Headlines News :
Home » , » ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်တွေ့ဆုံခြင်း

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်တွေ့ဆုံခြင်း

Written By လွင့်မောင်မောင် on Wednesday, April 4, 2012 | 3:49 PM

ရှုမ၀အောင်(မြစ်မခ)
ဧပြီလ ၄၊ ရန်ကုန်မြို့။


မေး။   ။အန်တီအခုအနိုင်ရပြီဖြစ်တဲ့အတွက်ဘယ်လိုခံစားရပါသလဲ။ဘာပြောချင်ပါသလဲ။
ဖြေ။   ။အဲတော့ဘယ်လိုခံစားရလဲဆိုတော့ အန်တီတို့ရည်မှန်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်တီတို့ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်းပဲ အန်တီတို့အဖွဲ့ချုပ်အနေနဲ့ လွှတ်တွင်းကနေ ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ညီတဲ့ ပြုပြင်ပြောင်းလဲသင့်တာကိုဆက်လက်ပြီးတော့ အရှိန်အဟုန်နဲ့ ပိုပြီးတော့ ထိထိရောက်ရောက်ပြုပြင်ပြောင်းလဲသွားနိုင်မယ်လို့အန်တီတော့ယုံတယ်။

မေး။   ။NLD ဘာကြောင့် အနိုင်ရရှိတယ်ထင်ပါသလဲ။
ဖြေ။   ။အန်တီတို့ရဲ့ရပ်တည်ချက်ကလဲ စစ်မှန်တဲ့ရပ်တည်မှုဖြစ်တယ်လို့ဒါကို အန်တီတို့ကိုယ်တိုင်လဲယုံတယ် ပြည်သူလူထုကလဲ အန်တီတို့နဲ့ တစ်သားထဲပဲယုံကြည်မှုရှိတယ် ပြည်သူလူထုကလဲအန်တီတို့ကိုအားကိုးတယ် အားကိုးသလို အန်တီတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလဲ  ပြည်သူလူထုရဲ့ဆန္ဒ ပြည်သူလူထုရဲ့အခက်အခဲ ပြည်သူလူထုရဲ့ခံစားချက်ကိုအန်တီတို့ကအမြဲတစေသိနေတဲ့အတွက်ကြောင့်လို့အန်တီထင်တယ။်

မေး။   ။စည်းရေးဆင်းတဲ့နယ်မြေတွေမှာ ပြည်သူတွေကို ဘယ်လိုကတိတွေပေးခဲ့ပါသလဲ။
ဖြေ။   ။အန်တီတို့ကတော့ဘာပေးမယ်ညာပေးမယ်ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာကတိတွေ ဘာမှမပေးပါဘူး အန်တီတို့ ဘယ်လိုဝန်ဆောင်မှုတွေပေးနိုင်တယ်ဆိုတဲ့ ကိစ္စကိုပဲပြောပါတယ် အဲဒါဆိုတာကလဲ အန်တီတို့ကြီးပဲဟုတ်ဘူး ပြည်သူလူထုနဲ့ပူးပေါင်းပြီးတော့မှ အဲဒီပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ရှိတယ်ဆိုတဲ့ကိစ္စကိုပြောတာပါ အထူးသဖြင့်အခြေခံလူတန်းစားတွေခေါ်ရမယ့် လယ်ယာကဏ္ဍ အန်တီတို့ တိုင်းပြည်ကလယ်ယာကဏ္ဍ အဓိကထားပြီးတော့ရှင်သန်လာတဲ့နိုင်ငံပဲလေ အဲတော့ဒီကဏ္ဍမှာ ရှိနေလုပ်ကိုင်စားသောက်နေရတဲ့ ပြည်သူလူထုဘ၀အခြေအနေဟာမတိုးတက်ဘူးဆိုလို့ရှိရင် အန်တီတို့တိုင်းပြည်က ဘယ်တော့မှတိုးတက်မှာ မဟုတ်ပါဘူး ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံကနေလဲ ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ပါဘူး လူနည်းစုချမ်းသာလို့လဲ အန်တီတို့အနေနဲ့ ဖွံ့ဖြိုးအနည်းဆုံးနိုင်ငံကနေတက်လာနိုင်မှာမဟုတ်ပါဘူး ဒါကြောင့်မို့လို့ အဲဒီလို အခြေခံလူတန်းစားတွေရဲ့ လူမှုရေးဘ၀ လူမှုရေးစီးပွားရေး တိုးတက်ပြောင်းလဲဖို့အတွက်ကတော့ အန်တီတို့လုပ်ဖို့ရှိပါတယ်။


မေး။   ။ပါတီရဲ့မူမဟုတ်ပဲနဲ့ ပြည်သူတွေကို ဘာလုပ်ပေးမယ်လို့စဉ်းစားထားတာရှိပါသလား။
ဖြေ။   ။စဉ်းစားထားတာရယ်လို့မဟုတ်ဘူး အန်တီက လက်တွေ့လုပ်နေတာ အန်တီက ပညာရေးဝန်ထမ်းကနေ အငြိမ်းစားယူခဲ့တယ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့မှာလဲ အန်တီက ပညာရေးစီမံကိန်းအရာရှိနဲ့ တစ်ဆယ့်ငါးနှစ်လုပ်ခဲ့တယ် အဲဒီအတွက်ကြောင့်အန်တီက ကိုယ်ထူကိုယ်ထရပ်ရွာက ဖွင့်တဲ့ကျောင်းတွေပဲဖြစ်ဖြစ်  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာပဲဖြစ်ဖြစ် သင်နေတဲ့ ဆရာဆရာမလေးတွေအတွက် အန်တီက နည်းပညာပိုင်းဆိုင်ရာ အဓိကထားပြီးတော့ ပံ့ပိုးမှုလုပ်ငန်းလေးတွေလုပ်တယ် အခုဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖွင့်ထားတဲ့  ဒေါ်အောင်ဆန်းစုကြည်ဖွင့်ထားတဲ့ အမေ့အိမ် စာသင်ကျောင်းလေးတွေအတွက် အန်တီတို့ ဆရာဆရာမတွေအတွက် အန်တီသင်တန်းတွေလုပ်ပေးနေပါတယ်။


မေး။   ။လွှတ်တော်ထဲရောက်သွားရင်ပထမဆုံးဘယ်လို အဆိုတင်သွင်းမယ်လို့ကြိုတင် စဉ်းစားထားရှိပါသလား။
ဖြေ။   ။အဲလိုတော့စဉ်းစားထားတာမရှိပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဒါကဘယ်လိုအခြေအနေရှိလို့ ဘယ်အရာက အဓိကအရေးကြီးဆုံးဖြစ်လာမယ်ဆိုတာမသိနိုင်သေးတဲ့အချိန်မှာ ဒီလိုစဉ်းစားထားတာမရှိပါဘူး ဒါပေမယ့် အခြေအနေနဲ့ အခွင့်အလမ်း ရှိရင်ရှိလာသလိုတော့လိုအပ်တဲ့ကိစ္စတွေဖြစ်လာမယ်ဆိုရင် အဆိုတင်သွင်းသွားမှာပါ။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template