Headlines News :
Home » » ပျောက်ဆုံးနေသည့်ဒိုင်းနက်လူမျိုး၂၀ဦးပြန်တွေ့သေဆုံးသူ၅ဦးရှိ

ပျောက်ဆုံးနေသည့်ဒိုင်းနက်လူမျိုး၂၀ဦးပြန်တွေ့သေဆုံးသူ၅ဦးရှိ

Written By Live100 on Monday, August 28, 2017 | 1:00 PM

မောင်တော၊ သြဂုတ် ၂၈ /ချလူးအောင်၊ DMG

မောင်တောမြို့နယ် မြောက်ပိုင်း ရန်ကာစေတီကျေးရွာမှ ပျောက်ဆုံးနေသည့် ဒိုင်းနက်လူမျိုး ၂၀ ဦးကို ပြန်တွေ့ရာ သေဆုံးသူအလောင်း ၅ ဦး တွေ့ရှိရကြောင်း အောင်သပြေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းချေဦးက DMG ကို အတည်ပြု ပြောကြားသည်။

လုံခြုံရေးအခြေအနေများအရ အောင်သပြေနှင့် ပူးပေါင်းနေထိုင်ရန် ဒိုင်းနက် လူမျိုး ၂၁ ဦး ထွက်ခွာလာစဉ် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ ပျောက်ဆုံးနေပြီး သြဂုတ်လ (၂၇) ရက်နေ့က အောင်သပြေမှ ပြည်သူများနှင့် လုံခြုံရေးတပ်များ ပူးပေါင်ပြီး အောင်သပြေတောနက်ထဲတွင် ရှာဖွေရာ (၁၅)ဦး အသက်မသေဘဲ တွေ့ရှိရပြီး ကျန် (၅)ဦးမှာ သေဆုံးသွားကြောင်း ဦးသိန်းချေဦးက ဆိုသည်။

“ ပြန်တွေ့တာမှန်ပါတယ်။ အရှင် ပြန်တွေ့တဲ့ ၁၅ ဦးထဲမှာ ၃ ဦးက ဒဏ်ရာရထားပေမယ့် စိုးရိမ်စရာမရှိပါဘူး။ ” ဟု ပြောသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မောင်တောမြို့နယ် နယ်မြေ (၂) ရန်ကာစေတီကျေးရွာမှ ဒိုင်းနက်တိုင်းရင်းသား ၂၁ ဦးသည် အောင်ဇံတိုင်းရင်းသားကျေးရွာသို့ သွားရောက်ပူးပေါင်းနေထိုင်ရန် ထွက်ခွာလာရာ ဆာလေကျေးရွာအုပ်စု၊ ကြောင်ဒိုးကျေးရွာအ၀င် တံတားအနီးအရောက်တွင် ကြောင်ဒိုးကျေးရွာမှ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ အင်အား ၁၀၀ ဦးခန့်က တုတ်၊ ဓါး ကိုယ်စီဖြင့် ၀င်ရောက်ထိုးခုတ်ရိုက်နှက်ခဲ့သည်ဟု ပြန်လွတ်လာသည့် ဒိုင်းနက်အမျိုးသားတစ်ဦးက ဆိုသည်။

ထိုသို့ ထိုးခုတ်ရိုက်နှက်ချိန်တွင် ဦးမောင်ဘစိန် (၂၈) နှစ် တစ်ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်ကျေးရွာသားများမှာ ပျောက်ကျန်ခဲ့ရာမှ ၁၅ ဦးကို အသက်ရှင်လျက် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

DMG

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template