Headlines News :
Home » » အစွန်းရောက်ဘင်္ဂါလီ အကြမ်ဖက်သမားသတင်း-၁၀]

အစွန်းရောက်ဘင်္ဂါလီ အကြမ်ဖက်သမားသတင်း-၁၀]

Written By Live100 on Sunday, August 27, 2017 | 9:27 PM

[အစွန်းရောက်ဘင်္ဂါလီ အကြမ်ဖက်သမားသတင်း-၁၀]

အစွန်းရောက်ဘင်္ဂါလီ အကြမ်ဖက်သမားများက မောင်တောမြို့အား စနစ်တကျ ဖျက်ဆီးရန် ကြံစည်လုပ်ဆောင်၊ တစ်ချိန်တည်း တစ်ပြိုင်တည်း မီးရှို့ပြီး လက်လုပ်ဗုံးများ ဖောက်ခွဲ၊ သေနတ်များဖြင့် ပစ်ခတ်၊ အကြမ်းဖက်လုပ်ရပ်များ ဆက်လက် လုပ်ဆောင်

သြဂုတ် ၂၇၊ ၂၀၁၇

နယ်မြေ ၂  အတွင်း အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် နံနက်ပိုင်းမှ မွန်းလွှဲပိုင်းအတွင်း လက်လုပ်ဗုံးများ ဖောက်ခွဲခြင်း၊ ကျေးရွာများ မီးရှို့ခြင်း၊ စခန်းများအား လာရောက်ပစ်ခတ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။
အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၁၀၀ ကျော်ခန့်သည် ငါးရံ့ချောင်းကင်းစခန်းအား အနောက်ဘက် တောစပ်မှ လာရောက်၍ လက်လုပ်ဗုံး ၄ လုံးအား ပစ်ခတ်ရာ ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့သဖြင့် ငါးရံ့ချောင်းစခန်း အရှေ့ဘက် တောင်ကြောပေါ်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။
ထို့နောက် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၅၀၀ ခန့်သည် ငါးရံ့ချောင်းကင်းစခန်းအား ဒုတိယအကြိမ် လာရောက် ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ရသည်။
အလားတူ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် နယ်မြေ ၂ အတွင်းရှိ မင်းခမောင်းစခန်းအား ၀ိုင်းဝန်းခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ဟန့်တား ရှင်းလင်းခဲ့ရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆာလေရွာမှ ရန်ခါစေတီရွာသို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဒဏ်ရာရ အမျိုးသမီး ၁ ဦးအား တွေ့ရှိခဲ့၍ ကယ်တင်ပေးခဲ့ရသည်။
မောင်တောမြို့နယ် နယ်မြေ ၃ အတွင်းရှိ ရဲအောင်ချောင်းဝ စခန်းအား အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့ကြပြီး သာယာကုန်းကျေးရွာသို့ ဆက်လက်ထွက်ခွာသွားခဲ့ကြသည်။
၎င်းနောက် ယင်းကျေးရွာအား အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၅၀၀ ခန့်က တုတ်၊ ဓား လက်နက် များဖြင့် ၀ိုင်းဝန်းခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ရသည်။ နံ့သာတောင်ရွာ နှင့် ဘုန်းတော်ကြီးကျောင်း အတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နံသာတောင်ကျေးရွာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စဉ် တောင်ပြိုလက်ဝဲ ကျေးရွာတောင်ဖက် အရောက်တွင် အစွန်းရောက်ဘင်္ဂါလီ အကြမ်ဖက်သမား အင်အား ၂၀၀ ခန့်က လက်နက်ငယ်များ၊ တုတ်၊ ဓါး၊ လှံ၊ မှိန်းများ ကိုင်ဆောင်လျက် ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ သဖြင့် ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာ ပတ်ဝန်းကျင်ကျေးရွာများအတွင်းသို့ ဆုတ်ခွာ ထွက်ပြေးသွားရာ ယင်းတို့ထံမှ ကျည်မျိုးစုံ အတောင့် ၆၀၊ လှံ ၆၂ ချောင်း သိမ်းဆည်း ရမိခဲ့သည်။
နယ်မြေ ၆ အတွင်းရှိ နွားရုံတောင်ကျေးရွာတွင် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ပြန်လည် ထွက်ပြေးစဉ် ကျေးရွာအား မီးရှို့ခဲ့ပြီး လက်လုပ်ဗုံး ၁ လုံး ဖောက်ခွဲခဲ့ကြောင်း သိရသည်။
ထို့ပြင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် ဇင်ပိုင်ညာစခန်းအရှေ့ဘက်ကိုက် ၇၀၀ ခန့် အကွာတွင် ဗုံး ၂ လုံး ဖောက်ခွဲခဲ့ပြီး ကျေးရွာအတွင်း၌လည်း ဗုံး ၁ လုံး ဖောက်ခွဲခဲ့ကြောင်း သိရသည်။
အလားတူ ကျောက်လှေကားကျေးရွာအတွင်း လက်လုပ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရပြီး ပြဿဒ် တိုင်းရင်းသားကျေးရွားအား အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်နီကျေးရွာအနီး ကားလမ်းပေါ်တွင် ပိတ်ဆို့ထားသည့် သဲအိတ်များအား ရှင်းလင်းစဉ် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၄ ဦးက လုပ်သေနတ်များ ကိုင်ဆောင်၍ ရောက်ရှိလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ရာ မောင်နီဈေးတန်းဘက်သို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။
ညနေပိုင်းတွင် နယ်မြေ ၁၁ အတွင်းရှိ ချွတ်ပြင်ကင်းစခန်းအား အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများက လက်လုပ် ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းခဲ့ရပြီး ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
အလားတူ မောင်တောမြို့နယ် နယ်မြေ ၁၀ အတွင်းရှိ ကျောင်းတောင်ရဲစခန်းအား ညနေပိုင်းတွင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၂၀၀ ဦးခန့် ၀ိုင်းဝန်းရန်ပြုသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းခဲ့ရသည်။
သြဂုတ် ၂၆ ရက် ဖြစ်စဉ်များတွင် စစ်သည် ၁ ဦး ပျောက်ဆုံးလျက်ရှိပြီး လက်နက်ငယ် ၁ လက်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ညနေ ၃ နာရီခွဲတွင် မောင်တောမြို့ ရပ်ကွက် ၄ ရွာသစ်ကေရပ်ကွက်ရှိ ဟိန္ဒူဘာသာဝင် နေအိမ် ၃ လုံးအား အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ခဲ့ပြီး ညနေ ၅ နာရီတွင် ဘင်္ဂါလီရပ်ကွက်ရှိ အိမ်ခြေ ၁၀၀ ခန့်အား အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားက ထပ်မံမီးရှို့ခဲ့သဖြင့် မီးလောင်လျက်ရှိသည်။
အဆိုပါ မီးအား မီးသတ်ယာဉ် ၄ စီးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်နေစဉ် နေအိမ် ၂ လုံးမှ လက်လုပ်ဗုံး ၄ လုံး ပေါက်ကွဲခဲ့သည်။
ညနေ ၅ နာရီ ၁၅ မိနစ်တွင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများမှ မီးငြှိမ်းသတ်နေသည့် တပ်ဖွဲ့ဝင်များအား လုပ်သေနတ်ဖြင့် ၂ ချက် လာရောက် ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

လက်ရှိအချိန်ထိ မီးလောင်ကျွမ်းခဲ့သဖြင့် ၀ိုင်းဝန်း ငြှိမ်းသတ်လျက်ရှိသည်။
မောင်တောမြို့သည် ဘင်္ဂါလီနှင့် တိုင်းရင်းသားများ ရောနှောနေထိုင်ပြီး လူနေအိမ်ခြေ ထူထပ်ကာ ခရိုင်အဆင့် အစိုးရဌာနဆိုင်ရာရုံးများ အခြေစိုက်သည့် မြို့ဖြစ်ကြောင်းနှင့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများမှ မောင်တောမြို့အား ဖျက်ဆီးရန်နှင့် ဆူပူ အကြမ်းဖက်မှုကို ပိုမို ကြီးကျယ်စေရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့အိမ်ကို ၎င်းတို့ကိုယ်တိုင် မီးရှို့ကာ လက်လုပ်ဗုံးများကိုပါ ထားရှိခဲ့သဖြင့် ဗုံးများပေါက်ကွဲ၍  ပိုမိုမီးလောင်ကျွမ်းခဲ့ခြင်း  ဖြစ်ကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template