Headlines News :
Home » » ႏုိင္ငံ့၀န္ထမ္းအဖြဲ႕အစည္းအားလုံး၊ ျပည္သူအားလုံးက မ်ိဳးခ်စ္စိတ္အျပည့္အ၀ ျဖင့္၀ိုင္း၀န္းကာကြယ္

ႏုိင္ငံ့၀န္ထမ္းအဖြဲ႕အစည္းအားလုံး၊ ျပည္သူအားလုံးက မ်ိဳးခ်စ္စိတ္အျပည့္အ၀ ျဖင့္၀ိုင္း၀န္းကာကြယ္

Written By Live100 on Friday, September 1, 2017 | 10:52 PM

ေနျပည္ေတာ္၊ စက္တင္ဘာ - ၁

၁၉၄၂ ခုႏွစ္က ျဖစ္ပြားခဲ့သည့္ အလယ္သံေက်ာ္ျဖစ္စဥ္ကဲ့သို႔ ရခိုင္ျပည္နယ္အတြင္း ဘဂၤါလီမ်ားက ေဒသခံ တုိင္းရင္းသားမ်ားအား တုိက္ခိုက္သတ္ျဖတ္ေမာင္းထုတ္ၿပီး ရခိုင္ တုိင္းရင္းသားမ်ားပိုင္ဆုိင္သည့္ နယ္ေျမမ်ား ဆံုး႐ံႈးမႈမ်ိဳး ထပ္မံအျဖစ္မခံႏိုင္ေၾကာင္း၊ ျမန္မာ ႏိုင္ငံ၏အခ်ဳပ္အျခာအာဏာ ပြန္းပဲ့ထိခိုက္မႈလံုး၀မျဖစ္ေစရန္ တပ္မေတာ္အေနျဖင့္ အျပည့္အ၀ ထိန္းသိမ္းကာကြယ္သြားမည္ျဖစ္ေၾကာင္း၊ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားသာမက ႏိုင္ငံ့၀န္ထမ္းအဖြဲ႕အစည္းအားလံုး၊ ျပည္သူမ်ားအားလံုးကလည္း မ်ိဳးခ်စ္စိတ္အျပည့္အ၀ ျဖင့္ ၀ိုင္း၀န္းကာကြယ္ ရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ယေန႔နံနက္ပိုင္း တြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာ၌ က်င္းပျပဳလုပ္သည့္ ရခုိင္ျပည္နယ္အတြင္း ႏုိင္ငံေတာ္လုံၿခဳံေရးႏွင့္ ကာကြယ္ေရး တာ၀န္မ်ားကုိ သက္စြန္႔ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိေသာ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား၊ ဌာနဆုိင္ရာ ၀န္ထမ္းမ်ားႏွင့္ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တုိက္ခိုက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေနရပ္စြန္႔ခြာတိမ္းေရွာင္ေနရသည့္ ေဒသခံျပည္သူမ်ားအတြက္ အလွဴေငြေပးအပ္ပြဲအခမ္းအနားတြင္ အမွာ စကားေျပာ ၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

ထုိသို႔ ေျပာၾကားရာတြင္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသ၌  ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္မႈ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၾသဂုတ္ ၂၅ ရက္ နံနက္ ၁ နာရီမွစတင္ၿပီး တပ္ဌာနခ်ဳပ္ တစ္ခုအပါအ၀င္ လံုၿခံဳေရး စခန္း ၃၀ ခုအား ေနရာျဖန္႔ခြဲ၍ တစ္ခ်ိန္တည္းတစ္ၿပိဳင္တည္း အင္အားသံုးတိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္းအၾကမ္း ဖက္မႈကို ႀကိဳတင္ျပင္ဆင္၍ လုပ္ေဆာင္ခ့ဲေၾကာင္း၊ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္ သမားမ်ား၏ လံုၿခံံဳေရးတပ္ဖြဲ႕၀င္မ်ားအား အင္အားသံုးတုိက္ခိုက္မႈ၊ တံတားမ်ားအပါအ၀င္ မိုင္းေထာင္ေဖာက္ခြဲမႈမ်ား၊ မီး႐ိႈ႕ ဖ်က္ဆီးမႈမ်ားေၾကာင့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၀င္ ၁၁ ဦး၊ တပ္မေတာ္သား ၂ ဦး၊ လူ၀င္မႈႀကီးၾကပ္ေရး ႏွင့္ျပည္သူ႕အင္အားဦးစီးဌာနမွ ၀န္ထမ္း ၁ ဦး၊ က်န္းမာေရး၀န္ထမ္း ၁ ဦး၊ ေဒသခံတုိင္းရင္းသားျပည္သူ ၁၄ ဦး အသက္ ဆံုး႐ံႈးခဲ့ၿပီး ေပ်ာက္ဆံုးေနသူတုိင္းရင္းသား ၂ ဦးရွိေၾကာင္း၊ ထုိသုိ႔သတ္ျဖတ္မႈမ်ားမွာလည္း ဓါး၊ လွံမ်ားျဖင့္ ရက္ရက္စက္စက္ ထုိးခုတ္သတ္ျဖတ္ထားသည္ကုိေတြ႕ရွိရေၾကာင္း၊ တံတား ၈ စင္း မိုင္းခြဲဖ်က္ဆီး ခံရၿပီး ေက်းရြာမ်ားရွိ အိမ္ေျခ ၂၇၀၇ လံုး မီးေလာင္ပ်က္စီး ဆံုး႐ံႈးခဲ့ရေၾကာင္းဦးစြာေျပာၾကားသည္။

