Headlines News :
Home » » (အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားသတင်း -၈)

(အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားသတင်း -၈)

Written By Live100 on Sunday, August 27, 2017 | 9:03 AM

(အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားသတင်း -၈)

အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ အကြမ်းဖက်လုပ်ရပ်များတိုးမြှင့်လုပ်ဆောင်နေ

သြဂုတ်၂၆၊၂၀၁၇
အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် မောင်တောဒေသအတွင်းရှိကျေးရွာများ၊ ကင်းစခန်းများ၊ ဘုန်းတော်ကြီးကျောင်းများ ၊အပြစ်မဲ့ပြည်သူများအားမီးရှို့ခြင်း၊မိုင်းထောင်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများကို သြဂုတ် ၂၆ ရက်နေ့ တစ်နေ့လုံး နီးပါး ပြုလုပ်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နုယ်မြေစိုးမိုးရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရသည်။

နံနက် ၆ နာရီတွင် မောင်တောမြို့နယ်၊နယ်မြေ ၄ ကျွန်းပေါက်ပြုစုချောင်းဝ ကင်းစခန်းတွင် ကျောက်ချောင်းကင်းစခန်း မှ လာရောက်ပူးပေါင်းလျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထန်းချောင်းချောင်းဝကင်းစခန်းသို့ ရိက္ခာများသယ်ယူ၍ ပြန်လာစဉ် နံနက် ၉ နာရီမိနစ် ၂၀ တွင် နယ်စပ်ခြံစည်းရိုးအနီးကိုက် (၇၀)ခန့်အကွာဓနိတောအစပ်မှနေ၍ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၅၀ ခန့်က လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတိုက်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရှင်းလင်းခဲ့ပြီး ကျွန်းပေါက်ပြုစုချောင်းဝကင်းစခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ထိုအချိန်တွင် ကျောက်ချောင်းကျေးရွာ၊ ကျွန်းပေါက်ပြုစုအုပ်စု၊ ဖက်လိပ်ပြင်ကျေးရွာ၊ ဇီးပင်ချောင်းမြောက်ရွာများဘက် မှ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၃၀၀ ဦးခန့် က ကင်းစခန်းအနီးကိုက် ၅၀၀ ခန့်အကွာအထိချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနားမကပ်နိုင်အောင် ပစ်ခတ်တားဆီးခဲ့ရသည်။

တပ်မတော်ရေ မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျွန်းပေါက်ပြုစုချောင်းဝကင်းစခန်းသို့ လာရောက်ပူးပေါင်းပြီး အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများအား လက်နက်ငယ်များဖြင့် ကူညီပစ်ခတ်ရှင်းလင်းခဲ့မှုကြောင့် အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

နံနက်  ၉ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ၄ မိုင်သို့ သွားရောက်ခဲ့ရာ နွားရုံတောင် ရွာအလွန်တွင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများမှ မော်တော်ယာဉ်အား ဆွဲမိုင်းဖောက်ခွဲခဲ့သဖြင့် ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့ရသည်။

နံနက် ၁၁ နာရီ မိနစ် ၂၀ တွင်မောင်တောမြို့နယ်နယ်မြေ ၄ ကျွန်းပေါက်ပြုစုချောင်းဝကင်းစခန်းအား အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားအင်အား ၃၀၀ ခန့်မှ တုတ်၊ဓားလက်နက်များဖြင့် ဝိုင်းဝန်းပိတ်ဆို့ထားသဖြင့် မောင်တောမြို့ POE အဝင်အထွက်ဂိတ်မှ တပ်မတော်ရေယာဉ်စုမှ ငါးမန်းတိုက်ရေယာဉ်ဖြင့် ကူညီပေးရန်သွားရောက်ခဲ့ရသည်။
မွန်းလွဲ ၂ နာရီခွဲတွင် မောင်တောမြို့နယ်၊နယ်မြေ ၂ ၊ရန်ကာစေတီကျေးရွာမှ (ဒိုင်းနက်) တိုင်းရင်းသား ၂၀ ဦးခန့်သည် အောင်ဇံတိုင်းရင်းသားကျေးရွာသို့ သွားရောက်ပူးပေါင်းနေထိုင်ရန် ထွက်ခွာလာရာဆာလေကျေးရွာအုပ်စု၊ကြောင်ဒိုးကျေး ရွာအ၀င် တံတားအနီးအရောက်တွင် ကြောင်ဒိုးကျေးရွာမှ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားအင်အား ၁၀၀ ဦးခန့် က တုတ်၊ဓါးကိုယ်စီဖြင့် ၀င်ရောက်ထိုးခုတ်ရိုက်နှက်ခဲ့သည်။

ထိုသို့ထိုးခုတ်ရိုက်နှက်ချိန်တွင် ဦးမောင်ဘစိန် (၂၈) နှစ် တစ်ဦးသာလွတ်မြောက်ခဲ့ပြီး ကျန်ကျေးရွာသားများမှာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။ ကျန်သူများမှာ သေသည်/ရှင်သည် မသိကြောင်းထွက်ပြေးလွတ်မြောက်လာသည့် ဦးမောင်ဘစိန်က အောင်သပြေနယ်မြေရုံးသို့ လာရောက်သတင်းပို့ခဲ့ကြောင်းသိရသည်။

မောင်တောမြို့နယ် နယ်မြေ ၆ ဇင်ပိုင်ညာကျေးရွာလမ်းဆုံနှင့် အနီးတဝိုက်တွင် ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်မှ ညနေ ၄ နာရီ ၄၂ မိနစ် အချိန် အထိအစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများထောင်ထားသည့် လက်လုပ်မိုင်း ၁၇ လုံးပေါက်ကွဲခဲ့သည်။

ညနေ ၄ နာရီ ၄၀ မိနစ်မှ ညနေ ၄ နာရီ ၅၅ မိနစ် အထိကျောက်လှေကားကျေးရွာတွင် လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီးညနေ ၅ နာရီမိနစ် ၂၀ တွင် နတ်ချောင်းကင်းစခန်းနေရာအားအစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများက မီးရှို့ ဖျက်ဆီးခဲ့သည်။

ညနေ ၅နာရီတွင်အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၇ ဦးခန့်သည် အဖွဲ့၂ဖွဲ့ခွဲ၍ တောင်ပြိုလက်ဝဲမြို့နယ်ခွဲအထက်တန်းကျောင်းတွင်ရောက်ရှိနေသည့် နံ့သာတောင် ပရဟိတဘုန်းတော်ကြီးစာသင်ကျောင်းမှ ကျောင်းသားကျောင်းသူ ၃၇၀ ဦးခန့် အားလာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်ဘင်္ဂါလီများသည် ပြန်လည်ဆုတ်ခွာသွားပြီးအကြမ်းဖက်ဘင်္ဂါလီ အလောင်း ၂ လောင်းရရှိခဲ့သည်။

တစ်ချိန်တည်းတွင် အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဋ္ဌာနချုပ် ကုန်း (၄) ကင်းအနီး ၀ါးပိတ်ရွာပျက်တွင် မျက်နှာဖုံးစွပ် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၄ ဦးတွေ့ရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းခဲ့ရသည်။

ညနေ ၅ နာရီ ၃၃ မိနစ်တွင် ဇင်ပိုင်ညာကင်းစခန်းအားအစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများကလက်ပစ်ဗုံးဖြင့် ပစ်ခတ်ပြီးထွက်ပြေးသွားခဲ့ကြောင်းသိရှိရသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများသည် ညနေ ၅ နာရီ ၃၅ မိနစ်တွင် ဇင်ပိုင်ညာရဲကင်းစခန်းအနီးပတ်လည်တွင် မိုင်းများထောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကရှင်းလင်းခဲ့ရသည်။

ညနေ ၅ နာရီ ၄၅ မိနစ်တွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများကဇင်ပိုင်ညာကျေးရွာရှိယင်းတို့၏ နေအိမ်များအား မီးရှို့ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

ညနေ ၅ နာရီ ၅၅ မိနစ်တွင် ဇင်ပိုင်ညာကျေးရွာမှ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများသည် ရဲကင်းစခန်းများအား ဝိုင်းဝန်းတိုက်ခိုက်ရန် လုပ်ဆောင်ခဲ့သဖြင့် ညနေ ၆ နာရီ ၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ညနေ ၆ နာရီ ၁၇ မိနစ်တွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများကဂေါ်ဒူသာရစခန်းအားဝိုင်းဝန်း၍ စတင် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ် ရှင်းလင်းခဲ့ရသည်။

ည ၇ နာရီ ၁၅ မိနစ်တွင် ပြသာဒ်ကင်းစခန်းအနီးတွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့သည်။

ည ၇ နာရီ ၁၆ မိနစ်တွင် ယာယီစွန့်ခွာထားသော ၀က်ကျိန်းကင်းစခန်းအား အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါအချိန်တွင် လောင်းဒုံကျေးရွာနှင့် ကြိမ်ချောင်းကျေးရွာကြားကားလမ်းမတွင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

မောင်တောမြို့နယ်၊ ကွမ်းသီးပင်အုပ်စု၊ နံ့သာတောင်ကျေးရွာရှိ အိမ်ခြေ (၄၂)လုံး၊ ဈေးဆိုင်ခန်း (၁၃) ခန်းနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတို့အား ယနေ့ည ၇နာရီခွဲတွင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက ၀ိုင်းဝန်း မီးရှို့ခဲ့ကြသဖြင့် မီးလောင်ဆုံးရှုံးခဲ့ရသည်။

၎င်းကျေးရွာရှိ တိုင်းရင်းသားမိသားစုဝင်များမှာ တောင်ပြိုလက်ဝဲအထက်တန်းကျောင်း၌ ရောက်ရှိခိုလှုံနေထိုင်လျက် ရှိကြောင်း သိရှိရသည်။

ထို့ပြင် ည ၈ နာရီ ၂၅ မိနစ်တွင် ပြင်ဖြူစခန်းနှင့် ကိုက် ၅၀ ခန့်အကွာ ကျောက်လှေကားရွာတွင် လက်လုပ်မိုင်းတစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်။

ည ၈ နာရီ ၃၃ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦးခန့် တွေ့ရှိသဖြင့် လိုက်လံရှင်းလင်းရာ ၎င်းတို့နေထိုင်သည့် နေအိမ် ၅ လုံးအား မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ည ၈ နာရီ ၄၅ မိနစ်တွင် ဂေါ်လီဒူလာရွာအနီး လက်လုပ်မိုင်းတစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။

ည ၉ နာရီ ၄၅ မိနစ်တွင် ဂေါ်ဒူသာရကျေးရွာဘက်မှ ပျဉ်ဖြူနယ်မြေရုံး ခြံစည်းရိုးအနီးသို့ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများ ချဉ်းကပ်လာသောကြောင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက အသင့်အနေအထား ဖြင့် လုံခြုံရေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် လက်လုပ်မိုင်းများတွင် ကျယ်စွာအသုံးပြုပြီး အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိရာတွင် တုတ်၊ ဓါး၊ သေနတ်လက်နက်များ ကိုင်ဆောင်ထားသောလူအုပ်စုဖြင့် ဒေသခံ တိုင်းရင်းသားများ အနည်းစု နေထိုင်ရာနေရာများကို ၀ိုင်းပတ် ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လှုပ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာများမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူထားသူ အစ္စလာမ် ဘာသာတူများကိုလည်း သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ဘက်ထရီဖြင့် ရှော့ခ်တိုက်ပစ်ခတ်သည့် ဗုံးပစ်လောင်ချာ ကဲ့သို့သော လက်နက်များအသုံးပြုကာ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်မှ အပြီးသတ် အစီရင်ခံစာ ထွက်ရှိချိန်၊ ကုလသမဂ္ဂအစည်းအဝေးများ ကျင်းပတော့မည့် အချိန်တို့နှင့် အချိန်ကိုက်ဆောင်ရွက်ရာတွင် သြဂုတ် ၂၅ ရက် (သောကြာနေ့) ကိုရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရသည်။

ယခုအခါ အကြမ်းဖက်တိုက်ဖျက်မှုဗဟိုအဖွဲ့ကအကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်ရာ အကြမ်းဖက် အားပေး ထောက်ခံမှုများ၊ ပံ့ပိုးကူညီသူများသည်လည်းအကြမ်းဖက်အားပေးအဖြစ် အကျုံးဝင်မည်ဖြစ်သည်။

ထပ်မံရရှိသည့် သတင်းများကိုဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

(နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template