Headlines News :
Home » » အိန္ဒိယမှ နာမည်ကျော် ဘာသာရေး ခေါင်းဆောင် ဂုရုကြီး တစ်ဦးကို မုဒိမ်းမှုဖြင့် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်​ခံရ

အိန္ဒိယမှ နာမည်ကျော် ဘာသာရေး ခေါင်းဆောင် ဂုရုကြီး တစ်ဦးကို မုဒိမ်းမှုဖြင့် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်​ခံရ

Written By Live100 on Wednesday, August 30, 2017 | 9:34 PM

အိန္ဒိယမှ နာမည်ကျော် ဘာသာရေး ခေါင်းဆောင် ဂုရုကြီး တစ်ဦးကို မုဒိမ်းမှုဖြင့် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။ အိန္ဒိယ မီဒီယာများက ဂါမိရမ်ရာဟင်မ်ဆင်းသည် အမျိုးသမီး နှစ်ဦးကို မုဒိမ်းကျင့်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခြင်း ခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။ အစောပိုင်းက ဆင်း၏ ပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတစ်စည်းတည်း ကျခံစေမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ပြစ်ဒဏ်နှစ်ရပ် သီးခြားစီ ကျခံရမည်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေများက အတည်ပြု ပြောကြားခဲ့သည်။

အိန္ဒိယတွင် ဆင်း၏ နောက်လိုက်နောက်ပါ သန်းနှင့်ချီ ရှိနေပြီး ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆင်းတွင် အပြစ်ရှိကြောင်း တရားရုံး ဆုံးဖြတ်ချက် အပြီးကတည်းက အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီး လူ ၄၀ နီးပါး သေဆုံးခဲ့သည်။ ဩဂုတ် ၂၈ ရက်တွင် အပြီးသတ် စီရင်ချက် ချမှတ်ချိန်၌လည်း တရားရုံး ပြင်ပ၌ ကားတစ်စီး မီးတင်ရှို့ ခံခဲ့ရသည်။

အထူးသဖြင့် ဆင်းအပေါ် ယုံကြည်သက်ဝင်သူ များပြားသည့် မြောက်ပိုင်း ဟာယာနာပြည်နယ်တွင် ပြဿနာများ ဆိုးဆိုးရွားရွား ပေါ်ပေါက်ခဲ့ပြီး ၎င်း၏ နောက်လိုက်များနှင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

အစိုးရ ရှေ့နေများက ဆင်းကို ထောင်ဒဏ်တစ်သက် စီရင်ချက် ချမှတ်ရန် ဖိအားပေး တောင်းဆိုခဲ့သော်လည်း တရားရုံးက ပြစ်မှု တစ်ခုစီအတွက် ထောင်ဒဏ် ၁၀ နှစ်စီသာ တသီးတခြား ချမှတ်ခဲ့သည်။ အသက် ၅၀ ရှိ ဆင်းသည် လူသတ်မှု စွဲချက်နှစ်ခုနှင့်လည်း ရင်ဆိုင်နေရပြီး အဆိုပါ အမှုများကို လာမည့်လတွင် စတင်ကြားနာ စစ်ဆေးဦးမည် ဖြစ်သည်။

တရားရုံး စီရင်ချက် အပြီး၌ ဆင်း၏ ဌာနချုပ် တည်ရှိရာ ဟာယာနာ ပြည်နယ်တွင် ပြည်နယ် ဝန်ကြီးချုပ်က လုံခြုံရေးအတွက် အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ခေါ်ယူခဲ့သည်။ ဆင်းပိုင်ဆိုင်သည့် ဧက ၁၀၀၀ မျှ ကျယ်ဝန်းသော ဌာနချုပ် နေရာကိုလည်း လုံခြုံရေး ထူထပ်စွာ ချထားသည်။

ရဲတပ်ဖွဲ့က လွန်လွန်ကျွံကျွံ ဆူပူသောင်းကျန်းသူများကို ပစ်ခတ် တားဆီးရန် အမိန့်ရထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး စစ်တပ်ကလည်း ကူညီရန် အသင့်ရှိနေသည်။ ဆင်းကို ချုပ်နှောင်ထားသည့် ထောင်ကိုလည်း ခံတပ် တစ်ခုသဖွယ် လုံခြုံရေး ကြပ်မတ် မြှင့်တင်ထားပြီး ထောင်နှင့် တစ်မိုင်ပတ်လည်အတွင်း ဖြတ်သန်းသွားလာမှုများ တားဆီး ပိတ်ပင်ထားလိုက်ကြောင်း သိရသည်။

Ref: CNN

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template