ဆင်ထားရမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။
(ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ Global Alert and Response (GAR) MERS – CoV Disease Outbreak News (၉-၆-၂ဝ၁၅)ထုတ် စာစောင်အား ကိုးကားရေးသားထားပါတယ်။)
MOIဒေါင်းမာန်ဟုန်မှ
ဘုရားကျောင်း ပစ်ခတ်မှု သံသယရှိသူ ဖမ်းဆီးစစ်ဆေး
ဘုရားကျောင်းပစ်ခတ်မှု သံသယရှိသူ။
19.06.2015
အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသက တောင် Carolina ပြည်နယ်၊
Charleston မြို့မှာရှိတဲ့ အာဖရိကန် - အမေရိကန် ဘုရှားရှိခိုးကျောင်းမှာ
သေနတ်နဲ့ ပတ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားပြီး လူ ၉ ဦး သေဆုံးခဲ့ရတဲ့အတွက်
ဒေသခံတွေ ၀မ်းနည်း ကြေကွဲနေကြချိန်မှာပဲ ဒီပစ်ခတ်မှုနဲ့ ဆက်နွယ်တဲ့သူတဦးကို
ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ လူမျိုးရေး မုန်းတီးပေါ် အခြေခံပြီး ပစ်ခတ်
သတ်ဖြတ်ခဲ့ခြင်း ဟုတ်မဟုတ်ဆိုတာကို ပြည်ထောင်စု အစိုးရ အရာရှိတွေက စုံစမ်း
စစ်ဆေးနေပါတယ်။ပစ်ခတ်မှု ဖြစ်သွားခဲ့တဲ့နေရာနဲ့ ကီလိုမီတာ ၄၀၀ လောက်ဝေးတဲ့ အိမ်နီးချင်း မြောက် Carolina ပြည်အတွင်း ကားနဲ့ မောင်းသွားနေတဲ့အချိန် အသက် ၂၁ နှစ်အရွယ် Dylann Storm Roof ဆိုသူကို ရဲတပ်ဖွဲ့က ကြာသပတေးနေ့ အစောပိုင်းက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ညက သေနတ်နဲ့ ပစ်ခတ်ခြင်းမပြုခင် Roof ဟာ Emanuel African Methodist Episcopal ဘုရားရှိခိုးကျောင်းအတွင်းမှာ ဘုရှားရှိခိုးနေကြတဲ့ သူတွေနဲ့အတူ တနာရီလောက် ဘုရှားကျောင်းထဲမှာ ထိုင်နေခဲ့တယ်လို့ Charleston ရဲတပ်ဖွဲ့အကြီးအကဲ Greg Mullen က သတင်းထောက်တွေကို ပြောပါတယ်။
သမ္မတ Barack Obama ကလည်း အဲဒီ ပစ်ခတ်မှုအတွက် ၀မ်းနည်းကြောင်းနဲ့ သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်မှုနဲ့ဆိုင်တဲ့ ကိစ္စကို သူ့အနေနဲ့ ထပ်ခါတလဲလဲ ပြောကြားနေရတဲ့အတွက် ဒေါသဖြစ်ရကြောင်း သမ္မတ အိမ်ဖြူတော်ကနေ ပြောကြားခဲ့ပါတယ်။
“ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အနေနဲ့ အကြိမ်ကြိမ် ပြောခဲ့ရပြီးဖြစ်ကြောင်း၊ ဒီလိုမျိုး လူမှုအသိုင်းဝိုင်းအနေနဲ့ အခုလို စိတ်မကောင်းဖွယ် ဖြစ်ရပ်ကို ကြိမ်ဖန်များစွာ ကြုံတွေ့ ခံစားခဲ့ကြရကြောင်း၊ ပစ်ခတ်မှုနဲ့ဆိုင်တဲ့ အချက်အလက် အပြည့်အစုံကို မသိရသေးပေမယ့် သေနတ်ကို အလွယ်တကူ ရယူ ပိုင်ဆိုင်နိုင်သူတဦးက တပါးသူတွေကို နာကျင်အောင် လုပ်လိုတဲ့ ဆန္ဒရှိတာကြောင့် အပြစ်မဲ့တဲ့သူတွေ နောက် တကြိမ် သေဆုံးကြရကြောင်း သမ္မတ အိုဘားမားက ပြောသွားတာပါ။”
ပစ်ခတ်မှုကြောင့် တောင် Carolina ပြည်နယ် အထက်လွှတ်တော်အမတ် တဦးအပါအ၀င် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၆ ဦးတို့ သေဆုံးခဲ့ရတာပါ။
VOA
နယ်စပ်ပစ်ခတ်မှု မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ် ဆင့်ခေါ်ကန့်ကွက်
မြန်မာနယ်ခြားစောင့်တပ်က ဘင်္ဂလားဒေ့ရှ်အရံတပ်ဖွဲ့ကို ပစ်ခတ်ပြီး
နယ်ခြားစောင့် တဦးကို ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်
အစိုးရက ဒါကာမြို့တော်မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်
ကန့်ကွက်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး တွဲဖက် အတွင်းဝန် Mizanur Rahman က ပြင်းပြင်းထန်ထန် ရေးသားထားတဲ့ စာကို မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဆီ ပေးအပ်ပြီး ဖမ်းဆီးခံ Nayak Abdur Razzak ကို ချက်ခြင်း ပြန်ပေးဖို့ တောင်းဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ အနေနဲ့ တစုံတရာ ရန်စခံရတာ မရှိပဲ ပစ်ခတ်တာကိုလဲ လုံးဝ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုကြောင့် စစ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်တာကို မြန်မာသံအမတ်ကြီးက ငြင်းဆန်ခဲ့တဲ့အတွက်လဲ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ The Daily Star သတင်းစာမှာ ရေးသားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကလူတွေ ဥပဒေမဲ့ ခိုးဝင်တဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က သံတမန်တွေကို ရှင်းပြခဲ့တဲ့အတွက် ဇွန်လ ၅ ရက်နေ့ကလဲ သံအမတ်ကြီး ဦးမျိုးမြင့်သန်းကို အဲဒီလို ဆင့်ခေါ်ခဲ့ပါသေးတယ်။
VOA
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး တွဲဖက် အတွင်းဝန် Mizanur Rahman က ပြင်းပြင်းထန်ထန် ရေးသားထားတဲ့ စာကို မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဆီ ပေးအပ်ပြီး ဖမ်းဆီးခံ Nayak Abdur Razzak ကို ချက်ခြင်း ပြန်ပေးဖို့ တောင်းဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ အနေနဲ့ တစုံတရာ ရန်စခံရတာ မရှိပဲ ပစ်ခတ်တာကိုလဲ လုံးဝ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုကြောင့် စစ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်တာကို မြန်မာသံအမတ်ကြီးက ငြင်းဆန်ခဲ့တဲ့အတွက်လဲ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ The Daily Star သတင်းစာမှာ ရေးသားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကလူတွေ ဥပဒေမဲ့ ခိုးဝင်တဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က သံတမန်တွေကို ရှင်းပြခဲ့တဲ့အတွက် ဇွန်လ ၅ ရက်နေ့ကလဲ သံအမတ်ကြီး ဦးမျိုးမြင့်သန်းကို အဲဒီလို ဆင့်ခေါ်ခဲ့ပါသေးတယ်။
VOA
Thursday, June 18, 2015
သိပ္ပံပညာရှင် ၆ ဦး မီးတောင်ဟောင်းကြီးထဲ၌ အင်္ဂါဂြိုဟ်ကဲ့သို့ စမ်းသပ်နေထိုင် ခဲ့ရာမှ ပြင်ပကမ္ဘာ သို့ အောင်မြင်စွာ ထွက်ရှိလာ

ဝါရှင်တန် ၊ ၁၈-၆-၂၀၁၅
အင်္ဂါဂြိုဟ်တွင် တွေ့ကြုံ နေထိုင် ရသည့် အခြေအနေ များနှင့် ကျွမ်းဝင်စေရန် အတွက် အထူး ပြုလုပ်ထားသော လိပ်ခုံးသဏ္ဌာန် သံထည် အဆောက်အအုံ အတွင်း သိပံ္ပပညာရှင် ခြောက်ဦးကို ထည့်သွင်း၍ ဟာဝိုင်ယီ ကျွန်းရှိ Mauna Loa မီးတောင် ဟောင်းကြီး ထိပ်ဝတွင် ချထားခဲ့သည်။ မီးတောင်ဟောင်း ကြီးသည် ပေပေါင်း ၈ဝဝဝ ကျော် (၂၄ဝဝမီတာ) အမြင့်ရှိသည်။ အဆိုပါ မီးတောင်ဟောင်းကြီး ထိပ်ဝရှိ အဆောက်အအုံ အတွင်း သိပံ္ပပညာရှင် ခြောက်ဦး တို့သည် ရှစ်လခန့် အတူနေထိုင် ခဲ့ကြပြီး စနေနေ့ က ပြင်ပကမ္ဘာသို့ အောင်မြင်စွာဖြင့် ပြန်ထွက် လာခဲ့ကြခြင်း ဖြစ်သည်။
