Headlines News :
Home » » NLD လွှတ်တော်တက်ရေး ဒီမိုကရေစီ အင်အားစုပါတီများ ကြိုးပမ်းမည်

NLD လွှတ်တော်တက်ရေး ဒီမိုကရေစီ အင်အားစုပါတီများ ကြိုးပမ်းမည်

Written By လွင့်မောင်မောင် on Tuesday, April 24, 2012 | 12:30 AM



ဒေါက်တာအေးမောင်
NLD လွှတ်တော်တက်ရောက်ရေး အတွက် လိုအပ်သောဖွဲ့စည်းပုံ အခြေခံဥပဒေပါဇယား(၄)တွင် ပါရှိသော စာသားအား ပြင်ဆင်ရန်အတွက် အမျိုးသားလွှတ်တော်တွင်တက်ရောက်နေသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာ အေးမောင် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ  ဒေါက်တာမြတ်ဉာဏစိုး တို့က  လွှတ်တော်တွင်း နေရာအများဆုံးရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီ၏ အခြေအနေကိုစောင့်ကြည့်ပြီးမှသာ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား သည်။

‘‘လွှတ်တော်ထဲမှာဆိုရင် USDP က အမတ်တွေက အများဆုံးပါပါတယ် ၊ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် ပြည်ထောင်စု  လွှတ်တော်မှာ တက်ရောက်နေတဲ့ အမတ် ၂၀ ရာခိုင်နှုန်း ၊ ရှိဖို့လိုအပ်ပါတယ်၊ ဒီဥပဒေကို ပြင်ဆင်ဖို့ တင်မယ်ဆိုရင် USDP က ပါတီအင်အား ပိုများတဲ့အတွက် မို့လို့ ဒီပါတီကြီးက NLD အမတ်တွေဝင်လာဖို့ တင်ပေးမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ USDP က မဆောင်ရွက်ခဲ့ရင် ကျွန်တော် နဲ့ ဒေါက်တာ အေးမောင် ပေါင်းပြီး တိုင်းရင်းသားပါတီတွေ ဒီမိုကရေစီ အင်အားစု  ပါတီတွေအား လုံး ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဒေါက်တာ မြတ်ဉာဏစိုး က ပြောကြားသည်။

‘၂၀ ရာခိုင်နှုန်း မှာ အမတ်ဦးရေ ၁၃၀ လောက်လိုအပ်တယ် ကျွန်တော်တို့မှာ အဲဒီ အမတ်အရေအတွက် မရှိဘူးရင်တောင် ကျွန်တော်တို့မရှုံးပါဘူး ၊ ကျွန်တော်တို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အမြတ် တစ်ခုလို့ ပဲ မြင်ပါတယ် ’’ ဟု ဒေါက်တာအေးမောင်က ဆိုသည်။

Yangon Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template