Headlines News :
Home » » ယခုနှစ်သင်္ကြန်ကာလအတွင်း အမျိုးသမီးငယ်များနှင့် မင်းသမီးငယ်တချို့၏ ၀တ်စားဆင်ယင်မှုများမှာ ယဉ်ကျေးမှုကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူနိုင်

ယခုနှစ်သင်္ကြန်ကာလအတွင်း အမျိုးသမီးငယ်များနှင့် မင်းသမီးငယ်တချို့၏ ၀တ်စားဆင်ယင်မှုများမှာ ယဉ်ကျေးမှုကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူနိုင်

Written By လွင့်မောင်မောင် on Sunday, April 22, 2012 | 6:02 PM

Eleven Media Group
Sunday, 22 April 2012 12:48

7294
Facebook ပေါ်တွင် ပျံ့နှံ့နေသော သင်္ကြန်ကာလ မြင်ကွင်းဓာတ်ပုံများ
၂၀၁၂ ခုနှစ်မဟာသင်္ကြန် ကာလအတွင်း သင်္ကြန်မဏ္ဍပ်များတွင် ရေကစားခဲ့ကြသူ၊ ရေပက်ခံထွက်သူ အမျိုးသမီးငယ်များနှင့် မင်းသမီးငယ် အချို့၏ သင်္ကြန်ကာလအတွင်း ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများ ဖြစ်ခဲ့ပြီး ယင်းသို့ဝတ်စား ဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှု ကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူမှုများ ပြုလုပ်နိုင်သည်ဟု ထောက်ပြဝေဖန်မှုများ ရှိလာခဲ့သည်။ ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် အမျိုးသမီးငယ်အချို့နှင့် မင်းသမီးငယ်အချို့တို့၏ ၀တ်စားဆင်ယင်မှုများမှာ အများအမြင်တွင် မသင့်တော်သည့်အပြင် ၀တ်ဆင်သူသာမက မိဘဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအ၀န်းများ၏ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သည့် ၀တ်စားဆင်ယင်မှုများ ၀တ်ဆင်ခဲ့ကြပြီး အဆိုပါ သရုပ်ပျက် ၀တ်စားဆင်ယင်ကြသူများ၏ ဓာတ်ပုံများသည်လည်း သင်္ကြန်ကာလအတွင်းကပင် အင်တာနက်စာမျက်နှာများထက်နှင့် Facebook တို့တွင် ပျံ့နှံ့လျက်ရှိနေခြင်းကြောင့် ထောက်ပြဝေဖန်မှုများ ပိုမိုများပြားလာခဲ့သည်။
အခုနှစ်သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အဆိုးဆုံးလို့ ဆိုလို့ရတယ်
ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် မြန်မာ မိန်းကလေးတချို့၏ ၀တ်စားဆင်ယင်မှုများမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားခဲ့ပြီး အများစုမှာ ကျောသား၊ ရင်သားနှင့်ပေါင်သားများကို လှစ်ဟသည့် ၀တ်စားဆင်ယင်မှုဖက်ရှင်များနှင့် သင်္ကြန်ကာလ ကို ဆင်နွှဲခဲ့ကြသည်ကို တွေ့မြင်ခဲ့ရ သည်။ “အခုနှစ်သင်္ကြန်မှာတော့ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အရင်နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆိုးဆုံးလို့ ဆိုလို့ရတယ်။ အများစုက ကျောပြောင်၊ ရင်ပြတ်တွေ ၀တ်လာကြရုံသာမကဘူး ဘောင်းဘီတို တွေဆိုလည်း တချို့ဆို လက်တစ်ဝါးကျော်လောက်ပဲ ရှိတာမျိုးတွေတောင် ၀တ်ဆင်လာကြတယ်။ ဒီလိုဝတ်ဆင်ပြီးတော့ မဏ္ဍပ်ပေါ်မှာ တက်ကနေတာမျိုး၊ ကားပေါ်မှာ ကတာမျိုးတွေ မြင်ရတဲ့အခါ တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက်က မဏ္ဍပ်တွေမှာဆို မဏ္ဍပ်တိုင်းလိုလိုမှာ အဲဒီလိုမိန်းကလေးတွေ အများကြီးတွေ့ ရတယ်။ သင်္ကြန်ပွဲတော်ကို လာနွှဲကြတဲ့ နိုင်ငံခြားသူတွေတောင် ဘောင်းဘီရှည်နဲ့ လာကြပြီး မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုကို အထူးအဆန်းအနေနဲ့ ဓာတ်ပုံတွေရိုက်၊  ဗီဒိယိုတွေ ရိုက်နေကြတာတွေ့ရတော့ စိတ်ထဲမှာ တော်တော်ကို ခံရခက်ပါတယ်။ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက ကိုယ့်တန်ဖိုးကိုယ်ချသလို ဖြစ်နေတာ၊ တစ်ဖက်သားရဲ့အမြင်မှာလည်း အထင်သေးစရာဖြစ်တာ၊ နောက်ဆက်တွဲ အန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်တာတွေကို စဉ်းစားကြသင့်ပါ တယ်”ဟု ကိုယ်တိုင်တွေ့မြင်ခဲ့သူ ကျောက်မြောင်းမှ မလင်းလင်းက သုံးသပ်ပါသည်။


ဒါမှမဟုတ် ဒီထဲမှာရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီးမပျံ့ နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလိုပုံစံအမျိုးမျိုးနဲ့ အင်တာနက်ပေါ် ရောက်သွားနိုင်တဲ့ အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလိုဝတ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလားဆိုတာ  .  .  .
ထို့အပြင် ဒါရိုက်တာကြည်ဖြူသျှင်ကလည်း “သင်္ကြန်ဆိုတာ မြန်မာ့ ယဉ်ကျေးမှုပွဲတော် တစ်ခုပါ။ ဒီလို ပွဲတော်မျိုးမှာ ၀တ်ဆင်တဲ့ အ၀တ်အစားက ခေတ်မီလို့ရတယ်။ ဒါပေမယ့် ခေတ်လွန်ပြီး အထင်သေးစရာတော့ မဖြစ်သင့်ဘူးလေ။ သင်္ကြန်တုန်းက မြန်မာမိန်းကလေးတွေ ၀တ်ဆင်ခဲ့တာတွေကို အင်တာနက်မှာ တွေ့လိုက် ရတဲ့အခါ တော်တော်လေးကို တုန်လှုပ်မိပါတယ်။ မိန်းမကောင်းလေးတွေ မှဟုတ်ရဲ့လားလို့တောင် အတွေးဝင် မိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ၂၀၁၂ က တကယ်တမ်း ပြောရရင် ပျော်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ ရပါတယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်မှာ လျှောက်လှမ်းနေတဲ့အချိန်မှာ အခုလိုမျိုးတွေ ပြုလုပ်တယ် ဆိုတာကတော့ တော်တော်လေးကို ဆိုးရွားသွားတယ်လို့ ဆိုရမှာပါ။ နိုင်ငံအတွက် ဘာမှ မကူညီနိုင်ရင်တောင် ကိုယ့်နိုင်ငံကိုသူများက အထင်သေးစရာ မဖြစ်အောင်၊ လက်ညှိုးထိုးစရာ မဖြစ်အောင် နေသင့်တာလေ”ဟု သူ၏အမြင်အား သုံးသပ်ပြခဲ့သည်။
