Pages
▼
Saturday, January 9, 2016
မြစ်ကြီးနား- မန္တလေး အမှတ် ၉၃၄ အစုန် ကုန်ရထား တိမ်းမှောက်မှု ဖြစ်ပွား
အင်းတော်၊ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် အချိန်တွင် ရထား စက်ခေါင်းမောင်း ဦးဖုန်းနိုင် နှင့် ဂါတ်ဗိုလ် ဦးဝင်းလှိုင်တို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-2041 မြစ်ကြီးနား - မန္တလေး အမှတ် ၉၃၄ အစုန် ကုန်ရထားသည် နဘား ဘူတာမှ အင်းတော်ဘူတာသို့ ထွက်ခွာလာစဉ် အင်းတော်မြို့နယ် အ၀င် မိုင်တိုင်အမှတ် (၅၈၇/၁၉) နှင့် (၅၈၇/၂၀)ကြား ရထားလမ်းပေါ်တွင် တွဲအမှတ် GBHAH 40819 ၏ ဘီးအမှတ် ၁ နှင့် ၂ တို့ သံလမ်း၏ အတွင်းသို့ ကပ်ကျပြီး ဘီးအမှတ် ၇ နှင့် ၈ သည် သံလမ်း၏ အပြင်သို့ ကပ်ကျမှု ဖြစ်ပွားခဲ့ရာမှ တွဲလေးတွဲတိမ်းမှောက်ခဲ့ပြီး တွဲတစ်တွဲ လမ်းချော်ခဲ့ကြောင်း သိရသည်။
ရထားတွဲတိမ်းမှောက်ရာနေရာသို့ နဘားတွဲစစ်မှူး ဦးကျော်ညွှန့်နှင့် လုပ်သား(၇)ဦး၊ နဘားလမ်းဗိုလ်လေး ဦးနေတင်ဝင်းနှင့် လုပ်သား(၅)ဦး၊ အင်းတော်ရုံပိုင်ကြီး ဦးတိုးတိုး တို့ သွားရောက်၍ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး လုံခြုံရေးအတွက် နဘား မီးရထားရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ကျော်မိုးနှင့် အဖွဲ့ဝင် (၅)ဦး၊ ဒေသခံ အမှတ် (၃၆)ခြေလျင် တပ်ရင်းမှ အရာရှိ စစ်သည်များက ဆောင်ရွက်လျက်ရှိ ပါသည်။
အဆိုပါ တိမ်းမှောက်မှုကြောင့် တွဲဆိုင်းများ ပျက်စီးခဲ့ပြီး မီးရထားဝန်ထမ်းနှင့် အခြား ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း အင်းတော်ဘူတာ ဒုတိယရုံပိုင်ကြီး ဦးစိုးသူရဇော် ထံမှ သိရှိရသည်။
( ကျော်သီဟ )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မူးယစ်ရမ်းကားမှုဖြင့် ဖမ်းခံထားရသည့် အချုပ်သားက ရဲတပ်ကြပ်ကို ပေါက်တူးဖြင့် ခုတ်သတ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်ပင်ရဲစခန်းတွင်
မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးထားခြင်းခံရသူ အချုပ်သားတစ်ဦးမှ
ပေါက်တူးဖြင့် ခုတ်သဖြင့် ရဲတပ်ကြပ် တစ်ဦး သေဆုံးမှုတစ်ခု ဇန်န၀ါရီလ ၈ ရက်
နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အင်ပင်ရဲစခန်းမှ သိရှိရသည်။
အင်ပင်ရဲစခန်း ရဲသက်သာ စိုက်ခင်းတွင် မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးခြင်း ခံထားရသူ တစ်ဦးအား စိုက်ခင်း အလုပ်ခိုင်း နေစဉ် တာဝန်ကျ ရဲတပ်ကြပ်အား ပေါက်တူးဖြင့် ခုတ်၍ ထွက်ပြေးခဲ့သဖြင့် အခုတ်ခံရသူ ရဲတပ်ကြပ်အား ရန်ကုန် ဆေးရုံသို့ ပို့ဆောင်စဉ် အင်္ဂပူမြို့နယ်တွင် သေဆုံးခဲ့ကြောင်း အင်ပင်ရဲစခန်းမှ
သိရသည်။
“ဖြစ်စဉ်က အမှန်ပါ၊ သေဆုံးခဲ့တဲ့ သူက ရဲတပ်ကြပ် ရဲမြင့်ပါ” ဟု အင်ပင်ရဲစခန်းမှူးရဲအုပ် မင်းသက်လွင်က ပြောသည်။
ပေါက်တူးဖြင့် ခုတ်ခဲ့သူ ကိုအောင်ကျော်ဝင်းကို ရွာသားများဝိုင်းဝန်း ဖမ်းဆီးပေးမှုကြောင့် အင်ပင်ရဲစခန်းအပိုင် ကုန်းကြီးကျေးရွာ လယ်ကွင်းထဲတွင် ဖမ်းဆီးမိခဲ့ကြောင်း အင်ပင်ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မြန်အောင်မြို့နယ်၊ စမ်းရွာကြီးကျေးရွာတွင် နေထိုင်သူ အောင်ကျော်ဝင်းနှင့် အတူ အခြားအချုပ်သား တစ်ဦးကို အင်ပင်ရဲစခန်းရှေ့ ရဲသက်သာစိုက်ခင်းတွင် အလုပ်ခိုင်းနေစဉ် အောင်ကျော်ဝင်းက ရဲတပ်ကြပ်နှင့် အတူ လုပ်ကိုင်နေသူ အချုပ်သား နှစ်ဦးစလုံးအား ပေါက်တူးဖြင့်ခုတ်ကာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
သတင်း - MMK
အင်ပင်ရဲစခန်း ရဲသက်သာ စိုက်ခင်းတွင် မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးခြင်း ခံထားရသူ တစ်ဦးအား စိုက်ခင်း အလုပ်ခိုင်း နေစဉ် တာဝန်ကျ ရဲတပ်ကြပ်အား ပေါက်တူးဖြင့် ခုတ်၍ ထွက်ပြေးခဲ့သဖြင့် အခုတ်ခံရသူ ရဲတပ်ကြပ်အား ရန်ကုန် ဆေးရုံသို့ ပို့ဆောင်စဉ် အင်္ဂပူမြို့နယ်တွင် သေဆုံးခဲ့ကြောင်း အင်ပင်ရဲစခန်းမှ
သိရသည်။
“ဖြစ်စဉ်က အမှန်ပါ၊ သေဆုံးခဲ့တဲ့ သူက ရဲတပ်ကြပ် ရဲမြင့်ပါ” ဟု အင်ပင်ရဲစခန်းမှူးရဲအုပ် မင်းသက်လွင်က ပြောသည်။
ပေါက်တူးဖြင့် ခုတ်ခဲ့သူ ကိုအောင်ကျော်ဝင်းကို ရွာသားများဝိုင်းဝန်း ဖမ်းဆီးပေးမှုကြောင့် အင်ပင်ရဲစခန်းအပိုင် ကုန်းကြီးကျေးရွာ လယ်ကွင်းထဲတွင် ဖမ်းဆီးမိခဲ့ကြောင်း အင်ပင်ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မြန်အောင်မြို့နယ်၊ စမ်းရွာကြီးကျေးရွာတွင် နေထိုင်သူ အောင်ကျော်ဝင်းနှင့် အတူ အခြားအချုပ်သား တစ်ဦးကို အင်ပင်ရဲစခန်းရှေ့ ရဲသက်သာစိုက်ခင်းတွင် အလုပ်ခိုင်းနေစဉ် အောင်ကျော်ဝင်းက ရဲတပ်ကြပ်နှင့် အတူ လုပ်ကိုင်နေသူ အချုပ်သား နှစ်ဦးစလုံးအား ပေါက်တူးဖြင့်ခုတ်ကာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
သတင်း - MMK
ရန်ကုန်မြို့မင်္ဂလာဈေး မီးလောင်မှုမှာ ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်းလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေ ကျပ်သိန်းပေါင်း (၃၆၆၀၂)သိန်းခန့် ပျက်စီးဆုံးရှုံး

ဇန်နဝါရီလ ၉ရက်နေ့မနက် ၁နာရီ မိနစ် ၂၀ ခန့်က လောင်ကျွမ်းခဲ့သည့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာဈေး မီးလောင်မှုမှာ ဆိုင်ခန်းပေါင်း (၁၆၃၆)ခန်း လောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေ သိန်းပေါင်း(၃၆၆၀၂)သိန်းဖိုး ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးမြင့်ထွေးက ပြောပါသည်။
အဆိုပါမီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား ၃၅၀ဦး၊ကြက်ခြေနီတပ်ဖွဲ့မှ အင်အား ၁၆၀ဦး၊တပ်မတော်မှ အင်အား ၁၈၀ဦး၊မီးသတ်တပ်ဖွဲ့မှ အင်အား ၈၅၀ဦး တို့ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြပြီး တာမွေမြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးသာ ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ပါသည်။
မီးလောင်ကျွမ်းမှုမှာ စားသောက်ဆိုင်များ ဆေးဝါးပစ္စည်းဆိုင်များ အလှကုန်ပစ္စည်းဆိုင်များ နှင့် အိမ်သုံးပစ္စည်းဆိုင်များ ပါဝင်ခဲ့သည်။
အခုလက်ရှိမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲသည့် မင်္ဂလာဈေးဝင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် အင်အား ၁၆၀ဦးနဲ့ လုံခြုံရေး ဆောင်ရွက်ပေးနေတယ်လို့ သိရပါသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (FACEBOOK)
လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားတဦး ထပ်မံသေဆုံး
ဗြိတိန်နိုင်ငံသား ဟန်နာဝစ်သာရစ်ခ်ျနဲ့ ဒေးဗစ်မေလာတို့ အသတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ၊ လိပ်ကျွန်းပေါ်မှာ နိုင်ငံခြားသားတဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Islandecho သတင်းမှာ ဇန်န၀ါရီ ၈ ရက်နေ့က ဖော်ပြပါတယ်။
သေဆုံးသူ အသက် ၂၇ နှစ်အရွယ် လုခ်မေလာဟာ ၅ ပတ်ကြာ အားလပ်ရက်ခ ရီးအဖြစ် သူငယ်ချင်းတဦးနဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တည်းက ဗြိတိန်နိုင်ငံမှ ထွက်ခွာလာခဲ့တာပါ။
သူ့ရဲ့သေဆုံးမှုကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အတည်ပြုပေးခဲ့ပြီး ဘာကြောင့် သေဆုံးရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
မီလာဟာ ထိုင်းနိုင်ငံ မလာရောက်ခင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ရှင်သန်နေတဲ့ဘ၀ အပြည့်အ၀ရရှိရန်”လို့ ရေးသားခဲ့တာပါ။
ဗြိတိန်နိုင်ငံခြားရေးရာနဲ့ ဓနသဟာယဆိုင်ရာရုံးရဲ့ဇန်န၀ါရီလ ၈ ရက်နေ့ညနေပိုင်းမှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ “ကျနော်တို့ ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ သေဆုံးသွားတဲ့ (လုခ်မေလာရဲ့) မိသားစုဝင်တွေကို ကူညီပေးနိုင်ဖို့ လုပ်နေပါတယ်။ ထိုင်းတာဝန်ရှိသူတွေက ခုလိုသေဆုံးရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးနေကြပြီး ကျနော်တို့ အနေနဲ့ သူတို့နဲ့ ဆက်သွယ်ဖို့ ရှိနေပါတယ်”လို့ ဖော်ပြပါတယ်။
DVB
ပြည်ခိုင်ဖြိုးရွာ အမည်ကျောက်တိုက်တွေ လိုက်လံဖျက်သိမ်း
ပြည်ခိုင်ဖြိုးရွာ နာမည်တပ်ထားတဲ့ မြင်းခြံမြို့နယ် သစ်ရုံကျေးရွာကို တွေ့ရစဉ်
Photo: Hset Paing Toe/RFA
မန္တလေးတိုင်းဒေသကြီး ငန်းဇွန်၊ တောင်သာ၊ မြင်းခြံနဲ့
နွားထိုးကြီးမြို့နယ်တို့က ကျေးရွာအတော်များများ မှာ ခြင်္သေ့ပုံနဲ့
"ပြည်ခိုင်ဖြိုးရွာ" လို့ နာမည်တပ်ထားတဲ့ ကျောက်တိုင်တွေကို
သက်ဆိုင်ရာမြို့နယ်အလိုက် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက
လိုက်လံဖျက်သိမ်းနေတယ်လို့ သိရပါတယ်။
မြင်းခြံမြို့နယ် သစ်ရုံကျေးရွာမှာရှိတဲ့ "ပြည်ခိုင်ဖြိုးရွာ" ကျောက်တိုင်တွေကို ပါတီတာဝန်ရှိသူတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်ကစပြီး ကျေးရွာထံအပ်နှံကြောင်းနဲ့ ရွာခံတွေက အရင်ရွာနာမည်အတိုင်း စိုက်ထူချင်တယ်လို့ ပြောတဲ့အခါ ရွာနာမည်နဲ့ ကျောက်တိုင်စိုက်ထူပေးခဲ့တာ ဖြစ်တယ်လို့ သစ်ရုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ပြောပါတယ်။
"ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်ကို ပြောင်းပြီး သစ်ရုံကျေးရွာ တပ်လို့ရပြီလေ၊ ရွာက ကလေးတွေကလည်း နိုဝင်ဘာ ၄ ရက်နေ့မှာ ဖျက်ကြတယ်၊ ဆိုင်းဘုတ်ပြန်လုပ်ချင်တယ်ပေါ့၊ သစ်ရုံကျေးရွာအုပ်စုက ကြိုဆိုပါ၏ ဒါလေးတော့ ဖြစ်သင့်တယ်ပေါ့၊ ဒါလည်းကောင်းပါတယ်ဆိုပြီး တခါတည်း ညတွင်းချင်း ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်ဖျက်ပြီး သစ်ရုံကျေးရွာအုပ်စု လို့လာရေးပါတယ်"
မြင်းခြံခရိုင်အတွင်း ငန်းဇွန်၊ တောင်သာ၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေက ကျေးရွာတွေမှာ ခြင်္သေ့ပုံနဲ့အတူ "ပြည်ခိုင်ဖြိုးရွာ"လို့ ရေးထားတာတွေကို မတွေ့ရတော့ပဲ ကျေးရွာနာမည် တစ်ခုတည်းကိုပဲ ပြန်လည်ပြင်ဆင် ထားတာ ဖြစ်ပါတယ်။
အဲဒီကျေးရွာတွေမှာ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကတည်းက ကြံ့ခိုင်ဖံွ့ဖြိုးရေး ပါတီရဲ့ နာမည်တွေကို ပေးထား တာ ဖြစ်ပါတယ်။
အဲဒီဒေသတ၀ိုက်ဟာ ပြီးခဲ့တဲ့နှစ်က ကွယ်လွန်သွားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့ ဇာတိဖြစ်ပြီး သူ့ရဲ့ သြဇာလွှမ်းမိုးမှု ခံရတဲ့ဒေသဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဇာဏီထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
RFA
မြင်းခြံမြို့နယ် သစ်ရုံကျေးရွာမှာရှိတဲ့ "ပြည်ခိုင်ဖြိုးရွာ" ကျောက်တိုင်တွေကို ပါတီတာဝန်ရှိသူတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်ကစပြီး ကျေးရွာထံအပ်နှံကြောင်းနဲ့ ရွာခံတွေက အရင်ရွာနာမည်အတိုင်း စိုက်ထူချင်တယ်လို့ ပြောတဲ့အခါ ရွာနာမည်နဲ့ ကျောက်တိုင်စိုက်ထူပေးခဲ့တာ ဖြစ်တယ်လို့ သစ်ရုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ပြောပါတယ်။
"ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်ကို ပြောင်းပြီး သစ်ရုံကျေးရွာ တပ်လို့ရပြီလေ၊ ရွာက ကလေးတွေကလည်း နိုဝင်ဘာ ၄ ရက်နေ့မှာ ဖျက်ကြတယ်၊ ဆိုင်းဘုတ်ပြန်လုပ်ချင်တယ်ပေါ့၊ သစ်ရုံကျေးရွာအုပ်စုက ကြိုဆိုပါ၏ ဒါလေးတော့ ဖြစ်သင့်တယ်ပေါ့၊ ဒါလည်းကောင်းပါတယ်ဆိုပြီး တခါတည်း ညတွင်းချင်း ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်ဖျက်ပြီး သစ်ရုံကျေးရွာအုပ်စု လို့လာရေးပါတယ်"
မြင်းခြံခရိုင်အတွင်း ငန်းဇွန်၊ တောင်သာ၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေက ကျေးရွာတွေမှာ ခြင်္သေ့ပုံနဲ့အတူ "ပြည်ခိုင်ဖြိုးရွာ"လို့ ရေးထားတာတွေကို မတွေ့ရတော့ပဲ ကျေးရွာနာမည် တစ်ခုတည်းကိုပဲ ပြန်လည်ပြင်ဆင် ထားတာ ဖြစ်ပါတယ်။
အဲဒီကျေးရွာတွေမှာ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကတည်းက ကြံ့ခိုင်ဖံွ့ဖြိုးရေး ပါတီရဲ့ နာမည်တွေကို ပေးထား တာ ဖြစ်ပါတယ်။
အဲဒီဒေသတ၀ိုက်ဟာ ပြီးခဲ့တဲ့နှစ်က ကွယ်လွန်သွားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့ ဇာတိဖြစ်ပြီး သူ့ရဲ့ သြဇာလွှမ်းမိုးမှု ခံရတဲ့ဒေသဖြစ်ပါတယ်။
RFA
ရက္ခိုင့်တပ်မတော်ကို အပြီး တိုင်ချေမှုန်းသွားမယ်လို့ မြန်မာ့ တပ်မတော် ပြောကြား
Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်
Photo: Arakan Army
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ကြိုးစားနေချိန်မှာ
ရက္ခိုင့်တပ်မတော် AA အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို
ပျက်ပြားအောင် ဆောင်ရွက်နေကြောင်းနဲ့ AA အဖွဲ့ကို
အပြီးတိုင်ရှင်းလင်းတိုက်ခိုက် ချေ မှုန်းသွားမှာဖြစ်ကြောင်း တပ်မတော်က
သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ရက်နေ့ကနေ ဒီနှစ် ဇန်န၀ါရီလ ၄ရက်နေ့အထိ ၈ရက်အတွင်း AA နဲ့ အစိုးရတပ်မတော် တို့အကြား တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က တပ်ရင်းမှူးတစ်ဦးနဲ့ အရာရှိစစ်သည်တချို့ ကျဆုံး ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် AA တပ်ဖွဲ့ဝင်တွေဟာ အဖွဲ့ငယ်တွေ ဖြန့်ကျက်ပြီး ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်တွေက ကျေးရွာတွေမှာ အရပ်သားတွေအဖြစ် ခိုအောင်းနေကြောင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်ငူကျေးရွာအနီးမှာ တောင်ယာလုပ်ကိုင်နေတဲ့ ရွာခံ ၇ဦး ဖမ်းဆီးထားကြောင်းလည်း ပါရှိပါတယ်။
AA အဖွဲ့က အဲဒီရွာခံ ၇ဦးကို ဖမ်းဆီးထားတာ မဟုတ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတဲ့အတွက် ယာယီစောင့်ရှောက်ပေးထားတာဖြစ်ပြီး ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA ဘက်က ပြောပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ကြားမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒီရက်ပိုင်းအတွင်း ရန်ကုန်-စစ်တွေလမ်းမှာ ယာဉ်အ၀င်အထွက်တွေကို စီစစ်နေတယ်လို့ သိရပါတယ်။
ကုန်ကားတွေ၊ လိုင်းကားတွေနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်တာတွေ ရှိနေတဲ့အတွက် တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး လက်နက်ခဲယမ်းတွေ ဝင်ရောက်မလာဖို့ စီစစ်နေတာလို့ ကျောက်တော်မြို့မှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
"ဧပြီလတုန်းကလည်း ကုန်ကားတွေနဲ့ လက်နက်ခဲယမ်းတွေ တင်ပို့တယ်ဆိုတဲ့ စစ်ဆေးဖော်ထုတ်ချက်အရ နဂိုကတည်းက စစ်ဆေးနေတာ၊ အခုကတော့ ပိုပြီးတော့န်မြှင့် ဆောင်ရွက်တာပေါ့၊ ကျနော်တို့ ဒီကိစ္စပြီးသွားရင် ပုံမှန်တော့ဆောင်ရွက်သွားရမယ်၊ ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးဝါးတွေ ဝင်မလာဖို့အတွက် ကျနော်တို့က ပုံမှန်တော့ဆောင်ရွက်သွားရမှာပေါ့"
လုံခြုံရေးကို ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနဲ့ အစိုးရတပ်မတော်တို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့ ဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီး ကျီရွာပြင်ရွာက အုပ်ချုပ်ရေးမှူး ဦးတင်အေးမောင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ရက်နေ့ကနေ ဒီနှစ် ဇန်န၀ါရီလ ၄ရက်နေ့အထိ ၈ရက်အတွင်း AA နဲ့ အစိုးရတပ်မတော် တို့အကြား တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က တပ်ရင်းမှူးတစ်ဦးနဲ့ အရာရှိစစ်သည်တချို့ ကျဆုံး ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် AA တပ်ဖွဲ့ဝင်တွေဟာ အဖွဲ့ငယ်တွေ ဖြန့်ကျက်ပြီး ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်တွေက ကျေးရွာတွေမှာ အရပ်သားတွေအဖြစ် ခိုအောင်းနေကြောင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်ငူကျေးရွာအနီးမှာ တောင်ယာလုပ်ကိုင်နေတဲ့ ရွာခံ ၇ဦး ဖမ်းဆီးထားကြောင်းလည်း ပါရှိပါတယ်။
AA အဖွဲ့က အဲဒီရွာခံ ၇ဦးကို ဖမ်းဆီးထားတာ မဟုတ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတဲ့အတွက် ယာယီစောင့်ရှောက်ပေးထားတာဖြစ်ပြီး ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA ဘက်က ပြောပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ကြားမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒီရက်ပိုင်းအတွင်း ရန်ကုန်-စစ်တွေလမ်းမှာ ယာဉ်အ၀င်အထွက်တွေကို စီစစ်နေတယ်လို့ သိရပါတယ်။
ကုန်ကားတွေ၊ လိုင်းကားတွေနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်တာတွေ ရှိနေတဲ့အတွက် တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး လက်နက်ခဲယမ်းတွေ ဝင်ရောက်မလာဖို့ စီစစ်နေတာလို့ ကျောက်တော်မြို့မှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
"ဧပြီလတုန်းကလည်း ကုန်ကားတွေနဲ့ လက်နက်ခဲယမ်းတွေ တင်ပို့တယ်ဆိုတဲ့ စစ်ဆေးဖော်ထုတ်ချက်အရ နဂိုကတည်းက စစ်ဆေးနေတာ၊ အခုကတော့ ပိုပြီးတော့န်မြှင့် ဆောင်ရွက်တာပေါ့၊ ကျနော်တို့ ဒီကိစ္စပြီးသွားရင် ပုံမှန်တော့ဆောင်ရွက်သွားရမယ်၊ ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးဝါးတွေ ဝင်မလာဖို့အတွက် ကျနော်တို့က ပုံမှန်တော့ဆောင်ရွက်သွားရမှာပေါ့"
လုံခြုံရေးကို ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနဲ့ အစိုးရတပ်မတော်တို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့ ဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီး ကျီရွာပြင်ရွာက အုပ်ချုပ်ရေးမှူး ဦးတင်အေးမောင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA
မင်္ဂလာဈေး မီးလောင်ကျွမ်းမှု
နံနက် ၃နာရီ ၂၅ မိနစ်အချိန်ထိ မင်္ဂလာဈေးမီးမှာ အားကောင်းစွာဆက်လက်လောင်ကွမ်းနေဆဲဖြစ်ပြီး မူလလောင်နေသာ ၃လွှာမှ လေးလွှာသို့ကူးစက်လောင်ကျွမ်းနေကြောင်း ထိုနေရာသို့ရောက်ရှိနေသော သတင်းထောက်ကသတင်းပေးပို့သည်။ အပူရှိန်ကိုဘေးပတ်ဝန်းကျင်မှပင်သိသာ စွာခံစားနေရကြောင်းထိုနေရာတွင်ရောက်ရှိနေကြသူများကပြောသည်


(3:55 AM)
မင်္ဂလာဈေး မီးလောင်ကျွမ်းမှု .. ရုပ်သံ (3:55 AM)
Posted by 7Day News Journal on Friday, January 8, 2016
မင်္ဂလာဈေးမီးသည် နံနက် ၄နာရီထိုးသည်အထိ အားကောင်းစွာဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကာ အထက်ရှိအထပ်များသို့ ကူးစက်လောင်ကျွမ်းနေသည်။ မီးသတ်ကားအစီးရေ ၅၀ဖြင့် ကြိုးစားငြိမ်းသတ်နေရသည်ဟု မီးသတ်ကထုတ်ပြန်ထားသည်။ ၂၀၁၀ ခုနှစ်မေလကမင်္ဂလာဈေးတွင် လောင်ကျွမ်းခဲ့သောမီးထက် လက်ရှိလောင်ကျွမ်းနေသောမီးမှာပိုမိုပြင်းထန်သည်။မီးလောင်ကျွမ်းမှုကို level ၆အဆင့်ထိ့သတ်မှတ်ထားကြောင်း 7 Day သတင်းထောက်ကသတင်းပေးပို့သည်။ ဓာတ်ပုံ-နစ်ကီ ၊ ကြူကြူဟန်


မင်္ဂလာဈေးမီးမှာ နံနက် ၅နာရီခွဲဝန်းကျင်တွင် မီးညွှန့်ကျိုးသွားပြီဖြစ်သည်။ လေးနာရီခန့်ကြာအရှိန်အဟုန်းပြင်းပြင်းဖြင့်
လောင်ခဲ့သောမီးကို ၅ နာရီ ခွဲ ခန့်တွင်မီးညွှန့်ကျိုးအောင် မိသပ်တပ်ဖွဲ့ဝင်များက ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ခြင်းဖြစ်သည်။ အောက်ထပ်များသို့မီးမကူးအောင် ထိန်းထားနိုင်သောအခြေအနေဖြစ်ကြောင်း လည်း အခင်းဖြစ်ပွားရာနေရာမှ 7 Day သတင်းထောက်ကသတင်းပေးပို့သည်။

နံနက်ခြောက်နာရီ ဝန်းကျင်တွင် မီးသပ်တပ်ဖွဲ့ဝင်များကမင်္ဂလာ ဈေးပေါ်သို့အသက်ကယ်လှေကားမှတက်ကာ အတွင်းတွင်လှိုက်လောင်နေသောမီးကို ငြှိမ်းသတ်နေပြီဖြစ်သည်။ ဈေးပတ်ပတ်လည်မှလည်းဟိုက်ဒရောလစ်လှေကားများပေါ်
မှရေပတ်ဖြန်းကာငြှိမ်းသတ်နေသောကြောင့်မီးကိုထိန်းထားနိုင်နေ
ပြီဖြစ်ကြောင်း 7 Day သတင်းထောက်ကသတင်းပေးပို့သည်။


နံနက် ၇ နာရီ မင်္ဂလာဈေးမီးမြင်ကွင်း



7 Day
မြန်မာ့ ပယင်းကျောက်တွင်းမှ နှစ်သန်း ၁၀၀ သက်တမ်းရှိ ကပ်ပါးကောင်ကို တွေ့ရှိ
တရုတ်နိုင်ငံသားတဦးပိုင် မြန်မာနိုင်ငံထွက် ပယင်းကျောက်တွင်းမှ နှစ်သန်း ၁၀၀ သက်တမ်းရှိ ကပ်ပါးကောင်တကောင်ကို တွေ့ရှိခဲ့တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုအသစ်တရပ်မှာ ဖော်ပြပါတယ်။
သုတေသနပညာရှင်တွေရဲ့အဆိုအရ အဲဒီကပ်ပါးကောင်ဟာ တောင်ပံပါရှိပြီး သမိုင်းမှာ တခါမှ မတွေ့ဖူးခဲ့သေးဘူးလို့ ဆိုပါတယ်။
ဒီအင်းဆက်ကပ်ပါးကောင်တွေရဲ့ နေထိုင်ရှင်သန်မှုဟာ ကမ္ဘာပေါ်မှာ ဒိုင်နိုဆော မျိုးစိတ်တွေ ရှင်သန်နေထိုင်ချိန်ကာလကတည်းက ဖြစ်တာမို့ ဒါဟာ တော်တော်ရှုပ်ထွေးတဲ့ စနစ်တခုဖြစ်တယ်လို့ ဆိုပါတယ်။
အရှည် ၁ စင်တီမီတာရှိတဲ့ အဲဒီမျိုးစိတ်ကို တရုတ်ဘာသာစကား ဇန် (အပ်လို့အမည်ရ) နဲ့ ဇီယာ (နွေဦးရာသီလို့အမည်ရ) ပေါင်းစပ်ပြီး နောက်မှာ လက်တင်ဘာသာစကားလုံးပေါင်းထည့်ကာ “ဇန်နီယာဇီယာရီ”လို့ အမည်ပေးခဲ့တယ်လို့ ဆောက်သ်ချိုင်းနားမောနင်းပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဒီတွေ့ရှိမှုကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆုခရိုင် နန်ကျင်း ဘူမိဗေဒနဲ့ ကျောက် ဖြစ်ရုပ်ကြွင်းဆိုင်ရာ တက္ကသိုလ်မှ ဒေါက်တာဝမ်ဘို ဦးစီးတဲ့ သဘာဝသိပ္ပံဂျာနယ်မှာ ဖော် ပြခဲ့တာပါ။
သုတေသနပညာရှင်တွေက ဒီတွေ့ရှိမှုဟာ အင်းဆက်တွေရဲ့ ဆင့်ကဲဖြစ်စဉ်ကို လေ့လာမှု ပြုလုပ်ရာမှာ အဓိကဆန်းသစ်ပြောင်းလဲမှုတရပ်ဖြစ်တယ်လို့ ရေးသားခဲ့ကြ တာပါ။
DVB
ဝါးဒက်ကွင်းမြေပေါ်တွင် အိမ်မဲ့ယာမဲ့များကို တရားဝင်နေရာချထားပေးခြင်း မရှိဟုဆို
မော်လမြိုင်၊ ဇန်န၀ါရီ ၈
မွန်ပြည်နယ်၊
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ် ဝါးဒက်ကွင်းမြေသည် မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံခန့်ခွဲပိုင်ခွင့်မြေ
မဟုတ် သလို အိမ်မဲ့ ယာမဲ့များအတွက် တရားဝင် နေရာချပေးထားသည့်မြေမဟုတ်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က
ပြောသည်။
အိမ်မဲ့ယာမဲ့များအတွက်
လူနေရပ်ကွက်အသစ်တိုးချဲ့တည်ဆော က်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ်က မြေ ၉၂ ဧကကို နေရာချ
ထားပေးသည်ဟု ဒေသခံများ၏ ပြောဆိုချက်အပေါ် မွန်ပြည်နယ်အစိုးရက ထိုကဲ့သို့ တုန့်ပြန် ပြောဆိုလိုက်ခြင်း
ဖြစ်သည်။
ဝါးဒက်ကွင်းမြေသည်
စက်မှုဝန်ကြီးဌာနပိုင်မြေဖြစ်ပြီး ယင်းမြေများအနက်မှ အိမ်မဲ့ယာမဲ့များအတွက် နေရာချထားပေးနိုင်ရန်
မြေဧက ၂၀ ကို ပြည်နယ်အစိုးရ စီမံခန့်ခွဲပိုင်ခွင့်မြေအဖြစ် နိုင်ငံတော်ထံ လျှောက်ထားဆဲဖြစ်ကာ
အိမ်မဲ့ယာမဲ့များကို ယာယီ နေရာချထားပေးခြင်းသာဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးမျိုးညွန့်က ပြောသည်။
“မကျသေးဘူး၊ ပြောရရင်တော့ လက်ရှိက ကျူးနေတာပဲ ရှိနေမယ်၊
တရားဝင် မြေမပေးသေးဘူး၊ ယာယီနေရာချထားတာပဲ ရှိတယ်၊ အိမ်မဲ့ ယာမဲ့တွေကို ယာယီဖြေရှင်းပေးထားတဲ့
သဘောပဲရှိတယ်၊ ဘာမှကို တရားဝင် မကျသေးဘူး”ဟု ၀န်ကြီး ဦးမျိုးညွှန့်က ဆိုသည်။
ယာယီနေထိုင်ခွင့်ကို
ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် အောက်ခြေရှိ မြို့နယ်၊ ကျေးရွာ ကော်မတီ ၃ ရပ်၊ ကော်မတီ
၎ ရပ်တို့က စီစဉ်ဆောင်ရွက်ပေးထားသော်လည်း ယနေ့ချိန်ထိ တရားဝင်မဖြစ်သေးဟု ၄င်းက ဆက်ပြောသည်။
သို့သော်
အိမ်မဲ့ ယာမဲ့များကမူ ထိုမြေသည် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ပေးထားသည့်မြေဖြစ်သော်လည်း
တိုက်နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့က အိမ်ကွက်ဖော်ဆောင်ပေးခြင်း
မရှိဘဲ ရာဘာစိုက်ခင်းများ ပြုလုပ်ခြင်း၊ မြေကွက်ဖော် ရောင်းစားခြင်း၊ ခြံစည်းရိုးကာ
အပိုင်ယူထားခြင်းများ ပြုလုပ်နေသည်ဟု ပြောသည်။
အဆိုပါ
မြေသည် တရားဝင်စီမံခန့်ခွဲပိုင်ခွင့်ြေ မ မဖြစ်သေးသည့်အတွက် မြေကွက်ဖော်ခြင်းများ ရောင်းစားခြင်းများပြုလုပ်ပါက
ပြုလုပ်သူကသာ တာဝန်ယူ ဖြေရှင်းပေးရမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးမျိုးညွန့်က ပြောသည်။
လက်ရှိအနေအထားအရ
ဝါးဒက်ကွင်းကျေးရွာရှိ အိမ်မဲ့ ယာမဲ့တို့၏ တဲအိမ်များကို ဘူဒိုဇာဖြင့် ဝင်ရောက်ဖျက်ဆီးခြင်းများ
ရှိခဲ့သဖြင့် နှစ်ဘက် ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့ပြီး ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေး မှူး
ဦးမျိုးအောင်မှ တရားလိုပြုလုပ်ကာ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ-၅၀၅ (ခ) ဖြင့် ထိပ်တိုက်တွေ့ဆုံသူ
ခေါင်းဆောင် ၃ ဦးကို အမှုဖွင့်ထားသည်။
အဆိုပါ
အိမ်မဲ့ ယာမဲ့ပြဿနာကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၆ ရက်နေ့က မော်လမြိုင်အခြေစိုက်
မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ယက် SMJN ရုံးခန်းတွင် အိမ်မဲ့ ယာမဲ့သူတို့က သတင်းစာရှင်းလင်းပွဲ
လာသူစဉ် ထိပ်တိုက်တွေ့ဆုံသူ ခေါင်းဆောင် ၃ ဦးမှ ဦးမောင်ရွှေဆိုသူအား ရဲတို့က ဖမ်းဝရမ်းဖြင့်
လာရောက်ဖမ်းဆီးသွားခဲ့သည်။
|Dawei
Watch|
ဒေါ်လာ ၂၁ သန်း လိုအပ်နေကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ ပြောကြား
![]() |
ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ Myanmar Peace Centre ရုံးကို တွေ့ရစဉ်။ Photo: RFA |
ဒီကနေ့ ရန်ကုန်မြို့ ရွှေလီလမ်းမှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ဝင်တွေ နှစ်ရက် ကြာဆွေးနွေးပွဲအပြီးမှာ မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်းအရာရှိ ဒေါက်တာမင်းဇော်ဦးက ပြောတာဖြစ် ပါတယ်။
"လုပ်ငန်းကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ ကျနော်တို့သိပြီ၊ ဘယ်လို့ ဖွဲ့စည်းပုံတွေ ထားမယ်ဆိုတာ သိပြီ၊ ဘယ်လောက်ကုန်ကျသလဲဆိုတာ တွက်တာသိပြီဆိုတော့ အဲဒီ့ဟာတွေကို ဘယ်လိုပုံစံမျိုးနဲ့ လိုအပ် တဲ့ငွေကြေးဘတ်ဂျက်ကို ရအောင်လုပ်မလဲဆိုတာ နိုင်ငံတကာကလည်းဖြစ်မယ် ပြင်တွင်းမှာလည်းဖြစ်နိုင် တယ်ပေါ့နော်၊ အခုကတော့ နိုင်ငံတကာကို အဓိကပြောထားပြီးပြီ"
အဲဒီအမေရိကန်ဒေါ်လာ ၂၁ သန်းဟာ ၃ နှစ်အတွက် လျာထားတာဖြစ်ပြီး တစ်နှစ်ကို အမေရိကန် ၇ သန်းကနေ ၈ သန်းအထိ ကုန်ကျမှာဖြစ်ပြီး ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ JMC အတွက် အဆောက်အအုံဆောက်လုပ်ဖို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ်အဆင့် JMC အဖွဲ့ကို ရှမ်းပြည်နယ် ခိုလန်မြို့မှာ မနက်ဖြန်ကနေ စတင်ဖွဲ့စည်းမှာဖြစ်သလို ရှမ်းပြည် ပြန်လည်ထူးထောင်ရေးကော်စီ RCSS အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံကြမှာဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့်ဖွဲ့စည်းထားတဲ့ JMC အဖွဲ့ဝင်တွေ လိုအပ်နေတဲ့ အမေရိကန်ဒေါ်လာ ၂၁ သန်းရရှိရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
RFA Burmese
Friday, January 8, 2016
ပြည်ထောင်စုကြီးမှာ ကောက်သစ်ပေါ်စပြုနေပြီ – ဒေါ်အောင်ဆန်းစုကြည်
ပြည်ထောင်စုကြီးမှာ တချိန်က တိုင်းရင်းသားလူမျိုးတွေစိုက်ပျိုးခဲ့ကြတဲ့ ကောက်သစ်တွေ ပေါ်စပြုနေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဇြန်န၀ါရီလ ၁၀ ရက် ကျရောက်မယ့် (၇၈) ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်သ၀ဏ်လွှာမှာ ပြောကြားလိုက်တာဖြစ်ပြီး တိုင်းရင်းသားလူမျိုးတိုင်းက ရိပ်သိမ်းခဲ့တဲ့ ကောက်သစ်တွေကို အတူစားသောက်ကြရင်း ညီညွတ်မှု၊ စည်းလုံးမှုကို ပြသကြဖို့နဲ့ ပြည်ထောင်စုရဲ့ ထာဝရငြိမ်းချမ်းရေးကို အတူရှာဖွေကြဖို့လည်း ပြောပါတယ်။
DVB
ယူကရိန်းအနာက်ပိုင်းသို့ တခြားကမ္ဘာမှဂြိုဟ်သားများ လာရောက်လည်ပတ်ဟုဆို (ရုပ်သံ)
ယူကရိန်းနိုင်ငံအနောက်ပိုင်း၊ ရိုဇော့ဗ်ကာမြို့အနီးမှာ အမျိုးအမည်မသိယာဉ်တစီး ဖြတ်သန်းသွားခဲ့ပြီးနောက်မှာ မျက်မြင်တွေ့ရှိခဲ့သူတွေက ဒါဟာ တခြားကမ္ဘာက ဂြိုဟ် သားတွေလာရောက်လည်ပတ်တာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
အဲဒီ အမျိုးအမည်မသိယာဉ် (ယူအက်ဖ်အို) ဟာ မြို့အနီးကောင်းကင်ပေါ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဖြတ်သန်းသွားခဲ့တာလို့ ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဖော်ပြပါတယ်။
စီစီတီဗွီကင်မရာမှာ ဖမ်းယူရရှိခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ အဖြူရောင်အရာဝတ္ထုဟာ တိမ်ထဲကို လျင်မြန်စွာပဲ ဖြတ်သန်းသွားခဲ့တာကိုတွေ့ရပြီး ဘာဆိုတာကို သဲသဲကွဲ ကွဲမတွေ့ရဘူးလို့ ဆိုပါတယ်။
မျက်မြင်သက်သေတွေရဲ့အဆိုအရ အဲဒီယာဉ်မှာ တောင်ပံတွေကို သတိမထား မိခဲ့ပဲ ဒါဟာ လေယာဉ်တစီးမဟုတ်ဘူးလို့ ဆိုပါတယ်။
မြို့ပြနဲ့ စစ်ဘက်လေကြောင်းဆိုင်ရာတာဝန်ရှိသူတွေက ခုတွေ့ရှိရတဲ့ မှတ်တမ်း တင်ဗွီဒီယိုဖိုင်ထဲမှာ လေယာဉ်တစီးလို့ ယူဆရတဲ့မှတ်တမ်းမရှိဘူးလို့ ပြောပါတယ်။
ဒေသတွင်းအင်တာနက်ဖိုရမ်အသုံးပြုသူတဦးက “ဒီအရာဝတ္ထုဟာ ဆောင်းဦးရာ သီကတည်းက ဒီအနီးအနားတ၀ိုက်မှာ ပျံဝဲနေခဲ့တာ” လို့ ပြောပါတယ်။
“ကျနော်ဒါကို ၂ ကြိမ်လောက်တွေ့ပြီးပါပြီ။ တခါတရံမှာ အဲဒီအရာဟာ မြို့ဆီကို ဦးတည်ပျံသန်းနေပြီး တခါတလေတော့ ပြောင်းပြန်လမ်းကြောင်းနဲ့ ဆလိုဗက်ကီးယား နိုင်ငံဘက်ကို ဦးတည်ပျံသန်းနေတာကို တွေ့ရတာပါ။ အစကတော့ ဒါကို မိုးလေ၀သပူ ဖောင်းတလုံးလို့ထင်ခဲ့တာ။ ဒါပေမယ့် ဒါကကြီးလွန်းနေတယ်။”
DVB
ငြိမ်းချမ်းရေး ညီလာခံ ရွှေ့ဆိုင်းဖို့ အဖွဲ့အစည်း ၁၂ဝ ကျော် တောင်းဆို
ကရင်နီပြည်နယ်ညီလာခံကို နိုဝင်ဘာလ ၂၂ ရက်နေ့က ကယားပြည်နယ်ဖရူဆိုမြို့နယ်ခန်းမဆောင်မှာ ကျင်းပနေစဉ်
Photo: Nay Thwae/ RFA
တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ
စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ရွှေ့ဆိုင်းပေးဖို့
အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၂ဝ ကျော်က ဇန်နဝါရီလ ၅ ရက်နေ့က ကြေညာချက်
ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်နေဆဲဖြစ်တာကြောင့် အခုလိုတောင်းဆိုတာဖြစ်တယ်လို့ ကရင်နီပြည် လူငယ်များသမဂ္ဂက ကိုထင်အောင်ကျော်က ပြောပါတယ်။
"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို တကယ်တမ်း လက်မှတ်ထိုးသွားတဲ့ အဖွဲ့တွေနဲ့တောင်မှ တိုက်ပွဲဆက်ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ စစ်ရေး၊ နိုင်ငံရေး အာမခံချက်တွေ ဆိုတာလည်း မေးခွန်းထုတ်စရာတွေဖြစ်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုလိုကာလမှာ သေသေချာချာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့အချိန်ဖြစ်တယ်၊ ကျနော်တို့ လူထုတွေအတွက် ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေး မခံစားရပဲဖြစ်သွားမှာ စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ အခုလိုဝိုင်းဝန်းတိုက်တွန်း တောင်းဆိုရခြင်းခြင်းပဲဖြစ်ပါတယ်"
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပမယ်ဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေ မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို လျစ်လျုရှုသလိုဖြစ်နိုင်ကြောင်းနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်မှတ်မရေးထိုးတဲ့ အခြေခံသဘောတရား ကို ပြန်လည်စိစစ်ဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲ့ဒီသဘောထားထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံး၊ ကချင်ကျောင်းသားလူငယ်များ အစည်းအရုံး၊ မွန်ပြည်နယ်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ကချင်အမျိုးသမီးအစည်းအရုံးအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၂ဝ ကျော်က ပါဝင်လက်မှတ်ရေးထိုးထား တာဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတွေ နဲ့ လေ့လာသူတွေ စုစုပေါင်း ၇၅ဝ တက်ရောက်မှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ ၅ ရက်ကြာ နေပြည်တော်မှာ ကျင်းပဖို့ အစိုးရက စီစဉ်ထားတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ (Burma Partnership) အဖွဲ့က ဒေါ်ခင်ဥမ္မာကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့၈ဖွဲ့ထဲက PNLO ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်းကတော့ ဇန်နဝါရီလ ၁၂ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအပေါ် ဝေဖန်မူတွေရှိနေပေမယ့် ညီလာခံကိုတော့ မဖြစ်မနေကျင်းပရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဦးခွန်မြင့်ထွန်းကို ဦးတင်အောင်ခိုင်ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
RFA
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်နေဆဲဖြစ်တာကြောင့် အခုလိုတောင်းဆိုတာဖြစ်တယ်လို့ ကရင်နီပြည် လူငယ်များသမဂ္ဂက ကိုထင်အောင်ကျော်က ပြောပါတယ်။
"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို တကယ်တမ်း လက်မှတ်ထိုးသွားတဲ့ အဖွဲ့တွေနဲ့တောင်မှ တိုက်ပွဲဆက်ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ စစ်ရေး၊ နိုင်ငံရေး အာမခံချက်တွေ ဆိုတာလည်း မေးခွန်းထုတ်စရာတွေဖြစ်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုလိုကာလမှာ သေသေချာချာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့အချိန်ဖြစ်တယ်၊ ကျနော်တို့ လူထုတွေအတွက် ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေး မခံစားရပဲဖြစ်သွားမှာ စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ အခုလိုဝိုင်းဝန်းတိုက်တွန်း တောင်းဆိုရခြင်းခြင်းပဲဖြစ်ပါတယ်"
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပမယ်ဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေ မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို လျစ်လျုရှုသလိုဖြစ်နိုင်ကြောင်းနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်မှတ်မရေးထိုးတဲ့ အခြေခံသဘောတရား ကို ပြန်လည်စိစစ်ဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲ့ဒီသဘောထားထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံး၊ ကချင်ကျောင်းသားလူငယ်များ အစည်းအရုံး၊ မွန်ပြည်နယ်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ကချင်အမျိုးသမီးအစည်းအရုံးအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၂ဝ ကျော်က ပါဝင်လက်မှတ်ရေးထိုးထား တာဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတွေ နဲ့ လေ့လာသူတွေ စုစုပေါင်း ၇၅ဝ တက်ရောက်မှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ ၅ ရက်ကြာ နေပြည်တော်မှာ ကျင်းပဖို့ အစိုးရက စီစဉ်ထားတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ (Burma Partnership) အဖွဲ့က ဒေါ်ခင်ဥမ္မာကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့၈ဖွဲ့ထဲက PNLO ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်းကတော့ ဇန်နဝါရီလ ၁၂ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအပေါ် ဝေဖန်မူတွေရှိနေပေမယ့် ညီလာခံကိုတော့ မဖြစ်မနေကျင်းပရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဦးခွန်မြင့်ထွန်းကို ဦးတင်အောင်ခိုင်ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
RFA
လားရှိုးဒေသမှာ လက်နက်ကိုင်အဖွဲ့ပစ်ခတ်မှု ၃ ဦး သေဆုံး
ဇန်နဝါရီလ ၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်
မန်လုန်းကျေးရွာမှာ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က ကျေးရွာထဲ
ဝင်ရောက်ပစ်ခတ်တာကြောင့် မန်လုန်းရွာခံ ၁ဝဝ ကျော်ဟာ
နေရပ်စွန့်ခွာထွက်သွားနေကြ ပါတယ်။
အဲ့ဒီလို ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး၊ အမျိုးသားနှစ်ဦး သေဆုံးခဲ့သလို ကျေးရွာသူကြီးနဲ့ ရွာသားတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ထွက်ပြေးလာသူတွေကို အကူအညီပေးနေတဲ့ ကျားခေါင်းပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကိုစိုင်းဝမ်းလှိုင်ခမ်းက ပြောပါတယ်။
"တစ်ရွာကလူတွေ ပြေးလာတယ်၊ ရောက်မှ မြို့နဲ့နည်းနည်းနီးတော့မှ မြို့လောက်ရှိတဲ့ နမ့်ပေါင်ရောက်တော့မှ ကျနော်တို့ ပါတီအဖွဲ့တွေကို လာတင်ပြတယ်၊ အဲ့ဒီကနေ ကျနော်တို့ အဖွဲ့တွေကနေ ကျနော်တို့ဆီကို ဖုန်းဆက်ပြီးတော့မှ အဲ့ဒီမှာ ထွက်ပြေးနေရတယ် ရာနဲ့ချီပေါ့နော်၊ အဲ့ဒီမှာ ၃ ယောက်လောက် သေတယ် ကြားရတယ်ခင်ဗျ၊ ကလေးလည်းပါတယ်လို့ ပြောပြတာတော့ ရှိပါတယ်၊ ဖမ်းထားတာတွေလည်းရှိတယ်လို့ ကြားရပါတယ်ခင်ဗျ၊ ၂ ယောက်ပေါ့ သူကြီးကိုဖမ်းထားတယ်၊ နောက်တစ်ယောက်လည်း နှိပ်စက်ထားတယ်လို့ ကျနော်ကြားရတယ်"
ဝင်ရောက်ပစ်ခတ်တဲ့တပ်တွေ ဘယ်သူတွေဆိုတာ အတိအကျ မသိရှိရပါဘူး။
မနေ့ညနေက မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့က မန်လုန်းကျေးရွာအောက်ဘက် နားကာကျေးရွာနဲ့ အနီးတစ်ဝိုက် ရွာတွေက ဒေသခံတွေကို တစ်ရွာ ၅ ယောက်နှုန်းနဲ့ ပစ္စည်းထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့လည်း ကျေးရွာ သားတွေက ပြောပါတယ်။
ထွက်ပြေးလာသူတွေဟာ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုဖြစ်ပြီး တောထဲမှာ ၃ ရက်လောက် ပုန်းအောင်းနေခဲ့ရတယ်လို့ သိရပါတယ်။
RFA
အဲ့ဒီလို ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး၊ အမျိုးသားနှစ်ဦး သေဆုံးခဲ့သလို ကျေးရွာသူကြီးနဲ့ ရွာသားတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ထွက်ပြေးလာသူတွေကို အကူအညီပေးနေတဲ့ ကျားခေါင်းပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကိုစိုင်းဝမ်းလှိုင်ခမ်းက ပြောပါတယ်။
"တစ်ရွာကလူတွေ ပြေးလာတယ်၊ ရောက်မှ မြို့နဲ့နည်းနည်းနီးတော့မှ မြို့လောက်ရှိတဲ့ နမ့်ပေါင်ရောက်တော့မှ ကျနော်တို့ ပါတီအဖွဲ့တွေကို လာတင်ပြတယ်၊ အဲ့ဒီကနေ ကျနော်တို့ အဖွဲ့တွေကနေ ကျနော်တို့ဆီကို ဖုန်းဆက်ပြီးတော့မှ အဲ့ဒီမှာ ထွက်ပြေးနေရတယ် ရာနဲ့ချီပေါ့နော်၊ အဲ့ဒီမှာ ၃ ယောက်လောက် သေတယ် ကြားရတယ်ခင်ဗျ၊ ကလေးလည်းပါတယ်လို့ ပြောပြတာတော့ ရှိပါတယ်၊ ဖမ်းထားတာတွေလည်းရှိတယ်လို့ ကြားရပါတယ်ခင်ဗျ၊ ၂ ယောက်ပေါ့ သူကြီးကိုဖမ်းထားတယ်၊ နောက်တစ်ယောက်လည်း နှိပ်စက်ထားတယ်လို့ ကျနော်ကြားရတယ်"
ဝင်ရောက်ပစ်ခတ်တဲ့တပ်တွေ ဘယ်သူတွေဆိုတာ အတိအကျ မသိရှိရပါဘူး။
မနေ့ညနေက မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့က မန်လုန်းကျေးရွာအောက်ဘက် နားကာကျေးရွာနဲ့ အနီးတစ်ဝိုက် ရွာတွေက ဒေသခံတွေကို တစ်ရွာ ၅ ယောက်နှုန်းနဲ့ ပစ္စည်းထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့လည်း ကျေးရွာ သားတွေက ပြောပါတယ်။
ထွက်ပြေးလာသူတွေဟာ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုဖြစ်ပြီး တောထဲမှာ ၃ ရက်လောက် ပုန်းအောင်းနေခဲ့ရတယ်လို့ သိရပါတယ်။
RFA
ဒီဇင်ဘာလ ၂၈ မှ ဇန်န၀ါရီလ ၄ ရက်အတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အစိုးရတပ်ဘက်မှ သတင်းထုတ်ပြန်
![]() |
( မြန်မာ့ အစိုးရတပ်မတော်မှ ထုတ်ပြန်သော တိုက်ပွဲ ဖြစ်ပွားရာနေရာ) |
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မြန်မာ အစိုးရတပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (အေအေ) တို့သည် ၂၀၁၅ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဇန်န၀ါရီလ ၄ ရက်နေ့အတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ အစိုးရတပ်ဘက်မှ သတင်း ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း အေအေမှ လက်ဖြောင့် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူး ၁ ဦး အပါအ၀င် အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော် အတွက် အသက်ပေးလှူကာ တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြသည်။
အေအေအဖွဲ့မှ အလောင်းသုံးလောင်းနှင့် သေနတ်တစ်လက်၊ ကျည်မျိုးစုံ ၁၂၅၀ တောင့်၊ မိုင်းမျိုးစုံ ၄၄ လုံး၊ လက်ပစ်ဗုံး ၁၀လုံး၊ ယာယီ အခြေပြု စခန်း လူနေတဲ ၁၅ လုံး၊ ဆန် ၄၂ အိတ်၊ ဆီ ၁၅ ပုံး၊ ဆေးဝါးမျိုးစုံတို့အား သိမ်းဆည်းရမိသည်ဟု ဖော်ပြသည်။
ယခု သတင်းထုတ်ပြန်ချက်သည် မြန်မာ အစိုးရ စစ်တပ်ဘက်မှ ပထမအဆုံး အကြိမ် ရက္ခိုင့်တပ်မတော်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး ထုတ်ပြန်ခြင်း ဖြစ်သည်။
တိုက်ပွဲ ဖြစ်ပွားရာ ဒေသမှာ ကျောက်တော်မြို့နယ် ရမ်းချောင်း၊ ရူးချောင်း ဒေသတွင် ဖြစ်ကြောင်း သိရသည်။
Arakan State
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ စားဖိုဆောင်၌ တာဝန်ထမ်းဆောင်နေသည့် မြန်မာအမျိုးသမီးဝန်ထမ်းအား အချိန်ကြာမြင့်စွာ မတ်တတ်ရပ် အပြစ်ပေးခဲ့သည့် ၀မ်ပေါင်ကုမ္ပဏီမှ ဌာနမှူးအား တရားစွဲ
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းတွင် စားဖိုမှူးတာဝန် ထမ်းဆောင်နေသည့် မြန်မာအမျိုးသမီး
ဝန်ထမ်းတစ်ဦးဖြစ်သည့် မကြည်ကြည်မေအား ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၁၊ ၁၄၊ ၁၆
ရက်တို့တွင် တစ်ရက်လျှင် ရှစ်နာရီကြာ ကုမ္ပဏီဝန်ထမ်းများ၏ ရှေ့တွင်
မတ်တတ်ရပ်ခိုင်းခဲ့သဖြင့် ခြေထောက်များ ရောင်ရမ်းပြီး နစ်နာခြင်း၊
ကြောက်ရွံ့ခြင်း၊ စိတ်ငြိုငြင်ခြင်းများစွာ ဖြစ်ပေါ်ခံစားရအောင်
ပြုလုပ်ခဲ့သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ဌာနမှူး မစ္စတာလီတာချူးအား
ဆားလင်းကြီးမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၂၊ ၃၅၄ အရ
တရားလို မကြည်ကြည်မေက လျှောက်ထားခဲ့ရာ ရုံးချိန်းအား ဇန်န၀ါရီ ၁၄ ရက်တွင်
ချိန်းဆိုထားကြောင်း သိရသည်။
မကြည်ကြည်မေက “ကုမ္ပဏီမှာ ဆုပေးပွဲ ကျင်းပတယ်။ အဲဒီနေ့က
ကျွန်မရဲ့အလုပ်နားရက်ပါ။ ကြာသပတေး၊ သောကြာ နားရက်ပါ။ အဲဒီဆုပေးပွဲကို
တက်စေချင်တဲ့ သဘောပါ။ နားတာကတော့ ကျွန်မနဲ့ ကောင်မလေး တစ်ယောက်ပါ။
နေမကောင်းလို့ မလာနိုင်ဘူးဆိုတဲ့အကြောင်း ဌာနမှူးလီတာချူးဆီကို
တိုက်ရိုက်ဖုန်းဆက်သွယ်ပြီး ပြောခဲ့ပါတယ်။ နောက်ရက်တွေမှာ ရုံးတက်တော့
အလုပ်ချိန်ကို အခါတိုင်းလို တစ်ဆိုင်းမဟုတ်တော့ဘဲ နှစ်ဆိုင်းဆင်းဖို့
ညွှန်ကြားခဲ့ပါတယ်။ မလုပ်နိုင်ဘူး။ အဲဒီနေ့က နေမကောင်းလို့
နားရက်လည်းဖြစ်နေလို့ဆိုပြီး ပြောပြတော့ ငါက ဌာနမှူး ငါညွှန်ကြားတဲ့အတိုင်း
လုပ်ရမယ်။ သူ့ညွှန်ကြားချက်အတိုင်း မလိုက်နာလို့ဆိုပြီး
ဝန်ထမ်းတွေအများကြီးရှေ့မှာ မတ်တတ်ရပ်ခိုင်းတာ သုံးရက်တိတိပါ။ နောက်ဆုံး
ရပ်ခိုင်းတဲ့နေ့မှာ အလုပ်သမားအဖွဲ့အစည်းကသိပြီး ခေါ်ထုတ်သွားခဲ့လို့ ဆက်ပြီး
မရပ်ခဲ့ရဘူး”ဟု ပြောကြားသည်။
ဇန်န၀ါရီ ၅ ရက်တွင် ဆားလင်းကြီးမြို့နယ် တရားရုံးကို တရားစွဲပြီး ၁၄
ရက်နေ့ တွင် ရုံးချိန်းခေါ်ယူထားကြောင်း၊ အချိန်ကြာမြင့်စွာ
မတ်တတ်ရပ်ခဲ့ရသည့်အတွက် ခြေထောက်တွင် ပြင်းထန်ဒဏ်ရာများစွာ ခံစားနေရသဖြင့်
မိုင်းဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ အလုပ်မှထွက်ရန်
မပြောသေးသည့်အတွက် အလုပ်ဆက်လုပ်နေကြောင်း၊ ယခုလက်ရှိ တာဝန်ပေးထားသည့်ဌာနမှ
အခြားဌာနတစ်ခုသို့ ရာထူးတိုးပြီး ပြောင်းရွှေ့ပေးရန် စီစဉ်နေကြောင်း၊
ယခုဖြစ်စဉ်အပြီးတွင် ဒေသခံဝန်ထမ်းများအပေါ် ဖိနှိပ်မှုများ
ပိုမိုမြင့်မားလာနေကြောင်း ပြောကြားသည်။
Eleven Media Group
ထိပ်သီးဆွေးနွေးပွဲ လာမယ့် မြန်မာသမ္မတကို အိမ်ဖြူတော်က ကြိုဆို
![]() |
မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့စဉ်က။ (မတ် ၂၈၊ ၂၀၁၃) |
လာမယ့် ၂၀၁၆ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Rancho Mirage မြို့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား တို့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် မြန်မာသမ္မတ ဦးသိန်းစိန်ကို သမ္မတ အိုဘားမားက ဖိတ်ကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဗွီအိုအေ-မြန်မာပိုင်းကို ပြောဆိုခဲ့ပါတယ်။
ဒီအာဆီယံနဲ့ အမေရိကန် ထိပ်သီးအစည်းဝေးပွဲကို တက်ရောက်လာမယ့် မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ပတ်သက်ပြီး သမ္မတ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီရဲ့ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း အခုလိုဗွီအိုအေကိုပြောပါတယ်။
“အာဆီယံခေါင်းဆောင်တွေက ဖိတ်ကြားချက်ကိုလက်ခံတဲ့အတွက် အမေရိကန် သမ္မတ အိုဘားမားက ၀မ်းမြောက်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ လာရောက်မှာဖြစ်တဲ့အတွက် ကျနော်တို့ကြိုဆိုပါတယ်။ ပထမဆုံး အကြိမ် အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ် အာဆီယံ (၁၀)နိုင်ငံ ကခေါင်းဆောင်တွေ ကို ဖိတ်ကြားပြီး ကာလီဖိုးနီးယားပြည်နယ် Sunnylands မှာ ထိပ်သီးညီလာခံ ကျင်းပမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ အာရှနဲ့ ပစိဖိတ်ဒေသတွင်း အမေရိကန် ဆက်ဆံရေး ချိန်ခွင် လျှာညှိဖို့အတွက် အရှေ့တောင် အာရှနိုင်ငံတွေမှာ အမေရိကန်ပြည်ထောင်စုကနေ နက်နက်ရှိုင်းရှိုင်း ပါဝင်လှုပ်ရှားနေတာကိုပြတဲ့ သဘောဖြစ်ပါတယ်။”
ဒေသတွင်းနဲ့ အမေရိကန်က ပြည်သူတွေကြားလုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ် အပြန်အလှန်ဖလှယ်ဖို့အတွက် အရှေ့တောင် အာရှဒေသဟာ အလွန် အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတာပါ။ ဒါအပြင် အမေရိကန် ပြည်ထောင်စုဘက်က တောင်တရုတ်ပင်လယ်ပြင်ထဲမှာ နယ်မြေ ပိုင်ဆိုင်ရေး တရုတ်ရဲ့ ဆောင်ရွက်မှုတွေကို အာဆီယံအနေနဲ့ တညီတညွတ်တည်း ရင်ဆိုင်ကြဖို့အတွက် စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။
အခုလို အမေရိကန်ပြည်ထောင်စုမှာပထမဆုံးအကြိမ်ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံနဲ့ပတ်သက်လို့ ၀ါရှင်တန် အခြေစိုက် မြန်မာ့အရေး သုံးသပ်သူ Pricilla Clap ကအခုလိုသုံးသပ်ပါတယ်။
“ပထမအချက်က အမေရိကန်ပြည်ထောင်စုဟာ အာဆီယံထိပ်သီးစည်းဝေးပွဲကို အိမ်ရှင်အဖြစ်နဲ့လက်ခံပြီး မကျင်းပပေးခဲ့တာဟာမြန်မာနိုင်ငံကြောင့်ဖြစ်ပြီး အခုတော့ ဒါကိုပြောင်းပစ်တဲ့အနေနဲ့လက်ခံကျင်းပပေးတာပါ။ ဒါဟာနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။”
ဒါအပြင် အာဆီယံအသိုင်းအ၀ိုင်းကို ဖွံဖြိုးတိုးတက်စေချင်တဲ့ အထဲမှာ မြန်မာနိုင်ငံ ပါဝင်စေချင်ပြီး အမေရိကန်ကအာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားသန်နေ တာကြောင့်ဖြစ်တယ်လို့လည်း Pricilla Clap ကဆိုပါတယ်။
“ဒုတိယအချက်အနေနဲ့အနာဂတ်အာဆီယံရဲ့စီးပွားရေးအသိုင်းအ၀ိုင်းနဲ့အမေရိကန်ကလက်တွဲဆောင်ရွက်ဖို့လုပ်နေတာမို့အခုလို အာဆီယံညီလာခံကို အိမ်ရှင်အဖြစ် ကျင်းပပေးတာပါ။ အာဆီယံအနေနဲ့ သူ့အသိုင်းအ၀ိုင်း ဖွံဖြိုးတိုးတက်အောင် ဆက်ပြီးလုပ်ဖို့အတွက် အရေးကြီးတယ်လို့ အမေရိကန်က ယူဆထားပြီး အထူးသဖြင့် အဲဒီထဲမှာ မြန်မာနိုင်ငံကို ပါဝင်စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံဟာ စီးပွားရေးအရ လက်ရှိမှာ သိပ်ကိုနောက်ကျနေပေမယ့် အာဆီယံအသိုင်းအ၀ိုင်းမှာ သိပ်ကိုအရေးပါတဲ့နိုင်ငံတနိုင်ငံဖြစ်နေလို့ပါ။”
အမေရိကန်မှာကျင်းပမယ့် ပထမဆုံးအကြိမ် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးကို သမ္မတဦးသိန်းစိန် တက်ရောက်မှာဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးကပြောဆိုခဲ့ကြောင်း ပြည်တွင်း သတင်းတွေမှာ လည်းဖေါ်ပြထားပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
ကျောက်မီးသွေးစက်ရုံစီမံကိန်း ကန့်ကွက်မည်ဟု အနိုင်ရ ရေး NLD အမတ်ဆို
Dawei Watch| ရေး၊ ဇန်န၀ါရီ ၆
ရေးမြို့နယ်၊ ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအနီးတွင်
Toya-Thai Group မှ ဆောက်လုပ်ရန်လျာထားသည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ် အားပေးစက်ရုံစီမံကိန်းကို
ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရေးမြို့နယ်မှ အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးမျိုးဝင်းက ပြောကြားသည်။
ယင်းဒေသတွင် တည်ဆောက်ရန် လျာထားသော ကျောက်မီးသွေး စက်ရုံ
စီမံကိန်းကို ခေတ္တဆိုင်းငံထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်သန်းဦးက
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သဖြင့် အပြီးတိုင်
ဖျက်သိမ်းခြင်းမပြုသေးသည့် အပေါ် ဒေသခံများ စိုးရိမ်နေခြင်းနှင့် ပတ်သက်၍ ဦးမျိုးဝင်းက
ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အရင်ကလုပ်ခဲ့တဲ့သူတွေနဲ့ အခုလုပ်မယ့်သူတွေက မတူဘူး။ အခုလုပ်မယ့်သူတွေက
သဘာဝပတ်ဝန်းကျင်ကို အဓိကအလေးထားတဲ့သူတွေအများစုပါ တယ်ဆိုတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု
မရှိအောင်ကြိုးစားမယ်ဆိုတော့ ဒီကျောက်မီးသွေးစက်ရုံစီမံကိန်း ဟာ လုပ်ခဲ့မယ်ဆိုလို့ရှိရင်တောင်
ကန့်ကွက်သွားမှာပဲ” ဟု ဦးမျိုးဝင်းက ပြောသည်။
သဘာဝပတ်ဝန်းကျင်ကို အဓိကအလေးထားတဲ့သူတွေအများစုပါ
ပြည်သူကလက်မခံပါက အဆိုပါစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းသင့်ကြောင်းလည်း
ရေးဒေသခံအဖွဲ့အစည်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာေ နသူများက ပြောသည်။
“ဆိုင်းငံ့ထားတာ ဘာဖြစ်လို့လဲ… ပြည်သူလူထုလက်မခံလို့
လို့လျှပ်စစ်ဒုဝန်ကြီးကဆိုတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ် တိုယို-ထိုင်းကိုပြောထားတာရှိ တယ်။
ဒေသခံလူထုလက်မခံရင် လုပ်ခွင့်မပြုဘူးတဲ့။ ကဲ...ဒါဆိုရင် ဆိုင်းငံ့စရာကို မလိုတော့ဘူး...။
တခါတည်းရပ်ပစ်လိုက်ရမှာ ” ဟု
ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ မှ ဦးညီသွေးက ပြောသည်။
ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ
နောင်လာမည့် အစိုးရ အနေနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်သော
စီမံကိန်းများကို အမှန်တကယ် တတ်သိနားလည်သည့် ပညာရှင်များနှင့် တိုင်ပင်ကာ လူထုကို ပွင့်လင်းမြင်သာစွာ
ရှင်းပြပြီးမှ လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
“ခုလို မင်းတို့ဒေသခံကို သွားရှင်းပြ သူတို့လက်ခံရင်လုပ် ဆိုတဲ့ပုံနဲ့တော့ မလုပ်နဲ့လို့။
ပြည်သူလူထုက ပညာရှင်တွေမဟုတ်ဘူးလေ။ ပြည်သူလူထုက ကန့်ကွက် ဆန္ဒပြမှုတွေဖြစ်၊ အလုပ်ပျက်အကိုင်ပျက်နဲ့... လက်ခံသူနဲ့ လက်မခံသူဒေသခံ အချင်းချင်းလည်း သွေးတွေကွဲ”ဟု ဦးညီသွေးက ပြောသည်။
ကမ္ဘာ့တစ်လွှား ကာဘွန်ဒိုင်အောက်ဆိုက် လျှော့ချသုံးစွဲရန်ဆုံးဖြတ်ထား ချိန်တွင်
မြန်မာနိုင်ငံက တိုးအောင်လုပ်ပါက တစ်ကမ္ဘာလုံး လက်ညှိးဝိုင်းထိုးခံရမည်ဖြစ်ေ ကြာင်း သူကဆိုသည်။
စီမံကိန်းကိုဆန့်ကျင်ကန့်ကွက်ေ ကြာင်း အံဒင်ဒေသခံများအပြင်
ရေးမြို့ပေါ်တွင်လည်း လူပေါင်းထောင်ချီ ကန့်ကွက်ခဲ့ပြီးဖြစ်ကြောင်း၊ နောက်တက်မည့်အစိုးရသစ်လက်ထက်တွ င် လည်းပြည်သူမလိုလားသည့်စီမံကိန်း ကို ဆောင်ရွက်မည်မဟုတ်ဟုယုံကြည်ကြော င်း ရန်ကြီးအောင်ရပ်ကွက်နေ
ကိုနိုင်စိုးက သုံးသပ်သည်။
ကျောက်မီးသွေး စက်ရုံများနှင့် ပတ်သက်၍ NLD ပါတီ၏ မူဝါဒ
ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းကမူ
မဖြစ်အောင်တားဆီးမည်ဟု ဆိုသည်။
“အဲဒီတော့ ပြည်သူတွေအနေနဲ့
မဖြစ်အောင်တားဆီးပေးမယ်ဆိုတော့ စိတ်အေးလက်အေးနေနိုင်ပါပြီ”ဟု ၎င်းက ပြောသည်။
တိုယိုထိုင်းကုမ္ပဏီမှ ဒေါ်လာသန်း ၂၇၀၀ ရင်းနှီးမြှုပ်နှံကာ
လျှပ်စစ်ဓါတ်အားမဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမည့် အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးဖြင့်လည်ပတ်မည့်
လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိ န်းအတွက် ပြည်ထောင်စုအစိုးရနှင့် ဧပြီလ ၉ ရက်နေ့က
MOA လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
MOA လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
Dawei Watch
Wednesday, January 6, 2016
ဝ တပ်ဖွဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်မည်မဟုတ်
ဇန်န၀ါရီလ ၁၂ ရက် နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)က တက်ရောက်မှာ မဟုတ်ဘူးလို့ ၀ တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ထဲမှာ ပါဝင်ထားခြင်း မရှိတဲ့အတွက် ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးစရာ မရှိဘူးလို့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးကျောက်ကော်အန်းက ဒီဗွီဘီကို ပြောပါတယ်။
“အရင်လက ဦးသိန်းဇော်တို့ ပန်ဆန်းကို လာတုန်းက ငြိမ်းချမ်းရေးညီလာခံ တက်ဖို့ ကျနော်တို့ကို ဖိတ်သွားတယ်၊ လေ့လာသူအနေနဲ့ပေါ့။ ဒါပေမယ့် ကျနော်တို့အဖွဲ့က အဲဒီ တပြည်လုံး အပစ်ရပ်လက်မှတ်ထိုးတဲ့ အဖွဲ့ ၈ ဖွဲ့ထဲမှာ မပါဘူးလေ၊ ဘာမှဆွေးနွေး စရာမရှိဘူးလေ၊ အဲဒါကြောင့် ဗဟိုကော်မတီက မတက်ဖို့ ဆုံးဖြတ်တယ်။”
ဒါပေမယ့် ယူဒဗလျူအက်စ်အေအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကျရင်တော့ ဆွေးနွေးစရာတွေလည်း ရှိကြောင်း လာမယ့်အစိုးရသစ် လက်ထက်မှ တကယ်အပြောင်းအလဲ ဖြစ်မယ်လို့လဲမျှော်လင့်ကြောင်း ဦးကျောက်ကော်အန်းက ပြောပါတယ်။
ဇန်န၀ါရီ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တနိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ထိုးထားခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကိုလည်း ဖိတ်ကြားသွားမယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပဖို့အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်တွေ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပနေပါတယ်။
DVB
သေဒဏ်ပေးခံ ၀င်းနှင့်ဇော်ကို ထိုင်းရှေ့နေများ ထောင်တွင်းသွားရောက်တွေ့ဆုံ
ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ နခွန်းစီထမရတ် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို အမှု လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီကရှေ့နေတွေက ဒီနေ့ သွားရောက် တွေ့ဆုံပါတယ်။
လူငယ် ၂ ဦးကို စိတ်ပိုင်းဆိုင်ရာအားပေးတဲ့အနေနဲ့ရော အယူခံဝင်မယ့်အခြေ အနေတွေကိုပါ သွားရောက်ရှင်းပြခဲ့တာလို့ သူတို့ကို ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာ အထူးစုံစမ်းရေးအဖွဲ့က ဦးထူးချစ်က ပြောပါတယ်။
“အယူခံဝင်မယ့်ကိစ္စ သွားရှင်းပြတာရယ်၊ သူတို့အခြေအနေရယ်၊ နောက် စိတ်ပိုင်းဆိုင်ရာကို သွားအားပေးတာရယ်၊ ထောင်တွင်းနေရတဲ့ အခြေအနေတွေ သိအောင်ရယ်ပေါ့။ ကိုယ်တောင်မှပဲ သူတို့အတွက် စာတစောင်ထည့်ပေးလိုက်တယ်လေ။ သူအမေတွေအတွက် မပူဖို့ကိစ္စ၊ ကျန်းမာရေးဂရုစိုက်ဖို့၊ ထိုင်းစာသင်ထားဖို့၊ သေဒဏ်ကတော့ တစုံတရာလွတ်မှာပဲ မပူကြဖို့ စာရေးပေးလိုက်တယ်။”
ဒါ့အပြင် လူငယ်နှစ်ဦးရဲ့ မိခင်တွေကိုလည်း ဧရာဝတီဖောင်ဒေးရှင်းက ဦးဇော်ဇော်က တဦးကို ကျပ်သိန်း ၅၀ စီ လှူ ဒါန်းတဲ့အကြောင်းနဲ့ ဓာတ်ပုံတွေထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကတော့ မုဆိုးမ မိခင်တွေကို ကူညီပေးခဲ့တဲ့ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ကျေးဇူးတင်ကြောင်း၊ သူတို့ လွတ်မြောက်ရေးအတွက် ဆုတောင်းပေးနေကြတဲ့ မြန်မာနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေနဲ့ ထိုင်းလူမျိုးတွေအားလုံးကို ကျေးဇူးတင်ပါကြောင်းနဲ့ အမှန်တရားအတွက် ဆက်လက်ရင်ဆိုင် သွားမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သူတို့အနေနဲ့လည်း နေ့စဉ်ဘုရားရှစ်ခိုး၊ တရားထိုင်နေပြီး၊ ကျန်းမာရေးကောင်းမွန်ကြောင်း ရှေ့နေတွေဆီကနေတဆင့်အကြောင်း ပြန်ခဲ့တယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။
ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့အတွက် အယူခံဝင်နိုင်ဖို့ သက်သေတွေအတွက်လည်း ကြိုစားဆက်သွယ်တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“ကျနော်တို့သက်သေကတော့ တတ်နိုင်သမျှတော့ ဆက်သွယ်နေပါတယ်။ လောလောဆယ်မှာတော့ သက်သေတွေက တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဘက်မှာ ရှိနေတာကိုလည်း ကျနော်တို့ ဆက်သွယ်နေပါတယ်။ အကြမ်းဖျင်း ပြောရင်တော့ ၄၊ ၅ ယောက်တော့ ရနေပါပြီ။ ဒါပေမယ့် ဒီသက်သေတွေဟာ ဘယ်လိုအရည်အချင်း၊ ဘယ်လောက်ရည်အချင်းရှိတယ်ဆိုတာ လူတွေ့စစ်ဆေးနိုင်မှ ရမယ့်အနေအထားပါ။ ဒီသက်သေက တကယ်တမ်း တရားခွင်မှာ ထိရောက်တဲ့သက်သေဖြစ်ရင် ကျနော်တို့ တရားခွင်တင်နိုင်အောင် ကြိုးစားမှာပါ။ ဒါပေမယ့် ဒုတိယအဆင့်ဖြစ်တဲ့အတွက်ကြောင့် အများကြီးကြိုးစားရမှာပါ။”
လူငယ်နှစ်ဦးရဲ့ အယူခံကို တလအတွင်းတင်ရမှာဖြစ်ပေမယ့် ရှေ့နေတွေဘက်က အချိန်တိုးပေးဖို့ တောင်းဆိုထားတဲ့အတွက် တရားရုံးကလည်း ခွင့်ပြုထားတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ ဗြိတိန်လူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ကော့စမွီတရားရုံးက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမျတ်ခဲ့တာဖြစ်ပါတယ်။
RFA
ကေအိုင်အိုအတွင်း နောက်ထပ် ဒုစစ်ဦးစီးချုပ်နှစ်ဦး တိုးမြှင့်ခန့်ထား
ဒုတိယစစ်ဦးချုပ်နှစ်ယောက်ကို လုပ်ငန်းတာဝန်တွေ ခွဲဝေလိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဆန်းအောင်က ဒီကနေ့ပြောပါတယ်။
"ဗိုလ်ချုပ်ဂွမ်မော်က သူတာဝန်ယူရတဲ့အပိုင်းတွေ တော်တော်များနေတယ်၊ နိုင်ငံခြားရေးရော ငြိမ်းချမ်းရေး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ရော တပ်ပိုင်းဆိုင်ရာရော ပညာရေးပိုင်းရော မျိုးစုံတဲ့အခါကျတော့ သူ့အတွက်က မနိုင်မနင်းဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒုဦးစီးချုပ်ကို နှစ်ယောက်ထပ်တိုးတာပေါ့၊ အလုပ်တွေ ခွဲဝေလိုက်ရင်တော့ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်၊ အလုပ်ခွဲရင် မြန်မြန်သွက်သွက်နဲ့ ပြီးနိုင်တယ်ပေါ့"
ထပ်မံတာဝန်ပေးလိုက်တဲ့ ဒုတိယစစ်ဦးစီးချုပ် နှစ်ယောက်ဟာ ဗိုလ်မှူးချုပ် ခေါင်လွမ်းနဲ့ ဗိုလ်မှူးချုပ် အောင်ဆိုင်းလာ တို့ဖြစ်ပြီး သူတို့နှစ်ဦးကို ဘယ်လိုတာဝန်တွေပေးမယ်ဆိုတာတော့ လောလောဆယ်မှာ အသေးစိတ်မပြောနိုင်သေး ဘူးလို့ ကေအိုင်အိုအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ လက်ရှိစစ်ဦးစီးချုပ်ဟာ ဒုတိယဗိုလ်ချုပ်ကြီး ဂမ်ရှောင်ဖြစ်ပြီး ဒုတိယစစ်ဦးချုပ်က သုံးယောက်ဖြစ်သွားပြီ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်ဟာ လက်ရှိဒုတိယစစ်ဦးချုပ် တာဝန်ထမ်ဆောင်းနေသလို ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၊ ငြိမ်းချမ်းရေး၊ နိုင်ငံခြားရေး၊ လူငယ်နဲ့ ပညာရေး စတဲ့ကဏ္ဍတွေမှာ တာဝန်ယူနေတာလို့ သိရပါတယ်။
ဒီအတောအတွင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားဟာ အခုလအတွင်း ကေအိုင်အို ဗဟိုဋ္ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို သွားရောက်ဖို့ စီစဉ်နေပါ တယ်။ လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့ စီစဉ်ထားပေမယ့် အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ Mr. Vijay Nambia ဟာ ပြီးခဲ့တဲ့ ၂၀၁၃ သြဂုတ်လ နဲ့ ၂၀၁၄ ဧပြီလတွေမှာ လိုင်ဇာမြို့ကို သွားရောက်ခဲ့ပါတယ်။
RFA Burmese
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၅ ရက်ကြာ ကျင်းပနိုင်ရေး ပြင်ဆင်
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်ပေါင်း ၇၅၀ တက်ရောက် မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ နေပြည်တော်မှာ ၅ရက်ကြာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
နောင်အစိုးရလက်ထက်မှာ နိုင်ငံရေးအခြေခံ အုတ်မြစ်ကောင်းတွေ ချမှတ်ဖို့ ရည်ရွည်ချက်နဲ့ ညီလာခံကို ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
"အခုလက်ရှိနိုင်ငံရေးဆွေးနွေးပွဲပေါ့၊ ကျနော်တို့ ညှိနှိုင်းနေတာကတော့ ငြိမ်းချမ်းရေးညီလာခံကို အဖြစ်မလုပ်ဘူး၊ တကယ့်ကို အခြေခံအုတ်မြစ်တွေချပေးတဲ့ အနေအထားမျိုး ကျနော်တို့လုပ်မယ်၊ ဒါကိုလည်း အောင်မြင်အောင် ကြိုးစားမယ်၊ ပြီးတော့ ၁၂ ရက်နေ့က ၁၆ ရက်နေ့အထိ ငါးရက်လုပ်မယ်ဆိုတာကို ဦးအောင်မင်း ကပြောတယ်၊ အားလုံးကသဘောတူပါတယ်၊ နောက်တစ်ခုက လက်မှတ်ရေးထိုးခြင်းမရှိတဲ့ တိုင်းရင်းသား ၁ဝ ဖွဲ့ကို ဖိတ်ကြား ဖို့လည်း သဘောတူတယ်"
အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်မထိုးထားတဲ့ UWSA "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ KIA ကချင်လွတ်မြောက်ရေးအဖွဲ့၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။
အဲဒီအထဲက "၀"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ပြည်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်း ကတော့ ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဖိတ်ကြားခံထားရတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က တိုင်းရင်းသားအဖွဲ့တွေ ကလည်း အဖွဲ့ဝင်တွေ ဆွေးနွေးပြီးမှ ညီလာခံတက်ဖို့ မတက်ဖို့ကို ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။
အဲဒီညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သယံဇာတအရေး၊ ကာကွယ်ရေးနဲ့ အထွေထွေ အကြောင်းအရာများဆိုတဲ့ ခေါင်းစဉ် ၅ ခုနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အစိုးရနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ MNDAA ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ ၊ AA ရခိုင့်တပ်မတော်နဲ့ TNLA တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် တို့ကို ဖိတ်ကြားထားခြင်း မရှိဘူးလို့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ အားလုံးပါဝင်ပြီး တကယ်ထိရောက်တဲ့ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပဖို့ ဆုံးဖြတ်ထားတယ် လို့ ပြောဆိုထားပါတယ်။
RFA
လွှတ်တော်သစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စတင်ခေါ်ယူမည်
၆-၁-၂၀၁၅ နေပြည်တော်
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ရမယ့် ဒုတိယအကြိမ် လွှတ်တော်အသစ်ကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခေါ်ယူမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လက်ရှိ လွှတ်တော်ဥက္ကဌတွေက ဒုတိယအကြိမ် လွှတ်တော်အသစ်ကို ခေါ်ယူပေးပြီး လွှတ်တော်ဥက္ကဌ အသစ်တွေ ရွေးချယ်ပေးရမှာဖြစ်တယ်လို့ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။
"ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥက္ကဌတွေ ဒုတိယအကြိမ် လွှတ်တော် ကို ခေါ်ယူပေးဖို့နဲ့ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌများ ရွေးချယ်တင်မြှောက်ပေးဖို့ တာဝန်ပဲ သူ့မှာရှိတော့တယ်၊ ဒီလိုပဲ ဒုတိယအကြိမ်မှာ တာဝန်ထမ်းဆောင်မယ့် ဥက္ကဌတွေဆိုရင်လည်း တတိယအကြိမ် လွှတ်တော်သက်တမ်း ကို ခေါ်ယူပေးမယ်၊ တတိယအကြိမ် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတွေ ရွေးချယ်တဲ့နေရာမှာ ကြီးကြပ်ဆောင်ရွက်ဖို့ တာဝန်ရှိမယ်"
လက်ရှိ လွှတ်တော်သက်တမ်းဟာ လာမယ့် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက် လက်ရှိ လွှတ်တော်အစည်းအဝေးတွေကို ၂၉ရက်နေ့မှာ နောက်ဆုံးကျင်းပမှာ ဖြစ်ပါတယ်။
လွှတ်တော်အသစ်ကို တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် ဇန်န၀ါရီလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ရုံးကို သတင်းပေးပို့ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိထားပြီး အဲဒီထဲမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်က ၄၀၀ နီးပါး ပါဝင်ပါတယ်။ ကြံ့ခိုင်ဖံွ့ဖြိုးရေး ပါတီက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁၇ ဦး အနိုင်ရရှိထားပြီး အဲ့ဒီထဲမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၀ ကျော် အနိုင်ရရှိထားတာဖြစ်ပါတယ်။
RFA
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ရမယ့် ဒုတိယအကြိမ် လွှတ်တော်အသစ်ကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခေါ်ယူမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လက်ရှိ လွှတ်တော်ဥက္ကဌတွေက ဒုတိယအကြိမ် လွှတ်တော်အသစ်ကို ခေါ်ယူပေးပြီး လွှတ်တော်ဥက္ကဌ အသစ်တွေ ရွေးချယ်ပေးရမှာဖြစ်တယ်လို့ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။
"ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥက္ကဌတွေ ဒုတိယအကြိမ် လွှတ်တော် ကို ခေါ်ယူပေးဖို့နဲ့ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌများ ရွေးချယ်တင်မြှောက်ပေးဖို့ တာဝန်ပဲ သူ့မှာရှိတော့တယ်၊ ဒီလိုပဲ ဒုတိယအကြိမ်မှာ တာဝန်ထမ်းဆောင်မယ့် ဥက္ကဌတွေဆိုရင်လည်း တတိယအကြိမ် လွှတ်တော်သက်တမ်း ကို ခေါ်ယူပေးမယ်၊ တတိယအကြိမ် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတွေ ရွေးချယ်တဲ့နေရာမှာ ကြီးကြပ်ဆောင်ရွက်ဖို့ တာဝန်ရှိမယ်"
လက်ရှိ လွှတ်တော်သက်တမ်းဟာ လာမယ့် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက် လက်ရှိ လွှတ်တော်အစည်းအဝေးတွေကို ၂၉ရက်နေ့မှာ နောက်ဆုံးကျင်းပမှာ ဖြစ်ပါတယ်။
လွှတ်တော်အသစ်ကို တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် ဇန်န၀ါရီလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ရုံးကို သတင်းပေးပို့ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိထားပြီး အဲဒီထဲမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်က ၄၀၀ နီးပါး ပါဝင်ပါတယ်။ ကြံ့ခိုင်ဖံွ့ဖြိုးရေး ပါတီက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁၇ ဦး အနိုင်ရရှိထားပြီး အဲ့ဒီထဲမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၀ ကျော် အနိုင်ရရှိထားတာဖြစ်ပါတယ်။
RFA
လက်ရှိအစိုးရနှင့် ညှိနှိုင်းမှုများတွင် အခက်အခဲမရှိကြောင်းနှင့် သတင်းဌာနများ ပါးစပ်ပိတ်ထားရန် ရည်ညွှန်းသည့် ပြောဆိုမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ပြောကြားခဲ့
လက်ရှိအစိုးရနှင့် ညှိနှိုင်းမှုများတွင် အခက်အခဲမရှိကြောင်းနှင့်
သတင်းဋ္ဌာနများ ပါးစပ်ပိတ်ထားရန် ရည်ညွှန်းသည့် ပြောဆိုမှုများကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က RFA
သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။
ဇန်န၀ါရီ ၅ ရက်က ထုတ်လွှင်ခဲ့သော RFA သတင်းဋ္ဌာနနှင့် အင်တာဗျူးတွင် NLD
ပါတီ အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်သော မေးခွန်းများကို မေးမြန်းရာ၌
ဦးဝင်းထိန်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
တာဝန်လွှဲပြောင်းရေးနှင့် ပတ်သက်ပြီး အစိုးရပိုင်းနှင့်
လတ်တလောညှိနှိုင်းမှုများတွင် အဓိကအခက်အခဲကိစ္စကို RFA သတင်းဌာနက မေးမြန်းရာ၌
“ဘာမှ အခက်အခဲမရှိဘူး” ဟု ဦးဝင်းထိန်က ပြောကြားခဲ့သည်။
သို့သော် NLD အစိုးရအဖွဲ့တွင် မည်သူများ ပါဝင်မည်၊ မည်သူများဖြင့်
ဖွဲ့စည်းမည်ဆိုခြင်းအား မကြေညာနိုင်သေးသည့်အပေါ် မေးမြန်းမှုအား
မေးခွန်းမထုတ်ရန်နှင့် သတင်းဌာနများ ပါးစပ်ပိတ်ထားရန် ရည်ညွှန်းသည့်
ပြောဆိုသည့် စကားရပ်များအား ဦးဝင်းထိန်က ပြောကြားပါသည်။
RFA သတင်းဋ္ဌာနက “NLD ရဲ့ အစိုးရအဖွဲ့ထဲမှာ ဘယ်သူတွေပါမယ်၊ ဘယ်သူတွေနဲ့
ဖွဲ့စည်းမယ်ဆိုတာ မကြေငြာနိုင်သေးတဲ့အပေါ်မှာ တစ်ချို့လည်း မေးခွန်းတွေ
ထုတ်နေကြတာတွေ့ရပါတယ်ခင်ဗျ။ တကယ်ပဲ အန်ကယ်တို့ဘက်က
အချိန်စောနေသေးတယ်ဆိုပြီးတော့ ထုတ်မကြေညာသေးတာလား။ အဆင်သင့် မဖြစ်သေးတာလား
သိပါရစေလားခင်ဗျ” ဟု မေးမြန်းခဲ့သော မေးခွန်းအား
ဦးဝင်းထိန်က“အဲဒီမေးခွန်းထုတ်တဲ့ သူတွေရော၊ ခင်ဗျားတို့ သတင်းဋ္ဌာနတွေရော
သိစေချင်တာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီအစိုးရ
ဖြစ်ဖို့ဆိုတာ နှစ်ပေါင်း ၂၇ နှစ်၊ ၂၈ နှစ် ဘ၀တွေနဲ့ ရင်းပြီးတော့
ရုန်းကန်လို့ရတဲ့ ရလဒ်၊ အဲဒီရလဒ်ကို ခင်ဗျားတို့ သတင်းဋ္ဌာနက ငါးမိနစ်၊
ဆယ်မိနစ်စာလေးနဲ့ အပြောလေးနဲ့ ကျွန်တော်တို့ ကိစ္စတွေ ရှုပ်ရှပ်
အဖြစ်မခံချင်ဘူး။ မလိုအပ်ဘဲနဲ့ ဝေဖန်တာတွေ၊ ထင်မြင်ချက်တွေ၊
သတင်းဆောင်းပါးတွေရေးတာ ကျွန်တော်မဖြစ်စေချင်ဘူး။ ဒါကြောင့်မလို့
လိုအပ်လို့ ကျွန်တော်တို့ လျို့ဝှက်ထားတာ။ မလိုအပ်ရင် မလုပ်ဘူး။ အဲဒီတော့
တရားဝင်ကြေညာတဲ့ အချိန်အထိ ခင်ဗျားတို့ သီးခံပြီးစောင့်” ဟု ပြန်လည်
ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် NLD အစိုးရအဖွဲ့နှင့် ပတ်သက်ပြီး ကြေညာနိုင်မည့် အချိန်ကို
အကြမ်းဖျင်းပြောနိုင်ရန် RFA က ဆက်လက်မေးမြန်းခဲ့ရာတွင်လည်း ထိုမေးခွန်းကို
“လွန်သွားပြီ”ဟု ဦးဝင်းထိန်က တုံ့ပြန် ပြောကြားပါသည်။
“အဲဒီမေးခွန်းက လွန်သွားပြီ။ ခုနကတည်းက အပြတ်ပြောပြီးပြီလေ။
ပြောရင်တော့ ပြောသင့်တဲ့အချိန် ပြောမှာပေါ့။ မပြောသင့်တဲ့အချိန်
မပြောသေးဘူးလေ။ ကျွန်တော်တို့ တရားဝင် ကြေညာပြီဆိုလည်း
ခင်ဗျားတို့ကပြောမှာပဲ။ ပြောဖို့အတွက်လည်း အပြောခံရဖို့လည်း မကြောက်ဘူး”ဟု
ဦးဝင်းထိန်က ဆိုပါသည်။
“နောက်တစ်ခုက မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည် အလေးထားပြီးတော့
ထပ်ပြောသွားတာ တွေ့ရပါတယ်ခင်ဗျ။ NLD ရဲ့ အစိုးရအဖွဲ့ထဲမှာ ၀န်ကြီး
ဖြစ်ချင်လို့ ၀န်ကြီးနေရာပေးပါ ဆိုပြီးတော့ တောင်းတဲ့ ပါတီဝင်တွေ
ရှိတယ်ဆိုတာပေါ့လေ”ဟု RFA က ဆက်လက်မေးမြန်းခဲ့ရာ “အဲဒီတောင်းတာက
ပါတီဝင်တွေရော၊ အပြင်ကလူတွေရော လျှောက်လွှာတွေ ကျွန်တော့်ဆီမှာ တစ်ပုံကြီး။
ဘယ်လောက် စိတ်ပျက်စရာကောင်းလဲ။ ဒီမိုကရေစီလှုပ်ရှားမှုတုန်းကတော့
လက်ကလေးတောင်မှ တစ်ချက်မမြှောက်တဲ့ သူတွေကအခု ဖြစ်ချင်တဲ့အခါကျတော့
ကျွန်တော်တို့က ရယ်ရခက်၊ ငိုရခက် ဖြစ်နေတာပေါ့ဗျာ”ဟု ဦးဝင်းထိန်က
ဖြေကြားပါသည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်အပိုင်း အားနည်းချက်များနှင့် ပတ်သက်ပြီး
ထောက်ပြသော မေးခွန်းတစ်ရပ်ဖြစ်သည့် “နောက်တစ်ခုက အခုဆိုရင် NLD ပါတီထဲက
အမတ်တွေ တော်တော်များများကလည်း မပြောရဲ၊ မဆိုရဲ ဖြစ်နေကြတာတွေ့ရပါတယ်။
ပါတီထိပ်ပိုင်းမှာဆိုရင် အန်ကယ်တို့ နှစ်ယောက်၊ သုံးယောက်လောက်ကပဲ
ပြောနိုင်တယ်ဆိုပြီးပေါ့လေ။ သူတို့ ပြောကြတာရှိပါတယ်”ဟူသောမေးခွန်းကို RFA က
မေးမြန်းရာတွင် ပါတီဝင်များကို မပြောရန် တားမြစ်ထားသည်ဟု ဦးဝင်းထိန်က
ပြောပါသည်။
“မပြောရဲမဆိုရဲ ဖြစ်တာမဟုတ်ဘူး။ ပြောချင်ကြတာ။ ကျုပ်တို့က
မပြောနဲ့လို့ တားထားတာ။ အကြောင်းတွေ ရှိတယ်ဗျ။ ခင်ဗျား ၁၉၉၀
ရွေးကောက်ပွဲဝင်တုန်းက ဦးကြည်မောင်ပြောတဲ့ စကားတစ်ခွန်းကို
အထအနကောက်ပြီးတော့ ဗိုလ်ချုပ်ခင်ညွန့်ကနေ လူ ၂၀၀ လောက် ထောင်ထဲ
ပို့ပစ်တာလေ။ နောက်ပြီး အဲတာကိုအကြောင်းပြုပြီး အာဏာမလွှဲဘူး၊ ဘာညာပေါက်ကရ
လျှောက်လုပ်တာ။ အဲတာမျိုးတွေက ကျွန်တော်တို့က ခံခဲ့ရပေါင်းများပြီ။
ခဲမှန်ဖူးတဲ့ စာသူငယ်မဟုတ်ဘူး”ဟု ဦးဝင်းထိန်က ဆိုပါသည်။
အင်တာဗျူး အစီအစဉ်အပြီး “ဟုတ်ကဲ့ အန်ကယ်ဦးဝင်းထိန်။ ကျေးဇူးအများကြီး
တင်ပါတယ်ခင်ဗျာ” ဟု RFA က ပြောဆိုခဲ့မှုကိုလည်း ဦးဝင်းထိန်က
“ကျေးဇူးတင်မနေနဲ့။ ခင်ဗျားတို့မေးတဲ့ မေးခွန်းတွေ စဉ်းစဉ်းစားစားမေးကြ”ဟူ၍
တုံ့ပြန်ပြီး သတိပေးမှု ပြုလုပ်ခဲ့သည်။
NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၏ မီဒီယာအပေါ် ပြောကြားချက်များသည်
လူကြီးလူကောင်းမဆန်သည့်အပြင် ဒေါသစွက်သော လေသံများဖြင့် ခွန်းတုံ့ပြန်
ပြောဆိုမှုများဖြစ်နေပြီး ပါတီတစ်ခု၏ ပြောရေးဆိုခွင့်ရသူ (spokesperson)
အင်္ဂါရပ်နှင့် မလျော်ညီသဖြင့် NLD ပါတီ၏ ပုံရိပ်ကိုပါ ကျဆင်းစေသည်ဟူသော
ဝေဖန်မှုများ ထွက်ပေါ်စေခဲ့ပါသည်။
“မီဒီယာတခုခုကို ကြိုက်လို့ရတယ်။ မုန်းလို့လည်း ရတယ်။
မီဒီယာအားလုံးကို မုန်းလို့လည်း ရတယ်။ ဂျာနယ်လစ်အားလုံးကို မဆက်ဆံချင်လည်း
ရတယ်။ စကားမပြောချင်လည်း မပြောနဲ့။ ပြောပြီဆိုရင်တော့ ဒီဘာမဟုတ်တဲ့
ကောင်တွေ။ အဖက်လုပ်စရာမလိုတဲ့ သူတွေလို့ ထင်နေတဲ့ လူတွေကို