ဆက္လက္ၿပီး ျဖစ္စဥ္ျဖစ္ပြားရျခင္းအဓိကအေၾကာင္းအရင္းအား ရွင္းလင္း ေျပာၾကားရာတြင္ ယခုျဖစ္စဥ္ ႏွင့္ပတ္သက္၍ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားက ၎တို႔အား ဘာသာေရးအရဖိႏွိပ္မႈ၊ ညႇင္းပမ္း ႏွိပ္စက္မႈမ်ားေၾကာင့္ တန္ျပန္လုပ္ေဆာင္ျခင္းဟု ထုတ္ေဖာ္ေျပာၾကားခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ဘာသာေရး အရ လြတ္လပ္စြာ ကိုးကြယ္ခြင့္ရွိၿပီး ခရစ္ယာန္ဘာသာ၀င္ ၆ ရာခုိင္ႏႈန္းေက်ာ္၊ အစၥလာမ္ ဘာသာ၀င္ ၄ ရာခိုင္ႏႈန္းေက်ာ္ရွိေၾကာင္း၊ ေရွးပေ၀သဏီကပင္ ျမန္မာႏိုင္ငံတြင္ ေအးခ်မ္းစြာေနထုိင္ခဲ့ၾကသည့္ အစၥလာမ္ ဘာသာ၀င္မ်ားရွိေသာ္လည္း ျပႆနာ တစ္စံုတစ္ရာမရွိေၾကာင္း၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွာမူ ထူးျခားေၾကာင္း၊ ယင္းေဒသရွိဘဂၤါလီမ်ားမွာ ျမန္မာႏုိင္ငံၿဗိတိသွ်ကုိလိုနီေခတ္ကာလက အဂၤလိပ္တုိ႔မွ ဘဂၤလားနယ္ကလူမ်ားကုိေခၚလာခဲ့ျခင္းျဖစ္ေၾကာင္း၊ ၎တုိ႔သည္အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ လူဦးေရတုိးပြား လာၿပီး ေဒသခံတုိင္းရင္းသားမ်ားကုိ တုိက္ခုိက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၁၉၄၂ ခုႏွစ္၊ အလယ္သံေက်ာ္အေရး အခင္းတြင္ ေဒသခံရခိုင္တုိင္းရင္းသားမ်ား ၂၀၀၀၀ ေက်ာ္သတ္ျဖတ္ခံရၿပီး မူလရခိုင္တိုင္းရင္း သားမ်ားေန ထုိင္ခဲ့သည့္ ေက်းရြာမ်ားစြာတြင္ ဘဂၤါလီမ်ားက ၀င္ေရာက္သိမ္းပိုက္ေနထုိင္ခဲ့ေၾကာင္း၊ ရခိုင္ေဒသတြင္ ဘဂၤါလီမ်ားအား ဖိႏွိပ္မႈ၊ အႏိုင္အထက္ျပဳက်င့္မႈမ်ားမရွိဘဲ ဥပေဒႏွင့္အညီ ျဖစ္ေစရန္သာ ထိန္းသိမ္းလုပ္ ေဆာင္ေနေၾကာင္း၊ ယခုျဖစ္စဥ္မွာလည္း ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္မႈ ဥပေဒကိုမ်က္ကြယ္ျပဳ၍ ဥပေဒအရ စိစစ္မႈမ်ားကို လက္မခံဘဲရည္ရြယ္ခ်က္ရွိစြာျဖင့္ အၾကမ္းဖက္မႈမ်ားလုပ္ေဆာင္လာျခင္းသာျဖစ္ေၾကာင္း၊ ဘာသာေရးကုိ ခုတုံးလုပ္ၿပီး လႈံ႔ေဆာ္မႈ၊ အၾကမ္းဖက္လုပ္ေဆာင္မႈမ်ားအား လုံး၀လက္မခံႏုိင္ေၾကာင္း၊ ျမန္မာႏုိင္ငံတြင္ေနသူမ်ားသည္ ျမန္မာႏုိင္ငံ၏ဥပေဒကုိ လုိက္နာရမည္ျဖစ္ေၾကာင္း၊ ဘဂၤလီျပႆနာသည္ ေရွးႏွစ္ေပါင္းမ်ားစြာ ျဖစ္လာခဲ့ၿပီး  အစိုးရအဆက္ဆက္၊ ေခတ္အဆက္ဆက္ ေျဖရွင္းေပးခဲ့ေသာ္လည္း မၿပီးျပတ္ခဲ့ေၾကာင္း၊ ယခုအစိုးရအေနျဖင့္လည္း သတိထားၿပီး ေျဖရွင္းေနေၾကာင္းေျပာၾကားသည္။

ဘဂၤါလီအသံုးအႏႈန္းႏွင့္ ပတ္သက္၍လည္း ရခိုင္ျပည္နယ္ရွိ ဘဂၤါလီမ်ားမွာ ျမန္မာႏိုင္ငံ ၿဗိတိသွ်ကိုလိုနီဘ၀ က်ေရာက္စဥ္က ဘဂၤလားနယ္မွ လာေရာက္ေနထုိင္ၾက သူမ်ားျဖစ္၍ အစဥ္အဆက္ ဘဂၤါလီဟုသာ ေခၚေ၀ၚသံုးစြဲခဲ့ေၾကာင္း၊ အိႏိၵယႏိုင္ငံ၌လည္း ဘဂၤလားနယ္မွေနထုိင္သူမ်ားကို ဘဂါၤလီဟုပင္ေခၚ ဆိုသည္ကို သိရွိရေၾကာင္း၊ သို႔ျဖစ္၍ဘဂၤါလီမ်ားမွ ႐ိုဟင္ဂ်ာဟု မိမိကိုယ္မိမိသတ္မွတ္သံုးစြဲလာျခင္းမွာ အမ်ိဳးသား ေရးကိစၥျဖစ္၍ “မိမိႏုိင္ငံတြင္ ႐ုိဟင္ဂ်ာလူမ်ိဳးမရွိ”ဟု အတိအလင္းေျပာၾကား ခဲ့ျခင္းျဖစ္ေၾကာင္း ရွင္းလင္း ေျပာၾကားသည္။

ယင္းေနာက္ ရခိုင္ျပည္နယ္၏လံုၿခံဳေရးႏွင့္ ပတ္သက္၍ ၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလ ျဖစ္စဥ္ျဖစ္ပြား ၿပီးေနာက္ ကိုယ္တိုင္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသသို႔ သြားေရာက္ခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္အစိုးရသို႔ အသိေပးတင္ျပၿပီး တပ္မ်ားသြင္း၍ နယ္ေျမရွင္းလင္းျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း၊ ၂၀၁၇ ခုႏွစ္၊ ေဖေဖာ္၀ါရီလတြင္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈ အေျခအေနအရစစ္ဆင္ေရးလုပ္ေဆာင္မႈအား ရပ္ဆိုင္းၿပီး လံုၿခံဳေရးအပိုင္းတြင္သာ ၀ိုင္း၀န္းလုပ္ေဆာင္ခဲ့ေၾကာင္း၊ ယခုျဖစ္စဥ္ျဖစ္ပြားခ်ိန္တြင္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕အင္အားျဖင့္ မည္သို႔မွ်ကာကြယ္ေဆာင္ရြက္ႏုိင္စြမ္းမရွိသျဖင့္ တပ္မေတာ္မွ ပါ၀င္ကာကြယ္လုပ္ ေဆာင္ခဲ့ရေၾကာင္း၊ အစုိးရမွလည္းတရား၀င္ခြင့္ျပဳ ခဲ့ေၾကာင္း၊ ယင္းသုိ႔ထိန္းသိမ္းမႈမလုပ္ႏုိင္ပါက ယခုထက္ပုိမုိ ဆုိးရြားသည့္ျဖစ္စဥ္မ်ား ျဖစ္လာႏုိင္ေၾကာင္း၊ ၁၉၄၂ ခုႏွစ္တြင္ျဖစ္ပြားခဲ့သည့္အေျခအေနမ်ိဳး၊ နယ္ေျမဆုံး႐ႈံးမႈ မ်ိဳးထပ္မံအျဖစ္မခံႏုိင္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ အမ်ိဳးသားေရးတာ၀န္မ်ားကုိ အစြမ္းကုန္ကာကြယ္ ေစာင့္ေရွာက္သြားမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။

