ရခိုင်ပြည်နယ် စိုင်းဒင်ရေ အားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုနိုင်ရန် အတွက် ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ China Datang oversea Investment Co,ltd., (CDOIC) မှ လာရောက်ကာ ဆောက်လုပ်မည့် နေရာ၊ ကျောက်အမျိုးအစားများကို လေ့လာခဲ့ကြောင်းနှင့် အမေရိကန် နှင့် ဂျပန်ကုမ္ပဏီများ၏ အစီရင်ခံစာကိုလည်း အခြေခံထား လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
စိုင်းဒင်စီမံကိန်းကို ၁၉၅၄ ခုနှစ်တွင် အမေရိကန်နိုင်ငံH Kna ppen-Tippetts Abbet-Mc Carthy ကုမ္ပဏီမှ ကြိုတင်ဖြစ် မြောက်နိုင်စွမ်း အစီရင်ခံစာ (Pre-Design Studies Report) ကို ရေးဆွဲကာ တင်ပြခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် အမှတ်(၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ စိုင်းဒင် ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ဂျပန်နိုင်ငံ Newjec Inc အား တာဝန်ပေး ဆောင်ရွက်စေခဲ့ရာ ယင်းတို့အနေ ဖြင့် တိုင်းရင်းသား ကုမ္ပဏီတစ်ခု ဖြစ်သည့် အနာဂတ်စွမ်းအား (ရွှေတောင်) ကုမ္ပဏီ လီမိတက်နှင့် လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေ့လာချက်အရ စိုင်းဒင်ရေတံခွန်မှာ သဘာဝအလှတရား များနှင့် ပြည့်စုံသည့်ဒေသတစ်ခု ဖြစ်ကြောင်းသိရပြီး Dam ဆောက်လုပ်ပြီးပါက သဘာဝအလှများ ပျောက်ကွယ်နိုင်သည့်အပြင် ရေတိုက်စားခြင်းနှင့် နှုန်းမြေဖို့ ခြင်းကြောင့် မြစ်ကြောင်းမှာ တမံ အောက်ပိုင်းတွင် ပြောင်းလဲ သွားနိုင်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်သည် မိုးတွင်းကာလ မိုးသည်းထန်ပြီး နွေရာသီခြောက်သွေ့သဖြင့် Dam ဆောက်လုပ်ရာတွင် ခိုင်မာမှုကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကာ အမေရိကန်နှင့် ဂျပန်ကုမ္ပဏီတို့၏ တင်ပြချက်များကို အခြေပြုကာ တရုတ်နည်းပညာဖြင့် ပေါင်းစပ်ကာ ပြင်ဆင်သင့်သည်များကို အခြေပြု ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။