Headlines News :
Home » » AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕၏ ေခ်ာင္းေျမာင္းတိုက္ခိုက္လုပ္ေဆာင္မႈအေပၚ တပ္မေတာ္၏ သေဘာ ထားထုတ္ျပန္ခ်က္

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕၏ ေခ်ာင္းေျမာင္းတိုက္ခိုက္လုပ္ေဆာင္မႈအေပၚ တပ္မေတာ္၏ သေဘာ ထားထုတ္ျပန္ခ်က္

Written By Live100 on Friday, September 1, 2017 | 10:48 PM

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕၏ ေခ်ာင္းေျမာင္းတိုက္ခိုက္လုပ္ေဆာင္မႈအေပၚ တပ္မေတာ္၏ သေဘာ ထားထုတ္ျပန္ခ်က္

၁။ ရခိုင္ျပည္နယ္ရွိ တိုင္းရင္းသားေက်း႐ြာအခ်ိဳ႕အပါအဝင္ လုံၿခဳံေရးတာဝန္ယူထားေသာ နယ္ျခား ေစာင့္ရဲစခန္းမ်ားႏွင့္ တပ္မေတာ္တပ္ရင္းဌာနခ်ဳပ္တစ္ခုအား  အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားမွ ၂၀၁၇ ခုႏွစ္၊ ဩဂုတ္လ ၂၅ ရက္ေန႔တြင္ စတင္တိုက္ခိုက္ခဲ့ရာ ယေန႔အခ်ိန္ထိ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကို ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေနပါသည္။ တပ္မေတာ္အေနျဖင့္ ရခိုင္ျပည္နယ္အတြင္းရွိ ေအးခ်မ္းစြာေနထိုင္ လိုေသာ ဘဂၤါလီမ်ား၊ ဟိႏၵဴလူမ်ိဳးမ်ားအပါအဝင္ အျပစ္မဲ့ေဒသခံ တိုင္းရင္းသားမ်ားအား အကာအကြယ္ေပးျခင္း၊ လုံၿခဳံစိတ္ခ်ရေသာေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕ေပးျခင္း နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးအတြက္ အၾကမ္းဖက္ လုပ္ေဆာင္မႈမ်ားကို တားဆီးႏွိမ္နင္းျခင္းလုပ္ငန္းမ်ားကို ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေသာ အခ်ိန္ကာလျဖစ္ပါ သည္။

၂။ ထိုသို႔ တပ္မေတာ္မွ ရခိုင္ျပည္နယ္တည္ၿငိမ္ေအးခ်မ္းႏွင့္ လုံၿခဳံေရး အတြက္ ႀကိဳးပမ္းေဆာင္႐ြက္ခ်ိန္တြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ တပ္မေတာ္စစ္ေၾကာင္းတစ္ခုအား ၂၀၁၇ ဩဂုတ္လ ၃၁ ရက္ေန႔တြင္ အလစ္အငိုက္ရယူ၍ ေခ်ာင္းေျမာင္းတိုက္ခိုက္မႈ ျပဳလုပ္ခဲ့ပါသည္။ ယင္းျဖစ္စဥ္တြင္ တပ္မေတာ္ဘက္မွ အရာရွိ/ စစ္သည္အခ်ိဳ႕  ႏိုင္ငံေတာ္အတြက္ အသက္ေပးလွဴခဲ့ရပါသည္။

