Headlines News :
Home » » ဟိန္ဒူအမျိုးသမီး ၆ဦးပြန်ပေးဆွဲခံရပြီး နောက်ထပ် သမီးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ ပျောက်ဆုံးနေဟုဆ

ဟိန္ဒူအမျိုးသမီး ၆ဦးပြန်ပေးဆွဲခံရပြီး နောက်ထပ် သမီးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ ပျောက်ဆုံးနေဟုဆ

Written By Live100 on Friday, September 1, 2017 | 5:01 PM


နိရဉ္စရာ၊ စက်တင်ဘာ ၁

မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအုပ်စုရှိ ဟိန္ဒူရွာမှ အမျိုးသမီး ၆ ဦးကို အကြမ်းဖက် အဖွဲ့မှ ဖမ်းဆီး ပြန်ပေးဆွဲသွားခဲ့သည်ဟု ဟိန္ဒူခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဇော်မင်းထွန်းက ပြောသည်။

“ သူတို့ရွာကို မီးတိုက်ပြီး လူတွေကို သတ်တယ်။ အမျိုးသမီး ၆ ယောက်ကိုလည်း အကြမ်းသမားတွေက ဖမ်းဆီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။ အခု သူတို့ကို ကျွန်တော်တို့ ဘုန်းကြီးက ဘင်္ဂလာရဲကို အကူအညီတောင်းပြီး အခု အိုကီးယားမြို့မှာ စောင့်ရှောက်ထားပါတယ်” ဟု ပြောကြားသည်။

ခမောင်းဆိပ်အပါအ၀င် ဟိန္ဒူကျေးရွာများတွင် မည်ကဲ့သို့ ဖြစ်နေသည်ကို ဖုန်းအဆက်အသွယ်မရကြောင်း၊ ဟိန္ဒူလူမျိုးများနေထိုင်သည့် ငခူရ၊ ကြိမ်ချောင်း၊ ခမောင်းဆိပ်၊ တက်ကနက်ခွဆုံ (အိုးထိန်း)၊ဇာဘိုင်ညာ စသည့်ကျေးရွာများရှိ ဟိန္ဒူလူမျိုးများကို စိုးရိမ်ရကြောင်း၊ လက်ရှိ မောင်တောမြို့ပေါ် အမှတ် (၃) ရပ်ကွက် ဟိန္ဒူလူမျိုး နှစ်ထောင်ကျော် မယက အကူအညီဖြင့် ခိုလုံ၍ ရှိကြောင်း၊ ဘူးသီးတောင်တွင် ဟိန္ဒူလူမျိုး ၂၀၀ ခန့် ခိုလုံလျက် ရှိကြောင်း သူက ပြောကြားသည်။

၎င်းပြင် ဇာဘိုင်ညာကျေးရွာမှ ဟိန္ဒူလူမျိုး သမီးနှင့် ဖခင်ဖြစ်သူ နှစ်ဦးတို့အား ပြန်ပေးဆွဲ ခေါ်ဆောင်သွားပြီး ယခုအချိန်ထိ သူတို့ သေသည်၊ ရှင်သည်ကို မသိရသေးကြောင်း ဦးဇော်မင်းထွန်းက ပြောသည်။

အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် မောင်တောမြို့အနီးတွင် ဟိန္ဒူလူမျိုး ၇ ဦးသေဆုံးခဲ့ရသည်။

နယ်တွေတွင်လည်း သတ်ဖြတ်ခံရမှုရှိနိုင်ကြောင်း၊ ခမောင်းဆိပ်တွင်လည်း အများအပြား အသတ်ခံရသည်ဟု သတင်းရကြောင်း၊ သို့သော် သတင်းအတိအကျ မရရှိသေးကြောင်း ဦးဇော်မင်းထွန်းက ပြောဆိုသည်။

(မောင်တောမြို့ပေါ်တွင် ထွက်ပြေးနေကြသည့် ဟိန္ဒူလုမျိုးများကိုတွေ့ရစဉ်)

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template