၎င်း အဆောက်အအုံ အတွင်း နေထိုင်စဉ် အင်္ဂါဂြိုဟ်တွင် နေထိုင်ကြရမည့် အတွေ့အကြုံ ရယူရေး အတွက် အာကာသ ဝတ်စုံများကိုသာ ဝတ်ဆင် နေထိုင်ခဲ့ ကြသည်။ အမေရိကန် အစိုးရ၏ နာဆာ (NASA)အဖွဲ့ကြီးက သိပံ္ပပညာရှင် ခြောက်ဦးဖြစ်ပြီး အဆောက်အအုံတွင် နေထိုင်စဉ် ၄င်းတို့၏ အစစ အရာရာ လှုပ်ရှားမှုများကို အဆောက်အအုံတွင် တပ်ဆင်ထားသော ကင်မရာများမှ တစ်ဆင့် ပြင်ပကမ္ဘာရှိ နာဆာ အရာရှိများက ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ရှစ်လတာ နေထိုင်စဉ် ကာလအတွင်း အဆောက်အအုံကြီး တစ်ခုလုံးကို ပြင်ပကမ္ဘာနှင့် အဆက်အစပ်မရှိ စေရန် ပိတ်ထားသည်။ လက်တွေ့ အင်္ဂါဂြိုဟ်ကြီး ပေါ်တွင် နေထိုင်ကြပြီး အခြေအနေများ အတိုင်း စမ်းသပ်ခဲ့ ကြသည်။
ပြတင်းပေါက်များ တပ်ဆင်ထား သော်လည်း မီးတောင်ဟောင်း ကြီး၏ အတွင်း ရောက်နေ၍ ကြည့်လိုက်သည့် နေရာတိုင်း ချော်ကျောက်သား များကိုသာ မြင်တွေ့ခဲ့ကြ ကြောင်း ဟာဝိုင်ယီ တက္ကသိုလ်မှ ပါမောက္ခ ကင်းဘင်စတက်ဒ် က ပြောပြသည်။
၎င်းတို့သည် မိမိကိုယ်ကို ထိန်းသိမ်းနိုင်သူ များဖြစ်ကြရာ ကြီးကျယ်သော ပြဿနာ တစ်စုံတစ်ရာ ကိုမျှ ရှစ်လတာ နေထိုင်စဉ် အတွင်း မဖြစ်ပွား ခဲ့ကြကြောင်း၊ ကိုယ်စိတ် တည်ငြိမ်စေရန် ယောဂ ကျင့်စဉ်များ၊ အားကစား လေ့ကျင့်မှုများ ပြုခဲ့ကြောင်း သိရသည်။ စတုရန်းပေ ၁ဝဝဝ ခန့် ကျယ်ဝန်းပြီး အချင်း ၃၆ ပေရှိသော ၄င်းလိပ်ခုံး သံထည် အဆောက်အအုံ ကြီးသည် အထပ် နှစ်ထပ်ဖြင့် ဖွဲ့စည်း တည်ဆောက် ပေးထားပြီး လျှပ်စစ် ဓာတ်အားကို ဆိုလာပြား များမှတစ်ဆင့် ထုတ်ယူ အသုံးပြု ခဲ့သည်။
သိပံ္ပပညာရှင် ခြောက်ဦးသည် ပြင်ပကမ္ဘာသို့ ရောက်ရှိလျှင် ချက်ချင်းဆိုသလို ၄င်းတို့ စားသောက် လိုသော အစားအစာများကို အားပါးတရ စားသောက်ခဲ့ ကြသည်။ ''ရှစ်လတာ စမ်းသပ်မှုအတွင်း မှာ ရေကို လုံးဝမသုံးရလို့ အခု ပြင်ပကမ္ဘာ ရောက်လာ ချိန်မှာ ရေကိုကြာကြာ သုံးစွဲ ရတာ၊ နေရောင် အောက်မှာ နေရတာက အံ့သြစရာ ဖြစ်နေပါတယ်။ ဝိညာဉ် တစ်ကောင်လို ခံစား နေရပါတယ်''ဟု သိပံ္ပပညာရှင် တစ်ဦးဖြစ်သော ဂျိုလင်ဒန် က ပြောပြသည်။
Yadanarpondaily
ချားလ်စ်တန် ဘုရားကျောင်းထဲ ပစ်ခတ်ခဲ့သူကို ရှာဖွေဆဲ
စောင့်ကြည့် ကင်မရာတွေက ရထားတဲ့ ပုံတွေကို ဖြန့်ဝေထား။
အမေရိကန် ပြည်ထောင်စု၊ တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ်က ချားလ်စ်တန် မြို့မှာ လူမည်း အမေရိကန် တွေရဲ့ သမိုင်းဝင် ဘုရားကျောင်း တစ်ခု အတွင်း လူဖြူ သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်ခဲ့လို့ လူ ၉ ဦး သေဆုံးခဲ့ရာမှာ ပစ်ခတ် ခဲ့သူ သေနတ်သမားကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ပစ်ခတ်ခဲ့သူဟာ ၂၁ နှစ်အရွယ် Dylann Roof ဖြစ်တယ်လို့ ချားလ်စ်တန် ရဲတပ်ဖွဲ့က ထုတ်ပြန် ထားပါတယ်။
လူမည်းတွေရဲ့ အဲဒီ ဧမာနွေလ ဘုရားကျောင်းမှာ ပစ်ခတ်ခဲ့မှုဟာ လူမျိုးရေး မုန်းတီးမှုကြောင့် တိုက်ခိုက်တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူဟာ ဘုရားကျောင်းထဲမှာ တစ်နာရီလောက် ထိုင်နေခဲ့ပြီးမှ စတင် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေ ထဲမှာ သင်းအုပ်ဆရာလည်း ဖြစ်၊ ပြည်နယ် အမတ်လည်း ဖြစ်တဲ့ Clementa Pinckney လည်း ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
အဲဒီ သေနတ်သမားကို ရှာဖွေရေးမှာ ပြည်သူတွေလည်း ပါဝင် ကူညီကြဖို့ ချားလ်စတန် ရဲတပ်ဖွဲ့ အကြီးအကဲက ပန်ကြား ထားပါတယ်။
BBC
ရေကူးသံလွှင့်ရုံဟောင်း တင်ဒါ ကိစ္စ လွှတ်တော် မှာ ပြောကြား
ရေကူး တင်ဒါ ကိစ္စ ဦးရဲထွဋ် ရှင်းလင်း
မရမ်းကုန်းက ရေကူး အသံလွှင့်ရုံ ဟောင်း တင်ဒါ ကိစ္စ လွှတ်တော် ဆုံးဖြတ်ချက် အတွက် ပြန်ကြားရေး ဌာန လုပ်ဆောင်ချက် ဟာ ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက် ကို ဖောက်ဖျက် တယ် ဆိုပြီး စွဲချက် တင်ရင် ရင်ဆိုင်ဖို့ အသင့် ရှိတယ် လို့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က လွှတ်တော် မှာ ပြောကြား ခဲ့ ပါတယ်။
ရေကူး အသံလွှင့်ရုံ ဟောင်း တင်ဒါ ခေါ်ဆိုမှု နဲ့ပတ်သက် ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူတွေ ရဲ့ ပြန်ကြား စာနဲ့ ပတ်သက် ပြီး ပြည်ထောင်စု လွှတ်တော် မှာ ကြာသပတေး နေ့က ဆွေးနွေး ခဲ့ကြပါတယ် ။
ဒီလို ဆွေးနွေးတဲ့ အခါမှာ တဘက်နဲ့ တဘက် အချေအတင် တွေ ရှိခဲ့ပြီး စွပ်စွဲ ပြစ်တင် လို့ ရတဲ့အထိ ပြောဆို ခဲ့ကြပါတယ် ။
ဒီတင်ဒါ ခေါ်တာ ကို ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက် ဆိုင်းငံ့ ထားဖို့ မေလ ၂၇ ရက် က ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ ပြီး နောက်ပိုင်း သက်ဆိုင်ရာ ပြန်ကြားရေး ဌာနက ပြည်ထောင်စု လွှတ်တော် ကို ဇွန်လ ၁၂ ရက် က ပြန်စာ ပေးပို့ ခဲ့ပါတယ် ။
ဒီပြန်စာမှာ ပြည်ထောင်စု လွှတ်တော် ညွှန်ကြား သလို ပြန်ကြားရေး ဌာနက ဆိုင်းငံ့ ထားမယ်လို့ အာမခံ တာ မပါတဲ့ အတွက် ပြည်ထောင်စု လွှတ်တော် က ပြန်ကြားရေး ဝန်ကြီး ကို လွှတ်တော်မှာ လာပြီး ရှင်းလင်း စေခဲ့ ပါတယ် ။
ပြန်စာ ထဲမှာတော့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆန္ဒ ကို အလေးထား တဲ့ အနေနဲ့ နိုင်ငံတော် အတွက် နစ်နာမှု မရှိစေဖို့ စီမံ ဆောင်ရွက် သွားမယ် လို့ ပါရှိပါတယ် ။
ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ လုပ်ဆောင်ချက် ဟာ ပြည်ထောင်စု လွှတ်တော် ရဲ့ ဆုံးဖြတ်ချက်နဲ့ ကွဲလွဲ နေရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ကို စွပ်စွဲ ပြစ်တင်လို့ ရတယ်လို့ လွှတ်တော် ကိုယ်စား လှယ် တွေက ပြည်ထောင်စု လွှတ်တော် မှာ ဆွေးနွေး ခဲ့ပါတယ် ။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ တော့ ပြည်ထောင်စု အစိုးရ သည် ပြည်ထောင်စု လွှတ်တော် က အခါ အားလျော်စွာ ချမှတ်တဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ဆုံးဖြတ်ချက် များကို အကောင် အထည်ဖော် ဆောင်ရွက် ရမည် လို့ ပါရှိ ပါတယ် ။
ဒီလို အပြန်အလှန် ဆွေးနွေးချက် တွေ ကို ပြည်ထောင်စု လွှတ်တော် က မှတ်တမ်းအဖြစ် ထားရှိမယ် လို့ ပြည် ထောင်စု လွှတ်တော် နာယက က ဆုံးဖြတ် ခဲ့ပါတယ် ။
