Pages

Saturday, March 12, 2016

NLD မှ တင်မြှောက်သည့် ဒုသမ္မတနှစ်ဦးအနက် ဦးထင်ကျော်သာ ပထမဦးစားပေးဟုဆို



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးချယ်တင်မြှောက်ထားသည့် ဒုသမ္မတနှစ်ဦးအနက် ဦးထင်ကျော်ကသာ ပထမဦးစားပေးဖြစ်မည်ဟု NLD ဗဟိုဥပဒေအထောက်အကူပြုကော်မတီဝင် ဦးကိုနီ က News Watch သို့ ပြောသည်။

(NLD) မှ ပြည်သူ့လွှတ်တော်တွင် ဦးထင်ကျော် နှင့် အမျိုးသားလွှတ်တော်တွင် ဦးဟင်နရီဗန်ထီးယူတို့အား သမ္မတလောင်းများအဖြစ် ရွေးချယ်တင်မြောက်ထားပြီး တပ်မတော်သားအစုအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ရွေးချယ်တင်မြောက်ထားခြင်းဖြစ်သည်။
“ကျွန်တော်နားလည်သလောက် ဦးထင်ကျော်ကို သမ္မတမျှော်မှန်းထားတာ ဖြစ်တဲ့အတွက် ဦးထင်ကျော်ကိုပဲ အားလုံး ပုံအောပြီးတော့ မဲပေးကြမှာပါ။ ဦးဟင်နရီကတော့ ဒုသမ္မတ (၂)ပဲ ဖြစ်မှာပေါ့။ ဒီဟာက သိပ်အဓိက မကျပါဘူး။ ဒု-သမ္မတဆိုတာ သမ္မတမရှိတဲ့အခါ ခေတ္တယာယီ တာဝန်ထမ်းဆောင်ရတဲ့ အဆင့်ပဲရှိပါတယ်။ ဖွဲ့စည်းပုံမှာ ဒုသမ္မတရဲ့ လုပ်ပိုင်ခွင့်တာဝန်ဆိုတာ ပြဌာန်ထားတာ မရှိပါဘူး”ဟု ၎င်းက ပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ် ၁၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့တွင် သမ္မတရွေးချယ်ပွဲပြုလုပ်မည်ဖြစ်သည်။ လက်ရှိ ရွေးချယ်ထားသည့် ဒုသမ္မတ သုံးဦးအနက်မှ တဦးအားသမ္မတအဖြစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၌ မဲပေးရွေးချယ်မည် ဖြစ်သည်။
ယင်းမတိုင်မီ အဆိုပါသမ္မတလောင်းများအား နိုင်ငံတော် သမ္မတအရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်ရေးအဖွဲ့ကို ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဌ )၊ ဦးမန်းဝင်းခိုင် (အမျိုးသားလွှတ်တော် ဥက္ကဌ )၊ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ) ဦးအေးသာအောင် (အမျိုးသားလွှတ်တော် ဒု-ဥက္ကဌ ) ဒေါက်တာမျိုးအောင် (NLD အမတ်)၊ ဦးဘမျိုးသိန်း (NLD အမတ်)နှင့် ဗိုလ်ချုပ်သန်းစိုး (တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်) စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်းထားသည်။

“သမ္မတအရည်အချင်းသတ်မှတ်ချက် (၇) ချက် သတ်မှတ်ထားတယ်။ အဲဒီ ၇ ခုထဲမှာ မလိုအပ်ဘဲ သတ်မှတ်ထားတဲ့ အချက်တွေ ပါနေတာတွေ့ရတယ်။ စိစစ်လို့ မရတဲ့ ကိစ္စမှာ စစ်ရေးအမြင်ဆိုရင် အဲဒီစစ်ရေးအမြင်ရှိတယ်၊ မရှိဘူးဆိုတာ ဘယ်လိုပေတံနဲ့ တိုင်းမှာလဲ။ စီးပွါးရေးအမြင်ရှိ မရှိဆိုတာမျိုးကို စစ်မဲ့သူ ဘယ်သူလဲ။ သူကအဲဒီလို ဆုံးဖြတ်ပေးရလောက်အောင် သူကရော တတ်ရဲ့လား။ သူ့မှာကော အမြင်ရှိရဲ့လား စသဖြင့်ပေါ့။ အဲလို တချို့ အရည်အချင်းသတ်မှတ်ချက်တွေမှာ စစ်ရေးအမြင်၊ စီးပွါးရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ နိုင်ငံရေးအမြင်ဆိုတဲ့ အချက်တွေမှာ လူတယောက်က အဲဒါတွေ အားလုံးရှိဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူး။ ဒီလို သတ်မှတ်ချက်မျိုးဟာ ဘယ်နိုင်ငံမှာမှလည်း မရှိဘူး။ တိုင်းတာလို့မရတဲ့ စံနှုန်း၊ သတ်မှတ်ချက်တွေ ဖြစ်နေတယ်” ဟု ဦးကိုနီကပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြိတ်မြို့တွင် ပျောက်ဆုံးနေသော တက္ကသိုလ် တတိယနှစ် ကျောင်းသူ၏ အလောင်းအား တွေရှိ




မိတ်မြို့တွင် တက္ကသိုလ် တတိယနှစ် တက်ရောက် ပညာသင်ယူနေသည့် မြိတ်တက္ကသိုလ် ကျောင်းသူ မအေးမြတ်သူ သည် ၁၀.၃.၂၀၁၆ရက် ည၇း၀၀ အချိန် ခန့် က ပျောက်ဆုံးနေကြောင်း သိရှိ ရပြီး သူမ၏ အုပ်ထိန်းသူများ က အပူတပြင်း လိုက်လံ ရှာဖွေ ခဲ့ကြသည်။

ထိုသို့ရှာဖွေရာ၌ အဆိုပါရက်နေ့ ည၉း၀၀ အချိန်ခန့်တွင် သူမစီးနေသော ဆိုင်ကယ်နှင့်အ တူ ၎င်း၏ အသုံးအဆောင်ပစ္စည်း များအား မြိတ် ကျွဲကူး -ကျောက်ဖျား တံတားပေါ်၌ တွေ့ခဲ့ရပြီး သူမ၏ အလောင်းအား ၁၂-၃- ၂၀၁၆ ရက်နေ့ နံနက်ပိုင်းက မြိတ်မြို့ တောင်းရှည် ကျေးရွာအုပ်စု တောင်းညိုရွာ အနီး မြစ်ထဲတွင် ပြန်လည်တွေရှိပြီး ၀ဋံသက နာရေး ကူညီမှု အသင်းမှ မြိတ်ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့သည်။

သူမသည် ကျွဲကူး_ ကျောက်ဖျာ တံတားပေါ်မှ ရေထဲသို့ ခုန်ချခဲ့ကြောင်း သိရှိရသည်။
တံတားပေါ်မှ ခုန်ချသည့် အကြောင်းအရင်းကို ရဲတပ်ဖွဲဝင်များ ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

မြိတ်မြို့ သတင်းမီဒီယာ

ဓားစာခံကိစ္စ အိုင်အက်စ်နှင့် ညှိနှိုင်းမည်မဟုတ်ဟု ဖိလစ်ပိုင်ပြော


နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ အပေးအယူ လုပ်မှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင် စစ်တပ်က မတ် ၁၁ ရက်နေ့မှာ ပြောပါတယ်။
စစ်သွေးကြွအဖွဲ့က  ကနေဒါ ၂ ဦး၊ နော်ဝေ ၁ ဦးနဲ့ ဖိလစ်ပိုင် အမျိုးသမီး ၁ ဦးတို့ကို ပြန်ပေးဆွဲထားတဲ့အကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဗွီဒီယို တင်ထားပြီး သူတို့ တောင်းဆိုချက်တွေကို အစိုးရက တလအတွင်း မလိုက်လျှောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
လူလေးယောက်ကို မနှစ်စက်တင်ဘာလတုန်းက ကမ်းခြေ အပမ်းဖြေရိပ်သာ တခုကနေ ပြန်ပေးဆွဲသွားပြီး အခုအခါမှာ ဂျိုလို ကျွန်းပေါ်က တောနက်ထဲမှာ ဖမ်းထားတာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဂျိုလိုကျွန်းဟာ အဘူဆာရစ် စစ်သွေးကြွအုပ်စုရဲ့ အခိုင်အမာ အခြေစိုက်စခန်း ဖြစ်ပါတယ်။
ဖိလစ်ပိုင် စစ်တပ်ရဲ့  ပြောခွင့်ရသူ ရက်စတီတူတို ပါဒဲလာက ဖေ့စ်ဘွတ်ခ်ပေါ်က ဗွီဒီယိုကို ကြည့်ပြီး ဖြစ်ပေမယ့် စစ်တပ်ရဲ့  ရပ်တည်ချက်ကတော့ အပြောင်းအလဲ မရှိဘူးလို့ ပြောပါတယ်။
ပြန်ပေးသမားတွေနဲ့ အပေးအယူလုပ်သွားမှာ မဟုတ်ဘဲ တောင်းထားတဲ့ ငွေကိုလည်း ပေးသွားဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
ပြန်ပေးဆွဲခံထားရတဲ့ လူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားနေတာ နီးစပ်နေတဲ့အကြောင်း ပြောပေမယ့် အသေးစိတ် အစီအစဉ်တွေကိုတော့ မပြောပါဘူး။
အကြမ်းဖက်အဖွဲ့က တင်ထားတဲ့ ဗွီဒီယိုမှာ ပြန်ပေးဆွဲခံထားရသူတယောက်က အမေရိကန် ဒေါ်လာ ၂၁ သန်းနဲ့ ညီမျှတဲ့ ဖိလစ်ပိုင်ငွေကို ပြန်ပေးသမားတွေက လိုချင်တဲ့အကြောင်း ပြောထားပါတယ်။
အဘူဆာရစ် အုပ်စုဟာ  နယ်သာလန် နိုင်ငံသား ၁ ဦး၊ ဂျပန် ၁ ဦး၊ အီတလီ သာသနာပြု ၁ ဦး အပါအ၀င် တခြား နိုင်ငံခြားသားတွေကိုလည်း ပြန်ပေးဆွဲထားပါတယ်။
DVB

အာဆီယံ အမျိုးသမီးချန်ပီယံပြိုင်ပွဲ မြန်မာ အုပ်စုကြပ်


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၆ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုပြိုင်ပွဲမှာတော့ မြန်မာက သြစတြေးလျ၊ မလေးရှားအပါအ၀င် ဖိတ်ခေါ်အသင်းတသင်းနဲ့ အုပ်စု (ခ)မှာ ကျရောက်နေပါတယ်။
မတ် ၁၂ ရက်က မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး တိုင်ပေ၊ ဂျပန်၊ တောင်ကိုရီးယားအသင်းတွေထဲက တသင်းကို ဖိတ်ခေါ်ထားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
အုပ်စု(က)မှာတော့ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့ပါဝင်ကစားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲတွေကို မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းမှာ ဇူလိုင် ၂၆ ကနေ သြဂုတ် ၄ ရက် အထိ ကျင်းပမှာ ဖြစ်ပြီး ပွဲစဉ် အသေးစိတ်ကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
အလားတူ ၂၀၁၆ ခုနှစ် အာဆီယံ ယူ ၁၆ လူငယ်ပြိုင်ပွဲ အုပ်စုပွဲမှာတော့ မြန်မာ ယူ ၁၆ အသင်းဟာ အုပ်စု (က)မှာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ စင်ကာပူ အသင်းများနှင့် အတူကျရောက်နေပါတယ်။
အုပ်စု (ခ)မှာတော့ ကမ္ဘောဒီးယား ထိုင်း၊ လာအို၊ တီမော၊ ဘရူနိုင်းနဲ့ ယှဉ်ပြိုင်ဖို့ အတည်မပြုသေးတဲ့ အင်ဒိုနီးရှားတို့ အုပ်စုတခုတည်း ကျရောက်နေပါတယ်။
ယူ ၁၆ ပြိုင်ပွဲတွေကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဇူလိုင် ၁၀ ကနေ ၂၃ ရက် အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အာဆီယံ အမျိုးသမီးချန်ပီယံပြိုင်ပွဲ မြန်မာ အုပ်စုကြပ်


တစ်နှစ်လျင် ခရီးသွား၆သန်းအထိ လက်ခံ ၀န်ဆောင်မှုပေးနိုင်မယ့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 အဆောက်အအုံသစ်ကို ဒီကနေ့ မနက်မှာ သမ္မတ ဦးသိန်းစိန်က ဖွင့်လှစ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ လေယာဉ်စီးခရီးသည်ဦးရေ ၄သန်းကျော်စီ အထိမြင့်တက်လာတာကြောင့် ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အားနည်းချက်တွေဖြစ်ပေါ်ခဲ့လို့  အခုလေဆိပ်သစ်ကို ဆောက်လုပ်ရတာလို့

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေက လေဆိပ်ဖွင့်ပွဲမှာ ပြောပါတယ်။
ဒီလေဆိပ်တိုးချဲ့ အဆောက်အအုံသစ်ကို အမေရိကန်ဒေါ်လာသန်း ၆၆၀ ခန့် ရင်းနှီးမြှုပ်နှံပြီး အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ  Yangon Aerodrome ကုမ္ပဏီ( ယခင် Pioneer Aerodrome ကုမ္ပဏီ)က တာဝန်ယူပြီး ဆောက်လုပ်တာဖြစ်ပါတယ်။

လေဆိပ်သစ်ကို ၂၀၁၅နှစ်ဆန်းပိုင်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ခရီးသည်ပေါင်းကူး တံတားလေးစင်း၊ စားသောက်အနားယူခန်းမ၊ ဓါတ်လှေကား၊ စက်လှေကားတွေတပ်ဆင်ပြီး နိုင်ငံတကာအဆင့်မီဆောက်လုပ် ထားတာဖြစ်တယ်လို့ Yangon Aerodrome ကုမ္မဏီဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင် (ဥက္ကဋ္ဌ)ကပြောပါတယ်။

လေဆိပ်သစ်ဟာငါးထပ်အဆောက်အအုံဖြစ်ပြီး မြေညီထပ်ကို   ပြည်ပထွက်ခွာခရီး သည်တွေ အတွက်အသုံးပြုဖို့၊ ပထမထပ်ကို ပြည်ပဆိုက်ရောက် ခရီးသည်တွေအတွက် သုံးဖို့ နဲ့ ဒုတိယထပ်နဲ့ တတိယထပ်တွေမှာ စားသောက်ဆိုင်နဲ့ ဈေးဆိုင်ခန်းတွေ ပါဝင်မှာဖြစ်ပါ တယ်။

လေဆိပ်သစ်ကို ဖွင့်လှစ်လိုက်ပေမယ့် လေယာဉ်အ၀င်အထွက်ဆိုက်ကပ်ရပ်နားမှုတွေနဲ့ ခရီးသည်တွေအတွက် ၀န်ဆောင်မှုတွေကတော့ မစတင်နိုင်သေးဘူးလို့  မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်က လေကြောင်းဦးစီးဌာန အရာရှိတဦးကပြောပါတယ်။

လေဆိပ်သစ်လုပ်ငန်းတွေ ရာနှုန်းပြည့်မပြီးစီးသေးခင် သမ္မတ ဦးသိန်းစိန်က အစိုးရ သက်တမ်း ကုန်ခါနီးအချိန်မှာ လာရောက်ဖွင့်လှစ်ပေးလိုက်တာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ပထမဆုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၅၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၉၉၆ခုနှစ် မှာတစ်ကြိမ် ၂၀၀၄ခုနှစ်မှာတစ်ကြိမ် တိုးချဲ့မွမ်းမံမှုတွေပြုလုပ်ခဲ့ပါတယ်။
သတင်းဓာတ်ပုံ – ဇေယျာအေးချမ်း
DVB

ငါးအအေးခန်းစက်ရုံ အလုပ်သမား သေဆုံးရမှု ရဲတပ်ဖွဲ့ တောင်းပန်


တိုင်းရဲတပ်ဖွဲ့မှူ; စက်ရုံအလုပ်သမားများနှင့် တွေ့ဆုံတောင်းပန်နေစဉ်ဓာတ်ပုံ - Dawei Watch
-

၊ ထားဝယ်၊ မတ် ၁၂


ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်ရှိ (ဟိုင်ယွမ်) ငါးအအေးခန်းစက်ရုံတွင် မတ်လ ၇ ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သည့် ဖြစ်ရပ်အပေါ် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက စက်ရုံသို့သွားရောက် တောင်းပန်ခဲ့သည်။


တိုင်းရဲတပ်ဖွဲ့မှူးသည် အဆိုပါ ငါးအအေးခန်းစက်ရုံရှိ အလုပ်သမားများနှင့် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် စက်ရုံ၌ တွေ့ဆုံကာ အလုပ်သမား သေဆုံးရမှုအပေါ် ညီအစ်ကို တစ်ဦးဆုံးရှုံးရသလို ၀မ်းနည်းရပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးအနေနှင့် တောင်းပန်ကြောင်း စက်ရုံမန်နေဂျာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် သတင်းထောက်အချို့ ရှေ့မှောက်တွင် ရဲမှူးကြီးက ပြောကြားခဲ့သည်။


မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသည့် ယင်း အကြောင်းအရာအပေါ် ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ လိုအပ်သည့် စစ်ဆေးအရေးယူမှုများပြုလုပ်နေပြီး ပြည်သူများအပေါ် နောင်မဖြစ်စေရန် တာဝန်ယူ လုပ်ဆောင်သွားမည်ဟု တိုင်းရဲမှူးကြီး နေမျိုး ကဆိုသည်။


“ပြဿနာတစ်ခုအပေါ် ခေါင်းအေးအေးနဲ့ သေချာရှင်းပြပြီး ဖြေရှင်းသွားဖို့လိုတယ်”ဟု အလုပ်သမားများနှင့်တွေ့ဆုံပွဲတွင် ရဲမှူးကြီး နေမျိုး ကပြောသည်။


အလုပ်သမားများအနေနှင့် ယင်းစက်ရုံတွင် အလုပ်ဆက်လက်လုပ်ကိုင်မည်ဆိုပါက ဆက်လုပ်နိုင်ပြီး ယင်းအပေါ် ရဲတပ်ဖွဲ့အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိကြောင်း၊ လိုအပ်သည့် အကြံဥဏ်များလည်း တောင်းခံနိုင်ပြီး တစ်ဦးနှင့်တစ်ဦး အမြင်ရှင်းရန်လိုအပ်ကြောင်း ရဲမှူးကြီး ကဆက်ပြောသည်။


ရဲမှူးကြီးက ထိုကဲ့သို့ လာရောက်ရှင်းပြ ပြောဆိုသည့်အတွက် ကျေနပ်ကြောင်း စက်ရုံ အလုပ်သမားတစ်ဦး ကဆိုသည်။


တိုင်းရဲတပ်ဖွဲ့မှူးမှ ယခုလို လာရောက်ပြောကြားပေးခဲ့သည့်အတွက် မထင်မှတ်ဘဲ ဖြစ်သည့်ကိစ္စအပေါ်တွင် အလုပ်သမားများဖက်မှ အမြင်ရှင်းသွားနိုင်ကြောင်း စက်ရုံမန်နေဂျာ ကိုအောင်စိုးနိုင် ကပြောဆိုသည်။



မတ်လ ၇ ရက်နေ့ ညပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမားအချို့ စကားများရန်ဖြစ်ရာမှ ရပ်ကွက်တာဝန်ရှိသူများ သွားရောက်ဖျန်ဖြေရာ အဆင်မပြေဖြစ်ရာမှ ရဲတပ်ဖွဲ့ထံ ရပ်/ကျေးတာဝန်ရှိသူများက ဆက်သွယ်အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်ညှိနှိုင်းဖျန်ဖြေရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရိုက်နှုက်မှုကြောင့် အလုပ်သမားတစ်ဦး သေဆုံးသွားခဲ့သည်။


ဖြစ်စဉ်တွင်ပါဝင်သည့် အလုပ်သမား၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များအား တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ခုံရုံးဖွဲ့စစ်ဆေးနေပြီး ရိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်အား ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ဖြစ်စဉ် ဖြစ်ပွားစဉ်တွင် တာဝန်ကျ တိုင်းရဲတပ်ဖွဲ့မှူး မရှိဘဲ ရဲမှူးကြီးနေမျိုးမှာ မတ်လ ၁၀ နေ့တွင်မှ စတင် ပြောင်းရွေ့တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။

ယခင် ရဲမှူးကြီး ကြည်လင်းမှာ ဖေဖော်ဝါရီလ တတိယ အပတ်ကတည်းက တာဝန်မှ ပြောင်းရွေ့သွားခဲ့သည်။
Dawei Watch

ရဲတပ်ဖွဲ့ဝင်ကြောင့် အလုပ်သမားသေဆုံးခဲ့သည့် ထားဝယ် ငါးအအေးခန်းစက်ရုံ၌ အလုပ်သမားများ အနိမ့်ဆုံး အလုပ်သမားအခွင့်အရေးတောင်မရရှိဟုဆို

 ထားဝယ်၊ မတ် ၁၁

မတ်လ ၇ရက်နေ့က ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် အလုပ်သမားသေဆုံးခဲ့ရသည့် (ဟိုင်ယွမ်)ငါးအအေးခန်း စက်ရုံတွင် အလုပ်သမားများ နိုင်ငံတော်မှ သတ်မှတ်ထားသည့် အခြေခံအနိမ့်ဆုံး လစာ ၃၆၀၀ ကျပ်နှုန်း မရရှိသည့်ုအပြင် အလုပ်သမားအခွင့်အရေး အပြည့်အ၀မရခဲ့ကြောင်း ယင်းစက်ရုံ အလုပ်သမားများထံမှ သိရသည်။

ငါးအအေးခန်းစက်ရုံတွင် အလုပ်ဝင်ချိန် နံနက် ၈ နာရီအဖြစ် သတ်မှတ်ထားပြီး နေ့လယ်ထမင်းစားနားချိန်မှာ ပုံမှန်သီးသန့် သတ်မှတ်ပေးထားခြင်းမရှိဘဲ ကုန်ကြမ်းဝင်သည့်အပေါ်မူတည်ကာ နေ့လယ် ၁ နာရီခန့်အထိ အလုပ်လုပ်ကြရပြီး ထမင်းစားနားချိန်မှာလည်း မိနစ်သုံးဆယ်ခန့်သာရှိကြောင်း အလုပ်သမားခေါင်းဆောင် ကိုဝေဖြိုးသူ ကဆိုသည်။

“အလုပ် ၀င်ချိန်ထွက်ချိန်ကို တိတိကျကျသတ်မှတ်ပေးစေချင်တယ်” ဟု အလုပ်သမားခေါင်းဆောင် ကိုဝေဖြိုးသူ ကပြောသည်။

ယင်းစက်ရုံတွင် အလုပ်သမားများ၏ အဆိုအရ အလုပ်သမား ၉၀ ၀န်းကျင်ရှိသော ယင်းအအေးခန်း စက်ရုံတွင် အလုပ်သမားများမှာ ငါးအမျိုးအစားခွဲခြင်း၊ ငါးအရွယ်အစားခွဲခြင်း၊ အလေးချိန်ချိန်ကာ အအေးခန်းအတွင်း ပို့ဆောင်ခြင်း၊ ထုပ်ပိုးခြင်းတို့ အဓိက လုပ်ဆောင်သည်။

ယင်းစက်ရုံတွင် ညနေပိုင်း အလုပ်ဆင်းရာတွင်လည်း တစ်ပတ်လျှင် ၅ ရက်ခန့်မှာ ည ၁၁ နာရီ ခန့် အထိ အလုပ်ဆင်းရပြီး အချိန်ပိုကြေးမရရှိဘဲ ငါးကုန်ကြမ်းဝင်သည့်အပေါ်မူတည်ကာ တစ်ကီလိုလျှင် ၁၅ ကျပ်နှုန်းဖြင့် အလုပ်ဆင်းသည့် အလုပ်သမားများ ညီတူညီမျှ ခွဲဝေကြသည်ဟု ကိုဝေဖြိုးသူ ကဆက်ပြောသည်။

ယင်းစက်ရုံမှာ အလုပ်ပိတ်ရက်မရှိဘဲ ရက်မှန်ကြေးအဖြစ် တစ်လလျှင် ငွေ ၈၀၀၀ ကျပ် ထပ်ဆောင်းပေးကာ နေ့တစ်ဝက်အလုပ်မဆင်းပါက တစ်ရက်စာ လုပ်အားခ ဖြတ်တောက်ခဲ့သည့်အပြင် ရက်မှန်ကြေးမှ ၃၀၀၀ ကျပ် ထပ်မံဖြတ်တောက်ခံခဲ့ရပြီး ရက်မှန်ကြေး ကုန်ပါက မူရင်းလစာထဲမှ ပြန်ဖြတ်သည်ဟု အဆိုပါစက်ရုံ၏ စာရေးဖြစ်သူ ကိုမျိုးဇော်အောင် ကဆိုသည်။

“အလုပ်ရှင် အလုပ်သမား  ဥပဒေပါအတိုင်း ခံစားခွင့်ရချင်တယ်”ဟု စာရေးဖြစ်သူ ကိုမျိုးဇော်အောင် ကပြောသည်။

အလုပ်သမားများမှာ အနိမ့်ဆုံးလစာ ၄၅၀၀၀ ကျပ်မှ အများဆုံးလစာမှာ ၁ သိန်းခန့်သာ ရရှိခဲ့ပြီး လုပ်သက်တစ်နှစ်ပြည့်ပါက တစ်သောင်းကျပ်သာ တိုးပေးကြောင်း လုပ်သက် ၁၀ နှစ်ရှိပြီဖြစ်သည့် အလုပ်သမား ကိုငွေတိုးဦး ကဆိုသည်။

ကုန်ကြမ်းအ၀င်များသည့် ရက်များတွင် ပိတ်ရက်မရှိ ဆက်တိုက်လုပ်ဆောင်စေပြီး ကုန်ကြမ်းရှားပါးသည့် အချိန်များတွင် ၇ ရက်ခန့်အထိအလုပ်နားရသည်များလည်း ရှိကြောင်း အဆိုပါ ငါးအအေးခန်းစက်ရုံမှ မန်နေဂျာဖြစ်သူ ဦးအောင်စိုးနိုင် ကဆိုသည်။

“အချိန်ပိုကြေးကို ပုံမှန်ပေးတာတော့မရှိဘူး၊ ကီလိုကြေး ပေးတာတော့ရှိတယ်” ဟု မန်နေဂျာ ကိုအောင်စိုးနိုင် ကပြောသည်။

အလုပ်စ၀င်သည့် အလုပ်သင် အလုပ်သမားများအားပေးသည့်လစာမှာ  သတ်မှတ်ထားသည့် နှုန်းဖြစ်သည့် ၃၆၀၀ ကျပ်မပြည့်သော်လည်း လုပ်ငန်းကျွမ်းကျင်လာသည့် အချိန်အတိုင်းအတာ တစ်ခုရောက်ရှိပါက သတ်မှတ်နှုန်းထားအတိုင်းပေးဆောင်နေကြောင်း တုံှ့ပြန်ပြောဆိုသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ စက်ရုံအလုပ်သမားများမှ မတ်လ ၈ ရက်နေ့တွင် သက်ဆိုင်ရာ အလုပ်သမားရုံးသို့ သွားရောက်တင်ပြ တိုင်ကြားခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

အလုပ်သမား သေဆုံးမှု ကိစ္စရှင်းပြီးပါက အလုပ်ရှင် အလုပ်သမား စာချုပ်ပါအတိုင်း ဖြစ်စေရန် အမြန်ဆုံးဆောင်ရွက် စိစစ်ဆောင်ရွက်ပေးသွားမည်ဟု ထားဝယ်မြို့နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

“ဆိုင်ရာဥပဒေပါအတိုင်း ဆောင်ကြဉ်းပေးသွားမယ်” ဟု အဆိုပါ တာဝန်ရှိသူ ဦးသန်းဦး ကပြောသည်။

အလုပ်ရှင်ဖက်မှ စည်းကမ်းမလိုက်နာခြင်းမျိုး ရှိနိုင်သလို အလုပ်သမားဖက်မှလည်း စည်းကမ်း မလိုက်နာ ခြင်းရှိနိုင်သည့်အတွက် သွားရောက်စည်းကြပ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြေသည်။

အဆိုပါစက်ရုံမှာ မတ်လ ၇ ရက်နေ့ ညပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမားအချို့ စကားများရန်ဖြစ်ကြသည့်အပေါ် ရပ်ကွက်တာဝန်ရှိသူများမှ အကူအညီတောင်းံသဖြင့် ရဲတပ်ဖွဲ့မှ ၀င်ရောက်ဖျန်ဖြေစဉ် ရုန်းရင်ဆန်ခတ်ဖြစ်ပွားခဲ့ပြီး ယင်းစက်ရုံမှ အလုပ်သမားတစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သည်။
Dawei Watch၊

ဦးမြင့်ဆွေကို ဒုသမ္မတ ရွေးချယ်မှု အပေါ် ကန် သဘောထား


တပ်မတော်ဘက်က ဒုသမ္မတအဖြစ် မနေ့က အဆိုပြုတင်သွင်းတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား) ဟာ လက်ရှိ အမေရိကန်ဒဏ်ခတ် အရေးယူထားတဲ့ စာရင်းမှာ ရှိနေဆဲဖြစ်ပါတယ်။ အခုလို အရေးယူထားတဲ့ စာရင်းကနေ ပယ်ဖျက်ဖို့ ဆိုရင် သူ့ကိုဘာကြောင့် သွတ်သွင်းခဲ့သလဲဆိုတဲ့ သူရဲ့လုပ်ရပ်ကို ဆက်ပြီး မလုပ်တော့ဘူး ဆိုတာ အခိုင်အမာ သက်သေပြဖို့ လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနမှာ မနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။
၂၀၀၇ခုနှစ် ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမှုနဲ့ ဆက်စပ်နေတယ် ဆိုပြီး အမေရိကန်ပြည်ထောင်စုက ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို ပစ်မှတ်ထားအရေးယူခဲ့တာဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ OFAC ခေါ် နိုင်ငံခြားပိုင်ဆိုင်မှုပစ္စည်း ထိန်းချုပ်ရေးဌာနရဲ့ SDN ခေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ အရေးယူဖို့ အထူးသတ်မှတ်ထားတဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေ စာရင်းအရ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၂၇) ရက် ရက်စွဲနဲ့ ဖေါ်ပြခဲ့တဲ့ အထဲမှာတော့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို အဲဒီအချိန်က  တပ်လုံခြုံရေး အကြီးအကဲရာထူးနဲ့ဖေါ်ပြထားပြီး ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖိနှိပ်မှုတွေမှာ တာဝန်ရှိသူတဦး အဖြစ်ရေးသားထားပါတယ်။
အခုလို အမေရိကန်ရဲ့ဒဏ်ခတ်အရေးယူမှုစာရင်းမှာ (၉)နှစ်ဆက်တိုက်ပါနေတဲ့သူကို တပ်မတော်က ဒုသမ္မတ အဆိုတင်သွင်းခဲ့တာကြောင့် ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို အမေရိကန်အစိုးရက ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ပေးဖို့ရှိပါသလားလို့ အမေရိကန်နိုင်ငံခြားရေးဌာနကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။
“ဦးမြင့်ဆွေအနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု SDN စာရင်းမှာ ဘာကြောင့် ပါနေသလဲ ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန ရဲ့ နိုင်ငံခြားငွေပိုင်ဆိုင်မှုများဆိုင်ရာ ထိန်းချုပ်ရေးဌာန ကို မေးမြန်းကြည့်ပါလို့ ကျမတို့ ညွှန်းလိုပါတယ်။ ဒုတိယသမ္မတလောင်း အမည် တင်သွင်းခြင်း ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ နောက်ထပ် အရေးကြီးတဲ့ခြေလှမ်း တရပ်ဖြစ်ပါတယ်။ ဒီလို အသွင်ကူးပြောင်းရေး ကာလကို ထောက်ခံအားပေးသွားဖို့လဲ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန် အခိုင်အမာချထားပါတယ်။”
ဒါအပြင် နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေကို မြန်မာပြည်သူတွေကသာ တိုက်ရိုက်ရွေးချယ်ခွင့်ရှိသင့်တယ်လို့ အမေရိကန်ဘက်ကမြင်ကြောင်း သူကအခုလိုပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အားနည်းချက်တွေရှိတယ်ဆိုတာကို အစဉ်တစိုက် အမေရိကန်ပြည်ထောင်စုက ထောက်ပြခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် လွှတ်တော်ရဲ့အမတ်နေရာ ၂၅%ကို စစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ အချက်ပါ။ ဒီအခြေအနေပေါ်မူတည်ပြီး စစ်တပ် ၂၅% ကိုယ်စားလှယ်ကနေ သမ္မတ ဒါမှမဟုတ် ဒုသမ္မတ လောင်းတွေကို အမည်တင်သွင်းခွင့်ရ တာဖြစ်ပါတယ်။ နိုင်ငံကိုခေါင်းဆောင်မယ့် ပုဂ္ဂိုလ်တွေကို နိုင်ငံသားတွေကသာ မဲပေးရွေးချယ်ခွင့်ရသင့်ကြပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေး စိတ်ဓါတ်အရနဲ့ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖေါ်ဆောင်ပေးနိုင်ဖို့ ပြည်သူတို့ရဲ့ ဆန္ဒကို ကိုယ်စားပြုမယ့် ဒီမိုကရေစီနည်းကျ အရပ်သား အစိုးရဖွဲ့စည်းနိုင်ရေး အတွက် နိုင်ငံခေါင်းဆောင် အားလုံး ၀ိုင်းဝန်းကြိုးပမ်းကြဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။”
ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား) ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံများစွာ ရှိသူတဦးဖြစ်တာကြောင့် ဒုသမ္မတအဖြစ် အဆို တင်သွင်းတာဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်စန်းနိုင်က မနေ့ သောကြာနေ့က ကျင်းပတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတရွေးချယ်ရေး အစည်းအဝေးမှာ အခုလိုပြောသွားပါတယ်။
"ဦးမြင့်ဆွေ ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစားဟာ ပထမအကြိမ် လွှတ်တော် သက်တမ်းကာလ အတွင်းမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ အတွက် နိုင်ငံရေးအတွေ့အကြုံ များစွာ ရှိသူတဦး ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော် မှာ ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် အုပ်ချုပ်ရေး အတွေ့အကြုံများစွာ ရှိသူလည်းဖြစ်ပါတယ်။"

ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို တပ်မတော်က ဒုသမ္မတအဖြစ် တင်သွင်းတဲ့ အကြောင်းအရင်းတွေထဲမှာ တပ်တွင်းသူဟာ စီနီယာတဦးဖြစ်တဲ့အပြင် ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေရဲ့ သစ္စာရှိတဲ့ လူယုံတဦးဖြစ်နေတယ် ဆိုတာတွေ့ရတယ်လို့ စစ်သံမှုးဟောင်း ဦးအောင်လင်းထွဋ်ကပြောပါတယ်။
သူဟာ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပီအေသဘောမျိုးပေါ့လေ ကျနော်တို့ ဒီတပ်မတော်မှာ လုပ်ငန်းတာဝန် အားလုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ မသွားခင်မှာ သူဆီကတဆင့် အားလုံးပဲ သွားရပါမယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ပင်လျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောချင်တဲ့အခါမှာ ဗိုလ်ချုပ်ကြီးမြင့်ဆွေက တဆင့် တင်ပြရတဲ့အနေအထားမျိုးရှိပါတယ်။ နောက်တခုက ကျနော်တို့ သိထားသလောက်ပေါ့လေ။ သထုံဇာတိပါ။ ဒေါ်ကြိုင်ကြိုင်နဲ့ ဆွေနီးမျိုးဆက် တူတော်တယ်လို့သိရပါတယ်။ ပအို့ဝ်အမျိုးသား နွယ်တဲ့အနေအထားမျိုး ရှိပါတယ်။ "
အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တုန်းက တပ်မတော်ဘက်ကနေ ဒုသမ္မတ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်ဆွေကို တင်မြှောက်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းကပြောပါတယ်။
" အရင်တချိန်တုန်းက ဒုသမ္မတဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးပေါ့နော် နှုတ်ထွက် ပါတယ်။ အဲ့ဒီ့အချိန်မှာ ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တင်သွင်းမယ်ဆိုတဲ့ သတင်းတွေရှိခဲ့တာပေါ့။ သူ့ရဲ့သားမက်လို့ထင်ပါတယ်။ အဲ့တာက သြစတြေးလျမှာ နိုင်ငံသားဖြစ်နေတယ် ဆိုတဲ့သတင်းတွေနဲ့ အဲ့တာကြောင့်ပဲ ပုဒ်မ ၅၉ စ နဲ့ ညိတယ်ဆိုတဲ့ သတင်းတွေ အဲ့ဒီ့အချိန်က ကြားခဲ့ရတာပေါ့။"
မနေ့က လွှတ်တော်နှစ်ရပ် သမ္မတရွေးချယ်ရေး အစုအဖွဲ့တွေမှာ ဒုသမ္မတတွေကို မဲပေးရွေးချယ် ရာမှာ NLD ပါတီက အဆိုပြုထားသူနှစ်ဦးဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်တီးယူတို့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
မတ်လ (၁၀)ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် သမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိမရှိ စိစစ်ရေး အဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူလွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ NLD လွှတ်တော်အမတ် ဒေါက်တာမျိုးအောင်၊ ကြံ့ခိုင်ဖွံဖြိုးရေး လွှတ်တော် အမတ် ဦးဘမျိုးသိန်းနဲ့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်ပါတယ်။
VOA

Friday, March 11, 2016

လူပျိုအလောင်းနှင့်လက်ထပ်ရန် သတို့သမီးအလောင်းခိုးယူမှုတရုတ်ပြည်မှာ ဖြစ်ပွားနေ


တရုတ်ပြည်တွင် သေဆုံးသူအမျိုးသမီးများ၏ အလောင်းများကို သင်္ချိုင်းဂူများမှခိုးယူကာ ထောင်နှင့်သောင်းနှင့်ချီသောငွေကြေးဖြင့် 'သတို့သမီးအလောင်း' အဖြစ်ရောင်းစားမှုများရှိနေကြောင်း သတင်းတပုဒ်တွင် ဖော်ပြထားသည်။ တရုတ်ပြည်တွင်လက်မထပ်ရဘဲ သေဆုံးသွားသူ ယောက်ျားများမှာ ကံမကောင်းဟု ယူဆသော ရှေးဟောင်းအယူအဆတရပ်ရှိခဲ့သည်။ ယင်းအယူအဆ ပြန်လည်ထွက် ပေါ်လာခဲ့ပြီး မိသားစုများက ယင်းကဲ့သို့ သေဆုံးသွားသော လူပျိုကြီးများအတွက် အမျိုးသမီးအလောင်းများကို ၀ယ်ယူကာ အလောင်းအရိုးစုများကို သွပ်ကြိုးများနှင့် ချည်နှောင်ပြီး သတို့သမီးဝတ်စုံဝတ်ပေး၍ လူပျိုကြီးအလောင်းနှင့် ယှဉ်တွဲမြှပ်နှံမှု ပြုလုပ်လျက်ရှိသည်။

ယင်းကဲ့သို့ အမျိုးသမီးအလောင်းများ ခိုးယူခံရပြီး ''မမြင်ရသော တစ္ဆေအိမ်ထောင်ရေး''အတွက် အသုံးချမှုများ ရှိနေ၍ သေဆုံးသူ အမျိုးသမီးများ၏ ကျန်ရစ်သူများကို ပျောက်ဆုံးနေသော အလောင်းရှာဖွေရေး လုပ်ကိုင်နေကြရသည်။ တရုတ်ပြည်တောင်ပိုင်း ကျာန်ရှီ ပြည်နယ်၏ ဟောင်တောင်စီရင်စုတွင် ယင်းကဲ့သို့ အမျိုးသမီးအလောင်းပျောက်ဆုံးမှုမှာ အနည်းဆုံး ၃၆ လောင်းခန့်ရှိကြောင်း ယင်းဒေသ၏ ရဲတပ်ဖွဲ့အကြီး အကဲ လင်ရှုက ပြောပြသည်။
''ကျွန်တော့် အမေရဲ့အလောင်းကို ရှာနေတာ ကျွန်တော် ယွမ် ၅၀,၀၀၀ ကျော်ကုန်နေပြီ၊ ဒီလိုအလောင်းအခိုးခံရ တာ ကျွန်တော်နှလုံးသားကို ဆွဲညှစ်လိုက်သလိုပါပဲ''ဟု မိခင်အလောင်းအခိုးခံရသော ကော့ကျိစိန်ဆိုသူက ပြောပြသည်။

သို့သော်လည်း ကျာန်ရှီပြည်နယ်နှင့် မြောက်ပိုင်း ဟေနန်ပြည်နယ်များတွင် ငွေကြေးချမ်းသာကြွယ်ဝလာကြ သော
 ကျေးလက်ပြည်သူအချို့က ယင်းကဲ့သို့ အမျိုးသမီးအလောင်းများကို ငွေပေးဝယ်ပြီး ယင်းအစဉ်အလာဟောင်းကို ကျင့်သုံးနေကြခြင်းဖြစ်သည်။ ပူပူနွေးနွေး သေဆုံးသူ အမျိုးသမီးအလောင်းများကို ပေါင် စတာလင် ၁၁,၀၀၀ အထိ ပေးဝယ်နေသူများ ရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်က ဇနီးသည်ကို သတ်ဖြတ်ပြီး အလောင်းကို ရောင်းစားရန် ကြိုးစားခဲ့သည့်လူတယောက်ကို ဖမ်းဆီးခဲ့ရသည့် ဖြစ်ရပ်ရှိခဲ့သည်။ ပုပ်သိုးဆွေးမြည့်နေသော အလောင်းကိုပင် ပေါင်စတာလင် ၅၀၀ နှင့်ရောင်းချမှုများရှိနေသည်။ တရုတ်နိုင်ငံဥပဒေအရ ယင်းကဲ့သို့ အလောင်းခိုးယူမှု သို့မဟုတ် ဖျက်ဆီးမှုပြုလုပ်ပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည်။

တေဇ၀င်း
Ref;Xinhua
https://www.facebook.com/NewsWatchJournal

စစ်တွေတွင် ပေါက်ကွဲမှုမှာ ထရန်စဖော်မာမဟုတ်ဘဲ ဗုံးကွဲမှုဟုဆို



စစ်တွေ၊ မတ် ၁၁

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ စစ်တွေမြို့ ဓညဝတီရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် မတ်လ ၁ဝ ရက်နေ့ ည ၁၁ နာရီ ခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင်က နိရဉ္စရာသို့ မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက အတည်ပြုပြောသည်။



“ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ အိမ်သားတွေက ခရီးသွားနေကြလို့ အိမ်မှာ တစ်ယောက်မှ မရှိကြဘူး။ ဗုံးတော့ ဗုံးပါပဲ။ ဒါပေမယ့် မိုင်းကျွမ်းကျင်သူတွေရဲ့အဆိုအရ အသံမြည်တဲ့ဗုံးအမျိုးအစားဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။
(ဓာတ်ပုံများ - အခင်းဖြစ်ပွားရာနေအိမ်နှင့် အခင်းဖြစ်ပွားရာသို့ စုံစမ်းစစ်ဆေးရန်ရောက်ရှိနေသည့် တာဝန်ရှိသူများကိုတွေ့ရစဉ်။ Photo by - San Myat Shwe)
ယခုဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေသော်လည်း မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအထိ ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးဟု သူက ဆက်လက်ပြောဆိုသည်။

ယခုဖြစ်စဉ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့်ကာလတွင် ရခိုင်ပြည်နယ်ပညာရေးမှူး ရုံးအနီးဖြစ်ပွားခဲ့ခြင်းဖြစ်သည့် အတွက်လည်း မြို့လူထုဆူပူမှုဖြစ်ပွားစေရန် တမင်ကြံရွယ် ဖန်တီးခြင်းဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်နေကြသည်။

“အိပ်မယ်လုပ်တော့ အုန်း ဆိုပြီး ပေါက်သံကြားတော့ တော်တော် လန့်သွားတာပဲ။ တစ်ခါမှ ဒီလို အသံအကျယ်ကြီးမျိုး မကြားဖူးဘူး”ဟု အခင်းဖြစ်ပွားရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ မြို့ခံ ကိုနေလင်းက နိရဉ္စရာကို ပြောသည်။

ယခုဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေပြီး ဖော်ထုတ် သွားမည် ဖြစ်ကြောင်း၊ ပြည်သူများ စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြစေ လိုကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင်က ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Arakan State



ကမ္ဘာ့အကြီးဆုံး ဇိမ်ခံခရီးသည်တင် သင်္ဘောကြီးကို ပြင်သစ်၌ စတင်စမ်းသပ်ပြေးဆွဲ



မတ် ၁၀ ရက်က ပြင်သစ်အနောက်ပိုင်း စိန့်နာဇိုင်ရီရှိ STX သင်္ဘောကျင်းမှ ထွက်ခွာနေသော ကမ္ဘာ့အကြီးဆုံး ဇိမ်ခံခရီးသည်တင် သင်္ဘောကြီး Harmony of the Seas ကိုတွေ့ရစဉ်

ကမ္ဘာ့အကြီးဆုံး ခရီးသည်တင် သင်္ဘောကြီး Harmony of the Seas သည် မတ် ၁၁ ရက်က ၎င်း၏ပထမဆုံး စမ်းသပ်ခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံ အနောက်ပိုင်း စိန့်နာဇိုင်ရီမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ပုံမှန်ခရီးစဉ်ကို နောက်နှစ်လအကြာတွင် ပြေးဆွဲတော့မည်ဖြစ်သည်။

ဒေါ်လာ ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိသော ထိုသင်္ဘောကြီးကို စိန့်နာဇိုင်ရီမြို့ရှိ ပြင်သစ်သင်္ဘောကျင်း STX တွင် အမေရိကန် သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း Royal Caribbean International (RCI) အတွက် ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ တန်ချိန်ပေါင်း ၁၂၀၀၀၀ ရှိသော သင်္ဘောကြီးကို ဆွဲသင်္ဘောခြောက်စင်း၏ အကူအညီဖြင့် ပင်လယ်ထဲသို့ ရေချမှုကို ဆိပ်ကမ်းတွင် လာရောက်စောင့်ကြည့်သူ ထောင်ချီရှိခဲ့ကြောင်း သိရသည်။

မတ် ၁၃ ရက်နေ့အထိ ကြာမြင့်မည့် အစမ်းခရီးစဉ်အတွက် သင်္ဘောပေါ်တွင် ပိုင်ရှင်များ၏ ၀န်ထမ်းများ၊ သင်္ဘောသားများ၊ အင်ဂျင်နီယာများ အပါအ၀င် လူ ၅၀၀ ခန့် လိုက်ပါသွားကြကြောင်း သိရသည်။ အမြင့်ပေ ၂၁၀ (မီတာ ၇၀) ရှိသော ထိုသင်္ဘောကြီးကို မိုင်ပေါင်းများစွာအကွာကပင် မြင်တွေ့နိုင်ကြောင်း သိရသည်။

သင်္ဘောကုန်းပတ်တွင် အထပ် ၁၆ ထပ်ပါဝင်ပြီး အီဖယ်မျှော်စင်အမြင့်ထက် မီတာ ၅၀ ပိုမိုသော ၃၆၂ မီတာ (၁၁၈၇ ပေ) ရှည်လျားသည့် ထိုသင်္ဘောပေါ်ကြီးပေါ်သို့ ခရီးသွားများ ၀င်ရောက်ကြည့်ရှုခြင်းကို လပေါင်းများစွာ ခွင့်ပြုထားခဲ့သည်ဟု သိရသည်။ Harmony သည် တိုက်တန်းနစ်သင်္ဘောကြီးထက် ပေ ၃၃၀ နီးပါး ပိုမိုရှည်လျားကြောင်း သိရသည်။ သင်္ဘောကြီးထဲတွင် လှိုင်းစီးနိုင်ရန် လှိုင်းအတုများ ဖန်တီးပေးသည့် နေရာနှစ်ခု၊ ကျောက်တောင်တက်ရန် နံရံတစ်ခုနှင့် ရေခဲစကိတ်ကွင်း အစရှိသည်တို့လည်းပါကြောင်း သိရသည်။

လှည့်စားမှုများသော စိန့်နာဇိုင်ရီ မြစ်ဝမှထွက်သည့် ခရီးစဉ်တွင် ကပ္ပတိန်ကို ကူညီ၍ လမ်းပြပေးရန် ရေကြောင်းပြသူသုံးဦးကို ပြီးခဲ့သည့်တစ်နှစ်လုံး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုရေကြောင်းပြများက သင်္ဘောကြီး ပင်လယ်ထဲသို့ရောက်ပြီး ၁၂ မိုင်အကွာအတွင် သင်္ဘောပေါ်မှ ပြန်လည်ထွက်ခွာသွားကြမည် ဖြစ်သည်။

Harmony သင်္ဘောကြီးပေါ်တွင် လိုက်ပါကြမည့် ခရီးသည်ပေါင်း ၆၀၀၀ ကို ၀န်ဆောင်မှုပေးရန် ၀န်ထမ်း ၂၀၀၀ ခန့်လိုအပ်မည်ဟု သိရသည်။ Harmony သည် RCI အပိုင်ပင်ဖြစ်သည့် လက်ရှိအကြီးဆုံး ဇိမ်ခံခရီးသည်တင် သင်္ဘောကြီးများဖြစ်ကြသည့် Allure of the Seas နှင့် Oasis of the Seas တို့ထက် တစ်မီတာ ပိုမိုကျယ်ပြန့်သည်ဟု သိရသည်။ ထိုသင်္ဘောကြီး နှစ်စင်းမှာလည်း  ၃၆၂ မီတာ ရှည်လျားကြသည်။ Harmony ၏နောက်ထပ် စမ်းသပ်ခရီးစဉ်ကို ဧပြီလမကုန်မီ စတင်မည်ဖြစ်ပြီး ခရီးစဉ်များကို မေ ၁၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်သည်။

Ref : AFP
Eleven Media Group

အစိုးရနှင့် တအာင်းတပ် တိုက်ပွဲကြောင့် ကွတ်ခိုင်ဒေသခံများ ရာနှင့်ချီ ထွက်ပြေး


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ အစိုးရတပ် နဲ့ တီအန်အယ်လ်အေ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
သူတို့နေတဲ့ ရွာထဲမှာ လက်နက်ကြီးကျတာကြောင့် သူ့အိမ်ရော တခြားအိမ်တွေပါ ပျက်စီးတဲ့အပြင် ရွာသားတွေလည်း လမ်းပြလိုက်ပေးရတာကြောင့် ပြီးခဲ့တဲ့ ၈ ရက်နေ့က ထွက်ပြေးလာခဲ့တယ်လို့  နမ့်ဖတ်ကာရွာကို ထွက်ပြေးလာတဲ့ ငေါ့ငါးရွာသား ဦးလွယ်ဆိုင်က ဒီဗွီဘီကို ပြောပါတယ်။
“အရင်လ ၁၉ ရက် ညနေက ကျနော်တို့ရွာထဲကို လက်နက်ကြီးကျတယ်။ ကျနော်တို့ အိမ်ရော စံထွန်း၊ အိုက်ချည်၊ အိုက်မောင်အေးတို့အိမ်ရော ပျက်စီးတယ်။ ခေါင်မိုးတွေ အပေါက် ဖြစ်သွားတယ်။  အိမ်အသုံးအဆောင်၊ အိပ်ယာတွေ အိုးတွေပန်ကန်တွေလည်း ထိတယ်။ ဒီလ ၆ ရက်နေ့ခါ ကျတော့ အစိုးရတပ်က တအိမ်တယောက် အစည်းအဝေးခေါ်တယ်။ ပြီးတော့ အသက်ကြီးတဲ့လူတွေ ပြန်ခိုင်းပြီး လူရွယ် ၁၄ ယောက်ကို ခေါ်သွားတယ်။ လမ်းပြလုပ်ခိုင်း တယ်။ အခုထိ ၁၀ ယောက်ပဲ ပြန်လာတယ်။ နောက်ထပ် ၄ ယောက်က ဘယ်ပျောက်နေလဲ မသိဘူး။ သေနတ်သံတွေလည်း ကြားလို့ ကျနော်တို့ မနေရဲတော့ဘူး။”
သူတို့ရွာက လူတွေဟာ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကတည်းက နမ့်ဖတ်ကာကို ရောက်လာကြတာဖြစ်ပြီး ခြံအလုပ်ကောင်းကောင်း မလုပ်ရတာလည်း ဆယ်ရက်ကျော်ပြီဖြစ်ကာ ရှေ့ဆက်နေရေးထိုင်ရေးအတွက် စိတ်ပူနေရတယ်လို့  သူကဆက်ပြောပါတယ်။
စစ်ပြေးရှောင်ရွာသားတွေကို အကူအညီပေးနေတဲ့ နမ့်ဖတ်ကာ တအာင်းစာပေနဲ့ ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးအောင်မြကလည်း လက်ရှိသူတို့ဆီကို ရောက်လာတဲ့ရွာသားပေါင်း ၆၀၃ ဦးရှိကြောင်း  ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဆီကို ရောက်လာတာ အိမ်ခြေပေါင်း ၁၆၀၊ အားလုံး ငေါ့ငါးရွာကချည်းပဲ။၊ လောလောဆယ်သူတို့ကို  အောင်သပြေဓမ္မာရုံမှာ နေရာချထားတယ်။ စားရေားသောက်ရေး တော့ ဘုန်းကြီးကျောင်း၊ တအာင်းစာပေယဉ်ကျေးမှုအဖွဲ့နဲ့ နမ့်ဖတ်ကာရွာသားတွေ လာကူကြ တယ်။ ရေရှည်အတွက်တော့ အကူအညီတွေလိုတာပေါ့။”
တအာင်းကျောင်းသားနဲ့ လူငယ်များအစည်းအရုံးမှ သတင်းနဲ့လူ့အခွင့်အရေးမှတ်တမ်း တာဝန်ခံ မိုင်သိန်းဇော်ကတော့ စစ်ပြေးရှောင်ရွာသားတွေဟာ နမ့်ဖတ်ကာရွာမှာတင် ရှိတာ မဟုတ်ဘဲ မိုင်းယုလေးရွာမှာရော တခြားနီးစပ်ရာဆွေမျိုးအိမ်တွေ လမ်းမှာပျောက်နေတဲ့ ရွာသားတွေ ရှိနေသေးတယ်လို့ ဒီဗွီဘီုကိုပြောပါတယ်။
ကျနော်တို့ သိရတာကတော့ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ရွာတွေက ၅ ရွာလောက်ရှိတယ်။ ဟိုမုန်း၊ ငေါ့ငါး၊ လွယ်ကျရမ်း၊ ကျုံးနော့နဲ့ ကျုံးနန်း အဲဒီရွာတွေပေါ့။ မိုင်းယုလေးမှာ ၃၀၀ ကျော် ရှိတယ်။ လူဦးရေစာရင်း အတိအကျသိရဖို့တော့ ခက်ပါတယ်။ ဆွေမျိုးတွေဆီ သွားနေတာရှိတယ်။ တချို့လည်း လူမှုကူညီရေးအဖွဲ့က ကားနဲ့သွားကြိုနေတယ်။ မန်နိုင်းအွန်ဆိုတဲ့ ရွာကတော့ လူပေါင်း ၄၀၀ လောက် ရွာမှာမရှိတော့ဘူး။ ဘယ်ရောက်နေလဲ ဆိုတာ  မသိရသေးဘူး။”
အခုလိုဖြစ်ရတာဟာ အစိုးရတပ်က တီအန်အယ်လ်အေ တအာင်းတပ်မတော်ကို ထိုးစစ် ဆင်နေတာကြောင့် ဖြစ်ကြောင်း၊ အစိုးရတပ်ဟာ တီအန်အယ်လ်တွေနေတဲ့ တောင်ကုန်း တောင်တန်းတွေကို သိမ်းပိုက်နိုင်ဖို့ ရွာတွေကို ဖြတ်ကျော်သွားရမှာဖြစ်ပြီး သူတို့ရောက်မလာခင် အဝေးပစ် လက်နက်ကြီးတွေနဲ့ အရင်ပစ်ခတ်လမ်းကြောင်းရှင်းကြောင်း၊ ပြည်ထောင်စု လမ်းမကြီးပေါ်မှာရှိတဲ့ ခလရ ၁၂၃ တပ်သော်မှ လက်နက်ကြီးတွေနဲ့ နေ့တိုင်းလို ပစ်ကူနေတာတွေရှိတယ်လို့ မိုင်သိန်းဇော်က ပြောသွားပါတယ်။
DVB



ဦးညီညီလွင်ကို စွဲချက်တင်ဖို့ တရားရုံး ဆုံးဖြတ်

အရှင်ဂမ္ဘီရ(ခ)ဦးညီညီလွင် ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်
Photo: Hset Paing Toe/RFA

၂ဝဝ၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဂမ္ဘီရခေါ် ဦးညီညီလွင်ကို မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁)နဲ့ စွဲချက်တင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
ဦးညီညီလွင်ဟာ ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်ခဲ့ကြောင်း အထောက်ထားမပြနိုင်ပဲ တရားလိုက စွပ်စွဲတာဖြစ်တယ်လို့ ဦးညီညီလွင်ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"တရားလိုက နှုတ်နဲ့စွပ်စွဲတာ စာရွက်စာတမ်း အထောက်အထားမရှိဘူး၊ အဲ့ဒီတော့ နှုတ်နဲ့စွပ်စွဲတဲ့ဥစ္စာကို ကျနော်တို့က နှုတ်နဲ့ရှင်းရတဲ့သဘော၊ ၂ဝ၁၃ ခုနှစ်ကစပြီးတော့ ထိုင်းနိုင်ငံမှာ ဆေးသွားကုတယ်၊ ပြန်ဝင် လာတဲ့အခါမှာ တရားမဝင်မဟုတ်ဘူးလို့ပြောတယ်၊ ဒါပေမဲ့လို့ ကျနော်တို့ဘက်ကနေ တင်ပြထားတဲ့ အချက်အလက်တွေအရက ၂ဝ၁၅ တုန်းကလည်း တရားဝင် ဝင်တယ်၊ အထောက်အထားတွေနဲ့ တင်ပြထား တယ်၊ သူတို့စွဲသလို မဟုတ်ဘူးဆိုတာတော့ ထင်ရှားတယ်"
ဦးညီညီလွင်ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် အာမခံပေးဖို့ ၂ ကြိမ် လျှောက်ထားပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဦးညီညီလွင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က မဟာအောင်မြေမြို့နယ် ပါဝါဟိုတယ်မှာ တည်းခိုနေစဉ် ဖမ်းဆီးပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁)နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။
၂ဝဝ၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ဦးဂမ္ဘီရ အခုလက်ရှိ ဦးညီညီလွင်ဟာ ဦးဆောင်သံဃာတစ်ပါး အဖြစ် ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ရာက ၂ဝ၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူဖြစ်ပြီး သြစတြေးလျနိုင်ငံသူနဲ့ အိမ်ထောင်ကျနေတာဖြစ်ပါတယ်။
RFA

လက်ပံတောင်းမှာ ဆန္ဒပြတောင်သူ ၆၅ ဦးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်

ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က လက်ပံတောင်း ဒေသခံတောင်သူတွေ သီးနှံလျော်ကြေးရရှိဖို့ တောင်းဆို ဆန္ဒပြစဉ်
ဓါတ်ပုံ - ဒေသခံတစ်ဦး

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေယာတွေအတွက် လျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆိုကြတဲ့ တောင်သူ ၆၅ ဦးကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးနဲ့ သီးနှံလျော်ကြေးကိစ္စ တွေ့ဆုံဆွေးနွေးစဉ်မှာ အမှုဖွင့်ထားကြောင်း အသိပေးတာဖြစ်တယ်လို့ တုံရွာက ဒေသခံ ဦးအောင်ကြီးက ပြောပါတယ်။
"တရားဝင်စာပို့ လှမ်းအကြောင်းကြားတာမရှိဘူး၊ ဒီပုဒ်မ ၁၈ ကိစ္စနဲ့ပတ်သက်ပြီးတော့ အကုန်လုံး တရားစွဲဆိုထားတဲ့ ဒေသခံအပါအဝင် အကုန်လုံးကို ဆင့်ခေါ်စာလည်းမရောက်ဘူး၊ တရားစွဲဆိုတဲ့ တရားဝင်စာလည်းမရောက်ဘူး၊ တရားစွဲဆိုခံရတယ်ဆိုတာကိုတော့ လက်ရှိ နယ်လုံဝန်ကြီး ဦးကျော်သန်းနိုင်ရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ရယ် အပါအဝင်ပေါ့၊ ဝမ်ပေါင် ဦးပိုင်နဲ့ ဒေသခံတွေ ဆက်ဆံရေးရုံးမှာ သီးနှံလျော်ကြေးကိစ္စကို ညှိနှိုင်းတုန်းက သူတို့ကိုယ်တိုင်က ထုတ်ဖော်ပြောတာပါ"
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းထားတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးပေးဖို့ ပြီးခဲ့တဲ့နှစ်က ပျက်ကွက်ထားတာကြောင့် ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ တုံရွာမက ဒေါ်အမာချို၊ တုံအလယ်တောက ဒေါ်စန္ဒာ၊ မိုးကြိုးပြင်အလယ်ရွာက ဦးဝင်းကျော် အပါအဝင် တောင်သူ ၆၅ ဦးကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲမှာ တုံရွာ၊ မိုးကြိုပြင်၊ ဖောင်းတကာ စတဲ့ကျေးရွာက ဒေသခံတွေပါဝင်တယ်လို့ ပြောပါတယ်။
ပုဒ်မ (၁၈) နဲ့ ၄ကြိမ်အရေးယူခံထားရတဲ့ အလယ်တောရွာက မစန္ဒာကို  ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA

"မတ်လ ၁၄ ရက် တွင် ဒုတိယသမ္မတများ သမ္မတ အရည်အချင်းနှင့် ကိုက်ညီမှု ရှိမရှိ ကြေညာမည်"




"မတ်လ ၁၄ ရက် တွင် ဒုတိယသမ္မတများ သမ္မတ အရည်အချင်းနှင့် ကိုက်ညီမှု ရှိမရှိ ကြေညာမည်"


ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်လုံးမှ ရွေးချယ်ထားသည့် ဒုတိယသမ္မတများသည် သမ္မတ အရည်အချင်းနှင့် ကိုက်ညီခြင်း ရှိမရှိ စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကို လာမည့်
 မတ်လ ၁၄ ရက် တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်
 ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာမည် ဖြစ်သည်။ ထို့ပြင် ဒုတိယသမ္မတများ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် အချိန်များကိုလည်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာမည် ဖြစ်သည်

အစိုးရသစ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် NCA ရေးထိုးထားသည့် အဖွဲ့များ ချင်းမိုင်တွင် တွေ့ဆုံ

အစိုးရသစ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို အဓိကဆွေးနွေး မည့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့၏ ထိပ်သီးအစည်းအဝေးကို မတ်လနောက်ဆုံးပတ်တွင် ချင်း မိုင်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါထိပ်သီးအစည်းအ ဝေးကို သုံးရက်ကြာပြုလုပ်ရန် စီစဉ်ထားပြီး တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူညီချက် (NCA)ကို သုံးသပ်ခြင်း နှင့် အစိုးရသစ်နှင့် မည်သို့ပူး ပေါင်းဆောင်ရွက်မည်ဆိုသည့် ကိစ္စများကို အဓိကဆွေးနွေးကြ မည်ဟု တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ကိုယ်စားလှယ်အချို့က ပြောသည်။
‘‘ကျွန်တော်တို့ကို ပြောထား တာက ဒီလထဲမှာ လုပ်ကြမယ် ပေါ့။ ဆွေးနွေးကြမယ်။ အဲဒီလို သိထားပါတယ်’’ဟု ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းလှက ဆိုသည်။
NCA ကို အစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)၊ RCSS/SSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ ယမန်နှစ် အောက်တိုဘာက ရေး ထိုးခဲ့ခြင်းဖြစ်သည်။
7Day

ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများပါဝင်သော Johnson & Johnson ကလေးပေါင်ဒါမှုန့်ကို မြန်မာ FDA မှ အရေးမယူမှုသေး


Photo - ရန်ကုန်မြို့ ကုန်တိုက်တခုတွင် Johnson&Johnson ကလေးသုံးပစ္စည်းများ ခင်းကျင်းထားသည်ကို မတ် ၁၀ ရက်နေ့က တွေ့ရပုံ
“အမေရိကားမှာ မကောင်းတာတော့ မပြောနဲ့။ ဒီမှာတခုခုဖြစ်ရင် တိုင်တဲ့သူလည်း မရှိသေးဘူး။ တိုင်ရင်တော့ စစ်ဆေးရမှာပေါ့…”

မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသော Johnson & Johnson ကလေးပေါင်ဒါမှုန့်နှင့် ပတ်သက်၍ တိုင်ကြားမှုတစုံတရာမရှိသေးသည့်အတွက် ဈေးကွက်အတွင်းမှ သိမ်းဆည်းသွားရန် အစီအစဉ် မရှိ သေးကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ စိန်သောင်းက News Watch သို့ ပြောသည်။
``Johnson & Johnson က ဒီမှာဖြစ်တာ မဟုတ်ဘူးလေ။ ဒီမှာက တိုင်တဲ့သူမရှိဘူး။ ဒီမှာလည်း သူက မှတ်ပုံ တင်ထားတယ် ကျွန်တော်တို့ဌာနမှာ ဘာမှပြဿနာ မရှိသေးဘူး။ ဒီက အဖြေကတော့ ကောင်းတယ်တဲ့ အမေရိကားမှာ မကောင်းတာတော့ မပြောနဲ့။ ဒီမှာတခုခုဖြစ်ရင် တိုင်တဲ့သူလည်း မရှိသေးဘူး။ တိုင်ရင်တော့ စစ်ဆေးရမှာပေါ့။ ဟုတ်ရင်တော့ အရေးယူရမှာပေါ့'' ဟု ၎င်းကပြောသည်။

အမေရိကန်နိုင်ငံတွင် Johnson & Johnson ကလေးပေါင်ဒါမှုန့်ကို နှစ်ရှည်လများသုံးစွဲခဲ့သည့် အမျိုးသမီးတဦး သားအိမ်ခေါင်းကင်ဆာရောဂါဖြင့် လွန်ခဲ့သည့်နှစ်က ကွယ်လွန်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်း၏ မိသားစုက ကုမ္ပဏီကို တရားစွဲဆိုခဲ့ရာ ထိခိုက်နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့် ဒဏ်ကြေး ဒေါ်လာ ၆၂ သန်း စုစုပေါင်းဒေါ်လာ ၇၂ သန်းပေးလျော်ရန် တရားရုံးက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ကုမ္ပဏီကိုယ်တိုင်ကလည်း ၎င်းတို့၏ ထုတ်ကုန်တွင် ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများပါဝင်ကြောင်း ၀န်ခံထားသည်ဟု နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

Johnson & Johnson ကလေး ပေါင်ဒါမှုန့်ကို မြန်မာနိုင်ငံတွင်လည်း အများအပြားသုံးစွဲနေကြရာ ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ ပါဝင်သည်ဟူသော သတင်းများကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ''ကင်ဆာဆိုတာ အခုသုံးလို့ အခု ထဖြစ်တဲ့ရောဂါမှမဟုတ်တာ။ အမေရိကန် FDA မှာ စစ်တာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ့တယ်။ မြန်မာ FDA မှာ စစ်တာမတွေ့ဘူး။ ဒါဆိုရင် သုံးစွဲ တဲ့ကုန် ကြမ်းမတူလို့လား၊ ဘာဖြစ်လို့လဲ မြန်မာပြည်ကို ဒီပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီဘက်ကလည်း တခုခု ဖြေရှင်းချက်ပေးသင့်တယ်။ FDA ကလည်း အမေရိကားမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ မဖြစ်ဘူးဆိုတဲ့ အကြောင်း တရားဝင်ထုတ်ပြန်သင့်တယ်'' ဟု Johnson & Johnson ကလေး ပေါင်ဒါမှုန့်ကို သုံးစွဲလျက်ရှိသည့် မြောက်ဥက္ကလာပမြို့နယ်မှ ကလေးသုံးယောက် မိခင်ဒေါ်စန္ဒာကNews Watch သို့ ပြော သည်။ Johnson & Johnson ကုမ္ပဏီ၏ ကလေးပေါင်ဒါမှုန့်များနှင့် ရေချိုးဆပ်ပြာမှတဆင့် သားအိမ် ကင်ဆာဖြစ်စေသည်ဟုဆိုကာ တရားစွဲဆိုမှုသည် အမှုပေါင်း ၁၂၀၀ ခန့်ရှိကြောင်း နိုင်ငံတကာသတင်းများ အရသိရသည်။

နန္ဒမျိုးဆောင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မအီစိတ်ကြွဆေးပြားဖမ်းဆီးရမှု နောက်ဆက်တွဲ မြောက်ဒဂုံတွင် ဆေးပြား ၄ သိန်းကျော်ထပ်မံ ဖမ်းဆီးရမိ



နိရဉ္စရာ၊ မတ်လ ၉

တောင်ကုတ်မြို့နယ် မအီ စုပေါင်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား လေးသိန်းကျော်အား မတ်လ ၇ ရက်နေ့က ဖမ်းဆီးမိပြီးနောက် နောက်ထပ် စိတ်ကြွဆေးပြား လေးသိန်းကျော် ကို မြောက်ဒဂုံမြို့နယ်မှ သက်ဆိုင်ရာက ထပ်မံ ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသူ ယာဉ်မောင်း သိန်းကျော်နှင့် ဒေါ်သန္တာဦးတို့အား ဆက်လက် စစ်ဆေး ဖော်ထုတ်ချက်အရ ၎င်းတို့ နေထိုင်ရာ ရန်ကုန် တိုင်း မြောက်ဒဂုံမြို့နယ်မှ နေအိမ်သို့ မတ်လ ၈ ရက်နေ့ ညနေပိုင်းက ၀င်ရောက် ရှာဖွေရာ ကျပ်သိန်းပေါင်း ၂၃၅၀၀ ခန့် တန်ဖိုးရှိ wy စာတန်းပါ စိတ်ကြွဆေးပြား စုစုပေါင်း ၄၇၀၀၀၀ ပြားကို ခရီးဆောင် လက်ဆွဲ အိတ်နှစ်လုံး အတွင်းမှ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ယင်းဖမ်းဆီးမှုကို ဒဂုံမြောက်မြို့မရဲစခန်းမှ ရဲအရာရှိများနှင့် မူးယစ်တပ်စု (၄၁) မှ အရာရှိများက ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သူတို့နေထိုင်ရာ အိမ်အတွင်းရှိ အောက်ထပ်မှ အပေါ်ထပ်သို့ တက်သည့် လှေကား အောက်ခန်းအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မတ်လ ၇ ရက်နေ့က မအီ စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးရမိခဲ့သော စိတ်ကြွဆေးပြား တန်ဖိုးမှာ သိန်းပေါင်း တစ်သောင်း ရှစ်ထောင်ကျော်ဖိုး ရှိကြောင်း၊ သူတို့အား မအ (ပ) ၁/ ၂၁၀၆၊ မူးယစ် ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ ဖြင့် တို့ဖြင့် အမှုဖွင့် စစ်ဆေးမှု များ ပြုလုပ်နေကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

(မအီစစ်ဆေးဂိတ်တွင် ဖမ်းဆီးခံရသူနှစ်ဦးနှင့် WY ဆေးပြားပါကင်ထုပ်များ)

Arakan State
https://www.facebook.com/NarinjaraNews

မတ်လ ၁၅ ရက်နေ့ မှာ သမ္မတေ၇ွးမည်




ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို မတ်လ ၁၄ ရက်မှာ ပြန်လည်ကျင်းပမှာဖြစ်ပြီး မတ်လ ၁၅ ၇က်နေ့ မှာ သမ္မကိုရွေးချယ်ပွဲပြု လုပ်မယ် လို့ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်က ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ လွှတ်တော်က ဒေါ်ခင်ကြည်ဖောင်ဌေးရှင်း အလုပ်အမူ့ ဆောင်ဦးထင်ကျော်အား ဒုတိယ သမ္မတအဖြစ်ေ၇ွးချယ်ထား ပြီး အမျိုးသားလွှတ်တော်က NLD ပါတီ ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ( ၃ ) က ဦးဟင်နရီဗန်ထီယူကို ဒုတိယ သမ္မတအဖြစ် ရွေးချယ်ထားပါတယ်။ တပ်မတော်သားအစုအဖွဲ့ က ဒုတိယ သမ္မတကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကိုရွေးချယ်ထားပါတယ်။

ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားအစုအဖွဲ့ က ရွေးချယ်ထားတဲ့ ဒုတိယ သမ္မတ ၃ ဦးထဲကမှ တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စု လွှတ်တော်မှာ မဲပေးရွေးချယ်မှာ ဖြစ်ပါတယ်။

BBC Burmese

ထားဝယ်ဒေသ ဆယ်ရက်ကြာ လျှပ်စစ်မီးပြတ်တောက်နိုင်မှု ပြည်ထောင်စု အစိုးရထံ အရေးပေါ် တင်ပြမည်

>
ထားဝယ်မြို့တွင်း သွယ်တန်းထားသည့် ဓာတ်ကြိုးများဓာတ်ပုံ - Dawei Watch

 ထားဝယ်၊ မတ် ၁၀

ကမ်းလွန် ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ထုတ်လွှတ်မှု ဆယ်ရက်ကြာရပ်နားမည်ဆိုပါက ဇောတိက ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ရယူကာ ထားဝယ်ခရိုင်အတွင်း ဖြန့်ဖြူးသည့် လျှပ်စစ်ပြတ်တောက်နိုင်မည့်အခြေအနေအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ထံ အရေးပေါ် တင်ပြသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးဝင်းဆွေက ပြောကြားသည်။


ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းက မတ်လ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆယ်ရက် ကြာ သဘာဝဓာတ်ငွေ့ထုတ်လွှတ်မှု ရပ်ဆိုင်းမည့်ကိစ္စကို မတ်လ ၁၀ ရက်နေ့တွင်မှ သိခဲ့ရပြီး ယင်း ဆယ်ရက်အတွင်း ထားဝယ်ခရိုင်အတွက် လျှပ်စစ်ဖြန့်ဖြူးရန် သဘာဝဓာတ်ငွေ့ကို မည်သို့ အစားထိုးပေးမည်နည်း ဟု ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ အရေးပေါ် တင်ပြမေးမြန်းမည်ဖြစ်ကြောင်း ၀န်ကြီးဦးဝင်းဆွေကဆိုသည်။


“အချိန်က အရမ်းကပ်နေပြီ။ လျှပ်စစ်မီးမပြတ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ဆက်စဉ်းစားရဦးမယ်” ဟု ဦးဝင်းဆွေက ပြောသည်။


မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသည့် ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းမှ ဓာတ်ငွေ့ထုတ်လုပ်ရေးစင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဓာတ်ငွေ့ထုတ်လွှတ်မှု ၁၀ ရက်ကြာရပ်နားမည်ဟု စွမ်းအင်ဝန်ကြီးဌာနကို ကိုးကား၍ မတ်လ ၆ ရက်နေ့ထုတ် မြ၀တီနေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။


ယင်းသို့ ရပ်နားထားသည့် ကာလအတွင်း သထုံ၊ မော်လမြိုင်နှင့် ကံပေါက်ဒေသတို့ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဘိလပ်မြေစက်ရုံများနှင့် စက်ရုံငယ်များသို့ သဘာဝဓာတ်ငွေ့ပို့လွှတ်မှုခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး ရန်ကုန်ဧရိယာအတွက်မူ ရတနာ-ရန်ကုန် ၂၄ လက်မ ပိုက်လိုင်းမှ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်း၏ ဓာတ်ငွေ့ဖြင့် အစားထိုးဖြန့်ဖြူးပေးရန် စီမံထားကြောင်း အထက်ပါသတင်းစာတွင် ဖော်ပြသည်။


ယင်း ၁၀ ရက် အတွက် အစားထိုးနိုင်သော အရန် ဒီဇယ်မီးစက်များ၏ စွမ်းဆောင်ရည်မှာ အမြင့်ဆုံး ၂ မဂ္ဂါဝပ်သာ ထုတ်နိုင်မည်ဖြစ်သောကြောင့် မီးအများဆုံးအသုံးပြုချိန်ဖြစ်သည့် ညအချိန်တွင် မီးသုံးစွဲအား ၇ မဂ္ဂါဝပ်ကျော် ရှိသည့် ထားဝယ်ခရိုင်အတွက် လုံလောက်မှုမရှိနိုင်ကြောင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဝင်းဆွေက ပြောသည်။


ထားဝယ်ဒေသအတွင်း လျှပ်စစ်မီး ပေးနိုင်ရေး အတွက် စွမ်းအင် ရရှိရေးကို တိုင်းဒေသကြီး အစိုးရက တာဝန်ယူထားရပြီး ဖြန့်ဖြူးရေးကို ထားဝယ်ဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီ (DDPC) က တာဝန်ယူထားသည်။


ဒေသတွင်း လျှပ်စစ်မီး မပြတ်တောက်အောင် သက်ဆိုင်ရာ အစိုးရ ဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဇောတိက စီမံကိန်းမှ ဓာတ်ငွေ့မရနိုင်သည့် ရက်များအတွင်း အချိန်ပိုင်းမီးပေးနိုင်ရန် စီစဉ်နေကြောင်း DDPC ကုမ္ပဏီ ၏ ဒါရိုက်တာ ဦးအောင်ဇော်ဟိန်းက Dawei Watch သို့ ပြောကြားသည်။


တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းမှ ဓာတ်ငွေ့ဝယ်ယူကာ ထားဝယ်ခရိုင် ၄ မြို့နယ်ကို ၂၀၁၄ ခုနှစ် ဇွန်လမှ စတင်၍ တစ်ယူနစ်လျှင် ၃၀၀ ကျပ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခဲ့သည်။
DVB

ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတများအဖြစ် ရွေးချယ်



ပြည်သူ့လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်များအစုအဖွဲ့က ဒုသမ္မတအဖြစ် ဒေါက်တာထင်ကျော်၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့က ဒုသမ္မတအဖြစ် ဦးဟင်နရီဗန်ထီးယူကို ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ဒီကနေ့ကျင်းပတဲ့ အစုအဖွဲ့အစည်းအဝေးတွေမှာ တင်မြှောက်ခဲ့ကြတာဖြစ်ပါတယ်။
ဦးထင်ကျော်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အဆိုပြုတဲ့ လက်ရှိဒုတိသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ယှဉ်ပြိုင်အရွေးခံရာမှာ ၂၇၄ မဲ ၂၉ မဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဦးဟင်နရီဗန်ထီးယူဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အဆိုပြုတဲ့ လွှတ်တော်နာယကဟောင်း ဦးခင်အောင်မြင့်နဲ့ ယှဉ်ပြိုင်ရွေးခံခံရာမှာ  ၁၄၈ မဲ၊ ၁၃ မဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က တင်မြှောက်မယ့် ဒုတိယသမ္မတ တဦးရဲ့ အမည်စာရင်းကို မသိရှိရသေးဘဲ ဘယ်နည်းဘယ်ပုံ၊ ဘယ်နေရာမှာ ဘယ်စံနှုန်းနဲ့ ရွေးချယ်တယ်ဆိုတာ မသိရပါဘူး။
ဒီဒုတိယသမ္မတသုံးဦးကို သမ္မတလောင်းရွေးချယ်စိစစ်ရေးအဖွဲ့က သတ်မှတ်အရည် အချင်းနဲ့ ကိုက်ညီမှု ရှိမရှိစိစစ်မှာဖြစ်ပါတယ်။ စိစစ်ရေးလုပ်ငန်းပြီးပြီးတဲ့အခါ ပြည်ထောင်စုလွှတ်တော်မှာ ဒီသုံးဦးထဲက တဦးကို သမ္မတရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။
DVB

ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တပ်မတော်ရွေးချယ်

ဦးမြင့်ဆွေ






ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ရွေးချယ်လိုက်တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းက ထုတ်ပြန်ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းပဒေတွေ အရ ၁၆၆ ဦးပါ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒီကနေ့ မနက် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမမှာ  ဒုတိယသမ္မတ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းလွင်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (အငြိမ်းစား)ကို ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုတင်သွင်းပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က ထောက်ခံပြီးနောက် ယင်းအဆို အပေါ် ကန့်ကွက်သူမရှိတဲ့အတွက် ဒုတိယသမ္မတအဖြစ် ရွေးချယ်အတည်ပြုခဲ့တာလို့ ဆိုပါတယ်။။
ဦးမြင့်ဆွေဟာ စစ်တက္ကသိုလ် အပတ်စဉ် (၁၅) သင်တန်းဆင်းဖြစ်ပြီး တပ်မတော်မှာ  တပ်မ ၁၁ တပ်မမှူး၊ အရှေ့တောင်ပိုင်းတိုင်း တိုင်းမှူး ရန်ကုန်တိုင်း တိုင်းမှူးနဲ့ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးပါတယ်။
ဓာတ်ပုံ – မြ၀တီ
DVB

Thursday, March 10, 2016

ဒုတိယသမ္မတ အမည်စာရင်းများတင်သွင်း (ရုပ်သံ) NLDက


 ပြည်သူ့လွှတ်တော်အတွက် ဦးထင်ကျော်ကို ဒုသမ္မတလောင်း အဆိုတင်သွင်းချိန် ပြည်ခိုင်ဖြိုးပါတီက လက်ရှိ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို အဆိုတင်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်အတွက် NLDက ဦးဟင်နရီဖန်ထီးယူကို အမည်တင်သွင်းချိန် ပြည်ခိုင်ဖြိုးပါတီက အမျိုးသား လွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်ကို တင်သွင်းခဲ့ မှတ်ချက်