၃။ ယခုအခ်ိန္ကာလသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို တစ္စိတ္တစ္ပိုင္း ထိခိုက္နစ္နာထိပါးေစသည့္ ရခိုင္ျပည္နယ္အေရးကိစၥအား အစိုးရ၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသားမ်ားအားလုံးက အမ်ိဳးသားေရးအသိစိတ္ဓာတ္ျဖင့္ ႏိုင္ငံေတာ္၏ အေနာက္ဘက္တံတိုင္း စည္း႐ိုးက်ိဳးေပါက္မႈ မရွိေစေရး အစြမ္းကုန္ ေဆာင္႐ြက္ေနခ်ိန္ျဖစ္ပါသည္။ ယခုကဲ့သို႔ အမ်ိဳးသားေရးကိစၥ လုံးပန္း ေဆာင္႐ြက္ ေနခ်ိန္မ်ိဳးတြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ မလုပ္သင့္၊ မလုပ္ထိုက္သည့္ကိစၥအား ေဆာင္႐ြက္ခဲ့သည့္အတြက္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕အား တပ္မေတာ္မွ ျပင္းထန္စြာျပစ္တင္ ရႈံ႕ခ်သည့္အျပင္ ထိေရာက္စြာ လက္တုံ႔ျပန္ တိုက္ခိုက္ေခ်မႈန္းသြားမည္ျဖစ္ေၾကာင္း သေဘာထားထုတ္ျပန္ အပ္ပါသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ချောင်းမြောင်းတိုက်ခိုက်လုပ်ဆောင်မှုအပေါ် တပ်မတော်၏ သဘော ထားထုတ်ပြန်ချက်

၁။ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားကျေးရွာအချို့အပါအဝင် လုံခြုံရေးတာဝန်ယူထားသော နယ်ခြား စောင့်ရဲစခန်းများနှင့် တပ်မတော်တပ်ရင်းဌာနချုပ်တစ်ခုအား  အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများမှ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ရာ ယနေ့အချိန်ထိ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိနေပါသည်။ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အေးချမ်းစွာနေထိုင် လိုသော ဘင်္ဂါလီများ၊ ဟိန္ဒူလူမျိုးများအပါအဝင် အပြစ်မဲ့ဒေသခံ တိုင်းရင်းသားများအား အကာအကွယ်ပေးခြင်း၊ လုံခြုံစိတ်ချရသောနေရာများသို့ ပြောင်းရွှေ့ပေးခြင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက် လုပ်ဆောင်မှုများကို တားဆီးနှိမ်နင်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသော အချိန်ကာလဖြစ်ပါ သည်။

၂။ ထိုသို့ တပ်မတော်မှ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းနှင့် လုံခြုံရေး အတွက် ကြိုးပမ်းဆောင်ရွက်ချိန်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်မတော်စစ်ကြောင်းတစ်ခုအား ၂၀၁၇ ဩဂုတ်လ ၃၁ ရက်နေ့တွင် အလစ်အငိုက်ရယူ၍ ချောင်းမြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ ယင်းဖြစ်စဉ်တွင် တပ်မတော်ဘက်မှ အရာရှိ/ စစ်သည်အချို့  နိုင်ငံတော်အတွက် အသက်ပေးလွဴခဲ့ရပါသည်။

၃။ ယခုအချိန်ကာလသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို တစ်စိတ် တစ်ပိုင်း ထိခိုက်နစ်နာထိပါးစေသည့် ရခိုင်ပြည်နယ်အရေးကိစ္စအား အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားများ အားလုံးက အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် နိုင်ငံတော်၏ အနောက်ဘက်တံတိုင်း စည်းရိုးကျိုးပေါက်မှု မရှိစေရေး အစွမ်းကုန် ဆောင်ရွက်နေချိန်ဖြစ်ပါသည်။ ယခုကဲ့သို့ အမျိုးသားရေးကိစ္စလုံးပန်း ဆောင်ရွက် နေချိန်မျိုးတွင် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မလုပ်သင့်၊ မလုပ်ထိုက်သည့်ကိစ္စအား ဆောင်ရွက်ခဲ့သည့်အတွက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား တပ်မတော်မှ ပြင်းထန်စွာပြစ်တင် ရှုံ့ချသည့်အပြင် ထိရောက်စွာလက်တုံ့ပြန် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန် အပ်ပါ သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Share this article :

တစ္ပတ္အတြင္းသတင္းဒိုင္ယာရီ

email တြင္ဖတ္ရန္ သင္႔ Mail ကို႐ိုက္ထည္႔ပါ

Zawgyi Unicode Font

Download

Total Pageviews

ထား၀ယ္ၿမိဳ႕ဆန္းခ်ီ အ-မ-က ျမတ္ဆရာပူေဇာ္ပြဲ

Mandalay FM Live Radio


Mandalay FM Live Radio


လြင္႔ေမာင္ေမာင္၏ ဒိုင္ယာရီ စာမ်က္ႏွာမ်ား

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template