Pages

Thursday, January 18, 2018

ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းအား မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ သိရ


ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းအား မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း ယနေ့ (ဇန်န၀ါရီ ၁၈ ရက်) တွင် သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် Arakan Rohingya Salvation Army (ARSA) အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်၌ ပြုလုပ်သည့် စတုတ္ထအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေးတွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းနောက် ARSA အကြမ်းဖက်သမားများအား ၁၉၈၀ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် နယ်နိမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့်အညီ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားနိုင်ရန်အတွက် ပြန်လည်လွှဲပြောင်းပေးရန် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်ဟု သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Photo:Information Committee

Wednesday, January 17, 2018

ဆန္ဒပြသူများက မြောက်ဦးရဲစခန်းကို ၀ိုင်းအုံလာရာမှ သေနတ်ပစ်ဖေါက်ပြီး လူစုခွဲနေရဟုဆ

မြောက်ဦး ၁၆.၁.၂၀၁၈

နိရဉ္စရာ၊ ဇန်န၀ါရီ ၁၆

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ယနေ့ကျရောက်သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးနေ့ အခမ်းအနားကို အာဏာပိုင်များက တားမြစ်လိုက်ပြီးနောက် ဆန္ဒပြ ကန့်ကွက်မှုများ ပေါ်ပေါက်လာရာ ဆန္ဒပြသူများသည် ရဲစခန်းကို ၀ိုင်းအုံဆန္ဒပြရာမှ ရဲတပ်ဖွဲ့ဝင်များမှ မိုးပေါ်သို့ သေနတ်များထောင်ပစ်ပြီး လူစုခွဲနေရသည်ဟု သတင်းရရှိသည်။

မြောက်ဦးဒေသခံ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးကျော်သိန်းထွန်းအား ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ဆက်သွယ်မေးမြန်းရာ သေနတ်ပစ်ခတ်သံများကို ကြားနေရသည်ဟု ပြောကြားသည်။

“ အခုထိ ကြားနေရပါတယ်။ အချက် ၂၀ ကျော်လောက် ပစ်ပြီထင်ပါတယ်။ ကျွန်တော်တို့က အာဏာပိုင်တွေက ကျင်းပခွင့်ပိတ်တဲ့ ည ၆ နာရီကတည်း အခမ်းအနားကို ရုပ်သိမ်းလိုက်ပါပြီ။ လူတွေ အရမ်းများလာပြီး ရဲစခန်းရှေ့မှာ ၀ိုင်းအုံပြီး ကျင်းပခွင့်ရဖို့ တောင်းဆိုကြတယ်လို့ သိရပါတယ်။ အဲဒီကတဆင့် လူတွေ ၂၀၀၀ ခန့်ထိ များလာတဲ့ အတွက် ရဲကတားမနိုင်တာကြောင့် သေနတ်ပစ်ပြီး လူစုခွဲနေရတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ယခု ည ၁၀ နာရီခွဲထိ မငြိမ်မသက်ဖြစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

မြောက်ဦး အာဏာပိုင်များနှင့် ဆက်သွယ်၍ မရသေးသဖြင့် အခြေအနေ မည်သို့ ဖြစ်နေသည်ကို အသေးစိတ်မသိရသေးပါ။

နောက်ဆုံးကြားသိရတာက
ဒဏ်ရာရသူ တစ်ဦးသေဆုံး ..

မြောက်ဦးဆေးရုံသို့ ရောက်ရှိလာသည့် ဒဏ်ရာရသူ ၉ ဦးထဲမှ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားပြီဟု သိရသည်။
မြောက်ဦး ပဋိပက္ခ အတွင်း
သေဆုံးသူမှာ မြောက်ဦးမြို့နယ် ဇင်္ဂဋကျေးရွာမှ အသက် ၂၀ ခန့်ရှိမည့် လူငယ်တစ်ဦးဖြစ်သည်
ဒဏ်ရာရသူများလည်းထပ်တိုးလာကြောင်း
လူမှုရေးဆောင်ရွက်နေသူ ကိုထွန်းထွန်းမှသေဆုံးသူမှာ ဆီးခုံတွင် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားခဲ့ပြီဟု အတည်ပြုပြောဆိုသည်။

Narinjara
photo fb

https://m.facebook.com/story.php?story_fbid=920561208094390&id=100004215578431

https://m.facebook.com/story.php?story_fbid=1529010950467314&id=100000752721665

မြောက်ဦးပစ်ခတ်မှုသေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၁၂ ဦးရှိ


ယမန်နေ့ကဖြစ်ပွားခဲ့သည့် မြောက်ဦးပစ်ခတ်မှုတွင် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရရှိခဲ့သည်ဟု မြောက်ဦးတောင်ရပ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောသည်။ သေဆုံးသူများ၏ အမည်စာရင်းအတိအကျ မသိရသေးသော်လည်း သေဆုံးများအထဲတွင် ၆ ဦးမှာမြို့ပေါ်မှ ဖြစ်ပြီး ကျန်တစ်ဦးမှာ ပိုးဖြူကျွန်းကဟု ပြောဆိုသည်။ ဒဏ်ရာရသူများထဲမှ ၆ ဦးကိုလည်း စစ်တွေဆေးရုံသို့ ရွှေ့ပြောင်း ယူဆောင်သွားရသည်ဟု ဆိုသည်။ မြောက်ဦးအာဏာပိုင်များနှင့် ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရသဖြင့် တရားဝင် ထုတ်ပြန်ချက်ကို မသိရှိရသေးပါ။

(Credit-နိရဉ္စရာ)
(ဓာတ်ပုံ- သေဆုံးသူတချို့ကို တွေ့ရစဉ်)

Tuesday, January 16, 2018

ဘင်္ဂလာဒေ့ရှ်မှပြန်ဝင်လာမည့် ဘင်္ဂလီများအား ပြန်လည်လက်ခံရန်အတွက် ယာယီလက်ခံရေးစခန်းများသို့ လ၀က အရာရှိများ စတင်ထွက်ခွာ

ဘင်္ဂလားဒေ့ရှ်မှပြန်လာမည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရေးအတွက် လဝကအရာရှိများပါဝင်သည့်အဖွဲ့များသည် ဇန်န၀ါရီ ၁၆ ရက် မနက်ပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိလာခဲ့ပြီး ညနေပိုင်းတွင် ကျီးကန်းပြင်ဌာနချုပ်သို့ ထွက်ခွာလျှက်ရှိကြောင်း သိရသည်။

ကျီးကန်းပြင်ဌာနချုပ်မှတဆင့် ငါခူရ ယာယီလက်ခံရေးစခန်းသို့(၃၄)ဦး၊ တောင်ပြိုလက်ဝဲသို့(၃၄)ဦး ဇန်န၀ါရီ ၁၇ ရက်တွင် သွားရောက်ကြမည်ဖြစ်ကြောင်း မောင်တောမြို့ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီမှူး ဦးသန်းရွှေက အတည်ပြုပြောကြားသည်။

"ဟုတ်ပါတယ်။ ကျွန်တော်တို့ အခု ဒီနေ့တော့ လက်ခံရေးစင်တာ(၂)ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရ လက်ခံရေးစင်တာတွေအတွက် လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်းတွေ ရောက်ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ ရောက်ရှိလာတာတော့ တောင်ပြိုလက်ဝဲအတွက် ညွှန်ကြားရေးမှူး ဦးကိုကိုသော်ဦးဆောင်တဲ့အဖွဲ့ (၃၀)ဦး ရောက်ရှိပြီး ငါးခူရစခန်းအတွက်ကတော့ ညွှန်ကြားရေးမှူးဦးဝင်းခိုင်ဦးဆောင်တဲ့အဖွဲ့က(၂၇)ဦး ရောက်ရှိလာပါတယ်။ အားလုံး(၅၇)ယောက် ရောက်ရှိပါတယ်။ လက်ခံရေးပိုင်းကိုတော့ အပေါ်မှ ညွှန်ကြားချက်ရှိတဲ့အချိန်မှ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ အထက်ညွှန်ကြားချက်နဲ့အညီ အဆင်သင့်ဖြစ်အောင်အတွက် တာဝန်ထမ်းဆောင်တဲ့နေ့ရက်ကို အချိန်မီ တာဝန်ထမ်းဆောင်ရန်အတွက် ရောက်ရှိလာကြခြင်းဖြစ်ပါတယ်။ နောက်ထပ်ရောက်လာမယ့် ၀န်ထမ်းတွေကိုလည်း ဆက်လက်ပို့ဆောင်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ၂၃-၁-၂၀၁၈ တွင် စတင်ဆောင်ရွက်မည်ဖြစ်သည်။

နေရပ်စွန့်ခွာသွားသူများအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာဘက်၌ ကုန်းလမ်းမှ ပြန်လည် ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ရေလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ငါးခူရယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ကြားစခန်းအဖြစ် လှဖိုးခေါင်စခန်းကိုလည်းကောင်း အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်လက်ခံရာတွင် ကနဦးစတင်ဆောင်ရွက်သွားနိုင်ရန် ဟိန္ဒူ (၅၀၈) ဦးနှင့် စိစစ်ပြီး မူဆလင် (၇၅၀) ဦးတို့၏ အချက်အလက်အပြည့်အစုံကိုလည်း မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်သို့ ဇန်န၀ါရီ ၁၆ ရက်တွင် ပေးအပ်ခဲ့သည်။

မယ်သဇင်ခိုင်
News watch