Headlines News :
Home » » လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်သမားများ အကြိမ် ၉၀ တိုက်ပွဲဖြစ်

လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်သမားများ အကြိမ် ၉၀ တိုက်ပွဲဖြစ်

Written By Live100 on Saturday, September 2, 2017 | 12:23 AM


31.8.2017
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိ လုံခြုံရေးစခန်းများနှင့် ဒေသခံတိုင်းရင်းသားများကို အကြမ်းဖက်တိုက်ခိုက်နေသော အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား တစ်ပတ်အတွင်း တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၂၅ ရက်မှ ၃၀ ရက်နေ့အထိ တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ စစ်သည်နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် နိုင်ငံ့ဝန်ထမ်း နှစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။

ယင်းအပြင် စစ်သည် ငါးဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်သည်တစ်ဦး ပျောက်ဆုံးနေကြောင်း၊ စုစုပေါင်း လက်နက်ငယ် ၁၁ လက်၊ ကျည်မျိုးစုံ ၁၆၀၀ ကျော်လည်း ဆုံးရှုံးခဲ့ကြောင်း တပ်မတော်က ဆိုသည်။

သြဂုတ်လ ၂၅ ရက် တစ်နေ့တည်း၌ပင် ထိတွေ့တိုက်ပွဲ ၃၈ ကြိမ်အထိ ရှိခဲ့ပြီး စုစုပေါင်း တိုက်ပွဲများအကြား ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများထံမှ အလောင်း ၃၇၀၊ အရှင်ဖမ်းမိ ကိုးဦး၊ လက်နက်ငယ် ရှစ်လက်နှင့် ကျည်မျိုးစုံ ၇၉ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောဆိုထားသည်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Voice

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template