နေပြည်တော် ၊ သြဂုတ် - ၂၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရန်ကာစေတီကျေးရွာရှိ ဒိုင်းနက် တိုင်းရင်းသား၂၀ ဦးသည် လတ်တ လောအစွန်းရောက်အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အောင်ဇံတိုင်းရင်းသားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် လာစဉ် သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကြောင်းဒိုးကျေးရွာအ၀င်တံတားအနီးသို့ အရောက်၌ တုတ်၊ ဓားကိုယ်စီ ကိုင်ဆောင်ထားကြသည့် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားအင်အား ၁၀၀ ဦးခန့်က အတင်းဝင်ရောက်ထိုးခုတ်တိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်တွင် တိုင်းရင်းသား ၂၀ ဦးအနက် ဦးမောင်ဘစိန် ဆိုသူ ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျန် တိုင်းရင်းသားများ၏ အခြေအနေမသိရှိရသေးကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းလိုက်လံရှာဖွေ လျက်ရှိသည်။
ထို့ပြင် မောင်တောမြို့နယ်၊ နံ့သာတောင်ကျေးရွာတွင် ရပ်ကွက် ၄ ခုရှိရာ ၎င်းတို့အနက် ရပ်ကွက် ၃ ခု၌ ဘင်္ဂါလီများ နေထိုင်ကြပြီး ကျန်ရပ်ကွက် ၁ ခု၌ ရခိုင်တိုင်းရင်းသားများ နေထိုင်ကြရာ ၎င်းရခိုင်တိုင်းရင်း သားများသည် တောင်ပြိုဝဲ ကျေးရွာသို့ ထွက်ပြေးပြောင်းရွှေ့သွားရာ ၎င်းရခိုင်ရပ်ကွက်ရှိ အိမ်ခြေ ၄၂ လုံး၊ ဈေးဆိုင် ခန်း ၁၃ ခန်းနှင့် ဘုန်းတော်ကြီးကျောင်းတို့ကို အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး