Headlines News :
Home » » တပ်မတော်က သတင်းသမားနှင့် လူပုဂ္ဂိုလ် (၈)ဦးအပေါ် စွဲဆိုထားသည့်အမှုများကိုရုပ်သိမ်း

တပ်မတော်က သတင်းသမားနှင့် လူပုဂ္ဂိုလ် (၈)ဦးအပေါ် စွဲဆိုထားသည့်အမှုများကိုရုပ်သိမ်း

Written By Live100 on Friday, September 1, 2017 | 11:20 AM

“ရည်ရွယ် ရပ်တည်မှု တူညီစွာဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးကိုအတူတကွ သယ်ပိုးထမ်းဆောင်မှုအားအသိအမှတ်ပြုပြီး၊ နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားကိုအတူလက်တွဲ လုပ်ဆောင်နိုင်ရန် အလို့ငှာ တပ်မတော်အနေ ယခင်ကဖြစ်ပျက်ခဲ့မှုများအားသင်ပုန်းချေ၍” အောက်ဖေါ်ပြပါ သတင်းသမားနှင့် လူပုဂ္ဂိုလ် (၈)ဦးအပေါ်   စွဲဆိုထားသည့်အမှုများကိုရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က မြန်မာနိုင်ငံသတင်းမီ ဒီယာ ကောင်စီသို့ တရားဝင်စာဖြင့်  ယနေ့   အကြောင်းကြားလာကြောင်း ၀မ်းမြောက်ဖွယ်ရာ ကြေညာအပ်ပါသည်။

၁။ ဦးဝေဖြိုး (အယ်ဒီတာချုပ်၊ The Daily Eleven)
(ရာဇသတ်ကြီး ပုဒ်မ-၅၀၂)
၂။ ဦးကျော်မင်းဆွေ ((အယ်ဒီတာချုပ်၊ The Voice Daily)
(သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)/ဆက်သွယ်ရေးဥပဒေ ပုဒ်မ -၆၆ (ဃ))
၃။ ဗြိတိသျှကိုကိုမောင် (ကလောင်ရှင်)
(သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)/ဆက်သွယ်ရေးဥပဒေ ပုဒ်မ -၆၆ (ဃ))
၎။ ဦးအေးနိုင် (အကြီးတန်းသတင်းထောက်၊ DVB)
(မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁))
၅။ ဦးပြည့်ဘုန်းအောင် (အကြီးတန်းသတင်းထောက်၊ DVB)
(မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁))
၆။ ဦးသိန်းဇော် ((အကြီးတန်းသတင်းထောက်၊ ဧရာဝတီ)
(မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁))
၇။ ဦးထင်ကျော် (ခ) ဦးကျော်ထင်
(ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (ခ))
၈။ ဝေယံသိန်း(ခ) ဗစ်တာ (ဒုတိယဥက္ကဌ၊တောင်ငူ ဗကသ) နှင့်အဖွဲ့ 
(ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (ခ))

သတင်းဖေါ်ပြရာတွင် သတင်းမီယာကျင့်ဝတ်နှင့်အညီ တိကျမှု၊ဘက်မလိုက်မှု၊ မျှတမှု ရှိစေရေးတို့အတွက် သတင်းမီဒီယာကောင်စီက ၀ိုင်းဝန်း တည့်မတ် လုပ် ဆောင်ပေးရန် အကြောင်းကြားထားပါသည်

ယခုကဲ့သို့ သဘောထားကြီးမားမှုကိုဖေါ်ပြခဲ့သည့် အတွက် တပ်မတော်အားအထူးကျေးဇူးတင်ရှိပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template