Headlines News :
Home » » ကျိုက်ထီးရိုးတောင်ပေါ်တွင် တရားမ၀င်ဖွင့်လှစ်ထားသည့်ဆိုင်ခန်းများကို ပိတ်သိမ်းသွားမည်

ကျိုက်ထီးရိုးတောင်ပေါ်တွင် တရားမ၀င်ဖွင့်လှစ်ထားသည့်ဆိုင်ခန်းများကို ပိတ်သိမ်းသွားမည်

Written By Live100 on Sunday, September 3, 2017 | 11:00 AM

ဆံတော်ရှင်ကျိုက်ထီးရိုးတောင်ပေါ်တွင် ဥပဒေအရ ခွင့်ပြုထားခြင်းမရှိသော ဆိုင်ခန်းများကို ပိတ်သိမ်း၍ ကျန်ရှိသည့် ဆိုင်ခန်းများကို ယခင်နှစ်များအတိုင်း မူလပိုင်ရှင်များထံ ပြန်လည်နေရာချပေးသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောခဲ့သည်။

''ဥပဒေအရ ခွင့်ပြုခြင်းမရှိတဲ့ ဆိုင်တချို့ကို ဖယ်ရှားရပါလိမ့်မယ်။ ဘယ်ဆိုင်တွေပါမလဲဆိုတာကိုတော့ ကျွန်တော်စိစစ်ပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျန်ရှိတဲ့ဆိုင်တွေကို ယခင်နှစ်တွေအတိုင်း မူလပိုင်ရှင် တွေကို ပြန်လည်ချထားပေးမှာ ဖြစ်ပါတယ်''ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက သြဂုတ်လ ၃၀ ရက်က ကျိုက်ထိုမြို့တွင် ပြုလုပ်သည့် ကျိုက်ထီးရိုးဈေးသူဈေးသားများနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

ပိတ်သိမ်းသွားမည်ဆိုင်များတွင် တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်၍ ရောင်းချသည့်ဆိုင်များနှင့်  သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမည့် သစ်ပင်တောတောင်များကို ခုတ်ထွင်ရောင်းချနေသည့် ဈေးဆိုင်ခန်းအချို့ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းအပြင် လာမည့်ဘုရားဖူးရာသီကာလအတွင်း ဂေါပကစည်းမျဉ်းစည်းကမ်းဥပဒေများကို လိုက်နာမှုမရှိသည့် ဈေးဆိုင်ခန်းများကို ဥပဒေအတိုင်း တင်းတင်းကျပ်ကျပ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

''လာမည့်နှစ်မှာတော့ စည်းကမ်းမလိုက်နာတဲ့ဆိုင်ကို ဂေါပကအဖွဲ့က ဓာတ်ပုံရိုက်ပြီး ၀န်ကြီးချုပ်ဆီ တင်လိုက်ရင် အဲဒီဆိုင်ကို ရာသက်ပန်ပိတ်မယ့်အပြင် အဲဒီလူကို ကျိုက်ထီးရိုးတောင်ပေါ်တွင် ဥပဒေအရ ခွင့်ပြုခြင်းမရှိသည့် ဆိုင်ခန်းများကို ပိတ်သိမ်းသွားမည်။ ဈေးဆိုင်ရောင်းချခွင့်မရှိအောင် ကျွန်တော်တို့ လုပ်မှာဖြစ်တယ်။ တောင်ပေါ်ရင်ပြင်မှာကျပ် ၁၂၀၀၀ နဲ့ ကျွန်တော်ငှားအိပ်ဖူးပါတယ်။ ရင်ပြင်တော် ရောင်းစားတဲ့သူတွေလည်းရှိပါတယ်။ စည်းကမ်းထိန်းသိမ်းရေးသမားတွေကအစ ရောင်းစားခဲ့တာရှိပါတယ်။ ဒါတွေလည်း အကုန်သိပါတယ်။ ပြီးခဲ့တာတွေ ပြီးပါစေတော့ အခုလာမယ့်နှစ်မှာတော့ စည်းမျဉ်းစည်းကမ်း တွေအတိုင်း ဆောင်ရွက်မှာဖြစ်တယ်''ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုသည်။

ယင်းအပြင် ကျိုက်ထီးရိုးတောင်ပေါ်တွင် မည်သည့်နိုင်ငံရေးပါတီကိုမှ အခွင့်အာဏာပေးသွားမည်မဟုတ်ဘဲ နိုင်ငံရေးပါတီအနေဖြင့် ယူဆောင်ထားသည့် ဆိုင်ခန်းများ ချက်ချင်းဖယ်ပေးရန် ၀န်ကြီးချုပ်က သတိပေးပြောဆိုခဲ့သည်။
''လက်ရှိယူထားတဲ့လူတွေကို ပြန်စိစစ်မယ်။ နိုင်ငံရေးပါတီကြောင့် ဆိုင်ခန်းရလာတယ်ဆို အကုန်ဖြုတ်ပစ်မယ် ကျိုက်ထီးရိုးတောင်ပေါ်မှာ နိုင်ငံရေးလုံးဝကင်းစင်ရမယ်။ ဟိုခြိမ်းခြောက် ဒီခြိမ်းခြောက်ပြီးတော့ အခွင့်အရေးယူဖို့ လုံးဝမစဉ်းစားကြနဲ့ ကျွန်တော်လုံးဝလက်မခံဘူး''ဟု ကျိုက်ထီးရိုးဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုခဲ့သည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ပြီးခဲ့သည့်ဘုရားဖူးရာသီကာလအတွင်း ပြည်တွင်းခရီးသွားဧည့်သည် နှစ်ဆယ်ငါးသိန်းကျော်နှင့် ပြည်ပနိုင်ငံခြားသား တသိန်းခွဲကျော်ဝင်ရောက်ခဲ့ပြီးလာမည့် ဘု ရားဖူးကာလတွင် ကေဘယ်ကားတပ်ဆင်မှုပြီးစီးကာ ဘုရားဖူးများ ယခင်နှစ်ထက် ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

KH

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template