အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲစွယ်စည်းရုံးပွဲကိုမတ်လ(၂၉)ရက်နေ့တွင်
အနုပညာရှင်များသည် မဲပညာပေးစည်းရုံးရေးခရီးစဉ်နှင့်
ဖျော်ဖြေရေးခရီးစဉ်တို့ကိုစစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ပုလဲမြို့တွင်
လာရောက်ဖျော်ဖြေနေချိန်တွင်
စစ်ကိုင်းတိုင်း၊ ၀င်းကုန်းရွာရှိ ပြည်သူပြည်သားအပေါင်းတို့သည်
ရွာလုံးကျွတ်သွားရောက် အားပေးကြည့်ရှု့နေစဉ် ၀င်းကုန်းရွာ
တစ်ရွာလုံးနီးပါးနေ့လည် (၂း၁၅)နာရီတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ရွာလုံးကျွတ်မီးလောင်ကျွမ်းရာတွင် အိမ်ခြေ(၁၅၀)မီးလောင်ကျွမ်းခဲ့ပြီး
၊လူဦးရေ(၁၀၀၀)ကျော်အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သည်။
စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ် ၀င်းကုန်းရွာသည်
အလောင်းတော်ကဿဖတောင်ခြေတွင် တည်ရှိပြီးလမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့်အပြင်
သောက်ရေသုံးရေအလွန်ရှားပါးသောဒေသဖြစ်သည်။ ပုလဲမြို့မှ
မီးသတ်ကားများလာရောက်ငြိမ်းသတ်ခဲ့သော်လည်းမီးလောင်ကျွမ်းမှုကို
ငြိမ်းသတ်ဖို့
အခက်အခဲများအများအပြားကြုံတွေ့ခဲ့ရပြီးတစ်ရွာလုံးနီးပါးလောင်ကျွမ်းခံခဲ့ရခြင်း
ဖြစ်ပါသည်။
ထိုသတင်းကိုနာရေးကူညီမှုအသင်း(ရန်ကုန်)သည်နာရေး၊
ကျန်းမာရေးကူညီစောင့်ရှောက်မှုများအပြင်
နွေရာသီအင်္ဂလိပ်စာသင်တန်းအားကလေးငယ်(၈၀၀)ကျော်ခန့်ကိုသင်ကြားပေးနေရသောအချိန်ကာလလည်းဖြစ်နေသလိုသတင်းမီဒီယာများမှလည်းရွေးကောက်ပွဲကိစ္စရပ်များကိုသာအသားပေးတင်ပြနေခြင်းကြောင့်
မတ်လ(၃၁)ရက်နေ့ မှ
ရွာလုံးကျွတ်နီးပါးမီးလောင်မှုသတင်းအားနာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ
ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ ကြားသိခဲ့ရသည်။
ထို့ကြောင့် ထိုသတင်းကို ကြားလျှင်ကြားခြင်းမတ်လ (၃၁)ရက်နေ့
ညနေရွှေစင်စင်္ကြာံခရီးသွားမော်တော်ယာဉ်ဖြင့်
နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသားဒေါ်ခင်ထားထားအောင်(ပျားလီ)နှင့်
ဦးအောင်စိုးတို့နှစ်ဦးအားမီးဘေးကယ်ဆယ်ရေးထောက်ပံ့အလှူငွေ
သိန်း(၅၀၀၀၀၀၀ိ/-)ကျပ်
(ကျပ်သိန်းငါးဆယ်တိတိ)ကိုမီးဘေးဒုက္ခသည်များကိုကူညီထောက်ပံ့ရန်အတွက်
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အရေးပေါ်ဆုံးဖြတ်ချက်ချပေးခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသားဒေါ်ခင်ထားထားအောင်(ပျားလီ)နှင့်
ဦးအောင်စိုးတို့နှစ်ဦးတို့သည် ပထမဦးစွာယင်းမာပင်မြို့ပေါ်ရှိ NLD
ရုံးသို့ ဧပြီလ(၁)ရက်နေ့ နံနက်(၈း၀၀)နာရီတွင် ရောက်ရှိခဲ့ကာယင်းမာပင် NLD
မြို့ခံဖြစ်သူဒေါ်ကြည်ကြည်မာ၊ ကိုဇော်မြင့်၊ ကိုဟိန်းနေအောင်၊
ကိုကျော်လင်းအောင် ၊ ကိုထွန်းမြင့်ချိုတို့အကူအညီဖြင့်ယင်းမာပင်မြို့မှ
မိုင်(၃၀)အကွာတောင်ခြေတွင်ရှိသော ၀င်းကုန်းရွာသို့ ဆိုင်ကယ်များဖြင့်
သွားရောက်ခဲ့ရာနေ့လည် (၁၁း၀၀)နာရီအချိန်တွင် ၀င်းကုန်းရွာ
သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းသို့
ရောက်ရှိခဲ့သည်။ထိုဝင်းကုန်းရွာရှိသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင်
သီရိလင်္ကာနိုင်ငံရှိဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူကိုတည်ထားကိုးကွယ်ထားရှိသည်။
ဝင်းကုန်းရွာ
တစ်ရွာလုံးမီးလောင်ကျွမ်းခဲ့သော်လည်းသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတည်းသာမီးဘေးမသင့်ခဲ့ခြင်းသည်
သီရိလင်္ကာဗုဒ္ဓမြတ်စွယ်တော်၏ တန်ခိုးတော်ကြောင့်လားတော့မသိချေ။
ယင်းသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင်
မီးဘေးဒုက္ခသည်လူဦးရေ(၁၀၀၀)အားကူညီစောင့်ရှောက်ကျွေးမွေးကာကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည်။
ဆရာတော်ကြီးအားဦးတိုက်ကာမီးဘေးသင့် မိသားစုဝင်များအား တစ်အိမ်ထောင်လျှင်
အလှူငွေ (၃၀၀၀၀ိ/-)ကျပ်လှူဒါန်းခဲ့ကာသီရိမင်္ဂလာဘုန်းတော်ကျောင်းတိုက်
ဆရာတော်အားအလှူငွေ (၅၀၀၀၀၀ိ/-)ကျပ် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။
ထို့ကြောင့်
နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့်နေ့ထူးနေ့မြတ်များ၊အစိုးရရုံးပိတ်ရက်များနှင့်
ယခုကဲ့သို့ မဲဆန္ဒပေးပွဲနေ့ရက်များပါမကျန် မြန်မာပြည်သူလူထုတို့၏ နာရေး၊
ကျန်းမာရေး၊ ပညာရေး နှင့်
ရန်သူမျိုးငါးပါးဒဏ်ကိုခံစားရသောဒုက္ခသည်များအားမိမိတို့နိုင်သလောက်
လူစွမ်းအား၊ ငွေအင်အားတို့နှင့်တကွ ဗြဟ္မာစိုတရားလေးပါးကိုလက်ကိုင်ပြုကာ
အစဉ်ထာဝရ ပေးဆပ်နေဆဲပင်ဖြစ်တော့သည်။
အချုပ်ဆိုရသော် ဧပြီလ (၁)ရက်နေ့သည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏
အောင်ပွဲခံသည့်နေ့ဖြစ်သလိုနာရေးကူညီမှုအသင်း(ရန်ကုန်) (F.F.S.S)၏
ပေးဆပ်မှုနေ့တစ်ရက် ဆိုလျှင်လည်းမမှားချေ။
ကျော်သူ (ဖေ့စ်ဘုတ်)
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago