Pages
▼
G8 Summit စတင်ကျင်းပ
အမေရိကန်ပြည်ထောင်စုတွင်
ကျင်းပသည့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ၈ နိုင်ငံ၏ အစည်းအဝေး (G8 Summit)
ကို မေရီလန်းပြည်နယ်ရှိ Camp David တွင် စတင်ကျင်းပခဲ့သည်။ အမေရိကန်သမ္မတ
အိုဘားမားနှင့် G8 Summit သို့ တက်ရောက်လာသည့် ခေါင်းဆောင်များကို
တွေ့ရသည်။
မူစယ်မြို့တွင် တရုတ်ကားများအား ညအိပ်ခွန်ကောက်

တရုတ် - မြန်မာနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် တရုတ်နိုင်ငံဘက်မှ ၀င်ရောက်လာသည့် ကားများအပေါ် ယခုလဆန်းပိုင်းမှစ၍ ညအိပ်ခွန်ကောက်ခံနေကြောင်း သိရသည် ။
မူစယ်မြို့အုပ်ချုပ်ရေးအဖွဲ့ရုံးမှ ကောက်ခံနေခြင်း ဖြစ်ပြီး ညအိပ်ခွန် တစ်လအတွက် ကျပ်ငွေ ၁ သိန်းနှင့် ၇ ရက်တစ်ပတ်စာ ကျပ် ၅ သောင်း ပေးဆောင်ရကြောင်း မူစယ်မြို့ပေါ်ရှိ တရုတ်ကားပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
လာမည့် ဇွန်လအတွင်း ဗြိတိန်နိုင်ငံသို့ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည်
- လာမည့် ဇွန်လအတွင်း ဗြိတိန်နိုင်ငံသို့ သွားရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်လွှတ်တော်နှစ်ရပ်တွင် အစိုးရဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ ထွက်ခွာ၍ ပြည်ပခရီးစဉ် သွားရောက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်ကို ဇွန်လ ၁၈ ရက်တွင် စတင်ဖွယ်ရှိပြီး သူမ၏ ပြည်ပခရီးစဉ်အတွင်း ဗြိတိန်နှင့် နော်ဝေးတို့အပြင် အိုင်ယာလန်သို့လည်း သွားရောက်မည်ဟု မျှော်လင့်ရကြောင်း The Guardian ကဆိုသည်။
Photo: AP
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကျန်းမာသွားပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေးများ ပြောကြား
Saturday, 19 May 2012 14:48 |
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်သော တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့်အတူ မေလ ၁၄ ရက်နေ့က
နိုင်ငံတော်သမ္မတ အိမ်တော်၌ တွေ့ရစဉ် (ဓါတ်ပုံ-နိင်ငံတော် သမ္မတရုံး
ဝက်ဘ်ဆိုက်)
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကျန်းမာသွားပြီဖြစ်ကြောင်း နိုင်ငံတော်
သမ္မတ အကြံပေးများက မေလ ၁၉ ရက်နေ့တွင် အတည်ပြုပြောကြား ခဲ့ပါသည်။''သမ္မတကြီး ကျန်းမာသွားပါပြီ။ အပရိကပါ။ ပင်ပန်းသွားလို့ ဖြစ်တာပါ''ဟု နိုင်ငံတော်သမ္မတ အကြံပေးက မေလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။ ထို့ပြင် အခြား နိုင်ငံတော် သမ္မတ အကြံပေးတစ်ဦးကလည်း နိုင်ငံတော်သမ္မတ ဘာမှ မဖြစ်ကြောင်း နှင့် နေပြည်တော်မှ ရန်ကုန်မြို့သို့လာသည့်အခါတွင် ခရီးပန်းသွား၍ ဖြစ်ကြောင်း မေလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ရန်ကုန်မြို့တွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် နေပြည်တော်သို့ မေလ ၁၉ ရက်နေ့တွင် ပြန်ရန် စီစဉ်ထားကြောင်း ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ နှလုံးခုန်ထိန်းညှိစက် ထည့်ထားရသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မူးလဲသွားပြီး နေမကောင်းဖြစ်နေသည်ဆိုသည့် သတင်းများမေလ ၁၇ ရက်နေ့မှစ၍ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး နောက်ပိုင်း ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုများ ရှိခဲ့ပြီး နိုင်ငံတော်သမ္မတရုံးသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုများ ရှိခဲ့ကြောင်း သိရသည်။ |
မြန်မာ့ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်အြကြံပြုပြောကြား
မြန်မာ့ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့်အချက်များကို ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီ HTC
မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ပီတာချူး (မြန်မာအမည်-
ဦးဝင်းသန်း)က ရန်ကုန်မြို့တွင် မေလ ၁၉ ရက်နေ့က
အကြံပြုပြောကြားခဲ့သည်။
ထိုသို့ ပြောကြားရာတွင် အချက် နှစ်ချက်ကို အဓိကထား ပြောကြားသွားပြီး ၎င်းတို့မှာ မိုဘိုင်း အခြေခံအဆောက်အအုံ (infrastructure) ကို တစ်ခါတည်းနှင့် ကောင်းအောင် လုပ်သင့်ကြောင်း၊ ယင်းက အလွန်အရေးကြီးကြောင်း၊ မကောင်းသည့် infrastructure ကို မလုပ်ဘဲနှင့် တစ်ခါတည်းနှင့် အကောင်းဆုံး လုပ်သင့်ကြောင်း၊ မြန်မာစာကို မိုဘိုင်းဖုန်းထဲတွင် လွယ်လွယ်ကူကူ သုံး၍ ရရန် လုပ်သင့်ကြောင်း၊ ယင်းမှာ အရေးကြီးကြောင်း၊ အဆိုပါအချက် နှစ်ချက်ကို သေချာလုပ်သင့်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်လိုပါက အချိန်အားဖြင့် နှစ်နှစ်၊ သုံးနှစ်သာ အချိန်ပေးရန် လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆက်လက် ၍ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီ HTC မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ပီတာချူး (မြန်မာအမည်-ဦးဝင်းသန်း) နှင့် KMD ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသောင်းတင်တို့ ပူးပေါင်း၍လူငယ်များအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့က မေလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ပြုလုပ်ခဲ့သည့် ပီတာချူး၏ ဟောပြောတွေ့ဆုံဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဖောင်ဒေးရှင်းကို ''စဥ့်ကူ'' ဖောင်ဒေးရှင်းဟု ခေါ်ဝေါ်သွားမည်ဖြစ်ပြီး ဖောင်ဒေးရှင်းမှနေ၍ နည်းပညာစိတ်ဝင်စားသည့်လူငယ်များ
အား ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။
မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ပီတာချူး (မြန်မာအမည်-
ဦးဝင်းသန်း)က ရန်ကုန်မြို့တွင် မေလ ၁၉ ရက်နေ့က
အကြံပြုပြောကြားခဲ့သည်။
ထိုသို့ ပြောကြားရာတွင် အချက် နှစ်ချက်ကို အဓိကထား ပြောကြားသွားပြီး ၎င်းတို့မှာ မိုဘိုင်း အခြေခံအဆောက်အအုံ (infrastructure) ကို တစ်ခါတည်းနှင့် ကောင်းအောင် လုပ်သင့်ကြောင်း၊ ယင်းက အလွန်အရေးကြီးကြောင်း၊ မကောင်းသည့် infrastructure ကို မလုပ်ဘဲနှင့် တစ်ခါတည်းနှင့် အကောင်းဆုံး လုပ်သင့်ကြောင်း၊ မြန်မာစာကို မိုဘိုင်းဖုန်းထဲတွင် လွယ်လွယ်ကူကူ သုံး၍ ရရန် လုပ်သင့်ကြောင်း၊ ယင်းမှာ အရေးကြီးကြောင်း၊ အဆိုပါအချက် နှစ်ချက်ကို သေချာလုပ်သင့်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်လိုပါက အချိန်အားