Headlines News :
Home » » ယခင်အစိုးရ လက်ထက်က စီးပွားရေးလုပ်ငန်းကြီး အချို့ကို ပေးအပ်ထားသော မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများ အပါအ၀င် လုပ်ပိုင်ခွင့်အချို့ကို ပြန်လည်စိစစ်ရန် လက်ရှိအစိုးရအဖွဲ့ ပြင်ဆင်နေ

ယခင်အစိုးရ လက်ထက်က စီးပွားရေးလုပ်ငန်းကြီး အချို့ကို ပေးအပ်ထားသော မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများ အပါအ၀င် လုပ်ပိုင်ခွင့်အချို့ကို ပြန်လည်စိစစ်ရန် လက်ရှိအစိုးရအဖွဲ့ ပြင်ဆင်နေ

Written By လွင့်မောင်မောင် on Sunday, April 22, 2012 | 7:00 PM


Sunday, 22 April 2012 11:07
ယခင်အစိုးရလက်ထက်က စီးပွားရေး လုပ်ငန်းကြီး အချို့ကို လုပ်ကိုင်ခွင့် ပေးအပ်ထားသော မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများ အပါအ၀င် လုပ်ပိုင်ခွင့်အချို့ကို ပြန်လည်စိစစ် သုံးသပ်ပြီး သင့်လျော်သလို ပြင်ဆင်ဆောင်ရွက်သွားရန် လက်ရှိအစိုးရအဖွဲ့ စီစဉ်နေကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး အချို့နှင့် ပညာရှင် အချို့ထံမှ စုံစမ်းသိရှိရပါသည်။
“အရင်လိုမရတော့ဘူး။ လက် သိပ်ထိုးလုပ်ဖို့၊ လက်ဝါးကြီးအုပ်ဖို့ သိပ်မလွယ်တော့ဘူး။ အရင်ပေးခဲ့ တဲ့၊လုပ်ငန်းရှင်ကြီးတချို့ရခဲ့တဲ့လုပ်ငန်း တချို့ကိုလည်းပြန်စိစစ်ပြီး သင့်တော်သလို ပြင်ဆင်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရတယ်။ တစ်ဦးတစ်ယောက်တည်းလည်း လုပ်ချင်တာလုပ်လို့ မရတော့တာကြောင့် အရင်လို နီးရာလူပေးဖို့ မလွယ်တော့ဘူး”ဟု အစိုးရ အဖွဲ့နှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားပါသည်။
ယခင်အစိုးရအဖွဲ့လက်ထက်က မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများ အပါအ၀င် လုပ်ပိုင်ခွင့် အများအပြားကို စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ပေးအပ်ခဲ့သော်လည်း ယခုဒီမိုကရေစီ အစိုးရ လက်ထက်တွင် ပေးအပ်ခြင်း မရှိတော့ကြောင်း၊ အကယ်၍ လုပ်ပိုင်ခွင့် ပေးအပ်ရမည်ဆိုပါကလည်း ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိစေရန် အလေးထား သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ နှင့် နီးကပ်စွာ ဆောင်ရွက်နေသည့် ပညာရှင်တစ်ဦးက ဆိုပါသည်။

အရင်လိုမရတော့ဘူး။ လက်သိပ်ထိုးလုပ်ဖို့၊ လက်ဝါးကြီးအုပ်ဖို့ သိပ်မလွယ်တော့ဘူး။ အရင်ပေးခဲ့တဲ့၊ လုပ်ငန်းရှင်ကြီး တချို့ရခဲ့တဲ့ လုပ်ငန်းတချို့ကိုလည်း ပြန်စိစစ်ပြီး သင့်တော်သလို ပြင်ဆင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရတယ်။ တစ်ဦးတစ်ယောက်တည်းလည်း လုပ်ချင်တာလုပ်လို့ မရတော့တာကြောင့် အရင်လို နီးရာလူပေးဖို့ မလွယ်တော့ဘူး
“လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ဖို့အတွက် အစိုးရအဖွဲ့ဝင်တွေ၊ အဆင့်မြင့် အရာရှိကြီးတွေကအစ အကျင့်ပျက်ခြမစားဖို့ လိုတယ်။ လက်သိပ်ထိုးပေးတာ လက်ခံပြီးလာဘ်ပေးတဲ့လူ လုပ်ပိုင်ခွင့်ပေးတာမျိုးကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းဖို့ ပြောထားပြီးသား။
အခု တော်တော်များများက အရင် အစိုးရလက်ထက်ကတည်းက  ပေးထားတာကို ဆက်လုပ်နေတာ။ ဒီထဲက တချို့ကိုလည်း ပြန်စိစစ်နိုင်ဖို့ အကြံပြုထားတယ်”ဟု အဆိုပါပညာရှင်က ဆက်လက်ပြောကြားပါသည်။
ထိုသို့ ယခင်အစိုးရလက်ထက်က လုပ်ပိုင်ခွင့် ပေးအပ်ထားသော မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြ စီမံကိန်းများကို ပြန်လည်စိစစ်ရာတွင် ဆက်လက် ဆောင်ရွက်နိုင်စွမ်းမရှိခြင်း၊ လုပ်ကိုင်နိုင်စွမ်း မရှိဘဲ လုပ်ပိုင်ခွင့်ရ ယူထားခြင်း၊ နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နိုင်မှုမရှိခြင်း စသည်တို့ စိစစ်တွေ့ရှိပါက လုပ်ပိုင်ခွင့်ပြန်လည် ရုပ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားဖွယ် ရှိကြောင်း သတင်းရရှိပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template