Pages
▼
Saturday, September 12, 2015
ဥရောပ အကြီးဆုံးရေခဲတောင် အရည်ပျော်၊ ကမ္ဘာကြီးပူနွေးလာမှု ကိုယ်တုံးလုံးဆန္ဒပြ (ရုပ်သံ)
ဥရောပတိုက်ရဲ့ အကြီးဆုံးရေခဲတောင် ဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံက အဲ့လ်ပ်စ် တောင်တန်းက ရေခဲတွေ အရည်ပျော်နေတာပါ။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရည်ပျော်မှု မြန်လာနေပြီး နှစ် ၈၀ အတွင်း ရေခဲအားလုံး လုံးဝပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။
အဲ့လ်ပ်စ်တောင်တန် ဒေသအတွင်း အရှည်ဆုံးရေခဲမြစ်ဟာ ၂၃ကီလိုမီတာ ရှည်ပြီး ဂျန်ဖရူတောင်ရဲ့ တောင်ဘက်ခြမ်း ရုံးတောင်ကြား ရဲ့ အပေါ်ပိုင်းမှာ ရှိတာပါ။
ဆွစ်ဇာလန်နိုင်ငံတွင်း ရေခဲမြစ် ၁၈၀၀ ရှိပြီး သူတို့ လုံးလုံး အရည်ပျော်သွားရင် ကမ္ဘာ ပေါ်က လူတိုင်းကို တနေ့ ရေတလီတာနှုန်းနဲ့ ၆နှစ် ပံ့ပိုးနိုင်မှာ ဖြစ်ပါတယ်။
ခုတော့ အဲ့လ်ပ်စ် တောင်တန်းပေါ်က ရေခဲမြစ်တွေမှာ အရှည် ၃ ပုံ ၁ ပုံလောက် အရည်ပျော်ခဲ့ကြပြီး သူတို့ ရေခဲထုထည်ကလည်း ကျန်ခဲ့တဲ့ နှစ် ၁၅၀ အတွင်း တဝက်လောက် ဆုံးရှုံးခဲ့ပြီးပါပြီ။
ဒေသခံ ဧည့်လမ်းညွှန်တွေကတော့ ရေခဲတောင်နဲ့ ရေခဲမြစ်တွေဟာ ဒေသတွင်း ရေချိုသိုက်တွေ ဖြစ်ပြီး ရေပေးဝေမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ ခရီးသွားလုပ်ငန်းတွေနဲ့ ဆက်စပ်နေပြီး နောက်ဆက်တွဲ ဖြစ်စဉ်တွေလဲ အများကြီး ရှိတယ်လို့ ပြောပါတယ်။
ကမ္ဘာ့မြေမျက်နှာသွင်ပြင်ကို ရာသီဥတု ပြောင်းလဲမှုက ပြောင်းပစ်မှာကို စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ နိုဝင်ဘာ ၃၀ မှာ ပါရီမြို့မှာ စတင်မယ့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ညီလာခံအတွက် အချိန်ရေတွက်မှုကို ပြင်သစ်သမ္မတ ဖရန်ဆွား အူလွန်းဒ်က စက်တင်ဘာ ၁၀ ရက်နေ့ စတင်ခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ရေခဲတောင်တွေ အရည်ပျော်လာတဲ့အပေါ် လူတွေ သတိပြုမိစေဖို့ ကိုယ်လုံးတီးချွတ် ဓာတ်ပုံရိုက်ခံ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
DVB
ထားဝယ်တွင် ကြော်ငြာဗီနိုင်းများကို စည်ပင်က ဖြုတ်သိမ်း
|Dawei
Watch| ထားဝယ်၊ စက်တင်ဘာ ၁၂
ထားဝယ်မြို့
သာယာလှပရေးအတွက် လမ်းနံဘေးတစ်လျှောက်တွင် ကပ်ထားသည့်
စီးပွားရေးကြော်ငြာဆိုင်းဘုတ်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လိုက်လံ ဖြုတ်သိမ်းလျက်ရှိကြောင်း
ယင်းအဖွဲ့ထံက သိရသည်။
မြို့ပေါ်လမ်းနံဘေးတစ်လျှောက်
နေအိမ်ခြံစည်းရိုးများ၊ ဓာတ်မီးတိုင်များ၊ လမ်းဆုံလမ်းခွများတွင်
စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်မယူဘဲ ကပ်ထားသည့် ကြော်ငြာများ အထူးသဖြင့်
ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်သည့် တယ်လီနောနှင့် အော်ရီဒူး ဆိုင်းဘုတ်များကို
ထားဝယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံ ဖြုတ်သိမ်းနေခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က
အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးက ပြောသည်။
“ကုမ္ပဏီက
တာဝန်ရှိတဲ့သူတွေနဲ့လည်း တွေ့ပြီးပါပြီ။ သူတို့ကို ကပ်ထားတာတွေ ပြန်ဖြုတ်ပေးဖို့ ပြောထားတယ်။
သူတို့ မဖြုတ်သေးတာတွေကို စည်ပင်က လိုက်ဖြုတ်နေတာ” ဟု ဦးအောင်ကျော်မျိုးက ဆိုသည်။
ထားဝယ်မြို့တွင်
တယ်လီနောနှင့် အော်ရီဒူး ကြော်ငြာများကို နေရာအနှံတွင် အပြိုင်အဆိုင်
ကပ်လာကြခြင်းကြောင့် တိုင်းဒေသကြီးမြို့တော်ဖြစ်သည့် ထားဝယ်မြို့သာယာလှပရေးကို
ထိခိုက်စေခြင်းကြောင်း ယင်းသို့ ပြန်ဖြုတ်သိမ်း ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စည်ပင်က
မနက်က အမှိုက်ကားနဲ့ လာဖြုတ်သွားတယ်။ တယ်လီနော ဗီနိုင်းတွေ လာကပ်တဲ့အချိန်တုန်းက
ခြံစည်းရိုးမှာ ကပ်ဖို့ ခွင့်တောင်းလို့ ကပ်ခိုင်းလိုက်တယ် ” ဟု ဆန်းချီလမ်းဆုံမှ
အီလက်ထရောနစ်ပစ္စည်းရောင်းသူတစ်ဦးက ပြောသည်။
ယင်းကြော်ငြာဗီနိုင်းများနှင့်
ပက်သက်၍ နေအိမ်ခြံစည်းရိုးများတွင် ပိုင်ရှင်၏ ခွင့်ပြုချက်မယူဘဲ
ကပ်ထားသူများရှိသည်ဟုဆိုကာ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ ဗီနိုင်းကပ်ခြင်းအပေါ်
မြို့ခံအချို့ကြား ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။
စီးပွားရေး
လုပ်ငန်းများ ကြော်ငြာမည်ဆိုပါက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံတွင် ၎င်းတို့
ကပ်လိုသည့်နေရာကို အဆိုပြု၍ ခွင့်ပြုချက် တောင်းခံနိုင်ပြီး စည်ပင်သာယာရေးအဖွဲ့က
နေရာကို စိစစ်၍ ခွင့်ပြုမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ
သိရသည်။
Dawei
Watch
Friday, September 11, 2015
ထားဝယ်တိုင်းရင်းသားများ ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာ စာတမ်း ထုတ်ပြန်
ဓာတ်ပုံ - ရာ
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကြေညာ စာတမ်းကို ထားဝယ်တိုင်းရင်းသားများပါတီက စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ပါတီ ရုံးချုပ်မှ ထုတ်ပြန်ကြေညာလိုက်သည်။
ထုတ်ပြန်ကြေညာပွဲသို့ ထားဝယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များနှင့် မီဒီယာများ တက်ရောက်ခဲ့သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကြေညာ စာတမ်းကို ထားဝယ်တိုင်းရင်းသားများပါတီက စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ပါတီ ရုံးချုပ်မှ ထုတ်ပြန်ကြေညာလိုက်သည်။
ထုတ်ပြန်ကြေညာပွဲသို့ ထားဝယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များနှင့် မီဒီယာများ တက်ရောက်ခဲ့သည်။
ယင်းကြေညာစာတမ်းတွင် ထားဝယ်တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေး၊
တရားဥပဒေစိုးမိုးရေး အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊
ဒေသတွင်း မီဒီယာ လွတ်လပ်ခွင့်၊ လူမှုစီးပွားရေး ဖွံ့ဖြိုးရေး လုပ်ငန်းတို့
လုပ်ဆောင်ရန် ရှင်းလင်းဖော်ပြထားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပင်မ ကတိက၀တ်သုံးရပ် အဖြစ်
၁) ထားဝယ် တိုင်းရင်းသားများအတွက် အာမခံချက်ရှိသော နိုင်ငံရေး ဂုဏ်သိက္ခာ၊ အဆင့်အတန်း ရရှိရေး
၂) ထိရောက်သော တိုင်းဒေသကြီး အစိုးရဖြစ်ရေး
၃) ဒေသထွက်ကုန်အခြေပြု လူမှုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရန် ရေခံမြေခံများ ဖွံ့ဖြိုးရေး တို့ ဖြစ်ကြောင်း ယင်းစာတမ်းတွင် ပါရှိသည်။
လူမှုစီးပွားဖွံ့ဖြိုးလုပ်ငန်း ၁၂ ခု လုပ်ကိုင်မည် ဖြစ်ပြီး ယင်းတို့အနက်
၁) ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေး ဖွံ့ဖြိုးရန် ၂) ရေလုပ်ငန်း ၃) ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်၊ အုန်းသီး စသော ဥယျာဉ်ခြံလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာပြီး တန်ဖိုးမြှင့် ပစ္စည်းများ ထုတ်လုပ်လာနိုင်ရန် ၄) စည်ပင် သာယာရေး နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရန် တို့ကို ဦးစားပေး လုပ်ငန်း လေးရပ်အဖြစ် ရွေးချယ်ထားသည် ကြောင်း ထားဝယ်တိုင်းရင်းသားပါတီ အင်တာနက်စာမျက်နှာ
နှင့် Facebook စာမျက်နှာတို့တွင်ဖော်ပြထားသည်။
http://dnpparty.blogspot.com/2015/09/blog-post_11.html
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပင်မ ကတိက၀တ်သုံးရပ် အဖြစ်
၁) ထားဝယ် တိုင်းရင်းသားများအတွက် အာမခံချက်ရှိသော နိုင်ငံရေး ဂုဏ်သိက္ခာ၊ အဆင့်အတန်း ရရှိရေး
၂) ထိရောက်သော တိုင်းဒေသကြီး အစိုးရဖြစ်ရေး
၃) ဒေသထွက်ကုန်အခြေပြု လူမှုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရန် ရေခံမြေခံများ ဖွံ့ဖြိုးရေး တို့ ဖြစ်ကြောင်း ယင်းစာတမ်းတွင် ပါရှိသည်။
လူမှုစီးပွားဖွံ့ဖြိုးလုပ်ငန်း ၁၂ ခု လုပ်ကိုင်မည် ဖြစ်ပြီး ယင်းတို့အနက်
၁) ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေး ဖွံ့ဖြိုးရန် ၂) ရေလုပ်ငန်း ၃) ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်၊ အုန်းသီး စသော ဥယျာဉ်ခြံလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာပြီး တန်ဖိုးမြှင့် ပစ္စည်းများ ထုတ်လုပ်လာနိုင်ရန် ၄) စည်ပင် သာယာရေး နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရန် တို့ကို ဦးစားပေး လုပ်ငန်း လေးရပ်အဖြစ် ရွေးချယ်ထားသည် ကြောင်း ထားဝယ်တိုင်းရင်းသားပါတီ အင်တာနက်စာမျက်နှာ
နှင့် Facebook စာမျက်နှာတို့တွင်ဖော်ပြထားသည်။
http://dnpparty.blogspot.com/2015/09/blog-post_11.html
လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံနှစ်ဦး၏ DNA နှင့် လူသတ်လက်နက်ပေါ်မှ DNA ကိုက်ညီမှုမရှိကြောင်း ဒေါက်တာပွန်တစ် ထွက်ဆို
ထိုင်းနိုင်ငံ ခိုတောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုတွင် လူသတ်လက်နက်အဖြစ် သိမ်းဆည်းထားသော ပေါက်ပြားပေါ်မှ DNA သည် စွပ်စွဲခံ မြန်မာနှစ်ဦး၏ DNA နှင့် ကိုက်ညီမှုမရှိဟု နာမည်ကျော် ထိုင်းမှုခင်းဆရာဝန်မကြီး ဒေါက်တာပွန်တစ်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝေဖြိုးတို့ နှစ်ဦးသည် အဆိုပါ လူသတ်မှု၏တရားခံများအဖြစ် ရုံးတင်စစ်ဆေးခြင်း ခံနေရသည်။ အဆိုပါ တွေ့ရှိချက်သည် လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့၏ရှေ့နောက်မညီသော ကမောက်ကမဆန်သည့် လုပ်ဆောင်ချက်ပေါင်းများစွာအနက် နောက်ဆုံးထွက်ပေါ်လာသော ကိစ္စတခု ဖြစ်သည်။ ထို့အပြင် ထိုင်ရဲတပ်ဖွဲ့သည် သက်သေခံပစ္စည်းနှင့် အထောက်အထားများ ရယူရာတွင် စနစ်ကျမှုမရှိခဲ့ဘဲ မျက်မြင်သက်သေများကို စစ်ဆေးရာတွင် ခြိမ်းခြောက်၍ ထွက်ဆိုစေခြင်းများရှိခဲ့သည်ဟု ဝေဖန်ပြစ်တင်ခြင်းလည်း ခံထားရသည်။ ၎င်းစွပ်စွဲချက်များကို ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုထားသည်။
ထိုင်းနိုင်ငံတရားရုံးများတွင် အသံဖမ်းခြင်း၊ ရုပ်သံရိုက်ကူးခြင်းနှင့် မှတ်စုမှတ်ခြင်းများ ပြုလုပ်ခွင့် မပြုချေ။ ဒေါက်တာပွန်တစ်၏ အဆိုပါ ထွက်ဆိုချက်ကို တရားခံရှေ့နေအဖွဲ့နှင့် အမှုစစ်ဆေးမှုကို စောင့်ကြည့်သူများထံမှ ဂါးဒီးယန်းက ရရှိခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်နိုင်ငံသား ဟန်နာဝုသားရစ်ခ်ျ (၂၃ နှစ်) နှင့် ဒေးဗစ်မီလာ (၂၄ နှစ်)တို့ နှစ်ဦးသည် ထိုင်းနိုင်ငံလိပ်ကျွန်းပေါ်တွင် ၂၀၁၄ စက်တင်ဘာလက အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာများဖြင့် သေဆုံးနေသော ၎င်းတို့၏ရုပ်အလောင်းများကို ဆိုင်ရီးကမ်းခြေတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာမှရရှိသော သုက်ရည်ကြောင့် လူသတ်မှုတွင် ဇော်လင်းနှင့် ဝေဖြိုးတို့နှစ်ဦး ပတ်သက်မှုရှိသည်ဟု ယူဆ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသော်လည်း ၎င်းကို နောက်တကြိမ် ထပ်မံစစ်ဆေးခွင့် မပြုကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များ၊ ဆရာဝန်များနှင့် အခြား သက်သေးများသည် စက်တင်ဘာ ၂၅ တွင် တရားရုံတွင် ထွက်ဆိုမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သမားများ မှုခင်းဓါးစာခံအဖြစ် အသုံးချခံရမှုများ ရှိကြောင်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့အပါအ၀င် အခြား လူ့အခွင့်အရေးအဖွဲ့များစွာက ထောက်ပြပြောဆိုထားသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းခွဲခန့် နေထိုင်လျက်ရှိသည်။
လူသတ်လက်နက်ဖြစ်သော ပေါက်ပြားပေါ်မှ DNA သည် ယောက်ျားနှစ်ဦး၏ DNA ဖြစ်သော်လည်း ဇော်လင်းနှင့် ဝေဖြိုးတို့၏ DNA မဟုတ်ကြောင်း ဒေါက်တာပွန်တစ်က တရားရုံးတွင် ထွက်ဆိုသည်။ ဒေါက်တာ ပွန်တစ်ရိုဂျန်နာဆူနန်းသည် ထိုင်း မှုခင်းဆေးပညာသိပ္ဗံ၏ အကြီးအကဲဖြစ်ပြီး မှုခင်းဆေးပညာတွင်လည်း နာမည်ကျော် ဆရာဝန်မကြီးတဦး ဖြစ်သည်။ ဒေါက်တာပွန်တစ်သည် လူစိတ်ဝင်စားမှုများသော အမှုကြီးများကို ကိုင်တွယ်ရာမှ နာမည်ကျော်ကြား လူသိများလာပြီး ထိုင်းနိုင်ငံ မဒမ်တူးဆော့ ဖယောင်းရုပ်တုပြတိုက်တွင်ပင် သူမ၏ပုံတူရုပ်တုကို ထားရှိသည်။
Ref;The Guardian
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Thursday, September 10, 2015
မြန်မာကာချုပ် အစ္စရေးလ်ခရီးစဉ်
![]() |
(Credit: Thet Lwin Oo) |
ကာကွယ်ရေးဦးစီးချုပ်ဟာ အစ္စရေးလ်နိုင်ငံကို ဒီလ ၅ ရက်နေ့က ထွက်ခွာခဲ့ပြီး ၂ နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်ခြင်း ဖြစ်တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အစ္စရေးလ်နိုင်ငံ ခရီးစဉ်အပေါ် သုံးသပ်ချက်ကို စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်နှင့် ဆက်သွယ်မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မေး - မြန်မာနိုင်ငံက စစ်တပ်နဲ့ အစ္စရေးလ်စစ်တပ်အကြားက ဆက်ဆံရေးက ဘယ်လောက်အထိများ ရင်းနှီးမှုရှိသလဲ။
ဖြေ - ကျနော် ပထမဦးဆုံးပြောရရင်တော့ ၁၉၈၈ ခုနှစ် မတိုင်ခင်ပေါ့နော် ဦးနေ၀င်းလက်ထက်မှာတော့ အစ္စရေးလ်စစ်တပ်နဲ့ရော အစ္စရေးလ်ထောက်လှမ်းရေးနဲ့ရော အဆက်အဆံ အဆက်အသွယ် ရှိခဲ့ပါတယ်။ အစ္စရေးလ်ဆီက အထူးသဖြင့်ပေါ့လေ ထောက်လှမ်းရေး နည်းပညာလည်း သင်ယူခဲ့သလို၊ အစ္စရေးလ်ရဲ့ လက်နက်ကို အထူးသဖြင့်တော့ Uzi သေနတ်တို့ ဘာတို့က အစ္စရေးလ်က လာတာပါ။ အဲဒီအချိန် အဲဒီအခါကတည်းကိုက အဆက်အသွယ် ကျနော်တို့ ရှိခဲ့တယ်။ တဘက်က ကျန်တဲ့ ဒီလက်နက်ငယ်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ရဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံတွေမှာ ဂျာမနီနဲ့ ပေါင်းပြီးတော့မှ လက်နက်တွေ ထုတ်ခဲ့တာ ရှိပါတယ်။ အဲဒီခေတ် အဲဒီကာလကတော့ ကျနော်တို့ တပ်မတော်မှာရှိတဲ့ လက်နက်ရဲ့ စွမ်းရည်က ကောင်းမွန်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဘက် ၈၈ နောက်ပိုင်းမှာ အရေးအခင်းတွေ ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတကာရဲ့ ၀ိုင်းပယ်မှုတွေ ခံရပြီးတဲ့နောက်ပိုင်းမှာတော့ ဂျာမနီတို့၊ အစ္စရေးလ်တို့ရဲ့ လက်နက်လုပ်တဲ့ ကုမ္ပဏီတွေဟာ pluck သွားတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်ခင်ဗျ။
မေး - ဒီရက်ပိုင်းမှာပေါ့နော် အခုနောက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နိုင်ငံခြားခရီးသွားတာလေး တော်တော် အထွက်များလာသလားလို့။ သဘောက မကြာခင်က အိန္ဒိယတို့၊ ထိုင်းတို့ကို သူသွားတယ်။ အခု အစ္စရေးလ်ကိုလည်း သွားတယ်။ ဟိုတလောလေးကလည်း အရှေ့ဥရောပနိုင်ငံတွေကို သူသွားတယ်။ လက်နက်ဝယ်ဖို့ ဘာညာဆိုတဲ့ သတင်းတွေတော့ ထွက်တာပေါ့နော်။ ဆိုတော့ အခု အစ္စရေးလ်ကို သွားတာကရော အဲဒီလက်နက်ဝယ်ဖို့တွေ ပါမလား။ သူကတော့ ချစ်ကြည်ရေးခရီးစဉ်လို့ပဲ နာမည်တပ်ထားတယ်။ နောက်ကွယ်မှာ ကာကွယ်ရေးဦးစီးချုပ် တယောက်အနေနဲ့ အခုလိုမျိုး နိုင်ငံခြားခရီးစဉ် သွားပြီဆိုရင် ဘာတွေလုပ်တတ်လေ့များ ရှိပါသလဲ။
ဖြေ - ချစ်ကြည်ရေးခရီးစဉ်ဆိုတာကတော့ ဒါ ခေါင်းစဉ်တပ်တဲ့ အနေအထားမျိုးပါပဲခင်ဗျ။ တကယ့်တကယ်တော့ ကျနော်တို့ အခု ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အစောပိုင်းမှာဖြစ်တဲ့ ကိုးကန့်တို့ ပလောင်တို့ ရခိုင် အပါအ၀င်ပေါ့ဗျာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ တိုက်ပွဲတွေဖြစ်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုင်တဲ့လက်နက်ကိုတောင်မှ ကျနော်တို့ ဗမာ့တပ်မတော်မှာရှိတဲ့ လက်နက်တွေက ပြန်ပြီးတော့မှ ပြင်းပြင်းထန်ထန် ပြန်တိုက်ပေမဲ့ ကျနော်တို့ လက်နက်တွေက အထူးသဖြင့်တော့ ညံ့တယ်လို့ ပြောရမှာပေါ့ဗျာ။ ညံ့တယ်ဆိုတာကလည်း ဂျာမနီတို့ အစ္စရေးလ်တို့ ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ကာကွယ်ရေးပစ္စည်း စက်ရုံတွေကို မြောက်ကိုရီးယားလက်နက်အဖွဲ့တွေ ၀င်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်တာ ရှိပါတယ်။ ဒီလက်နက်တွေပေါ့လေ တရုတ်အပါအ၀င်ပေါ့ ဒါတွေဟာ အဆင့်အတန်း မမီတဲ့အတွက်ကြောင့်မို့ မိမိမှာရှိတဲ့ လက်နက်စွမ်းရည် တိုးမြှင့်ဖို့အတွက်ကိုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဓိကက လက်နက်စက်ရုံတွေအတွက် သွားတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။ လက်နက်ဝယ်တာထက်စာရင်လေ။
မေး - မြန်မာ့တပ်မတော်အနေနဲ့က စောစောက ဦးအောင်လင်းထွဋ်ပြောသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်တာတောင်မှ ကိုယ့်ဘက်က မယှဉ်နိုင်ဘူး။ ကိုယ့်ဘက်မှာရှိတဲ့ လက်နက်တွေနဲ့ မယှဉ်နိုင်ဘူးဆိုတဲ့ အနေအထားကို သဘောပေါက်သွားတဲ့ အနေအထားလား မသိဘူး။
ဖြေ - ဟုတ်ပါတယ်ခင်ဗျ။ ကျနော်သိသလောက်ပေါ့လေ ကျနော်တို့ လက်နက်ကိုင် တပ်မတော်သားပေါ့ဗျာ ရာနဲ့ချီပြီးတော့မှ ကျဆုံးပါတယ်။ ထောင်နဲ့ချီပြီးတော့ ဒဏ်ရာရတယ်လို့ ဒါ ကျနော် သိရပါတယ်။ အတိအကျတော့ ကျနော် မပြောလိုတော့ပါဘူး။
မေး - ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ကဲ့ ဆိုတော့ အခု ဒါဆိုလို့ရှိရင် စောစောက ပြောသလိုဆိုလို့ရှိရင် ဒါ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း သွားနေတာတွေဟာ သူ လက်နက်ဝယ်ဖို့အတွက် သူ ဗမာနဲ့ အရပ်စကားနဲ့ ပြောမယ်ဆိုရင် shopping လိုက်လုပ်နေတယ်ဆိုတဲ့ သဘောများ ဖြစ်မလား။ ဒါမှမဟုတ် ၀ယ်ကော တကယ်ဝယ်နေပြီလားခင်ဗျ။
ဖြေ - ကျနော် ကျနော့်အယူအဆအရ ပြောရင်တော့ တကယ်ပဲ ပါကစ္စတန်သွားတယ်။ ပါကစ္စတန်က လေယာဉ်ပျံဝယ်တယ်လို့ ကြားရပါတယ်ခင်ဗျ။ အလားတူပဲ ကျန်တဲ့နိုင်ငံတွေ သွားတဲ့အခါမှာလည်း သူ ၀ယ်တဲ့အနေအထားမျိုးတွေ ရှိပါတယ်။ အထူးသဖြင့်တော့ တရုတ်ရဲ့လက်နက်ကို သူတို့ ယှဉ်နိုင်ဖို့အတွက်ကို ရှာဖွေတယ်လို့ ကျနော်တို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လက်နက်စက်ရုံတွေရော ကျနော်တို့ရဲ့ လက်နက်နဲ့ ပတ်သက်ပြီးတော့မှ တရုတ်ရဲ့နည်းပညာကို ကျနော်တို့ မယူပါဘူးခင်ဗျ။
မေး - တရုတ်လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုတောင် မယှဉ်နိုင်ဘူးဆိုတော့ မြန်မာစစ်တပ်က လောလောဆယ် ကိုင်နေတဲ့ လက်နက်တွေက ဘယ်လိုမျိုး အမျိုးအစားတွေဖြစ်မလဲ။ ဒါမှမဟုတ်ရင်လည်း ဟောင်းနွမ်းနေတဲ့အတွက် ဖြစ်တာလား။
ဖြေ - ကျနော်တော့ သိသလောက်ပေါ့လေ MA Series Myanmar Army Series ဆိုပြီးတော့ နောက်ထုတ်တဲ့ သေနတ်တွေရှိတယ်ဆိုတာ သိရပါတယ်။
မေး - ဟုတ်ကဲ့ ဆိုတော့ ဒီ MA Series ကရော မြန်မာပြည်မှာပဲ ထုတ်တာလားခင်ဗျ။
ဖြေ - ဟုတ်ပါတယ်ခင်ဗျ။ MA Series က နောက်ပိုင်း ဗမာပြည်မှာ ထုတ်တဲ့အနေအထားမျိုး ရှိပါတယ်။
မေး - အခု သူသွားနေတာတွေဟာ ကာကွယ်ရေးဦးစီးချုပ် တယောက်အနေနဲ့ သွားတယ်ဆိုပေမဲ့လည်း သွားတဲ့နိုင်ငံတွေက စိပ်လည်းစိပ်လာတယ်။ များလည်းများလာတယ်။ လိုက်ပြီးတော့များ နိုင်ငံရေးအရ သူတို့စကားပြောနေတာတွေများ ရှိနိုင်မလား နောက်ကွယ်မှာပေါ့နော်။
ဖြေ - ရှိနိုင်ပါတယ်။ အဓိကကတော့ တပ်နဲ့ ပတ်သက်ပြီးတော့ reform ပြန်ပြီးတော့မှ သူတို့လုပ်တယ်။ ကျန်တဲ့လူကြီးပိုင်းတွေ သူတို့ ထုတ်လိမ့်မယ်ဗျာ။ ထုတ်ပြီးတော့မှ လူငယ်ပိုင်းတွေ သူတို့ လူငယ်ပိုင်းတွေ ထားပြီးတော့မှ ကျနော့်အယူအဆအရ ပြောရင်တော့ သူတို့ မျှော်မှန်းထားတာကတော့ အခု ရွေးကောက်ပွဲလည်း ဆက်စပ်တယ်ပေါ့ဗျာ။ ရွေးကောက်ပွဲမှာတော့ သူတို့ဘက်ကတော့ ကျနော် အရင်ပြောခဲ့သလို plan B လို ဟာမျိုးကို သူတို့ ညွန့်ပေါင်းလိုဟာမျိုးရအောင် သူတို့ လုပ်လိမ့်မယ်ဗျာ။ တကယ်လို့ အဲဒါ မအောင်မြင်ဘူးဆိုရင်တော့ ခင်ဗျား သူတို့ရဲ့ C plan ပေါ့ဗျာ C plan ကတော့ သူတို့ တပ်က အာဏာယူတဲ့ plan ပဲ။ ဒါပေမဲ့ ဘယ်ပုံဘယ်နည်း လုပ်မယ်ဆိုတာတော့ ပြောလို့ ကျနော်တို့ မရဘူး။ အဲဒီ Plan လုပ်တဲ့အခါမှာ မင်းအောင်လှိုင်က automatically သမ္မတပေါ့ဗျာ ယာယီသမ္မတပဲဖြစ်ဖြစ်၊ ယိုးဒယားပုံစံမျိုး သူတို့ ချိုးလာနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့လို့လည်း နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံ နိုင်ငံရေးပိုင်းအရ မင်းအောင်လှိုင် သွားတယ်ဆိုလည်း မမှားဘူးဗျ အဲဒါတော့လေ။
ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ မြန်မာပိုင်း)
Wednesday, September 9, 2015
ဘန်ကောက်ဗုံး သံသယရှိသူ တရုတ်နိုင်ငံသားဖြစ်
![]() |
ဗုံးအိတ် လက်လွှဲပြောင်း ပေးခဲ့ပုံကို Yusufu Mieraili က ပြန် သရုပ်ဆောင် ပြခဲ့။ |
သံသယ ရှိသူ Yusufu Mieraili ဟာ တရုတ်ပြည် အနောက်ပိုင်းက လူနည်းစု ဝီဂါ မွတ်ဆလင်တွေ နေထိုင်ရာ ရှင်ကျန်း ပြည်နယ်မှာ မွေးဖွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့လယ်က ဗုံးခွဲ တိုက်ခိုက်မှုဟာ ရှင်ကျန်း ပြည်နယ်က ခွဲထွက်ရေး မွတ်ဆလင်တွေရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း တရုတ် အရာရှိ တစ်ဦးက ဂလိုဘယ် တိုင်းမ်စ် သတင်းစာကို ပြောခဲ့ပါတယ်။
သြဂုတ် ၁၇ ရက်က ဖြစ်ခဲ့တဲ့ ဧရာဝဏ် နတ်ကွန်း အနီး ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး ခဲ့ရပါတယ်။
သံသယရှိသူ Yusufu Mieraili က သူဟာ နတ်ကွန်းအနီး ဗုံးထောင်ခဲ့သူကို ဗုံးထည့်ထားတဲ့ အိတ်ကို လက်လွှဲ ပေးခဲ့တာ ဖြစ်တယ်လို့ ဝန်ခံ ထွက်ဆို ခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ဖောက်ခွဲရေး ပစ္စည်းတွေ ရှာတွေ့ခဲ့တဲ့ ဘန်ကောက်မြို့စွန် တိုက်ခန်းကနေ အခု ဝန်ခံ ထွက်ဆိုသူက ဗုံးအိတ်ကို ဘူတာရုံကို သယ်သွားခဲ့ပြီး ဗုံးထောင်သူကို လက်လွှဲ ပေးခဲ့တာလို့ ပြောပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သူ့ကို ဘန်ကောက် ဘူတာရုံကို ခေါ်သွားပြီး အိတ် လွှဲပြောင်း ပေးခဲ့ပုံကို ပြန် သရုပ်ဆောင် ခိုင်းခဲ့ကြပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားသား ၂ ဦးကို ဖမ်းဆီးထားပြီး၊ ဗုံးအိတ်ကို နေရာမှာ ထောင်ခဲ့တဲ့ စီစီတီဗီထဲက အဝါရောင် တီရှပ်နဲ့ လူကိုတော့ ဖမ်းမိခြင်း မရှိသေးပါဘူး။
BBC Burmese
သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံ
![]() |
သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံ |
“ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ငြိမ်းချမ်းရေးမရရှိဘဲနဲ့ မဖြစ်နိုင်ဘူးဆိုတာကို အလေးအနက်ထားပြီးပြောကြားလိုပါတယ်။ ဒါကြောင့်တနိုင်ငံလုံးငြိမ်းချမ်းရေးကို ကောင်းမွန်မှန်ကန်တဲ့ ဆန္ဒနဲ့ ၀ိုင်းဝန်းဆွေးနွေးကြဖို့ ကျနော့်အနေနဲ့ ဖိတ်ခေါ်ပါတယ်။ အခု စက်တင်ဘာလ မကုန်ခင်မှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဒီကနေ့အစီးအဝေးမှာဘဲ ကျနော်တို့အားလုံး ညှိနှိုင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း သမ္မတဦးသိန်းစိန်က အဲဒီလိုပြောသွားတာဖြစ်ပြီး ဒါဟာဖြင့် ရွေးကောက်ပွဲ အတွက် တရားဝင်မဲဆွယ်စည်းရုံးမှု စတင်ပြီးတဲ့နောက် အများပြည်သူရှေ့ သမ္မတဦးသိန်းစိန် ပထမဆုံး စကားပြောတာပါ။ ၂ နှစ် နီးပါးကြာနေပြီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ တဒါဇင်ကျော်ထဲက ငါးဖွဲ့ရဲ့ကိုယ်စားလှယ်တွေနဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံတာပါ။
အခုလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးနိုင်ဖို့ နေပြည်တော်မှာ ဆွေးနွေးနေကြချိန်မှာပဲ တအာင်းပလောင်တပ်ဖွဲ့၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA ၊ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ် အကြား ရှမ်းပြည်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။
ဗွီအိုအေ (မြန်မာဌာန)
Tuesday, September 8, 2015
ဆီးရီးယားရှိ အိုင်အက်စ်များကို ပြင်သစ် လေကြောင်းထိုးစစ် စတင်မည်
ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက်တွေကို ပြင်သစ်နိုင်ငံက လေကြောင်းထိုးစစ်တွေ စတင်တော့မှာဖြစ်ပြီး ပြင်ဆင်မှုတွေလုပ်ဖို့ ပြင်သစ်သမ္မတ ဟော်လန်ဒီက စက်တင်ဘာ ၇ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။
စက်တင်ဘာ ၈ ရက်ကစပြီး ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက်တွေကို လေကြောင်းကနေ ကင်းထောက်ပျံသန်းမှုတွေ စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က ပြောဆိုပါတယ်။
ပြင်သစ်မြေပြင်တပ်ဖွဲ့တွေ စေလွှတ်ဖို့ကိုတော့ ပြင်သစ်သမ္မတက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။
ဆီးရီးယားပြည်တွင်းစစ်အတွင်း ဆီးရီးယားပြည်သူ ၂ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး ၉ သန်းကျော် အိုးအိမ်စွန့် ထွက်ခွာခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ပြင်သစ်နိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံတွေကို အကြမ်းဖက်တိုက်ခိုက်မှု အများစုဟာ ဆီးရီးယားနိုင်ငံမှာ အရင်းခံတာ ဖြစ်တယ်၊ ဒီတိုက်ခိုက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ အတတ်နိုင်ဆုံး စုံစမ်းထောက်လှမ်းပြီး လက်ဦးမှု ရယူရမှာ ဖြစ်တယ်လို့ သမ္မတ ဟော်လန်ဒီက ပြောဆိုတာပါ။
အမေရိကန် ဦးဆောင်တဲ့ အီရတ်နိုင်ငံက အိုင်အက်စ်အကြမ်းဖက် လေကြောင်းစစ်ဆင်ရေးမှာ ပြင်သစ်နိုင်ငံက ပါဝင်ထားပြီး ဖြစ်ပါတယ်။
ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက် လေကြောင်းစစ်ဆင်ရေးကိုတော့ ဆီးရီးယားသမ္မတ အာဆတ်ကို အားပေးသလိုဖြစ်မှာကို စိုးရိမ်တဲ့အတွက် အရင်က မပူးပေါင်းဘဲ နေခဲ့တာ ဖြစ်ပါတယ်။
DVB
ကျောက်ဖြူတွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူ တစ်ဦးက အရာရှိ အမျိုးသမီးတစ်ဦး၏ နောက်ကြောကို ကတ်ကြေးဖြင့် ထိုး

ကျောက်ဖြူ၊ စက်တင်ဘာ ၈
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စက်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဒုတိယ
ကြီးကြပ်ရေးမှူး အဆင့်ရှိသူ အမျိုးသမီးတစ်ဦး၏ နောက်ကြောအား နိုင်ငံတော်
