Pages
Saturday, September 5, 2015
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးကို မဲပေးဖို့ စည်းရုံး
 နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးဖို့ တိုက်တွန်းထားတဲ့ ထီးနဲ့အတူ ဒေသခံတစ်ဦးကို တွေ့ရစဉ်။ Photo: Win Ko Latt/RFA
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးဖို့ တိုက်တွန်းထားတဲ့ ထီး၊ ယပ်တောင် နဲ့ ကျောင်းသုံးပရိဘောဂတွေကို ကျေးရွာတချို့မှာ ဒီကနေ့ လိုက်လံဝေငှခဲ့ပါတယ်။
ဝန်ကြီး ဦးမြင့်လှိုင်ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးကျော်ဝင်းက ပြောပါတယ်။
"အခုအချိန်မှာ တစ်နိုင်ငံလုံးမှာ ရေဘေးတွေဖြစ်တဲ့အခါမှာ ကျနော်တို့ရဲ့ စားသုံးကုန်တွေ ဈေးတက်သွား တာပေါ့နော်၊ ဝန်ကြီးက ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ သူ့ရဲ့နယ်မြေမှာရှိတဲ့ ဝန်ထမ်းတွေ ပညာရေးမိသား စုတွေများလို့ နောက်တစ်ခုက ထွေအုပ်မိသားစုတွေ ပြည်ထဲရေး ရဲမိသားစုတွေအတွက် ဆန်နှစ်လစာ ၁ လ ကို ၆ ပြည် ၁၂ ပြည်ပေါ့ ကျနော်တို့ထောက်ပံ့တယ်"
ဒက္ခိဏသီရိမြို့နယ်ထဲက ကျေးရွာပေါင်း ၂၂ ရွာက ကျောင်းတွေကို ပရိဘောဂတွေ၊ ဆရာ၊ ဆရာမတွေ အတွက် ကျောင်းဝတ်စုံ၊ ဆန်၊ ဆီတွေကို အခမ်းအနားနဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဦးကျော်ဝင်းကလည်း မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၀ က ဝင်ပြိုင်မှာဖြစ်ပြီး အဲဒီမဲဆန္ဒနယ်မှာ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ လယ်ဝေး နဲ့ ပျဉ်းမနား စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။
ဒီနေ့ ဖြန့်ဝေခဲ့တဲ့ အစိမ်းရောင် ထီးတွေမှာ "တို့အတွက် အမှန်တကယ်အကျိုးပြုမယ့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံဆန္ဒမဲပေးကြပါစို့ ဆိုတဲ့ စာသားတွေပါဝင်ပါတယ်။ ယပ်တောင်မှာတော့ အမျိုးသားဘာသာ သာသနာတည်တံ့ဖို့၊ ဥပဒေစိုးမိုးဖို့၊ အလုပ်အကိုင်ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ ပါရှိပါတယ်။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ဝ ကနေ အင်န်အယ်လ်ဒီပါတီက ဦးကျော်မြင့်ဦးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးမှတ်ကြီးတို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
နေပြည်တော်က ပြည်သူ့လွှတ်တော် ၈ နေရာနဲ့ အမျိုးသားလွှတ်တော် ၂ နေရာအတွက် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ၄၃ ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပါတယ်။
RFA Burmese
မဲဆွယ်နေသူတွေကို ကော်မရှင်ထံ တိုင်မည်
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူကို စက်တင်ဘာလ ၅ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့က စည်ပင်ဧည့်ရိပ်သာ မှာ တွေ့ရစဉ် ။ Photo: Win Ko Ko Latt/ RFA
 လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ စတင်မဲဆွယ်ရမယ့် စက်တင်ဘာလ ၈ ရက်မတိုင်ခင် မဲဆွယ်စည်းရုံး ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စား လှယ်လောင်း ၄ ဦးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားမယ်လို့ နေပြည်တော် NLD ပါတီ တာဝန်ရှိသူတွေ က ပြောပါတယ်။
လာမယ့် တနင်္လာနေ့မှာ တိုင်ကြားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဒီကနေ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့က လွှတ်တော်ကိုယ်စားလှယ်တွေ နေထိုင်တဲ့ စည်ပင်ဧည့်ရိပ်သာ မှာ ပြောကြားတာဖြစ်ပါတယ်။
"ကျနော်တို့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေဟာ စက်တင်ဘာလ ၈ ရက်နေ့ကစပြီးမှ နိုဝင်ဘာလ ၆ ရက်နေ့ ညသန်းခေါင်ယံထိအောင် မဲဆွယ်ခွင့် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကကြေညာ ထားပြီးဖြစ်တယ်၊ အဲ့ဒီကာလမတိုင်ခင်မှာ ကိုယ်စားလှယ်လောင်းတွေဟာ ဒီလိုလက် ကမ်းကြော်ငြာ စာရွက်တွေထုတ်မယ်၊ မိမိတို့ဓါတ်ပုံနဲ့ မိမိကိုမဲပေးပါ ဆိုတဲ့ကြေညာချက် မျိုးဟာ ဥပဒေနဲ့ မညီလို့ ဒီအချက်ကို အဓိကထားပြီးကျနော်တို့ တိုင်တန်း တင်ပြရခြင်းဖြစ်ပါတယ်"
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း လယ်/ဆည် ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ဝ က ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း လည်/ဆည် ဝန်ကြီးဌာန ညွန်ချုပ် (အငြိမ်းစား) ဦးကျော်ဝင်း တို့ဟာ ရွေးကောက်ပွဲမှာ သူတို့ကို မဲပေးဖို့အတွက် ထီး၊ ယပ်တောင်တွေမှာ စာရေးပြီး ဝေခဲ့သလို ကျောင်းသုံးပရိဘောဂတွေ၊ ဆန်တွေ၊ ဆီတွေကို မနေ့က ပေးဝေခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးကောက်ပွဲဝင်ကြမယ့် ဇေယျာသီရိ မြို့နယ် မဲဆန္ဒနယ်မြေမှာ ဝင်ပြိုင်မယ့် အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာ တပ်မတော် က ဆေးတပ်သားတွေကိုအသုံးပြုပြီး  ဒေသခံတွေကို ဆေးကုသခဲ့သလို လျှပ်စစ် မီးလင်းရေးအတွက် လှူဒါန်းခဲ့တဲ့ ပုဗ္ဗသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ကာကွယ်ရေးဝန်ကြီး အငြိမ်းစား ဦးဝေလွင်တို့ကိုလည်း တိုင်ကြား သွားမယ်လို့ ဦးမင်းသူက ပြောပါတယ်။
အစိုးရငွေကြေးကို ပါတီက ထောက်ပံ့တဲ့ပုံစံမျိုးလုပ်တာဟာ ဥပဒေချိုးဖောက်တာလို့ နေပြည်တော်အင်န်အယ်လ်ဒီ ပါတီ ဥပဒေအထောက်အကူပြုအဖွဲ့က ရှေ့နေ ဦးထွန်းခင်က ပြောပါတယ်။
"အခုအစိုးရအနေနဲ့လုပ်တာတွေကို ပါတီကလုပ်တယ်ဆိုတာမျိုးနဲ့ ပြောနေရင်လည်းအဲ့ဒါ မလျောသြဇာသုံး တာဖြစ်ပါတယ်၊ နောက်ဥပဒေကိုချိုးဖောက်တာ လည်းဖြစ်ပါတယ်၊ အစိုးရငွေကြေးကို ပါတီက ဘဲ ထောက်ပံ့တဲ့ပုံစံမျိုး၊ ကိုယ်စားလှယ်ကထောက်ပံ့တဲ့ပုံစံမျိုးကိုလုပ်နေတာဟာ ဒါမတရား ပါဘူး၊ အစိုးရနဲ့ ပါတီကိုခွဲခြားဖို့လိုပါတယ်၊ ဒါကြောင့်မို့လို့ ဝန်ကြီးတွေဖြစ်ရင်၊ သမ္မတတွေဖြစ်ရင် ပါတီလုပ်ငန်းများကို မလုပ်ရဘူးလို့ ဆိုထားတာဖြစ်ပါတယ်"
နေပြည်တော်ကောင်စီနယ်မြေမှာ ပြည်သူ့လွှတ်တော်အတွက် ၂ နေရာနဲ့ အမျိုးသားလွှတ်တော် ၈ နေရာအတွက် ကိုယ်စားလှယ် စုစုပေါင်း ၄၃ ဦး ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။
RFA Burmese
၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကူဝိတ်နှင့် ပွဲစဉ်တွင် ၉ ဂိုး ဂိုးမရှိဖြင့် မြန်မာရှုံးနိမ့်
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် ကူဝိတ် လက်ရွေးစင် အသင်း ယှဉ်ပြိုင် ကစားနေစဉ် (ဓာတ်ပုံ-MFF)
    ရန်ကုန် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
    ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့သော ကူဝိတ် လက်ရွေးစင် အသင်းနှင့် မြန်မာ့ လက်ရွေးစင် အသင်း ပွဲစဉ်တွင် မြန်မာ့ လက်ရွေးစင် အသင်းသည် ၉ ဂိုး ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုပွဲစဉ် ၃ ပွဲယှဉ်ပြိုင်အပြီးတွင် ရမှတ် ၁ မှတ်သာ ရရှိထားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးစိုးမိုးက ဆင်ဟွာကို ယနေ့ပြောကြားသည်။
ဦးစိုးမိုးက “ လက်ရှိမှာတော့ မြန်မာ အသင်းအနေနဲ့ အခြေအနေကတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် နောက်ထပ် ကျန်တဲ့ ပွဲတွေကို တော့ အကောင်းဆုံး ဆက်ပြီး ယှဉ်ပြိုင်ရမှာပါ’’ ဟု ပြောသည်။
ပထမပိုင်း ပွဲကစားချိန် မိနစ် ၂၀ အတွင်းမှာပင် ကူဝိတ်ဘက်မှ ၃ ဂိုး သွင်းထား နိုင်ခဲ့ပြီး ပထမိုင်းရော၊ ဒုတိယပိုင်း တွင်ပါ ကူဝိတ်ဘက်မှ အသာစီးဖြင့်ကစားနိုင်ခဲ့သည်။
ကူဝိတ်နှင့် ယှဉ်ပြိုင် ခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းတွင် ဂိုးသမားအဖြစ် ကျော်ဇင်ဖြိုး နောက်တန်း ကစားသမား များအဖြစ် ဒေးဗစ်ထန်၊ ဇော်မင်းထွန်း၊ အောင်ဇော်၊ စည်သူအောင်၊ အလယ်တန်းတွင် ရန်အောင်ကျော်၊ ကျော်မင်းဦး၊ ကြည်လင်း၊ သီဟဇော် နှင့်ရှေ့တန်းတွင် ကျော်ကိုကို၊ နေလင်းထွန်းတို့ ကစားခဲ့ ကြသည်။
ကွင်းလယ်ဒိုင်အဖြစ် ဥဇဘတ် ကစ္စတန်မှ AZIZ ASIMOV က တာဝန် ယူခဲ့ပြီး စည်းကြပ်ဒိုင်များနှင့် မှတ်တမ်း ဒိုင်တို့မှာလည်း ဥဇဘတ်ကစ္စတန်မှ ပင်ဖြစ်သည်။ 
(Xinhua)
ရေကြီးမှု နောက်ဆက်တွဲ စားနပ်ရိက္ခာ ရှားပါးနိုင်တယ်လို့ FAO သတိပေး
တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲ က ၁၂ ခု မှာ မုန်တိုင်းတွေ၊ ရေကြီးမှုတွေ နဲ့ မြေပြို မှု တွေ ကြုံတွေ့ လာခဲ့ရ။ 
 မြန်မာနိုင်ငံတဝှမ်း ကြုံတွေ့ခဲ့ရတဲ့ ရေဘေးဒဏ် ဟာ တိုင်းပြည်ရဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း ကို အကြီးအကျယ် ထိခိုက် ခဲ့ရတာ ကြောင့် လယ်သမားတွေ ပြန်လည် စိုက်ပျိုး နိုင်ရေး အတွက် အချိန်မှီ ကူညီ ထောက်ပံ့မှု တွေ မလုပ် ဘူးဆိုရင် ပြည်တွင်း မှာ စားနပ် ရိက္ခာ ရှားပါးမှုကို ကြုံတွေ့ လာနိုင်ရတယ် ဆိုပြီး ကုလသမဂ္ဂ စားနပ် ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO က သတိပေး ထားပါတယ်။
ရေဘေး ဒဏ် နောက်ပိုင်း ပြန်လည် ထူထောင် ရေး လုပ်ငန်းတွေ လုပ်ဆောင် နိုင်ဖို့ မြန်မာ အစိုးရ ကို ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့တွေ အပါအဝင် တခြား ကယ်ဆယ် ထောက်ပံ့ရေး လုပ်ဆောင် ကြတဲ့ အသင်းအဖွဲ့တွေ အနေနဲ့ အကူအညီ ပေးနေကြ ပေမယ့် အဲဒီ့ အဖွဲ့တွေ ကိုယ်၌ ရံပုံငွေ လျော့နည်း နေတဲ့ အခက်အခဲတွေ ကြုံတွေ့ နေရလို့ အကူအညီ ပေးနိုင်တဲ့ အတိုင်းအတာ ကလည်း အကန့်အသတ် နဲ့ပဲ ဖြစ်နေရတယ် လို့ လည်း FAO က ဆိုပါတယ်။
မြန်မာနိုင်ငံ မှာ ဒီနှစ် မုတ်သုံ ရာသီ ဥတု ပြင်းထန်ပြီး တစ်လလုံး မိုးကြီး ခဲ့ရတဲ့နောက် ပိုင်း ဇူလိုင် လ အကုန် မှာ ဆိုင်ကလုန်း ကိုမင် (Komen) လည်း ဝင်ရောက် လာတဲ့ အတွက် တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲ က ၁၂ ခု မှာ မုန်တိုင်းတွေ၊ ရေကြီးမှုတွေ နဲ့ မြေပြို မှု တွေ ကြုံတွေ့ လာခဲ့ရတာ ဖြစ်ပါတယ်။
စိုက်ပျိုးမြေ ဧက ၁.၄ သန်း လည်း ရေလွှမ်း ခံ ခဲ့ ရပြီး အဲဒီ့ ထဲ ကမှာ စပါး စိုက်ပျိုး ထားနှင့်ပြီး လယ်မြေ အများစု ဖြစ်တဲ့ ဧက ၁ သန်း နီးပါး က ကောက်နှံ တွေ ဆုံးရှုံး သွားရတယ် လို့ FAO က ဆိုပါတယ်။
ရေပြန် ကျ သွားပြီး ရွှံ့နွံ တွေ တင်ကျန် ရစ် ခဲ့တဲ့ လယ်မြေ တွေ ကို ပြန်လည် ပြုပြင် ဖို့ စက်ယန္တယား နဲ့ စက်သုံးဆီ အကူအညီ တွေ လိုအပ် ပြီး ပြန်လည် စိုက်ပျိုးဖို့ အတွက် မျိုးစပါး၊ထွန်စက် နဲ့ လုပ်အားခ ရှင်းဖို့ အတွက် ငွေသား အကူအညီ တွေ လည်း လယ်သမား တွေကို ထောက်ပံ့ ပေးဖို့ လိုအပ် မယ် ဆိုပြီး တော့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာစိုးထွန်း က ဘီဘီစီ ကို ပြောပါတယ်။
ရေဘေးဒဏ် ကာလ တွေ မှာ ပြည်တွင်း ဆန်လုံလောက် မှု ရှိ အောင် ဩဂုတ် လ အစ ကနေ အခုလ စက်တင် ဘာ ၁၅ ရက် နေ့ အထိ နိုင်ငံခြား ကို ဆန် တင်ပို့မှု ရပ်ဆိုင်း ထားခဲ့တယ် လို့လည်း ဒေါက်တာ စိုးထွန်း ကဆိုပါတယ်။
ဒါပေမယ့် အောက်တိုဘာ မှာ မိုးစပါးသစ် တွေ ပေါ် တော့ မှာ ဖြစ်တဲ့ အတွက် လယ်သမားတွေ အတွက် စပါးဈေး မကျ ရအောင် စက်တာဘာ လလယ် က စလို့ နိုင်ငံခြား တင်ပို့မှု ပြန်လည် ဖွင့်လှစ် ဖို့ လုပ်ဆောင် ရတာ ဖြစ်တယ် ဆိုပြီး ဒေါက်တာ စိုးထွန်း က ပြောပါတယ်။
မြစ် ရေကြီး မှု တွေ မြို့ရွာ တွေ အတွင်း ရေလျှံ နစ်မြုပ်မှု တွေ လည်း မြန်မာ နိုင်ငံ နေရာ တချို့ မှာ ဆက်လက် ဖြစ် ပေါ် နေဆဲ ဖြစ်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီး နဲ့ ဟုမ္မလင်း မြို့တွေ အပါအဝင် ပတ်ဝန်းကျင် ကျေးရွာ တွေ ရာနဲ့ ချီပြီး ရေကြီး နေ သလို၊ အခုဆို မြစ်သာ မြစ်ရေနဲ့ ချင်းတွင်း မြစ်ရေ တိုးနေတာကြောင့် ဒီမြစ်၂ခုဆုံတဲ့ နားက ကလေးဝ မြို့မှာ စက်တာဘာ ၄ ရက် နေ့ က စလို့ ရေ စတင် ဝင် နေပြီလို့ မြို့ခံ တွေ က ပြောပါတယ်။
BBC Burmese
ထားဝယ်တိုင်းရင်းသားများပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာ စာတမ်း နှင့် ရွေးကောက်ပွဲ မူဝါဒများရေးဆွဲ