ဒု-သမ္မတလောင်း ဦးဟင်နရီဗန်ထီးယူအကြောင်း တစေ့တစောင်း


ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ မှ အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူကို အန်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ထားပါတယ်။
ဦးဟင်နရီဗန်ထီးယူဟာ ၁၉၅၈ ခုနှစ်၊ ချင်းပြည်နယ် ထန်တလန်မြို့ သီးကီးရ်ရွာမှာ မွေးဖွားခဲ့ပါတယ်။
သူဟာ ချင်းပြည်နယ် ထန်တလန်မြို့နဲ့ ဟားခါးမြို့မှာ အခြေခံပညာသင်ကြားခဲ့ပြီး BA/ MA နဲ့ PhD ကို သင်ကြားခဲ့ပေမယ့် PhD ပညာ မပြီးခဲ့ဘူးလို့ ချင်းပြည်နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောပါတယ်။ ဒါ့အပြင် တပ်ထဲမှာ RA ဥပဒေဘွဲ့လည်း ရရှိခဲ့သူဖြစ်တယ်လို့ ပြောပါတယ်။
ဦးဟင်နရီဗန်ထီးယူ တပ်မတော် စက်မှု ၁ မှာ တာဝန် ၉ နှစ်လောက် ထမ်းဆောင်ခဲ့တယ်လို့  ဦးဇိုဘွဲက ပြောပါတယ်။
“သူက တပ်မတော်မှာ ဗိုလ်မှူးအဆင့်နဲ့ပေါ့လေ။ စက်မှု ၁ မှာ ၉ နှစ် ညွှန်ကြားရေးမှူး လုပ်ခဲ့ တယ်။ အဲဒါနဲ့ ဒု-၀န်ချုပ်ပေးမယ့်အချိန်မှာ သူ့အမျိုးသမီးက ပညာတော်သင်နဲ့ နိုင်ငံခြား သွားတော့ သူလိုက်သွားတယ်။ သူလည်း ဖိလစ်ပိုင်မှာ ပညာသင်ယူပြီးမှ အခု သူ့အမျိုးသမီးက  ဖိလစ်ပိုင်ကနေ နယူးဇီလန်မှာ PhD ဘွဲ့ရတော့မယ်။ သူလည်း မနှစ်က ပြန်လာတာဖြစ်တယ်။”
အမှတ် ၁ မှာ ဗာဂျီးနီးယားစက်ရုံ၊ ရုံး ၆ မှာရော ဘီးလင်းအရက်ချက်စက်ရုံမှာပါ ညွန်ကြားရေးမှူးအနေနဲ့ ၉ နှစ်အထိ လုပ်ဆောင်ခဲ့တာလို့လည်း ပြောပါတယ်။ အဲဒီတာဝန်ကနေ ရပ်နားခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပြီလို့လည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ ချင်းတပြည်နယ်လုံးမှာ ရာနှုန်းပြည့်အနိုင်ရခဲ့ပြီး ချင်းတိုင်းရင်းသားတဦးလည်းဖြစ်၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူက အခုလို ဒု-သမ္မတ ရာထားခြင်းခံရတာဟာ ထိုက်သင့်တယ်လို့   ဦးဇိုဘွဲက ပြောပါတယ်။
“ကျနော်တို့ တိုင်းနဲ့ပြည်နယ်အနေနဲ့ အခုက ရခိုင်ရယ်၊ မနှစ်က ရှမ်းက ဒု-သမ္မတလုပ်ပြီ၊ ရခိုင်ကလည်း အမျိုးသားလွှတ်တော်မှာ ဦးအေးသာအောင်ပါတယ်ဆိုတော့ ကျနော်တို့ ချင်းပြည်နယ်ကနေ ဒုသမ္မတလောင်းအနေနဲ့ အရွေးခံရတာကတော့ ထိုက်သင့်ပါတယ်လို့ ကျနော်ထင်ပါတယ်။ ”
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးထင်ကျော်နဲ့ ကြံ့ခိုင်ရေးပါတီက ဒေါက်တာ စိုင်းမောက်ခမ်းတို့ကို အဆိုပြုတင်သွင်းပြီး အမျိုးသားလွှတ်တော်မှာတော့ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ဦးဟင်နရီဗန်ထီးယူနဲ့ ကြံ့ခိုင်ရေးပါတီက ဦးခင်အောင်မြင့်တို့ အဆိုပြု တင်သွင်းခဲ့ပါတယ်။
DVB

ဒုသမ္မတလောင်း ဦးထင်ကျော်အကြောင်း တစေ့တစောင်း


ဦးထင်ကျော်ကို ၁၉၄၆ ဇူလိုင် ၂၀ ရက်က ကွန်းခြံကုန်းမြို့မှာ မွေးဖွားပြီး ဖခင်ကဗျာဆရာ စာရေးဆရာကြီး မင်းသုဝဏ်ရဲ့ ဒုတိယမြောက်သားဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ထက် အသက် ၁ နှစ်၊ ၁ လ၊ ၁ ရက်ငယ်ရွယ်သူဖြစ်ပြီး  ငယ်စဉ်က ရန်ကုန်မြို့ မက်ဒရစ်ကျောင်း (ဒဂုံ ၁)မှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပညာဆည်းပူးခဲ့သူဖြစ်ပါတယ်။
၁၉၆၂ ခုမှာ  စီးပွားရေးတက္ကသိုလ် တက်ရောက်ခဲ့ကာ စီးပွားရေးမဟာဘွဲ့ကို ရရှိခဲ့ပြီး ရန်ကုန် ကွန်ပျူတာဌာနရဲ့ ပထမဦးဆုံး နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
၁၉၉၂ မှာ အစိုးရဝန်ထမ်းအဖြစ်က နုတ်ထွက်ခဲ့ပြီး အန်အယ်လ်ဒီပါတီကို ဝင်ရောက်ခဲ့ပါတယ်။
ဦးထင်ကျော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလွင် (ကွယ်လွန်) ရဲ့ သမီးဖြစ်သူ အန်အယ်လ်ဒီ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်ရဲ့ ခင်ပွန်းဖြစ်ပြီး သားသမီးမထွန်းကားပါဘူး။
ဦးထင်ကျော်ရဲ့ဖခင်ဖြစ်သူ မင်းသုဝဏ်ဟာလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ ကမာရွတ်မြို့နယ်က ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီ အမတ်တဦး ဖြစ်ပါတယ်။
၂၀၀၉ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ဂျွန်ယက်တော ရေကူးဝင်တဲ့အမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရစဉ် ယိုယွင်းပျက်စီးနေတဲ့ နေအိမ်ကို တာဝန်ယူစောင့်ရှောက် ပြင်ဆင်ပေးခဲ့သူဖြစ်ပါတယ်။
ဦးထင်ကျော်ဟာ ဖခင်ဆရာမင်းသုဝဏ်ရဲ့ ကလောင်အမည်ဖြစ်တဲ့ ဒလဘန်းအမည်နဲ့ စာပေတွေ ရေးသားပြီး  ‘‘အဘဘ၀ အဘအကြောင်း တစေ့တစောင်း’’စာအုပ်မှာ ထင်ရှား သည့် လက်ရာဖြစ်ပါတယ်။
လက်ရှိ အသက် ၇၀ ခန့်ရှိ ဦးထင်ကျော်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပရဟိတ လူမူကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူ တဦးဖြစ်ပါတယ်။
ရင်းနှီးတဲ့ မိတ်ဆွေတဦးဖြစ်သူ ဦးခွန်သာမြင့်က “အင်မတန်ရိုးသားတဲ့သူပေါ့၊ ဘယ်သူ့ အပေါ်မှာမှ ဘာမှ မကောင်းကြံစိတ် မရှိတဲ့သူပေါ့။ သူ့လို အရည်ချင်းမျိုးရှိတဲ့သူ ရှာရခက်မယ့် လူမျိုးပါပဲ။ အရမ်းထက်မြက်တဲ့ လူတော့မဟုတ်ဘူး ဒါပေမယ့် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းကတော့ သာမန်လူထက် သိပ်ညံ့တဲ့လူတော့ မဟုတ်ပါဘူး။ အရေးအခင်းတုန်း ကတော့ ရှေ့တန်းထွက်ပြီး တက်ကြွသူတွေထဲမှာတော့ မပါခဲ့ပါဘူး”လို့ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးထင်ကျော်နဲ့ ကြံ့ခိုင်ရေးပါတီက ဒေါက်တာ စိုင်းမောက်ခမ်းတို့ကို အဆိုပြုတင်သွင်းပြီး အမျိုးသားလွှတ်တော်မှာတော့ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ဦးဟင်နရီဗန်ထီးယူနဲ့ ကြံ့ခိုင်ရေးပါတီက ဦးခင်အောင်မြင့်တို့ အဆိုပြု တင်သွင်းခဲ့ပါတယ်။
DVB

ဒုသမ္မတလောင်း ၄ ဦးကို သူရဦးရွှေမန်း ကြိုဆို


ဒီနေ့ကျင်းပတဲ့ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဒုသမ္မတလောင်း ၄ ဦး အမည်စာရင်း တင်သွင်းလိုက်တဲ့အပေါ် သူရဦးရွှေမန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ကြိုဆိုလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးထင်ကျော်နဲ့ ကြံ့ခိုင်ရေးပါတီက ဒေါက်တာ စိုင်းမောက်ခမ်း၊  အမျိုးသားလွှတ်တော်မှာတော့ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဟင်နရီဗန်ထီးယူနဲ့ ကြံ့ခိုင်ရေးပါတီက ဦးခင်အောင်မြင့်တို့ကို အဆိုပြု တင်သွင်းခဲ့တာဖြစ်ပါတယ်။
DVB

ဒုသမ္မတလောင်းများ အမည်စာရင်းတင်သွင်း


NLD ပါတီက ပြည်သူ့လွှတ်တော် အတွက် ဦးထင်ကျော် အမျိုးသား လွှတ်တော်အတွက် ဦးဟင်နရီဗန်ထီးယူတို့ကို ဒုသမ္မတလောင်းတွေအဖြစ် အမည်စာရင်း တင်သွင်းပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ပြည်သူလွှတ်တော်အတွက် လက်ရှိဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ အမျိုးသာလွှတ်တော်အတွက် အမျိုးသား လွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့်တို့ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

ဦးထင်ကျော်ရဲ့ ကိုယ်ရေးအကျဉ်း

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် အများစုပါဝင်တဲ့ ပြည်သူ့လွတ်တော်က ဦးထင်ကျော်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

ဦးထင်ကျော်ရဲ့ဖခင် နိုင်ငံကျော် စာရေးဆရာကြီး မင်းသုဝဏ်ဟာလည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက NLD လွတ်တော်ကိုယ်စားလှယ်အဖြစ် ကွမ်းခြံကုန်းမြို့နယ်ကနေ ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။
ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်က ယုံကြည် အားကိုးရတဲ့ လူယုံတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ Methodist High School (ဒဂုံ-၁) မှာ အခြေခံပညာ ဆည်းပူးခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စီးပွားရေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး စီးပွားရေးမဟာဘွဲ့ ရပြီးတဲ့နောက် နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံမှာ Oxford တက္ကသိုလ်မှာ ပညာ ဆက်လက်သင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ပေးခဲ့သူ လူနဲစုထဲမှာ တဦးအပါအ၀င် ဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ချယုံကြည်ရတဲ့ လူယုံတယောက်ဖြစ်တဲ့အပြင် ရိုးသား ဖြောင့်မတ်တဲ့ စိတ်ထားရှိသူအဖြစ် အသိအမှတ် ပြုခံသူတဦးလည်း ဖြစ်ပါတယ်။ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင်ဟာလည်း NLD ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလွင်ရဲ့ သမီးဖြစ်ပြီး လက်ရှိမှာ သုံးခွမဲဆန္ဒနယ်ကနေ ရွေးကောက်တင်မြောက်ခံထားရတဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တဦးဖြစ်သလို၊ လွတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မီတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ဦးထင်ကျော်တို့ ဇနီးမောင်နှံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးကြသူတွေဖြစ်တဲ့အပြင် ယုံကြည်အားကိုးရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

NLD ရွေးတဲ့သမ္မတလောင်း တိုင်းရင်းသားတွေ ထောက်ခံမည်


မတ်လ ၁၀ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သမ္မတလောင်း ၂ ဦး အမည်စာရင်း တင်သွင်းသွားဖို့ ရှိတဲ့အပေါ် တိုင်းရင်းသားပါတီတွေက ကြိုဆိုလိုက်ပါတယ်။

တိုင်းရင်းသားပါတီအတွေအနေနဲ့ သမ္မတလောင်းအမည်စာရင်း ယှဉ်ပြိုင်တင်သွင်းသွားမှာ မဟုတ်ဘဲ NLD က တင်သွင်းတဲ့ သမ္မတလောင်းတွေကိုပဲ ထောက်ခံသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲအတွင်း တနိုင်ငံလုံးမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်အစည်းအဝေးတွေ စတင်ခဲ့ပြီးနောက် မတ်လ ၁၀ ရက်နေ့မှာ သမ္မတလောင်း အမည်စာရင်းကို တင်သွင်းသွားမှာဖြစ်တယ်လို့ NLD လွှတ်တော် အသိုင်းအ၀ိုင်းကနေ သတင်းတွေ ထွက်ပေါ်နေပါတယ်။ NLD ပါတီက အခုလို သမ္မတလောင်း ရွေးချယ်တင်မြှေက်မှာနဲ့ ပတ်သတ်လို့ တိုင်းရင်းသားပါတီတွေအနေနဲ့ ထောက်ခံသွားမှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပါတယ်။

“NLD ဘက်က တင်လာတဲ့အခါမှာ ကျနော်တို့ တိုင်းရင်းသားအနေနဲ့ ကန့်ကွက်စရာအကြောင်း မရှိပါဘူး။ ကန့်ကွက်လို့လည်း မနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ် အင်အားက တော်တော့်ကို များပါတယ်။ ကျနော်တို့လည်း ဘာပဲပြောပြော အပြုသဘောနဲ့ ၀ိုင်းဝန်းပြီး ထောက်ခံပေးမှာ ဖြစ်ပါတယ်။ USDP က ပြိုင်လာမလား အဲဒီအပေါ်မှာတော့ တဦးချင်းခံစားချက်၊ ပါတီတဖွဲ့ချင်းခံစားချက်ကတော့ ကွာချင်ကွာမှာပေါ့။”

NLD ပါတီကနေ သမ္မတလောင်း ၂ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကနေ သမ္မတလောင်းတဦး အမည်စာရင်းတင်သွင်းပြီး ဥပဒေကြောင်းအရ စိစစ်ပြီးတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်ကနေ မဲပေးရွေးချယ်ပြီး  မဲအများဆုံးရသူက သမ္မတ ဖြစ်လာမှာပါ။ ဒါပေမဲ့လည်း ပြည်ထောင်စု လွှတ်တော်ကနေ သမ္မတ ရွေးချယ်တဲ့အခါမှာ NLD အနေနဲ့ သတိထား ဆောင်ရွက်သင့်ကြောင်းကိုလည်း ဦးဖေသန်းက အခုလို ထောက်ပြပါတယ်။

“ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးတဲ့အခါမှာ သူတို့အင်အား ၃၉၀ စလုံးကို အရင်ဆုံး တယောက်ယောက်ကို ဦးတည်ပြီးတော့ မဲပေးမှ ကောင်းမယ်လို့ ကျနော်ထင်တယ်။ သို့သော် ဒုသမ္မတနှစ်ယောက်စလုံးကို ပထမတယောက်ကိုတော့ သမ္မတဖြစ်စေချင်တယ်။ နောက်တယောက်ကိုတော့ ဒုသမ္မတဖြစ်စေချင်တယ်ဆိုပြီးတော့ ၃၉၀ ကို မျှပြီးတော့ ပေးမယ်ဆိုရင်တော့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပေါင်းလိုက်ရင် သူတို့ ကျော်သွားလိမ့်မယ်။ အဲ့လိုဆိုရင် တပ်က သမ္မတလည်း ရသွားနိုင်တယ်။ ဒုသမ္မတသစ်ကိုလည်း ရသွားနိုင်တယ်။”

ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် ၆၆၄ ဦး ရှိတာကြောင့် မဲကွဲသွားမယ့် အနေအထားနဲ့ ပတ်သတ်လို့ ဦးဖေသန်းက ပြောသွားတာပါ။ NLD ပါတီဟာ တိုင်းရင်းသားတွေနဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေးရှိတာကြောင့် တိုင်းရင်းသားတွေအရေးနဲ့ ပတ်သတ်ပြီး အလေးထား စဉ်းစားမယ်လို့ မျှော်လင့်ထားကြောင်း ကရင်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူး ၁ မန်းမြင့်စိုးက အခုလို ပြောပါတယ်။

“ကျနော်တို့နဲ့ NLD ရဲ့ သဘောထားကလည်း ထပ်တူညီမျှ ကျပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေအပေါ်မှာလည်း နားလည်မှုရှိတယ်။ တိုင်းရင်းသားတွေကိုလည်းပဲ သူတို့နေရာပေးမယ်လို့လည်း ကျနော် သတင်းရပါတယ်။ နောက်အထူးသဖြင့် အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌဆိုလည်း ဒါ သူတို့ တိုင်းရင်းသားတွေကိုပဲ တင်မြှောက်ထားပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်တင်မြှောက်မယ့် သမ္မတလောင်းစာရင်းထဲမှာ တိုင်းရင်းသားတွေလည်း ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး မကြာခင် ကိုယ်စားလှယ်လောင်း တွေ စိစစ်ရွေးချယ်ပြီးချိန် မတ်လလယ်ပိုင်းမှာတော့ သမ္မတနဲ့ ဒုသမ္မတလောင်းတွေအဖြစ် ဘယ်သူတွေ ရွေးချယ်ခံရမယ် ဆိုတာကို သိရမှာဖြစ်ပါတယ်။

အောင်အောင် / ဗွီအိုအေ (မြန်မာပိုင်း)

ပြည်သူလူထု ဆန္ဒကို အပြည့်အဝ အကောင်အထည် မဖော်မီ ကာလတွင်း ဥာဏ်အမြော် အမြင်ဖြင့် ဝန်းရံ ထောက်ခံပေးရန် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

ပြည်သူလူထု ဆန္ဒကို အပြည့်အဝ အကောင်အထည် မဖော်မီ ကာလအတွင်း  နိုင်ငံအေးချမ်း တည်ငြိမ်စွာဖြင့် လိုရာပန်းတိုင် ရောက်ရှိစေရန် ပြည်သူများ အားလုံးက ဥာဏ်ပညာ အမြှော်အမြင်ဖြင့် ဝန်းရံ ထောက်ခံပေးရန် ယနေ့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားချက် ထုတ်ပြန်လိုက်သည်။

Wednesday, March 9, 2016

ဘင်္ဂလား ပင်လယ်အော်၌ ကုန်တင် လေယာဉ် ပျက်ကျမှုကြောင့် ရုရှား လေယာဉ်မှူး သေဆုံး



ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar ဒေသ ကမ်းရိုးတန်းအလွန်တွင် ပျံသန်းနေသော ကုန်တင် လေယာဉ် တစ်စင်း အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဒါကာ၊ မတ် ၉ ရက် (ဆင်ဟွာ)

    ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အရှေ့တောင်ပိုင်း Cox’s Bazar ဒေသ ကမ်းရိုးတန်းအလွန်ရှိ ဘင်္ဂလား ပင်လယ်အော် ၌ မတ်လ ၉ ရက် နံနက်ပိုင်းက ကုန်တင် လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ ရုရှားလူမျိုး လေယာဉ်မှူး တစ်ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Cox’s Bazar လေဆိပ်၏ မန်နေဂျာဖြစ်သူ Sadhan Kumar Mohanta က လေယာဉ် ပျက်ကျမှု၌ ရုရှားလူမျိုး လေယာဉ်မှူး တစ်ဦး သေဆုံးကာ အခြားလေယာဉ်မှူး တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၎င်းက လေယာဉ် ဝန်ထမ်း နှစ်ဦး ပျောက်ဆုံးနေကာ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းကုန်တင်လေယာဉ်သည် Cox’s လေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၉း၀၅ နာရီ၌ ထွက်ခွာခဲ့ပြီး မိနစ်ပိုင်း အကြာ၌ ပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်တင် လေယာဉ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မှတ်ပုံတင်ထားသည့် ရုရှားပိုင် True လေကြောင်း ပို့ဆောင်ရေးမှ ဖြစ်ပြီး Cox’s Bazar ဒေသမှ Jessore ဒေသသို့ ပုဇွန်ဥများ တင်ပို့ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဉ် ပျက်ကျရခြင်း အကြောင်းအရင်း အသေးစိတ်ကို သိရှိသေးခြင်း မရှိကြောင်းသိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

အစိုးရအလွှဲအပြောင်း ၁၁ ရက်နေ့ အပြီးသတ် ဆွေးနွေးမည်

သမ္မတနဲ့ အစိုးရတာဝန် အလွှဲအပြောင်းကိစ္စတွေအတွက် လက်ရှိ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ အနိုင်ရ NLD ပါတီ ကိုယ်စားလှယ်တွေအကြား လာမယ့် ၁၁ ရက်နေ့မှာ အချောသပ် ဆွေးနွေးဖို့ ပြင်ဆင်နေကြပါတယ်။ သမ္မတ အာဏာ အလွှဲအပြောင်းကိစ္စတွေအတွက် နှစ်ဖက်အကြား ကွဲလွဲတဲ့အမြင်အချို့ ရှိနေတာမို့၊ ဒီအပေါ် ညှိနှိုင်းဆောင်ရွက်ဖို့ ကျန်ရှိနေတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။ ဦးရဲထွဋ်ကို ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က ဆက်သွယ်မေးမြန်းစဉ် သူက အခုလိုစပြောပါတယ်။
ဦးရဲထွဋ်။ ။ ကျနော်တို့ ၁၁ ရက်နေ့တွေ့မယ်လေ။ ကျနော်တို့က ဖိတ်စာပို့ထားတာပေါ့ သူတို့ဘက်ကတော့ အကြောင်းမပြန်သေးဘူး။
ထက်အောင်။ ။ ဘာတွေများအဓိကထားပြီးဆွေးနွေးဖို့ရှိပါသလဲ အဲဒီအခါ ကျရင်လေ။
ဦးရဲထွဋ်။ ။ အဓိက ကျနော်တို့ဘက်ကပြင်ဆင်ထားတာတော့ဗျာ သမ္မတ လွဲပြောင်းရေးတာဝန်နဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက သဘောတူထားတာတော့ ရှိပါတယ်။ အဲဒါကတော့ ကတိ သစ္စာပြုတာကို လွှတ်တော်မှာလုပ်မယ်။ တာဝန်လွှဲပြောင်းတဲ့အခန်းအနားကို သမ္မတ အိမ်တော်မှာလုပ်မယ် ဒါကတော့ အခြေခံအားဖြင့် သဘောတူပြီးသားပါ။ အခု ကျနော်တို့ ထပ်ဖြည့်ရမှာတော့ သမ္မတ အိမ်တော်မှာ အခမ်းအနားကို ကျင်းပရင် ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတဲ့ ကိစ္စကတော့ ကျနော်တို့ ကြားမှာ ပြန်ညှိဖို့လိုနေသေးပါတယ်။ အဲဒါကိုတော့ ကျနော်တို့ဘက်က အဓိကဆွေးနွေးဖို့ စဉ်းစားထားပါတယ်။
ထက်အောင်။ ။ ဒီ သမ္မတ ကတိသစ္စာပြုတာကို NLD ဘက်က လွှတ်တော်မှာလုပ်ဖို့ သူတို့က ဆန္ဒရှိကြပါတယ်။ ဆိုတော့ အဲဒီပွဲကိုရော သမ္မတ ဦးသိန်းစိန် အပါအ၀င်ပေါ့လေ ဒီ ၀န်ကြီးချုပ်အစိုးရအဖွဲ့တွေ လာဖို့ အစီအစဉ်ရှိပါသလားခင်ဗျာ။
ဦးရဲထွဋ်။ ။ လွှတ်တော်မှာ ကတိသစ္စာပြုတာကတော့ ကျနော်တို့ ၂၀၁၁ တုန်းက အစဉ်အလာအတိုင်းဆိုရင်တော့ သမ္မတ အသစ်နဲ့ သူ့ကို ရွေးချယ် လိုက်တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ ကျနော်တို့ဒါ တခြား ဖိတ်ကြား ထားတဲ့ ဧည့်သည်တွေ တက်ရောက်ဖို့ရှိပါတယ်ခင်ဗျာ။ ကျနော်တို့ သမ္မတကတော့ အဲဒီမှာ သွားပြီးသူက တက်ဖို့မရှိပါဘူး။ သူကတော့ အိမ်က စောင့်ဆိုင်းပြီးတော့မှ ကတိသစ္စာပြုပြီးလို့ သမ္မတအသစ်တာဝန် စတင်ထမ်းဆောင်မယ့် သမ္မတကို တာဝန်လွှဲပြောင်း ဖို့အတွက် စောင့်ဆိုင်းနေ မှာဖြစ်ပါတယ်။
ထက်အောင်။ ။ ဟုတ်ကဲ့။ ၀န်ကြီးတို့ဘက်က ဒီသမ္မတ အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်လို့ အိမ်တော်မှာလုပ်ဖို့အတွက် အဓိက ဆွေးနွေးသွားမယ်ပေါ့လေ။ ဆိုတော့ အဲဒီဆွေးနွေးပွဲအဆိုကိုရော သူတို့ဘက်က NLD ဘက်ကရော လက်ခံပါရဲ့လားခင်ဗျာ။ ဒီအိမ်တော်မှာပဲလုပ်ဖို့ရော သူတို့ သဘောတူ ပါရဲ့လားခင်ဗျာ။
ဦးရဲထွဋ်။ ။ အခမ်းအနားကို အိမ်တော်မှာ လုပ်မယ်ဆိုတာ သူတို့လည်း သဘောတူ တယ်။ တာဝန်လွဲတဲ့အခမ်းအနားကို သို့သော် အဲဒီအခမ်းအနားကို ဘယ်လိုပုံစံ ၊ ဘယ်လိုအဆင့်နဲ့ ကျင်းပမယ်ဆိုတာတော့ ကျနော်တို့ကြားမှာ ကွဲလွဲမှုတွေ ရှိနေတော့ ပြန်ညှိရဦးမယ်။
ထက်အောင်။ ။ ဟုတ်ကဲ့။ ဘယ်လိုတွေများ ကွဲလွဲမှုတွေ ရှိနေတာပါလဲ ခင်ဗျာ။
ဦးရဲထွဋ်။ ။ အဓိကတော့ ဟိုဟာပါပဲ ကျနော်တို့က ဂုဏ်ပြုတပ်ဖွဲ့လိုမျိုး ထည့်မလားပေါ့၊ ကျနော်တို့ကတော့ ဂုဏ်ပြုတပ်ဖွဲ့လိုမျိုးထည့်ချင်တာပေါ့နော်။ ဒါက နိုင်ငံရေးအရလည်း အနှစ်သာရရှိတယ်။ ဂုဏ်ပြုတပ်ဖွဲ့ဆိုတာက တပ်မတော်နဲ့ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ တပ်ဖွဲ့ပေါ့။ ဒါမျိုးထည့်ဖို့ သူတို့ဘက် ကတော့ အဲဒါမျိုးတွေကို ထည့်သင့်၊ မထည့်သင့် ပြန်စဉ်းစားမယ်ဆိုတဲ့ သဘောမျိုးတော့ ရှိတယ်။ ဒါမျိုးတွေ ကွဲလွဲတာပါ။
ထက်အောင်။ ။ ၀န်ကြီးတို့ဘက်ကရော ဒီသမ္မတ အာဏာလွှဲပြောင်းရေးနဲ့ပတ်သက် လို့ ဒီထက် ဘာတွေများ အဓိကထား ဆွေးနွေးဖို့ရှိပါသလဲ ခင်ဗျာ။
ဦးရဲထွဋ်။ ။ မရှိပါဘူးခင်ဗျာ။ အရင်တုန်းကလည်း ကျနော်တို့က သူတို့ကို power point တွေနဲ့ ရှင်းပြထားပြီးသားပါ။ အခုတော့ ကျနော်တို့ နောက်ဆုံး အသေးစိတ်ပြန်ညှိရမယ့် သဘောပေါ့။ ဒီနေရာမှာတော့ဗျာ ခင်ဗျားတို့ရော၊ သူတို့ အားလုံးနားလည်ထားဖို့လိုတာက ဒါ ဦးသိန်းစိန်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တဲ့ အစိုးရ ၂ ခုတည်းနဲ့ဆိုင်တဲ့ အခမ်းအနား မဟုတ်ဘူး။ နောင်မှာအစဉ်အဆက် လုပ်ဖို့လိုအပ်တဲ့ အတွက်ကြောင့်မို့လို့ ပါသင့်ပါထိုက်တဲ့အစီအစဉ်တွေအားလုံး ပါဖို့အတွက် ကျနော်တို့အားလုံး စဉ်းစားဆောင်ရွက်နေတာပေါ့။ နောက်တခုကလည်း အကုန်အကျများမယ်၊ ဘာညာ ပြောတာရှိပါတယ်။ တကယ်ကျတော့ ကျနော်တို့လုပ်မယ့်အခမ်းအနားလည်း ဘာမှ ကုန်ကျစရာမရှိပါဘူး။ ဂုဏ်ပြုတပ်ဖွဲ့ဆိုတာလည်း အသင့်ဖွဲ့စည်းပြီးသားဖြစ်တယ်။ အခြားနိုင်ငံတကာ ခေါင်းဆောင်တွေကလည်း သူတို့ အလေးပြု ကြိုဆိုနေကြဖြစ်တယ်။ နောက်တခါ အိမ်တော်ထဲမှာလုပ်မယ့် သီဟာသနပလ္လင် ပုံတူရှေ့မှာလုပ်မယ့် အခမ်းအနားဆိုရင်လည်း ဘာမှ ငွေကြေးကုန်ကျ စရာမရှိပါဘူး။ နောက်တခါ ဧည့်ခံပွဲတွေ၊ ဧည့်ခံပွဲကြီးတွေလည်း ပါမှာမဟုတ်ပါဘူး။
ထက်အောင်။ ။ ဆိုတော့ တကယ်လို့များပေါ့နော် အိမ်တော်မှာ အဲလိုမျိုး အခမ်းအနားပေါ့နော် ၀န်ကြီးတို့ပြောသလိုများ တကယ်လို့ လုပ်ဖြစ်မယ်ဆိုရင် ဘယ်ရက်မှာများလုပ်ဖို့ရှိပါသလဲခင်ဗျာ။
ဦးရဲထွဋ်။ ။ဒါတွေကတော့ ကျနော်တို့က သမ္မတသစ် ကတိသစ္စာပြုတဲ့ သမ္မတကြီး ဦးသိန်းစိန်လုပ်ခဲ့တဲ့ဟာကိုမူတည်ပြီးပြောရရင်တော့ မတ်လ ၃၀ ပေါ့ဗျာ။ အဲဒီဟာမျိုးပြီးတဲ့အချိန်မှာ လွှတ်တော်ကနေ ဒီကိုထွက်လာပြီးတော့ ဆက်လုပ်မှာပေါ့ဗျာ။ တကယ်ကျတော့ အပိုင်း၂ ပိုင်းပေါ့ ။ ဒါပေမယ့် ကျင်းပတာကတော့ တဆက်တည်းဖြစ်ဖို့ များပါတယ်။
ထက်အောင်။ ။ သမ္မတ အာဏာလွဲပြောင်းရေးအပါအ၀င်ပေါ့လေ အစိုးရ တခုနဲ့တခု အပြောင်းအလဲမှာဆိုရင် ဒီ ၂၀၀၈ အခြေခံ ဥပဒေအရဆိုရင် တိတိကျကျ ပြဌာန်း မထားဘူးဆိုပြီးတော့ တချို့ကပြောဆိုနေကြပါတယ် ၀န်ကြီးခင်ဗျာ။ အဲဒါနဲ့ ပတ်သက်လို့ ၀န်ကြီးတို့ကရော အာဏာလွှဲပြောင်းရေးမှာ တခုနဲ့တခု၊ တဖက်နဲ့ တဖက် အဆင်ပြေချောချောမွေ့မွေ့ဖြစ်အောင် ဘာတွေများ အဓိကထား စီစဉ်ထား ပါသလဲခင်ဗျာ။
ဦးရဲထွဋ်။ ။ အဓိကဗျာ ကျနော်တို့လွှတ်တော် ဒီ အာဏာလွဲပြောင်းတာနဲ့ ပတ်သက်ပြီးတော့ တာဝန်လွဲပြောင်းတာနဲ့ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိတိကျကျဖော်ပြ ထားခြင်းမရှိတဲ့ အတွက်ကြောင့် နောင်ကို အစဉ်အလာကောင်း တခုဖြစ်အောင် ကြိုးစားပြီးဆောင်ရွက်နေတာပေါ့။ ဒါကြောင့်မို့လိုလဲ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့တဲ့အချိန်မှာ ၂ ဘက် ကော်မတီတွေ ဖွဲ့ပြီးတော့ ပူးပြောင်းဆောင်ရွယ်မယ် ဆိုပြီးလုပ်ခဲ့တာရှိတယ်။ နောက်တခါ ၀န်ကြီးဌာန တခုချင်းအလိုက်လည်း စနစ်တကျ တာဝန်လွဲပြောင်းနိုင်အောင် ကျနော်တို့ စီစဉ်နေတယ်။ ဘာတွေလုပ်နေသလဲလို့ပြောရင်တော့ ၁ ကတော့ ကျနော်တို့ ကော်မတီဖွဲ့တယ်။ ၂ ကတော့ ကျတော်တို့ ၀န်ကြီးဌာန တခုချင်း အလိုက်ပြင်ဆင်တယ်။ ၃ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါတဲ့ ကိစ္စတခု နောင်ရေရှည်တည်တံ့မယ့် အစဉ်အလာကောင်း တခု ဖြစ်အောင် နိုင်ငံ့ ဂုဏ်သိက္ခာနဲ့ညီအောင် ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။
ထက်အောင်။ ။ ဟုတ်ကဲ့ပါ ခင်ဗျာ။ ၀န်ကြီး ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
ဦးရဲထွဋ်။ ။ကောင်းပါပြီ ခင်ဗျာ။
 
DVB

အစိုးရတပ်မတော် ထိုးစစ်ဆင်မှုကြောင့် သျှမ်းမြောက်ဒေသခံများ စီးပွားပျက်ဖွယ်ရှိ

သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရ တပ်မတော်ထိုး စစ်ဆင်တိုက်ခိုက်နေမှုများကြောင့် ရွှေဖီမိုးလွတ် လက်ဖက် ရွက်နု ခူးချိန် မရဘဲ ‘ ဝမ်းရေးအတွက် လက်ဖက် ခြံလုပ်ငန်း မှီခိုအားထားသည့်ဒေသခံများ ’ စီးပွားပျက်ဖွယ်ရှိကြောင်း ဒေသခံများ ကပြောသည် ။



ဖေဖေါ်ဝါရီ လ နှောင်းပိုင်းမှစ၍ ယနေ့ အထိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ မူစယ်ခရိုင် ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း မြန်မာ့တပ်မတော် မှ တပ်မ အင်အား ၇ ခု ၊ ဒကစ ဒေသကွပ်ကဲရေးတပ် ၁ ခု ၊ စစ်ဆင်ရေးကွပ်ကဲမှု တပ် ၆ ခု အင်း ထောင်ဂဏန်း အပြင် တိုက်လေ ယာဉ်များအသုံးပြုကာ ဒေသ အတွင်း လက်နက်ကိုင်တပ်များ၊ အထူးသဖြင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက်ကြောင့် လက်ဖက် ခြံလုပ်ငန်း မလုပ်နိုင်တော့ကြောင်း ရပ်ရွာအကြီးအကဲ တဦးက ပြောသည် ။


ကျောက်မဲမြို့ အနောက် - မြောက်ဘက်ခြမ်း မိုင် ၂၀ ကွာနေ ရွာအကြီးအကဲ အိုက်ငီးက - “ ကျနော် တို့မှာက လက်ဖက် ဘဲ လုပ်တယ်လေး ။ အခု က ရွှေဖီ ရွက်နု ခူးရတော့မယ်။ မိုးမရွာခင် ပြီးအောင်ခူးရတာ။ တိုက်ပွဲတွေက နေ့တိုင်း ဖြစ်နေတာ့ ခက်ပြီပေါ့ ။ တိုက်ပွဲက ရွာနား ကပ်လာတော့ ကျောက်မဲမြို့ပေါ် ထပ်ပြေးရတော့မယ်ထင်တယ် ။ ခြံတော့ မဆင်းနိုင်တော့ဘူး ” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည် ။


နိုင်ငံနှင့်အဝှမ်း စားသုံးနေသည့် လက်ဖက် ၇၅% ကျော်မှာ အဆိုပါစစ်မက်ဖြစ်ပွါးရာ ဒေသအတွင်း မှ ထွက်ရှိပါသည် ။


မြန်မာစစ်တပ်မှ လေယာဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် RCSS/SSA နှင့် တပ်မ ၇၇ တို့ ပူးပေါင်းကာ ၄င်တို့အား တိုက်ခိုက်နေသည်ဟု PSLF/TNLA နိုင်ငံခြားဆက်ဆံရေးဌာနမှူးတာပန်းလှ က ပြောသည် ။


အောက်ပြည်မှအလုပ်သမားများအား သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းသို့ နှစ်စဉ်နှစ်တိုင်း ဆွေမျိုးအလုပ်သမားခေါ်လာလေ့ရှိသည့် မကွေးသား မောင်ခိုင် က ‘ယခု နှစ် လက်ဖက် ခူးရန် တောင်တက် နိုင် ဖွယ်မရှိတော့သည့်အတွက် ကြုံရာ ကျဘမ်းလုပ်ငန်းများအား ကျောက်မြို့အတွင်း ရှာဖွေ လုပ်ကိုင် သွားဖွယ်ရှိသည် ဟု ပြောသည် ။


ဖေဖေါ်ဝါရီ ၇ ရက်နေ့ မှ စ၍ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် နှစ်ဘက် အတွင်း ဒေသခံ ၄၀၀၀ ကျော် နေရပ်မှ စွန့်ခွါရသည် ။ လက်ဖက် ခူးရန်အတွက် ဖေဖေါ်ဝါရီ လနှောင်းပိုင်းက နေရပ်ပြန်ကြသော်လည်း လက်ရှိ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် နေရပ်မှ ပြန်လည်ရှောင်တိမ်းရဖွယ်ရှိသည်ဟု ဒေသခံများ ကပြောသည် ။


လူထုအကျိုးစီးပွားကာကွယ်ရန်အလို့ငှာ ဒို့တာဝန်အရေးသုံးပါးနှင့် လူထုစည်းဇိမ်ဥစ္စာအား ထိပါးနေသည့် RCSS/SSA နှင့် သောင်းကျန်းသူ TNLA တပ်များ အပါအဝင် ဒေသတွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့များအား လွှတ်တော် ဆုံးဖြတ်ချက်အရ နယ်မြေရှင်းလင်းသွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည် ။ RCSS/SSA ကလည်း TNLA နှင့် ဖြစ်ပွားနေသည့် ကိစ္စများ ဖြေရှင်း ပြီးမှသာလျှင် အဆိုပါဒေသအတွင်းသို့ ထွက်ခါဖို့ရန် ဆုံးဖြတ်မည်ဟု ပြောသည် ။

သျှမ်းသံတော်ဆင့်

မြစ်ဆုံစီမံကိန်းပြန်စဖို့ ကြိုးပမ်းနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော


သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်စနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

 မြစ်ဆုံရေကာတာစီမံကိန်း ဟာ စီးပွားဖြစ်စီမံကိန်းတခု ဖြစ်ပြီး လိုအပ်တဲ့ခွင့်ပြုချက်အားလုံး ရယူပြီးဖြစ်ကြောင်း၊ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့အချက်က အကြီးမားဆုံးအခက်အခဲ ဖြစ်နေပြီး ဒါကို နှစ်နိုင်ငံအပြုသဘောနဲ့ ဖြေရှင်း ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ဘေကျင်းမှာကျင်းပတဲ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ဝေါင်ယှီက ပြောပါတယ်။

 အစိုးရသစ်လက်ထက် မြန်မာနဲ့တရုတ်ဆက်ဆံရေးမှာ နှစ်ဘက်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှု ရှိလာမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဦးဆောင်တဲ့ NLD ပါတီဟာ တရုတ်နိုင်ငံနဲ့ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးရှိပြီး အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုတွေ ပိုတိုးလာမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနာဂတ်အတွက် အပြည့်အဝ ယုံကြည်ထားကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။

RFA Burmese TV Channel

ထားဝယ်မြို့၌ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာ ဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် အလုပ်သမားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ဆေးကုသရန် ရန်ကုန်သို့ စင်းလုံးငှား လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ရ



ထားဝယ် 09/  03/2016
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ရှိ HY (ဟိုင်ယွမ်) အအေးခန်း စက်ရုံ၌ မတ် ၇ ရက် ည ၈ နာရီခွဲ အချိန်ခန့်က စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများ အချေအတင် ဖြစ်ပွားခဲ့မှုအပေါ် ရဲတပ်ဖွဲ့ဝင်များက အလုပ်သမားနှစ်ဦးအား ဖမ်းဆီးရာတွင် ရိုက်နှက် ဖမ်းဆီးခဲ့သောကြောင့် အလုပ်သမားတစ်ဦး ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ထားဝယ်ပြည်သူ့ ဆေးရုံသို့  အတွင်းလူနာအဖြစ် တင်ပို့ခဲ့ရကာ ဆေးကုသရန်အတွက် မတ် ၈ ရက် ညနေပိုင်း၌ စင်းလုံးငှား လေယာဉ်ဖြင့် ရန်ကုန်မြို့သို့  ဆက်လက် တင်ပို့ခဲ့ရကြောင်း သိရသည်။
“ပြဿနာဖြစ်တဲ့နေ့ ည ၈ နာရီကျော်လောက်မှာ အလုပ်သမား တစ်ယောက်က အလုပ်ပြီးလို့ အရက်သောက်ပြီး စက်ရုံထဲ ၀င်လာတာကို စက်ရုံပိုင်ရှင်ဖြစ်တဲ့ တရုတ်လူမျိုးရဲရဲ (မစ္စတာဟွမ်)က မြင်ပြီး အလုပ်ကထုတ်တယ်။ အဲဒါကို မကျေနပ်လို့ သက်နောင် (အရိုက်ခံရသူ) က ၀င်ပြောတော့ စကား အချေအတင်ဖြစ်ပြီး စက်ရုံပိုင်ရှင်က အုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တွေကို ခေါ်တယ်။ ည ၉ နာရီလောက်မှာ မြို့နယ်ရဲတပ်ဖွဲ့ မှူးနဲ့ အဖွဲ့ ရောက်လာပြီး အလုပ်သမားတွေကို မင်းတို့ အချိုးမပြေဘူး ပြောပြီးတော့ အလုပ်ရှင်ကို ခေါ်တယ်။ အလုပ်သမား ခေါင်းဆောင်၊ စက်ရုံ မန်နေဂျာနဲ့ သူဌေးလင်မယားကို ခေါ်ပြီး ရဲမှူး ရှေ့မှာ ညှိနှိုင်းဖြေရှင်းတယ်။ အလုပ်သမား ခေါင်းဆောင်ကို အလုပ်သမားတွေအတွက် တာဝန်ယူမလား မေးတော့ ခေါင်းဆောင်ကလည်း တာဝန်ယူတယ် ပြောတယ်။ အဲဒီလိုဖြေပြီး ပြေလည်တဲ့အချိန် ည ၁၁ နာရီ လောက်မှာ မြို့မရဲစခန်းက စခန်းမှူးနဲ့ အဖွဲ့တွေ ထပ်ရောက်လာပြီး သေနတ်တွေနဲ့ ရဲလေးယောက်က မောင်းတင်ပြီးတော့ အလုပ်သမားတွေကို ချိန်ထားတယ်။ ရဲအရာရှိ တစ်ယောက်က ၀င်လာတဲ့ သူကို ပစ်ဆိုပြီးပြောတယ်။ အဲဒီမှာ အလုပ်သမားတွေဘက်က ပြန်ပြီးပြောတော့ သက်နောင်နဲ့ အောင်ဖြိုးလင်းတို့ နှစ်ယောက်ကို မင်းတို့အချိုးမပြေဘူးဆိုပြီး ထွက်လာခိုင်းတယ်။ သက်နောင်က ထရပ်လိုက်ပြီး ရဲ ၁၀ ယောက်လောက်က သူ့ကိုဆွဲတဲ့ အချိန်မှာ သူကလည်း ရုန်းကန်တော့ ရဲတွေက ၀ိုင်းထိုးတယ်။ နံပါတ်တုတ်တွေနဲ့ ရိုက်ပြီး ရဲတစ်ယောက်က စက်ရုံထဲမှာ ရှိနေတဲ့ နှစ်လက်မ ပတ်လည်တုတ်နဲ့ ခေါင်းကို ရိုက်လိုက်တဲ့ အချိန်မှာ သက်နောင်လဲကျသွားတယ်။ အရိုက်ခံရတဲ့ သက်နောင်က ဦးနှောက်မှာ သွေးယိုစီးပြီး အထဲမှာ သွေးခဲနေတော့ အခြေအနေက မဟန်ဘူးလို့ ဆရာဝန်က ပြောတယ်။ သက်နောင်ရဲ့ မိသားစုဝင်တွေက ရန်ကုန်ကို လေယာဉ်နဲ့တင်ဖို့ ပြောတော့ လမ်းမှာတစ်ခုခုဖြစ်ရင် အာမမခံနိုင်ဘူး၊ ထားဝယ်ဆေးရုံမှာ ခွဲရင်လည်း အသက်ရှင်ဖို့ အာမမခံဘူးလို့ ဆရာဝန်က ပြောတယ်” ဟု ဟိုင်ယွမ် အအေးခန်း စက်ရုံမှ အလုပ်သမားတစ်ဦးက ပြောကြားသည်။
ယင်းသို့ ဖြစ်ပွားပြီးနောက် ရဲစခန်းမှ သက်နောင်နှင့် အောင်ဖြိုးလင်းတို့ နှစ်ဦးအား ဖမ်းဆီးသွားပြီး သက်နောင်အား ထားဝယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ပေးခဲ့ကာ အောင်ဖြိုးလင်းအား ထားဝယ်ရဲစခန်း၌ ဖမ်းဆီးထားကြောင်း၊ မတ် ၈ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်နှင့် ခရိုင်၊ တိုင်းရဲမှူး အဆင့်ဆင့်မှ ဆေးရုံသို့ ရောက်ရှိလာပြီး အရိုက်ခံရသည့် လူနာအား ရန်ကုန်သို့ တင်ပို့နိုင်ရန် အလုပ်ရှင်နှင့် ညှိနှိုင်းကာ မြန်မာအမျိုးသား လေကြောင်းပိုင် လေယာဉ်ငယ်အား အမေရိကန် ဒေါ်လာ ၅၄၀၀ ဖြင့် ငှားရမ်းပေးပြီး ညနေ ၅ နာရီခွဲတွင် ထားဝယ်ဆေးရုံမှ တစ်ဆင့် ရန်ကုန်သို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအား သွားရောက်မေးမြန်းရာတွင် တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ ဦးစီးအရာရှိက “စက်ရုံက မူးနေတဲ့ လုပ်သားနှစ်ယောက်က မိန်းကလေး အဆောင်ဘက်ကို သွားလို့ ပိုင်ရှင်က ပြောရာကစပြီး ပြဿနာဖြစ်တယ်လို့ သတင်းရတယ်။ ပိုင်ရှင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခေါ်ပြီးပြောတယ်။ ပြောမရလို့  နောက်ဆုံးရဲကို အကြောင်းကြားပြီး သွားရောက်ဖမ်းဆီးတာပဲ။ အဲဒီအချိန်မှာ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး အခုလို ဖြစ်သွားတာပါ။ ဦးနှောက်နဲ့ အာရုံကြောဌာနက ခွဲလည်း သိပ်အာမမခံဘူးလို့ ပြောတယ်။ ခရီးသည်လေယာဉ်နဲ့ တင်ဖို့ကျတော့ ခုံကလှဲချလို့ မရတာမို့ အခုလို စင်းလုံးငှား လေယာဉ်နဲ့ ရန်ကုန်ပို့ဖို့ စီစဉ်ပေးလိုက်တာပါ။ မနေ့ညက သွားဖမ်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမယ်။ ပြစ်မှုထင်ရှားရင် ရဲစည်းကမ်း ဥပဒေအရ အရေးယူမယ်။ စစ်ဆေးပေါ်ပေါက်တဲ့အပေါ် မူတည်ပြီး လိုအပ်လို့ရှိရင် ပြင်ပပြစ်မှုဆိုင်ရာ ဥပဒေတည်ဆဲ ဥပဒေတွေအရလည်း အရေးယူဖို့ရှိတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဖြိုးဇင်- Eleven Media Group
နောက်ဆက်တွဲသတင်း - ကိုသက်နောင်(တွံတေး) သည် ရန်ကုန်ဆေးရုံကြီး၌ ည၉း၃၀ နာရီတွင်သေဆုံး
သွားကြောင်းသတင်းရရှိသည်။