Headlines News :
Home » » ၅ ရက်၊ ၄ ည တောထဲတွင် ပိတ်မိနေခဲ့သော မြ၀တီရွာသား ၂၀၀ ကျော်ကို စစ်တပ်က ကယ်တင်

၅ ရက်၊ ၄ ည တောထဲတွင် ပိတ်မိနေခဲ့သော မြ၀တီရွာသား ၂၀၀ ကျော်ကို စစ်တပ်က ကယ်တင်

Written By Live100 on Wednesday, August 30, 2017 | 8:50 AM

နိရဉ္စရာ၊သြဂုတ် ၂၉

တောတောင်ထဲတွင်၅ ရက်နှင့် ၄ ညဥ့် ပိတ်မိနေခဲ့ပြီး ထမင်းငတ်၊ ဟင်းငတ်ဖြစ်နေခဲ့သော အိမ်ခြေ ၅၁ ဆောင်ရှိ မြ၀တီ ရွာသား ၂၀၀ ကျော်ကို စစ်တပ်က ယနေ့တွင် ကယ်တင်လိုက်ပြီဟု မြ၀တီရွာမှ ဆယ်အိမ်မှူး တစ်ဦးဖြစ်သူ ဦးသန်းဆွေက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ တပ်က အခု တပ်မ ၉၉ ရောက်လာတဲ့အတွက် အခု ကျွန်တော်တို့ ရွာကို ရောက်လာပါပြီ။ ကျွန်တော်တို့ တောထဲမှာ ၅ ရက်၊ ၄ ညဥ့်နေခဲ့ရပါတယ်။ လူပေါင်း ၂၃၀ ရှိပါတယ်။ အခုတော့ ရွာမှာဘဲ နေထိုင်နေကြပါတယ်” ဟု သူက ပြောကြားသည်။

ဘာကြောင့် ထွက်ပြေး တိမ်းရှောင်ရပါသလဲဟု မေးမြန်းရာ သူက “ ဘင်္ဂလီကုလားရွာတွေက ကျွန်တော် ရွာနားမှာ အရမ်းများပါတယ်။ ရွာနားကို လာပြီး ဂျီနာဘာ ဂျီနာဘာ အော်ပါတယ်။ ဓာတ်မီးတွေ ထွန်းပြီး အော်ဟစ် ဆူပူပြီး ညာသံပေးပြီး တက်လာတဲ့ ပုံစံမျိုး လုပ်ပြပါတယ်။ အဲဒီသူတွေက ပဒကားရွာ၊ လဘော်ရွာရယ်၊ မင်ကြီးရွာက ကုလားတွေပါ။ ဒါကြောင့်တောထဲကို ထွက်ပြေးပြီး ပုန်းအောင်းခိုလုံနေခဲ့ရတာ ဖြစ်ပါတယ်” ဟု ဦးသန်းဆွေက ပြောသည်။

တောထဲတွင် ခိုအောင်းနေစဉ် မြွေကိုက်ခံရသူ၊ ကင်းကိုက်ခံရသူများလည်း ရှိခဲ့ကြောင်း၊ ထမင်းလည်းငတ်ခဲ့ပြီး ရေလည်း ငတ်ခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များလည်း ပါဝင်ကြောင်း၊ ကျောင်းဆရာ ဆရာမများနှင့် သူနာပြု ဆရာမများလည်း ထွက်ပြေး တိမ်းရှောင်ရာတွင် ပါဝင်ခဲ့ကြောင်း၊ စိုးရိမ်မှုများနှင့် အတူ အထူး ဒုက္ခရောက်ခဲ့ရကြောင်း၊ ကလေးငယ်များလည်း ဖျားနာမှုများရှိခဲ့ကြောင်း သူက ပြောကြားသည်။

“ အခုတော့ စစ်တပ် ရောက်လာတဲ့ အတွက် အရမ်းဝမ်းသာပါတယ်။ အသက်ကို ဖက်နဲ့ထုတ်ပြီးနေခဲ့ရတဲ့ဘ၀မှာ ခုလို လာရောက် ကယ်တင်တဲ့ အတွက် စစ်တပ်ကို အရမ်းကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။

သူတို့အား လာကယ်တင်စဉ် လဘောမူဆလင်ရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်မှ  မြ၀တီ ရွာ အနောက်ဘက် လဘော်ဝ( မြို)ရွာကို သွားရောက်ကယ်တင်စဉ် လဘော်ဝရွာမှ အကြမ်းဖက် ဘင်္ဂလီများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ လဘော်ဝရွာမှ မြ၀တီနတလ ရွာမှ တစ်မိုင်နီးပါးခန့် ဝေးကြောင်း၊ တိုက်ပွဲမှာ မိနစ် ၂၀ ခန့် ကြာမြှင့်ခဲ့ကြောင်း ၎င်းဆယ်အိမ်မှူးက နိရဉ္စရာသို့ပြောကြားသည်။

(တောထဲတွင် ၅ ရက်၊ ၄ ည ခိုလုံနေခဲ့ကြရသည့် မြ၀တီ နတလ ရွာသားများကို ပုန်းအောင်းနေစဉ် တွေ့ရသည်။)

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template