လွှတ်တော် နာယကရဲ့ ဆုံးဖြတ်ချက် ဟာ ရေကူး အသံလွှင့်ရုံ ဟောင်း တင်ဒါ ကိစ္စ နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေရဲ့ ဆက်လက် လုပ်ဆောင်ချက် ကို စောင့်ကြည့် သွား မယ် ဆို တဲ့ အဓိပ္ပာယ် ပါ ။
ဒီ တင်ဒါ ကိစ္စ ဟာ အစိုးရနဲ့ လွှတ်တော် ကြား နောက်ထပ် ထိပ်တိုက် တွေ့ဆုံမှုတခု ဖြစ်တယ် လို့ လွှတ်တော်အမတ် တွေက ဝေဖန် သုံးသပ် နေကြပါတယ် ။
BBC
အမေရိကန် ခရစ်ယာန်ဘုရားကျောင်းတခုတွင် ပစ်ခတ်မှုဖြစ်၊ ၉ ဦးသေဆုံး
အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်က အမေရိကန်-အာဖရိကန် ခရစ်ယာန်ဘုရားကျောင်းတခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၉ ဦး သေဆုံးတယ်လို့ ချားစ်တန်မြို့ ရဲအာဏာပိုင်တွေက ဇွန် ၁၇ ရက်နေ့ ညနေပိုင်းက ပြောဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အသက် ၂၁ နှစ် အရွယ် လူဖြူလူငယ်တဦးကို ရှာဖွေနေတယ်လို့လည်း ချားစ်တန်မြို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောဆိုပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ ဘုရားကျောင်းထိုင်ဘုန်းကြီး ပြည်နယ်လွှတ်တော်အမတ် Clementa Pinckney လည်း ပါဝင်တယ်လို့ အမေရိကန်လူမည်းအရေးလှုပ်ရှားသူ သိက္ခာတော်ရဆရာတော် Al Sharpton က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။
ဘုရားကျောင်းမှာ ဇွန် ၁၇ ရက်နေ့ ည ၉ နာရီအချိန် အစည်းအဝေးလုပ်နေတုန်း ပစ်ခတ်ခံခဲ့ရတာပါ။
၈ ဦးက ဘုရားကျောင်းထဲမှာပဲ သေဆုံးပြီး ကျန်တဦးကတော့ ဆေးရုံသယ်သွားစဉ် လမ်းမှ သေဆုံးခဲ့တာပါ။
ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တဲ့ အမေရိကန်လူဖြူလူငယ်တဦးကို အပူတပြင်း ရှာဖွေနေဆဲဖြစ်ပြီး တွေ့ရှိသူတွေ လုံခြုံရေးအာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြားဖို့ ရဲအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
ဒီပစ်ခတ်မှုဟာ လူမျိုးရေးအခြေခံတဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ပြည်နယ်ရဲအရာရှိတဦးက ပြောဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Emanuel African Methodist Episcopal (အက်ပီစကိုပို) ဘုရားကျောင်းဟာ အမေရိကန်ပြည်ထောင်စုမှာ သက်တမ်းအရင့်ဆုံး သမိုင်းဝင်ရှေးဟောင်းဘုရားကျောင်းတွေထဲက တကျောင်းဖြစ်ပြီး ၁၈၉၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။
ဘုရားကျောင်းထူထောင်သူတဦးဖြစ်တဲ့ Denmark Vesey ဆိုသူဟာ ၁၈၂၂ ခုနှစ်က မအောင်မြင်ခဲ့တဲ့ လူမည်းကျေးကျွန် တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်ခဲ့ပါတယ်။
DVB
ကျူရှင်ကိစ္စ တိုင်ကြားသူရှိက အရေးယူမည်
|Dawei Watch| ကော့သောင်း၊ ဇွန် ၁၈
နားလည်မှုဖြင့် ခွင့်ပြုထားသော်လည်း ကျူရှင်သင်ကြားခြင်းနှင့် ပတ်သက်ပြီး တိုင်ကြားခံရပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ဇွန်လ ၁၇ ရက်တွင် ကော့သောင်းမြို့ရှိ ဆရာဆရာမများနှင့် တွေ့ဆုံစဉ် ပြောသည်။
တရားဝင်မဟုတ်သော်လည်း နားလည်မှုဖြင့် သင်ကြားခွင့်ပြုထားသည့် အပေါ် ကျောင်းသား မိဘများက တစ်စုံတရာ မကျေနပ်သဖြင့် တိုင်ကြားလာပါက စိစစ် အရေးယူသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။
“ကိုယ့်ကျူရှင်မနေလို့ ကျောင်းသားတွေအပေါ် ခွဲခြားဆက်ဆံတာ၊ ၀န်ထမ်းအချင်းချင်း စိတ်သဘောထားကွဲတာ၊ ကျူရှင်ကို စီးပွားဖြစ်သင်နေတာတွေကို ကြားနေရလို အခုလို ပြောရတာပါ”ဟု ၀န်ကြီးက ဆိုသည်။
ဆရာဆရာမများအဖြင့် ကျူရှင်ကို စီးပွားဖြစ်မဟုတ်ဘဲ တော်သင့်သည့် အခကြေးငွေယူပြီး သင်ကြားသင့်ကြောင်း ကော့သောင်းမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ပညာသင်နှစ်က ကော့သောင်းမြို့ပေါ် ကျောင်း ၄ ကျောင်းသည် ကျူရှင်ကိစ္စနှင့် ပတ်သက်ပြီး ကျောင်း သား ကျောင်းသူများကို ခွဲခြားဆက်ဆံသည်ဟူသည့် ကိစ္စအပါအ၀င် အခြားအချက်များဖြင့် ကျောင်းသားမိဘများက စုပေါင်း လက်မှတ်ထိုး တိုင်ကြားခဲ့ဖူးသည်။
Dawei Watch
ရန်ကင်းဆောင်းပါး ဖြန့်ဝေမှု ပြန်ကြားရေးဝန်ကြီးဌာနက မဟုတ်ဟု ဦးရဲထွဋ်ပြော
ရန်ကင်းဆောင်းပါးကို စည်ပင်ဧည့်ရိပ်သာရှိ လွှတ်တော်ကိုယ်စားလှယ်တွေ အခန်းမှာ လိုက်ဝေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီးဌာနက လုပ်တာမဟုတ်ဘဲ ပြန်ကြားရေးနာမည်သုံး လုပ်သွားသူကို အရေးယူဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဇွန်လ ၁၄ ရက်နေ့ထုတ် အစိုးရသတင်းစာပါ ရန်ကင်းရဲ့ အမွေကောင်းကောင်းရချင်တယ်ဆိုတဲ့ ဆောင်းပါးကို လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုနေတဲ့ စည်ပင်ဧည့်ရိပ်သာ အခန်းတွေမှာ လိုက်ဝေသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဇွန်လ ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေကို အခုလို ပြောကြားလိုက်တာပါ။
ဦးရဲထွဋ်က “ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနကို ဘယ်သူကမှ စာဝေပါလို့ မခိုင်းဘူး။ ကျနော်တို့ကလည်း အဲဒီသတင်းစာ ဆောင်းပါးကို ဝေဖို့ ဘယ်သူ့ကိုမှ ခိုင်းတာမရှိဘူး။ ကျနော့်ဌာနက အကြီးအကဲတွေကိုလည်း ခေါ်မေးပြီးပြီ။ သူတို့လည်း လုပ်တာမရှိဘူး။ တကယ်လို့ ကျနော်တို့ ခွင့်ပြုချက်မရဘဲ အဲသတင်းစာကို ဝေတယ်ဆိုရင် အရေးယူဖို့ပဲ ရှိတယ်။ ဒီဆောင်းပါးတွေကို ဖော်ပြတယ်ဆိုတာ Public Debate ဖြစ်စေဖို့အတွက် သတင်းစာထဲမှာ ဖော်ပြတယ်။ အင်တာနက်မှာလည်း ကြည့်လို့ရတယ်။ ဒါကြောင့် လူတစုကို ပိုက်ဆံအကုန်ခံပြီး၊ စက္ကူအကုန်ခံပြီး သွားဝေစရာအကြောင်းမရှိဘူး။ လေ့လာချင်တဲ့သူတွေက သတင်းစာမှာ မတွေ့ရင်လည်း အင်တာနက်မှာ ဖတ်လို့ရတာပဲ။” လို့ ပြောပါတယ်။
ဒါ့အပြင် ဦးရဲထွဋ်က စည်ပင်ဧည့်ရိပ်သာ တာဝန်ရှိသူကိုလည်း ပြန်ကြားရေးက ပေးတယ်ဆိုတိုင်း လိုက်မဝေဖို့ ၀န်ထမ်းတွေကို ပြောထားဖို့ သူ့အနေနဲ့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
“မနေ့ကပဲ အဲဒီကိစ္စဖြစ်တော့ နေ့လယ်မှာ ကျနော် ဒုတိယမြို့တော်ဝန် ဦးသန်းကျော်ထူးကို ကျနော်ဖုန်းဆက်တယ်။ ကိုသန်းကျော်ထူး- ခင်ဗျားတို့ စည်ပင်ရိပ်သာမှာလည်း သေချာပြန်စစ်ဦး။ ပြန်ကြားရေးက လာပေးတယ်ဆိုပြီးတော့ လွယ်လွယ်ကူကူနဲ့ စည်ပင်ဝန်ထမ်းတွေက လိုက်ဝေတာမျိုးလည်း မလုပ်နဲ့၊ သေချာစစ်ကြည့်ဦး။ ဒါက သတင်းစာထဲက ဆောင်းပါးမို့လို့ တော်သေးတယ်။ မဟုတ်ကဟုတ်က သတင်းတခု၊ ကြေညာချက်တခုကို ဝေလိုက်မယ်ဆိုရင် ပိုပြီးရှုပ်ကုန်မယ်။ ကျနော်တို့က ဖြန့်ဝေစရာရှိရင် တရားဝင် စာနဲ့ပဲ ဝေမှာပဲ။ ဒါကြောင့်မို့လို့ သေချာပြန်စစ်ပါလို့ ကျနော်ပြောထားခဲ့တယ်။”
ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဇွန်လ ၁၇ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးအတွင်း ပြောဆိုသွားပါသေးတယ်။
ဆောင်းပါးရှင် ရန်ကင်းရဲ့ အမွေကောင်းကောင်းရချင်တယ်ဆိုတဲ့ ဆောင်းပါးမှာ မြန်မာလွှတ်တော်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ချုပ်ကိုင်ဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အခွင့်အရေးရဖို့ပဲ ဦးစားပေးလုပ်နေတယ်လို့ ဝေဖန်ရေးသားထားပါတယ်။
DVB
စုပေါင်း အားဖြင့်သာ ဖက်ဒရယ် ဆန်သည့် ဖွဲ့စည်းပုံ ပြင်နိုင်မည် ဟု ခွန်ထွန်းဦး ပြော
မန္တလေးတိုင်း အတွင်း SNLD
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးခွဲများဆက်တိုက်ဖွင့်
လှစ်ရာ ဥက္ကဌ ခွန်ထွန်းဦးက လွှတ်တော်တွင်း/ပြင် စုပေါင်း၍ ပြိုင်တူတွန်းမှ
ဖက်ဒရယ်ဆန်သည့် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပြင်ဆင်နိုင်မည်ဟု မန္တလေး၌
ပြောကြားသွားသည်။
ဂျွန်လ ၁၇ မှ ၁၉ ရက်အထိ SNLD ခေါင်းဆောင်းများကိုယ်တိုင် ကွင်းဆင်းပြီး မန္တလေးမြို့၊ မိုးကုတ်မြို့၊ သျှမ်းပြည် မြောက်ပိုင်း မိုင်းလုံ၊ မိုးမိတ်တို့တွင် မြို့နယ်ရုံးခွဲများ ဖွင့်လှစ်မည်ဟုဆိုသည်။ ဂျွန် ၁၇ ရက် မန္တလေးမြို့ ရုံးဖွင့်ပွဲ တွင် ပါတီဥက္ကဌ ခွန်ထွန်းဦးက -
“ဖွဲ့စည်းပုံ ပြင်ဖို့အတွက် စည်းလုံးညီညွတ်မှုမရှိရင် မဖြစ်နိုင် တော့ဘူး။ လက်နက်ကိုင် တိုင်းရင်းသားတွေကလည်း ဖယ်ဒရယ်ဆန်တဲ့ ဖွဲ့စည်းပုံ ဖြစ်စေချင်တယ်။ အစိုးရအတိုက်အခံတွေဘက်ကလည်း အဲတာလိုချင်တယ်။ ဒါမယ့် အခု အဲတာ တွေရဖို့လမ်းမမြင်သေးဘူး။ ဒါလည်းဘဲ ဥပဒေဘောင်ထဲမှာနေတဲ့ သူတွေ လည်း ရွေးကောက်ပွဲ ဝင်မယ်။ အနိုင်ရအောင်ကြိုးစားမယ်။ ပြီးမှ လွှတ်တော်ထဲကနေ ပြင်မယ်လို့ ပြောတယ်။ လက်နက်ကိုင်တပ်ဖွဲ့ တွေ လည်း ကျနော်တို့နဲ့ပူးပေါင်းပြီး တောင်းဆိုသွား ကြမယ်။ တဖက်ကလည်း မိဘပြည်သူ တွေ ဒီဟာကိုနား မလည်ဘဲ ကျနော်တို့နဲ့လက်တွဲ မှုမပြုရင် ဖက်ဒရယ်တို့ ဒီမိုကရေစီတို့ဆိုတာ ရဖို့လွယ်ကူမှာ မဟုတ်ပါဘူး။ ကျနော်တို့တော့ ဖယ်ဒရယ်မရမချင်း နောက်မဆုတ်တမ်း ကြိုးစားသွားမယ်။ ၂၀၀၅- မတိုင်ခင် ကထက် အခြေအနေပိုဆိုးမယ်ဆိုရင်တောင်မှ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်” - ဟု ပြောခဲ့ပါသည်။
သို့သော် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ဝင်မည်မဝင်မည်ကို မဆုံးဖြတ်ရ သေးကြောင်း ပြောခွင့်ရ စိုင်းလိတ်ကပြောသည်။
“ဖွဲ့စည်းပုံပြင်မယ့်ကိစ္စ ခုချိန်အထိ ကောင်းတဲ့အလားအလာ မတွေ့ရသေးဘူး။ တကယ်လို့ အစိုးရရဲ့ အတိုက်အခံ ပါတီထဲက အင်အားကြီးပါတီတခုက ဖွဲ့စည်းပုံမပြင်လို့ ရွေးကောက်ပွဲကိုဆန့်ကျင်ခဲ့ရင် ကျနော်တို့ နိုင်ငံရေး ဘယ် လိုဖြစ်လာနိုင်မလဲ။ အဲ့အချိန်ကျရင် ကျနော်တို့မယိုင်လဲအောင်ဘယ်လို ရပ်တည်ကြမလဲဆိုတာ အရေးကြီး ပါတယ်။” - ဟု ပြောသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် တနိုင်ငံလုံး ဒုတိယမဲ အများ ဆုံးဖြင့်အနိုင်ရရှိခဲ့သောပါတီဖြစ်ပါသည်။ ပါတီ ဥက္ကဌကြီးခွန်ထွန်းဦးနှင့်ခေါင်းဆောင်များ ထောင်တွင်းအကျဉ်း ကျနေသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ပေ။လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင်မူ SNLD သည် သျှမ်းပြည်ရှိ သျှမ်းပါတီ ၂ ခု၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ သျှမ်းနီပါတီ ၂ ခု ၊ အင်အားအကြီးဆုံး ကြံ့ခိုင်ရေးပါတီနှင့် NLD ပါတီတို့အား အကြိတ်အနယ်ယှဉ်ပြိုင်ရ ဖွယ်ရှိနေပါသည်။
သျှမ်းသံတော်ဆင့်
![]() |
မန္တလေးမြို့ ရုံးဖွင့်ပွဲ တွင် ပါတီဥက္ကဌ ခွန်ထွန်းဦးအဖွင့်မိန့်ခွန်းပြောကြားစဉ် |
ဂျွန်လ ၁၇ မှ ၁၉ ရက်အထိ SNLD ခေါင်းဆောင်းများကိုယ်တိုင် ကွင်းဆင်းပြီး မန္တလေးမြို့၊ မိုးကုတ်မြို့၊ သျှမ်းပြည် မြောက်ပိုင်း မိုင်းလုံ၊ မိုးမိတ်တို့တွင် မြို့နယ်ရုံးခွဲများ ဖွင့်လှစ်မည်ဟုဆိုသည်။ ဂျွန် ၁၇ ရက် မန္တလေးမြို့ ရုံးဖွင့်ပွဲ တွင် ပါတီဥက္ကဌ ခွန်ထွန်းဦးက -
“ဖွဲ့စည်းပုံ ပြင်ဖို့အတွက် စည်းလုံးညီညွတ်မှုမရှိရင် မဖြစ်နိုင် တော့ဘူး။ လက်နက်ကိုင် တိုင်းရင်းသားတွေကလည်း ဖယ်ဒရယ်ဆန်တဲ့ ဖွဲ့စည်းပုံ ဖြစ်စေချင်တယ်။ အစိုးရအတိုက်အခံတွေဘက်ကလည်း အဲတာလိုချင်တယ်။ ဒါမယ့် အခု အဲတာ တွေရဖို့လမ်းမမြင်သေးဘူး။ ဒါလည်းဘဲ ဥပဒေဘောင်ထဲမှာနေတဲ့ သူတွေ လည်း ရွေးကောက်ပွဲ ဝင်မယ်။ အနိုင်ရအောင်ကြိုးစားမယ်။ ပြီးမှ လွှတ်တော်ထဲကနေ ပြင်မယ်လို့ ပြောတယ်။ လက်နက်ကိုင်တပ်ဖွဲ့ တွေ လည်း ကျနော်တို့နဲ့ပူးပေါင်းပြီး တောင်းဆိုသွား ကြမယ်။ တဖက်ကလည်း မိဘပြည်သူ တွေ ဒီဟာကိုနား မလည်ဘဲ ကျနော်တို့နဲ့လက်တွဲ မှုမပြုရင် ဖက်ဒရယ်တို့ ဒီမိုကရေစီတို့ဆိုတာ ရဖို့လွယ်ကူမှာ မဟုတ်ပါဘူး။ ကျနော်တို့တော့ ဖယ်ဒရယ်မရမချင်း နောက်မဆုတ်တမ်း ကြိုးစားသွားမယ်။ ၂၀၀၅- မတိုင်ခင် ကထက် အခြေအနေပိုဆိုးမယ်ဆိုရင်တောင်မှ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်” - ဟု ပြောခဲ့ပါသည်။
သို့သော် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ဝင်မည်မဝင်မည်ကို မဆုံးဖြတ်ရ သေးကြောင်း ပြောခွင့်ရ စိုင်းလိတ်ကပြောသည်။
“ဖွဲ့စည်းပုံပြင်မယ့်ကိစ္စ ခုချိန်အထိ ကောင်းတဲ့အလားအလာ မတွေ့ရသေးဘူး။ တကယ်လို့ အစိုးရရဲ့ အတိုက်အခံ ပါတီထဲက အင်အားကြီးပါတီတခုက ဖွဲ့စည်းပုံမပြင်လို့ ရွေးကောက်ပွဲကိုဆန့်ကျင်ခဲ့ရင် ကျနော်တို့ နိုင်ငံရေး ဘယ် လိုဖြစ်လာနိုင်မလဲ။ အဲ့အချိန်ကျရင် ကျနော်တို့မယိုင်လဲအောင်ဘယ်လို ရပ်တည်ကြမလဲဆိုတာ အရေးကြီး ပါတယ်။” - ဟု ပြောသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် တနိုင်ငံလုံး ဒုတိယမဲ အများ ဆုံးဖြင့်အနိုင်ရရှိခဲ့သောပါတီဖြစ်ပါသည်။ ပါတီ ဥက္ကဌကြီးခွန်ထွန်းဦးနှင့်ခေါင်းဆောင်များ ထောင်တွင်းအကျဉ်း ကျနေသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ပေ။လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင်မူ SNLD သည် သျှမ်းပြည်ရှိ သျှမ်းပါတီ ၂ ခု၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ သျှမ်းနီပါတီ ၂ ခု ၊ အင်အားအကြီးဆုံး ကြံ့ခိုင်ရေးပါတီနှင့် NLD ပါတီတို့အား အကြိတ်အနယ်ယှဉ်ပြိုင်ရ ဖွယ်ရှိနေပါသည်။
သျှမ်းသံတော်ဆင့်
NNER ဒုတိယအကြိမ် ညီလာခံ ယနေ့ စတင်ဖွင့်လှစ်
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အာသောကဘုန်းကြီးကျောင်း မှာ မတ်လ ၄ ရက်နေ့က NNER သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
photo: Kyaw Htoon Naing/RFA
မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ရဲ့ ဒုတိယအကြိမ် ညီလာခံကို ဒီနေ့ ဇွန်လ ၁၈ ရက်နေ့ကနေ ၂ဝ ရက်နေ့ထိ ရန်ကုန်မြို့မှာ ၃ ရက်တာကျင်းပမှာ ဖြစ်ပါတယ်။
ဒီညီလာခံမှာ ကွန်ရက်ဖွဲ့စည်းခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေသုံးသပ်တာ၊ ရှေ့လုပ်ငန်း စဉ်ဆွေးနွေးတာတွေအပြင် ဒီမိုကရေစီပညာရေးစနစ်တစ်ခု ပေါ်ပေါက်လာဖို့ ကွန်ရက်ကို ပိုမိုကျယ်ပြန့်အောင် ကြိုးစားမယ့်အစီအစဉ်တွေပါဝင်တယ်လို့ NNER အဖွဲ့ဝင် ဒေါ်သူသူမာက RFA ကိုပြောပါတယ်။
ညီလာခံကို တိုင်းနဲ့ပြည်နယ်အသီးသီးက ကွန်ရက်အဖွဲ့ဝင်တွေဖြစ်တဲ့ ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေနဲ့ ပညာရှင်တွေတက်ရောက်မှာဖြစ်ပြီး ခဝဲခြံမျက်မမြင်ကျောင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ NNER ကွန်ရက်အဖွဲ့ဝင် ဒေါ်သူသူမာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
RFA
အယ်လ်ကိုင်းဒါးခေါင်းဆောင် လုပ်ကြံခံရမှုဖြင့် ဆော်ဒီ ၂ ဦးကို သတ်ဖြတ် (ရုပ်သံ)
ယီမင်နိုင်ငံတွင်းက အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေက သူတို့ခေါင်းဆောင်ကို လုပ်ကြံဖို့ ခြေရာခံကိရိယာ တပ်ဆင်မှုနဲ့ ဆော်ဒီနိုင်ငံသား ၂ ယောက်ကို သူလျှိုလို့ စွပ်စွဲပြီး ဇွန် ၁၇ ရက်နေ့က သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်သီတင်းပတ်က သံသယဖြစ်ဖွယ် အမေရိကန် မောင်းသူမဲ့လေယာဉ် ပစ်ခတ်မှုကြောင့် အယ်လ်ကိုင်းဒါး ခေါင်းဆောင်ကို လုပ်ကြံနိုင်ဖို့ ခြေရာခံပစ္စည်းကို တပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အယ်လ်ကိုင်းဒါး စစ်ဦးစီးမှူး အတော်များများရဲ့ တည်နေရာကို အတိအကျ ပြနိုင်တဲ့ ချစ်ပ်စ် ပြားတွေကို လတ်တလော လတွေအတွင်း ဒီလူတွေက တပ်ဆင်ခဲ့တယ်လို့ အယ်လ်ကိုင်းဒါးတွေက စွပ်စွဲခဲ့ကြတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
အယ်လ်ကိုင်းဒါးတွေကို ထောက်ခံသူတွေက လူမှုကွန်ရက် မီဒီယာပေါ်တင်တဲ့ ရုပ်ပုံတွေထဲမှာ လက်နက်ကိုင် စစ်သွေးကြွတွေက ကမ်းခြေသဲပြင်ပေါ် ဒူးထောက်ပြီး မျက်စိကို အဝတ်စည်းထားတဲ့ အမျိုးသား ၂ ယောက်ကို ဝန်းရံထားပုံတွေ ပါဝင်ပါတယ်။
နောက်ဓာတ်ပုံတွေထဲမှာတော့ အလောင်းတွေကို သစ်သားပြားမှာချည်ပြီး တံတားတစင်းကနေ တွဲလောင်းချထားတာ တွေ့ရတာပါ။
မြင့်မြတ်တဲ့ စစ်သူရဲတွေကို ဗုံးခွဲဖို့ အမေရိကန်လေယာဉ်တွေကို ညွှန်ကြားတဲ့ ဆော်ဒီအိမ်လို့ ရေးထားတဲ့ စာတမ်းကိုလည်း တွေ့ရပါတယ်။
ဇွန် ၁၇ ရက်နေ့ နှောင်းပိုင်းက အယ်လ်ကိုင်းဒါးတွေသုံးတဲ့ မူကာလာ ဟိုတယ်ကို အမေရိကန် မောင်းသူမဲ့ လေယာဉ်လို့ သံသယရှိတဲ့ လေယာဉ်က ဗုံးကြဲလို့ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အယ်လ်ဝူဟေရှီ အပါအဝင် လူ ၆ ယောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ သတင်းပေးတွေကို အားကိုးပြီး လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်လေ့ရှိတယ်လို့ အကဲခတ်တွေနဲ့ ယီမင်အစိုးရ အရာရှိတွေက ပြောပါတယ်။
အာရေဗျကျွန်းဆွယ် အယ်လ်ကိုင်းဒါးအဖွဲ့ (AQAP) ကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့ ဆော်ဒီအာရေဗျဟာ တိုင်းရင်းသားနဲ့ မိသားစု အဆက်အသွယ်ကွန်ယက်ကို သုံးလေ့ ရှိပါတယ်။
ယီမင်နိုင်ငံရေး ပရမ်းပတာ ဖြစ်မှုနဲ့ အကြမ်းဖက်မှုတွေ လချီ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ဧပြီလက စစ်တပ်က ဆုတ်ခွာပြီးတည်းက နိုင်ငံရဲ့ အရှေ့တောင်ဘက်က ဟာဒျာမောက်ခရိုင်ရဲ့ မြို့တော် မူခါလာမှာ အယ်လ်ကိုင်းဒါးတွေက ပြောင်ပြောင်တင်းတင်း လှုပ်ရှားနေပါတယ်။
မကွေးတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူး ငြိမ်းစုစီပုဒ်မနှင့် ပြစ်ဒဏ်စီရင်ခံရ
ဦးနေမျိုးကျော်
မကွေးတိုင်း မကွေးမြို့နယ်တရားရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်ကို ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ပုဒ်မ ၁၈ ကို ကျူးလွန်ကြောင်း ထင်ရှားတယ်လို့ ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချမှတ်ပါတယ်။
မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဘုရားဝင်းမှာ မနှစ် ၆ လပိုင်း ၁၉ ရက်နေ့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ခွင့်ပြုချက်မရဘဲ ကျင်းပတယ်ဆိုပြီး မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ထွေးကိုက စွဲဆိုတဲ့အပေါ် စစ်ဆေးပြီး ဇွန်လ ၁၅ ရက်နေ့မှာ စီရင်ချက်ချပါတယ်။
ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၁ လ စီရင်ခဲ့တဲ့အပေါ် ဒဏ်ငွေပေးဆောင်ခဲ့တဲ့ ဦးနေမျိုးကျော်က ဒီတရားရုံးစီရင်ချက်ဟာ တရားစီရင်ရေးကျင့်ဝတ်ကို ဖောက်ဖျက်တယ်လို့ ဝေဖန်ပါတယ်။
သူက “ဒီဒဏ်ငွေ ၂ သောင်းက တရားမျှတမှုမရှိဘူး။ ဒီဆုံးဖြတ်ချက်ဟာ လက်သင့်မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တရားဥပဒေမှာလည်း ပုဒ်မ ၄၀၃ နဲ့ ဖြစ်စဉ်တခုတည်းကို အမှု ၂ မျိုး၊ ၃ မျိုးနဲ့ တရားစွဲဆိုခွင့်မရှိဘူး။ ဒါ တရားစီရင်ရေးရဲ့ ကျင့်ဝတ်ဥပဒေပဲ။ နောက်တခုက ၁၉၇၃ ခုနှစ် စကားရပ်များဆိုင်ရာ အဓိပ္ပာယ် ထွက်ဆိုချက်မှာလည်း ဖြစ်စဉ်တခုတည်းကို ပုဒ်မတခုနဲ့ အရေးယူ အပြစ်ပေးထားပြီးသား ကိစ္စတခုကို နောက်ထပ်ပုဒ်မ ၁ ခုနဲ့ ထပ်မံတရားစွဲဆို အရေးယူမှု လုပ်ခွင့်မရှိဘူး” လို့ ပြောပါတယ်။