ပြောလိုက်တာမဟုတ်ဘူး။ မီဒီယာကိုဖြေကြားတဲ့ စကားဟာ
လူထုကိုပြောလိုက်တာပဲဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်” Eleven Media Group
၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
“၁၉၉၀ ပြည့်နှစ်နဲ့ ၂၀၁၆ ခုနှစ်က မတူနိုင်ဘူး။ အခုချိန်မှာ
အာဏာလွှဲပြောင်းရေးကိစ္စ ဘာမှ မဖြစ်စရာမရှိဘူး။ ၁၉၉၀ ပြည့်နှစ်တုန်းက
ဦးကြည်မောင် မီဒီယာကိုပြောတဲ့စကားကြောင့် အာဏာမလွှဲခဲ့တာလည်း မဟုတ်ဘူး။
အဲဒီတုန်းက စစ်အစိုးရရဲ့ ကတိမတည်မှု၊ အာဏာကို ဆုပ်ကိုင်လိုမှု၊
ဥပဒေအားနည်းချက်တွေ၊ ညှိနှိုင်းမှုတွေကို သေချာမလုပ်ခဲ့လို့ NLD ရဲ့
အားနည်းချက်ကြောင့် ဖြစ်ခဲ့တာလည်း ပါတယ်။ ဒီအချိန်မှာသေသွားတဲ့
ဦးကြည်မောင်ကို ဆွဲထည့်ပြီး မီဒီယာနဲ့ချိတ်ဆက် ပြောစရာမလိုပါဘူး။
နောက်တစ်ခုက ၂၇ နှစ်ကြာ ကြိုးပမ်းပြီး ဖြစ်လာတဲ့ အပြောင်းအလဲရလဒ်ဟာ NLD
တစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဒီအသီးအပွင့်ကို တစ်စုံတစ်ယောက် တစ်ပါတီထဲက
legitimacy ကို hijack လုပ်တာ လက်မခံဘူး။ အားလုံးသူ့ အခန်းကဏ္ဍကသူ
ပါဝင်ခဲ့တာချည်းပဲ။ NLD ပါတီတစ်ခုတည်းက စွမ်းဆောင်ခဲ့လို့ ရခဲ့တယ်ဆိုတဲ့
ပုံစံမျိုးကို ဘယ်တော့မှ မပြောပါနဲ့။ အခုအခြေအနေမှာတော့ NLD မှာ
spokesperson အရည်အသွေးရှိသူလိုနေပြီ။ အသက် ၃၅ နှစ်နဲ့ ၄၅ ကြားရှိတဲ့
spokesperson ထားရတော့မယ်။ လက်ရှိ sporkesperson တွေက အသက်လည်း ကြီးနေပြီ။
အတိုက်အခံကာလမှာ မျက်နှာသာပေးခံရသူတွေလို နေခဲ့ရပေမယ့် အစိုးရဖြစ်လာရင်
ဒီလိုပြောဆိုမှုမျိုးကို လူထုက လက်သင့်ခံမှာမဟုတ်ဘူး”ဟု
ဒေါက်တာသန်းထွဋ်အောင်က ဆက်လက် ပြောကြားခဲ့သည်။
“ဒီမိုကရေစီလှုပ်ရှားမှုတုန်းကတော့ လက်ကလေးတောင်မှ
တစ်ချက်မမြှောက်တဲ့သူတွေက အခုဖြစ်ချင်နေကျတဲ့ အခါကျတော့ ကျွန်တော်တို့
ရယ်ရခက်၊ ငိုရခက် ဖြစ်နေတာပေါ့ဆိုပြီး ဦးဝင်းထိန် ပြောခဲ့တာကိုလည်း
သဘောမကျဘူး။ ၂၇ နှစ်ကြာ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ လက်ကလေးတောင်မှ
တစ်ချက်မမြှောက်ခဲ့ပေမယ့် အခုချိန်မှာ ပါလို့ရပါတယ်။ ပြည်သူလူထုအပေါ်မှာ
နှစ်ရှည်ကာလများစွာ ယုတ်မာကြံစည် ရက်စက်ခဲ့ကြတဲ့ အာဏာရှင်
အစိုးရကလူတွေနဲ့တောင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်မှာ
လက်ဆွဲနှုတ်ဆက်နိုင်သေးတာပဲ။ ပြည်သူလူထုရဲ့ သယံဇာတ၊ အိုးအိမ်
ပိုင်ဆိုင်မှုတွေကို ဂုတ်သွေးစုပ်ခဲ့တဲ့ ခရိုနီတွေနဲ့တောင် လည်ပင်းဖက်
ပေါင်းနိုင်သေးတာပဲ။ လက်တစ်ချက် မမြှောက်ခဲ့သူတွေနဲ့ လက်တွဲမလုပ်နိုင်စရာ
ဘာမှမရှိဘူး”ဟု ဒေါက်တာသန်းထွဋ်အောင်က ဆိုပါသည်။
RFA သတင်းဌာနသို့ ဦးဝင်းထိန် ပြောကြားခဲ့သည့် စကားများသည် မီဒီယာအပေါ်
NLD ၏ သဘောထား ဟုတ်၊ မဟုတ်ကို ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော
ဦးဥာဏ်ဝင်းအား မေးမြန်းခဲ့ရာ ဦးဝင်းထိန်ကိုသာ မေးမြန်းရန်
ဖြေကြားခဲ့ပါသည်။
“ကျွန်တော်လည်း အဲဒါဘယ်ပြောလို့ရမလဲ။ ဆရာဦးဝင်းထိန်ပဲ မေးလိုက်ပါ။
ကျွန်တော်လည်း မပြောသေးဘူး။ သူဘယ်လိုပြောခဲ့တယ်ဆိုတာလည်း အမှန်တကယ်
ကျွန်တော် မသိဘူး။ သူ့ကိုသာ မေးလိုက်ပါ”ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။
ထို့ကြောင့် ဦးဝင်းထိန်အား ထပ်မံဆက်သွယ် မေးမြန်းရာတွင် ဆက်သွယ်မှု
မရခဲ့သဖြင့် လွှတ်တော်၌ စောင့်ဆိုင်းရာတွင်လည်း ဦးဝင်းထိန်ကို မတွေ့ခဲ့ဘဲ
ခွင့်ယူထားသည်ဟု NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပြောကြားခဲ့ပါသည်။
မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကမူ ဦးဝင်းထိန်၏
ဖြေကြားမှုများသည် ဒီမိုကရေစီစံနှုန်းနှင့် ကင်းလွတ်နေကြောင်း
ပြောကြားခဲ့ပါသည်။
“လာမယ့် လပိုင်းအတွင်းမှာ အစိုးရဖွဲ့စည်းတော့မယ့် ပါတီကြီးတစ်ခုရဲ့
ထိပ်တန်းခေါင်းဆောင်တစ်ဦး၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေနဲ့ လတ်တလော
သတင်းမီဒီယာတွေကို ဖြေကြားခဲ့တဲ့ပုံကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီ
စံချိန်စံညွှန်းတွေ ကင်းလွတ်ပြီးတော့ အာဏာရှင်ဆန်တဲ့ စစ်ရိပ်စစ်ငွေ့သန်းတဲ့
ပုံစံမျိုးတွေတွေ့ရတာဟာ မြန်မာပြည်အနာဂတ်နိုင်ငံရေးအတွက်
စိုးရိမ်စရာအနေအထားတစ်ခုလို့ မြင်တယ်။ ဒါပေမဲ့ ပါတီပြောရေးဆိုခွင့်ရှိသူ
ဗဟိုအလုပ်အမှုဆောင်တစ်ဦးရဲ့ဖြေကြားချက်ကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့
ပြန်လည်ဖြေရှင်းမှု လိုအပ်သလို၊လိုအပ်တဲ့အရေးယူမှု
ဆောင်ရွက်မှုတွေလည်းလုပ်ဖို့ မဖြစ်မနေ လိုအပ်တယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက
ဆိုပါသည်။
လက်ရှိအချိန်တွင် NLD ပါတီနှင့် ပတ်သက်သောအကြောင်းအရာများကို
ဦးဝင်းထိန် တစ်ဦးတည်းက အများဆုံး ပြန်လည်ဖြေကြားပေးနေပြီး
သတင်းဋ္ဌာနများအပေါ် ဦးဝင်းထိန်၏ ယခုကဲ့သို့ တုံ့ပြန် ပြောဆိုမှုမှာလည်း
တစ်ကြိမ်မက ပေါ်ပေါက်ခဲ့ပြီး ဖြစ်သောကြောင့် အရေအသွေးရှိသည့်
ပြောရေးဆိုခွင့်ရသူတစ်ဦး အမြန်ဆုံး လိုအပ်နေကြောင်း ထောက်ပြမှုများ
ရှိပါသည်။
နိုင်ငံရေးပါတီ (သို့မဟုတ်) အဖွဲ့အစည်းတစ်ရပ်တွင် ပြောရေးဆိုခွင့်ရသူ
(spokesperson) တစ်ဦးသည် မည်သည့် အကြောင်းအရာကိစ္စတွင် မဆိုမီဒီယာများ၏
မေးမြန်းမှုများကို ပြန်လည်ဖြေကြားရန် တာဝန်ရှိပြီး ထိုသို့
ဖြေကြားရာတွင်လည်း ပုဂ္ဂိုလ်ရေးအာဃာတနှင့် ပုဂ္ဂိလခံစားချက်များကို ဘေးဖယ်၍
မေးမြန်းလာသော မေးခွန်းများနှင့် ပတ်သက်၍ ဖြစ်စေ၊ သတင်းထုတ်ပြန်လိုသော
အခြေအနေတွင်ဖြစ်စေ မိမိပေးလိုသော အချက်အလက်များကို
အထိရောက်ဆုံးပေးနိုင်ရန်နှင့် မလိုလားသော အချက်အလက်များကြောင့်
ထိခိုက်နိုင်မှုကို အတတ်နိုင်ဆုံး လျှော့ချ လုပ်ဆောင်ရန် တာဝန်ရှိသူများ
ဖြစ်ပါသည်။
ထိုကဲ့သို့ ပြောရေးဆိုခွင့်ရသူသည် မိမိကိုယ်ပိုင် ထင်မြင်ချက်
သို့မဟုတ် ကိုယ်ပိုင် ထောက်ခံ အတည်ပြုချက်ကိုပေးသူနှင့် မတူဘဲ
(မေးမြန်းလာသော အကြောင်းအရာများသည် မိမိကိုယ်ပိုင် ထင်မြင်ချက်နှင့်
ဆန့်ကျင်ဘက် ဖြစ်နေသည့်တိုင်) သက်ဆိုင်ရာအဖွဲ့အစည်း၏ အနေအထားများအတွက်
သစ္စာရှိစွာဖြင့် ကိုယ်စားပြုမှုနှင့် ထောက်ခံအကြံပြုမှုကို
ပေးရသူဖြစ်သည့်အပြင် အဖွဲ့အစည်း၏ မူဝါဒများနှင့် ပတ်သက်၍ လည်းကောင်း၊
သက်ဆိုင်ရာအကြောင်းအရာအပေါ် အမြင်များနှင့် ပတ်သက်၍ လည်းကောင်း၊
ပြဿနာဖြစ်နေသော မေးခွန်းများ၌ အဖွဲ့အစည်း၏ တရားဝင် ရပ်တည်ချက်နှင့် ပတ်သက်၍
လည်းကောင်း ရှင်းပြနိုင်သူများ ဖြစ်ရပါသည်။
Eleven Media Group
ထားဝယ် - ရန်ကုန် လမ်းမပေါ် ယာဉ် ၂ စီးဆင့် တိုက်မှုဖြစ်၊ သီလရှင်တစ်ပါး ပျံတော်မူ
၁) ယာဉ်တိုက်မှု မြင်ကွင်း
၂) ထိခိုက်ဒဏ်ရာရသူများကို ကူညီနေစဉ်
ဓာတ်ပုံ - ဇမ္ဗူသီရိ
|Dawei
Watch| ထားဝယ်၊ ဇန်န၀ါရီ ၅
ရန်ကုန်
- ထားဝယ် ပြည်ထောင်စု လမ်းမပေါ်တွင် ဇန်န၀ါရီလ ၄ရက်က မော်တော်ယာဉ် ၂ စီးဆင့် ယာဉ်တိုက်မှု
ဖြစ်ပွားရာ သီလရှင် တစ်ပါး ပျံတော်မူခဲ့ကြောင်း ကလိန်အောင် ရဲစခန်းမှ သိရသည်။
ယင်းနေ့
မွန်းလွှဲ ၁နာရီခွဲခန့်တွင် မိုင်တိုင်အမှတ် ၅၆/၁ ရားဖူးကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာအနီး၌
ထားဝယ်ဖက်မှ ရန်ကုန်ဖက်သို့ မောင်းနှင်လာသည့် STATION WAGONကားသည် မျက်နှာချင်းဆိုင်မှ
မောင်းနှင်လာသည့် PICKUP ကား ၀ဲဘက်ထောင့်စွန်းအား တိုက်ပြီး ဆက်လက်မောင်းနှင်ရာ နောက်မှ
မောင်းနှင်လာသည့် ပဒုမ္မာစာရီ သီလရှင် စာသင်တိုက် (ညောင်ရွှေမြို့)မှ LIGHT TRUCK ကား
ဘုရားဖူးယာဉ်နှင့် မျက်နှာချင်း ၀င်မိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှတ်တမ်းအရ သိရသည်။
ယင်းယာဉ်တိုက်မှုကြောင့်
LIGHT TRUCK ကားပေါ်တွင် လိုက်ပါလာသည့် ပဒုမ္မာစာရီ သီလရှင်စာသင်တိုက်မှ သီလရှင်တစ်ပါး
အခင်းဖြစ်သည့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး သီလရှင် ဆရာလေး ၁၁ပါးနှင့် အမျိုးသား
၃ဦးဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ ရဲမှတ်တမ်းအရသိရသည်။
ယင်းဒဏ်ရာရ လူနာများအား ကနဦးတွင် ကလိန်အောင် ဆေးရုံသို့ တင်ပို့ခဲ့ပြီး ယင်းမှ ထားဝယ် ဆေးရုံကြီးသို့ လွှဲပြောင်းကုသ နိုင်ရန် ထားဝယ်ဒေသမှ အရေးပေါ်လူနာတင်ယာဉ် ၆စီးဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ရကြောင်း ဇမ္ဗူသီရိ အရေးပေါ် လူနာသယ် ဆောင်ရေး အဖွဲ့မှ ကိုနိုင်မျိုးသွင် က ပြောသည်။
“အခုတလော
ယာဉ်တိုက်မှုတွေထဲမှာ အဆိုးဆုံးပဲ” ဟု ကိုနိုင်မျိုးသွင်က ပြောသည်။
ယင်းဒဏ်ရာရ
လူနာများအနက် သီလရှင်တစ်ပါးအား ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီး
ကျန်ရှိသည့် လူနာများကိုမူ ထားဝယ် ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသလျက်ရှိပြီး
၃ဦးမှာ စိုးရိမ်ရကြောင်း ဇမ္ဗူသီရိ ဆေးမှတ်တမ်းများအရ
သိရသည်။
၎င်းယာဉ်တိုက်မှုအား
ကလိန်အောင်ရဲစခန်း၌ ယာဉ်(ပ)၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူ
လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။
Dawei
Watch
ပြည်ဝင်ဗီဇာ စနစ်သစ်ဖြင့် ဇန်နဝါရီ ၁၁ ရက်မှ စတင်ပြောင်းလဲကျင့်သုံးမည်
နေပြည်တော်၊ ဇန်နဝါရီ ၆
မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် လာရောက်လိုကြသည့် နိုင်ငံခြား သားများအတွက် လက်ရှိအသုံးပြုလျက်ရှိသော ပြည်ဝင်ခွင့်ဗီဇာ(၆)မျိုး (အစား) ခေတ်စနစ်နှင့်အညီ ပြောင်းလဲကျင့်သုံးမည့် ပြည်ဝင်ဗီဇာ (Entry Visa) (၁၂)မျိုးနှင့်ပြည်ပြန်ဝင်ခွင့်ဗီဇာ (Re-entry Visa) (၃)မျိုးတို့အား ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှစ၍ အောက်ပါအတိုင်း ခွင့်ပြုပေးသွားမည်ဖြစ်သည် -
MOI Webportal Myanmar
မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် လာရောက်လိုကြသည့် နိုင်ငံခြား သားများအတွက် လက်ရှိအသုံးပြုလျက်ရှိသော ပြည်ဝင်ခွင့်ဗီဇာ(၆)မျိုး (အစား) ခေတ်စနစ်နှင့်အညီ ပြောင်းလဲကျင့်သုံးမည့် ပြည်ဝင်ဗီဇာ (Entry Visa) (၁၂)မျိုးနှင့်ပြည်ပြန်ဝင်ခွင့်ဗီဇာ (Re-entry Visa) (၃)မျိုးတို့အား ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှစ၍ အောက်ပါအတိုင်း ခွင့်ပြုပေးသွားမည်ဖြစ်သည် -
MOI Webportal Myanmar