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် များမကြာမီက လွတ်လာသူ တစ်ဦးက ကတ်ကြေးဖြင့်
ထိုးသဖြင့် ယင်းအမျိုးသမီးတွင် ဒဏ်ရာ နှစ်ချက်ရကာ ဆေးရုံတင်လိုက်ရသည်ဟု
သတင်း ရရှိသည်။
ကတ်ကြေးဖြင့် ထိုးသူမှာ ကျောက်ဖြူမြို့၊ စေတီတောင် ရပ်ကွက်တွင် နေထိုင်သူ မျိုးကျော်(ခ) နေမင်းရာဇာ(ခ) ရာဇာ(ခ) ဂျွန်နေလင်း အသက်(၃၄)နှစ် ဖြစ်ပြီး များမကြာမီက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူဟု သိရသည်။
“နောက်ကြောကို ကတ်ကြေးနှင့် နှစ်ချက်ထိုးပြီး ထွက်ပြေးသွားတယ်။ သူ့ကို ဖမ်းဆီးလိုက်ပါပြီ။ အချိန်နှင့် တစ်ပြေးညီ တရားခံကိုပြည်သူတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့တယ်။ သူက စိတ်မမှန်ဘူးလို့ သိရပါတယ်” ဟု နယ်ထိန်း အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ရဲထွန်း ကပြောသည်။
ကတ်ကြေးဖြင့် အထိုးခံရသူအမျိုးသမီးမှာ သန်ပန်ချောင်း ရပ်ကွက်၊ ငါးလုပ်ငန်းဦးစီးဌာန ခြံဝင်းတွင်နေသူ စက်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်နီလာစိုး အသက်(၃၃)နှစ် ဖြစ်သည်။
သူမသည် စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က သူငယ်ချင်း အမျိုးသမီးနှင့်အတူ နေအိမ်မှ စီးပွားရေးဘဏ်သို့ အသွား ပြည်သာယာဈေး အ၀င်လမ်းတွင် စားသောက်ဖွယ်ရာများ ၀ယ်ယူပြီးအပြန်တွင် မျိုးကျော်က ကတ်ကြေးဖြင့် နောက်ကျောကို နှစ်ချက်တိတိ ထိုးသွားခဲ့သည် ဟု ဆိုသည်။
ဒေါ်နီလာစိုးအား ကျောက်ဖြူ ဆေးရုံတွင် တင်ထားရပြီး စကားပြောနိုင်ပြီ ဖြစ်သော်လည်း ဘယ်ဘက်ပေါင်တစ်ခြမ်းမှာ မလှုပ်နိုင်သေးကြောင်း ဒုရဲအုပ် ရဲထွန်းက ဆက်လက်ပြောကြားသည်။
ကတ်ကြေးဖြင့် ထိုးခဲ့သူ တရာခံ မျိုးကျော်က ထောင်ကလွတ်လာရင်လည်း နောက်ထပ်အမျိုးသမီးတွေကို ဓားနဲ့ လူအများအပြားကို ဆက်ပြီးထိုးသွားမည်ဟု ကြုံးဝါးသွားကြောင်း မျက်မြင်တစ်ဦးဖြစ်သူ သွေးလှူရှင်အသင်း အတွင်းရေးမှူး ဦးညွန့်သိန်း ကပြောသည်။
ယခု အခင်း မဖြစ်ပွားမှီကလည်း တစ်ခြား အမျိုးသမီး ၃ ဦးကို နာရီစင်ကွင်းအနီးတွင် ဓားဖြင့်ထိုးရန်လိုက်ခဲ့ပြီး အမျိုးသမီးများမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
တရားခံကို ပုဒ်မ ၃၂၆ နှင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူ စခန်းမှူး ရဲအုပ်စိုးကျော်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
ကတ်ကြေးဖြင့်ထိုးခဲ့သူ တရားခံ မျိုးကျော် (ခ) ရာဇာသည် စိတ်နှောက်နေသူ တစ်ဦးဖြစ်ပြီး ထောင်လေးကြိမ် ကျဖူးကြောင်း သိရသည်။
၂၀၀၀ ခုနှစ်တွင် ကိုယ့်လက်ကို ဓားဖြင့် ထိုး၍ ထောင် ၆ လကျခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ဓားထိုးမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချခံရကာ ထောင်ထဲတွင် ၁ နှစ်နှင့် ၁၁ လနေခဲ့ရပြီး လွတ်လာခဲ့သည်။
၂၀၀၈ ခုနှစ်မှာ ဓားထိုးမှု ဖြစ်ပြီး ထောင်ဒဏ်၂ နှစ်ချခံရကာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၃ လဖြင့် လွတ်လာသည်။
မျိုးကျော်သည် ၂၀၁၂ ခုနှစ်မှာ သာသနာ့ ဗိမာန်ကို ဖြိုသတ်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရပြီး ထောင်ထဲတွင် တနှစ်ကျော် နေထိုင်ကာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် များမကြာမီက လွတ်မြောက်လာသူ ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း Arakan State
ကတ်ကြေးဖြင့် ထိုးသူမှာ ကျောက်ဖြူမြို့၊ စေတီတောင် ရပ်ကွက်တွင် နေထိုင်သူ မျိုးကျော်(ခ) နေမင်းရာဇာ(ခ) ရာဇာ(ခ) ဂျွန်နေလင်း အသက်(၃၄)နှစ် ဖြစ်ပြီး များမကြာမီက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူဟု သိရသည်။
“နောက်ကြောကို ကတ်ကြေးနှင့် နှစ်ချက်ထိုးပြီး ထွက်ပြေးသွားတယ်။ သူ့ကို ဖမ်းဆီးလိုက်ပါပြီ။ အချိန်နှင့် တစ်ပြေးညီ တရားခံကိုပြည်သူတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့တယ်။ သူက စိတ်မမှန်ဘူးလို့ သိရပါတယ်” ဟု နယ်ထိန်း အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ရဲထွန်း ကပြောသည်။
ကတ်ကြေးဖြင့် အထိုးခံရသူအမျိုးသမီးမှာ သန်ပန်ချောင်း ရပ်ကွက်၊ ငါးလုပ်ငန်းဦးစီးဌာန ခြံဝင်းတွင်နေသူ စက်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်နီလာစိုး အသက်(၃၃)နှစ် ဖြစ်သည်။
သူမသည် စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က သူငယ်ချင်း အမျိုးသမီးနှင့်အတူ နေအိမ်မှ စီးပွားရေးဘဏ်သို့ အသွား ပြည်သာယာဈေး အ၀င်လမ်းတွင် စားသောက်ဖွယ်ရာများ ၀ယ်ယူပြီးအပြန်တွင် မျိုးကျော်က ကတ်ကြေးဖြင့် နောက်ကျောကို နှစ်ချက်တိတိ ထိုးသွားခဲ့သည် ဟု ဆိုသည်။
ဒေါ်နီလာစိုးအား ကျောက်ဖြူ ဆေးရုံတွင် တင်ထားရပြီး စကားပြောနိုင်ပြီ ဖြစ်သော်လည်း ဘယ်ဘက်ပေါင်တစ်ခြမ်းမှာ မလှုပ်နိုင်သေးကြောင်း ဒုရဲအုပ် ရဲထွန်းက ဆက်လက်ပြောကြားသည်။
ကတ်ကြေးဖြင့် ထိုးခဲ့သူ တရာခံ မျိုးကျော်က ထောင်ကလွတ်လာရင်လည်း နောက်ထပ်အမျိုးသမီးတွေကို ဓားနဲ့ လူအများအပြားကို ဆက်ပြီးထိုးသွားမည်ဟု ကြုံးဝါးသွားကြောင်း မျက်မြင်တစ်ဦးဖြစ်သူ သွေးလှူရှင်အသင်း အတွင်းရေးမှူး ဦးညွန့်သိန်း ကပြောသည်။
ယခု အခင်း မဖြစ်ပွားမှီကလည်း တစ်ခြား အမျိုးသမီး ၃ ဦးကို နာရီစင်ကွင်းအနီးတွင် ဓားဖြင့်ထိုးရန်လိုက်ခဲ့ပြီး အမျိုးသမီးများမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
တရားခံကို ပုဒ်မ ၃၂၆ နှင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူ စခန်းမှူး ရဲအုပ်စိုးကျော်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
ကတ်ကြေးဖြင့်ထိုးခဲ့သူ တရားခံ မျိုးကျော် (ခ) ရာဇာသည် စိတ်နှောက်နေသူ တစ်ဦးဖြစ်ပြီး ထောင်လေးကြိမ် ကျဖူးကြောင်း သိရသည်။
၂၀၀၀ ခုနှစ်တွင် ကိုယ့်လက်ကို ဓားဖြင့် ထိုး၍ ထောင် ၆ လကျခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ဓားထိုးမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချခံရကာ ထောင်ထဲတွင် ၁ နှစ်နှင့် ၁၁ လနေခဲ့ရပြီး လွတ်လာခဲ့သည်။
၂၀၀၈ ခုနှစ်မှာ ဓားထိုးမှု ဖြစ်ပြီး ထောင်ဒဏ်၂ နှစ်ချခံရကာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၃ လဖြင့် လွတ်လာသည်။
မျိုးကျော်သည် ၂၀၁၂ ခုနှစ်မှာ သာသနာ့ ဗိမာန်ကို ဖြိုသတ်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရပြီး ထောင်ထဲတွင် တနှစ်ကျော် နေထိုင်ကာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် များမကြာမီက လွတ်မြောက်လာသူ ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း Arakan State
မြိတ်တွင် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပေါ် စိတ်မနှံ့သူတစ်ဦး တက်စီး
|Dawei
Watch| မြိတ်၊ စက်တင်ဘာ ၈
မြိတ်မြို့
မြို့နယ်ခေါင်ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထုပေါ်သို့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁
နာရီခွဲ့ခန့်တွင် စိတ်မနှံ့သည့် အမျိုးသားတစ်ဦး တက်စီးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း
မြို့ခံ မျက်မြင်များထံမှ သိရသည်။
အခင်းဖြစ်ပွားချိန်သည်
ကျောင်းဆင်းခါနီးဖြစ်သည့်အတွက် ယာဉ်သွားယာဉ်လားများနှင့် လာရောက် ကြည့်ရှုသူများကြောင့်
မိနစ် ၂၀ ခန့် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်သည့်နေရာသို့ သွားကြည့်ခဲ့သည့်
မြို့ခံ ဆိုင်ကယ်အငှား ယာဉ်မောင်းတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပေါ်
တက်စီးသူကို မြိတ်မြို့နယ် ရဲစခန်းမှ လာရောက် ခေါ်ဆောင်သွားပြီး ယင်းမှ တဆင့် မြိတ်
ပြည်သူ့ ဆေးရုံသို့ ပို့ပြီး စစ်ဆေးရာ အမှန်တကယ်ပင် စိတ်မနှံ့သူ တစ်ဦးဖြစ်ကြောင်း
အတည်ပြုနိုင်ခဲ့သည်ဟု မြိတ်မြို့နယ် ရဲစခန်းမှ သိရသည်။
“စိတ်မနှံ့တဲ့သူ
တစ်ဦး ဖြစ်နေပါတယ်။ ဒါကြောင့် အရေးမယူပဲ ပြန်လွှတ်ပေးလိုက်ပါပြီ”ဟု မြိတ် မြို့နယ်ရဲစခန်းမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဗိုလ်ချုပ်မြင်းစီး
ကြေးရုပ်တွင် တက်ရောက်စီးနင်းသူ ဦးအောင်ဇော်(ခ) အောင်ဇော်ထူး အသက် ၄၉ နှစ်ဖြစ်ပြီး
မြိတ်မြို့ ကန်ဖျားနယ်မြေ၊ ပလောက်စု ရပ်ကွက်၊ ရဲသိပ္ပံ(၃) လမ်းတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း
သိရသည်။
မြိတ်တွင်
၂၀၁၃ ခုနှစ်၊ အောင်တိုဘာလ ၂၄ ရက်နေ့ကလည်း ယင်းမြင်းစီးကြေးရုပ်ရှိ ဗိုလ်ချုပ်လက်ထဲ
သာသနာ့အလံတစ်ခုက အမည်မသိ သူတစ်ဦးက လာရောက် စိုက်ထူမှု ဖြစ်ခဲ့ဖူးသည်။
Dawei
Watch
BGF နှင့် ဗိုလ်ကျော်သက် လက်အောက်ခံအဖွဲ့ တို့ အကြားပစ်ခတ်မှုဖြစ်ပွား
စက်တင်ဘာ ၄ ရက်၊ ၂၀၁၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတန်ကူးကျေးရွာအုပ်စု၊ ဆင်ကုန်းပိုင်းနှင့် ပျားပင်ကွင်း အပိုင်းဆုံရာ လမ်းမအနီး၌ အစိုးရလက်အောက်ခံ BGF တပ်ရင်း ၁၀၁၉ နှင့် DKBA မှထုတ်ပယ်ထားသည့် ဗိုလ်ကျော်သက် လက်အောက်ခံ ဗိုလ်နားမကြားအဖွဲ့တို့ အကြား စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ သည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ကော့ကရိတ်မြို့နယ်၊ နန်ကော်တိုးရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ မနေ့ ကဖြစ်တာပါ၊ တို့ နေတဲ့ နန်ကော်တိုးနဲ့ တော့ နည်းနည်းဝေးပေမဲ့ အပြန်အလှန်ပစ်ခတ် သံတွေတော့ ကြားနေရတယ်။ ပျားပင်ကွင်းရွာကကတော့ အခုထိ ပြန်မနေရဲသေးဘူး၊ ကျောင်းလည်း မဖွင့်နိုင်သေးဘူး” ဟု စက်တင်ဘာ ၃ ရက်နေ့ တွင် ကေအိုင်စီသို့ ပြောသည်။
အဆိုပါ နှစ်ဖက်ပစ်ခတ်မှုမှာ မွန်းလွဲ ၃ နာရီ ခွဲကျော်မှစတင်ကာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး အပြန်အလှန်ပစ်ခတ် နေစဉ် BGF တပ်ဖွဲ့ရှိရာ ပျားပင်ရွာလမ်းမဘက်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် BGF တပ်ရင်း ၁၀၁၉ မှ တပ်သားတဦးနှင့် ဒေသခံရွာသားတဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု BGF ဘက်မှ ပြောဆိုသည်။
လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူ BGF တပ်သားတဦးနှင့် ဒေသခံရွာသားတဦးတို့ ကို မြဝတီမြို့ပြည်သူဆေးရုံသို့  တင်ပို့ ကုသခဲ့သော်လည်း ယင်းတပ်သားမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်သည့်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက် ဆေးရုံသို့ တင်ပို့ ကုသနေသည်ဟု BGF ဘက်က အတည်ပြုပြောသည်။
ထိုသို့ နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် DKBA တပ်ဖွဲ့ဝင်ဟောင်း ဗိုလ်နားမကြားနှင့်အဖွဲ့များ ဆုတ်ခွာ သွားပြီး ယင်းတပ်ဖွဲ့ဝင်များ ကျဆုံး၊ ဒဏ်ရာရမှု ရှိမရှိကို မသိရသေးသလို ဗမာအစိုးရ စစ်တပ်နှင့် BGF တပ်များက လိုက်လံ ရှင်းလင်းတိုက်ခိုက်နေကြောင်း သိရသည်။
ထိုသို့ ထိတွေ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းအပေါ် ယင်းဒေသရှိ အမည်မဖော်လိုသူတဦးက ” အခုလို ခဏခဏ ဖြစ်နေရင်တော့ ရွာပုန်းရွာရှောင်တွေ ဖြစ်ကုန်တော့မယ်။ အခု ရွာသစ်ကုန်းထိပ်မှာ တိုက်ပွဲဖြစ်ပြီးကတည်းက အစိုးရစစ်တပ်အာရှလမ်းစစ်ကြောင်းက ပေးမသွားတော့ဘူး။ ရွာသစ်ကုန်းရွာနဲ့ အန်ကလော်ရွာ အဝင်လမ်းကို ပိတ်ထားတော့ ကော့နွဲရွာ အနောက်ဘက်ကနေ ကုန်းလမ်း၊ ရေလမ်းနဲ့ ပတ်ပြီးသွားနေရတယ်။ လူမမာ၊ ကိုယ်ဝန်ဆောင် အားလုံးသွားလာရ ဒုက္ခရောက်နေတယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် အာရှလမ်းအနီးတစ်ဝိုက်တွင် မကြာခဏ ထိတွေပစ်ခတ်မှုများဖြစ်ပေါ်နေပြီး ဒေသခံများကို လူမှု အဖွဲ့အစည်းများထံ ဆက်သွယ်အကူအညီတောင်းခြင်း၊ သတင်းမီဒီယာများနှင့် ဆက်သွယ်ပြောဆိုခြင်း မပြုရန် အစိုးရစစ်တပ်မှ ခြိမ်းခြောက်ပြောဆိုမှုများရှိသလို ဒေသခံများလည်း ပစ်ခတ်မှုများကြောင်း အဖက်ဖက်မှ အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ကေအိုင်စီ
စားအုန်းဆီ ရောနှောထားသည့် မြေပဲဆီသန့် တံဆိပ် ၆ မျိုးနှင့် ပဲဆီအမည်ခံ စားအုန်းဆီ တံဆိပ် ၄ မျိုးအား ဥပဒေအရ အရေးယူမည်ဟု ကြေညာချက်ထုတ်ပြန်

ရန်ကုန်၊စက်တင်ဘာ၈ရက်(ဆင်ဟွာ)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြေပဲဆီသန့်ဟုဆိုကာ စားသုံးဆီ ရောနှောရောင်းချသည့် တံဆိပ် ၆မျိုးနှင့် မြေပဲဆီအမည်ခံ စားအုန်းဆီ တံဆိပ် ၄ မျိုးအား စားသုံးသူနစ်နာသည့်အတွက် ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ မှ ယနေ့ ကြေညာချက်ထုတ်ပြန်သည်။
မြေပဲဆီဟု ကြေညာထားသည့် စားသုံးဆီ အရော တံဆိပ် ၆ မျိုးမှာ ရွှေမိုး မြေပဲဆီ၊ Family မြေပဲဆီ၊ စံထိပ်တန်းမြေပဲဆီ၊ ရွှေစင်အာမခံ မြေပဲဆီစစ်စစ်၊ စိန်သရဖူ မြေပဲဆီသန့်၊ Golden Apple (Special Cooking Oil) ဆိုသည့် အမှတ်တံဆိပ် ၆ မျိုးဖြစ်သည်။
မြေပဲဆီဟုဆိုကာ စားအုန်းဆီများကို ရောင်းချသည့် အမှတ်တံဆိပ် ၄မျိုးမှာ တော်ဝင်နဒီ၊ Lucky မြေပဲဆီ၊ SS မြေပဲဆီ၊ Hi Plus မြေပဲဆီသန့် တံဆိပ်များ ဖြစ်ကြသည်။
အဆိုပါ အမှတ်တံဆိပ်များအား ဈေးကွက်တွင်းမှ နမူနာများရယူကာ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ ပေးပို့ဓာတ်ခွဲစမ်းသပ်ခဲ့ပြီး စားသုံးဆီအရော နှင့် စားအုန်းဆီများ ဖြစ်နေခြင်းအား တွေ့ရှိခဲ့ရကြောင်း၊ စားသုံးသူများ အနေဖြင့် အဘက်ဘက်မှ ထိခိုက်နစ်နာသည့် အပြင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပြဌာန်းချက်များအား ချိုးဖောက်နေခြင်းဖြစ်၍ ဥပဒေ နှင့်အညီိ ထိရောက်စွာ အရေးယူသွားမည်ဟု ကြေညာချက်ထဲတွင် ပါရှိသည်။
(Xinhua)
http://www.xinhuamyanmar.com
ဒေါ်အောင်ဆန်းစုကြည် ကို ကော်မရှင်မှာ တိုင်တန်း
ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်မတိုင်ခင် မဲဆွယ်စည်းရုံးတယ်ဆိုပြီး နေပြည်တော်ကနေ တသီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဒီနေ့ တိုင်ကြား လိုက်ပါတယ်။
အဲ့ဒီတိုင်ကြားမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်မှာဖြစ်တယ် လို့ နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင် ဦးမိုးဇော်က ပြော ပါတယ်။
"တိုင်ကြားစာ ရောက်နေတယ်ဆိုတာတော့ သိပါတယ်၊ ကျနော်တို့ဆီကို လိပ်မူပြီးတိုင်တာမဟုတ်ဘူး ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို လိပ်မူပြီးတိုင်တာပါ၊ တိုင်တဲ့အခါကျတော့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ဒီဟာကို ကျနော်တို့က စိစစ်ပါဆိုရင် ကွင်းဆင်းစစ်ဆေးရမှာပေါ့၊ နောက် သူတို့ဆီမှာပဲခေါ်ပြီး စစ်မယ်ဆိုလို့ရှိရင်လည်း သူတို့ဟာသူတို့စစ်မှာပေါ့၊ ကျနော်တို့ဆီက လောလောဆယ် လာမှလုပ်စရာမလိုဘူး"
အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်က ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်း ရပ်ကွက်မှာ 'ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ်ပြောင်းလဲဖို့ အန်အယ်လ်ဒီကို မဲပေးစို့' စာသားနဲ့ ဒေါ်အောင်ဆန်း စုကြည် ဓာတ်ပုံပါတဲ့ လက်ကမ်းကြော်ငြာတွေကို ဝေငှခဲ့တာကြောင့် တိုင်ကြားတာဖြစ်တယ်လို့ ဦးကျော်ဝင်းရဲ့ တိုင်ကြားစာမှာ ပါရှိပါတယ်။
ဦးကျော်ဝင်းဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ညွှန်ချုပ်ဟောင်းဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲ မှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ဝ မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားထားတာနဲ့ပတ်သက်ပြီး ဦးကျော်ဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခဲ့ခြင်းမရှိပါဘူး။
အဲ့ဒီလို တိုင်ကြားတဲ့ ဦးကျော်ဝင်းနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက ဒီနေ့ ကော်မရှင်ထံ ပြန်လည်တိုင်ကြားလိုက်ပါတယ်။
သူတို့နှစ်ဦးဟာ လာဘ်ပေးပြီး မဲဆွယ်စည်းရုံးတဲ့အတွက် တိုင်ကြားတာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဒေါ်သန်းသန်းစိုးက ပြောပါတယ်။
"ဦးမြင့်လှိုင်တို့ ဦးကျော်ဝင်းတို့ကနေပြီးတော့ မဲဆွယ်စည်းရုံးတဲ့အခါမှာ ပစ္စည်းကိုအသုံးပြုပြီးတော့ လာဘ်ပေးတဲ့သဘောနဲ့ မဲဆွယ်စည်းရုံးခဲ့လို့ ဥပဒေနဲ့မညီလို့ အဲ့ဒီအတွက်နဲ့ပတ်သက်ပြီးတော့ တိုင်စာလာပို့တာပါ၊ ပြီးရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုလည်း စာတိုက်ကနေ သွားပို့မှာပါ"
လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းဟာ ဒီလ ၄ ရက်နေ့က သူတို့ကို မဲပေးဖို့ ထီးတွေ၊ ယပ်တောင်တွေ၊ ကျောင်းသုံးပရိဘောဂတွေနဲ့ အဝတ်အစားတွေ ဝေခဲ့တာဖြစ်ပါတယ်။
RFA
ပြည်ခိုင်ဖြိုး အမတ်လောင်းကို NLD အမတ်လောင်းက အမှုဖွင့်
ဒက္ခိဏသီရိမြို့နယ်ကနေ ယှဉ်ပြိုင်မယ့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းကို တွေ့ရစဉ်
Photo: Win Ko KO Latt/ RFA
အမှုဖွင့်သူ ဒက္ခိဏသီရိမြို့နယ်ကနေ ယှဉ်ပြိုင်မယ့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်း က အမှုဖွင့်တဲ့အကြောင်း အခုလို ပြောပါ တယ်။
"အဲ့လိုပေးဝေတဲ့ ကိစ္စက ဦးကျော်ဝင်းရဲ့ဆောင်ရွက်မှုတွေက ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးမြင့်လှိုင်အတွက် ရွေးကောက်မှု ဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့်ရရှိစေရန်အလို့ငှာ ပစ္စည်းကိုအသုံးပြုပြီး လာဘ်ပေးခြင်း ကိုဆောင်ရွက်ခြင်းလို့ ယူဆတဲ့အတွက်ကြောင့် ကျနော်အမှုဖွင့် ရခြင်းဖြစ် ပါတယ်၊ ကျနော်ရဲ့ရွေးကောက်ပွဲကိုယ်စားလှယ်က တရားလိုဖြင့်တိုင်တန်းသွားမှာပါ"
အဲဒီအမှုကို စခန်းက လက်ခံထားပေမယ့် ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနဲ့ သက်ဆိုင်ရာ အထက်ဆင့်ကို ဆက်လက်တင်ပြထားတယ်လို့ စခန်းမှူး ဒုရဲမှူး ဦးစိုးဝင်းက အခုလို ပြောပါတယ်။
"လက်ရှိအခြေအနေအရ ကျနော်တို့က မြို့နယ်ကော်မရှင်ကိုတင်ထားတယ်၊ ကျနော်တို့က ဘယ်သူတိုင်တိုင် တိုင်တာကိုလက်ခံတယ်၊ ကျနော်တို့နဲ့ သက်ဆိုင်တဲ့ အဆင့်ဆင့်ကိုတင်ပြမယ်"
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်က လည်/ဆည် ညွန်ချုပ်(အငြိမ်းစား) ဦးကျော်ဝင်းဟာ ဒက္ခိသီရိမြို့နယ် ကျေး ရွာတွေက ဒေသခံတွေကို သူနဲ့ ဦးမြင့်လှိုင် ကို မဲပေးဖို့ ထီးတွေ၊ ယပ်တောင်တွေမှာ စာရေးပြီး ဝေခဲ့သလို ကျောင်း သုံးပရိဘောဂတွေ၊ ဆန်တွေ၊ ဆီတွေကို ပေးဝေခဲ့တာ ဖြစ်ပါတယ်။
ပေးဝေခဲ့တဲ့အစိမ်းရောင် ထီးတွေမှာ"တို့အတွက်အမှန်တကယ်အကျိုးပြုမယ့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို တို့အားလုံးထောက်ခံဆန္ဒမဲပေးကြပါစို့၊ ပြည်သူ့ထံမှ ပြည်သူ့ထံသို့ "ဆိုပြီး စာသားတွေ ပါဝင်ပါတယ်။
RFA
Failed Law လှုပ်ရှားမှုမှာ ပြည်သူတွေ ပါဝင်ဖို့ အကြံပြု
၈၈ မျိုးဆက်အဖွဲ့နဲ့ တကသ အဖွဲ့တွေ ပူးပေါင်းပြီး စက်တင်ဘာလ ၇
ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၈၈ ရုံးခန်းမှာ Failed Law
လှုပ်ရှားမှုစတင်စဉ်
Photo: RFA
မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုမရှိတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေရဲ့ Failed Law လှုပ်ရှားမှု မှာ ပြည်သူတွေလည်း ပါဝင်သင့်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ၈၈ ရုံးခန်းမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသ အဖွဲ့တွေ ပူးပေါင်းပြီး Failed Law လှုပ်ရှားမှု စတင်ရာမှာ ကိုမင်းကိုနိုင်က ပြောခဲ့တာဖြစ်ပါတယ်။
"ပြည်သူအများစုပေါ့ အားလုံးနီးပါးခံစားနေရတာ အဲတော့ အားလုံးပါဝင်သင့်တယ်၊ ပါဝင်သင့်တယ်လို့ဆိုတဲ့နေရာ မှာ ထင်ရှားတဲ့သူတွေလည်းပါဝင်သလို သာမာန်ပေါ့ ဒီဟာကိုခံစားနေရတဲ့သူတွေလည်း ပါဝင်သင့်တယ်၊ ဥပဒေပြုအာဏာဆိုတာ ဘယ်သူတွေကရရမှာလဲ၊ ပြည်သူလူထုရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက ဥပဒေ ကိုရေးဆွဲရမှာ ပြဌာန်းရမှာလေ၊ သူ့အနှစ်သာရကဘာလဲ လူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ဥပဒေ ထုတ်တာ၊ မတရားမှုတွေပယ်ဖျက်ဖို့ ဥပဒေထုတ်တာ၊ အဲ့လိုမဟုတ်ဘဲ လူတွေကို ဝန်ထုပ်ဝန်ပိုး နိုင်ငံသားတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အနိုင်ကျင့်မယ့်အရာတွေပဲ ထွက်လာတယ်ဆိုရင်တော့ ဒါအလုပ်မဖြစ်ဘူး"
လွှတ်တော်ထဲမှာ ဥပဒေပညာရှင်အနည်းငယ်သာ ပါဝင်ပြီး စီးပွားရေးသမားတွေ အများစု ပါဝင်နေတာကြောင့် ကိုယ်ကျိုးစီးပွားကိုပဲ ကာကွယ်နေကြပြီး သာမန်ပြည်သူတွေကို အကာအကွယ်မပေးနိုင်ဘူးလို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။
Failed Law လှုပ်ရှားမှုကို တကသအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အဲဒီလှုပ်ရှားမှုဟာ မတရားတဲ့ ဥပဒေတွေကြောင့် ဖမ်းဆီးထောင်ချခံထားရသူတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။
RFA
ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ရေ ဆက်လက်မြင့်တက်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများ ရေ၀င်ရောက်
ကနီ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင်၊ ကနီမြို့ မြို့ပေါ် ရပ်ကွက် နှစ်ရပ် ကွက်တွင် အနိပ်ပိုင်း နေရာများ၌ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြစ်ရေများ ၀င်ရောက်သဖြင့် စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ရေ၀င်ရောက်သည့် အိမ်ထောင်စု များအား အမှတ်(၁)အထကကျောင်း၊ သာသနာ့ ဗိမာန်နှင့် ဓါတ်ပေါင်းစုဘုရား ဓမ္မာရုံတို့၌ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပေး ထားကြောင်း သိရသည်။
ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်နှစ်ရပ် ကွက်၊ ကျေးရွာအုပ်စု ၂၀ အုပ်စုမှ ကျေးရွာစုစုပေါင်း ၆၅ ရွာရှိ အိမ်ထောင်စု
လေးထောင်ကျော် တို့မှာ ရေများဝင်ရောက်လျက် ရှိပြီး အခြေခံပညာကျောင်း (၁၆)ကျောင်း ယာယီ ပိတ်ထား ခဲ့ရသည်။
ယင်းရေ၀င်ရောက်သည့် ကျေးရွာများတွင် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ် သဘာဝဘေး အန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီများ ဖွဲ့စည်းပြီး သက်ဆိုင်ရာ ကျေးရွာ အုပ်စုအလိုက် တာဝန် ခွဲဝေကာဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
ကနီမြို့ အခြေစိုက် မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားရေးဦးစီးဌာန မြို့နယ် ဇလဗေဒ စခန်းမှ တရားဝင် ထုတ်ပြန်ချက်အရ ကနီမြို့၌ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၂၃၃ စင်တီမီတာဖြစ်ပြီး စက်တင် ဘာလ ၇ ရက်နေ့တွင် ၁၂၉၁ စင် တီမီတာ အထိရောက်ရှိနေကာ စိုးရိမ်ရေမှတ်အထက် ၅၈ စင်တီမီတာ (နှစ်ပေကျော်ခန့်)အထိ ရောက်ရှိနေကြောင်း သိရ သည်။
MOI Webportal Myanmar
Monday, September 7, 2015
တိုင်းရင်းသားဒေသတွေမှာ ပါတီကြီးတွေ ယှဉ်ပြိုင်မှုအပေါ် သဘောထားကွဲပြား
![]() |
၂၀၁၀ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားတွေ မဲပေးနေတဲ့မြင်ကွင်း။ |
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ဒေသတွေကို ခရီးစဉ်ထွက်ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခါတိုင်းမှာ အတိုက်အခံနိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီမိုကရက်တစ်အင်အားစု အများဆုံး လွှတ်တော်အသီးသီးမှာ အင်အားလိုတဲ့အတွက် တိုင်းရင်းဒေသတွေမှာပါ ပါဝင်ယှဉ်ပြိုင်ရတာဖြစ်တယ်ဆိုတာကိုရှင်းပြသလို တောင်တန်း၊ ပြည်မအခွင့်အရေး တန်းတူညီမျှ ဖြစ်စေရေး ဖက်ဒရယ်စနစ်နဲ့ပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ စည်းရုံးဟောပြောလေ့ရှိပါတယ်။
ဒါပေမဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းဒေသတွေမှာပါ NLD အပါအဝင် လက်ရှိအာဏာရပြည်ခိုင်ဖြိုးပါတီလိုပါတီကြီးတွေက လာရောက် ယှဉ်ပြိုင်တာဟာ ဒေသခံပါတီတွေရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်တာပဲဖြစ်တယ်လို့ တချို့တိုင်းရင်းသားတွေက ယူဆပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ( Kachin State Democracy Party (KSDP) ဒေါက်တာ တူးဂျာက -
“တိုင်းရင်းသားဒေသတွေမှာတော့ ဒေသခံပါတီတွေ ရှိပါတယ်။ အဲဒီတိုင်းရင်းသားဒေသခံပါတီတွေက အဓိကတာဝန်ယူသွားဖို့လိုအပ်တယ်။ အဲဒီလို-ပါတီကြီးတွေက တိုင်းရင်းသားဒေသတွေမှာ လွှမ်းမိုးလိုက်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားဒေသခံပါတီတွေရဲ့ အခန်းကဏ္ဍက တော်တော်လေးကို ကျဆင်းသွားတယ်။ …ဆိုတဲ့အခါကျတော့ နောင်အခါ ဖက်ဒရယ်နိုင်ငံ ထူထောင်လာတဲ့အခါကျလို့ရှိရင် ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ၊ ဘာတွေ ရရှိလာတဲ့အခါ တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍက တော်တော်လေးကို မှေးမှိန်သွားစရာတွေရှိတယ်။ ဒါကြောင့်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးလည်း ပီပြင်နိုင်မှာမဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဒေသခံပါတီတွေက အဓိက အခန်းကဏ္ဍကနေ လှုပ်ရှားသွားသင့်တယ်လို့ ကျနော် ယူဆပါတယ်။”
ဒါပေမဲ့လည်း နိုင်ငံရေးပါတီတွေအနေနဲ့ ဒီမိုကရေစီနည်းကျကျ အခွင့်အရေးရှိတဲ့အတွက် လွတ်လပ်စွာ ယှဉ်ပြိုင်အရွေးခံနိုင်သလို မဲဆန္ဒရှင်ဖြစ်တဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း သူတို့လိုလားတဲ့သူကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ယူဆသူလည်း ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် သီပေါမြို့နယ်ကနေ ဒုတိယအကြိမ် ပြန်ပြီးတော့ အရွေးခံမယ့် ကျားဖြူပါတီက လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (Shan Nationalities Democratic Party )ဦးရဲထွန်းက အခုလိုပြောပါတယ်။
“တိုင်းရင်းသားပါတီတွေကတော့ သူတို့ အဲလိုဝင်ပြိုင်တာကိုပဲ မကျေမနပ်ပြောနေကြတာ ကြားတယ်။ ဥပမာ- သွားမယ့်လမ်းကြောင်းကအတူတူပဲ၊ ဘာဖြစ်လို့ NLD က တိုင်းရင်းသားဒေသတွေမှာ ဝင်ပြိုင်တာလဲဆိုပြီးတော့ ဝေဖန်တာမျိုး ရှိတယ်လေ။ ကျနော့်တစ်ဦးချင်းအမြင်မှာကတော့ ဒါ သူ့မှာလည်း သူ့ပြိုင်ခွင့်ပဲ။ သူ့ရဲ့ Democratic Rights - သူကလည်းပြိုင်မယ်၊ ပြိုင်တဲ့အခါကျတော့ တိုင်းရင်းသားလူနည်းစုတွေကြားမှာ ဘယ်ပါတီက ကတိတည်သလဲ၊ ဘယ်ပါတီက လုပ်နိုင်သလဲ၊ ဘယ်ပါတီက ကိုယ့်ရဲ့သဘောထားထင်မြင်ချက်တွေ၊ ဆန္ဒတွေကို ထင်ဟပ်နိုင်သလဲဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့်မို့လို့ ဒီလို အငြင်းပွားနေတာထက် ရွေးကောက်ပွဲနဲ့အဆုံးအဖြတ်ခံတာပဲ အမှန်ဆုံးလို့ ယူဆပါတယ်။”
အခုလို အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ လာရောက်ယှဉ်ပြိုင်မှာကို ကန့်ကွက်သူတွေလည်း ရှိပါတယ်။ တကယ်ပဲ တိုင်းရင်းသားအရေးလိုလားတယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့အတိုက်အခံပါတီအနေနဲ့ မဟာမိတ်ဖွဲ့သင့်တယ်လို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကနေ ၂၀၁၅ အတွက် ပြန်အရွေးခံမယ့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက အကြံပြုပါတယ်။
“ဒီ စပ်ကူးမတ်ကူးကာလမျိုးမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ဦးတည်မယ့်အချိန်အခါမှာ ကျနော်တို့ဒီမိုကရေစီဘက်တော်သားအချင်းချင်း NLD ပါတီအနေနဲ့ တိုင်းရင်းသားတွေကို မဟာမိတ်ပြုသင့်တယ်လို့ ယူဆတယ်။ ကျနော်တို့ကလည်း အဲလိုပဲ မျှော်လင့်ခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောဖူးခဲ့ပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လက်တွဲပြီးတော့ လာမယ့် ၁၅ မှာ တစ်ယောက်ကိုတစ်ယောက် အထောက်အကူပြုနိုင်အောင်၊ောနက်ပြီးတော့ အနိုင်ရရှိတဲ့အခါမှာလည်း လွှတ်တော်ထဲမှာလည်း တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်အောင်၊ ပံ့ပိုးနိုင်အောင် ကျနော်တို့ လုပ်သင့်တယ်ဆိုပြီးတော့ ပြောပါတယ်။ ဘာပဲပြောပြောပေါ့-အခုအချိန်ကစပြီးတော့ ဒီပါတီတွေဟာ NLD ရဲ့ ဆက်ဆံမှုအပေါ်မှာ ကြည့်ပြီးတော့ သူတို့ပါတီနဲ့လက်တွဲပြီးတော့ လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့အင်အားဟာ ဘယ်သူ့အင်အားဖြစ်ရမှာလဲ။ အဲလောက်ကိုတောင်မှ ကျနော်တို့အပေါ်မှာ နားလည်မှုမပေးဘဲနဲ့ - ငါပါတီကြီးပဲ၊ တိုင်းရင်းသားဒေသတွေကို ငါလာတာဟာ တိုင်းရင်းသားတွေကို ကောင်းစေချင်လို့၊ ပိုချစ်လို့လာတယ်-ဆိုတဲ့သဘောမျိုး ပြောပြီးတော့ လုပ်နေရင်တော့ ဆိုးကျိုးတွေပဲရလာပြီးတော့ ရလဒ်ကောင်းတွေရလာမှာမဟုတ်ဘူးလို့ ကျနော်တို့က ယူဆပါတယ်ခင်ဗျ။”
တကယ်တော့ တိုင်းရင်းဒေသတွေက တိုင်းရင်းသားတွေရဲ့ အခက်အခဲ လိုအပ်ချက်ကိုဖြေရှင်းနိုင်တာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို တောင်းဆိုပေးနိုင်သူဟာ တိုင်းရင်းသားပါတီတွေပဲဖြစ်တယ်ဆိုတာကိုလည်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။
အတိုက်အခံပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသားတွေကို အခွင့်အရေးတန်းတူပေးနိုင်တဲ့ ဖက်ဒရယ်စနစ် တိုင်းပြည်မှာ တည်ထောင်နိုင်ဖို့ ကြိုးပမ်းနေတာသာဖြစ်တယ်ဆိုတာကို ဒေသခံတိုင်းရင်းသားတွေနဲ့တွေ့ဆုံချိန်တိုင်းမှာ အဓိက ဆွေးနွေးလေ့ရှိတာဖြစ်ပါတယ်။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
ထိုင်းနိုင်ငံတွင် ဥက္ကာပျံဟုယူဆရသော အပိုင်းအစ လောင်ကျွမ်းလွင့်ကျ (ရုပ်သံ)
ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၇ ရက် မနက် ၈ နာရီ မိနစ် ၄၀ အချိန်လောက်က ဥက္ကာပျံလို့ ယူဆရတဲ့ အပိုင်းအစတွေ လောင်ကျွမ်းလွှင့်ကျခဲ့ပါတယ်။
ကောင်းကင်ပေါ်က ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုနဲ့အတူ အလင်းတန်းကြီးတခု လွှင့်ကျလာတာကို ထိုင်းနိုင်ငံ အလယ်ပိုင်း ဘန်ကောက်ခရိုင် လတ်ဖရောက့်မြို့နယ်၊ နွန်ထပူရီခရိုင်၊ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရာ့ခ်ျဆီမားခရိုင် ဆုန်နိုင်းမြို့နယ် နဲ့ ခန်ထလေးမြို့နယ်၊ ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ကျနပူရီခရိုင် ဆီဆ၀ပ်မြို့နယ်၊ ထိုင်းနိုင်ငံ အရှေ့ပိုင်း ဆာကျောက်မြို့နယ် စတဲ့ဒေသက ပြည်သူတွေ တပြိုင်တည်းလိုတွေ့မြင်ခဲ့ကြတယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကန်ကျနပူရီခရိုင်နေ ပြည်သူတွေကတော့ ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားရပြီး တစ်ခုထက်မကတဲ့ အလင်းတန်းတွေ ဆီဆ၀ပ်မြို့နယ် တောအုပ်ထဲကို ကျသွားတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ အောက်ပိုင်း တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ မိုင် ၄၀ လောက်အကွာမှာ လည်း ပေါက်ကွဲသံနဲ့ မီးလောင်နေတဲ့ အရာတခု တောအုပ်ထဲကို ကျသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားနက္ခဗေဒဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆရန်းပိုဆယဂျင်းဒါးကို သနေရှင်းတီဗွီသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အဲဒီ အလင်းတန်းဟာ နေရာအသီးသီးကနေ တချိန်တည်းလို တွေ့မြင်ရတဲ့အတွက် ပေါက်ကွဲမှု တခုတည်းသာ ဖြစ်နိုင်ကြောင်း၊ ဒါဟာ အကာသမှာ ဖြစ်ပွါးလေ့ရှိတဲ့ ဥက္ကာပျံလွင့်ကျတဲ့ ဖြစ်စဉ်တွေဖြစ်ပြီး ထိုင်းနိုင်ငံမှာ ယခင်ကလည်း မကြာခဏ ဖြစ်ဖူးကြောင်း၊ ဥက္ကာပျံဟာ ကမ္ဘာမြေနဲ့ အင်မတန်အလှမ်းဝေးတဲ့ ကောင်းကင်မှာဘဲ ပေါက်ကွဲလွင့်စင်သွား တဲ့အတွက် လူသားတွေအတွက် စိုးရိမ်စရာမရှိဘူးလို့ ဖြေကြား သွားပါတယ်။
ဒီမနက် ကျလာတဲ့ ဥက္ကာပျံ အမြန်နှုန်းဟာ တစ်စက္ကန့်ကို မီတာ ၃၃၀ ရှိကာ အလေးချိန် ကီလိုဂရမ် တော်တော်များမယ်လို့ ဒေါက်တာဆရန်းပိုဆယဂျင်းဒါးက ခန့်မှန်းပြောဆိုပါတယ်။
လေယာဉ်ပျံ ဒါမှမဟုတ် ဂျက်လေယာဉ် ပျက်ကျတယ်လို့ ထင်မြင်ယူဆနေတဲ့ အပေါ်မှာတော့ ဘယ်ဒေသတွေမှာ လေယာဉ်ပျက်သလဲဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေ စစ်ဆေးမှ သိနိုင်မယ်လို့ ဆိုပါတယ်။
ကန်ကျနပူရီခရိုင် အုပ်ချုပ်ရေးမှူးကတော့ ဒေသခံတွေ တိုင်ကြားလာတဲ့ ပေါက်ကွဲမှုဖြစ်ရာ ဘက်ကို သွားရောက်စစ်ဆေးရာမှာ လေယာဉ်ပျက်ကျမှုတွေ မရှိဘူးလို့ သတင်းဌာနတွေကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၈၂၃ ခုနှစ်၊ ၁၉၈၁ ခုနှစ်၊ ၁၉၉၃ ခုနှစ် နဲ့ ၂၀၀၉ ခုနှစ်တွေမှာ စုစုပေါင်း ဥက္ကပျံ ၄ ကြိမ် ကြွေကျခဲ့ဖူးတယ်လို့ သနေရှင်းသတင်းက စုဆောင်းတင်ပြထားပါတယ်။
DVB
ထိုင်း - မြန်မာ နယ်စပ် တစ်လျှောက် ဥက္ကာခဲဟု ယူဆရသည့် အရာများ လောင်းကျွမ်း ကျလာ
ထိုင်နိုင်ငံသားတစ်ဦး ဖေ့စ်ဘုတ် ဗီဒီယိုဖိုင်မှပုံ |
Thai PBS သတင်းဌာန |
ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကေအင်န်ယူက လက်ခံရရှိသည့် ပုံ |
|Dawei
Watch| ထားဝယ်၊ စက်တင်ဘာ ၇
ထားဝယ်ခရိုင်
ခရိုင် နှင့် ကန်ချနဘူရီ ခရိုင် နယ်နမိတ် တစ်လျှောက်တွင် စက်တင်ဘာလ ၇ နံနက်ပိုင်းတွင်
ဂြိုလ်တု အပိုင်းအစ (သို့မဟုတ်) ဥက္ကာခဲများဟု ယူဆရသည့် အရာများ ကျလာသည်ဟု ကေအင်န်ယူ
တပ်မဟာ ၄ ဆက်ဆံရေးရုံးထံမှ သိရသည်။
ထားဝယ်ခရိုင်
မေတ္တာမြို့နယ်ခွဲအတွင်းရှိ ကေအင်န်ယူ ထိန်းချုပ်နယ်မြေဖြစ်သော ဗောဓိနယ်မြေနှင့် ငါးရံ့နီချောင်း၏
အရှေ့မြောက်ဘက်တွင် အဆိုပါ ဂြိုလ်တု အပိုင်းအစ (သို့မဟုတ်) ဥက္ကာခဲဟု ယူဆရသည့် အရာများ
ကျလာခြင်း ဖြစ်ကြောင်း ထိုင်းနယ်စပ်တွင် ရုံးစိုက်ထားသည့် တပ်မဟာ ၄ ဌာနချုပ်မှ ဖြေကြားချက်ကို
ကိုးကားပြီး အထက်ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုဝင်းခိုင်က ပြောသည်။
Thai PBS
၏ ထိုင်းဘာသာဖြင့် ထုတ်လွှင့်ချက်အရ အထက်ပါ ကေအင်န်ယူ ထိန်းချုပ်နယ်မြေအပြင် ကန်ချနဘူရီ
ခရိုင်ဘက်ခြမ်း ၂ နေရာတွင်လည်း အဆိုပါ အပိုင်းအစများ ကျလာပြီး ထိခိုက်ဒဏ်ရာရရှိသူများ
ရှိနိုင်သည်ဟု ယူဆကြ သော်လည်း စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းအထိ အသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်း
မရှိသေးပေ။
“နှစ်ဘက်
တပ်တွေ ထိပ်တိုက် တွေ့နိုင်တဲ့အတွက် လက်ရှိအချိန်မှာ ကေအင်န်ယူဘက်က မလှုပ်ရှားသေးဘူး။
မြန်မာ့ တပ်မတော်ဘက်ကတော့ အခင်းဖြစ်ပွားမှုကို အတည်ပြုနိုင်ဖို့ ရှင်းလင်းရေး စလုပ်နေပြီ”ဟု
ဖဒို ၀င်းခိုင်က ဆိုသည်။
ထိုင်းဘက်ခြမ်းမှ
တာဝန်ရှိသူများကလည်း အခင်းဖြစ်ပွားမှုနှင့် ပတ်သက်သည့် အကြောင်းအရင်း အခြေအနေ အသေးစိတ်ကို
သိရှိနိုင်ရန် စုံစမ်းလျက်ရှိကြောင်း Thai PBS က ထုတ်လွှင့်သည်ကို ထိုင်းဘာသာစကား တတ်ကျွမ်းသည့်
ထားဝယ်ဒေသခံတစ်ဦး ဘာသာပြန်ပေးချက်အရ သိရသည်။
Thai PBS
၏ ထုတ်လွှင့်ချက်အရ ယင်းနေ့ နံနက် စောစောပိုင်းတွင် အလင်းတန်းတစ်ခုယူဆရသည့် အရာများ
ကျလာပြီး၊ ယင်းနောက်ပိုင်းတွင် သတ္တုအပိုင်းအစများ လောင်ကျွမ်းကျလာသည်ဟု ယူဆရသည့် အရာများ
ဆက်တိုက်ကျလာသည်ဟု ယင်းဒေသရှိ ဒေသခံများ၏ ဖြေကြားချက်ကို ကိုးကားပြီး ထုတ်လွှင့်သည်။
ယင်းသို့
ကျသည့် ကြာချိန် နာရီ ၀က်ခန့်ရှိသည်ဟု အထက်ပါ သတင်းဌာနက ထုတ်လွှင့်သည်။
ပြီးခဲ့သည့်
စက်တင်ဘာလ ၆ ရက်နေ့က ယင်းဒေသတစ်ဝိုက်တွင် မောင်းသူမဲ့ လေယာဉ် တစ်စင်း ဖြတ်သန်းသွားသည်ကို
ယင်းနယ်စပ်ရှိ ထိုင်းတပ်မတော်၏ ရေဒါမှတဆင့် တွေ့လိုက်သည်ဟု Thai PBS က ထုတ်လွှင့်သည်။
ပအောက် တောင်ခြေဘက်ကို
မီးခိုးတန်းကြီးတစ်ခု ထိုးဆင်းသွားတာကို တွေ့လိုက်ရပြီး ပေါက်ကွဲသံများကိုလည်း ကြားရ
သည်ဟု မေတ္တာမြို့နယ်အတွင်းရှိ ဒေသခံ တချို့က ပြောသည်။
ဒေသခံများက
လေယာဉ်ပျက်ကျသည်ဟု ထင်ကြေးပေးနေကြသော်လည်း ကေအင်န်ယူ တပ်မဟာ ၄ မှ အရာရှိ တစ်ဦးကမူ
လေယာဉ်ပျက်ကျခြင်းမဟုတ်ဟု ထိုင်းနိုင်ငံဘက်ခြမ်းမှ ရဲတပ်ဖွဲ့မှ ထုတ်ပြသည့် သတင်းကို
ကိုးကားပြီး အတည်ပြုပြောသည်။
Dawei
Watch
Sunday, September 6, 2015
မြင်းနှစ်ကောင် ကသော ရထားနှင့် တစ်ဖတ်သတ်အချစ် - ဗမောင်း
ဘယ်လိုတိုင်းပြည်ကြီး ဆောက်ကြ မလဲ အိပ်မက်မက်ဖို့ ဗမောင်းတစ်ခါ တင်ပြဖူးပါတယ်။ အဲဒီ အိပ်မက်တိုင်း ပြည်ကြီး အကြောင်း စဉ်းစားမိတိုင်း ဘယ်လိုတိုင်းပြည်ကို၊ ဘယ်သူတွေက၊ ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ လူများ၊ မူများ၊ လုပ်ငန်းစဉ်များ အကြောင်းခေါင်းစားမိတယ်။
ဒီလိုနဲ့ အခုဟာကြီးက တစ်ဖက် သတ်အချစ်ကြီးများ ဖြစ်နေမလား စဉ်းစားမိတယ်။
ဖြစ်ပုံက ဒီလို။
(၁)
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ပူးတွဲ လုပ်ဆောင်မယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့ အစည်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဩဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အကွဲ အလွဲ ဇာတ်လမ်း တွေပြီးတဲ့နောက် အဲဒီနှစ်ဖွဲ့ ပေါင်းပြီး ပထမဆုံး ထုတ်ပြန်လိုက်တာ ပါ။
ပူးတွဲလုပ်ဖို့ အခြားအချက်တွေ ပါသေးပေမယ့် ထုတ်ပြန်ချက်မှာ ဗမောင်းမျက်စိကျမိတာကတော့ ” ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး” ဆိုတဲ့ အသုံးအနှုန်း စကားရပ်ပါ။
အဲဒီ စကားရပ်ကို နှစ်ပိုင်းခွဲမြင် မိပါတယ်။ နံပါတ်တစ် က ဒီမိုက ရေစီ၊ နံပါတ်နှစ်က ဖက်ဒရယ်ပြည်ထောင်စု ပေါ့။
ထုတ်ပြန်ချက်အရ အဲဒီစနစ်နှစ်ခု ကို ဟန်ချက်ညီညီ ပေါင်းစည်းထားတဲ့ ပြည်မြန်မာပေါ်ထွန်းလာရေး လို့မြင် ပါတယ်။
အခုအချိန်မှာလည်း သက်ဆိုင်ရာ နိုင်ငံရေးအုပ်စုတွေကို ကြည့်လိုက်တဲ့ အခါမှာ အချို့အုပ်စုတွေက ဒီမိုကရေစီ ရရှိရေးလို့ ဦးတည်ကြွေးကြော်လုပ် ဆောင်ကြတယ်။ တိုင်းရင်းသား အုပ်စု တွေ့ကြတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ရရှိရေးလို့ အသံထွက် အလုပ်လုပ်ကြတယ်။ အဲဒီ နှစ်ခု ဘာလို့များ အတူတွဲ လုပ်လို့ မရ တာလဲ အတွေးပွားမိတယ်။
2horse-love
ပြီးခဲ့တဲ့ တစ်လကျော်လောက် ကပေါ့လေ။ ပါတီကြီးတွေအနေနဲ့ တိုင်းရင်းသား မဲဆန္ဒနယ်တွေမှာ တိုင်း ရင်းသားပါတီတွေနဲ့ ညှိပြီးပြိုင် ကြမလား ဆိုပြီး မျှော်တလင့်လင့် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပုံလာလာ ပြောတိုင်းယုံသာ လုပ်သွားပြီးဘာမှ အကောင်အထည် ဖော်လာတာမျိုး မရှိခဲ့ပါ။
တကယ်တော့ ၁၉၄၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖဆပလ ခေါင်းဆောင် ဦးအောင်ဆန်း (အဲဒီအချိန် ဗိုလ်ချုပ် အောင်ဆန်းဟာ တပ်ကထွက်လိုက် ပြီဖြစ်ပြီး နိုင်ငံရေးသမားဖြစ်သွားပြီ မို့လို့ ဦးအောင်ဆန်းလို့ သုံးနှုန်းရခြင်း ဖြစ်ပါ တယ်) နဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေ အတူတကွ လွတ်လပ်ရေးယူဖို့ ညှိခဲ့တုန်းက အဓိကပန်းတိုင်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးပါ။
တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နဲ့ နိုင်ငံအတွင်း တန်းတူညီမျှ နေထိုင် နိုင်ရေးပါ။
နောက်ဆုံး စစ်အာဏာ အသိမ်းခံ လိုက်ရ၊ တိုင်းပြည်လည်း ဆိုရှယ်လစ် ဇာတ်အသွင်းခံလိုက်ရ၊ အဲဒီနောက် နိုင်ငံရေးလမ်းကြောင်း အရ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အိပ် မက်လည်း ပျက်သွားရပါတော့တယ်။ ဒါနဲ့ပဲ လက်နက်ကိုင်တော်လှန်းရေး လမ်းစဉ်သည်သာ တစ်ခုတည်းသော လုပ်နည်းလုပ်ဟန် ဖြစ်လာပါတော့တယ်။ ဒါကတော့ သမိုင်းပေါ့လေ။ အခုတော့ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း နိုင်ငံရေးလမ်းကြောင်း ပြန်ပေါ်လာတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ အပစ်ရပ်ရေးညှိတယ်။ အခြား တဖက်မှာလည်း ပြည်သူ့တွေ ကိုင်စိုးတဲ့ အုပ်ချုပ်ရေး စနစ်ဖြစ်ဖို့ ဒီမိုကရေစီ အရေးကို နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ စသည်ဖြင့် လုပ်ကြ ကိုင်ကြတယ်။
တစ်ဖက်က ဒီမိုကရေစီ အရေး အားတိုက်အင်တိုက် လုပ်နေချိန်မှာ အခြားတစ်ဖက်က တိုင်းရင်းသား အရေး ကတော့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ ဆက်တိုက်လုပ်တာက လွဲပြီး သိပ်အား မပါလှပါ။ (ဒါကပဲ အားလုံးအတွက် မာစတာကီး ဖြစ်နေလို့လားမသိပေါ့လေ)
အစိုးရတစ်ခုတည်းလား။ မဟုတ် ပါ။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ပြိုင်ကြမည့် ပါတီကြီးများတွင်လည်း တိုင်းရင်းသားများနှင့် စေ့စပ်ညှိနှိုင်း ရွေးကောက်ပွဲဝင်ခြင်း သဘောမျိုး မတွေ့ လှပါ။
အဲဒီပါတီကြီးတွေက သူတို့ ပါတီ ထဲမှာ တိုင်းရင်းသား တွေရှိ ပါကြောင်း အကြောင်းပြကြတာကို ကြားရပါတယ်။ အဲဒီအတိုင်းသာ ဆိုရင်တော့ အဲဒီ ပါတီခေါင်းဆောင်တွေက လူအများစု အားကိုးနဲ့ တိုင်းရင်းသားတွေကို အိတ်ထဲထည့်ထား၊ ထိန်းချုပ်ချင် ကြဆဲ ဆိုတာကို ဝမ်းနည်းဖွယ် တွေ့ရမှာပါ။
ဩဂုတ်လ ၂၅ ရက်နေ့ထုတ် 7 Day သတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်းရဲ့ ” တောင်ပြို ကမ်းပြို အစိုးရဖွဲ့နိုင်ရေး နှင့် နိုင်ငံရေး ရှေ့ခရီး” ဆောင်းပါးပါ အပိုဒ်တစ်ပိုဒ်ကို ကောက်နှုတ်ပါရစေ။
” ပါတီကြီးများ၏ တိုင်းရင်းသား ကိုယ်စားလှယ်များထက် တိုင်းရင်းသား ပါတီကိုယ်စားလှယ်များ အနိုင်ရရေးကို မြေတောင် မြှောက်ပေးနိုင်သည့် နိုင်ငံ ရေးအရ အမြင်ကျယ်မှုနှင့် သဘောထား ကြီးမှုတို့သည် လစ်ဟာနေဆဲဖြစ်သည်။ မိတ်ဆွေတိုင်းရင်းသား ပါတီများနှင့် နိုင်ငံရေးအရ မဟာမိတ်ပြုလျက် လွှတ်တော်တွင်း နိုင်ငံရေးကို ဟန်ချက် ညီညီ စည်းဝါးကိုက်ဖော်ဆောင်နိုင်ခြင်း မရှိသရွေ့ ပြည်သူကို မျက်နှာမူသော နိုင်ငံရေးသည် ဝေးသထက် ဝေးနေဦး မည်ဖြစ်သည်”
ဒီမိုကရေစီ အင်အားစုတွေရဲ့ အလွဲ အကွဲ ဇာတ်လမ်းတွေအကြောင်း ဝေဖန် ရင်း နောက်ပိုင်းပိုထင်ရှားလာတဲ့ ဒေါက်တာ ရန်မျိုးသိမ်းရဲ့ ဆိုလိုရင်းကို ဗမောင်းနည်းနည်း ခေါင်းစားမိတယ်။
” ပါတီကြီးများ၏ တိုင်းရင်းသား ကိုယ်စားလှယ်များထက် တိုင်းရင်းသား ပါတီကိုယ်စားလှယ်များ အနိုင်ရရေးကို မြေတောင်မြှောက်ပေးနိုင်သည့် နိုင်ငံရေး အရ အမြင်ကျယ်မှုနှင့် သဘောထား ကြီးမှု ” ဆိုတဲ့ ကိစ္စကို ခေါင်းခြောက်ခံ ကြည့်တဲ့အခါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တော် တော်လေး ရင်မောသွားရပါတော့တယ်။
ဥာဏ်မှီသလောက် ဘာသာပြန် ကြည့်လိုက်တော့ (တည့်တည့်ပြောရရင် ဗမာကြီးစိုးသော) ပါတီကြီးတွေက ” သူတို့တို့လိုချင်တဲ့ ဖက်ဒရယ်ပုံစံ” ကိုပဲ သူတို့ အိတ်ထဲမှ တိုင်းရင်းသား နိုင်ငံရေး သမားတွေ သုံးပြီး တိုင်းပြည်တည် ဆောက်လိုပုံရတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် အတွက် လုပ်နေတဲ့ တိုင်းရင်းသား ပါတီ တွေလိုချင်တဲ့ ဖက်ဒရယ် ပုံစံကို တူတူ တည်ဆောက်ရအောင် ဆိုတာမျိုးရှိပုံ မရဘူးလို့ ခံစားမိတယ်။
(၂)
တစ်ခု ငြင်းချက်ထုတ်နိုင်တာက ဒီမိုကရေစီ (ဒီမိုကရေစီဆိုတာမှာလည်း ဘယ်လိုမျိုး ဒီမိုကရေစီဆိုတာ ရှိသေး၊ ထားတော့) ရရင် တိုင်းရင်းသားတွေပါ အိုကေစိုပြေပြီ မဟုတ်လားပေါ့။
” ဟုတ်ပါတယ်။ ဒါပေမဲ့လည်း မဟုတ်ပါဘူး။ ”
အားလုံးသိတော်မူကြတဲ့ အတိုင်း ဒီမိုကရေစီဆိုတာ မဲအများစုရတဲ့ သူက အုပ်စိုးတာပါ။ ဒီတော့ လူအများစုမဲနဲ့ လူနည်းစု တိုင်းရင်းသားတွေကို အနိုင် ကျင့်တာမျိုး မဖြစ်ဖို့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့စနစ် ကို ထူထောင် လိုရင်းပါ။ (ဥပမာ တွေရှိ ပါသော်ငြား စာရှည်မှာစိုးလို့ မပြော တော့ပါ)
တကယ်တော့ တိုင်းရင်းသား ပါတီတွေက ပါတီကြီးတွေအတွက် ပြိုင် ဘက်တွေ မဟုတ်ပါဘူး။ သမ္မတ ဖြစ်ချင်သူတွေလည်း မဟုတ်ဘူး။ ကိုယ့်နယ်၊ ကိုယ့်လူမျိုး အမှတ်သင်္ကေတ စရိုက်လက္ခဏာတွေ ဖော်ထုတ်ထိန်း သိမ်းမယ်။ ကိုယ့်နယ်၊ ကိုယ့်လူမျိုး နေထိုင်ရာ ဒေသလေးက ၀ပြောစည်ပင်ဖို့ လုပ်မယ်၊ လေသန့်သန့်၊ ရေသန့် သန့်လေး ရဖို့ လုပ်မယ်။ ဘုရားတောင် ပေါ်မှာ တိုင်းတပါးက နတ်ကွန်း လာတည်တာကို ကာကွယ်မယ်။ ကိုယ့် အကြောင်းကို နားလည်တဲ့၊ ရင်ဘတ် ချင်းနီးတဲ့ ကိုယ့်အစိုးရ သေးသေးလေးကို ကိုယ့်နယ်အတွက် အုပ်ချုပ်ဖို့ ရွေးချယ် တင်မြှောက်မယ်။ ဒီလောက်ပါပဲ။
ဒီတော့ ဒီမိုကရေစီ စနစ်လည်း ခိုင်မာဖို့ လိုသလို၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်သည် လည်း တပြိုင်တည်း တွဲပါလာရမှာပါ။
ဒါမှ ” ဒီမိုကရေစီ” ဆိုတဲ့ မြင်းနဲ့ “ဖက်ဒရယ်ပြည်ထောင်စု” ဆိုတဲ့ မြင်း နှစ်ကောင် တူတူကတဲ့ မြန်မာပြည် ရထားကြီးက လှပခန့်ညား ဟန်ချက် ညီမှာပါ။
အခုတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီတွေ ခမျှာ မျှော်တလင့်လင်နဲ့၊ ညှိဖို့ လက်ကမ်းလေမလား၊ စကားများ အတူတူ ပြောကြမလား။ တိုင်းပြည်ကို ရှေ့ဆက်ဘယ်လိုတူတူ တည်ဆောက်ကြမလား လက်ဖက်ရည်ဝိုင်းလေးတည်ကြမလား . . . ။ မလား . .။ မလားနဲ့ပေါ့။
တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ပါတီတွေဘက်က လေသံပစ် လက်ကမ်း ဖူးတာတွေလည်း ကြားရပါတယ်။ ဒါပေမဲ့ ဖြစ်လာတာ မျိုးမတွေ့ရ။ အားလုံးသိတဲ့အတိုင်းပဲလေ ဖြစ်နေ ပျက်နေလိုက် ကြတာများ။
ချစ်ရေးဆိုကြည့်တယ်၊ အချစ်ကိုရဖို့လည်း ကြိုးစားတယ်။ သို့ ပေသိ နေနိုင်ရက်ပါ့ပေါ့လေ။
ဗမောင်းတို့ တိုင်းထဲမှာတော့ ထားဝယ်၊ မွန်၊ ကရင်ပါတီတွေ အချင်းချင်း နိုင်သလောက် ညှိပြီး ပြိုင်ကြတယ်လို့ သတင်းတွေမှာ ဖတ်ရ၊ သိရတယ်။ တိုင်းရင်းသားပါတီတစ်ခုဆို ဒီမိုကရက်တစ် အင်အားစုတွေနဲ့ မဲကွဲမှာစိုးလို့အချို့ အမျိုးသားလွှတ်တော်နဲ့ပြည်သူ့ လွှတ်တော်နေရာတွေ မပြိုင်တော့တဲ့။
ဒီအတိုင်းသာမှန်ရင် ဒါကြီးလည်း တစ်ဖက်သတ် အချစ်ကြီး ဖြစ်နေပါလားလို့ တွေးမိရင်မောရတယ်။ ချစ်ဖူးသူတိုင်း သိကြပါ တယ်။ တစ်ဖက်သတ် အချစ်ဆိုတာ ဘယ်လိုမျိုးကြီးလဲလို့။
ရေးရင်းရေးရင်း ရင်မောလာ သလိုလို၊ ရင်တုန်လာသလိုလို။
ဗမောင်း
ဩဂုတ်လ ၂၇ ရက်
http://www.daweiwatch.com/2015/09/02/opinion/thoughts-opinion/2694 မှကူးယူဖော်ပြသည်။
မော်လိုက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲခန့်အထိ ကျော်လွန်
ဓာတ်ပုံ – ထွန်းထွန်းလှိုင်
မိုးလေ၀သဌာနရဲ့ ဒီနေ့မွန်းလွဲပိုင်းထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ မြို့အတော်များများဟာ အဲ့ဒီမြို့တို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေကြပြီး မော်လိုက်မြို့မှာတော့ စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲခန့်အထိ ကျော်လွန်ရောက်ရှိနေပါတယ်။
မိုးလေ၀သဌာနရဲ့ ဒီနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့မှာ ၅ ပေခန့်၊ ဖောင်းပြင်မြို့မှာ ၆ ပေခွဲခန့်၊ မော်လိုက်မြို့မှာ ၉ ပေခွဲခန့်၊ ကလေးဝမြို့မှာ ၆ ပေခွဲခန့်၊ မင်းကင်းမြို့မှာ ၅ ပေခန့်နှင့် မုံရွာမြို့မှာ ၁ ပေခွဲခန့် အဲ့ဒီမြို့တို့ရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်ကို ကျော်လွန်နေပါတယ်။
ချင်းတွင်းမြစ်ရိုးတလျှောက် ကမ်းနားပိုင်းနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ သတိပြု ရှောင်ရှားကြဖို့လည်း မိုးလေ၀သဌာနက သတိပေးထားပါတယ်။
မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲခန့်အထိ ရောက်ရှိရေကြီးနေတဲ့ မော်လိုက်မြို့ခံတဦးက မြို့ပေါ်ရပ်ကွက် ၁၂ ခုအနက် ရပ်ကွက် ၈ ခု ရေကြီးနေပြီး ရပ်ကွက် ၄ ခုမှာ အမြင့်ပေ ၁၂ ပေခန့်ထိ ရေမြုပ်နေတယ်လို့ ပြောပါတယ်။
“မြို့ရဲ့ ၃ ပုံပုံ ၂ ပုံလောက် မြုပ်နေတယ်၊ မြုပ်နေတဲ့ ရပ်ကွက်တွေက ညောင်ပင်သာ၊ တံတားဦး၊ ကျောင်းမြောက်၊ ကျောင်းတောင်၊ အောင်မင်္ဂလာ၊ စွယ်တော်၊ သရက်ကုန်း၊ အောင်ဇေယျာ၊ ဆိုးတာကတော့ ကျောင်းမြောက်၊ ကျောင်းတောင်၊ တံတားဦး၊ ညောင်ပင်သာ အဲ့ရပ်ကွက်တွေ ဆိုးတယ်၊ ဗိုလ်ချုပ်လမ်းဆို ၁၀ ပေ၊ တချို့နေရာတွေဆို ၁၂ ပေလောက်ထိ မြုပ်နေတယ်။”
လူအသေအပျောက် မရှိပေမယ့် ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတော့ ရှိတယ်လို့ ဆိုပါတယ်။
မြို့ပေါ် အမြင့်ပိုင်းရပ်ကွက်တွေမှာရှိတဲ့ အမက ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်တွေမှာ အိမ်ထောင်စု ၅၀၀ ကျော် ပြောင်းရွှေ့နေထိုင်ကြရပြီး သက်ဆိုင်ရာက ဆန်နဲ့ ရေသန့် လိုက်ဝေနေတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း မော်လိုက်မြို့မှာ ၅ နှစ်တကြိမ် ၇ နှစ်တကြိမ်လောက် အခုလိုမျိုး ဆိုးဆိုးဝါးဝါး ရေကြီးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးလေ၀သဌာနကတော့ နောက် ၁ ရက်အတွင်း မော်လိုက်မြို့မှာ ပေ၀က်ခန့်၊ နောက် ၂ ရက်အတွင်း ကလေးဝမြို့နဲ့ မင်းကင်းမြို့တို့မှာ ၁ ပေခွဲခန့်စီ၊ မုံရွာမြို့မှာ ၂ ပေခန့် ဆက်လက်တက်လာနိုင်ပြီး အဲ့ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ သတင်းထုတ်ထားပါတယ်။
DVB
လွှတ်တော်အတွင်းမှ ဘိန်းရာဇာများ
မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးကတည်းက ဆောင်ရွက်နေခဲ့သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများမှ အောင်မြင်မှုမရှိကြောင်း အမေရိကန်လွှတ်တော်အမတ် ပတ်မီဟန်၏ စာမျက်နှာ ၃၀ ပါစာတမ်းကို နေပြည်တော်ရှိ မြန်မာခေါင်းဆောင်များ အထူးသဖြင့် စစ်ဗိုလ်ချုပ်ကြီးများက နှစ်ခြိုက်မည်မဟုတ်ပေ။
သို့သော် ထိုသို့သတ်မှတ်မှုကို ၂၀၁၉ တွင် နောက်ထပ် ၅ နှစ် ထပ်မံသက်တမ်းတိုးမည်ကို မလိုလားပါက မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် ပတ်မီဟန်၏ စာတမ်းကို ဂရုတစိုက်ဖတ်ရှုသင့်သည်။
စာတမ်းပြုစုသူ၏ အဆိုအရ မြန်မာ့တပ်မတော်၏ မိမိကိုယ်ကိုယ် ပေးအပ်ထားသော ပဓာနတာဝန်မှာ နိုင်ငံ၏ ဝေးလံခေါင်သီသော ဒေသများတွင် တစ်လက်မ မကျန် ထိန်းချုပ်နိုင်ရေး ဖြစ်ပြီး အထူးသဖြင့် ရှမ်းပြည်နယ်အတွက် ရည်ရွယ်သည်ဟု ဆိုသည်။ တပ်မတော်အခြေစိုက်စခန်းများ၏ ၄ ပုံ ၁ ပုံကျော်ကို ရှမ်းပြည်နယ်တွင် ချထားပြီး ရှမ်းပြည်တောင်ပိုင်းဒေသတွင် လှုပ်ရှားနေသည့် ခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်း ၈၉ ခုရှိသည်။ ကိုလိုနီခေတ်က ထိုဒေသတွင် တပ်ရင်းတစ်ခုသာ ရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
၁၉၈၈ တွင် သွေးထွက်သံယို အာဏာသိမ်းမှုအပြီး စစ်အင်အား တိုးချဲ့ခဲ့ပြီးနောက်တွင် ဗဟိုချုပ်ကိုင်မှုအချို့ လျှော့ချကာ ဒေသခံတပ်မှူးများ လက်တွင်းသို့ လုပ်ပိုင်ခွင့်များ ထည့်သွင်းပေးခဲ့သည်။ ထို့ကြောင့် ဒေသခံတပ်မှူးများမှာ စီးပွားရေး လုပ်ငန်း အများအပြားတွင် ပါဝင်လုပ်ကိုင်ခွင့် လမ်းပွင့်သွားခဲ့သည်။
အဆိုပါ လုပ်ငန်းများတွင် အကျိုး အမြတ်အများဆုံး ၀င်ငွေလမ်းတစ်ခုအဖြစ် ဘိန်းလုပ်ငန်းပါဝင်နေခြင်းမှာ ငြင်းပယ်၍မရနိုင်ပေ။ “ ဒေသအချို့တွင် စစ်တပ်က ဘိန်းစိုက်သူများထံမှ တိုက်ရိုက်အခွန်ကောက်ခံပြီး မပေးပါက ဘိန်းခင်းများ ဖျက်စီးမည်ဟု ခြိမ်းခြောက်လေ့ရှိသည်။ ထိုသို့ကောက်ခံခြင်းမှာ ၁၉၉၆ ပြည့်လွန်နှစ်များတွင် ပုံမှန်ဖြစ်ခဲ့ပြီး တစ်ခါတရံ အခွန်ကို ငွေကြေးအစား ဘိန်းဖြင့်ပေးချေခဲ့ကြသည်။ ပိုမိုအသုံးများသည့် ပုံစံမှာ ဘိန်းခင်းများမှ အခွန်ကောက်ရန် ကျေးရွာလူကြီးများမှ တစ်ဆင့် ခိုင်းစေခြင်းဖြစ်သည်။ သတ်မှတ်ထားသည့် ပမာဏရရှိရန် ကျေးရွာလူကြီးများက ဘိန်းခင်းများမှ ကောက်ယူ၍ ဒေသခံစစ်စခန်းများထံ ပေးသွင်းရခြင်းဖြစ်သည်” ဟု စာတမ်းတွင် ဖော်ပြထားသည်။
အခြားထင်ရှားသည့် လှုပ်ရှားမှုတစ်ခုမှာ ဒေသခံပြည်သူ့စစ်အဖွဲ့အစည်းများအား မူးယစ်ဆေးလုပ်ငန်းတွင် ပါဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အစိုးရကို ဆန့်ကျင်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ကူညီတိုက်ခိုက်ပေးခြင်း၊ ၎င်းတို့ ထိန်းချုပ်ထားသောနယ်မြေကို အသုံးပြုခွင့်ပေးခြင်းနှင့် ဒေသတည်ငြိမ်ရေး တို့အတွက် ပြည်သူ့စစ်များကို ထိုသို့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ခွင့်ပြုခြင်းဖြင့် စစ်တပ်အနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းတွင် တိုက်ရိုက်ပတ်သက်စရာမလိုဘဲ ပြည်သူစစ်များမှ တစ်ဆင့် အကျိုးအမြတ်ရနိုင်ပြီး မူးယစ်လုပ်ငန်းနှင့် စစ်တပ်ကြားတွင် ကြားခံလွှာတစ်ခု ခြားထားနိုင်ခဲ့သည်။
ထိုမဟာဗျူဟာများအရ တစ်ဆင့်ခံ ပြည်သူ့စစ်များ တည်ထောင်ချဲ့ထွင်ခြင်းဖြင့် ဝေးလံခေါင်သီသည့် ဒေသများသို့ အာဏာဖြန့်ကျက်နိုင်ခဲ့ပြီး ထိုဒေသများရှိ လူထုနှင့် သယံဇာတများအပေါ် တပ်မတော်က ပိုမိုထိန်းချုပ်နိုင်ခဲ့သည်။ ယခင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ခဲ့ရာ ဒေသများကို ဖြတ်ကျော်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန်မှာ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုခန့်က မဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။ ယနေ့အချိန်တွင်မူ ထိုဒေသများကို အစိုးရက ခိုင်ခိုင်မာမာထိန်းချုပ်နိုင်ပြီဖြစ်သည်ဟု အဆိုပါ စာတမ်းက ဖော်ပြထားသည်။
ကိုယ်တိုင်ငွေကြေးရှာဖွေအသုံးပြုရသည့် ထိုပြည်သူ့စစ်ခေါင်းဆောင်များမှာ “တိုင်းရင်းသားခေါင်းဆောင်များ” အဖြစ် သတ်မှတ်ခံရပြီး အစိုးရနှင့် မဟာမိတ်ဖြစ်မှု ခိုင်မြဲနေသရွေ့ မူးယစ်ဆေးလုပ်ငန်းများ အဆင့်ဆင့်တွင် ပါဝင်ပတ်သက်မှုမှာ ပိုမိုကျယ်ပြန့်လာသည်။ အဆိုပါ ”တိုင်းရင်းသားခေါင်းဆောင်” များမှ အများစုမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ခဲ့ပြီး ရွေးချယ်ခံအမတ်များအဖြစ် လွှတ်တော်သို့ တက်ရောက်လျက်ရှိသည်။
သို့သော် ထိုသို့ “ ညှိနှိုင်းတည်ဆောက်ထားသည့် ပုံစံမှာ တည်ငြိမ်မှုမရှိနိုင်ကြောင်း အကြောင်းပြချက်များစွာ ရှိနေသည်ဟု စာတမ်းတွင် ဖော်ပြ ထားသည်။ ပထမအချက်မှာ ထိုသို့ပြုလုပ်ခြင်းက ပြဿနာကို ဖြေရှင်းရန်ထက် စီမံခန့်ခွဲရန်သာ အသုံးဝင်သည်။ မြန်မာနိုင်ငံတွင် ဗမာ မဟုတ်သည့် တိုင်းရင်းသားများကြား အာဏာခွဲဝေရေးပြဿနာနှင့် မူးယစ်ဆေးပြဿနာများမှာ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
ဒုတိယ အကြောင်းရင်းမှာ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား မဟာမိတ်ဖြစ်မှုမှာ အားအနည်းဆုံးနှင့် တည်ငြိမ်မှုမရှိဆုံးအချိန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ကိုးကန့်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှာ စစ်တပ်ထိန်းချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ၂၀၀၉ တွင် ငြင်းဆန်ခဲ့သဖြင့် နှစ် ၂၀ ကြာ မဟာမိတ်ဖြစ်မှု ကျိုးပျက်သွားခဲ့ခြင်းက ထိုအချက်ကို ပြသနေသည့် အချက်တစ်ခုဖြစ်သည်။
တတိယအကြောင်းရင်းမှာ ဒေသအလိုက်ကျင့်သုံးသည့် ဗျူဟာများနှင့် နိုင်ငံတကာက လက်ခံထားသော မှန်ကန်သည့် နိုင်ငံတစ်ခု၏ အခန်းကဏ္ဍတို့ ၀ိရောဓိဖြစ်နေခြင်းဖြစ်နေသည်ဟု စာတမ်းတွင် ဖော်ပြထားသည်။
တရားမ၀င်ဘိန်းကုန်ကူးမှုနှင့် ဆက်စပ်နေပါက ခိုင်မာတည်ငြိမ်သည့် နိုင်ငံတစ်ခုတည်ထောင်ရန် ပြဿနာရှိနေသည်။ ထိုအခြေအနေက နိုင်ငံရေးနှင့် ပတ်သက်မှုမရှိဘဲ အကျိုးအမြတ်ကိုသာ စိတ်ဝင်စားသူများ စစ်ပွဲနှင့် ပဋိပက္ခများမှ ပေါ်ထွက်လာစေသည်။ ပြီးခဲ့သည့်နှစ်များစွာအတွင်း ဘိန်း ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ ယင်းတို့၏ ဘိန်းလုပ်ငန်းနှင့် နယ်စပ်ဖြတ်ကျော်ဈေးကွက်ကို အကောင်းဆုံးအကာအကွယ်ပေးနိုင်သည့် မည်သည့် အဖွဲ့မဆို မဟာမိတ်ဖွဲ့ခဲ့ကြသည်။ ရှမ်းတောင်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများမှာ KMT ကွန်ရက်များမှ MTA ၊ ထိုမှ UWSA နှင့် ယခုနောက်ဆုံး စစ်တပ်နှင့် ချိတ်ဆက်မှုရှိသော ပြည်သူစစ်များထံ ရွှေ့ပြောင်းလာခဲ့သည်။
ထိုအချက်များကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံသည် ပဋိပက္ခများ၏ အဓိကအကြောင်းရင်းဖြစ်သော “ပင်လုံစာချုပ် ကတိက၀တ်ပျက်ကွက်ခြင်း” ကို မှန်ကန်စွာ ဖြေရှင်းခြင်းမပြုပါက နိုင်ငံအတွက်သာမက ကမ္ဘာ့နိုင်ငံများအတွက်ပါ ခေါင်းခံစရာပြဿနာဖြစ်နေမည်ဖြစ်သည်။
KHTun
The Ladies News Journal
ရွေးကောက်ပွဲတွင် ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယနေ့ စတင် ထုတ်ပြန်
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ်လောင်း များစာရင်းကို ယနေ့မှ စတင်ပြီး သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးများတွင် စတင်ထုတ်ပြန် ကြေညာပေးထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဆင်ဟွာသို့ ယနေ့ပြောကြားသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ စာရင်းကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးများတွင် ထုတ်ပြန်ပေးထားပြီး တိုင်းရင်းသား ကိုယ်စားလှယ်လောင်း စာရင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ကော်မရှင်ရုံးများတွင် ကြေညာပေးထားမည်ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း စိစစ်ခြင်းလုပ်ငန်းကို သြဂုတ် ၁၈ ရက်ကနေ ၃၁ ရက်ထိ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းသည့် ပါတီပေါင်း ၉၂ ပါတီမှ ကိုယ်စားလှယ်လောင်း ၆၀၀၀ကျော် အနက် ၈၈ ဦးကို ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေနှင့် မညီညွတ်၍ ပယ်ချခဲ့သည်။
၂၀၁၅ အထွေထွေ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)
အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်း၌ ထိန်းသိမ်းခံ မြန်မာရေလုပ်သား ၁၀၅ ဦး မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာ
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်း၌ ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သားများအနက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ပြီးမြန်မာရွှေ့ ပြောင်း ရေလုပ်သား ၁၀၅ ဦး သည် ယနေ့ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းအချိန်တွင် မြန်မာနိုင်ငံသို့  အင်ဒိုနီးရှားနိုင်ငံ LION AIR လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
http://www.xinhuamyanmar.com/myanmar
ကိုယ်စားလှယ်တစ်ဦးကို သိန်း၃ဝ ထောက်ပံ့
ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ် စားလှယ်လောင်း တစ်ဦးကို ငွေကျပ် သိန်း ၃ဝ စီနဲ့ ကိုယ်စားလှယ်လောင်း ၁ဝဝဝ ကျော်ကို ထောက်ပံ့ပေးထား တယ်လို့ ပါတီဗဟိုဌာနချုပ် က ပြောပါတယ်။
လက်ရှိမှာ တိုင်းနဲ့ပြည်နယ်အားလုံးကို ထောက်ပံ့ငွေတွေကို လွှဲအပ်ထားပြီးဖြစ်တယ်လို့ နေပြည်တော် ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်က တာဝန်ရှိသူ ဦးအောင်နိုင်ထွန်းက ပြောပါတယ်။
"ကော်မရှင်ကနေထုတ်ပြန်ထားတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် စည်းရုံးရေး လုပ်ငန်းစဉ်တွေမှာ သုံးဖို့ဆိုပြီးတော့ သတ်မှတ်ချက်တွေရှိတယ်လေ၊ အဲ့မူဝါဒနဲ့အညီ ပါတီဘက်ကတော့ တစ်ဦးကို သိန်း ၃ဝ နှုန်း ဘဲ၊ လတ်တလော အဲ့ဒါထုတ်ပေးထား တယ်၊ ကိုယ်စားလှယ်တွေရဲ့ အသုံးစရိတ်၊ ထပ်တော့ မပြောသေးပါဘူး၊ ကျနော်တို့ ဖက်ကလည်း လူကြီးတွေလမ်းညွှန်ချက်အရ ၃ဝ အရင်လွှဲပေးပါဆိုလို့ ပေးလိုက်တာပါဘဲ၊ တိုင်းတွေ ကိုပေးတယ်၊ တိုင်းကနေ တဆင့် ကိုယ်စားလှယ်တစ်ဦးချင်းကိုပို့ပေး တယ်၊ ဒီလိုလေးတော့ရှိပါတယ်"
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လာမယ့်ရွေးကောက်ပွဲအတွက် တစ်ပြည်လုံးမှာ လွှတ်တော်ကိုယ် စားလှယ်လောင်း ၁၁၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကိုယ်စားလှယ်လောင်းအားလုံးကို ထောက်ပံ့ပေးထား တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပါတီကို လူထုပိုမိုသိရှိနိုင်ဖို့အတွက်လည်း ပါတီတံဆိပ်ပါတဲ့ သော့ချိတ်၊ ထီး၊ တီရှပ် စတာ တွေကိုလည်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဖြန့်ဝေပေးနေ တယ်လို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ငွေကျပ် သိန်းတစ်ရာ ထက်မပိုတဲ့ ပမာဏကို သုံးစွဲနိုင်ကြောင်း ရွေးကောက်ပွဲဥပဒေမှာ ပြဌာန်းထားပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ မှာကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေဟာ လာမယ့် စက်တင်ဘာ ၈ ရက်နေ့ကစတင်ပြီး မဲဆွယ်စည်းရုံးနိုင်တော့မှာ ဖြစ်ပါတယ်။
RFA
ဒေါ်စု ပအို့ဝ်ခရီးစဉ်
![]() |
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်ခရီးစဉ် (ဓာတ်ပုံ Taunggyi NLD) |
ဒီကနေ့ စက်တင်ဘာလ (၅) ရက်နေ့ စနေနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ ပထမဆုံးအကြိမ် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရီးစဉ်ကို စတင်လိုက်ပါတယ်။ ရှမ်းပြည်နယ် ဟဲဟိုးကနေတဆင့် ရှမ်းပြည်နယ် ဆီဆိုင်မြို့ကို သွားရောက်ပြီး ဆီဆိုင်မြို့မှာ ဒေသခံပြည်သူလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။
ပြည်မနဲ့ တိုင်းရင်းဒေသတွေကြား အခွင့်အရေးတန်းတူညီမျှဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရက်ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ဖို့ တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတိုင်းရင်းသားတွေကို ပြောဆိုလိုက်ပါတယ်။
“ကျမတို့ဟာ ၁၉၈၈ ခုနှစ်ကတည်းက စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတခု ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဒီ ၂၇ နှစ်အတွင်းမှာ ကျမတို့ တခါမှ မယိမ်းယိုင်ခဲ့ပါဘူး။ ဒီမိုကရေစီအပေါ်မှာ ကျမတို့ လုံးဝ သစ္စာမဖောက်ခဲ့ပါဘူး။ ပြည်ထောင်စုမူအပေါ်မှာလည်း ကျမတို့ လုံးဝ သစ္စာမဖောက်ခဲ့ပါဘူး။ တကြိမ်တခါမှာဆိုလို့ရှိရင် ပြည်ထောင်စုဆိုတဲ့၊ ဖက်ဒရယ်ဆိုတဲ့စကားကို သုံးလို့ရှိရင် ရာဇဝတ်မှု-လို့တောင်မှပဲ တချို့က စွပ်စွဲချင်တယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ တစိုက်မတ်မတ် တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ကျမတို့ ရပ်တည်ခဲ့တယ်။ ဖက်ဒရယ်ဆိုတာဟာ …မဟုတ်ဘူး၊ ဖက်ဒရယ်ဆိုတာဟာ ကျမတို့ ပြည်မနဲ့ ပြည်နယ်တွေ၊ တိုင်းတွေကြားမှာ မျှတတဲ့အာဏာခွဲယူခြင်း၊ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံ့အကျိုးအတွက် ပြည်ထောင်စုစိတ်နဲ့ ဘာလုပ်ခဲ့သလဲဆိုတာကို ပြန်ပြီးတော့ ကြည့်ပါ။ အဲသလိုကြည့်ပြီးမှ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။”
အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၁၅ မှာ ဘာကြောင့် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ တောင်တန်းပြည်မ တိုင်းရင်း ဒေသတွေပါမချန် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရပါသလဲဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို ရှင်းပြပါတယ်။
“ဒီလိုပါ။ ကျမတို့ တနိုင်ငံလုံးမှာပေါ့နော်။ အကြမ်းဖျင်းအားဖြင့် ၇၀၊ ၇၅ လောက်ဆိုရင်တော့ စိတ်ချရတယ်ပေါ့။ ဒီတိုင်းရင်းသားဒေသတွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လာပြီးတော့ ယှဉ်ပြိုင်ရတာလည်း အဲဒါကြောင့်ဖြစ်တယ်။ အားလုံးပေါင်းပြီး ကျမတို့ ၇၀ % လောက်တော့ လိုတယ်။ ”
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခုလို သွားရောက်တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို တည်ဆောက်ဖို့ ရှိတဲ့ရည်မှန်းချက်နဲ့ အဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားတွေအပေါ်မှာ ထားတဲ့ သဘောထားကို ပြသတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အဓိကအားဖြင့်တော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါပဲ။ NLD အနေနဲ့က - တချို့က တိုင်းရင်းသားတွေနဲ့ မပေါင်းဘူး - ဘာ ညာပြောတာပေါ့။ကျနော်တို့ NLD ထဲမှာ တိုင်းရင်းသားတွေ အများကြီးပဲ။ ကျနော်တို့ ပြည်ထောင်စုအတွက်လုပ်တာ၊ အားလုံးအတွက်လုပ်တာ။ ပြည်ထောင်စု တည်ဆောက်ရေးက မဖြစ်မနေ မြန်မာ့နိုင်ငံရေးမှာ လုပ်ကိုလုပ်ရမှာ။ ဘယ်လိုတည်ဆောက်မလဲ၊ ဘယ်လိုဖွဲ့စည်းမလဲပြောတာ။ တိုင်းရင်းသားတွေနဲ့ အပြေအလည်ညှိနှိုင်းပြီးမှ လုပ်ရမယ့်ကိစ္စ၊ NLD က ကိုယ်လုပ်ချင်တာ သက်သက်ကြီးပြောနေရင် တဘက်သတ်ပြောသလို ဖြစ်တယ်၊ နော်။ တိုင်းရင်းသားတွေနဲ့ စုစုစည်းစည်း တိုင်ပင်ဆွေးနွေးပြီး လုပ်ရမှာပါ။ ဒါမှ ရေရှည်တည်တံ့မှာ။ ဒီဟာတွေကို ဆွေးနွေးပြောကြားဖို့ အဓိကဖြစ်လိမ့်မယ် ထင်ပါတယ်။”
ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာရာ လမ်းတလျောက် ဒေသခံပြည်သူလူထုတွေဖြစ်တဲ့ ရှမ်း၊ ပအို့ဝ်စတဲ့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဝတ်စုံပြည့် ဝတ်ဆင်ပြီး ရိုးရာတေးဂီတ၊ အကတွေနဲ့ ဖျော်ဖြေပြီး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်လို့ ဒီကနေ့ ဆီဆိုင်မြင်ကွင်းကို ရှမ်းပြည်နယ်ဒေသခံတဦးလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမျိုးက အခုလို ပြောပါတယ်။
![]() |
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်ခရီးစဉ် (ဓာတ်ပုံ Taunggyi NLD) |
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သွားဖို့စီစဉ်ခဲ့တာ ပထမ ပျက်သွားပြီးတဲ့နောက် အခုတကြိမ်မှာတော့ သူ့ရဲ့ ပထမဆုံးအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျောက်တိုင်ကွင်းမှာ လူထုနဲ့တွေ့ဆုံမှာဖြစ်ပြီး ဝမ်ဟွေ့ရွာ UNODC စိုက်ကွင်းနဲ့ လုပ်ငန်းတွေကို လေ့လာဖို့ရှိပြီး နောက် တောင်ကြီးမြို့မှာ ရှမ်းပြည်နယ် တောင်ပိုင်း တခုလုံးက ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အပြန်လမ်းတလျှောက် တောင်ကြီး၊ ရွှေညောင်လူထုကိုလည်း တွေ့ဆုံပြီးနောက်မှာတော့ တနင်္ဂနွေညနေမှာပဲ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သိရှိရ ပါတယ်။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ လုံခြုံရေးအဆင့် တိုးမြှင့်ချထားမည်
![]() |
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုး ကို သြဂုတ်လ ၂၇ ရက်နေ့က စစ်တွေမြို့မှာတွေ့ရစဉ်။ Photo: Min Thein Aung/RFA |
စစ်တွေမြို့က အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မနေ့က တွေ့ဆုံပြီး ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးဆောင်ရွက်မယ့် အခြေအနေတွေကိုရှင်းပြခဲ့ရာမှာ ရဲမှူးကြီး နေမျိုးက ပြောတာပါ။
"စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်ကိုတော့ ကျနော်တို့က ထူးနေတဲ့အဆင့်မြင့်အခြေအနေ သက်မှတ်ပြီးတော့မှ ဒီအထဲမှာ သတင်းရရှိရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေပေါ့နော် ကျနော်တို့တပ်ဖွဲ့အစီအမံနဲ့ ကျန်တဲ့ဘေးထွက်အခြေအနေကို ပေါင်းစပ် ပြီးတော့မှ ဆောင်ရွက်နေတာဖြစ်ပါတယ်၊ ရွေးကောက်ပွဲကာလတွေမှာ ဝှိုက်ကတ်မဲပေးမယ့်ကိစ္စတွေ အခြားသောကိစ္စတွေနဲ့ဆက်နွယ်ပြီးတော့ နယ်စပ်တလျှောက်မှာလည်း RSO အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ဟာ ဖြစ်ပေါ်လာနိုင်ပါတယ်၊ ဗုံးကွဲတာတွေ ဒါတွေကိုလည်း ကျနော်တို့ သတင်းရယူရေး ဆောင်ရွက်နေ ပါတယ်"
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လူမျိုးရေး အခြေအနေတွေအပေါ်မူတည်ပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တော၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေကို စောင့်ကြည့်ရမယ့် မြို့နယ်တွေအဖြစ်လည်း သတ်မှတ် ပြီး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေးကိုအကြောင်းပြုပြီး ရွေးကောက်ပွဲ ပျက်ပြားအောင် ဆောင်ရွက်မှုတွေ ရှိလာနိုင်တာကြောင့် သံဃာတော်တွေ၊ ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေက သတိထား ပြီး စောင့်ကြည့်ကြဖို့ကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
RFA Burmese
လှိုင်သာယာ(၁၁)ရပ်ကွက်၌ နှစ်ကြိမ်မြောက် အိမ်ပေါ်တက်၍ လုယက်မှုဖြစ်ပွား
ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ ဒုစရိုက်မှုများ ဖြစ်ပွား လျက်ရှိရာ စက်တင်ဘာ ၂ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က အမှတ် (၁၁) ရပ်ကွက် စံပယ်လမ်း အိမ်အမှတ် (၁၇၄/က) ဇနီးမောင်နှံနေထိုင်သောအိမ်၌ အမျိုးသားမရှိခိုက် ဇနီးသည်တစ်ဦးတည်းရှိစဉ် လူငယ်တစ်ဦးက အိမ်ပေါ်သို့ တက်ကာ အကြမ်းဖက်တိုက်ခိုက်၍ လက်စွပ်နှင့်ငွေယူပြီး ထွက်ပြေးသွား ကြောင်း သိရသည်။
''ကျွန်မအသက်က ၂၂ နှစ်ရှိပြီ။ ဇာတိက ဇလွန်ကပါ။ အိမ်ထောင်ကျတာ လေးလပဲ ရှိပါသေးတယ်။ စက်တင်ဘာ ၂ ရက် မနက် ၁ နာရီ ၁၅ မိနစ်မှာ သွေးအားနည်းရောဂါ အခံလည်းရှိတော့ ကိုယ်ဝန်နှစ်လရှိတဲ့အရှိန်ကြောင့် မူးပြီး အန်တာ နှစ်ရက်ရှိပြီ။ အဲ့ဒီညက အမျိုးသားက တက္ကစီမောင်းဖို့ အုံနာကြေးကိစ္စ နဲ့ သူ့သူငယ်ချင်းအိမ်ကိုသွားတာ ပြန်မလာဖြစ်ဘူး။ အိမ်အတွင်းခန်းအဝမှာ လှဲနေတဲ့အချိန် အသက် ၁၆ နှစ်ကျော်လောက်ရှိ လူငယ်တစ်ဦး ငွေမင်ရောင် သုတ်ထားတဲ့ ခြောက်လက်မကျော် သစ်သားဓားကိုကိုင်ပြီး ဟနေတဲ့ အိမ်တံခါးဝ ကိုဖွင့်ပြီး ပြေးတက်လာတယ်။ ပြီးတော့ ကျွန်မရဲ့လည်ပင်းကို ညှစ်ပြီး ရင်ဝကို အပေါ်ကနေ ဒူးနဲ့ထောက်ထားတယ်။ ကိုယ်ဝန်နှစ်လရှိပြီဆိုတော့ ဗိုက်ကို ထိခိုက်မိမှာစိုးရိမ်လို့ ဘာမှပြန်မလုပ်ဘူး။ လက်ကို နောက်ပြန်ချည်တယ်။ ပါးစပ်ထဲကို စောင်ထိုးထည့်တယ်။ ပိုက်ဆံအိတ်ထဲက ငွေကျပ် ၃ဝဝဝဝ နဲ့ မောင်းကွင်း လက်စွပ်ကိုယူတယ်။ ပြီးတော့လည်ပင်းကို လေး၊ ငါးမိနစ်နီးပါး ညှစ်တယ်။ နောက်ပြန်ချည်ထားတဲ့ ကြိုးစတစ်ဖက်ပြုတ်သွားလို့ သူ့ကိုကန်ထုတ် လိုက်တော့လဲသွားတယ်။ လည်ပင်းနာနေတော့ အော်လို့မရဘူး။ အဲ့ဒီ ကောင်လေးပြန်ထလာပြီး ခြင်ရိုက်တဲ့ဘက်တံနဲ့ ကျွန်မနဖူးကိုထုတော့ မေ့ချင် သလိုလို ဖြစ်သွားသေးတယ်။ မျက်နှာကို ခေါင်းအုံးနဲ့အုပ်ပြီး ဖိထားတယ်။ ပြန်တွန်းချပြီး ကန်လိုက်တော့ လဲသွားတယ်။ ခေါင်းအုံးဘေးနားက ကျောက်လှည့် ကို လက်ကကိုင်မိသွားချိန်မှာ ခေါင်းရင်းအိမ်က ပြတင်းပေါက်ဖွင့်တဲ့အသံလည်း ကြားရော အိမ်ရှေ့ပေါက်ကနေ ဆင်းပြေးသွားတယ်။ ခေါင်းရင်းက ဆရာမကို အကူအညီတောင်းပြီးဆေးခန်းပြရတယ်။ မနက်မှ အမျိုးသားနဲ့ သောင်ကြီး ရဲစခန်းမှာ အမှုဖွင့်တာ၊ ဒုရဲအုပ်ဇေယျာထွန်းက ဓာတ်ပုံတွေပြတော့ အိမ်ပေါ် တက်ပြီး လုသွားတဲ့ကောင်လေးဟာ ထွန်းထွန်းနိုင်(ခ) ငပိန်ဆိုတာ သိခဲ့ရ တယ်။ ရွာမှာတစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ မြို့ပေါ်လူစည်ကားတဲ့ ရပ်ကွက်မှာ ဖြစ်သွားတယ်ဆိုတာ အံ့လည်းအံ့သြတယ်။ ကြောက်လည်း ကြောက်သွား တယ်'' ဟု မသက်ငုံဖူးက ပြောသည်။
အခင်းဖြစ်ပွားရာ စံပယ်လမ်းသည် ကွန်ကရစ်လမ်းဖြစ်ပြီး လူနေထိုင်မှု သန့်ကာ သောင်ကြီးရဲစခန်းနှင့် ကိုက် ၆ဝဝ ကျော်သာရှိ၍ အနော်ရထာလမ်းမ ကြီးနံဘေး၌ တည်ရှိသည်။ ထိုလုယက်ခံရသော အိမ်နှင့် သုံးအိမ်ကျော်ရှိ စက်ရုံဆင်းအမျိုးသမီးနှင့် မောင်ငယ်တို့နေထိုင်သော အိမ်၌လည်း ဧပြီ ၂၈ ရက်က အဆိုပါ ထွန်းထွန်းနိုင်(ခ)ငပိန်ဆိုသော လူငယ်ကပင် နံနက် ၃ နာရီတွင် အိမ်ပေါ်တက်၍ ဓားဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်နှစ်သိန်းတန် ဆွဲကြိုးကို လုယက်ခဲ့သောကြောင့် အမှုဖွင့်ထားကြောင်း ဆွဲကြိုးပါသွားသော မနော်လားဘွယ်ဆေးထံမှ သိရသည်။
''ကျွန်မက လင်မယားနှစ်ယောက် သန်းခေါင်ကျော်ကြီး ရန်ဖြစ်နေတယ် ထင်တာ။ ပြန်အိပ်ပျော်ခါနီး အသံပိုကျယ်လာတော့ ပြတင်းပေါက်တံခါး ထဖွင့် တော့မှ ကလေးမလေး ဒုက္ခရောက်နေတယ်ဆိုတာ သိရတာ။ အသံတောင်မထွက် နိုင်ဘူး။ အရင်တက္ကစီမောင်းတဲ့ အိမ်ငှားတွေတုန်းကလည်း အိမ်မှာရှိတဲ့ ပစ္စည်းတွေ ဖောက်ထွင်းခံရဖူးသေးတယ်။ ခြေရင်းအိမ်က ဒါနဲ့ဆိုရင် နှစ်ကြိမ် ရှိပြီ။ ညဘက်ဆိုရင် စိုးရိမ်စိတ်နဲ့ နေနေကြရတယ်'' ဟု ကျောင်းဆရာမတစ်ဦး က ပြောသည်။
ထိုလမ်းထဲ၌ အိမ်ပေါ်တက်၍ အကြမ်းဖက်လုယက်မှု နှစ်ကြိမ်၊ ဖောက်ထွင်းမှုတစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ထိန်းသိမ်းနိုင်မှု မရှိသောကြောင့် အဆိုပါရပ်ကွက်မှ ပြည်သူများစိုးရိမ်လျက်ရှိသည်။
''လမ်းပေါ်တင်မဟုတ်ဘူး၊ အိမ်ထဲမှာပါ ပြည်သူတွေ လုံခြုံမှုမရှိဘူးဆိုရင် ကျွန်တော်တို့ ဘယ်သွားနေရမလဲ။ တစ်ခါမှ ဇနီးကို ညဘက်ထားခဲ့ပြီး အပြင် မသွားဖူးဘူး။ စီးပွားရေးအတွက်ကြောင့်သာ သွားရတာ။ ကိုယ်ဝန်ရှိနေတဲ့ အပြင် သွေးအားနည်း ရောဂါရှိတော့ အခုလိုဖြစ်သွားတာကို ဖြေလို့မရဘူးဖြစ် နေတယ်။ မီးလင်းနေတဲ့လမ်း၊ ခေါင်းရင်းခြေရင်း လူရှိနေတာတောင် အခုလို အကွက်ကျကျလုပ်ဆောင်မှုမျိုး အခြားလူတွေလည်း မခံစားစေချင်ဘူး။ လူမထိခိုက်လို့ တော်သေးတယ်။ သောင်ကြီးစခန်းနဲ့လည်းနီးတော့ အခုလိုဖြစ် တာ ပြည်သူတွေရဲ့ စိုးရိမ်စိတ်ကိုပိုပြီး တွန်းအားပေးသလိုဖြစ်နေတယ်။ တရား ဥပဒေစိုးမိုးမှုအားနည်းနေဆဲပဲလို့ ယူဆလို့ရတယ်။ ကျန်တဲ့သူတွေလည်း ကျွန်တော်တို့လို မဖြစ်စေချင်ဘူး။ သောင်ကြီးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ထူးခြားရင် အကြောင်းကြားဆက်သွယ်မယ်လို့ ပြောတယ်'' ဟု မသက်ငုံဖူး၏ အမျိုးသား ကိုနေဇင်မြင့်ဝင်းက ပြောသည်။
မြင့်မြတ်သစ္စာ
Myanmaalinn
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ ဒုစရိုက်မှုများ ဖြစ်ပွား လျက်ရှိရာ စက်တင်ဘာ ၂ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က အမှတ် (၁၁) ရပ်ကွက် စံပယ်လမ်း အိမ်အမှတ် (၁၇၄/က) ဇနီးမောင်နှံနေထိုင်သောအိမ်၌ အမျိုးသားမရှိခိုက် ဇနီးသည်တစ်ဦးတည်းရှိစဉ် လူငယ်တစ်ဦးက အိမ်ပေါ်သို့ တက်ကာ အကြမ်းဖက်တိုက်ခိုက်၍ လက်စွပ်နှင့်ငွေယူပြီး ထွက်ပြေးသွား ကြောင်း သိရသည်။
''ကျွန်မအသက်က ၂၂ နှစ်ရှိပြီ။ ဇာတိက ဇလွန်ကပါ။ အိမ်ထောင်ကျတာ လေးလပဲ ရှိပါသေးတယ်။ စက်တင်ဘာ ၂ ရက် မနက် ၁ နာရီ ၁၅ မိနစ်မှာ သွေးအားနည်းရောဂါ အခံလည်းရှိတော့ ကိုယ်ဝန်နှစ်လရှိတဲ့အရှိန်ကြောင့် မူးပြီး အန်တာ နှစ်ရက်ရှိပြီ။ အဲ့ဒီညက အမျိုးသားက တက္ကစီမောင်းဖို့ အုံနာကြေးကိစ္စ နဲ့ သူ့သူငယ်ချင်းအိမ်ကိုသွားတာ ပြန်မလာဖြစ်ဘူး။ အိမ်အတွင်းခန်းအဝမှာ လှဲနေတဲ့အချိန် အသက် ၁၆ နှစ်ကျော်လောက်ရှိ လူငယ်တစ်ဦး ငွေမင်ရောင် သုတ်ထားတဲ့ ခြောက်လက်မကျော် သစ်သားဓားကိုကိုင်ပြီး ဟနေတဲ့ အိမ်တံခါးဝ ကိုဖွင့်ပြီး ပြေးတက်လာတယ်။ ပြီးတော့ ကျွန်မရဲ့လည်ပင်းကို ညှစ်ပြီး ရင်ဝကို အပေါ်ကနေ ဒူးနဲ့ထောက်ထားတယ်။ ကိုယ်ဝန်နှစ်လရှိပြီဆိုတော့ ဗိုက်ကို ထိခိုက်မိမှာစိုးရိမ်လို့ ဘာမှပြန်မလုပ်ဘူး။ လက်ကို နောက်ပြန်ချည်တယ်။ ပါးစပ်ထဲကို စောင်ထိုးထည့်တယ်။ ပိုက်ဆံအိတ်ထဲက ငွေကျပ် ၃ဝဝဝဝ နဲ့ မောင်းကွင်း လက်စွပ်ကိုယူတယ်။ ပြီးတော့လည်ပင်းကို လေး၊ ငါးမိနစ်နီးပါး ညှစ်တယ်။ နောက်ပြန်ချည်ထားတဲ့ ကြိုးစတစ်ဖက်ပြုတ်သွားလို့ သူ့ကိုကန်ထုတ် လိုက်တော့လဲသွားတယ်။ လည်ပင်းနာနေတော့ အော်လို့မရဘူး။ အဲ့ဒီ ကောင်လေးပြန်ထလာပြီး ခြင်ရိုက်တဲ့ဘက်တံနဲ့ ကျွန်မနဖူးကိုထုတော့ မေ့ချင် သလိုလို ဖြစ်သွားသေးတယ်။ မျက်နှာကို ခေါင်းအုံးနဲ့အုပ်ပြီး ဖိထားတယ်။ ပြန်တွန်းချပြီး ကန်လိုက်တော့ လဲသွားတယ်။ ခေါင်းအုံးဘေးနားက ကျောက်လှည့် ကို လက်ကကိုင်မိသွားချိန်မှာ ခေါင်းရင်းအိမ်က ပြတင်းပေါက်ဖွင့်တဲ့အသံလည်း ကြားရော အိမ်ရှေ့ပေါက်ကနေ ဆင်းပြေးသွားတယ်။ ခေါင်းရင်းက ဆရာမကို အကူအညီတောင်းပြီးဆေးခန်းပြရတယ်။ မနက်မှ အမျိုးသားနဲ့ သောင်ကြီး ရဲစခန်းမှာ အမှုဖွင့်တာ၊ ဒုရဲအုပ်ဇေယျာထွန်းက ဓာတ်ပုံတွေပြတော့ အိမ်ပေါ် တက်ပြီး လုသွားတဲ့ကောင်လေးဟာ ထွန်းထွန်းနိုင်(ခ) ငပိန်ဆိုတာ သိခဲ့ရ တယ်။ ရွာမှာတစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ မြို့ပေါ်လူစည်ကားတဲ့ ရပ်ကွက်မှာ ဖြစ်သွားတယ်ဆိုတာ အံ့လည်းအံ့သြတယ်။ ကြောက်လည်း ကြောက်သွား တယ်'' ဟု မသက်ငုံဖူးက ပြောသည်။
အခင်းဖြစ်ပွားရာ စံပယ်လမ်းသည် ကွန်ကရစ်လမ်းဖြစ်ပြီး လူနေထိုင်မှု သန့်ကာ သောင်ကြီးရဲစခန်းနှင့် ကိုက် ၆ဝဝ ကျော်သာရှိ၍ အနော်ရထာလမ်းမ ကြီးနံဘေး၌ တည်ရှိသည်။ ထိုလုယက်ခံရသော အိမ်နှင့် သုံးအိမ်ကျော်ရှိ စက်ရုံဆင်းအမျိုးသမီးနှင့် မောင်ငယ်တို့နေထိုင်သော အိမ်၌လည်း ဧပြီ ၂၈ ရက်က အဆိုပါ ထွန်းထွန်းနိုင်(ခ)ငပိန်ဆိုသော လူငယ်ကပင် နံနက် ၃ နာရီတွင် အိမ်ပေါ်တက်၍ ဓားဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်နှစ်သိန်းတန် ဆွဲကြိုးကို လုယက်ခဲ့သောကြောင့် အမှုဖွင့်ထားကြောင်း ဆွဲကြိုးပါသွားသော မနော်လားဘွယ်ဆေးထံမှ သိရသည်။
''ကျွန်မက လင်မယားနှစ်ယောက် သန်းခေါင်ကျော်ကြီး ရန်ဖြစ်နေတယ် ထင်တာ။ ပြန်အိပ်ပျော်ခါနီး အသံပိုကျယ်လာတော့ ပြတင်းပေါက်တံခါး ထဖွင့် တော့မှ ကလေးမလေး ဒုက္ခရောက်နေတယ်ဆိုတာ သိရတာ။ အသံတောင်မထွက် နိုင်ဘူး။ အရင်တက္ကစီမောင်းတဲ့ အိမ်ငှားတွေတုန်းကလည်း အိမ်မှာရှိတဲ့ ပစ္စည်းတွေ ဖောက်ထွင်းခံရဖူးသေးတယ်။ ခြေရင်းအိမ်က ဒါနဲ့ဆိုရင် နှစ်ကြိမ် ရှိပြီ။ ညဘက်ဆိုရင် စိုးရိမ်စိတ်နဲ့ နေနေကြရတယ်'' ဟု ကျောင်းဆရာမတစ်ဦး က ပြောသည်။
ထိုလမ်းထဲ၌ အိမ်ပေါ်တက်၍ အကြမ်းဖက်လုယက်မှု နှစ်ကြိမ်၊ ဖောက်ထွင်းမှုတစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ထိန်းသိမ်းနိုင်မှု မရှိသောကြောင့် အဆိုပါရပ်ကွက်မှ ပြည်သူများစိုးရိမ်လျက်ရှိသည်။
''လမ်းပေါ်တင်မဟုတ်ဘူး၊ အိမ်ထဲမှာပါ ပြည်သူတွေ လုံခြုံမှုမရှိဘူးဆိုရင် ကျွန်တော်တို့ ဘယ်သွားနေရမလဲ။ တစ်ခါမှ ဇနီးကို ညဘက်ထားခဲ့ပြီး အပြင် မသွားဖူးဘူး။ စီးပွားရေးအတွက်ကြောင့်သာ သွားရတာ။ ကိုယ်ဝန်ရှိနေတဲ့ အပြင် သွေးအားနည်း ရောဂါရှိတော့ အခုလိုဖြစ်သွားတာကို ဖြေလို့မရဘူးဖြစ် နေတယ်။ မီးလင်းနေတဲ့လမ်း၊ ခေါင်းရင်းခြေရင်း လူရှိနေတာတောင် အခုလို အကွက်ကျကျလုပ်ဆောင်မှုမျိုး အခြားလူတွေလည်း မခံစားစေချင်ဘူး။ လူမထိခိုက်လို့ တော်သေးတယ်။ သောင်ကြီးစခန်းနဲ့လည်းနီးတော့ အခုလိုဖြစ် တာ ပြည်သူတွေရဲ့ စိုးရိမ်စိတ်ကိုပိုပြီး တွန်းအားပေးသလိုဖြစ်နေတယ်။ တရား ဥပဒေစိုးမိုးမှုအားနည်းနေဆဲပဲလို့ ယူဆလို့ရတယ်။ ကျန်တဲ့သူတွေလည်း ကျွန်တော်တို့လို မဖြစ်စေချင်ဘူး။ သောင်ကြီးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ထူးခြားရင် အကြောင်းကြားဆက်သွယ်မယ်လို့ ပြောတယ်'' ဟု မသက်ငုံဖူး၏ အမျိုးသား ကိုနေဇင်မြင့်ဝင်းက ပြောသည်။
မြင့်မြတ်သစ္စာ
Myanmaalinn