ရှက်စရာကို မရှက်တာနဲ့ ဂုဏ်ယူစရာ မဟုတ်တာကို ဂုဏ်ယူနေတာ
သင်္ကြန်ကာလအတွင်း မြန်မာ အမျိုးသမီးငယ်များ အနေဖြင့် ယင်းသို့ သရုပ်ပျက် ၀တ်စားဆင်ယင်ခဲ့ကြရာ၌ အချို့မှာ အတွင်းခံ အ၀တ်အစားများသာ ၀တ်ဆင်ထားသည်အထိ လွန်ကျူးစွာ ၀တ်ဆင်ခဲ့ကြပြီး ယင်းသို့ဝတ်ဆင်သူများထဲတွင် မင်းသမီးငယ်အချို့သည်လည်း ပါဝင်ခဲ့ သည်။ “ဒီသင်္ကြန်မှာတွေ့ရတဲ့ မိန်းကလေးတွေအများစုကတော့ ရှက်စရာကို ရှက်ရကောင်းမှန်းမသိသလို ဂုဏ်မယူသင့်တာကိုလည်း ဂုဏ်ယူနေကြပုံပါပဲ။ ကိုယ့်ရဲ့ဝတ်ဆင်မှုအရ ကိုယ့်ကိုတစ်ဖက်သား အထင်အမြင် သေးနိုင်တာကို ထည့်မတွက်ဘဲ ဒါဟာပေါ်ပြူလာဖြစ်တဲ့ အလုပ်တစ်ခု၊ ဂုဏ်ယူစရာတစ်ခုလို့ တွေးနေကြပုံရတယ်။ ဒီလို အဖြစ်အပျက်တွေ ရှိလာတာဟာ ဖောဖောသီသီ ၀ယ်လို့ရနေ တဲ့ နိုင်ငံခြားခိုးကူးခွေတွေရယ်၊ လူငယ်ထုကြားမှာ လွှမ်းမိုးထားတဲ့ ကိုရီးယားယဉ်ကျေးမှုရယ်၊ အင်တာနက် အသုံးပြုမှုတွေရဲ့ နောက်ဆက် တွဲဂယက်လို့ပဲ ဆိုလို့ရပါတယ်။ သရုပ်ပျက် ၀တ်ဆင်ခဲ့ကြတဲ့သူတွေထဲ မှာ ဆယ်ကျော်သက် မိန်းကလေးတွေလည်း ပါဝင်ခဲ့တာကြောင့် မိဘတွေ ရဲ့ အုပ်ထိန်းဆုံးမမှုကလည်း အရေးပါတယ်ဆိုတာ စဉ်းစားစရာဖြစ်လာပါ ပြီ။ ကိုယ့်သမီး မဏ္ဍပ်သွားတယ်ဆိုရင် ဘာဝတ်သွားလဲ၊ ၀တ်သွားတဲ့ အ၀တ်အစားက ကိုယ့်သားသမီးရဲ့ ဂုဏ်သိက္ခာနဲ့ အန္တရာယ်ကို လုံခြုံစေရဲ့ လား၊ ၀တ်ထားတဲ့ အ၀တ်အစားက ရေစိုရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေအထိ  ကြပ်ကြပ်မတ်မတ် ဆုံးမဖို့တော့ လိုမယ်ထင်ပါတယ်”ဟု ဗဟန်း မြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သူ မစိုးစိုးခိုင်က ဆိုသည်။
“မဏ္ဍပ်တွေမှာ စီစီတီဗီ ကင်မရာတွေတပ်ဆင်ထားပါတယ်။ အဲဒီ ကင်မရာထားတဲ့ အဓိက ရည်ရွယ်ချက်က အကြမ်းဖက်မယ့်သူတွေကို စောင့်ကြည့်နိုင်ဖို့ပဲလား၊ မသင်္ကာ စရာသူကို ပြန်လည်ရှာဖွေနိုင်ဖို့ပဲလား။ ဒါမှမဟုတ် ဒီထဲမှာ ရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီး မပျံ့နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလိုပုံစံ အမျိုးမျိုးနဲ့ အင်တာနက်ပေါ်ရောက် သွားနိုင်တဲ့အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလို ၀တ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလား ဆိုတာလောက်အထိ တွေးစရာဖြစ်လာပါပြီ”ဟု ကမာရွတ် မြို့နယ်တွင် နေထိုင်သူမအိအိက သုံးသပ်ပါသည်။
အနုပညာရှင်ဆိုတာ အများအတုယူသူမို့ ပိုမိုသတိထားသင့်
သင်္ကြန်ကာလအတွင်း သရုပ်ပျက်ဝတ်စားဆင်ယင်ခဲ့ကြသူများ တွင် လူငယ်သရုပ်ဆောင် အချို့လည်း ပါဝင်ခဲ့ပြီး အများသိပြီး သူများဖြစ်သည့်အတွက် ၎င်းတို့၏ဓာတ်ပုံများမှာလည်း အင်တာနက်စာမျက်နှာ များထက်နှင့် facebook ပေါ်တွင် ပျံ့နှံ့နေခဲ့သည်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက “ယဉ်ကျေးမှု လှိုင်းတွေ ရိုက်ခတ်လာတဲ့အချိန်မှာ လူတွေရဲ့ ဆင်ခြင်တုံတရား ကိုယ်ခံစွမ်းအားတွေ အဆင်သင့် မဖြစ်သေးတော့ လူးကြလိမ့်ကြ ဖြစ်တာပေါ့လေ။ အဲဒီထဲမှာ လူသိများတဲ့ ထင်ပေါ် ကျော်ကြားတဲ့သူတွေ ဖြစ်နေတော့ ပိုပြီး ထင်ရှားတာပေါ့။ ရုပ်ရှင်အစည်းအရုံး ဆိုတာကတော့ အာဏာပိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ဘဲ NGO ဖြစ်နေတဲ့အတွက် အဲဒီလိုဝတ်ဆင်ခဲ့တဲ့ သူတွေကို ခေါ်ယူ အသိပေးဆွေးနွေးမယ်၊ သတိပေးဆုံးမမယ် ဆိုတာမျိုး တွေပဲ လုပ်ရမှာပါ။ အဓိကတော့ ဒါကတစ်ဦးချင်းရဲ့ ကျင့်ဝတ်စောင့်ထိန်းခြင်းနဲ့ပဲ သက်ဆိုင်နေတယ်လေ။ ဒီတော့ ဒီလိုဝတ်ဆင်ခြင်းဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး၊ အဓိကတော့ အနုပညာရှင်ဆိုတာ ပရိသတ်ရှိပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်အားဖြင့် ပရိသတ် က အပြစ်ပေးခြင်း၊ ဒဏ်ခတ်ခြင်းဆိုတာကတော့ ရှိလာမှာပါ။ ဒီအခါမှာတော့ ဒါကရှောင်ကြဉ်စရာပါလား ဆိုတာသိလာမယ်လို့ ယူဆပါတယ်” ဟု ရှင်းပြခဲ့သည်။
“သင်္ကြန်ဆိုတဲ့ အချိန်ကတော့ ခေတ်နဲ့အညီလေး ၀တ်ဆင်ကြတဲ့ အချိန်ဆိုတော့ အနုပညာရှင်တွေအနေနဲ့ လည်း အခွင့်ကောင်းတစ်ခုအဖြစ် ခေတ်နောက်ကိုလိုက်ပြီး ၀တ်ဆင်ကြတယ်လို့ မြင်ပါတယ်။ အသက်အရွယ် အရနဲ့ အခြေအနေ အချိန်အခါအရလည်း အခုလိုမျိုး ဖြစ်သွားတာ ပါပါ လိမ့်မယ်။ အရမ်းတော့ စိတ်ပူစရာမလိုဘူးလို့ ထင်ပါတယ်”ဟု သရုပ်ဆောင် ဆွေဇင်ထိုက်က သူ၏အမြင်အား ပြောဆိုပါသည်။
မိန်းကလေးတွေ ဘီယာသောက်တာ ဖက်ရှင်လား
ယခုနှစ်သင်္ကြန်ကာလတွင် မဏ္ဍပ်များ၌ ရေကစားထွက်သူ မိန်းကလေးငယ်များ၊ ရေပက်ခံထွက်သူ မိန်းကလေးငယ်များနှင့် လမ်းလျှောက် ရေပက်ခံသူ မိန်းကလေးအများစုပါ ဘီယာသောက်ခဲ့ကြသည်ကို တွေ့မြင်ရပြီး ဖက်ရှင်တစ်ခုအသွင်ဖြင့် သောက်သူလည်း များပြားခဲ့ကို တွေ့ မြင်ရသည်။ ပုံမှန်သောက်သုံးလေ့ရှိသူ မဟုတ်ခြင်း၊ ကိုယ်ခံစွမ်းအားချင်း နှိုင်းယှဉ်ပါကလည်း မိန်းကလေးမှာ ယောက်ျားလေးထက် နည်းပါးခြင်းကြောင့် ယခုနှစ်သင်္ကြန်တွင် အမူးလွန်သူ မိန်းကလေးများလည်း ရှိလာခဲ့ကာ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်း မရှိတော့ခြင်း၊ အရှက်အကြောက် တရားများ နည်းပါးသွားခြင်းများကိုပါ တွေ့မြင်လာခဲ့ရသည်။ “အခုနှစ် သင်္ကြန်မှာ ကောင်မလေးတွေ တော်တော်များများက ဘီယာဗူးတွေကိုင်ပြီး သောက်နေကြတာကို တွေ့ရတယ်။ ဘီယာသောက်တာကို ဖက်ရှင်တစ်ခု ပုံစံမျိုး ကျင့်သုံးလာကြတယ်။ တော်တော်လေးကို လွဲမှားတဲ့အယူအဆလို့ ဆိုနိုင်သလို အန္တရာယ်လည်း များပါတယ်။ ဘီယာမူးသွားဖို့ဆိုတာကလည်း ယောက်ျားလေးတစ်ယောက် ထက်ကို ပိုပြီးမြန်ဆန်နိုင်ပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲ အနေနဲ့တော့ ဆင်ခြင်တုံတရား၊ အရှက်အကြောက်  တရားဆိုတာတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်”ဟု လသာမြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သည့် မမိုးမိုးအောင်က ဆိုပါသည်။
ယခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်အချို့၌ မိန်းကလေးများသည် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများသာမက အနောက်တိုင်း အကများကိုလည်း လွန်ကျူးစွာ ကခုန်ခဲ့သည်များ ရှိခဲ့ပြီး အဆိုပါ မိန်းကလေးများတွင် အချို့မှာ လုပ်ငန်းသဘောတစ်ခုအဖြစ် မဏ္ဍပ်မှ ငှားရမ်းထားသူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ အချို့မှာ ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်ချက်ဖြင့် ပြောဆိုခြင်း၊ ကိုယ်အမူအရာပြခြင်းများ ပြုလုပ်သည့် အမျိုးသား အမျိုးသမီးများလည်း ရှိခဲ့ကြောင်း ရေကစားသူ များထံမှ သိရသည်။
“တချို့မဏ္ဍပ်တွေမှာ ကနေတဲ့ မိန်းကလေးတချို့က တော်တော်လေး ဆိုးကြတယ်။ အဲဒီတချို့ကမဏ္ဍပ်က သူတို့မဏ္ဍပ်စည်အောင် ဆိုတဲ့သဘောနဲ့ အလုပ်သဘော ငှားထားတာမျိုးတွေ ပါတယ်။ ဒီတော့ကကြတဲ့ မိန်းကလေး တွေကလည်း သူတို့အလုပ်သဘော သူတို့ပေါ့လေ။ ဒါပေမယ့် အဲဒါမျိုးတွေ ရှိနေတဲ့ အခါကျတော့ မိကောင်း ဖခင် သားသမီးလေးတွေ ဖြစ်ပေမယ့် ခေတ်လွန် ၀တ်စားထားကြတဲ့ မိန်းကလေးတွေကိုပါ အုတ်ရောရော ကျောက်ရောရော အထင်ခံစရာဖြစ်နိုင်တယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ ကိုကျော်မိုးက သုံးသပ်ခဲ့သည်။
မလုံ့တလုံ ၀တ်ဆင်ခြင်းဖြင့် ဥပဒေအရ အရေးယူခံရနိုင်
သင်္ကြန်ကာလတွင် ညစ်ညမ်းသော ပြုလုပ်ခြင်းများဖြစ်သည့် မလုံ့ တလုံ ၀တ်စားဆင်ယင်မှုများ၊ ထိုသို့ ၀တ်စားဆင်ယင်ကာ ညစ်ညမ်းသော အမူအရာပြုလုပ်ခြင်းများသည်  ရာဇ၀တ်မှုပင် မြောက်နိုင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄(က) အရပြစ်မှု ထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ (က)တွင် ပြဌာန်းထားသည်မှာ မည်သူမဆိုအခြားသူများ စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှုတစ်ခုခုကိုပြုလျှင် ထိုသူကိုသုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ဖြစ်ပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template