ထားဝယ်တိုင်းရင်းသားများ ပါတီ မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ဗဟို အောင်နိုင်ရေး ကော်မတီ တို့ တွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ သင်တန်းပေးခြင်း စသည်တို့ လုပ်ဆောင်လျက်ရှိသည်။
ထားဝယ်တိုင်းရင်းသားများပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာ စာတမ်း နှင့်
 ရွေးကောက်ပွဲ မူဝါဒ ကို ယင်းအစည်းအဝေးတွင် အတည်ပြုခဲ့ပြီး မကြာမီ အသေးစိတ် ထုတ်ပြန်သွားမည်ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ မူဝါဒကို ပထမအဆင့် အနေနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ငါးမြို့နယ်မ
ှ ပြည်သူများအပြင် နိုင်ငံရပ်ခြားသို့ ရောက်ရှိသော ထားဝယ်တိုင်းရင်းသားများ ထံသို့ စစ်တမ်းများ
ပေးပို့ကောက်ယူ၍ လည်းကောင်း၊ အဆင့် နှစ် အနေနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် စီးပွားရေးအသင်းအဖွဲ့ တို့နှင့် တွေ့ဆုံမေးမြန်း အကြံဥာဏ်ရယူ၍ လည်းကောင်း အဆင့်ဆင့်လုပ်ဆောင်၍ ရေးဆွဲခဲ့ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) website တွင်ဖော်ပြထားသည်။
http://dnpparty.blogspot.com/2015/09/rs.html
လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်မှသာ မိမိလက်မှတ်ရေးထိုးမယ်လို့ ဦးခွန်ထွန်းဦး ပြောကြား
 တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးမှသာ မိမိအနေနဲ့ အသိသက်သေအဖြစ် လက်မှတ်ထိုးမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး က ဒီနေ့ ပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဟိုးတုံရပ်ကွက်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်လှစ်ပွဲမှာ NCA ချုပ်ဆိုမှာနဲ့ ပတ်သက်ပြီး RFA ရဲ့ မေးမြန်းမှုကို ဦးခွန်ထွန်းဦးက ဖြေကြားခဲ့တာဖြစ်ပါတယ်။
"လက်မှတ်ထိုးမယ့်စာချုပ်ကြီးဟာ တစ်နေ့ကျလို့ရှိရင် သမိုင်းဝင်သွားမယ်၊ ကျနော်က တိုင်းရင်းသားတွေ ယုံကြည်ခံရတဲ့အနေနဲ့ ကိုယ်စားပြုတဲ့အနေနဲ့ ဖိတ်မယ်ဆိုရင်တော့ အကုန်လုံးမပါရင် ပွင့်ပွင့်လင်းလင်းပဲပြောလိုက်မယ် ကျနော်ကတော့ သမိုင်းတရားခံ မဖြစ်ခံချင်ဘူး၊ မပြည့်စုံဘဲနဲ့ လက်မှတ်သွားထိုးရမယ်ဆိုရင် မထိုးဘူး၊ အဲ့ဒါကြောင့် ကျနော်ကတော့ ထိုးဖို့အစီအစဉ်မရှိဘူး"
လာမယ့် ရွေးကောက်ပွဲမှာ SNLD ပါတီက ကချင်ပြည်နယ်ကနေ ၁ဝ ဦး ယှဉ်ပြိုင်မှာဖြစ်ပြီး ရှမ်း၊ ကယား၊ မန္တလေး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၆ ဦး ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဦးခွန်ထွန်းဦးဟာ လူငယ်တွေကို ဦးစားပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်ဘူးလို့လည်း သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်မှာ အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်ကို လာရောက်တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။
RFA Burmese
စိတ်ကြွဆေးပြား ၂၈ သန်းကျော်နှင့် ပတ်သက်သည့် သံသယရှိသူ ၆ ဦးကို ဖမ်းဆီး စစ်ဆေး
မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရမိသော မူးရစ်ဆေးဝါးများ (ဓာတ်ပုံ- MOI)
    ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
    ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းနှင့် မြောက်ဒဂုံမြို့နယ်တို့တွင် တွေ့ရှိခဲ့သည့် စိတ်ကြွဆေးပြား ၂၈ သန်းကျော်နှင့် ဆက်စပ်နေသည်ဟု သံသယရှိသူ ၆ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ပြီး တရားခံပြေး ၁၂ ဦး ကြေညာထား သော်လည်း လက်ရှိ စစ်ဆေးနေသည့် ၆ ဦးသည် ယင်းတရားခံပြေး ၁၂ ဦးထဲမှ မဟုတ်ကြောင်း ၎င်းကဆိုသည်။
မင်္ဂလာဒုံ စက်မှုဇုန် နယ်မြေအတွင်း ဇူလိုင်လက  တန်ဖိုးငွေ ကျပ် ၁၃၃.၅ ဘီလီယံ တန်ဘိုးရှိ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၂၆.၇ သန်း တင်ဆောင်ထားသည့် ကားတစ်စီးကို နယ်မြေခံ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ကားပိုင်ရှင်အား ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးရာတွင် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီက ပိုင်ဆိုင်သည့်ကား ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။
ယင်းရုံးချုပ်၊ ကုမ္ပဏီရုံးခွဲနှင့် ၎င်းတို့၏ နေအိမ်များကို ဩဂုတ်လ ၃ ရက်တွင် ရှာဖွေစစ် ဆေးရာတွင် ၎င်းတို့သည် နေအိမ်နှင့် ရုံးများကို သော့ပိတ်ကာ ထွက်ပြေး တိမ်းရှောင်သွား ပြီး၊ အဆိုပါ ရုံးချုပ် အခန်းအတွင်းမှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသော တန်ဖိုးငွေကျပ် ၇.၅ ဘီလီယံ တန်ဘိုးရှိ စိတ်ကြွဆေးပြား ၁.၅ သန်း ကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ရမည်းသင်းမြို့ ရွာတန်းရွာကားလမ်းပေါ် တုတ်ဖြင့်ရိုက် လုယက်မှုဖြစ်
ရမည်းသင်း စက်တင်ဘာ ၃
ရမည်းသင်းမြို့၌ သြဂုတ် ၃ဝ ရက် ည ၁ဝ နာရီခန့်က ရမည်းသင်း မြို့နယ် သဲကျွန်းအုပ်စု ဈေးကွက်သစ် ရပ်နေ ကိုဝေလင်း (၃၃ နှစ်) သည် သူငယ်ချင်းဖြစ်သူ ကိုထက်မြက် (၃၇ နှစ်) နှင့်အတူ နေပြည်တော်မှ ကိုယ်ပိုင်ယာဉ်9F/------ မီနီဆလွန်း ကားဖြင့်ပြန်လာခဲ့ရာ ရမည်းသင်းမြို့ အထွက် လက်ဆည်ကန်ရပ် နွားပွဲ ဈေးအနီး တံတားပေါ်တွင် အရှည် သုံးပေခန့်တုတ်များ ကိုယ်စီ ကိုင်ဆောင်ကာ လူလေးဦးက ကားကိုတား၍ ယာဉ်မောင်းသူ ကိုထက်မြက်က ကားရပ်တန့်ပေးစဉ် တုတ်ကိုင်ထားသော လူနှစ်ဦးက ကားရှေ့တွင်ပိတ်ရပ်ထားပြီး ကျန် နှစ်ဦးက ကားမှန်ကိုထုရိုက်ခြင်း၊ ကားဘော်ဒီအမိုးများကို ထုရိုက်ခြင်း၊ ကိုဝေလင်းထိုင်သော ဘေးတံခါးကို ထုရိုက်ပြီး ကားအတွင်းရှိ ကိုဝေလင်း ကို တုတ်ဖြင့်ရိုက်ရာ ပိုက်ဆံအိတ် ကိုလုယူ၍ ကားပေါ်မှ ဆွဲချစဉ် ကိုထက်မြက်က ကားမောင်း၍ ထွက်ပြေးခဲ့ကြောင်း သိရသည်။
နေအိမ်အရောက်တွင် ကားကို ပြန်လည်စစ်ဆေးရာ ရှေ့မှန်အက်ကွဲ၊ ကားအမိုးဘော်ဒီ ပိန်ချိုင့်ပျက်စီး ကြောင်း၊ လုရန်ကြံစည်သူများကို စုံစမ်းခဲ့ရာ နေလင်း(ခ) တွတ်ပီ (၂၂ နှစ်) နှင့် ကျော်ကျော်ထက်(ခ) တိုက်ဂါး (၂ဝ နှစ်) တို့ ပါဝင်ကြောင်း စုံစမ်းသိရပြီး ကျန်နှစ်ဦး အမည်မသိ တို့ကို ဥပဒေအရ ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရ သည်။
တင်ဦး
Myanmaalinn
ရဲ ၂ ​ဦး ​ဓား​ထိုး​ခံ​ရ​ပြီး ​သေ​ဆုံး
ပြု​ပြင်​ရေး​တွေ ​လုပ်​နေ​တဲ့ ​မြန်​မာ ​ရဲ​တပ်​ဖွဲ့
တ​ရား​ခံ​ပြေး​ကို ​ဖမ်း​ဖို့ ​ကြိုး​စား​တဲ့ ​ရဲ ၂ ​ဦး ​ဓား​ထိုး ​ခံ​ရ​ပြီး ​ဗု​ဒ္ဓ​ဟူး​နေ့​က ​သေ​ဆုံး ​သွား​ပါ​တယ်။
သံ​လျင် ​မြို့​နယ်၊ ​သဲ​ဖြူ​ကုန်း ​ကျေး​ရွာ​မှာ ​ဖြစ်​ပွား​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
ပြစ်​မှု ​ပုဒ်​မ ၃၂၆ ​လူ​ကို ​ပြင်း​ထန်​အောင် ​ဒဏ်​ရာ​ရ ​စေ​တဲ့ ​ပြစ်​မှု​နဲ့ ​တိမ်း​ရှောင် ​နေ​တဲ့ ​တ​ရား​ခံ​ပြေး ​တင်​မြင့် ​ဟာ ​သံ​လျင် ​သဲ​ဖြူ​ကုန်း ​ရွာ ​တည်း​ခို​ခန်း ​တ​ခု​မှာ ​ရောက်​နေ​တာ ​ကို ​သ​တင်း​ရ​လို့ ​ရဲ​တပ်​ဖွဲ့​ဝင် ၈ ​ယောက်​က ​သွား​ရောက် ​ဖမ်း​ဆီး​ပါ​တယ်။
တည်း​ခို​ခန်း ​တံ​ခါး​ကို ​ဖွင့်​ပြီး ​အ​ထဲ​ဝင်​ဖမ်း ​တဲ့​အ​ခါ ​တ​ရား​ခံ​ပြေး ​တင်​မြင့်​က ​ဓား​နဲ့​ထိုး​လို့ ​ရဲ​အုပ် ​အောင်​နိုင်​နဲ့ ​ရဲ​တပ်​ကြပ် ​သူ​ရ​လွင် ​တို့ ၂ ​ဦး ​သေ​ဆုံး ​သွား​တာ ​လို့ ​ရန်​ကုန်​တိုင်း ​ရဲ​တပ်​ဖွဲ့ ​ဒု​တိ​ယ ​တိုင်း​မှူး ​ရဲ​မှူး​ကြီး​ဝင်း​ဗိုလ် ​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
တ​ရား​ခံ ​တင်​မြင့်​ကို ​အ​ရပ်​သား​တွေ​နဲ့ ​ရဲ​တွေ​က ​နာ​ရီ​ပိုင်း ​အ​တွင်း ​မှာ​ပဲ ​ဖမ်း​ဆီး ​နိုင်​ခဲ့​ပါ​တယ်။
သေ​ဆုံး​သူ ​ရဲ ၂ ​ဦး​ရဲ့ ​ဈာ​ပ​န ​ကို ​သံ​လျင် ​မှာ​ပဲ ​သော​ကြာ​နေ့ ​မွန်း​လွဲ​ပိုင်း ​မှာ ​ပြု​လုပ်​ခဲ့​ပြီး ​လူ ၁၅​ဝ​ဝ ​လောက် ​လာ​ကြ​တယ် ​လို့ ​ဈာ​ပ​န ​ကို ​သွား​ခဲ့​တဲ့ ​ဒေ​သ​ခံ ​ကို​ရဲ​ရင့်​ခ ​က ​ပြော​ပြ​ပါ​တယ် ။
အ​ဖြစ်​ရပ်​က ​အ​လော​တ​ကြီး ​ဖမ်း​ဆီး​နိုင်​ရေး ​ကြောင့် ​ဖြစ်​သွား​ပုံ​ရ​တယ် ​လို့ ​ရဲ​မှူး​ကြီး​ဝင်း​ဗိုလ်​က ​ရှင်း​ပြ​ပါ​တယ် ။
သေ​ဆုံး​သူ ​ရဲ​တပ်​ဖွဲ့​ဝင် ၂ ​ဦး​ရဲ့ ​မိ​သား​စု​ကို ​စေ​သ​နာ​ရှင် ​တွေ​က ​ငွေ​ကြေး ​ကူ​ညီ ​ထောက်​ပံ့​သ​လို ​ရဲ​တပ်​ဖွဲ့ ​က​လည်း ​မိ​သား​စု ​တွေ​အ​တွက် ​ကူ​ညီ​ထောက်​ပံ့​မှု ​တွေ ​ပေး​သွား​မယ် ​လို့ ​သူ​က ​ပြော​ပါ​တယ်။
BBC Burmese
တရုတ် မြန်မာ သမ္မတနှစ်ဦး နယ်စပ် လုံခြုံရေး ဆွေးနွေး
 တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ဖြစ်နေတဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းပြီး ကုန်သွယ်မှုတွေ အခုထက် ပိုတိုးတက် လာစေဖို့ သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံ မှာ ကျင်းပတဲ့ ဖက်ဆစ်ဂျပန်ကို အောင်နိုင်ခြင်း အနှစ် ၇၀ ပြည့် အခမ်းအနားကို သမ္မတဦးသိန်းစိန် ပီကင်းမြို့မှာ စက်တင်ဘာ ၃ ရက်နေ့က သွားတက်ခဲ့ပြီး ဒီကနေ့မှာတော့ တရုတ်-မြန်မာ သမ္မတနှစ်ဦး သီးသန့်တွေ့ဆုံ ဆွေးနွေးကြ တာဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ် ။
တရုတ်နိုင်ငံ ပီကင်းမြို့တော် တီယန်နမင် ရင်ပြင်မှာ မနေ့က ကျင်းပတဲ့ ဒုတိယကမ္ဘာစစ် အတွင်း ဖက်ဆစ်ဂျပန်ကို အောင်နိုင်ခြင်း အနှစ် ၇၀ ပြည့် အခမ်းအနားကို သမ္မတဦးသိန်းစိန် သွားတက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခန်းအနားကို အခြားနိုင်ငံက နိုင်ငံတော်အကြီးအကဲ (၃၀) ၀န်းကျင်လဲ တက်ရောက်ကြ တာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ပြီး ကုန်သွယ်မှု ပိုတိုးတက် လာဖို့ ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းကျော်က ဗွီအိုအေကို ပြောပါတယ်။
"အဓိက ကတော့ နှစ်ဘက်စလုံးက နယ်စပ်လုံခြုံရေးမှာ ပိုပြီးတော့မှ စနစ်တကျဖြစ်ဖို့ရယ် ငြိမ်းချမ်းရေး ရရှိဖို့ရယ် ကျနော်တို့ နှစ်နိုင်ငံကြား ကုန်သွယ်မှု လုပ်ငန်းက ငြိမ်းချမ်းရေး ရှိမှသာလျင် ဖြစ်မှာကိုး။ ဖြစ်မယ့်အတွက် ဒီနယ်စပ် နှစ်ဘက် အကြားမှာ ဒါလုံခြုံရေးကိစ္စ ကတော့ ဒီဥစ္စာက ဆွေးနွေးတယ် ဆိုတာ ကတော့ ဆွေးနွေးရမယ့် ကိစ္စဖြစ်တဲ့ အတွက် ကျနော် ထင်တယ် ရတဲ့ အချိန်လေးမှာ ဆွေးနွေးကြတာပေါ့။ "
ဆွေးနွေးပွဲရဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ လောလောဆယ် မသိရသေးပါဘူး။
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံး မသတ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံဟာ Failed State ကျဆုံး နိုင်ငံတော် အဖြစ်ကို ရောက်သွားမှာဖြစ်သလို အဲဒီရဲ့အကျိုးဆက်အဖြစ် တရုတ်ပြည်ကိုပါ လာပြီး ရိုက်ခတ်မှာဖြစ်တယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံကို ရောက်မလာခင် အခုရက်ပိုင်းအတွင်း ရေးသားဖေါ်ပြကြကြောင်း ယူနန်ပြည်နယ်မှာရှိတဲ့ တရုတ်မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
"ဗမာပြည်ရဲ့ အခုအနှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ်ဟာ ဗမာ့တပ်မတော် ကလည်း ဟိုး နယ်စွန်နယ်ဖျား အထိ သူအားသာတဲ့ သမားရိုးကျ လက်နက်တွေ သယ်မလာနိုင်ဘူး။ တခါ နယ်စွန်နယ်ဖျားမှာ ရှိတဲ့ လူမျိုးစု တိုက်ခိုက်နေတဲ့ သူတွေကလည်း မြို့ပြအထိ ဆင်းပြီးတော့ ဗမာ့တပ်မတော်ကို မတိုက်နိုင်ဘူး။ ဒီအတိုင်းချည်း ဆက်သွားနေရင်တော့ ဒီပြည်တွင်းစစ်က မရပ်နိုင်ဘူး တဲ့။ နှစ်ခြောက်ဆယ် မရပ်နိုင်လို့ရှိရင်တော့ ဗမာပြည်ဟာ မကြာခင် ကျဆုံးနိုင်ငံကြီးဖြစ်နိုင် တာပေါ့။ အဲ့တော့ ဖြစ်ရတဲ့အကြောင်းရင်းကတဲ့ ပြည်မ က ဗမာတွေက လူမျိုးစုတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ခွဲဝေ မပေးလို့ဖြစ်တာ။ ဗမာနိုင်ငံက တကယ်လို့များ ကျဆုံး နိုင်ငံဖြစ်သွားရင် ကျန်တဲ့နိုင်ငံတွေကိုပါ ဆွဲခေါ်သွားနိုင်တယ်တဲ့။
တရုတ်ပြည်နဲ့လည်း နယ်စပ်မျဉ်းက အကြီးကြီးရှိတယ်။ အရှည်ကြီးရှိတဲ့ အတွက်ကြောင့် ဗမာပြည်ရဲ့ မတည်မငြိမ်ဖြစ်မှုဟာ တရုတ်ပြည်ကို လည်း ဂယက်ရိုက်နိုင်တယ်။ ဒါကြောင့်မို့လို့ ဗမာပြည်ရဲ့ ဒီပြည်တွင်းရေး ကိစ္စကို ပြည်တွင်းရေး သပ်သပ် သဘောမထားပဲနဲ့ ကုလသမဂ္ဂလိုဟာမျိုးက ဝင်ရောက်ကူညီပြီးတော့ အပြုသဘောဆောင်တဲ့ ဖြေရှင်းပေးသင့်ပါတယ်လို့ အဲ့လိုရေးထားတာတွေ တွေ့ရပါတယ်။"
တရုတ်နိုင်ငံဖက်က လိုလားနေသလို မြန်မာအစိုးရကလဲ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး NCA စာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ မသေချာ သေးပဲ ဖြစ်နေပါတယ်။
NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးကြမယ့် အခြေအနေနဲ့ ပတ်သက် လို့ ဒေါက်တာလှကျော်ဇောက အခုလို သုံးသပ်ပါတယ်။
"အဲ့တော့ အပစ်အခတ်ရပ်စဲရေး အဖွဲ့အားလုံးပါဝင်ပြီး ထိုးလိုက်နိုင်တာက အကောင်းဆုံးပဲ ဖြစ်တယ်။ ဒီလိုမထိုးနိုင်ပဲနဲ့ တချို့တဝက်ပဲ ထိုးနိုင်တယ်ပဲထား။ အရင်တုန်းက ကျမတို့ ပါတီ ပျက်သွားပြီးတော့ သူတို့လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်မျိုးနဲ့တော့ အဆင့်သာနိုင်တယ်။ အခုဟာက အသိသက်သေ အဖြစ်နဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ နိုင်ငံခြားကပါ ဝင်လာတာဖြစ်တော့ ဦးသိန်းစိန်အစိုးရပဲဖြစ်ဖြစ် သူနဲ့ပေါင်းတဲ့ ဗမာ့တပ်မတော်ပဲဖြစ်ဖြစ် ဒီဟာကို အသိအမှတ်မပြုချင်လည်း မရဘူး။ ဒါပေမဲ့ အခုကြည့်ရတာတော့ သိပ်ဖြစ်နိုင်ဖို့ မလွယ်ဘူး။ တချို့အဖွဲ့တွေက ခွဲပြီးတော့ ထိုးလိုက်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါကလည်း သိပ်အဆိုးကြီးလို့ ကျမတို့ မြင်လို့မရပါဘူး။"
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်နားမှာ မြန်မာ့တပ်မတော်ဟာကိုးကန့်တပ်ဖွဲ့ ၊ ကချင် ကေအိုင်အို တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ မကြာခနဖြစ်ခဲ့ သလို မြန်မာ့ တပ်မတော်က ပစ်ခတ်မှုကြောင့် လက်နက်ကျဉ်တွေ တရုတ်နိုင်ငံထဲကျပြီး တရုတ်နိုင်ငံသားတချို့သေဆုံးခဲ့ရပါတယ်။ ဒီလို နယ်စပ်မတည်မငြိမ်ဖြစ်ခဲ့တာကြောင့် တရုတ်စစ်တပ်ကလဲ နယ်စပ်မှာ စစ်အင်အားတိုးချပြီး လုံခြုံရေးယူခဲ့တာတွေ ရှိခဲ့ပါတယ်။
ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
ပြည်ပကို ဆန်ပြန်လည် တင်ပို့တော့မည်
ကုန်ကားပေါ်သို့ ဆန်အိတ်များ တင်နေသော ပခုံးထမ်း အလုပ်သမားများ ဖြစ်ပါသည်။ Photo: AFP
မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းချုပ်က ရေဘေးဒဏ်ကြောင့် ပြည်ပကို ဆန်တင်ပို့မှု တစ်လခွဲကြာ ရပ်ဆိုင်းထားရာကနေ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြန်လည်တင်ပို့ခွင့်ပြုမှာ ဖြစ်ပါတယ်။
သက်ငယ်စပါး ပေါ်တော့မှာဖြစ်တဲ့အတွက် ပြည်တွင်းမှာ စပါးဈေးကျလာမှာ စိုးရိမ်တာကြောင့် ပြည်ပကို တင်ပို့ခွင့်ပြုလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းချုပ်က အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။
"စက်တင်ဘာလကုန် အောက်တိုဘာလမှာ စပါးတွေပေါ်လာပြီလေ၊ လယ်သမားတွေ စပါး ၁၄ သန်းကနေပြီးတော့ ဆန်တင်ချိန်တင်း ၁ဝ သန်းကျော်လောက် ထွက်လာမှာရှိတယ်၊ အဲ့ထွက်လာကျတော့ လယ်သမားတွေအနေနဲ့ ဈေးကျတဲ့ပြဿနာရှိလာတယ်၊ အဲ့ဒီတော့ ကျနော်တို့က နိုင်ငံခြားတင်ပို့မှုဆက်ပိတ် ထားရင် လယ်သမားတွေ တွက်ခြေမကိုက်တော့ဘူး၊ နောက်လယ်စိုက်မှာမဟုတ်တော့ဘူး၊ အဲ့ဒါကြောင် ကျနော်တို့က ဒီဟာဖွင့်ပေးရခြင်းဖြစ်တာပေါ့"
ပြည်တွင်းမှာလည်း ဆန်ဈေးနှုန်းမတက်ဖို့အတွက် ရေဘေးသင့်ဒေသတွေက မြို့နယ် ၂ဝ ကျော်မှာ ဆန်လက်လီလက်ကား အရောင်းဆိုင်တွေကို ဆက်လက်ဖွင့်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးမြေဧက ၁၉ သန်းကျော်ရှိပြီး တစ်နှစ်ကို ဆန်တန်ချိန် ၁၄ သန်းကျော် ထွက်ရှိကာ ပြည်တွင်း စားသုံးမှုက တစ်နှစ်ကို ဆန်တန်ချိန် ၁ဝ သန်းရှိတယ်လို့ သိရပါတယ်။
RFA Burmese
ရေဘေးသင့် ကလေးနဲ့ တမူးမှာ ကျေးရွား ၂ဝ နီးပါး ပြောင်းရွှေ့မည်
 စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျေးရွာတချို့ ရေဖုံးလွှမ်းနေတာကို သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ် / Photo: RFA
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်ခံရတဲ့အတွက် ဆက်လက်နေထိုင်လို့မရတော့တဲ့ ကလေးမြို့နယ်နဲ့ တမူးမြို့နယ်က ကျေးရွာပေါင်း ၂ဝ နီးပါးကို နေရာပြောင်းရွှေ့ချထားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပြောပါတယ်။
ကျေးရွာပေါင်း ၂ဝ လောက်က အိမ်ခြေ နှစ်ထောင်ကျော်ကို ပြောင်းရွှေ့ပေးဖို့အတွက် ငွေကျပ် ဘီလီယံ ၃ဝ နီးပါး အသုံးပြုမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစ-ဝီလီဖရန့်(စ်) က ပြောပါတယ်။
"ရေကြီးတုန်းက မျောပါသွားတဲ့ အိမ်အရေအတွက်ကို ကျနော်တို့က ပြန်ဆောက်ပေးရမယ့်အင်အား အလုံး ၃၅ဝ လောက်ရှိပါတယ်၊ နောက်ပြီးရင် အိမ်ကတော့ ရှိတော့ရှိတယ် ပြိုကျပျက်စီးသွားတယ် နေလို့မရတဲ့ သူကလည်း အဲ့ဒါလည်း ၆ဝဝ ဝန်းကျင်လောက်ရှိတယ်ဗျ၊ နောက်အဲ့ဒီမှာတချို့က ပြိုတော့မပြိုဘူး ဒါပေမယ့် အိမ်ကနေလို့မဖြစ်တဲ့အိမ်တွေရောဆိုတော့ ကျနော်တို့ ပြောင်းရွှေ့ပေးရမယ့် အိမ်အားလုံးပေါင်းကတော့ ၂ဝဝဝ ကျော်လောက်ရှိပါတယ်၊ အိမ် ၁ လုံးကို သိန်း ၂ဝ ကျော်နဲ့ ၂၃ သိန်းမှာ ကျနော်တို့ ခန့်မှန်းပြီးတော့ ပြန် လည်ဆောက်ပေးမှာပေါ့နော်၊ အဲ့ဒါ လုပ်ပေးပါ့မယ်"
တမူးမြို့နယ်က ပွတ်သာ၊ မင်းသမီး၊ အလှော်၊ ကလေးမြို့နယ်က နန်းစောင်းပု၊ နန်းကျင်ဆောင်၊ အနောက်ခုံသာ၊ နတ်ကြီးကုန်း၊ ကံကြီး စတဲ့ကျေးရွာတွေ ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ အခုလက်ရှိ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအတော်များများ ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တစ်နိုင်ငံလုံးအနှံ့ ရေကြီးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးက အိမ်ခြေ တစ်ထောင်ကျော် ရေနဲ့မျောပါပျက်စီးခဲ့ပြီး လယ်ယာမြေဧက ၅ သောင်းကျော် ပျက်စီးခဲ့ပါတယ်။
RFA Burmese
မဲဆွယ်စည်းရုံးမှု စည်းမျဉ်း ပါတီတွေ အကန့်အသတ်ကြုံ
မဲဆွယ်စည်းရုံးမှုနဲ့ စုဝေးဟောပြောမှုတွေမှာ ရွေးကောက်ပွဲကော်မရှင်က ချမှတ် ထားတဲ့ စည်းကမ်းချက်တွေက နိုင်ငံရေးပါတီတွေ အတွက် အခက်အခဲတွေဖြစ်နေစေ တယ်လို့ နိုင်ငံရေးပါတီတွေကပြောဆိုလိုက်ပါတယ်။ မနေ့က ရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေး ပါတီတွေအနေနဲ့ စုဝေးဟောပြောမဲဆွယ်တာမှာ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် အမှတ်(၁/၂၀၁၄)သို့မဟုတ် နိုင်ငံရေးပါတီ များနဲ့ ကိုယ်စားလှယ်လောင်းများ လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ ထပ်မံ သတိပေးထားပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ဗွီအိုအေမြန်မာပိုင်း က မေခက ပေးပို့ ထားပါတယ်။
မနေ့က ရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးချက်အပေါ် နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးမှုတွေမှာ အချိန်နေရာ ကန့်သတ်မှု တွေရှိနေပြီး အခက်အခဲတွေ ရှိနေတယ် လို့ပြောပါတယ်။ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်က မဲဆွယ်စည်းရုံးမှုမှာ နိုင်ငံရေး ပါတီတွေအနေနဲ့ ကြုံတွေ့နေရတဲ့အခက်အခဲကို သူ့က အခုလိုပြောပါတယ်။
"ဒီလတွေက မိုးမပြတ်သေးဘူးဗျ။ မိုးမပြတ်သေးတော့ ကျေးလက်ဒေသတွေမှာလည်း တချို့နေရာတွေမှာ ရေကြီးတာပေါ့နော်။ နေရာအခက်အခဲလေးတွေပေါ့။ အဲ့ဒီ့မှာ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမပြုရဘူး။ ဥပမာ အစိုးရရဲ့ အဆောက်အဦးတွေ၊ အများပြည်သူသုံးနေရာတွေကို ရှောင်ရမယ်။ သုံးချင်ရင် သက်ဆိုင်ရာ အာဏာပိုင်ရဲ့ ခွင့်ပြုချက် ယူရမယ်ဆိုတဲ့အခါမှာ ကျနော်တို့မှာ နေရာတွေက ကန့်သတ် တာတွေဖြစ်လာတာပေါ့။ အဲ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ရွေးကောက်ပွဲကော်မရှင် က အာဏာအင်မတန်ပြင်းတာကိုး။ တပ်မတော်နဲ့ ချိတ်ဆက် ထားတဲ့ လက်ရှိ အစိုးရရဲ့ ဖွဲ့စည်းပုံ ယန္တယားကလည်း  ရှိတဲ့အခါမှာ တပ်မတော်သား နဲ့ သူ့ရဲ့မိသားစုအပေါ်မှာ Ruling Party ရဲ့ လွှမ်းမိုးမှု ရှိမှာလည်း ကျနော်တို့ အင်မတန်မှ စိုးရိမ်ပါတယ်။"
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်ကတော့ မဲဆွယ်စည်းရုံးမှုမှာ ရှိနေတဲ့ ကန့်သတ်ချက် တွေနဲ့ပတ်သတ်ပြီး အခုလိုပြောပါတယ်။
"ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ကြေညာပြီး ၁၅ရက် အတွင်းမှာ သူ့ရဲ့ မဲဆန္ဒနယ်ထဲမှာသူက ဆောင်ရွက်ရမယ့်ကိစ္စတွေကို အစီအစဉ်ဆွဲပြီး တခါတည်း တင်ရမယ်ဆိုတဲ့ ကိစ္စမျိုးပေါ့နော်။ အဲ့တာတွေက တော်တော်ခက်တဲ့ကိစ္စပဲလေ။"
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက် (၁/၂၀၁၄)ဟာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ဖို့အတွက် မဲဆွယ်စည်းရုံးခွင့်ကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ တင်ပြရမယ့် သဘောမျိုး ပါဝင်နေတဲ့ အတွက် နိုင်ငံရေး ပါတီအများစုက ယင်းညွှန်ကြားချက် ထုတ်ပြန်စဉ် ကပင် ထောက်ပြပြောကြားမှုတွေ ရှိထားပါတယ်။
မနေ့က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာ မဲဆွယ်စည်းရုံးတာမှာ ဥပ ဒေနှင့်အညီ လွတ်လပ်၍ တရား မျှတမှုရှိစေရန် ၂၀၁၄ ဇူလိုင်အတွင်း ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြား ချက် (၁/၂၀၁၄) အပါအ၀င် နိုင်ငံရေးပါတီများအားလုံး သဘော တူပြီး ပြီးခဲ့တဲ့ ဇူလိုင်အတွင်း က ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း များ ကျင့်ဝတ်ကို လိုက်နာကြဖို့ ရွေးကောက်ပွဲကော်မရှင်က ထပ်မံ အသိပေး ထားပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကတော့ မဲဆွယ်စည်းရုံးမှုနဲ့ ပတ်သတ်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း လုပ်ဆောင်ကြဖို့ ပြောဆိုထားပါတယ်။
" အသိတရားနဲ့ ကျင့်ဝတ်နဲ့ လုပ်တာတွေ လုပ်ကြတာ မလုပ်တာတွေ မလုပ်ကြဖို့။ ခင်ဗျားတို့ ကျင့်ဝတ်နဲ့ပဲ လုပ်ကြဆိုပြီး ဒီကျင့်ဝတ်ကလည်း ခင်ဗျားတို့ချင်း ဆွဲ၊ ခင်ဗျားတို့ချင်း ဆွဲ ပြီးရင် ခင်ဗျားတို့ချင်း သဘောတူညီချက်ယူ။ ခင်ဗျားတို့ချင်း အပြန်အလှန် ရေးသားပြီးတော့ လုပ်ပါ။ ကျနော်တို့ကတော့ စောင့်ကြည့်နေမယ်။ ဒီလောက်ပဲ ကျနော် ပြောလိုက်ပါတယ်။ အဲ့ဒီ့အတွက် ကျနော်တို့ဘက်ကတော့ ဒီထက် ဖြေလျော့ဖို့ မရှိတော့ပါဘူး။"
ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်က နိုင်ငံရေးပါတီတွေ အနေနဲ့ ဆွေးနွေး စည်းရုံးမှု မှာ ပုတ်ခတ်တာမဟုတ်ပေမယ့် အကြောင်းအရာတခု အပေါ်ဆွေးနွေး တာတွေရှိနိုင်ကြောင်း ဒီအပေါ်မှာ တိုက်ခိုက်မှုလို့ မသုံးသပ်ဘဲနားလည်ပေးဖို့ လိုတယ်လို့ပြောပါတယ်။
"တပ်မတော်သားတွေ မိသားစုတွေ နယ်ကို သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေ ကလည်း စည်းရုံးမှာပေါ့ဗျာ။ ကိုယ့်ဒေသမှာ ရှိကြတာကိုး။ အဲ့သလို စည်းရုံးခြင်းကို တပ်မတော် ဖြိုခွဲတယ်လို့ သတ်မှတ်မှာလား။ ဒါမျိုး အမျိုးသားနိုင်ငံရေး ဦးဆောင်တဲ့ တပ်မတော် ဆက်လုပ်မှာလား။ ကြားနေပါတယ်ဆိုရုံနဲ့ မဖြစ်တော့ဘူး။ အမျိုးသားနိုင်ငံရေးကို ဦးဆောင်ပါတယ်ဆိုရုံနဲ့ မဖြစ်တော့ဘူး။ ဦးဆောင်နေကြောင်း ကို သက်သေပြဖို့ လိုပြီ။ အဲ့တာလေးကို ပြောတာကိုက တပ်မတော်ကို ပုတ်ခတ်တယ်လို့ ပြောမှာလား။ တပ်မတော်သာ အမိအဖ ဆိုတာမျိုး အနေနဲ့ သွားနေတာကိုး။ သို့မဟုတ် ကိုယ့်ပါတီရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ကို တင်ပြတဲ့ အခါမှာလည်း ခေတ်တွေကတော့ ဖြတ်သန်းလာတာပေါ့ဗျာ။ အဲ့ဒီ့ခေတ်တွေက ဘယ်လို သင်္ခန်းစာယူပြီးမှ ဘယ်လိုတည်ဆောက်မယ် ဆိုတာမျိုးက ပြောရမှာပေါ့။ "
လာမယ့်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ စုဝေးဟောပြောခြင်း နဲ့မဲဆွယ်စည်းရုံးခြင်းတို့ကို လာမယ့် စက်တင်ဘာ ၈ရက်ကနေ နိုဝင်ဘာ ၆ရက်ထိ လုပ်ဆောင်သွားရမှာပါ။
ဒါပေမယ့်ခုချိန်ထိ အချောသတ် ရွေးကောက်ပွဲဝင်ရမယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ရွေးကောက်ပွဲကော်မရှင်ဘက် က မထုတ်ပြန်နိုင်သေးပါ ဘူး။ လျှောက်ထား သူ ၆၀၀၀ကျော်ထဲက ၈၀ကျော် ပယ်ခံခဲ့ရတယ် လို့ဘဲ ရွေးကောက်ပွဲကော်မရှင် ကကြေညာထားပြီး ဝင်ရောက်ယှဉ်ပြိုင်ရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကိုတော့ ဒီနေ့ထက်ထိ ကြေညာထားခြင်း မရှိသေးပါဘူး။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
၃၆၀၀ ကျပ် သတ်မှတ်ပြီးနောက် အလုပ်သမား ၅၀၀ ကျော် လျှော့ချခံရ
အစိုးရက အနည်းဆုံးအခကြေးငွေ တရက်ကျပ် ၃၆၀၀ သတ်မှတ်လိုက်ပြီးတဲ့နောက် လှိုင်သာယာနဲ့ ရွှေပြည်သာအထည်ချုပ်စက်ရုံတချို့က အထည်ချုပ်အလုပ်သမား ၅၀၀ ကျော် လျှော့ချခံခဲ့ရတယ်လို့ အလုပ်သမားရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
လှိုင်သာယာအလုပ်သမားအရေး လုပ်ဆောင်နေသူ ရှေ့နေဦးဌေးက လှိုင်သာယာက  အထည်ချုပ်စက်ရုံ ၂ ခုမှာတင် အလုပ်သမား ၅၀၀ ကျော် အလုပ်က ရပ်စဲလိုက်တယ်လို့ ပြောပါတယ်။
“၂ ရုံပေါင်းဆိုရင် အနည်းဆုံး အလုပ်သမား ၅၀၀ ကျော်ရှိမယ်၊ မြန်မာစံပယ်ပွင့်နဲ့ မြန်မာပုလဲ၊ ပိုင်ရှင်က ၁ ယောက်တည်းပဲ။ စံပယ်ပွင့်ကတော့ နစ်နာကြေးတွေ ပေးပြီးသွားပြီ၊ မြန်မာပုလဲကတော့ မနေ့ကကြားတာ ဆန္ဒပြနေတယ်။ ၃၆၀၀ မတိုင်မီက အာရှနှင်းဆီစက်ရုံက ၉၀ ကျော် လျှော့ချတယ်၊ ရွှေဆန်းရီက ၉၇ ယောက် အလုပ်က ရပ်စဲလိုက်တယ်။”
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားရေးတာဝန်ခံ ဒေါ်မာမာဦးကလည်း အလုပ်သမားလျှော့ချတဲ့သတင်း မှန်တယ်လို့ ပြောပါတယ်။
“မှန်ပါတယ်၊ လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်တွေမှာ ကျမ ကြားသလောက်တော့ လူ အယောက် ၅၀၀ လောက်တော့ အလုပ်ထုတ်ခံရတယ်၊ စက်ရုံက လုပ်ခလစာ ၃၆၀၀ ပေးပြီးတော့ အလုပ်သမားလျှော့ချတာပါ။”
လုပ်ငန်းရှင်တွေဘက်မှာ လျှပ်စစ်မီး မရတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ အခွန်အခတွေမြင့်တာ၊ အစိုးရဆီက အတိုးနှုန်း နည်းနည်းနဲ့ ငွေချေးမရတာ စတဲ့ အခက်အခဲတွေ ရှိတာမှန်ပေမယ့် ဒီပြဿ နာကို အလုပ်ရှင်နဲ့ အစိုးရပဲ ညှိနှိုင်းဖြေရှင်းရမှာ ဖြစ်တယ်။ အလုပ်သမားလုပ်ခလစာ တရက် ကျပ် ၃၆၀၀ ကတော့ ပေးကိုပေးသင့်တယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာ  အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းပြီး ထွက်သွားမယ့် အနေအထား မတွေ့ရသေးပါဘူး။
အစိုးရက သတ်မှတ်ပေးတဲ့ အနည်းဆုံးအခကြေးငွေ တရက်လုပ်ခ ၃၆၀၀ ကျပ်နှုန်းထားကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး ခံစားခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနှုန်းထားဟာ နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲဘဲ ရကြမှာပါ။ ၂ နှစ်ကျော်ကြာ အချိန်ယူ ကြိုးပမ်းခဲ့ပြီးနောက် သတ်မှတ်ခဲ့တဲ့ ဒီနှုန်းထားဟာ လုပ်သား ၁၅ ဦးအောက် လုပ်ငန်းတွေနဲ့ မိသားစုတပိုင်တနိုင် လုပ်ငန်းတွေမှာ အကျုံးမ၀င်ဘူးလို့ ဆိုပါတယ်။
ရွှေအောင် DVB
ပါလ်​မိုင်​ယာ ​မြို့​ဟောင်း​က ​မျှော်​စင် ၃ ​ခု ​ဖျက်​ဆီး​ခံ​ရ
ဆီး​ရီး​ယား ​နိုင်​ငံ​မှာ ​က​မ္ဘာ​ကျော် ​ပါလ်​မိုင်​ယာ ​မြို့​ဟောင်း​မှာ ​ရှိ​တဲ့ ​သ​မိုင်း​ဝင် ​အ​ကွှင်း​အ​ကျန် ​တ​ချို့​ကို IS ​အ​စ္စ​လာ​မ္မစ် ​နိုင်​ငံ ​အ​ဖွဲ့​က ​ဖျက်​ဆီး​မှု​တွေ ​ထပ်​မံ ​ပြု​လုပ် ​ခဲ့​တယ်​လို့ ​သ​တင်း​တွေ ​ရ​ရှိ​ပါ​တယ်။
ကျောက်​တုံး​တွေ​နဲ့ ​မျှော်​စင်​ပုံ ​တည်​ဆောက် ​ထား​တဲ့ ​ရှေး​ဟောင်း ​သ​င်္ချိုင်း​ဂူ ၃ ​ခု​ကို IS ​အ​ဖွဲ့​က ​ဖြို​ချ ​ဖျက်​ဆီး​ခဲ့​တယ်​လို့ ​ဆီး​ရီး​ယား ​အ​စိုး​ရ ​ရှေး​ဟောင်း ​ယဉ်​ကျေး​မှု ​ဌာ​န​က ​ပြော​ပါ​တယ်။
ပါလ်​မိုင်​ယာ ​မြို့​ဟောင်း​ရဲ့ ​အ​ရေး​အ​ပါ​ဆုံး ​ဘု​ရား​ကျောင်း ​တစ်​ခု​ကို IS ​အ​ဖွဲ့​က ​ဖျက်​ဆီး​ခဲ့​ပြီး ​ရက်​ပိုင်း ​အ​တွင်း​မှာ ​အ​ခု ​သ​တင်း ​ထပ်​မံ ​ထွက်​ပေါ် ​လာ​တာ​ပါ။
အ​စ္စ​လာ​မ္မစ် ​ဝါ​ဒ ​မ​ပေါ်​မီ​က​တည်း​က ​ရှိ​ခဲ့​တဲ့ ​ဂူ​သ​င်္ချိုင်း​တွေ​နဲ့ ​ဝတ်​ပြု​ရာ ​နေ​ရာ​တွေ​ကို ​ဘာ​သာ​ရေး​အ​ရ ​စော်​ကား​တဲ့ ​နေ​ရာ​တွေ ​အ​ဖြစ် IS ​စစ်​သွေး​ကွှေ​တွ​က ​သ​ဘော​ထား​လေ့ ​ရှိ​ကြ​ပါ​တယ်။
 BBC Burmese
လှိုင်သာယာ လူသတ်မှု စက်တင်ဘာလ (၉)ရက်နေ့ အမိန့်ချမည်
လှိုင်သာယာမြို့နယ် ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ပတ်သက်၍ စက်တင်ဘာလ (၉) ရက်နေ့တွင် အပြီးသတ် အမိန့်ချမည် ဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
      “ဒီနေ့ရုံးချိန်းက အပြီးသတ် လျှောက်လဲချက်တင်တာ။ လာမယ့် စက်တင်ဘာ လ(၉)ရက်နေ့မှ အပြီးသတ် အမိန့်ချမှတ်မှာပါ”ဟု ၎င်းင်းက ဆိုသည်။
      အဆိုပါ လူသတ်မှုတွင် တရားစွဲဆို ခံထားရသူ ငါးဦးအနက် သက်မောင်မောင် အပါအ၀င် သုံးဦးကို အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ပုဒ်မဖြင့် စွဲချက် တင်ထားပြီး ကျန်နှစ်ဦးကို အင်းစိန်ကလေးသူငယ် တရားရုံး၌ လာမည့် စက်တင်ဘာလ(၉) ရက်နေ့တွင် စွဲချက်တင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း  သိရသည်။
      ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ အပြစ်ကျူးလွန်သူဟု ယူဆရသူ သက်မောင်မောင်ကို ပုဒ်မ ၃၀၂(၂)/၃၂၃၊ ကို ဇော်မျိုးပါ နှစ်ဦးကို ၃၀၂(၂)/၃၂၃/၁၁၄ တို့ဖြင့် စွဲချက်တင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
       ၂၀၁၄ ခုနှစ်၊ ဇွန်လ(၉)ရက်ညပိုင်း အချိန်တွင် လှိုင်သာယာမြို့နယ် (၁၉) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်၌ အသက် (၂၅) နှစ်အရွယ် ကိုသန်းဇော်ဦးကို အမျိုးသားငါးဦးက ၀ိုင်းဝန်းထိုးကြိတ်ပြီး ယင်းအဖွဲ့မှ အသက်(၂၁)နှစ် အရွယ်ရှိ သက်မောင်မောင်က ဓားဖြင့် ၀င်ထိုးခဲ့သောကြောင့် ကိုသန်းဇော်ဦးမှာ သေဆုံးခဲ့ပြီး ၎င်းနှင့် အတူပါလာသော အမျိုးသားတစ်ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့သည်။
      ထိုလူသတ်မှု၌ သက်မောင်မောင် အပါအ၀င် အမျိုးသားငါးဦးကို လှိုင်သာယာ မြို့မရဲစခန်း၌ (ပ) ၁၈၆/၁၄၊ ပုဒ်မ ၃၀၂/ ၃၂၃/၁၁၄တို့ဖြင့် အမှုဖွင့် အရေးယူ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ယင်းလူသတ်မှု ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး လူအများက ကြောက်ရွံ့ဖွယ်ရာ မြင်ကွင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။
The Messenger Media
Friday, September 4, 2015
ခန္တီးမြို့တွင် မိုးအဆက်မပြတ် ထပ်ရွာပါက တစ်မြို့လုံးနီးပါး ရေကြီးနိုင်ဟုဆို
စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့အား ဂြိုလ်ထုမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ-google map)
    ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
    စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သုံးရက်အတွင်း မြို့၏ သုံးပုံနှစ်ပုံခန့် ရေနစ်မြုပ်နေပြီး ထပ်မံ ရွာသွန်းလျှင် တစ်မြို့လုံးနီးပါး ရေကြီးလာနိုင်ကြောင်း ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိ ရှိရသည်။
လက်ရှိတွင် ခန္တီးမြို့ မြသိန်းတန်ဘုရား၊ ဆေးရုံကုန်းနှင့် ခမရ ၅၂ တို့တွင် ရေဘေး ကယ်ဆယ်ရေးစခန်း သုံးခု ဖွင့်ထားရကြောင်း၊ လက်ရှိရက်ပိုင်းအတွင်း ခန္တီးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ရှိနေပြီး လာမည့် ရက်များအတွင်း ဆက်တိုက် ရွာသွန်းသွားပါက တစ်မြို့လုံးနီးပါး ရေကြီးနိုင်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။
ယနေ့ မြန်မာ စံတော်ချိန် ၁၂ နာရီခွဲ တိုင်းထွာ ချက်များအရ ချင်းတွင်းမြစ် ရေသည် ခန္တီးမြို့တွင် ခြောက်ပေခန့်၊ ဟုမ္မလင်း မြို့တွင် လေးပေခန့်၊ ဖောင်းပြင် မြို့တွင် တစ်ပေခန့်နှင့် မော်လိုက် မြို့တွင် နှစ်ပေခွဲခန့် ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အား ကျော်လွန် နေသည့် အတွက် မြေနိမ့်ပိုင်း နေထိုင်သူများ ရှောင်ရှားကြရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်ရီရီငြိမ်းက ဆင်ဟွာကို ယနေ့ ပြောကြား သည်။
ခန္တီးမြို့နှင့် ချင်းတွင်းမြစ် တစ်ဖက်ကမ်း ကင်းတော်ကျေးရွာတွင်လည်း ရွာလုံးကျွတ်နီးပါး ရေကြီးရေလျှံမှု ခံစားနေရပြီး မြို့မဈေး အပါအဝင် အောင်သာရပ်ကွက်နှင့် မြို့မရပ်ကွက်တို့တွင် ရေဝင်ရောက်ကာ ပေါမိုင်းရပ်ကွက်တွင် နေအိမ်အောက်ထပ်များ ရေမြုပ်နေသည်။
ချင်းတွင်းမြစ်ရေသည် စက်တင်ဘာလ ၃ ရက်မှ စတင်၍ နောက်တစ်ကြိမ် ထပ်မံ မြင့်တက် လာခဲ့သဖြင့် ၄င်းမြစ်ကြောင်း တစ်လျှောက်ရှိ မြို့များ၏ စိုးရိမ် ရေမှတ်သို့ ကျော်လွန် ရာက်ရှိ နေသည့်အတွက် စက်တင်ဘာ ၅ ရက်မှ စတင်၍ သုံးရက်ကြာအောင် ရေယာဉ် ပြေးဆွဲခြင်းများ ယာယီရပ်နား ထားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ (ရစက) ရုံး မှ ယနေ့ သတင်း ထုတ်ပြန်သည်။
ချင်းတွင်း မြစ်ရေသည် ပြီးခဲ့သည့် ဇူလိုင်လကုန် နှင့် သြဂုတ် လဆန်းပိုင်း က တစ်ကြိမ်မြင့်တက် လာပြီးနောက် ယခုထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။ 
(Xinhua)
ဟုမ္မလင်း၊ ခန္တီးနဲ့ အနီးရွာတွေ ရာချီပြီး ရေမြုပ်နေ
ဇူ​လိုင်​လ ​အ​ကုန်​ပိုင်း ​တုန်း​က​လည်း ​ရုတ်​တ​ရက် ​ရေ​ကြီး​ခဲ့​လို့ ​ကြို​တင် ​ပြင်​ဆင် ​ချိန် ​ဘာ​မှ ​မ​ရ​လိုက်​ပဲ ​အ​ပျက်​အ​စီး ​အ​ဆုံး​အ​ရှုံး ​ကြီး​ခဲ့ ​ရ။
 အခု ရက်ပိုင်းတွေမှာ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ မိုးများနေတဲ့ အတွက် တနိုင်းမြစ်နဲ့ ချင်းတွင်းမြစ်ရေ တိုးတာကြောင့် စစ်ကိုင်းတိုင်း ခန္တီး နဲ့ ဟုမ္မလင်း မြို့ပေါ် တွေ အပါအဝင် ဒေသတွင်း ကျေးရွာပေါင်း ၁၀၀ ကျော် မှာ ရေဝင်နေပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ နေရပါတယ်။
ခန္တီး မှာ ရေဘေး ဒုက္ခသည် စခန်းတွေ ဖွင့်လှစ်ပေး ထားပြီး လူဦးရေ ၂ ထောင်ကျော် ကို နေရာ ချပေး ထားတယ် လို့ အာဏာပိုင် တွေ က ထုတ်ပြန် ပါတယ်။
တောင်စောင်းပေါ် တည်ထားတဲ့ ခန္တီး မြို့ ရဲ့ အမြင့်ပိုင်း မှာ ခြေသလုံးဝက် လောက် ထိ ရေဝင် ပေမယ့် အနိမ့်ပိုင်း ရပ်ကွက် တွေ တော့ ရေမြုပ် နေပြီး အဆိုးဆုံး နေရာတွေ မှာ အိမ်လုံးကျွတ် မြုပ် နေတယ် ဆိုပြီး မြို့ခံ တွေ က ပြောပါတယ်။
ဘေးလွတ်ရာ ပြောင်းရွှေ့ရေး မှာ အာဏာပိုင် တွေ ဘက် က ကူညီ ပံ့ပိုးမှု အားနည်း တဲ့ အတွက် လူတွေ ဟာ ကိုယ့် အစီစဉ် နဲ့ ကိုယ် ပြောင်းရွှေ့ နေရ တယ် လို့ ခန္တီးမြို့ခံ တစ်ဦး ဖြစ်တဲ့ ကိုအောင်ဆန်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။
ဟုမ္မလင်း မြို့ ကတော့ အနိမ့် ပိုင်း ရောက် တဲ့ အတွက် ပိုပြီး ရေလွှမ်း ခံ နေရတယ် လို့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးမောင်မောင်ခင် က ဆိုပါတယ်။
ဒါပေမယ့် ဒီ တကြိမ် မြစ်ရေကြီးမှု ကို အာဏာပိုင် တွေ ဘက် က ကြိုတင် သတိပေး ချက် ထုတ်ပြန် ခဲ့လို့ ဒေသခံ ကြက်ခြေနီ တွေ အနေနဲ့ ပြောင်းရွှေ့ရေး ကိစ္စတွေကို စောစီးစွာ လုပ်ဆောင် နိုင်ခဲ့တယ် လို့လည်း ဦးမောင်မောင်ခင် က ပြောပါတယ်။
ဟုမ္မလင်းမြို့ ကို ကားလမ်း အဆက်သွယ်၊ တယ်လီဖုန်း အဆက်သွယ်တွေ ပြတ်တောက် နေပြီး ရေလမ်း တခုကိုပဲ အားထား နေရတယ်လို့ ဟုမ္မလင်းနဲ့ အနီးဆုံး နေရာက ဒေသခံတွေက ပြောပါတယ်။
အဲဒီ့ ဒေသတွေ မှာ ပြီးခဲ့တဲ့ ဇူလိုင်လ အကုန်ပိုင်း တုန်းကလည်း ရုတ်တရက် ရေကြီးခဲ့လို့ ကြိုတင် ပြင်ဆင် ချိန် ဘာမှ မရလိုက်ပဲ အပျက်အစီး အဆုံးအရှုံး ကြီးခဲ့ ရပါတယ်။
BBC Burmese
Wednesday, September 2, 2015
၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစေရန် ၁၀၀ ရာခိုင်နှုန်း အာမခံဟု ကော်မရှင် ဥက္ကဌဆို
 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး အား ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
    ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ရှိစေရန် ၁၀၀ ရာခိုင်နှုန်းထိ အာမခံနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လာမည့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပပေးမည် ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မဖြစ်ကို ဥပဒေနှင့် တိုင်းတာ မည်ဖြစ်ကြောင်း ဥက္ကဌက ဆိုသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ကျပ် ၄၄ ဘီလီယံ သုံးစွဲရန် လျာထားကြောင်း ၎င်းက ပြောသည်။ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ၄ ဖွဲ့လာရောက်ရန် ကော်မရှင်ထံ အကြောင်းကြား ထားပြီး ကော်မရှင် အနေဖြင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့များကို အရေအတွက် ကန့်သတ်ထားခြင်း မရှိကြောင်း၊ ပြည်တွင်း လေ့လာရေး အဖွဲ့အနေဖြင့် လက်ရှိချိန်ထိ နှစ်ဖွဲ့သာ စာရင်းပေး ထားကြောင်း ဥက္ကဌ ဦးတင်အေးက ဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင်က ပြဋ္ဌာန်းထားသော စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီဟု ဆိုကာ သက်ဆိုင်ရာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချသော ကိုယ်စားလှယ် လောင်းစုစုပေါင်း ၈၈ ဦးရှိပြီး ကချင်မှ ၁ ဦး၊ ကယားမှ ၂ ဦး၊ ကရင်မှ ၅ ဦး၊ စစ်ကိုင်း ဒေသကြီးမှ ၁ ဦး၊ ပဲခူး ဒေသကြီးမှ  ၉ ဦး၊ မကွေး ဒေသကြီးမှ  ၂ ဦး၊ မန္တလေး ဒေသကြီးမှ  ၄ ဦး၊ ရခိုင် မှ ၂၈ဦး၊ ရန်ကုန် ဒေသကြီးမှ ၂၄ ဦးနှင့် ရှမ်း မှ ၁၁ ဦးတို့ ပါဝင်ကြောင်း ကော်မရှင် ဥက္ကဌက ပြောသည်။
ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို နိုင်ငံတဝန်းမှာ  စက်တင်ဘာလ ၁၄ ရက် မှ ၂၇ ရက်ထိ ၁၄ ရက်ကြာ ကြေညာပေး ထားမည်ဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားမှ မဲပေးပိုင်ခွင့်ရှိသူ ၁၈,၀၀၀ ကျော် ရှိနေသည်။
(Xinhua)
http://www.xinhuamyanmar.com
ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက ကိုယ်စားလှယ် ၇၀၀ ကျော် ပြိုင်မည်
၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၂၃ ခုနဲ့ မဟာမိတ်စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) က လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၇၀၀ ကျော် ၀င်ပြိုင်မယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အန်ဘီအက်ဖ်အနေနဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်တွေမှာ ၃၈၁ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၁၆ ဦး၊ ပြည်သူ့လွှတ်တော်မှာ ၁၈၄ ဦးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး စုစုပေါင်း ၇၁၀ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။
တိုင်းရင်းသားမဟာမိတ်ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းပြီးတဲ့နောက် တိုင်းရင်းသားထဲက ဒုတိယသမ္မတ တဦး တင်မြှောက်နိုင်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ မဟာမိတ်တဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ဦးဦးလှစောက ပြောပါတယ်။
“ကျနော်တို့ ယုံကြည်တာကတော့ ပြည်ထောင်စုလွှတ်တော်ထဲမှာ ယူအက်စ်ဒီပီ သော်လည်းကောင်း၊ အန်အယ်လ်ဒီသော်လည်းကောင်း တဖက်သတ် အပြတ်အသတ် နိုင်မယ်လို့ မထင်ဘူးဗျ။ တိုင်းရင်းသားပါတီတွေအနေနဲ့ ယူအက်စ်ဒီပီနဲ့ အန်အယ်လ်ဒီလိုပဲ အင်အားကြီးတဲ့ အင်အားစုအနေနဲ့ ရှိနေလိမ့်မယ်လို့ ယုံကြည်တယ်။ အခု ဒု-သမ္မတ ဦးစိုင်းမောက်ခမ်းဟာ ယူအက်စ်ဒီပီက ဖြစ်နေတယ်။ အဲ့ဒီတော့ ဒု-သမ္မတ    ဆိုတာဟာ အင်အားစုကြီးဖြစ်တဲ့ တိုင်းရင်းသားပါတီတွေထဲက တယောက်ဖြစ်သင့်တယ်ဆိုတဲ့ အယူအဆနဲ့ တင်ပြတာ ဖြစ်တယ်။”
၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေထဲက ကိုယ်စားလှယ် ၁၆၀ အနိုင်ရခဲ့ပြီး ဒီတကြိမ်မှာ ဒီ့ထက်များတဲ့ ကိုယ်စားလှယ် အနိုင်ရလိမ့်မယ်လို့ ယုံကြည်ထားကြောင်းလည်း ပြောပါတယ်။
ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း အန်ဘီအက်ဖ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီ ၂၃ ခုနဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။
DVB
အာသံပြည်နယ်မှာ ရေကြီးပြီး သေဆုံးမှုများပြား
Photo: AFP
 အိန္ဒိယအရှေ့မြောက် အာသံပြည်နယ်မှာ မုတ်သုန်မိုးကြီးပြီး ရေလွှမ်းမိုး တာကြောင့်ပြီးခဲ့တဲ့ ၄ရက်အတွင်း လူပေါင်း ရှစ်သိန်း နေအိမ်တွေကို စွန့်ခွာကြရပြီး ၂၁ ဦးသေဆုံးခဲ့ပါတယ်။
လူပေါင်း ငါးသောင်းလောက်ဟာ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြပြီး ကျန်လူတွေကတော့ နီးစပ်ရာဆွေမျိုးသားချင်းတွေနဲ့ နေထိုင်ကြတယ်လို့ ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မိုးများပြီးရေကြီးတာကြောင့် အာသံပြည်နယ်က ဗြဟ္မပုတရာမြစ်ရေလျှံပြီး ကျေးရွာပေါင်း တစ်ထောင့်ခြောက်ရာကျော် ရေလွှမ်းမိုးခဲ့တာဖြစ်ပါတယ်။
အိန္ဒိယရဲ့ အာသံပြည်နယ်ဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားလောက်မှာ တည်ရှိပြီး မုတ်သုန်မိုးနှစ်စဉ်ကြီးတဲ့ဒေသလည်း ဖြစ်ပါတယ်။
RFA Burmese
ပါတီဝင် ၂၈ ဦးကို ရခိုင်အမျိုးသားပါတီ ထုတ်ပယ်
ပါတီစည်းကမ်းဥပဒေနဲ့ မညီညွတ်တဲ့ ပါတီဝင် ၂၈ ဦးကို ရခိုင်အမျိုးသားပါတီက ထုတ်ပယ်လိုက်ပါတယ်။
အဆိုပါ ၂၈ ဦးဟာ ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ အရွေးမခံရတဲ့သူတွေဖြစ်ပြီး ပါတီက ချမှတ်ထားတဲ့ စည်းကမ်းနဲ့ မညီညွတ်တဲ့အတွက် ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က ပါတီအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကနေ ထုတ်ပယ်လိုက်တာလို့ ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ပါတီတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းသွင်းတဲ့ လူတွေကို ရွေးကောက်ပွဲပြန်လုပ်တယ်လေ။ ပါတီတွင်း ယှဉ်ပြိုင်မှုမှာ တချို့ကရှုံးတယ်၊ တချို့က အနိုင်ရတယ်ပေါ့။ အဲဒီလို မပြိုင်ခင်က ရွေးချယ်ကြီးကြပ်ရေးကော်မတီမှာ မူတခုရှိတယ်။ အဲဒီမူက ဘာလဲဆိုတော့ ဘယ်လိုပဲရှုံးနေနေ ပါတီကနေ မထွက်ရဘူး၊ တသီးပုဂ္ဂလ ၀င်မပြိုင်ရဘူး၊ တခြားပါတီကို မပြောင်းရဘူး ဆိုပြီးသတ်မှတ်ထားတယ်။ အဲဒီဟာကို လက်ခံပြီးမှ ၀င်ပြိုင်ပါလို့ ပြောထားပါတယ်။ သို့သော် ၀င်ပြိုင်တဲ့အခါမှာ ရှုံးတဲ့လူတွေက တသီးပုဂ္ဂလ ၀င်ပြိုင်တဲ့လူလည်း ရှိတယ်၊ တခြားပါတီကို ပြောင်းတဲ့လူလည်းရှိတယ်။ အဲဒါကြောင့်မို့ အဲဒီပုဂ္ဂိုလ်တွေကို ကျနော်တို့ မူအရ၊ ပါတီစည်းမျည်းနဲ့အညီ ထုတ်ပယ်တာပါ။”
ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရမယ့်သူတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် ပါတီစည်းကမ်းကိုတော့ လိုက်နာရမှာဖြစ်ကြောင်း၊ အထုတ်ပယ်ခံရသူတွေအနေနဲ့ ပါတီထဲပြန်ဝင်ဖို့ ပြန်လည်လျှောက်ထားခွင့်ရှိပေမယ့်လည်း ပါတီအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ ပြန်လက်ခံမယ်လို့ သူကဆက်ပြောပါတယ်။
ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဒေါ်အေးနုစိန်ကလည်း ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံမယ့်လူတွေအနေနဲ့ အရှုံးကို ရဲရင့်စွာရင်ဆိုင်ဖို့ နဂိုကတည်းက ပြောထားပြီး၊ ဖေဖော်ဝါရီလ ၅ ရက် အစည်းအဝေးက ဆုံးဖြတ်လိုက်တဲ့ ဒီစည်းကမ်းချက်တွေကို လိုက်နာပါမယ်လို့ လက်မှတ်ထိုးထားပြီမှ မလိုက်နာလို့ ထုတ်ပယ်ရတာလို့ ပြောပါတယ်။
စည်းကမ်းနဲ့အညီ ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေကိုလည်း ရှေ့ဆက်ပြီးဖြစ်ထွန်းစေချင်ကြောင်း၊ အခုလို ပါတီဝင်တွေကို ထုတ်ပယ်လိုက်တာကြောင့် ရခိုင့်အမျိုးသားစည်းလုံးမှုကို ထိခိုက်မှာမဟုတ်ဘူးလို့ ဖြည့်စွက်ပြောသွားပါတယ်။
ပါတီဝင်ကနေ ထုတ်ပယ်ခံရသူတွေထဲမှာ ဗဟိုကော်မတီဝင်နဲ့ အလုပ်အမှုဆောင်အဖွဲ့တွေပါ ပါဝင်တယ်လို့ ကြားသိရပေမယ့် သက်ဆိုင်ရာ ကာယကံရှင်တွေနဲ့ တော့ ဆယ်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ရခိုင်အမျိုးသားပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းထားတဲ့ ပါတီဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း ပြည်သူ့လွှတ်တော် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၄ နေရာ၊ စုစုပေါင်း ၆၃ နေရာမှာ ၀င်ပြိုင်ဖို့ ရှိနေပါတယ်။
DVB
တောင်ကိုရီးယားနိုင်ငံသား မောင်းနှင်လာသည့် ယာဉ် လမ်းလယ်ကျွန်းကပ်တုံးအား တိုက်မိ တိမ်းမှောက်
အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းကပ်တုံးအား ဝင်တိုက်
နေပြည်တော်၊ စက်တင်ဘာ ၂
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၈၈/၁-၂)ကြားတွင် ယာဉ်တိမ်း မှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေး အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှမီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
 နေပြည်တော်မှတောင်ငူသို့ ပျဉ်းမနားမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ တောင်ကိုရီးယားနိုင်ငံသား Mr. MIN SUNG GUN (၅၂)နှစ်မောင်းနှင်လာသည့် 8H/×××× Super Custom ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံး(၂)တုံးအား ဝင်ရောက်တိုက်မိတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် စကားပြန် အောင်မင်္ဂလာရပ်ကွက်နေ ကိုအေးမင်းသော်(၂၅)နှစ်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မောင်း Mr. MIN SUNG GUN အား ပလွေးအမြန်လမ်းမကြီးရဲစခန်းယာဉ် (ပ)၁၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ ရောက်ရှိ
သမ္မတ ဦးသိန်းစိန်ဟာ ဖက်ဆစ်အောင်ပွဲနဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၇၀ ပြည့်ပွဲကို တက်ရောက်ဖို့ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ရောက်ရှိနေတယ်လို့  မြန်မာ့ ရုပ်မြင်သံကြားက ထုတ်လွှင့်သွားပါတယ်။
ပြည်ထောင်စုဝန်ကြီးတချို့အတူ တရုတ်နိုင်ငံကို ဒီကနေ့မနက် နေပြည်တော်ကနေ လေကြောင်းနဲ့ထွက်သွားတာဖြစ်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။
တရုတ်နိုင်ငံ မြို့တော်မှာ စက်တင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် ဖက်ဆစ်တော်လှန်ရေး အောင်ပွဲနေ့ နှစ် ၇၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့အတွက် နိုင်ငံပေါင်း ၃၀ လောက်ရဲ့ အကြီးအကဲတွေလည်း တရုတ်နိုင်ငံကို ရောက်ရှိနေကြပါပြီ။
အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ ထဲမှာ ရုရှားသမ္မတ ဘလာဒီမာပူတင်၊ တောင်ကိုရီးယား သမ္မတပါခ်ဂွန်ဟေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်း စသူတွေလည်းပါဝင်ပါတယ်။
အခမ်းအနားမှာ တရုတ်စစ်သည် အင်အား ၁ သောင်းကျော် နိုင်ငံပေါင်း ၁၇ နိုင်ငံက တပ်သား ၁ ထောင်နီးပါးတို့က စစ်ရေးပြကြမှာဖြစ်ပြီး တိုက်လေယာဉ်တွေအပါအ၀င် တရုတ်ပြည်ရဲ့ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းတွေကိုလည်း ပြသဖို့ ရှိနေပါတယ်။
DVB
"အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို မဲပေးရေး လှုံ့ဆော်မည်
၂၀၁၄ မတ်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် မွန်အမျိုးသမီး ညီလာခံ မြင်ကွင်း
ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch
 မော်လမြိုင်၊ သြဂုတ် ၂
လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို မဲပေးရေး လှုပ်ရှားမှုကို မွန်အမျိုးသမီးကွန်ရက် (MWN)က ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။
နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်လာစေရန်နှင့် ဆုံးဖြတ်ချက်ချရာတွင်လည်း ပါဝင်လာစေရန် ရည်ရွယ်ပြီး ယင်းသို့ လှုပ်ဆော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း MNW၏ Peace and Security စီမံကိန်း လက်ထောက် ညှိနှိုင်းရေးမှုး ချမ်းလ၀ီမာည်က ပြောသည်။
“ဘယ်ပါတီက အမျိုးသမီးကိုယ်စားလှယ်လောင်းကိုမဆို အမျိုးသမီးကိုယ်စားလှယ်လောင်းတိုင်းအတွက် လုပ်တဲ့ လှုပ်ရှားမှုပါ၊”ဟု ချမ်းလ၀ီမာည်က ဆိုသည်။
ထို့အပြင် မွန်အမျိုးသမီးကွန်ယက်၏ အားပေးမှုဖြင့် ၀င်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအတွက်လည်း မဲပေးရေး လှုပ်ရှားမှု ပြုလုပ်သွားမည်ဟု ၎င်းက ထပ်လောင်းပြောသည်။
လှုပ်ရှားမှုကို စက်တင်ဘာလ ၈ ရက်နေ့ နောက်ပိုင်းတွင် စတင်ပြုလုပ်မည်ဖြစ်ပြီး မွန်ပြည်နယ်အပြင် မွန်ပါတီများ ၀င်ပြိုင်သည့် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင်လည်း လှုံ့ဆော်မည် သိရသည်။
၂၀၁၀ ရွေးကောက်ပွဲထက်စာလျှင် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ပါဝင်လာသည့်အပြင် အမျိုးသမီးပါတီ (မွန်) လည်း ပေါ်ထွက်လာသည့်အတွက် နိုင်ငံရေးကဏ္ဍတွင် အမျိုးသမီးတို့၏ ပါဝင်မှုသည် တဖြည်းဖြည်း များပြားလာမည်ဟု မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၈ ခုတို့မှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅၂ ဦး ပါဝင်ပြီး ၄င်းတွင် မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် အမျိုးသမီးပါတီ (မွန်) တို့မှ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၃ ဦး ဝင်ပြိုင်မည်ဖြစ်သည်။
Dawei Watch
ချင်းတွင်းမြစ်ရေလျှံတက်မှု ခန္တီးမှာ ကျေးရွာပေါင်း ရာနဲ့ချီ စတင်နစ်မြုပ်
ရေကြီးနေတဲ့ မြစ်ကမ်းနားဘေးက အိမ်တစ်အိမ်ကို တွေ့ရစဉ်။ Photo: RFA
 စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်မှာ ၅ ရက်ဆက်တိုက် မိုးကြီးခဲ့တာကြောင့် ချင်းတွင်းမြစ်ရေတက်လာပြီး မြစ်ကမ်း တစ်လျှောက်မှာရှိတဲ့ ခန္တီးမြို့နယ်က ကျေးရွာပေါင်း ၁၀၀ နီးပါးလောက် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေမြင့်တက်လာတာ ကျေးရွာတွေအပြင် အခုဆိုရင် ခန္တီးမြို့ပေါ်ရပ်ကွက်တွေအထိ ရေလျှံနေတာကြောင့် စာသင်ကျောင်းတွေနဲ့ ခန္တီးမြို့မဈေးကို ပိတ်လိုက်ပြီလို့ မြို့ခံ ကိုအောင်ဆန်းမြင့်က ပြောပါတယ်။
"ခန္တီးမြို့နယ်မှာ ၃၂ အုပ်စုရှိတယ်၊ ၃၂ အုပ်စုစလုံး မြစ်ကမ်းဘေးရွာတွေက အကုန်လုံးမြုပ်သွားပြီ၊ ရွာပေါင်း ၁ဝဝ နီးပါးရှိမယ်၊ ချင်းတွင်းမြစ်ဘေးမှာပဲ ကျေးရွာတွေကတော့ အကုန်လုံးမြုပ်သွားပြီ၊ ခန္တီးမြို့ပေါ်ပဲကျန်တယ်ဗျ၊ ခန္တီးမြို့ပေါ်က ၄ ရပ်ကွက်ဝင်သွားပြီ၊ ကျောင်းတွေလည်း ဒီနေ့ပဲပိတ်လိုက်ပြီ"
ခန္တီးမြို့ပေါ်ရပ်ကွက်တချို့က ဒေသခံတွေကို တပ်မတော်၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မီးသတ်ရဲတပ်ဖွဲ့ဝင်က ကုန်းမြင့်တဲ့နေရာတွေဆီ ရွှေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေမြင့်တက်နေတာကြောင့် ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ သတိထားကြဖို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ သတိပေးကြေညာထားပါတယ်။
BBC Burmese
Tuesday, September 1, 2015
မြန်မာနိုင်ငံတွင် နည်းပညာနှင့် သက်မွေးပညာရေး အရည်အသွေး မြှင့်တင်ရေး သင်တန်းကျောင်း တည်ထောင်နိုင်ရေး မြန်မာ-ကိုရီးယား ဆွေးနွေး လက်မှတ်ရေးထိုး
နည်းပညာနှင့် သက်မွေးပညာရေး အရည်အသွေး မြှင့်တင်ရေး သင်တန်းကျောင်း 
TVET Teacher Training Institute ဆွေးနွေးမှု မှတ်တမ်း လက်မှတ်ရေးထိုးပွဲ (ဆင်ဟွာ)
နေပြည်တော်/စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် နည်းပညာနှင့် သက်မွေးပညာရေး အရည်အသွေး မြှင့်တင်ရေး  သင်တန်းကျောင်း  TVET Teacher Training Institute တည်ထောင်နိုင်ရေး စီမံကိန်းကို ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperation Agency-KOICA) နှင့် နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ရန် ဆွေးနွေးမှု မှတ်တမ်း (Record of Discussion) လက်မှတ် ရေးထိုးခြင်းကို ယနေ့ နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည်။
ယနေ့ ပြုလုပ်သော လက်မှတ် ရေးထိုးပွဲ အခမ်းအနားသည် မြန်မာနိုင်ငံတွင် TVET Teacher Training Institute တည်ထောင်နိုင်ရေး စီမံကိန်း ဆောင်ရွက်နိုင်ရန် ဖြစ်ပြီး TVET Teacher Training Institute တွင် ဆရာ ၊ ဆရာမ များနှင့် စီမံ အုပ်ချုပ်သူများ အရည်အသွေး မြှင့်တင်နိုင်ရေး အတွက် သင်တန်းများ ပို့ ချ ဆောင်ရွက် သွားမည် ဖြစ်သကဲ့သို့ နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး အတွက် Research and Development များလည်း ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လုပ်သား ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် ကျွမ်းကျင် ပညာရှင်များ မွေးထုတ်နိုင်ရန် အစိုးရ စက်မှု လက်မှု သိပ္ပံ တစ်ခုအနေဖြင့် သင်တန်းသားများ လက်ခံ သင်ကြားပေး သွားမည်ဟု သိရသည်။
နည်းပညာနှင့် သက်မွေးပညာရေး အရည်အသွေး မြှင့်တင်ရေး  သင်တန်းကျောင်း    TVET Teacher Training Institute ဆွေးနွေးမှု မှတ်တမ်း လက်မှတ်ရေးထိုးပွဲ (ဆင်ဟွာ)
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကိုကိုဦးက လူမှု-စီးပွား ဖွံ့ ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်သည့် နေရာတွင် နည်းပညာနှင့် သက်မွေး ပညာရေး သည် နိုင်ငံအားလုံး အတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပြီး မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေး ပညာရေး စနစ်တွင် တစ်ဦးချင်း ၊ တစ်ယောက်ချင်းစီ၏ အရည်အသွေးနှင့် ကျွမ်းကျင်မှု ဖွံ့ ဖြိုး တိုးတက်ရေးကို မြှင့်တင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ နှင့် နည်းပညာနှင့် သက်မွေး ပညာရေး ဦးစီးဌာနတို့ အကြား နည်းပညာ ဖွံ့ ဖြိုး တိုးတက်ရေး ဆိုင်ရာ နည်းလမ်းများ ၊ အကြံဥာဏ်များ ၊ နည်းပညာများ ရရှိရန် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ယခု ဆွေးနွေးမှု မှတ်တမ်း (Record of Discussion) လက်မှတ် ရေးထိုးပွဲ အခမ်းအနားသည် နည်းပညာနှင့် သက်မွေး ပညာရေး ဖွံ့ ဖြိုး တိုးတက်ရေး အတွက် သိသာ ထင်ရှားသည့် သမိုင်း မှတ်တိုင် တစ်ခု အဖြစ် ရပ်တည်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ သက်မွေး ပညာရေး လေ့ကျင့်မှု အတွက် အောင်မြင်သည့် ရလဒ် ကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
နည်းပညာနှင့် သက်မွေး ပညာရေး အရည်အသွေး မြှင့်တင်ရေး  သင်တန်းကျောင်းကို ရန်ကုန် ဧရိယာ အတွင်း ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ် ထားပြီး အမေရိကန် ဒေါ်လာ ၁၁.၅ မီလီယံ ရင်းနှီး မြှုပ်နှံသွားမည် ဖြစ်ကြောင်း ယင်း သင်တန်းကျောင်းတွင် အထက်တန်း အောင်မြင်ပြီးသူများ ဆရာ၊ ဆရာမများနှင့် ဒေသဆိုင်ရာ လူငယ်များအား သင်ကြားပေးသွားမည် ဖြစ်ပြီး အရေးအသွေးမြင့် ဆရာ့အဆင့်ဖြစ်အောင် သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း KOICA ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောသည်။
ထိုသို့ ဆွေးနွေးမှု မှတ်တမ်း (Record of Discussion) ကို နည်းပညာနှင့် သက်မွေး ပညာ ဦးစီး ဌာနမှ ညွှန်ကြားရေးမှုးချုပ်နှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီမှ ဥက္ကဌ တို့ က နှစ်ဦးနှစ်ဖက် အပြန်အလှယ် လဲလှယ် လက်မှတ် ရေးထိုးခဲ့ကြသည်။
 (Xinhua)
ရွေးကောက်ပွဲအတွက် အမည်စာရင်း တင်သွင်းစဉ် ပယ်ချခံရသော ကိုယ်စားလှယ်လောင်း ၈၈ ဦး တစ်ပတ်အတွင်း အယူခံ ဝင်နိုင်ဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းခဲ့စဉ် ပယ်ချခံရသော ကိုယ်စားလှယ် ၈၈ ဦးသည် တစ်ပတ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ အယူခံ ဝင်နိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ ပြောကြားသည်။
http://www.xinhuamyanmar.com/myanmar
အနီးဆုံးလူ သတိထား
 ထိုင်းနိုင်ငံ ချချိုဆောင်း ပြည်နယ်မှာ သဘောကောင်းပြီး ခလေးချစ်တတ်တဲ့ အဖိုးအိုကြီး လို့  ရွာက လူသိများတဲ့ စုံကျစ် အသက် ၅၉နှစ်ကို ယုံကြည့်ပြီး ခလေးတွေကို ကျောင်းပို့ ကျောင်ကြို လုပ်ခိုင်းထားခဲ့တာ ကြာပြီဖြစ်ပါတယ်။
မိဘတွေကမြို့ မှာအလုပ်သွားလုပ်နေကြတော့ သားသမီးတွေ ကျောင်းပို့ ကြိုကို စုံကျစ်က တလကို ခလေးတယောက် ဘတ် ၂၀၀ (ကျပ် ၆၀၀၀)နှုံးနဲ့  လက်ခံပြီး တာဝန်ယူ စောင့်ရှောက့် ပေးတော့ သူ့ ဆီမှာဘဲ ခလေးတွေ အပ်ထားကြတာပါ၊
ရွာကလူတွေက စိတ်ချကြလို့  သူ ရဲ့ သုံးဘီးကားနဲ့  မနက်ညနေ ကျောင်းပို့ ကြို လုပ်နေရင်း ၈ နှစ်သမီးလေးတယောက် အပြင်းဖျားပြီး ကယောင် ကတမ်း တွေ အော်နေလို့  ဆေးရုံတင်ရတော့မှ ခလေးရဲ့  ကိုယ်မှာ မုဒိန်းကျင့်ထားတဲ့ လက္ခဏာတွေ့ ရာကနေ အဖိုးကြီးစုံကျစ်ရဲ့  မုဒိန်းမှုပေါ်သွားပါတော့တယ်။
ဒီလူ ခလေးတဦးထဲကျင့်ခဲ့မဟုတ်ဘဲ မိန်းခလေး ၆ ဦးကို လနဲ့ ချီပြီး အတင်းကြပ် ကာမဆက်ဆံဘို့  အမြဲလုပ်နေခဲ့ကြောင်း ၊တချို့ မိန်းခလေးတွေဆို သူကာမအနိုင်ကျင့်ဘူးခဲ့သူတွေဟာ
အထက်တန်းကျောင်းတောင်ရောက်နေပြီး တရားခံက ချိန်းခြောက်ထားတာရယ် အရှက်ကွဲမှာစိုးတာရယ်ကြောင့် မပြော ရဲခဲ့ဘူးလို့  ခလေးတွေက ၀န်ခံခဲ့ပါတယ်။
အလွန်စိတ်မကောင်းဖြစ်စရာ ပါ ၊စုံကျစ်မုဒိန်းကျင့်ခဲ့ သူတွေမှာ သူမြေးအရင်းတယောက် တောင်ပါနေခဲ့ပါတယ်။
Social Action for Women - SAW
Community Organization
ကျောင်းသားရုံးထုတ်တွင် ရှေ့နေနှင့် တရားသူကြီး အချေအတင်ဖြစ်
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်စဉ် ရိုက်နှက်ဖမ်းဆီး တရားစွဲခံကြရတဲ့ ကျောင်းသား တွေနဲ့ ၀န်းရံပြည်သူတွေကို ပဲခူးတိုင်း သာယာဝတီမြို့နယ်တရားရုံးမှာ ဒီနေ့ထပ်မံ ရုံးထုတ် ပါတယ်။
ဒီကနေ့ ရုံးထုတ်မှာ  လက်ရှိကျောင်းသားတွေကို စွဲဆိုထားတဲ့အမှု ဟာ တရားမ၀င်ဘဲ မူလကနေ ပျက်ပြယ်နေတဲ့ တရားစွဲဆိုမှုတရပ်ဖြစ်ကြောင်း ကျောင်းသားတွေရဲ့ရှေ့နေတွေက လျှောက်ထားတဲ့အမှုကို အမိန့်ချမှတ်ဖို့ပါ။
ဒါပေမယ့်ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ တရားသူကြီးက အချက်တခုပေါ်မှာ အချေအတင်ဖြစ်ပွားခဲ့တဲ့အတွက် အမှု မစစ်၊ အမိန့်မချဖြစ်ဘဲ ရုံးပြန်ချိန်းဆိုခဲ့တယ်လို့ ကျောင်းသားရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
“ပြီးခဲ့တဲ့အပတ်တုန်းက ဒုရဲမှူး နန္ဒ၀င်းဆိုတာသည် တကယ်တော့ ဒုရဲမှူးကြီးဆိုတဲ့ ရာထုအခေါ်အဝေါ်က မှားတယ်။ အဲဒါကို သူက ပြင်ချင်လို့ တရားသူကြီကို လျှောက်ချင်တာ၊ ဆိုတော့ သူက လျှောက်လှဲချက်ပေးမယ်ဆိုပြီး သူက ပြင်တယ်။ ပြင်တဲ့အခါမှာ တရားသူကြီးက ‘မဟုတ်ဘူး ကျနော်အမိန့်ချမယ်။ အမိန့်နားထောင်ပြီးမှ လုပ်’၊ သူကလည်း ‘အမိန့်မချခင်မှာ ပြင်မယ်’ ဆိုတာချည်းပဲ။ တရားသူကြီးကလည်း ‘ခင်ဗျားတင်တာ ကျနော်လက်မခံဘူး။ အမိန့်ချပါရစေဦး’ ဆိုတာလည်း လက်မခံဘူး။ သူတင်တာကို လက်မခံရကောင်းလားဆိုပြီးတော့ အနောက်က ကျောင်းသားတွေအုပ်စုကနေပြီးတော့ အော်တယ်ဗျာ။ ထုံစံအတိုင်းပေါဗျား ‘တရားသူကြီးအလိုမရှိ’ ဘာညာနဲ့ဆိုတဲ့အခါကျတော့ တရားသူကြီးက ဒေါသထွက်တဲ့ အခါကျတော့ အမှုမစစ်တော့ဘူး။ အမိန့်လည်းမချနိုင်ဘူး ရပ်ပစ်လိုက်ရတယ်။” လို့ ပြောပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ မြို့နယ်ရော ခရိုင်မှာပါ  အမိန့်မချနိုင် အမှုမစစ်နိုင်တဲ့အတွက် လာမယ့် ၈ ရက်နေ့ကို ရုံးပြန်ချိန်းဆိုတယ်လို့ ဆိုပါတယ်။
ကျောင်းသားသပိတ်ကြောင့်  ဖမ်းဆီးခံကြရတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက်ရှိပြီး  အားလုံးအမှုရင်ဆိုင်နေရပါတယ်။
DVB
သတင်းမီဒီယာနှင့် တွေ့ဆုံစကားပြောခွင့် မပြုရာမှတရားစွဲဆိုခံ ကျောင်းသားများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွား
 ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မှုဖြင့် တရားစွဲဆိုခံထားရသော တကသကျောင်းသား ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို စက်တင်ဘာ ၁ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။
အဆိုပါရုံးထုတ်တွင် ဖမ်းဆီးခံ တကသကျောင်းသားများကို သတင်းမီဒီယာများနှင့် တွေ့ဆုံစကားပြောခွင့်မပေးခြင်း၊ FAILED LAW စာသားပါ တီရှပ် ၀တ်ဆင်သည်ကို ရဲတပ်ဖွဲ့က တားမြစ်ခြင်းကြောင့် တရားရုံးရှေ့၌ ရုန်းရင်းဆန်းခတ်အခြေအနေဖြစ်ပွားခဲ့ပြီး ကိုဇေယျာလွင်ကို ရဲတပ်ဖွဲ့က အချုပ်ကားပေါ်သို့ အင်အားသုံးခေါ်ဆောင်သွားခဲ့ကြောင်းသတင်းရရှိသည်။
မင်းဟိန်း(စက်တင်ဘာ ၁ရက်)
The Street View
Miss Universe Mawlamying 2015 အလှမယ် အိဖြိုးသွယ်
Miss Unverse Mawlamying 2015 ပြိုင်ပွဲ မြင်ကွင်း ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch
|Dawei Watch| မော်လမြိုင်၊ စက်တင်ဘာ ၁
မွန်ပြည်နယ်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် Miss Universe Mawlamying 2015 ပြိုင်ပွဲတွင် အလှမယ်ဆုကို ပြိုင်ပွဲဝင် အမှတ် ၁၄ ၊ အိဖြိုးသွယ်က ရရှိသွားခဲ့သည်။
ယင်းပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နေ့ညက မော်လမြိုင်မြို့ရှိ Strand Hotel တွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ အလှမယ်၂၁ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲတွင် Miss Universe Mawlamying 2015 အဖြစ် ပြိုင်ပွဲဝင်အမှတ် ၁၄ မအိဖြိုးသွယ်၊ 1st  Runner Up အဖြစ် မအင်ကြင်းမေ၊ 2nd Runner Up အဖြစ် မကျော့ကေခိုင်တို့က အသီးသီး ရရှိခဲ့ကြသည်။
ပြိုင်ပွဲဝင် အလှမယ်များအနက် ပထမအဆင့်အနေဖြင့် အလှမယ် ၁၀ ဦးရွေးချယ်ခဲ့သည်။
ထို့နောက် ဒုတိယအဆင့်တွင် အလှမယ် ၅ ဦးကို ရွေးချယ်ခဲ့ပြီး တတိယအဆင့် အလှမယ် ၃ ဦးကို အဆင့်ဆင့်ရွေးချယ်ခဲ့သည်။
Dawei Watch
မြစ်ကြီးနား ရေကြီးမှုကာကွယ်ရန် အဖွဲ့ပေါင်းစုံ ကြိုတင်ပြင်ဆင်
သြဂုတ်လက ကချင်ပြည်နယ် ဖားကန့်မြို့ ရေကြီးနေမှု မြင်ကွင်း
ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေကြီးသတိပေးချက်တွေ ထွက်ပေါ်ပြီးတဲ့နောက် ရေဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့  အဖွဲ့ပေါင်းစုံ ပူးပေါင်းပြီး ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ကာကွယ်ရေးတွေ ဆောင်ရွက်လျှက်ရှိပါတယ်။
မြစ်ကြီးနားမှာ ရေတွေ ၀င်ရောက်လာနိုင်မယ့် ရပ်ကွက် ၃ ခုရှိပြီး ရေကြီးပါက အဲဒီလူတွေ ပြောင်းရွှေ့ခိုလှုံနိုင်တဲ့နေရာ၊  စက်လှေနဲ့ စားနပ်ရိက္ခာတွေ အသင့်ပြင်ထားတယ်လို့ မြစ်ကြီးနား မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ဒုမြို့နယ်မှူးး ဦးမျိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဆီမှာ ရေကင်းတွေလည်း ချထားတယ်၊ ပြည်သူတွေကလည်း ရေကြီးတဲ့ အခြေအနေကို သွားစောင့်ကြည့်ပြီး သတင်းပို့တင်ခင်ဗျ။   မြို့နယ်တရားသူကြီး ဦးသန်းမြင့်ရွှေ ဦးဆောင်ပြီး အုပ်ချုပ်ရေးရုံးဝန်ထမ်း၊ ဌာနဆိုင်ရာနဲ့ လူမှုအခြေပြုအဖွဲ့၊ လူမှုကူညီရေးအဖွဲ့တွေ ပေါင်းပြီး လူတထောင်လောက်ရှိတဲ့ အဖွဲ့လည်း ဖွဲ့ထားတယ်။  စက်လှေအကြီး ၄၀၀ ကျော် ပြင်ဆင်ထားပါတယ်။ စားနပ်ရိက္ခာအတွက်လည်း စီစဉ်ထားတယ်။ ရေကြီးလာရင် ပြည်သူတွေကို မြစ်ကြီးနား မုခ်ဦးဘုရားဝင်းထဲမှာ နေရာချထားပေး ဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီဝင်းကြီးက ဧကပေါင်း ၃၀ လောက်ကျယ်တော့ လူသုံးလေးထောင်လောက် နေလို့ရတယ်။ တိရိစ္ဆာန်တွေကိုလည်း ထားလို့ရတယ်။”
မြစ်ကြီးနားမှာ ရေတွေ ၀င်ရောက်လာနိုင်မယ့် ရပ်ကွက်တွေကတော့ အလယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး စတဲ့ရပ်ကွက်တွေဖြစ်ပြီး စက်တင်ဘာလ ၁ ရက် မနက်ပိုင်း သွားရောက် စစ်ဆေးချက် အရ မြစ်ရိုးအနီး  ကြက်ပေါင်ခြံရပ်ကွက်မှာ အိမ်ပေါင်း ၇ အိမ်လောက် ရေတွေစ၀င်နေပြီး ခြေသလုံးလောက်ရှိတယ်လို့ သူကဆက်ပြောပါတယ်။
မိုးဇလဌာနမှ ကနေ့မနက် ၈ နာရီအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားမြစ်ရေ ၉၅၇ စင်တီမီတာကို ရောက်ရှိနေကြောင်း၊ စိုးရိမ်ရေမှတ်ကို တစ်ထောင်စင်တီမီတာ သတ်မှတ်ကာ တစ်ထောင့် နှစ်ရာကျော်ရင် လူနေအိမ်ခြေထဲ ရေတွေဝင်ရောက်လာနိုင်တယ်လို့ မြစ်ကြီနား ဒုမြို့နယ်မှူးက ပြောသွားပါတယ်။
DVB
ကျောက်မဲမြို့အတွင်း ဂက်စ်ပိုက်လိုင်းမှ ပူစပ်အငွေ့များယိုစမ့် ပါတီများနှင့်အာဏာပိုင်များအား ကွင်းဆင်းစစ်ဆေးရန် ဒေသခံ တောင်းဆို
စက်တင်ဘာလ ၁ ရက် ၂၀၁၅
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အတွင်းဖြတ်သန်းသော ဂက်စ်ပိုက် လိုင်း ယိုစမ့်သည်ဟု ယူဆရသည့်အနီးတ၀ိုက်တွင် ပူစပ်အနံ့ နှင့် မြက်ပင် သစ် ရွက်များ ပိုမိုခြောက်သွေ့ လာသဖြင့် အာဏာပိုင်များ တာဝန်ရှိသူ များနှင့် နိုင်ငံရေးပါတီများအား ထပ်မံကွင်းဆင်း စစ်ဆေး ပေးစေ လိုကြောင်း ကျောက်မဲဒေသခံများကပြောသည်။
ပြီးခဲ့သည့် သြဂတ်စ်လ ၂၈ ရက် သောကြာနေ့ နေ့လည်ပိုင်းက ကျောက် မဲမြို့ နယ် ချောင်းခြောက် ရွာနှင့် (တမိုင်ခန့်ဝေးသော) ပြောင်းခြံဘေးဖြတ် သန်းသည့် ဂက်စ်ပိုက်လိုင်းမှ ထူးခြားသည့်အနံ့နှင့် မျက်စိစပ်စေသည့် ဓါတ်ငွေ့ များယိုစိမ့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။
သို့သော် အာဏာပိုင်များ နှင့် တရုတ်တာဝန်ရှိများ သွားရောက်စစ်ဆေးကြည့် ရှုစဉ် မိုးရေေ ကြာင့်လမ်းပေါ်တွင်ဖြစ်ပေါ်နေသော ချိုင့်ခွက် ၂ ခု မှရသည့်အနံ့ ဖြစ်သည်ဟု ဆိုကာ မြေဖို့ပေးလိုက်သည်ဟု ဆိုပါသည်။
အဲတာ ရွာသားတွေ ဒီနေ့ထပ်သွားကြည့်တော့ မျက်စိ လည်ချောင်းစပ်စေတဲ့ အနံ့က မပျောက်သေးဘူး ။ အဲဒီဘေးနားတ၀ိုက်က သစ်ရွက်ေ တွ မြက်ပင်ေ တွတောင် မှ ဟိုတနေ့ကထက်ပိုပြီး ညှိုးရော် ခြောက်သွေ့တယ်။ မြို့ပေါ်က နိုင်ငံရေးပါတီတွေဆီကို ရွာသားတွေ ဆက်သွယ်အကြောင်း ကြား ထားပေ မယ့် ကနေ့ထိ ကွင်းဆင်းကြည့်ရှုပေးတာမရှိသေးဘူး။ အဲဒီလိုသာဆက်သွား မယ်ဆို ရင် တော့ ကျနော်တို့ ရွာသားတွေအတွက် စိုးရိမ်ရတဲ့အခြေအနေ မှာရှိတယ် - ဟု ကျောက်မဲမြို့ ချောင်းခြောက်ဒေသခံ စိုင်းစိုင်းကပြောသည်။
သောကြာနေ့က ချောင်းရေတွင်ရေဆော့နေသော ကျွဲကျောင်းသားများက ထူးခြားသည့်အနံ့နှင့် အတူမျက်လုံးစပ် မျက်ရည်ယိုမှုများဖြစ်ပွါးခဲ့ကြောင်း အဆိုပါ တ၀ိုက်က မြက်ပင်များ သစ်ရွက်များ ညိုးနွမ်း နေသည် ကိုထူးထူးခြားခြားတွေ့ရကြောင်း ရွာပြန်ကာ လူကြီးမိဘများအားပြောပြ ခဲ့သည်ဟု ကျောက်မဲမြို့ ခံ စိုင်းစိုင်းက ပြောသည်။
"လွယ်ခေါ်နဲ့ ဟောင့်ဟိန်း(ချောင်းခြောက်)ရွာ ကြားက ပိုက်လိုင်းပေါ့။ အဲ့နားမှာလူနေအိမ်ခြေတော့ မရှိဘူး ဟောင့်ဟိန်း ရွာနဲ့ တမိုင်လောက်ေ ၀းတယ်။နောက်တရက် စနေနေ့မနက်ပိုင်းက အာဏာ ပိုင်တွေ တာဝန်ရှိ သူ တွေလာကြည့်တော့ ကျောက်မီးသွေးတင်ကားတွေကြောင့်ဖြစ် တာဆိုပြီး အဲ့ဒီချိုင့်ခွက်ကို မြေဖို့လိုက်တယ်။"
အဆိုပါဂက်စ်ပိုက်လိုင်းသည် ကားလမ်းဘေးတွင်တည် ရှိရာ ကျောက်မီးသွေး တင်ကားများဖြတ် သန်းသွားလာမှုကြောင့် ကျောက်မီးသွေးများ အဆိုပါနေရာ တွင် ဖိတ်ကျသွားသဖြင့် မိုး၊ ရေ၊ လေ တို့နှင့် ထိတွေ့ဓါတ်ပြုရာမှ ထိုသို့သော အနံ့များထွက်လာခြင်းဖြစ်ကြောင်း၊ ဂက်စ်ယိုစိမ့်မှုမဟုတ် ကြောင်း တရုတ် တာဝန်ရှိ သူများ က ပြောဆိုခဲ့သည်ဟုလည်း လိုက်ပါဆောင်ရွက်ရသည့်ေ ဒသခံ စိုင်းစိုင်းကပြောသည်။
မည်သို့ပင်ဆိုစေ ဒေသတွင်းအာဏာပိုင်များနှင့် နိုင်ငံရေးပါတီများအား လာရောက်ကြည့်ရှု စေလို ကြောင်း ရွာသားများကပြောဆိုနေပါသည်။
အလားတူ သီပေါမြို့နယ်သည် ဆားထွက်ရာဒေ သဖြစ်ရာ မြေသားမြေထုမှာ လည်း ဆားဓါတ်ပါနေ သဖြင့် ဖြတ်သန်းသော ပိုက်လိုင်းများသံ ချေး တက် လွယ်ကာ အချိန်မရွေး ပိုက်လုံးပေါက်ကွဲမှုဖြစ်လာ နိုင် ကြောင်း၊ ပိုက်လိုင်း သွယ် တန်းစဉ်ကလည်း ပေါက်နိုင်သည့် နေရာအား ကတ္တရာစေးပါးပါး သာလူးထားသည်ဖြစ်ရာ သီပေါဒေသခံများနေ့စဉ်နှင့်အမျှ ပူပန်နေကြောင်း ဆိုပါသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ တရုတ်ပြည် ယူနန်ပြည်နယ်အထိ သွယ်တန်းမည့် ရွှေဂက်စ်၊ ရွှေရေနံ ပိုက်လိုင်း စီမံကိန်းသည် မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို တရုတ် အစိုးရ ပိုင် တရုတ်အမျိုးသားရေနံကော်ပို ရေးရှင်း China National Petroleum Corporation (CNPC) ကတာဝန်ယူကာ ၂၀၁၀ ပြည့်နှစ်တွင်စတင်ခဲ့ပြီး မကွေး၊ မန္တလေး နှင့် သျှမ်းပြည် မြောက် ပိုင်း အပါအဝင် မြို့နယ် ၂၀ ကျော်ဖြတ် သန်း ကာ တရုတ်သို့ ပို့လွှတ်ရောင်းချနေပြီဖြစ် ပါသည်။
သျှမ်းသံတော်ဆင့်
အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ် ရေးဆွဲ ချုပ်ဆိုကြရန် အသိပေး ကြေညာချက် ထုတ်ပြန်
    ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
    အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီမှ အနည်းဆုံး အခကြေးငွေအား ထုတ်ပြန်ခဲ့ပြီး ဖြစ်၍  သတ်မှတ် ပေးထားသော အနည်းဆုံး အခကြေးငွေ နှုန်းထားနှင့် အညီ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ လုပ်ငန်း ပိုင်ရှင်များသည် မိမိတို့ခန့်ထားပြီး အလုပ်သမား၊ အသစ်ခန့်မည့် အလုပ်သမားများနှင့် အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ကို ညှိနှိုင်း ချုပ်ဆိုရမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်သည်။
ယခု စက်တင်ဘာလမှ စတင်၍  အလုပ် ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်ကို ချုပ်ဆိုရမည် ဖြစ်သည်။ အလုပ်အကိုင်နှင့် ကျွမ်းကျင် ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ အခန်း ၃၊ ပုဒ်မ ၅ က (၁) အရ အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခု လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ် ခန့်ထားမှု ဆိုင်ရာ သဘောတူညီမှု စာချုပ်အား ချုပ်ဆို ပေးရမည် ဖြစ်ကြောင်း ကြေညာချက် ထဲတွင် ပါရှိသည်။
လုပ်ငန်း ပိုင်ရှင်များ အနေဖြင့် အလုပ်သမားများ အား လစာ ထုတ်ပေးရာတွင် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်နှင့် အတူ ပူးတွဲ ဖော်ပြထားသည့် လစာ ထုတ်ပေးမှု မှတ်တမ်း ပုံစံဖြင့် လစာ ထုတ်ပေးရမည် ဖြစ်သည်။
အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် ပုံစံနှင့် လစာ ထုတ်ပေးမှု မှတ်တမ်း ပုံစံအား သက်ဆိုင်ရာ အလုပ်သမား ရှာဖွေရေး ရုံးမှ တဆင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသို့ ဖြန့်ဝေပြီး ဖြစ်ကြောင်း၊ အလုပ်ရှင် နှင့် အလုပ်သမားများသည် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်ချုပ် ဆိုခြင်းနှင့် လစာ ထုတ်ပေးခြင်း တို့အား မပျက်မကွက် ဆောင်ရွက်သွားရန်နှင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်နှင့် သက်ဆိုင်မှု မရှိသည့် အလုပ်သမား ၁၅ ဦး နှင့် အောက်ရှိသော လုပ်ငန်းငယ်များ အနေဖြင့်လည်း အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်အား ချုပ်ဆိုရန် လိုအပ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်သည် တစ်ရက်လျင် ကျပ် ၃,၆၀၀ အဖြစ် သတ်မှတ်ထား ရှိသည်။
(Xinhua)
ကချင်ပြည်နယ် လုံးခင်း နှင့် ဖားကန့်တွင် ရေဆက်ကြီးနေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားကန်မြို့ နဲ့ လုံးခင်းကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ စနေနေ့ မနက်ကတည်းက ရေကြီးနေတာ ဒီနေ့ ညနေပိုင်း ထိ ရေကြီးနေဆဲ ဖြစ်ပါတယ်။
ဖားကန့်မှာဆိုရင်  မနက်က ရေခနကျသွားပြီး နေ့ခင်းပိုင်းမှာ ပြန်တက်လာတယ်လို့  ဖားကန့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။
“ရေက ဥရုချောင်းကနေတိုင်းရင် ၆ ပေလောက်အထိ တက်လာတယ်။ မနက်တုန်းက ခနလေးပြန်ကျသွားပြီး နေ့ခင်းပိုင်းပြန်တက်လာတာ အခု သုံး-လေးပေ လောက်ထိ ပြန်မြင့်နေပြီ၊ တက်နေတုန်းဘဲ။ အခု ကျနော့်အိမ်အောက်ထပ်မှာလည်း ရေတွေတက်နေတယ်။ ဘယ်မှသွားလို့မရဘူး၊ ကျနော့်အိမ်ရှေ့က ကလေးသူငယ်ဖွံ့ဖြိုးရေး  မူလွန်ကျောင်းဆိုရင် သူတို့က ရေကျပြီထင်လို့ သန့်ရှင်းရေးလုပ်ထားတာ။ သန့်ရှင်းရေးလည်း လုပ်ပြီးရော   ရေတွေပြန်တက်လာတယ်။”
ဖားကန့်မှာမြို့ပေါ်မှာ ရပ်ကွက်ပေါင်း ၅ ခုရှိတဲ့အနက် မရှီကထောင်း၊ မြို့မ၊ ငှက်ပျောတောနဲ့ အေးမြသာယာ စတဲ့ ရပ်ကွက်ထဲကို ရေတွေ ၀င်ပြီး နှစ်ထပ်အိမ်ဆိုရင် အောက်ထပ်က ရေ၀င်ကာ တစ်ထပ်အိမ်ဆိုရင်တော့ တံစက်မြိတ်ထိ ရေမြှုပ်တယ်လို့ သူကဆက်ပြောပါတယ် ။
ကျောင်းသူကျောင်းသားတွေလည်း ကျောင်းမသွားနိုင်ဘဲ အနိမ့်ပိုင်းမှာနေတဲ့လူတွေဆိုရင် ပါရမီလူမှုကူညီရေးအသင်းမှာ သွားရောက်ခိုလှုံနေကြပြီး အလှူရှင်များက ထမင်းထုတ်တွေ ဝေငှပေးနေတယ်လို့ ဆိုပါတယ်။
အလားတူ ဖားကန့်နဲ့ ၅ မိုင်လောက်ဝေးတဲ့ လုံးခင်း၊ ကံဆီး၊ ဆန်ခါ စတဲ့ရွာတွေမှာ ရေကြီးနေသလို လုံးခင်းဖားကန့်သွားလမ်းမှာ လည်း ရေတွေပြည့်နေတဲ့အတွက် သွားရေးလာရေးခက်ခဲနေတယ်လို့ လုံးခင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။
“ဖားကန့် နဲ့ လုံးခင်းကြားက ဥရုချောင်းကူး ဘေလီတံတားမှာ ရေက ဒူးဆစ်လောက်တက်နေလို့ ကားတွေသွားလို့မရဘူး။ မိုးကောင်း ဖားကန့်လမ်းပေါ်က ဘေလီတံတားရော အတူတူဘဲ၊ ဖားကန့်ကြိုးတံတားက ရေပေါ်မှာ ပေါလောပေါ်သလိုဖြစ်နေတယ်။ ရေထဲက ပါလာတဲ့ သစ်တုံးကြီးတွေ အမှိုက်သရိုက်တွေလည်း အဲဒီတံတားမှာ ပုံနေတယ်လို့  ကျနော့်ကို ဖုန်းနဲ့ အကြောင်းကြားပါတယ်ခင်ဗျ။”
ကံဆီးရွာမှာ အမြင့်ဆုံးရေတက်ဖူးတယ်လို့ သတ်မှတ်ထားတဲ့နေရာထက် တပေကျော် ရေလွှမ်းနေပြီး လုံးခင်းမှာ ဆိုရင် ရပ်ကွက် ၂ ရပ်ကွက် ၃ ရပ်ကွက် ၄ တွေမှာ ရေ၀င်တဲ့အတွက် မိသားစုပေါင်း ရာနဲ့ချီ ဆွေမျိုးနီးစပ်အိမ်နဲ့ ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်းတွေမှာ ခေတ္တခိုလှုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။
လုံးခင်းမှာ အခုလောက်ရေကြီးတာ မကြုံဖူးတဲ့အတွက် လှေတွေ ကြိုတင်မရှာထားရလို့  ပစ္စည်းတွေ သယ်ဖို့ ၊ ထမင်းထုတ်တွေဝေဖို့ အခက်အခဲ ရှိနေတယ်လို့ ဦးတင်စိုးက ပြောပါတယ်။
ဖားကန့်ဒေသဟာ ဒီသြဂုတ်လထဲမှာဘဲ  ရေကြီးမှု ၃ ကြိမ် ကြုံတွေ့ရပြီး ဖြစ်ပါတယ်။
လုံးခင်း ဖားကန့်ဒေသ ရေကြီးမှုအခြေအနေ  ပိုဆိုးလာရတာဟာ ဖားကန့်အထက် ဘက်မှာရှိတဲ့ ကျောက်တူး လုပ်ငန်း က မြေစာပုံတွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားလို့ ရေစီးလမ်းကြောင်းတွေ တိမ်ကောကာ ရေကြီးရေလျှံမှုအခြေအနေ ပိုဆိုးလာတာလို့ ဦးဒါရှီလာဆိုင်းက သုံးသပ် ပါတယ်။
DVB
Monday, August 31, 2015
ပယ်ချခံ ကိုယ်စားလှယ်လောင်း ၄၀ နီးပါးအထိ ရှိလာ
 နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်။ Photo: Myo Thant Khaing/RFA
 နိုဝင်ဘာလ ၈ရက်နေ့မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁၈၉ ယောက်ထဲမှာ အခုချိန်ထိ ပယ်ချခံရသူ ၄၀ နီးပါးလောက် ရှိသွားပြီ ဖြစ်ပါတယ်။
ရန်ကုန်အရှေ့ပိုင်းခရိုင်ထဲမှာတင် ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းတင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၁ ယောက်ထဲမှာ ကိုယ်စားလှယ်လောင်းအရည်အချင်း မညီလို့ဆိုပြီး ပယ်ချခံထားရသူ အခုချိန်ထိ ၁၂ ဦး ရှိတယ်လို့ ခရိုင်ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံရသူတွေထဲမှာ သူတို့ကိုမွေးဖွားစဉ်က မိဘနှစ်ပါးကနိုင်ငံသား မဖြစ်သေးတာကြောင့်ဖြစ်သလို ပါတီတစ်ခုတည်းက နှစ်ဦးအမည်စာရင်း တင်ထားတာကြောင့် တစ်ဦးကို ပယ်ချလိုက်တာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပြောပါတယ်။
"ကျနော်လောလောဆယ် ၁၂ ယောက်လောက် ပယ်ပါတယ်၊ အထူးသဖြင့် မိဘတွေက သူတို့မွေးတဲ့အချိန်မှာ နိုင်ငံသားဟုတ် မဟုတ် အဲ့ဒါလေးတွေများပါတယ်၊ တစ်ယောက်ကတော့ NLD ပါတီကပါ ပထမတာဝန်တစ်ယောက်ပေးတယ်၊ နောက်လူစား တခြားတစ်ယောက်ကို ပေးတဲ့အခါကျတော့ ပါတီတစ်ခုတည်း လူနှစ်ယောက်ထပ်သွားတဲ့အခါကျတော့ တစ်ယောက်ပယ်ရတဲ့သဘောပါ"
ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေကနေ ပယ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်ထံ အယူခံတင်ထားသူ ၆ဦး ရှိတယ်လို့ သိရပါတယ်။ အဲဒီ ၆ဦးထဲမှာ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်စိုးကို တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
RFA Burmese
တွန်းဇံမြို့နယ်က ရွာ ၅ ရွာပြောင်းရွှေ့ရေး ချင်းပြည်နယ်အစိုးရ စီစဉ်
 တွန်းဇန်မြို့နယ်မှာ ရေကြီးမြေပြိုမှုကြောင့် ပျက်စီးနေတဲ့ တံတားတစ်ခုကို တွေ့ရစဉ်။ Photo: Moe Kyaw Thein Facebook
 ချင်းပြည်နယ် တွန်းဇံမြို့နယ်က ဟားခါးလေးကျေးရွာအပါအ၀င် ရွာ ၅ ရွာဟာ နုန်းမြေတွေ နစ်မြုပ်နေတာ အပြင် မြေကွဲအက်နေတာကြောင့် လူနေထိုင်ဖို့ မသင့်တော်တဲ့အတွက် ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။ လတ်တလော ပြောင်းရမယ့်ရွာတွေက ဟားခါးလေး၊ တွီးခိန်ဇန်၊ တပ်ဇန်၊ လာန်ဇန်ရွာဟောင်း၊ လာန်ဇန်ရွာသစ် တို့ဖြစ်ပြီး နောက်ထပ်ပြောင်းရမယ့် ကျေးရွာတွေလည်း ရှိတယ်လို့ ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးကျင်လျန်းပေါင်က ပြောပါတယ်။
"ဟားခါးလေး၊ တွီးခိန်ဇန်၊ တပ်ဇန်၊ လာန်ဇန်ရွာဟောင်း၊ လာန်ဇန်ရွာသစ် တပ်ဇန်ဆိုရင် ပထမဦးဆုံး မြေပြိုလို့ သင့်တော်တဲ့နေရာ သူတို့ရွှေ့ပြီးပြီ၊ လာန်ဇန်ရွာဟောင်းက တခါတည်း တံတားပါပါသွားတယ်လေ၊ လယ်လည်းပါသွားတယ်"
တွန်းဇန်မြို့နယ်မှာ ရေဘေးဒဏ်ခံရတဲ့ ဒေသခံ နှစ်ထောင်နီးပါးရှိပြီး ရေနစ်မြုပ်ပျက်စီးသွားတဲ့ အိမ်ခြေ ၆၀ ကျော်ရှိသလို လယ်မြေဧက ၉၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ရက်နေ့က သဘာဝတောင်ပေါ်ရေကန် ကျိုးပေါက်ပြီး ဟားခါးလေးကျေးရွာမှာ နုန်းတွေ စီးဝင်လာတာကြောင့် လူနေထိုင်လို့ မရတော့တာဖြစ်ပါတယ်။ ဟားခါးလေးရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ နေရာမှာ လတ်တလော ကယ်ဆယ်ရေးစခန်း ဖွင့်ပေးထားပြီး ပြောင်းရွှေ့နေရာချထားပေးမယ့် မြေနေရာကိုလည်း ရွေးချယ်ထားတယ်လို့ ၀န်ကြီး ဦးကျင်လျန်းပေါင် က ပြောပါတယ်။
RFA Burmese
ဟာ​ခါး ​မြို့​တ​ဝက်​နီး​ပါး ​ပြောင်း​ရွှေ့​ရ​မယ်
က​ချင် ​ပြည်​နယ် ​ဟား​ခါး ​ဒေ​သ​မှာ ​မိုး​ကြီး​လို့ ​ဖြစ်​ပွား ​ခဲ့​တဲ့ ​မြေ​ပြို ​မှု​တွေ ​ကြောင့် ​ဟား​ခါး​မြို့ ​တ​ဝက် ​နီး​ပါး​လောက် ​ပြောင်း​ရွှေ့ ​ရ​ဖို့ ​ရှိ​နေ ​ပါ​တယ်။
မြို​ဟောင်း၊ ​မြို့​သစ်၊ ​ဈေး​ဟောင်း ​နဲ့ ​ကျော​ဘုတ် ​ဆို​တဲ့ ​ရပ်​ကွက်​တွေ ​ဟာ ​မ​ကြာ​ခင် ​ပြောင်း​ရွှေ့ ​ရ​ဖို့ ​ရှိ​နေ ​ကြောင်း ​ချင်း​ပြည်​နယ် ​အ​စိုး​ရ ​အ​ဖွဲ့ ​ညွန်​ကြား​ရေး​မှူး ​ဦး​တင်​မောင်​စိုး ​က ​ပြော​ပါ ​တယ်။
ဟာ​ခါး ​ဒေ​သ​ဟာ ​ကြေ​မွ​တဲ့ ​ကျောက် ​အ​မျိုး ​အ​စား ​ရှိ​နေ​ပြီး၊ ​တောင် ​အ​နေ ​အ​ထား ​က​လည်း ​မတ်​စောက် ​တဲ့ ​အ​တွက် ​အ​ခု​လို ​မိုး​ရေ​ချိန် ​အ​ရမ်း ​များ​တဲ့ ​အ​ခါ​မှာ ​တောင်​ပြို ​မှု​တွေ ​ဖြစ်​တာ ​လို့ ​မြန်​မာ ​နိုင်​ငံ ​ဘူ​မိ ​သိ​ပ္နံ ​အ​သင်း ​အ​တွင်း​ရေး​မှူး ​ဖြစ်​သူ ​ကို​စော​သူ​ရ​ထွန်း​က ​ပြော​ပါ​တယ်။
မြေ​ပြို ​မှု​တွေ ​ကြောင့် ​မြို့​ပေါ် ​လူ ၇၀၀၀ ​နီး​ပါး ​ဟာ ​ဒု​က္ခ​သည် ​စ​ခန်း ၇ ​ခု​မှာ ​မှီ​ခို ​နေ​ရ ​ပြီး​တော့ ​မြေ​ပြို​မှု ​ဖြစ်​တဲ့ ​နေ​ရာ ​တွေ​မှာ ​ပြန်​နေ​ဖို့ ​မ​ဖြစ် ​နိုင်​တော့ ​ပါ။
ပြောင်း​ရွှေ့ ​ပေး​ဖို့ ​နေ​ရာ ​ကို​တော့ ​ဘူ​မိ ​ဗေ​ဒ ​ပ​ညာ​ရှင် ​တွေ​နဲ့ ​လေ့​လာ ​မှု​တွေ ​လုပ်​နေ ​တယ်​လို့ ​လည်း ​ဦး​တင်​မောင်​စိုး ​က​ပြော​ပါ​တယ်။
ချင်း​ပြည်​နယ် ​အ​တွင်း ​ဇူ​လိုင်​လ ​ကုန်​ပိုင်း​က ​စ​လို့ ​မြို့​နယ် ​ကိုး​မြို့​နယ် ​စ​လုံး​မှာ ​မြေ​ပြို​မှု၊ ​နေ​အိမ် ​ပျက်​စီး​မှု​နဲ့ ​လမ်း​တံ​တား ​ပျက်​စီး ​မှု​များ ​ဖြစ်​ပေါ် ​ခဲ့​ပြီး ​ခန့်​မှန်း ​ဆုံး​ရှုံး​မှု ​တန်​ဖိုး​မှာ ​ကျပ်​သန်း​ပေါင်း ​တစ်​သောင်း ​ကျော် ​ဆုံး​ရှုံး​ခဲ့ ​တယ်​လို့ ​ပြည်​နယ် ​အ​စိုး​ရ ​ဘက်​က ​ထုတ်​ပြန် ​ထား​ပါ​တယ်။
ပြည်​နယ် ​အ​စိုး​ရ ​ဘက် ​က​တော့ ​ပြောင်း​ပြီး ​နေ​ထိုင် ​ရ​မယ့် ​မိ​သား​စု ​တွေ ​အ​တွက် ​လို​အပ်​တဲ့ ​ဧည့်​အိမ် ​ဆောက် ​ပ​စ္စည်း​တွေ ​ပံ့​ပိုး ​ပေး​သွား​မယ်၊ ​ပြောင်း ​ရွှေ့​မှု ​ကို ​စီ​စဉ် ​ပေး​မယ် ​လို့ ​ပြော​ပေ​မယ့် ​နေ​စ​ရာ ​ပျောက်​သွား​တဲ့ ​ဟား​ခါး ​မြို့​ပေါ်​က ​လူ​တွေ ​အ​တွက် ​က​တော့ ​အ​ခု ​အ​ချိန် ​အ​ထိ ​ဘယ်​လို ​နေ​ထိုင် ​စား​သောက်​မယ် ​ဆို​တာ ​ရေ​ရေ ​ရာ​ရာ ​မ​ရှိ ​သေး​ဘူး​လို့ ​ပြော​ရ​မှာ ​ဖြစ်​ပါ​တယ်။
BBC Burmese
Sunday, August 30, 2015
ဒေါ်အောင်ဆန်းစုကြည် ဟောပြောသည့်နေရာအနီး ဆန္ဒပြမှုဖြစ်ပွား (ဓာတ်ပုံ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဇမ္ဗူသီရိလွှတ်တော် ကိုယ်စားလှယ်ရုံးမှာ ဒီနေ့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောစဉ် ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်သူတွေဟာ အမျိုးကိုချစ်လျှင်လူလိုသိပါ၊ ရိုဟင်ဂျာကိုထောက်ခံသည့် အန်အယ်လ်ဒီ အလိုမရှိ စတဲ့ ပိုစတာတွေ ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဓာတ်ပုံ – ကျော်ဇေယျာဝင်း
ခေါင်းကနေ ဦးချိုတစ်ခု ထူးဆန်းစွာ ထွက်လာတဲ့ Unicorn အမျိုးသမီး
အသက်ကြီးနေပြီဖြစ်တဲ့ အမျိုးသမီး တစ်ဦးဟာ Unicorn လို့ခေါ်တဲ့ ဦးချိုတစ်ခုတည်းသာ ရှိတဲ့ ဒဏ္ဍာရီထဲက မြင်းသတ္တ၀ါတစ်မျိုးလို  သူမရဲ့ ဦးခေါင်းကနေ ဦးချိုတစ်ခု ထွက်ပေါ်နေတာကို ဆရာဝန် တွေ တွေ့ရှိခဲ့ကြပါတယ်။
ထို အမျိုးသမီးဟာ သူမနေထိုင်တဲ့ရွာမှာ သူမရဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်ပေါ်လာမှု ကြီး သူမရဲက ခေါင်းတည့်တည့်မှာ ရောက်လာပြီးကတည်းက Unicorn အမျိုးသမီး အဖြစ် နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။
သူမရဲ့ ဦးချိုဟာ ၁၃ စင်တီမီတာ အရှည်ရှိနေတဲ့အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေကိုယ်တိုင်လည်း ဘာဆက်လုပ်ပေးရမယ်မှန်းမသိ ဖြစ်ခဲ့ကြပါတယ်။
အသက် ၈၇ နှစ်ရှိနေပြီဖြစ်တဲ့ Liang Xiuzhen ဆိုသူ ထို အမျိုးသမီးဟာ တရုတ်ပြည်နယ် အနောက်တောင်ပိုင်း က Sichuan ဒေသ မှာ ရှိတဲ့ Ziyang မြို့တော် ရဲ့ Guiyan Village ရွာသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။
သူမရဲ့ သားဖြစ်သူ Wang Chaojun က ပြောပြခဲ့တာကတော့ သူ့ရဲ့ မိခင်ဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက နဖူးတည့်တည့်မှာ မှဲ့အနက်ရောင် တစ်လုံး ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။ "ကျွန်တော့်အမေက သူမရဲ့ နဖူးမှာ ရှိတဲ့ မှဲ့ဟာ တစ်ဖြည်းဖြည်း ကြီးထွားလာပြီး အချိန်တိုင်းယားယံ နေတယ်လို့ ပြောပြပါတယ်။ ကျွန်တော်တို့လည်း သူမရဲ့ ယားယံနေမှုကို ကုသဖို့ တရုတ်ရိုးရာ ဆေးဝါး တွေ ရှာဖွေခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီ အတိုင်းပါပဲ။ဘာမှ မထူးခဲ့ပါဘူး" လို့ ဆိုပါတယ်။
အဲဒီနောက် လွန်ခဲ့တဲ့ ၂ နှစ်ခန့်က စတင်ပြီး ထို မှဲ့လေးဟာ လက်ချောင်း တစ်ချောင်းရဲ့ အရွယ်အစား ရှိတဲ့ ဦးချို အဖြစ် ကြီးထွားလာခဲ့ရာကနေ ပုံပါ အတိုင်းတစ်ဖြည်းဖြည်း ကြီးထွားလာတာ ပဲ ဖြစ်ပါတယ်။ ထို ဦးချိုဟာ သူမကို အချိန်တိုင်းနာကျင်စေတဲ့အတွက် သူမအနေနဲ့ အိပ်မပျော် နိုင် ဖြစ်နေရတယ်လို့လည်း သူမရဲ့ သားက ဆိုပါတယ်။
Sichuam မှာ ရှိတဲ့ ဆရာဝန်တွေကတော့ သူမဟာ အရေပြားဆိုင်ရာ အသားပိုထွက်တဲ့ ရောဂါ တစ်မျိုးကို ခံစားနေရတာဖြစ်ပြီး ထို ဦးချို ပုံစံ အသားပိုဟာ တစ်ဖြည်းဖြည်း ကြီးထွားလာနိုင်ချေရှိတယ်လို့ သိရပါတယ်။ ဆရာဝန်တွေကတော့ သူမ ရဲ့ အသားပိုကို ခွဲစိတ်ဖယ်ရှားပေးချင်ပေမယ့် သူမရဲ့ အသက်အရွယ်ဟာ ခွဲစိတ်မှု ဒဏ်တွေကို မခံနိုင်မှာ စိုးရိမ်နေရပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)