Headlines News :
Home » » အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် မြိုတိုင်းရင်းသား ၇ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိ

အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် မြိုတိုင်းရင်းသား ၇ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိ

Written By Live100 on Thursday, August 31, 2017 | 1:48 PM

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊  ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာအား  ARSA အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ ကျော်က မနေ့က၀င်ရောက် မီးရှို့ဖျက်ဆီးပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့လို့  မြိုတိုင်းရင်းသား ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါကျေးရွာက ရွာသား ၃ ဦး ပျောက်ဆုံးနေပြီး  ကျန်ကျေးရွာသားတွေကတော့ မေယုတောင်ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရသလို မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ လောင်းဒုံရွာမှ အိမ်ထောင်စု ၃၉ စု ၊ လူဦးရေ ၁၇၅ ဦးဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ခုသို့ ပြောင်းရွှေ့ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အလားတူ  အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒိုင်းနက်လူမျိုး ၆၉ ဦးဟာလည်း ကျောက်တော်မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာ ဘုန်းတော်ကြီး ဓမ္မာရုံသို့ ရောက်ရှိနေတယ်လို့သိရပါတယ်။

သြဂုတ် ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့်  တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး၊   ဟိန္ဒူလူမျိုး ၇ ဦး၊ ဒိုင်းနက်လူမျိုး ၅ ဦး သေဆုံးခဲ့တယ်လို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- Information Committee

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template