ရခုိင္ျပည္နယ္ေဒသဖြံ႔ၿဖဳိးေရး ႏွင့္ပတ္သက္၍လည္း ရခုိင္ေဒသမွာ သယံဇာတ ေပါၾကြယ္၀ၿပီး ႏုိင္ငံေတာ္ အစုိးရအေနျဖင့္လည္း ေဒသဖြံ႔ၿဖိဳးေရးမ်ားစီမံေဆာင္ရြက္ေပးေနေၾကာင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကုိဖိတ္ေခၚၿပီး အလုပ္အကုိင္အခြင့္အလမ္းမ်ားရရွိေအာင္ ေဆာင္ရြက္ေပးေနေၾကာင္း၊ ရခုိင္ေဒသတြင္ ေနထုိင္သူမ်ား စိတ္ခ်မ္းသာစြာ ေနထုိင္လုပ္ ကုိင္စားေသာက္ႏုိင္ေရး ၀ုိင္း၀န္းကူညီေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ေဒသခံ တုိင္းရင္းသားမ်ားအေနျဖင့္လည္း မိမိတုိ႔ေဒသသုိ႔ျပန္ၿပီး မိမိတုိ႔ဘ၀တုိးတက္ေရး၊ မိမိတုိ႔ေဒသတုိးတက္ ေရးလုပ္ေဆာင္ၾကရန္လုိေၾကာင္း၊ ယခုျဖစ္စဥ္တြင္ပ်က္စီးဆုံး႐ႈံးရမႈ၊ ေၾကကြဲရမႈျဖစ္စဥ္မ်ားစြာရွိေၾကာင္း၊ ယင္းတုိ႔ ကုိကုစားရန္ ၀ုိင္း၀န္းလုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း၊ ယေန႔ အလွဴရွင္မ်ား၏စာနာမႈႏွင့္ အမ်ိဳးသားေရး စိတ္ထားရွိမႈကုိလည္း ေလးစားတန္ဖုိးထားပါေၾကာင္း၊ ယင္းစိတ္ဓာတ္မ်ား အၿမဲတမ္းခုိင္မာေစေရး ဆုမြန္ေကာင္း ေတာင္းပါေၾကာင္း ေျပာၾကားသည္။

အဆုိပါအခမ္အနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴး ႀကီးစိုး၀င္း ျပည္ေထာင္စု၀န္ႀကီး မ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစိန္၀င္းႏွင့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ညႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ ရန္ကုန္တုိင္းေဒသႀကီး ရခုိင္တုိင္းရင္းသားေရးရာ၀န္ႀကီး ဦးေဇာ္ေအးေမာင္၊ ရခုိင္အမ်ိဳးသား ပါတီအဖြဲ႕၀င္မ်ားႏွင့္ ေစတနာရွင္အလွဴရွင္မ်ား တက္ေရာက္ၾကသည္။

ယင္းေနာက္ အလွဴရွင္မ်ားျဖစ္ၾကသည့္ ကြန္းခုိရာေဖာင္ေဒးရွင္းမွ ေငြက်ပ္သိန္း  ၅၀၀၀၊ အနာဂတ္အလင္း တန္းေဖာင္ေဒးရွင္းမွ ေငြက်ပ္သိန္း ၃၀၀၀၊ ဧရာ၀တီေဖာင္ေဒး ရွင္းမွ ေငြက်ပ္သိန္း ၁၀၀၀၊ ၾကယ္နီလာကုမၸဏီမွ ေငြက်ပ္သိန္း ၅၀၀၊ Amazing Group ကုမၸဏီမွေငြက်ပ္သိန္း ၃၀၀၊ ေအာင္ျမင္သူကုမၸဏီမွေငြက်ပ္သိန္း ၃၀၀၊ Sky One, Lucky Man  ကုမၸဏီမွေငြက်ပ္သိန္း ၃၀၀၊ Authentic ကုမၸဏီမွေငြက်ပ္သိန္း ၃၀၀၊ K T Development ကုမၸဏီမွေငြက်ပ္သိန္း ၃၀၀၊ ေနာင္တုံကုမၸဏီမွေငြက်ပ္ သိန္း ၂၀၀ တုိ႔အားအသီးသီးေပးအပ္လွဴဒါန္းၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံရယူ သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ မိသားစုမွလွဴဒါန္းသည့္ အလွဴေငြ က်ပ္သိန္း ၅၀ အား စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးဆန္းဦးက လက္ခံရယူသည္။ ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မိသားစုမွ လွဴဒါန္းေငြက်ပ္သိန္း ၂၄၀၊ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ျပင္ပအလွဴရွင္မ်ားမွ လွဴဒါန္းေငြ ၂၉၅၈ သိန္း ၉ ေသာင္းက်ပ္၊ ျမန္မာ့စီးပြားေရးဦးပုိင္လီမိတက္ႏွင့္ မိတ္ဖက္ကုမၸဏီမ်ားမွ လွဴဒါန္းေငြက်ပ္ ၇၇၅ သိန္း၊ ျမ၀တီထေရးဒင္းႏွင့္မိတ္ဖက္ကုမၸဏီမ်ားမွေငြက်ပ္ ၆၀၂ သိန္း၊ Miya Win International Ltd မွေငြက်ပ္သိန္း ၅၀၀၊ CB Bank မွေငြက်ပ္သိန္း ၅၀၀ ႏွင့္ IGE Group မွေငြက်ပ္သိန္း ၅၀၀ တုိ႔အား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္းက လက္ခံရယူသည္။

ယင္းေနာက္ ျမန္္မာ့စီးပြားေရးဦးပုိင္လီမိတက္(႐ုံးခ်ဳပ္)၏ မိတ္ဖက္ကုမၸဏီမ်ားမွ လွဴဒါန္းေငြ ၃၂၁ သိန္း ၅ ေသာင္း၊ ဧဒင္အုပ္စုမွေငြက်ပ္သိန္း ၃၀၀၊ ျမန္မာ႐ူဘီအင္တာ ပ႐ုိက္စ္၏ မိတ္ဖက္ကုမၸဏီမ်ားမွ ေငြက်ပ္ ၁၇၉ သိန္း၊ ျမန္မာ့စီးပြားေရးဦးပုိင္လီမိတက္၏ ဖက္စပ္ကုမၸဏီမ်ားမွ လွဴဒါန္းေငြက်ပ္သိန္း ၁၆၀၊ Myanmar Combiz  မွေငြက်ပ္သိန္း ၃၀၀၊ ျမင့္တက္ကုမၸဏီမွေငြက်ပ္သိန္း ၁၀၀၊ ေငြပင္လယ္ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း၏ မိတ္ဖက္ကုမၸဏီမ်ားမွ ေငြက်ပ္ ၇၁ သိန္းတုိ႔အား အသီးသီးေပးအပ္လွဴဒါန္းရာ ၫႇိႏႈိင္း ကြပ္ကဲေရး မွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးက လက္ခံရယူသည္။

၎ေနာက္ အလွဴရွင္မ်ားမွလွဴဒါန္းသည့္ အလွဴေငြက်ပ္ ၃၁၁ သိန္းအား ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ ႀကီးတင္ေအာင္စန္းကလည္းေကာင္း၊ အလွဴေငြ က်ပ္သိန္း ၁၄၀ အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ ကလည္းေကာင္း၊ အလွဴေငြက်ပ္ ၅၁ သိန္းႏွင့္ ေငြက်ပ္ ၁၀ သိန္းတန္ဖုိးရွိ ေခါက္ဆြဲ ေျခာက္ထုပ္မ်ားအား ရခုိင္တုိင္းရင္းသားေရးရာ၀န္ႀကီး ဦးေဇာ္ေအးေမာင္က လည္းေကာင္း အသီးသီးလက္ခံ ရယူၾကသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ ယေန႔က်င္းပျပဳလုပ္သည့္ အလွဴေငြ ေပးအပ္ပြဲအခမ္းအနားတြင္ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ ျပည္သူမ်ား၏ စုစုေပါင္းလွဴဒါန္းေငြမွာေငြက်ပ္ ၁၉၄၂၅၄၀၀၀၀ ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအားလုံး၊ ပြည်သူအားလုံးက မျိုးချစ်စိတ်အပြည့်အဝ ဖြင့်ဝိုင်းဝန်းကာကွယ်

နေပြည်တော်၊ စက်တင်ဘာ - ၁

၁၉၄၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အလယ်သံကျော်ဖြစ်စဉ်ကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများက ဒေသခံ တိုင်းရင်းသားများအား တိုက်ခိုက်သတ်ဖြတ်မောင်းထုတ်ပြီး ရခိုင် တိုင်းရင်းသားများပိုင်ဆိုင်သည့် နယ်မြေများ ဆုံးရှုံးမှုမျိုး ထပ်မံအဖြစ်မခံနိုင်ကြောင်း၊ မြန်မာ နိုင်ငံ၏အချုပ်အခြာအာဏာ ပွန်းပဲ့ထိခိုက်မှုလုံးဝမဖြစ်စေရန် တပ်မတော်အနေဖြင့် အပြည့်အဝ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအားလုံး၊ ပြည်သူများအားလုံးကလည်း မျိုးချစ်စိတ်အပြည့်အဝ ဖြင့် ဝိုင်းဝန်းကာကွယ် ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် အမှာ စကားပြော ကြားရာ၌ ထည့်သွင်းပြောကြားသည်။

ထိုသို့ ပြောကြားရာတွင် ဘူးသီးတောင်၊ မောင်တောဒေသ၌  ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ သြဂုတ် ၂၅ ရက် နံနက် ၁ နာရီမှစတင်ပြီး တပ်ဌာနချုပ် တစ်ခုအပါအဝင် လုံခြုံရေး စခန်း ၃၀ ခုအား နေရာဖြန့်ခွဲ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း အင်အားသုံးတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအကြမ်း ဖက်မှုကို ကြိုတင်ပြင်ဆင်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားသုံးတိုက်ခိုက်မှု၊ တံတားများအပါအဝင် မိုင်းထောင်ဖောက်ခွဲမှုများ၊ မီးရှို့ ဖျက်ဆီးမှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ တပ်မတော်သား ၂ ဦး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်း ၁ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦး၊ ဒေသခံတိုင်းရင်းသားပြည်သူ ၁၄ ဦး အသက် ဆုံးရှုံးခဲ့ပြီး ပျောက်ဆုံးနေသူတိုင်းရင်းသား ၂ ဦးရှိကြောင်း၊ ထိုသို့သတ်ဖြတ်မှုများမှာလည်း ဓါး၊ လှံများဖြင့် ရက်ရက်စက်စက် ထိုးခုတ်သတ်ဖြတ်ထားသည်ကိုတွေ့ရှိရကြောင်း၊ တံတား ၈ စင်း မိုင်းခွဲဖျက်ဆီး ခံရပြီး ကျေးရွာများရှိ အိမ်ခြေ ၂၇၀၇ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းဦးစွာပြောကြားသည်။

ဆက်လက်ပြီး ဖြစ်စဉ်ဖြစ်ပွားရခြင်းအဓိကအကြောင်းအရင်းအား ရှင်းလင်း ပြောကြားရာတွင် ယခုဖြစ်စဉ် နှင့်ပတ်သက်၍ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက ၎င်းတို့အား ဘာသာရေးအရဖိနှိပ်မှု၊ ညှင်းပမ်း နှိပ်စက်မှုများကြောင့် တန်ပြန်လုပ်ဆောင်ခြင်းဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာရေး အရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပြီး ခရစ်ယာန်ဘာသာဝင် ၆ ရာခိုင်နှုန်းကျော်၊ အစ္စလာမ် ဘာသာဝင် ၄ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ရှေးပဝေသဏီကပင် မြန်မာနိုင်ငံတွင် အေးချမ်းစွာနေထိုင်ခဲ့ကြသည့် အစ္စလာမ် ဘာသာဝင်များရှိသော်လည်း ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသမှာမူ ထူးခြားကြောင်း၊ ယင်းဒေသရှိဘင်္ဂါလီများမှာ မြန်မာနိုင်ငံဗြိတိသျှကိုလိုနီခေတ်ကာလက အင်္ဂလိပ်တို့မှ ဘင်္ဂလားနယ်ကလူများကိုခေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည်အကြောင်းအမျိုးမျိုးဖြင့် လူဦးရေတိုးပွား လာပြီး ဒေသခံတိုင်းရင်းသားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၄၂ ခုနှစ်၊ အလယ်သံကျော်အရေး အခင်းတွင် ဒေသခံရခိုင်တိုင်းရင်းသားများ ၂၀ဝ၀ဝ ကျော်သတ်ဖြတ်ခံရပြီး မူလရခိုင်တိုင်းရင်း သားများနေ ထိုင်ခဲ့သည့် ကျေးရွာများစွာတွင် ဘင်္ဂါလီများက ဝင်ရောက်သိမ်းပိုက်နေထိုင်ခဲ့ကြောင်း၊ ရခိုင်ဒေသတွင် ဘင်္ဂါလီများအား ဖိနှိပ်မှု၊ အနိုင်အထက်ပြုကျင့်မှုများမရှိဘဲ ဥပဒေနှင့်အညီ ဖြစ်စေရန်သာ ထိန်းသိမ်းလုပ် ဆောင်နေကြောင်း၊ ယခုဖြစ်စဉ်မှာလည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကိုမျက်ကွယ်ပြု၍ ဥပဒေအရ စိစစ်မှုများကို လက်မခံဘဲရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်မှုများလုပ်ဆောင်လာခြင်းသာဖြစ်ကြောင်း၊ ဘာသာရေးကို ခုတုံးလုပ်ပြီး လှုံ့ဆော်မှု၊ အကြမ်းဖက်လုပ်ဆောင်မှုများအား လုံးဝလက်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင်နေသူများသည် မြန်မာနိုင်ငံ၏ဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဘင်္ဂလီပြဿနာသည် ရှေးနှစ်ပေါင်းများစွာ ဖြစ်လာခဲ့ပြီး  အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် ဖြေရှင်းပေးခဲ့သော်လည်း မပြီးပြတ်ခဲ့ကြောင်း၊ ယခုအစိုးရအနေဖြင့်လည်း သတိထားပြီး ဖြေရှင်းနေကြောင်းပြောကြားသည်။

ဘင်္ဂါလီအသုံးအနှုန်းနှင့် ပတ်သက်၍လည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများမှာ မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီဘဝ ကျရောက်စဉ်က ဘင်္ဂလားနယ်မှ လာရောက်နေထိုင်ကြ သူများဖြစ်၍ အစဉ်အဆက် ဘင်္ဂါလီဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၌လည်း ဘင်္ဂလားနယ်မှနေထိုင်သူများကို ဘင်္ဂလီဟုပင်ခေါ် ဆိုသည်ကို သိရှိရကြောင်း၊ သို့ဖြစ်၍ဘင်္ဂါလီများမှ ရိုဟင်ဂျာဟု မိမိကိုယ်မိမိသတ်မှတ်သုံးစွဲလာခြင်းမှာ အမျိုးသား ရေးကိစ္စဖြစ်၍ “မိမိနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိ”ဟု အတိအလင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ်၏လုံခြုံရေးနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် ကိုယ်တိုင် ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရသို့ အသိပေးတင်ပြပြီး တပ်များသွင်း၍ နယ်မြေရှင်းလင်းခြင်းများလုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု အခြေအနေအရစစ်ဆင်ရေးလုပ်ဆောင်မှုအား ရပ်ဆိုင်းပြီး လုံခြုံရေးအပိုင်းတွင်သာ ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြောင်း၊ ယခုဖြစ်စဉ်ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အားဖြင့် မည်သို့မျှကာကွယ်ဆောင်ရွက်နိုင်စွမ်းမရှိသဖြင့် တပ်မတော်မှ ပါဝင်ကာကွယ်လုပ် ဆောင်ခဲ့ရကြောင်း၊ အစိုးရမှလည်းတရားဝင်ခွင့်ပြု ခဲ့ကြောင်း၊ ယင်းသို့ထိန်းသိမ်းမှုမလုပ်နိုင်ပါက ယခုထက်ပိုမို ဆိုးရွားသည့်ဖြစ်စဉ်များ ဖြစ်လာနိုင်ကြောင်း၊ ၁၉၄၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်အခြေအနေမျိုး၊ နယ်မြေဆုံးရှုံးမှု မျိုးထပ်မံအဖြစ်မခံနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် အမျိုးသားရေးတာဝန်များကို အစွမ်းကုန်ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ရခိုင်ပြည်နယ်ဒေသဖွံ့ဖြိုးရေး နှင့်ပတ်သက်၍လည်း ရခိုင်ဒေသမှာ သယံဇာတ ပေါကြွယ်ဝပြီး နိုင်ငံတော် အစိုးရအနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေးများစီမံဆောင်ရွက်ပေးနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးနေကြောင်း၊ ရခိုင်ဒေသတွင် နေထိုင်သူများ စိတ်ချမ်းသာစွာ နေထိုင်လုပ် ကိုင်စားသောက်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသသို့ပြန်ပြီး မိမိတို့ဘဝတိုးတက်ရေး၊ မိမိတို့ဒေသတိုးတက် ရေးလုပ်ဆောင်ကြရန်လိုကြောင်း၊ ယခုဖြစ်စဉ်တွင်ပျက်စီးဆုံးရှုံးရမှု၊ ကြေကွဲရမှုဖြစ်စဉ်များစွာရှိကြောင်း၊ ယင်းတို့ ကိုကုစားရန် ဝိုင်းဝန်းလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ယနေ့ အလှူရှင်များ၏စာနာမှုနှင့် အမျိုးသားရေး စိတ်ထားရှိမှုကိုလည်း လေးစားတန်ဖိုးထားပါကြောင်း၊ ယင်းစိတ်ဓာတ်များ အမြဲတမ်းခိုင်မာစေရေး ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။

အဆိုပါအခမ်အနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်အမျိုးသား ပါတီအဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ယင်းနောက် အလှူရှင်များဖြစ်ကြသည့် ကွန်းခိုရာဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း  ၅၀ဝ၀၊ အနာဂတ်အလင်း တန်းဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃၀ဝ၀၊ ဧရာဝတီဖောင်ဒေး ရှင်းမှ ငွေကျပ်သိန်း ၁၀ဝ၀၊ ကြယ်နီလာကုမ္ပဏီမှ ငွေကျပ်သိန်း ၅၀ဝ၊ Amazing Group ကုမ္ပဏီမှငွေကျပ်သိန်း ၃၀ဝ၊ အောင်မြင်သူကုမ္ပဏီမှငွေကျပ်သိန်း ၃၀ဝ၊ Sky One, Lucky Man  ကုမ္ပဏီမှငွေကျပ်သိန်း ၃၀ဝ၊ Authentic ကုမ္ပဏီမှငွေကျပ်သိန်း ၃၀ဝ၊ K T Development ကုမ္ပဏီမှငွေကျပ်သိန်း ၃၀ဝ၊ နောင်တုံကုမ္ပဏီမှငွေကျပ် သိန်း ၂၀ဝ တို့အားအသီးသီးပေးအပ်လှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူ သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိသားစုမှလှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၅၀ အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက လက်ခံရယူသည်။ ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မိသားစုမှ လှူဒါန်းငွေကျပ်သိန်း ၂၄၀၊ တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများနှင့်ပြင်ပအလှူရှင်များမှ လှူဒါန်းငွေ ၂၉၅၈ သိန်း ၉ သောင်းကျပ်၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မိတ်ဖက်ကုမ္ပဏီများမှ လှူဒါန်းငွေကျပ် ၇၇၅ သိန်း၊ မြဝတီထရေးဒင်းနှင့်မိတ်ဖက်ကုမ္ပဏီများမှငွေကျပ် ၆၀၂ သိန်း၊ Miya Win International Ltd မှငွေကျပ်သိန်း ၅၀ဝ၊ CB Bank မှငွေကျပ်သိန်း ၅၀ဝ နှင့် IGE Group မှငွေကျပ်သိန်း ၅၀ဝ တို့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လက်ခံရယူသည်။

ယင်းနောက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(ရုံးချုပ်)၏ မိတ်ဖက်ကုမ္ပဏီများမှ လှူဒါန်းငွေ ၃၂၁ သိန်း ၅ သောင်း၊ ဧဒင်အုပ်စုမှငွေကျပ်သိန်း ၃၀ဝ၊ မြန်မာရူဘီအင်တာ ပရိုက်စ်၏ မိတ်ဖက်ကုမ္ပဏီများမှ ငွေကျပ် ၁၇၉ သိန်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဖက်စပ်ကုမ္ပဏီများမှ လှူဒါန်းငွေကျပ်သိန်း ၁၆၀၊ Myanmar Combiz  မှငွေကျပ်သိန်း ၃၀ဝ၊ မြင့်တက်ကုမ္ပဏီမှငွေကျပ်သိန်း ၁၀ဝ၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်း၏ မိတ်ဖက်ကုမ္ပဏီများမှ ငွေကျပ် ၇၁ သိန်းတို့အား အသီးသီးပေးအပ်လှူဒါန်းရာ ညှိနှိုင်း ကွပ်ကဲရေး မှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက လက်ခံရယူသည်။

၎င်းနောက် အလှူရှင်များမှလှူဒါန်းသည့် အလှူငွေကျပ် ၃၁၁ သိန်းအား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီးတင်အောင်စန်းကလည်းကောင်း၊ အလှူငွေ ကျပ်သိန်း ၁၄၀ အား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ကလည်းကောင်း၊ အလှူငွေကျပ် ၅၁ သိန်းနှင့် ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ ခေါက်ဆွဲ ခြောက်ထုပ်များအား ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က လည်းကောင်း အသီးသီးလက်ခံ ရယူကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ယနေ့ကျင်းပပြုလုပ်သည့် အလှူငွေ ပေးအပ်ပွဲအခမ်းအနားတွင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများ၏ စုစုပေါင်းလှူဒါန်းငွေမှာငွေကျပ် ၁၉၄၂၅၄၀ဝ၀ဝ ဖြစ်ကြောင်း သတင်းရရှိသည်။

Share this article :

တစ္ပတ္အတြင္းသတင္းဒိုင္ယာရီ

email တြင္ဖတ္ရန္ သင္႔ Mail ကို႐ိုက္ထည္႔ပါ

Zawgyi Unicode Font

Download

Total Pageviews

ထား၀ယ္ၿမိဳ႕ဆန္းခ်ီ အ-မ-က ျမတ္ဆရာပူေဇာ္ပြဲ

Mandalay FM Live Radio


Mandalay FM Live Radio


လြင္႔ေမာင္ေမာင္၏ ဒိုင္ယာရီ စာမ်က္ႏွာမ်ား

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template