မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို ဧပြီလ ၁
ရက်နေ့တွင် စတင်ထုတ် ပေးမည့်အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ ကြောင်း
စုံစမ်းသိရှိရပါသည်။
''E-visa စနစ်စတင်နိုင်မယ့် အချိန်ကို
ထပ်မံပြီး သတင်းထုတ်ပြန်ပေးသွားမှာပါ။ အခုလောလောဆယ်တော့ ဒီစနစ်ကို
စတင်နိုင်ခြင်း မရှိသေးပါဘူး''ဟု E-visa စနစ်အား အကောင်အထည်ဖော်နေသည့်
Myanmar Ease Net Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခင်က
ဧပြီလ ၁ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအား
E-visa အား ထုတ်ပေးနိုင်ရန် စီစဉ်မှုများရှိခဲ့ရာ နိုင်ငံအသီးသီးမှ E-visa
လျှောက်ထားသူများသည် http://www.myanmarevisa.gov.mm သို့ ၀င်ရောက်ကာ လျှောက်လွှာဖြည့်သွင်းပြီး ဗီဇာလျောက်ထားခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago