Headlines News :
Home » » ရခုိင္ျပည္နယ္ေျမာက္ျခမ္းတြင္ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားက ထြက္ေျပးတိမ္းေရွာင္သူ တုိင္းရင္းသားမ်ားအား အေၾကာင္းမဲ့သတ္ျဖတ္၊ ေက်းရြာမ်ားအား မီး႐ႈိ႕ဖ်က္ဆီး၊

ရခုိင္ျပည္နယ္ေျမာက္ျခမ္းတြင္ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားက ထြက္ေျပးတိမ္းေရွာင္သူ တုိင္းရင္းသားမ်ားအား အေၾကာင္းမဲ့သတ္ျဖတ္၊ ေက်းရြာမ်ားအား မီး႐ႈိ႕ဖ်က္ဆီး၊

Written By Live100 on Sunday, August 27, 2017 | 9:37 PM

ေနျပည္ေတာ္ ၊ ၾသဂုတ္ - ၂၇

ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ရန္ကာေစတီေက်းရြာရွိ ဒိုင္းနက္ တုိင္းရင္းသား၂၀ ဦးသည္ လတ္တေလာ အစြန္းေရာက္အၾကမ္းဖက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေအာင္ဇံတိုင္းရင္းသားေက်းရြာသို႔ ထြက္ေျပးတိမ္းေရွာင္လာစဥ္ ၾသဂုတ္ ၂၆ ရက္ မြန္းလြဲ ၂ နာရီခြဲတြင္ ေၾကာင္းဒိုးေက်းရြာအ၀င္တံတားအနီးသို႔ အေရာက္၌ တုတ္၊ ဓားကိုယ္စီ ကိုင္ေဆာင္ထားၾကသည့္ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားအင္အား ၁၀၀ ဦးခန္႔က အတင္း၀င္ေရာက္ ထုိးခုတ္တုိက္ခိုက္ခဲ့ၿပီး ၎တုိင္းရင္းသား ၂၀ ဦးအနက္ ဦးေမာင္ဘစိန္ ဆုိသူ ၁ ဦးသာ ထြက္ေျပး လြတ္ေျမာက္လာခဲ့ၿပီး က်န္တုိင္းရင္းသားမ်ား၏ အေျခအေနမသိရွိရေသးေၾကာင္း သိရွိရသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ ၀င္မ်ားက နယ္ေျမ ရွင္းလင္းလုိက္လံရွာေဖြလ်က္ရွိသည္။

ထုိ႔ျပင္ ေမာင္ေတာၿမိဳ႕နယ္၊ နံ႔သာေတာင္ေက်းရြာတြင္ ရပ္ကြက္ ၄ ခုရွိရာ ၎တုိ႔အနက္ ရပ္ကြက္ ၃ ခု၌ ဘဂၤါလီမ်ား ေနထုိင္ၾကၿပီး က်န္ရပ္ကြက္ ၁ ခု၌ ရခိုင္တုိင္းရင္းသားမ်ား ေနထုိင္ၾက၍ ၎ရခုိင္တုိင္းရင္း သားမ်ားသည္ ေတာင္ၿပိဳ၀ဲ ေက်းရြာသို႔ ေျပာင္းေရႊ႕သြားသျဖင့္ ၎ရခုိင္ရပ္ကြက္ရွိ အိမ္ေျခ ၄၂ လုံး၊ ေစ်းဆုိင္ ခန္း ၁၃ ခန္းႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္း ၁ ေက်ာင္းတုုိ႔ကို ၾသဂုတ္ ၂၆ ရက္ ည ၇ နာရီ ၅၀ မိနစ္ခန္႔တြင္ အစြန္း ေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားက မီး႐ႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရွိရသည္။

ထုိ႔အတူ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ငါးရံ႕ေခ်ာင္းရဲကင္းစခန္းအား အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္ သမားအင္အား ၂၀၀ ဦးခန္႔က ယေန႔နံနက္ ၈ နာရီခြဲတြင္ လာေရာက္တုိက္ခိုက္ခဲ့သျဖင့္ အနီးရွိ တပ္မေတာ္ စစ္ေၾကာင္းက ရဲတပ္ဖြဲ႕၀င္မ်ားႏွင့္ ပူးေပါင္း၍ ျပန္လည္တုိက္ခိုက္ခဲ့ရာ နံနက္ ၁၀ နာရီတြင္ အၾကမ္းဖက္ သမားမ်ား ငါးရံ႕ေခ်ာင္း ကသဲေက်းရြာ ဘက္သို႔ ျပန္လည္ဆုတ္ခြာထြက္ေျပးသြားခဲ့ၿပီး ဆုတ္ခြာထြက္ေျပးစဥ္ ငါးရံ႕ေခ်ာင္းကသဲႏွင့္ သက္ကိုင္ၫႇာေက်းရြာမ်ားရွိ ေနအိမ္မ်ားအား မီး႐ႈိ႕ဖ်က္ဆီးသြားေၾကာင္း သိရွိရသည္။

ၾသဂုတ္ ၂၆ ရက္ ည ၁၁ နာရီတြင္ ေမာင္ေတာၿမိဳ႕နယ္၊ ျမင္းလြတ္မွ ေမာင္ေတာၿမိဳ႕သို႔ အလုပ္ကိစၥျဖင့္ ျပန္လာ သည့္ ဟိႏၵဴဘာသာ၀င္ မိသားစု ၁၂ ဦးအား ၿမိဳ႕သူႀကီး ေက်းရြာအနီး၌ အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္ သမားမ်ားက လက္နက္ငယ္မ်ားျဖင့္ အၾကမ္းဖက္တုိက္ခိုက္ခဲ့သျဖင့္ အမ်ိဳးသား ၂ ဦး၊ အမ်ိဳးသမီး ၁ ဦးႏွင့္ ကေလးငယ္ ၃ ဦးေနရာတြင္ပင္ ေသဆုံးခဲ့ၿပီး အမ်ိဳးသမီး ၂ ဦး ႏွင့္ ကေလးငယ္ ၄ ဦး ဒဏ္ရာမ်ားျဖင့္ ၄ မုိင္အထက္တန္းေက်ာင္း သုိ႔ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရွိရသည္။

အလားတူ ဘူးသီးေတာင္၊ ေမာင္ေတာႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားအတြင္း နယ္ေျမေဒသတည္ၿငိမ္ ေအးခ်မ္းေစေရးႏွင့္ ေဒသခံတိုင္းရင္းသားမ်ား၏ လုံၿခဳံေရးအတြက္ နယ္ေျမ ရွင္းလင္းေရးေဆာင္ရြက္ေနသည့္ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ ရဲတပ္ဖြဲ႕မ်ား အား လူအင္အားအသုံးျပဳ၍ လက္လုပ္မုိင္းမ်ား၊ လက္နက္ငယ္မ်ား၊ ဓား၊ လွံ လက္နက္ မ်ားျဖင့္ ၀ိုင္း၀န္းတုိက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ၾကသည္။

ထိုသုိ႔ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားက လုပ္ေဆာင္ခဲ့ရာတြင္ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ား၌ နယ္ေျမရွင္းလင္းလ်က္ရွိသည့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားအား ယင္းမေက်ာင္းေတာင္ေက်းရြာ၌ ယေန႔နံနက္ ၇ နာရီတြင္ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားအင္အား ၂၀၀ ဦးခန္႔ က ေရွာ့တိုက္မုိင္း ၃ လုံးေဖာက္ခြဲ၍လည္းေကာင္း၊ သဂၤနက္ေက်းရြာအတြင္း၌ နံနက္ ၁၀ နာရီတြင္ အင္အား ၂၀၀ ဦးခန္႔ ေရွာ့တုိက္မုိင္း ၂ လုံးေဖာက္ခြဲ၍လည္းေကာင္း၊ ဆင္အုိးျပင္ေက်းရြာ အတြင္း၌ နံနက္ ၁၀ နာရီ ၄၅ မိနစ္ တြင္ အင္အား ၇၀၀ ဦးခန္႔ကလက္နက္ငယ္၊ တုတ္၊ ဓားမ်ား ျဖင့္လည္းေကာင္း၊ ဘုိႀကီးေခ်ာင္းေက်းရြာ၌ မြန္းတည့္ ၁၂ နာရီတြင္ အင္အား ၃၀၀ ဦးခန္႔က လက္နက္ငယ္မ်ားျဖင့္လည္းေကာင္း ၀ုိင္း၀န္းတုိက္ခိုက္ခဲ့ၾကသျဖင့္ လုံၿခဳံေရး တပ္ဖြဲ႕၀င္မ်ားက ျပန္လည္တုိက္ခိုက္ခဲ့သည္။

ဆက္လက္ၿပီး ေမာင္ေတာၿမိဳ႕နယ္အတြင္း၌ နံ႔သာေတာင္ေက်းရြာ၊ ရခုိင္ တုိင္းရင္းသားရပ္ကြက္ရွိေနအိမ္မ်ား၊ ေစ်းဆုိင္ခန္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအား အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားက ၾသဂုတ္ ၂၆ ရက္ ညပိုင္းတြင္ မီး႐ႈိ႕ဖ်က္ဆီးခဲ့သျဖင့္ အဆိုပါေက်းရြာသို႔ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက သြားေရာက္ ရွင္းလင္းစဥ္ ယေန႔ နံနက္ ၈ နာရီ ၄၅ မိနစ္တြင္ ေတာင္ၿပိဳ၀ဲေက်းရြာေတာင္ဘက္ မီတာ ၁၀၀၀ ခန္႔ အကြာ သို႔အေရာက္၌ အင္အား ၂၀၀ ခန္႔ကလည္းေကာင္း၊ သီဟုိဠ္ကြၽန္းေက်းရြာအနီး မိုင္းေထာင္ေနေၾကာင္း သတင္းအရ နယ္ေျမရွင္းလင္းသည့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားအား နံနက္ ၉ နာရီတြင္ အင္အား ၈၀၀ ဦးခန္႔က ေရွာ့တိုက္မိုင္းမ်ား၊ ဆြဲမုိင္းမ်ားျဖင့္ လည္းေကာင္း၊ နံ႔သာေတာင္ေက်းရြာသို႔ ထပ္မံသြားေရာက္ရွင္းလင္းသည့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားအား လည္း နံနက္ ၉ နာရီခြဲတြင္ နံ႔သာေတာင္ေက်းရြာ၏ အေရွ႕ေတာင္ဘက္ ၃ မုိင္ခန္႔အကြာ အေရာက္၌ အင္အား ၈၀၀ ဦးခန္႔ကလည္းေကာင္း၊ မက်ီးေခ်ာင္းေက်းရြာ၌ မြန္းတည့္ ၁၂ နာရီတြင္ အင္အား ၂၀၀ ဦးခန္႔ကလည္းေကာင္း အင္အားသုံးတိုက္ခိုက္ခဲ့သျဖင့္ လုံၿခဳံေရး တပ္ဖြဲ႕၀င္မ်ားက ျပန္လည္တုိက္ခုိက္ခဲ့ရသည္။

မြန္းလြဲ ၃ နာရီ ၁၅ မိနစ္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေစတီျပင္ေက်းရြာ အေနာက္ဘက္ မီတာ ၃၀၀ ခန္႔အကြာရွိ ခြၽတ္ျပင္ရဲကင္းစခန္းအား အင္အားစိစစ္ဆဲအဖြဲ႕က လက္ပစ္ဗုုံးမ်ား၊ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ ပစ္ခတ္တုိက္ခုိက္ခဲ့သျဖင့္ မိမိဘက္မွ ျပန္လည္ပစ္ခတ္တုိက္ခိုက္ရာ အၾကမ္းဖက္သမားမ်ား ဆုတ္ခြာ ထြက္ေျပးသြား ၿပီး ဆုတ္ခြာစဥ္ေစတီျပင္ေက်းရြာအတြင္းရွိ ေနအိမ္မ်ားအား မီး႐ႈိ႕ဖ်က္ဆီးသြားခဲ့သည္။

ရခုိင္ျပည္နယ္ေျမာက္ျခမ္း၌ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားသည္ ေဒသခံျမန္မာတုိင္းရင္းသား မ်ားအား အေၾကာင္းမဲ့သတ္ျဖတ္ျခင္း၊ တုိင္းရင္းသားမ်ားအား ဘုိးစဥ္ေဘာင္ဆက္ ေနထုိင္ခဲ့ၾကသည့္ေနရပ္ကို စြန္႔ခြာထြက္ေျပးေအာင္ အၾကမ္းဖက္မႈ နည္းမ်ိဳးစုံျဖင့္ လုပ္ေဆာင္ျခင္း၊ ေဒသတည္ၿငိမ္ေအးခ်မ္းေစရန္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား၏ ေဆာင္ရြက္ေနမႈမ်ားကို အင္အားသုံး၍ တုိက္ခိုက္ျခင္း၊ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက လုိက္လံရွင္းလင္းပါက ေက်းရြာမ်ားအတြင္းသို႔ ထြက္ေျပး၍ ရြာသားမ်ားႏွင့္ ေရာေႏွာ ေနထုိင္ျခင္း၊ ေဒသ အတြင္းဆက္သြယ္ေရး လမ္းေၾကာင္းမ်ားအား ျဖတ္ေတာက္ျခင္း၊ မဟုတ္မမွန္လုပ္ႀကံ၀ါဒျဖန္႔၍ ျပည္ပ အကူအညီရရွိေစေရး လုပ္ေဆာင္ျခင္းမ်ားကို ႀကိဳတင္စီမံမႈမ်ားျဖင့္ အၾကမ္းဖက္မႈနည္းလမ္း မ်ိဳးစုံသုံးကာ ဖန္တီးလုပ္ေဆာင္လ်က္ရွိသျဖင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ားပူးေပါင္း၍ နယ္ေျမရွင္း လင္းေရးလုပ္ငန္း မ်ား တုိးျမႇင့္ျဖန္႔ခြဲလုပ္ေဆာင္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရခိုင်ပြည်နယ်မြောက်ခြမ်းတွင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက ထွက်ပြေးတိမ်းရှောင်သူ တိုင်းရင်းသားများအား အကြောင်းမဲ့သတ်ဖြတ်၊ ကျေးရွာများအား မီးရှို့ဖျက်ဆီး၊ နယ်မြေရှင်းလင်းသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားသုံး၍ ဝိုင်းဝန်းတိုက်ခိုက်

နေပြည်တော် ၊ သြဂုတ် - ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရန်ကာစေတီကျေးရွာရှိ ဒိုင်းနက် တိုင်းရင်းသား၂၀ ဦးသည် လတ်တလော အစွန်းရောက်အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အောင်ဇံတိုင်းရင်းသားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာစဉ် သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကြောင်းဒိုးကျေးရွာအဝင်တံတားအနီးသို့ အရောက်၌ တုတ်၊ ဓားကိုယ်စီ ကိုင်ဆောင်ထားကြသည့် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားအင်အား ၁၀၀ ဦးခန့်က အတင်းဝင်ရောက် ထိုးခုတ်တိုက်ခိုက်ခဲ့ပြီး ၎င်းတိုင်းရင်းသား ၂၀ ဦးအနက် ဦးမောင်ဘစိန် ဆိုသူ ၁ ဦးသာ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး ကျန်တိုင်းရင်းသားများ၏ အခြေအနေမသိရှိရသေးကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်မြေ ရှင်းလင်းလိုက်လံရှာဖွေလျက်ရှိသည်။

ထို့ပြင် မောင်တောမြို့နယ်၊ နံ့သာတောင်ကျေးရွာတွင် ရပ်ကွက် ၄ ခုရှိရာ ၎င်းတို့အနက် ရပ်ကွက် ၃ ခု၌ ဘင်္ဂါလီများ နေထိုင်ကြပြီး ကျန်ရပ်ကွက် ၁ ခု၌ ရခိုင်တိုင်းရင်းသားများ နေထိုင်ကြ၍ ၎င်းရခိုင်တိုင်းရင်း သားများသည် တောင်ပြိုဝဲ ကျေးရွာသို့ ပြောင်းရွှေ့သွားသဖြင့် ၎င်းရခိုင်ရပ်ကွက်ရှိ အိမ်ခြေ ၄၂ လုံး၊ စျေးဆိုင် ခန်း ၁၃ ခန်းနှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတုုိ့ကို သြဂုတ် ၂၆ ရက် ည ရ နာရီ ၅၀ မိနစ်ခန့်တွင် အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်ရှိ ငါးရံ့ချောင်းရဲကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားအင်အား ၂၀၀ ဦးခန့်က ယနေ့နံနက် ၈ နာရီခွဲတွင် လာရောက်တိုက်ခိုက်ခဲ့သဖြင့် အနီးရှိ တပ်မတော် စစ်ကြောင်းက ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီတွင် အကြမ်းဖက် သမားများ ငါးရံ့ချောင်း ကသဲကျေးရွာ ဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာထွက်ပြေးစဉ် ငါးရံ့ချောင်းကသဲနှင့် သက်ကိုင်ညှာကျေးရွာများရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

သြဂုတ် ၂၆ ရက် ည ၁၁ နာရီတွင် မောင်တောမြို့နယ်၊ မြင်းလွတ်မှ မောင်တောမြို့သို့ အလုပ်ကိစ္စဖြင့် ပြန်လာ သည့် ဟိန္ဒူဘာသာဝင် မိသားစု ၁၂ ဦးအား မြို့သူကြီး ကျေးရွာအနီး၌ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၃ ဦးနေရာတွင်ပင် သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး နှင့် ကလေးငယ် ၄ ဦး ဒဏ်ရာများဖြင့် ၄ မိုင်အထက်တန်းကျောင်း သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။

အလားတူ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်း နယ်မြေဒေသတည်ငြိမ် အေးချမ်းစေရေးနှင့် ဒေသခံတိုင်းရင်းသားများ၏ လုံခြုံရေးအတွက် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့များ အား လူအင်အားအသုံးပြု၍ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များ၊ ဓား၊ လှံ လက်နက် များဖြင့် ဝိုင်းဝန်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့ရာတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ နယ်မြေရှင်းလင်းလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယင်းမကျောင်းတောင်ကျေးရွာ၌ ယနေ့နံနက် ၇ နာရီတွင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားအင်အား ၂၀၀ ဦးခန့် က ရှော့တိုက်မိုင်း ၃ လုံးဖောက်ခွဲ၍လည်းကောင်း၊ သင်္ဂနက်ကျေးရွာအတွင်း၌ နံနက် ၁၀ နာရီတွင် အင်အား ၂၀၀ ဦးခန့် ရှော့တိုက်မိုင်း ၂ လုံးဖောက်ခွဲ၍လည်းကောင်း၊ ဆင်အိုးပြင်ကျေးရွာ အတွင်း၌ နံနက် ၁၀ နာရီ ၄၅ မိနစ် တွင် အင်အား ၇၀၀ ဦးခန့်ကလက်နက်ငယ်၊ တုတ်၊ ဓားများ ဖြင့်လည်းကောင်း၊ ဘိုကြီးချောင်းကျေးရွာ၌ မွန်းတည့် ၁၂ နာရီတွင် အင်အား ၃၀၀ ဦးခန့်က လက်နက်ငယ်များဖြင့်လည်းကောင်း ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့သည်။

ဆက်လက်ပြီး မောင်တောမြို့နယ်အတွင်း၌ နံ့သာတောင်ကျေးရွာ၊ ရခိုင် တိုင်းရင်းသားရပ်ကွက်ရှိနေအိမ်များ၊ ဈေးဆိုင်ခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများအား အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက သြဂုတ် ၂၆ ရက် ညပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းစဉ် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် တောင်ပြိုဝဲကျေးရွာတောင်ဘက် မီတာ ၁၀၀၀ ခန့် အကွာ သို့အရောက်၌ အင်အား ၂၀၀ ခန့်ကလည်းကောင်း၊ သီဟိုဠ်ကျွန်းကျေးရွာအနီး မိုင်းထောင်နေကြောင်း သတင်းအရ နယ်မြေရှင်းလင်းသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား နံနက် ၉ နာရီတွင် အင်အား ၈၀၀ ဦးခန့်က ရှော့တိုက်မိုင်းများ၊ ဆွဲမိုင်းများဖြင့် လည်းကောင်း၊ နံ့သာတောင်ကျေးရွာသို့ ထပ်မံသွားရောက်ရှင်းလင်းသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လည်း နံနက် ၉ နာရီခွဲတွင် နံ့သာတောင်ကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ အရောက်၌ အင်အား ၈၀၀ ဦးခန့်ကလည်းကောင်း၊ မကျီးချောင်းကျေးရွာ၌ မွန်းတည့် ၁၂ နာရီတွင် အင်အား ၂၀၀ ဦးခန့်ကလည်းကောင်း အင်အားသုံးတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ရသည်။

မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ ချွတ်ပြင်ရဲကင်းစခန်းအား အင်အားစိစစ်ဆဲအဖွဲ့က လက်ပစ်ဗုုံးများ၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးသွား ပြီး ဆုတ်ခွာစဉ်စေတီပြင်ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် ဒေသခံမြန်မာတိုင်းရင်းသား များအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ တိုင်းရင်းသားများအား ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသည့်နေရပ်ကို စွန့်ခွာထွက်ပြေးအောင် အကြမ်းဖက်မှု နည်းမျိုးစုံဖြင့် လုပ်ဆောင်ခြင်း၊ ဒေသတည်ငြိမ်အေးချမ်းစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်နေမှုများကို အင်အားသုံး၍ တိုက်ခိုက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းပါက ကျေးရွာများအတွင်းသို့ ထွက်ပြေး၍ ရွာသားများနှင့် ရောနှော နေထိုင်ခြင်း၊ ဒေသ အတွင်းဆက်သွယ်ရေး လမ်းကြောင်းများအား ဖြတ်တောက်ခြင်း၊ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်၍ ပြည်ပ အကူအညီရရှိစေရေး လုပ်ဆောင်ခြင်းများကို ကြိုတင်စီမံမှုများဖြင့် အကြမ်းဖက်မှုနည်းလမ်း မျိုးစုံသုံးကာ ဖန်တီးလုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ နယ်မြေရှင်း လင်းရေးလုပ်ငန်း များ တိုးမြှင့်ဖြန့်ခွဲလုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ္​မ​ေတာ္​ကာကြယ္​​ေရးဦးစီးခ်ဳပ္​ရံုး facebook

Share this article :

တစ္ပတ္အတြင္းသတင္းဒိုင္ယာရီ

email တြင္ဖတ္ရန္ သင္႔ Mail ကို႐ိုက္ထည္႔ပါ

Zawgyi Unicode Font

Download

Total Pageviews

ထား၀ယ္ၿမိဳ႕ဆန္းခ်ီ အ-မ-က ျမတ္ဆရာပူေဇာ္ပြဲ

Mandalay FM Live Radio


Mandalay FM Live Radio


လြင္႔ေမာင္ေမာင္၏ ဒိုင္ယာရီ စာမ်က္ႏွာမ်ား

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template