Headlines News :
Home » » ရခိုင်ဖြစ်စဉ်သည် ဘင်္ဂါလီအကြမ်းဖက်သမားများက ဘူးသီးတောင်နှင့် မောင်တောအား သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကီးကျော်ဆွေ ပြော၊ အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကိုသာ ပစ်ခတ်တားဆီးလျှက်ရှိ

ရခိုင်ဖြစ်စဉ်သည် ဘင်္ဂါလီအကြမ်းဖက်သမားများက ဘူးသီးတောင်နှင့် မောင်တောအား သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကီးကျော်ဆွေ ပြော၊ အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကိုသာ ပစ်ခတ်တားဆီးလျှက်ရှိ

Written By Live100 on Tuesday, August 29, 2017 | 7:44 PM

လတ်တလော ရခိုင်ဖြစ်စဉ်သည် ဘင်္ဂါလီအကြမ်းဖက်သမားများက ဘူးသီးတောင်နှင့် မောင်တောအား သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ ပြောကြားလိုက်သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီး ၊ ကာကွယ်ရေးဒုဝန်ကြီး အပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၅ ဦးတို့သည် သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) သို့ နိုင်ငံတကာသံတမန်များအား ဖိတ်ကြားကာ ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။

အဆိုပါပွဲတွင် ပြည်ထဲရေးဝန်ကြီးက “ကျွန်တော်တို့်မြန်မာနိုင်ငံဟာ တိုင်းရင်းသား ၁၃၅ မျိုးနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ အဆက်ဆက်၊ တပ်မတော်အကြီးအကဲ အဆက်ဆက်ကလည်း ကျွန်တော်တို့နိုင်ငံမှာ  ရိုဟင်လူမျိုးမရှိဘူးဆိုတဲ့ ကျွန်တော်တို့ တိုင်းရင်းသားထဲမှာ မပါဘူးဆိုတာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း ကျွန် တော်အနေနဲ့ (ရိုဟင်ဂျာ) မရှိဘူးဆိုတာ ပြောလိုပါတယ်။ အခုဖြစ်တဲ့ ဖြစ်စဉ်ဟာ ဘင်္ဂါလီလူမျိုးများဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေကို သူတို့ရဲ့ နယ်မြေအဖြစ် သိမ်းပိုက်ဖို့ ရည်ရွယ်ပြီးတော့မှ ဆောင်ရွက်တယ်ဆိုတာကို  ဖော်ထုတ်လို့ရပါတယ်”ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကပြောသည်။

လက်ရှိအခြေအနေအရ ကျေးရွာများတွင် အုပ်ချုပ်ရေး ပျက်ပြားနေသည့် သဘောရှိနေသော်လည်း ဘူးသီးတောင်၊ မောင်တော မြို့ပေါ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းထားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်း မြို့/ရွာများ၏ အုပ်ချုပ်ရေးစနစ်များ ယိမ်းယိုင်ပြီး ထိုမှတဆင့် အုပ်ချုပ်ရေးစနစ် ပျက်ယွင်းမှုတို့ ဖြစ်ပေါ်လာနိုင်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တခုတည်းဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိ၍ တပ်မတော်၏အကူအညီရယူပြီး လုံခြုံရေး၊ နယ်မြေရှင်းလင်းရေးအစီအမံများကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောသည်။

“ဒီလိုဆောင်ရွက်တဲ့အခါမှာ တပ်မတော်ရယ်၊ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ရယ် ဦးဆောင်ပြီးတော့ လုံခြုံရေး၊ နယ်မြေရှင်းလင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေ ဆောင်ရွက်တဲ့အခါမှာလည်း တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပါတယ်။ တတ်နိုင်သမျှ ကျွန်တော်တို့ကတော့ တုတ်ဓါးလက်နက်တွေနဲ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုမျိုးကိုသာ မဖြစ်မနေ ပစ်ခတ်တားဆီးခြင်းများ ဆောင်ရွက်လျက်ရှိတယ်ဆိုတာ အသိပေးပြော လိုပါတယ်” ဟု ၀န်ကြီးကပြောသည်။

ထို့အပြင် အချို့သောNGO၊ INGO များမှ ထူထောင်ရေးလုပ်ငန်းများအတွက် တင်သွင်းသော ပစ္စည်းများတွင် သံပိုက်လုံး၊ အမိုးနီးယားဓါတ်မြေသြဇာများ တင်သွင်းလာတာတွေ့ရကြောင်း ၊ ယင်းပစ္စည်းကိရိယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်လာနိုင်သည့် လက်နက်များ၊ လက်လုပ်မိုင်းများဖြစ်လာကြောင်း ၀န်ကြီးကဆက်လက်ပြောကြားသည်။

အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် သြဂုတ် ၂၉ ရက်နေ့အထိ လက်နက် ၆၅ လက်ကို အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက  ယူဆောင်သွားပြီး လက်နက် ၂၇ လက် ကိုပြန်လည်ရရှိထားပြီး ၃၈ လက် ကျန်ရှိနေသေးကြောင်း၊ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက သတ်ဖြတ်သွားသူ စုစုပေါင်း ၆၃ ဦး နှင့် ဖမ်းဆီး ခေါ်ဆောင်သွားသူများလည်းရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်းကပြောသည်။

လင်းလင်းအောင်

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template