ဒီလူထုဟောပြောပွဲနဲ့ပတ်သက်လို့ ဦးနေမျိုးကျော်ဟာ သုံးကြိမ်တိုင် တရားစွဲဆိုခံခဲ့ရပါတယ်။ ပထမဆုံးအကြိမ်က ဟောပြောပွဲကျင်းပပြီး ရက်ပိုင်းအကြာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက တရားလိုပြုပြီး ခွင့်ပြုချက်မရဘဲ အသံချဲ့စက်ဖွင့်မှု (ပုဒ်မ ၂၇) နဲ့ စွဲဆိုမှုဖြစ်ပြီး တရားရုံးက ဦးနေမျိုးကျော်ကို ငွေဒဏ် ၃၀၀၀ ကျပ် ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဟောပြောပွဲအပြီး ၁ လကျော်ကြာမြင့်တဲ့ စက်တင်ဘာလလယ်မှာတော့ မကွေးတိုင်း သာသနာရေးဦးစီးမှူး ဦးသောင်းရွှေက ထပ်မံပြီး ဒီပွဲဖြစ်မြောက်အောင် ပူးပေါင်းလုပ်ဆောင်ကြတဲ့ မကွေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးနေမျိုးကျော်၊ ဦးသန်းအောင်၊ ဦးသန်းနိုင်၊ ဦးချစ်ထွေး၊ ဦးရဲတင့်၊ ဦးစိုးမိုးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း မကွေးမြို့က ဦးလှဆန်း၊ ဦးမောင်မောင်စိုး၊ ဦးသန်းထွန်းအောင်၊ ဦးညိုအေးနဲ့ ဦးထွန်းဦးခိုင်တို့ ၁၁ ဦးကို ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခဲ့ပါတယ်။ ဒီအမှုကို လေးလခွဲခန့်ကြာ မြို့နယ်တရားရုံးမှာ တရားရင်ဆိုင်ရပြီးနောက် တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး တရားသေလွှတ်ခဲ့ပါတယ်။
တရားရုံးဆုံးဖြတ်တဲ့နေ့မှာပဲ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ထွေးကိုက ခွင့်ပြုမိန့်မရဘဲနဲ့ ဟောပြောပွဲ ကျင်းပတယ်ဆိုပြီး ငြိမ်းစုစီပုဒ်မ ၁၈ နဲ့ ထပ်မံတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ဦးနေမျိုးကျော်က သူတို့ဟာ ဒီဟောပြောပွဲနဲ့ ပတ်သက်လို့ ဥပဒအရ မြို့နယ်ရဲတပ်ဖွဲ့နဲ့ တိုင်းရဲတပ်ဖွဲ့ကို စာတင်ခဲ့ကြောင်း၊ ဘုရားဂေါပက၊ အုပ်ချုပ်ရေးမှူးအဆင့်ဆင့်နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သူက ပြောပါတယ်။
ဦးနေမျိုးကျော်က တရားရုံးရဲ့ စီရင်ချက်ကို မကျေနပ်လို့ အယူခံဆက်တက်မယ်လို့ ပြောပါတယ်။
“လက်ရှိ တရားစီရင်ရေးစနစ်ကသော်လည်းကောင်း၊ အုပ်ချုပ်ရေးအရ ၀င်ရောက်စွက်ဖက်မှုအရသော်လည်းကောင်း၊ အခုလို အဆင့်ဆင့် အရေးယူတယ်ဆိုတာဟာ လုံးဝ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုတဲ့ ဒီလိုနိုင်ငံမျိုးမှာ မဖြစ်သင့်ဘူး။ ဒါနဲ့ပတ်သက်ပြီး တရားမျှတမှုအတွက် အမှန်တရားအတွက် ရင်ဆိုင်သော်လည်းပဲ အခုလို ဒဏ်ငွေ ၂ သောင်း၊ ထောင်ဒဏ် ၁ လဆိုတာကိုက တော်တော်ကို ပြင်းထန်တယ်။ ဒါကြောင့်မို့ ကျနော် လုံးဝ သဘောမတူဘူး။ အယူခံတက်မယ်။” လို့ ပြောပါတယ်။
ဟောပြောပွဲကျင်းပပြီး တနှစ်တာ ကြာမြင့်ချိန်မှာ အမှု ၃ မှုကို ရင်ဆိုင်အချိန်ပေးရတဲ့အတွက် နစ်နာပြီး အလုပ်ပျက်စေတယ်လို့ သူကပြောဆိုပြီး တရားစီရင်ရေးမှာ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်တယ်လို့ ထောက်ပြပါတယ်။
“ဥပဒေပုဒ်မတွေအရ အရေးယူခံရရင်တောင်မှပဲ ဒဏ်ငွေတို့၊ အမြင့်ဆုံးထောင်ဒဏ်တို့က ၅ လ ၆ လလောက်ပဲ ဖြစ်နေရင် ၉ လလောက်ကြာမှ တရားစွဲဆိုတော့ အလွန်အင်မတန် တဘက်ကို နစ်နာတယ်။ အဲဒါ ရဲကိုပြောတော့ “ဒါ ကျနော်တို့ကို ချက်ချင်းတရားစွဲဆိုဖို့ ခိုင်းတာမျိုး မလုပ်ပါဘူးလို့ ကျနော်တို့ကို ရဲက ပြောတာပဲဗျ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အုပ်ချုပ်ရေးရဲ့ စွက်ဖက်မှုတွေ ရှိနေတယ်ဆိုတာ အလွန်အင်မတန် ထင်ရှားတယ်ဗျ။” လို့ ဦးနေမျိုးကျော်က ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ ခက်ခက်ခဲခဲ ဖြတ်ကျော်ရဖို့ စီစဉ်ထားတဲ့ ပုဒ်မဖြစ်ပြီး ဒီပုဒ်မ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲပြီး နိုင်ငံတ၀န်းမှာ ဟောပြောစည်းရုံးခဲ့သလို ကောက်ခံရရှိတဲ့ လက်မှတ် ၅ သန်းကျော်ကို ပြည်ထောင်စုလွှတ်တော်ဆီ ပေးပို့ခဲ့ပါတယ်။
DVB
တိုင်းရင်းသားများ တောင်းဆိုချက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝေဖန်ပြစ်တင်
ဗိုလ်ချုပ်မှူးကြီးနှင့် ဆွစ်ဇာလန်သံအမတ် တွေ့ဆုံစဉ် (ဓာတ်ပုံ - Senior General Min Aung Hlaing )
ဇွန်လ ၁၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ခရစ္စတိုဖာဘာဂျီနာတို့ တွေ့ဆုံခိုက် ပြောကြားခဲ့တာပါ။
အဲ့ဒီတွေ့ဆုံပွဲမှာ ကာကွယ်ရေးဦးစီးချုပ်က “ဖက်ဒရယ်ကို အခြေခံသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းရာတွင် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးသည် အရေးကြီးကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည်၏ ပကတိ အခြေအနေ အရပ်ရပ်ကို သိရှိဖို့ လိုကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တောင်းဆိုမှုများသည် အဓိပ္ပာယ်တမျိုး သက်ရောက်နေကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်စေမည့် အခြေအနေများ တွေ့ရှိရကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည့် လှုံ့ဆော်မှုများကိုလည်း တွေ့ရှိရကြောင်း “ စသဖြင့် ပြောဆိုခဲ့တာပါ။
ပြည်ထောင်စုအင်စတင်ကျုက ဦးခွန်ဆိုင်းကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အခုလို ပြောဆိုမှုဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အပစ်ရပ်စာချုပ်လက်မျတ်ထိုးဖို့ တမင်သက်သက်အချိန်ဆွဲနေတယ်လို့ မြင်ပြီး ပြောတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“တပ်မတော်ဘက်က မြင်တာက ၁ နှစ်ခွဲကျော် အချိန်ယူပြီးတော့မှ ကြိုးစားပမ်းစားနဲ့ စာချုပ်မူကြမ်းကို လုပ်ခဲ့တယ်။ အခု ဆက်လုပ်နေတဲ့ဟာက တမင်သက်သက် အချိန်ဆွဲတယ်လို့ သူတို့ မြင်ပုံရတယ်။ အဲ့ဒီလို မြင်ပုံရတဲ့အတွက်ကြောင့် ဒီဝေဖန်သုံးသပ်မှုက အခုလိုမျိုးပေါ်လာတာပေါ့။”
ကာကွယ်ရေးဦးစီးချုပ်ဟာ ပြီးခဲ့တဲ့အပတ်ထဲ ဂျပန်သတင်းဌာနတခုနဲ့ တွေ့ဆုံခန်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ဟာ မတရားသဖြင့် ရရှိထားတဲ့ ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ဖို့ လုပ်ဆောင်နေကြတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါသေးတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့လည်း ဦးခွန်ဆိုင်းက အကျိုးစီးပွားဆိုတဲ့နေရာမှာ နှစ်ဘက်စလုံးက အနည်းစုမှာ ရှိနေတာဖြစ်လို့ တပ်မတော် ခေါင်းဆောင်တယောက်အနေနဲ့ မပြောသင့်ဘူးလို့ မှတ်ချက်ပေး ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လော်ခီးလာညီလာခံက အပစ်ရပ်စာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဝေဖန်ပြစ်တင် ပြောဆိုချက်တွေ ဆက်တိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
DVB
ဇွန် ၁၈ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
ဇွန် ၁၈ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့...
အမေရိကန် ၁ ဒေါ်လာကို ၁၁၀၅ ကျပ်၊
၁ ယူရိုငွေကို ၁၂၅၅ ဒသမ ၁ ကျပ်၊
မလေးရှား ၁ ရင်းဂစ်ကို ၂၉၅ ဒသမ ၈၉ ကျပ်၊
စင်ကာပူ ၁ ဒေါ်လာကို ၈၂၆ ဒသမ ၈၈ ကျပ်၊
ထိုင်း ၁ ဘတ်ကို ၃၂ ဒသမ ၈၄ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၇၂၀၀၀၀ ဖြစ်ပြီး ရောင်းဈေးက ၄၀၀၀ ကျပ် ပိုပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၁၈၈ ဒသမ ၂ ဒေါ်လာ ဈေးပေါက်ပါတယ်။
နိုင်ငံသားပေးရေးကိစ္စ သတိထားဖို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား
လူနည်းစုတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ရေးကိစ္စဟာ အင်မတန် ထိလွယ်ရှလွယ် သိမ်မွေ့လွန်းတာမို့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများကြီး သတိထားလုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
မနေ့ညက ထွက်လာတဲ့ အမေရိကန် ပြည်ထောင်စုက ဝါရှင်တန်ပို့စ် သတင်းစာကြီးနဲ့ အင်တာဗျူး မေးမြန်းခန်းမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးသင့်ပါသလားလို့ မေးမြန်းတာကို သူက တိုက်ရိုက် မဖြေပဲ အခုလို ပြောသွား တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးအုပ်စုတွေ လူမျိုးရေး အုပ်စုတွေ အများအပြားရှိနေပြီး အုပ်စုကို တစ်ခုခု လုပ်ပေးလိုက် ရင် တခြား အုပ်စုတစ်စုကို ဆက်နွယ်ထိပါးသွားနိုင်ပါတယ်။ ဒီလို အင်မတန်နက်နဲ ရှုတ်ထွေးတဲ့ ကိစ္စရပ်မျိုးကို နေ့ချင်းညချင်း အချိန်တိုတိုနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အဲ့ဒီမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။ မြန်ဆန်ထိရောက်စွာ သတိကြီးစွာနဲ့ ကိုင်တွယ်ရမှာဖြစ်ပြီး အစိုးရအနေနဲ့ လုပ်ဆောင်နေတာတွေဟာ ကျေနပ်လုံလောက်စရာ ရှိရဲ့လားဆိုတာ ပြောရမှာခက်တယ်လို့ ဆိုပါတယ်။
RFA Burmese
တောင်ပိုင်း ၀ စစ်ရေးတင်းမာမှုကြောင့် မြောက်ပိုင်း ၀ နယ် ၌ စစ်ဆင်ရေးအထူးလေ့ကျင့်
![]() |
ဓါတ်ပုံ- စစ်ရေးလေ့ကျင့်မှုကို အားပေးနေသော ၀ ဒုစစ်ဦးစီးချုပ် ကျောက်ကျုံး တန်း |
သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်နှင့် မိုင်းဆတ်ခရိုင် ထိုင်းနယ်စပ်တလျှောက် စစ်ရေးတင်းမာမှုကြောင့် UWSA ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ထိန်းချုပ် တရုတ်နယ်စပ် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း စစ်ရေးအထူး လေ့ကျင့်နေကြောင်း ကြားသိ ရသည်။
သျှမ်းပြည်အရှေ့ပိုင်း ပန်ဝိုင်၊ နားဖန်း၊ မိုင်းမော နှင့် ပန်ဆန်းမြို့နယ်များ အတွင်း UWSA ၀တပ်ဖွဲ့က လေယာဉ်ပစ်သေနတ်၊ တိုက်ပွဲဝင် သံချပ်ကာ ကား၊ လက်နက်ကြီးများ၊ သုံးစွဲမှုမရှိသည့် သေးသည့် သေနတ်များ ထုတ်ဖေါ် ကာ စစ်ရေးအထူးလေ့ကျင့် နေကြောင်း အမည်မဖေါ်လိုသည့် ၀ ကေဒါ တဦးကပြောသည်။
“တပ်စခန်းတက်သိမ်းသလို၊ ရန်သူကို တိုက်နေသလို လေ့ကျင့်ရတယ်။ ၁၀၅ ၊ ၁၂၀ တွေ ပါတယ်။ ကျနော်တို့ကတော့မကိုင်ရဘူး။ တခြားတွေဟာလဲ ရှိမှာပေါ့ ၊ လေ့ကျင့်ရေး စတာ ၄-၅ ရက်လောက် ရှိပြီ” - ဟု အဆိုပါ အရာရှိ ကပြောသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ပစ်ခတ် ကွင်းတွင် ၀ ဒုစစ်ဦးစီးချုပ် ကျောက်ကျုံး တန်း ၊ ပြောရေးဆိုခွင့် ဦးအောင်မြင့် နှင့် အရာရှိ ၀ လူကြီးမင်းများ တက်ရောက်ကြသည်ဟု ဆိုသည်။
“မိုင်းလားနဲ့ မိုင်းပေါက် ဘက်မှာ ထူးခြားလှုပ်ရှားတာမရှိဘူး။ တောင်ပိုင်း ထိုင်းနယ်စပ်ကတော့ အခြေ အနေ သိပ်မကောင်းသေးဘူး။ ခရီးသွားလာ ခွင့်ပိတ်ပင်တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ က အခြေ အနေကြည့်ပြီး မသွားရဲတာ။ ကုန်တင်၊ ခရီးသည်တင်ကားတွေက” - ဟု တာချီလိတ် တပ်အသိုင်း အဝိုင်းကပြောသည်။
ဂျွန် ၁၇ ရက်နေ့ ည ပိုင်း ၁၀ နာရီအချိန် တြိဂံစစ်တိုင်းရုံးမှ ရောက်ရှိလာသည့် အစိုးရတပ် သံချပ်ကာ ကားများ တာချီလိတ်မြို့မှ မိုင်းဆတ်မြို့အသွား လမ်း ဘက်သို့ ဦးတည်သွားနေကြောင်း တာချီလိတ် ဒေသခံ လုံးကျောဝ့်ကပြော သည်။
၁၉၉၈ ခုနှစ်က သျှမ်းပြည်တပ်မတော်အား တိုက်ခိုက်ခြေမှုန်းရန် (ထိုစဉ်) စစ်အစိုးရ နိုင်ငံတော်ဝန်ကြီး ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့်၏အမိန့်ဖြင့် ထိုင်းနယ်စပ်သို့ ၀ တပ်ဖွဲ့များ ရောက်ရှိလာခြင်းဖြစ် သည်။
၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးသည့် အပေါ် ၀ တပ်ဖွဲ့များက ငြင်း ဆန်သောကြောင့် ထိုစဉ်ကလည်း စစ်ရေးတင်းမာ မှုဖြစ်ခဲ့ဖူးသည်။ မြောက်ပိုင်းဝ နယ်သို့ အားလုံး တပ်ရုပ်ပြန်ကြရန်လဲ စစ်အစိုးရ က ညွှန်ကြားခဲ့ဖူးသည်။
သျှမ်းသံတော်ဆင့်
၂၀၁၆ ထိ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အီးယူဆုံးဖြတ်
![]() |
ယူကရိန်းအရှေ့ပိုင်းမှာ မငြိမ်မသက်မှု ဆက်ဖြစ်နေ (Credit: Reuters) |
အီးယူအဖွဲ့ဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံက သံအမတ်တွေ စုပေါင်းတွေ့ဆုံပြီးနောက် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လုပ်ဖို့ သဘောတူခဲ့ကြတာပါ။
အဲဒီ သဘောတူညီချက်ကို အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေက လာမယ့် တစ်ပါတ်မှာ တွေ့ဆုံဖို့ရှိပြီး အဲဒီမှာ အပြီးသတ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။
မနေ့တုန်းကပဲ အနောက်အုပ်စု နေတိုးအဖွဲ့အနေနဲ့ တပ်နေရာ ချထားမှုတွေ ပိုလုပ်မယ်လို့ ပြောပါတယ်။
ရုရှား သမ္မတက သူတို့ရဲ့ လက်နက်တိုက်ထဲကို ပဲ့ထိန်းဒုံးပေါင်း ၄၀ ထည့်သွင်းမယ်လို့ ပြောဆိုပြီးနောက် နေတိုးအဖွဲ့က အဲလို ပြောဆိုလိုက်တာပါ။
ရုရှားက ယူကရိန်းအရှေ့ပိုင်းမှာ ကွဲပြဲမှုတွေ ဖြစ်အောင် လုပ်ဆောင်နေတဲ့အပေါ် ကာကွယ်ဖို့ လိုအပ်တဲ့အတွက် တပ်နေရာ တိုးထားတာလို့ ဆိုပါတယ်။
ရုရှားကတော့ သူတို့နယ်နဲ့ နီးတဲ့ နေရာကို နေတိုးရောက်လာတာ ဖြစ်ပြီး သူတို့က နေတိုးဆီ သွားပြီး ရန်စနေတာ မဟုတ်ဘူးလို့ တုန့်ပြန်ထားပါတယ်။
ယူကရိန်းနိုင်ငံ ကွဲပြားအောင် ရုရှားက ယူကရိန်းသူပုန်တွေကို စစ်အင်အားတွေ၊ လက်နက်တွေ ကူညီတယ်လို့ အနောက်တိုင်းနိုင်ငံက ယုံကြည်တဲ့အတွက် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
ABC Radio Australia
ထိုင်းအနွယ် မြန်မာနိုင်ငံသားဒုက္ခသည်တွေ ထိုင်းနိုင်ငံသားဖြစ်လာ
![]() |
ထိုင်းနိုင်ငံသား အဖြစ် အသိအမှတ် ပြုခံ လိုက်ရတဲ့ မြဝတီမြို့နယ် ဟွေ့စန့်ရွာသားတွေ။ |
အဲဒီလို ထိုင်းနိုင်ငံသား မှတ်ပုံတင်ကတ် တွေ ရသွား တဲ့အမျိုးသား ၃ ယောက် နဲ့အမျိုးသမီး ၃ ယောက် ဟာ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ မြို့နယ် ထဲက ဟွေ့စန့်ရွာသား တွေ ဖြစ်ကြ ပါတယ်။
သူတို့ဟာ ကရင်ပြည်နယ် တွင်း စစ်ပွဲတွေကြောင့် လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ကတည်းက စစ်ပြေး ဒုက္ခသည် တွေ အဖြစ် နဲ့ ထိုင်းဘက် ကို ထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင် လာတဲ့ သူတွေ ထဲက ဖြစ်ပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံသား ဖြစ်ခွင့် လျှောက် ထားခဲ့ကြ တာ နှစ် အတော် ကြာ သွားပါပြီ။
ကြံ့ကြာ နေတဲ့ အတွက် ထိုင်း ရှေ့နေများ ကောင်စီ ရဲ့ အကူအညီ နဲ့ အခြေခံ ဥပဒေ တရားရုံး မှာ ထိုင်း ပြည်ထဲရေး ဝန်ကြီး ဌာန ကို တရားစွဲတာ အနိုင် ရသွား လို့ အခုလို ချက်ချင်း ထိုင်းနိုင်ငံသား မှတ်ပုံတင် ကတ်ပြား တွေ ရသွား ကြတာပါ။
ထိုင်းအစိုးရ ဟာ တဆက်တည်း မှာပဲ မဲဆောက် အပါအဝင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် နယ်စပ် ၅ မြို့နယ် အတွင်းက ထိုင်း အနွယ်ဖွား မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည် တွေ အားလုံးကို ပါ ထိုင်း နိုင်ငံသား မှတ်ပုံတင် တွေ ထုတ်ပေး လိုက်ဖို့ အခု ဇွန်လ ၈ ရက်နေ့ နေ့စွဲ နဲ့ အမိန့် ထုတ်ပြန် ခဲ့ ပါတယ်။
ထိုင်းအနွယ်ဖွား မြန်မာ နိုင်ငံသား ဆိုတာ မြန်မာနိုင်ငံ နယ်နိမိတ် ထဲမှာ နေထိုင် တဲ့ ထိုင်း လူမျိုးတွေ နဲ့ အနွယ်တူ လူမျိုးတွေ ကို ဆိုလိုတာပါ။
ထိုင်း နိုင်ငံသားရဖို့ ကျန်နေသေးတဲ့ မဲဆောက်က လူ ၄ ရာကျော် လည်း နဲ့ ပတ်သက်ပြီး တော့ လည်း အမြန်ဆုံး မဲဆောက် မြို့ပိုင်ရုံး ကို လာပြီး ဆက်သွယ်ကြဖို့ နဲ့ လာမယ့် ဇူလိုင်လ ၁ ရက် နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ လုပ်မှာ ဖြစ်တယ် လို့ နိုင်ငံမဲ့ တွေ အရေး ဆောင်ရွက် ပေးနေတဲ့ ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေး၊ နိုင်ငံမဲ့များအရေး နဲ့ ရွှေ့ပြောင်း အလုပ်သမား ရေးရာ ဌာန တာဝန်ခံ နိုင်ဆူရဖုန် ကောင်ကျန်ထစ် က ဘီဘီစီ ကို ပြောပါတယ်။
ကျမ်း သစ္စာ ပြုပွဲအ ပြီး ၃ လ အတွင်း အားလုံး ထိုင်း နိုင်ငံသား မှတ်ပုံတင် ကတ်ပြားတွေ ရ ကြမယ် လို့ လည်း နိုင်ဆူရဖုန် ကောင်ကျန်ထစ် က ဆိုပါတယ်။
တာ့ခ် ခရိုင် ထဲမှာ ထိုင်းနွယ်ဖွား မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည် တွေ သောင်းနဲ့ချီ ရှိခဲ့ ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် တလျှောက် လုံးမှာ ဆိုရင်တော့ တစ်သိန်း ကျော်ပါတယ်။
ထိုင်း အစိုးရ အဆက်ဆက် က အဲဒီ လူတွေကို တသုတ်ပြီး တသုတ် နိုင်ငံသား ပေးလာ ခဲ့ပေမယ့် အခု အချိန် အထိ ထိုင်း-မြန်မာ နယ်စပ် တလျှောက်လုံး မှာ ထိုင်း နိုင်ငံသား ရဖို့ စောင့်ဆိုင်း နေသူ တွေ သောင်းနဲ့ ချီ ကျန်နေ ပါသေးတယ်။
BBC Burmese
ယူ၂၃ အသင်းကို သောင်းသောင်းဖျဖျ ကြိုဆို
![]() |
ငွေတံဆိပ် ဆုရှင် အသင်းကို အပြန်လမ်းမှာ ကြိုဆို |
ရန်ကုန်လေဆိပ်မှာ မြန်မာ ပရိသတ်တွေက အသင်းသားတွေကို ပန်းကုံးတွေ စွပ်ကြတဲ့ အပြင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့သလို လမ်းတလျှောက် မှာလည်း သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။
လေဆိပ် တာဝန်ရှိသူ တွေက ပရိသတ်ကို အတွင်းထဲအထိ ဝင်ရောက်ကြိုဆိုခွင့် ပေးခဲ့တယ်လို့လည်း မြန်မာ့လက်ရွေးစင် ဘောလုံး သမားဟောင်း ဦးအေးမောင်ကြီးက ပြောပါတယ်။
ရွှေတံဆိပ် မရပေမဲ့ ဒီအဆင့်နဲ့ ပြန်လာနိုင် တာကို ပရိသတ်က ကျေနပ်ကြတဲ့ သဘောမျိုး ဖြစ်တယ်လို့ ဦးအေးမောင်ကြီးက ပြောပါတယ်။
ဘောလုံးသမားတွေဟာ အနိုင်အရှုံးကို ပဓာန မထားဘဲ အစွမ်းကုန် ကြိုးစားခဲ့ကြလို့ အကြို ဗိုလ်လုပွဲမှာ နိုင်ခဲ့တာလို့ သူက ပြောပါတယ်။
နောက်ဆုံး ဗိုလ်လုပွဲမှာတော့ အတွေ့အကြုံသာတဲ့ ထိုင်းအသင်းရဲ့ ပရိယာယ်ကို မလိုက်နိုင်ခဲ့ဘူးလို့လည်း ဦးအေးမောင်ကြီးက ပြောပါတယ်။
မြန်မာ့ ဘောလုံးလောက တချိန်ကလို ပြန်ဖြစ်ဖို့ ဆိုရင် ဘောလုံးကွင်းတွေ ထဲမှာ ကစားသမားတွေ များများ ရှိနေဖို့ လိုတယ်၊ ဘောလုံးသမားတွေ မွေးထုတ်ပေးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
အခုအခြေအနေမှာ ဘောလုံးလောက မျိုးဆက်ပြတ် သွားပြီဖြစ်ပြီး ပြည်နယ်နဲ့တိုင်း ဘောလုံးပွဲတွေ၊ ကျောင်းသား ပွဲတွေလည်း မရှိတော့တဲ့ အပြင် ကစားသမား တွေလည်း မရှိ၊ ဘောလုံးကွင်းလည်း မရှိ ဖြစ်နေတာကြောင့် ဒါတွေကို ပြန်လည် ထူထောင်ပေးသင့်တယ်လို့ ဦးအေးမောင်ကြီးက ပြောပါတယ်။
BBC Burmese
အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း NLD အမတ်အားလုံး ပါဝင်ဆွေးနွေးမည်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၄၂ ယောက်စလုံး ပါဝင်ဆွေးနွေးမယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး ကျန်တဲ့ NLD ကိုယ်စားလှယ်အားလုံး ဝင်ရောက်ဆွေးနွေးဖို့ အမည်စာရင်းပေးထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
"ကျနော်တို့ တော်တော်များများသွင်းပါတယ်၊ လူတိုင်းနီးပါးပေါ့နော်၊ ပြင်မယ့်ပုဒ်မတွေ ၄၃၆ ( က ) ထဲမှာပါတာရယ်၊ ၄၃၆ ( ခ ) ထဲမှာ ပါတာတွေကများတဲ့ အခါကျတော့ ကျနော်တို့လူအကုန်နီးပါးပါဘဲ၊ ဥက္ကဌတော့မပါဘူး၊ ကျန်တဲ့လူတွေကတော့ ကိုယ်ဆွေးနွေးမယ့် ပုဒ်မလေးတွေကို စာရင်းသွင်းထားပါတယ်၊ များသောအားဖြင့် ကတော့ ဥက္ကဌရဲ့လမ်းညွှန်မှုအောက်မှာ ရှိတဲ့အခါကျတော့ ကျနော်တို့ ကျန်တဲ့လူတွေ အကုန်ဆွေးနွေးပါတယ်"
ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းမြင့်၊ ဦးအောင်ကြည်ညွှန့်၊ ဦးနိုင်ငံလင်းနဲ့ ဒေါ်ခင်စန်းလှိုင်တို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမူကြမ်းထဲက အရေးကြီး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉(စ)ကို အဓိကဆွေးနွေးသွား မယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့မူကြမ်းအပေါ် ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေက မနက်ဖြန်နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော် ရုံးမှာ အမည်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
RFA Burmese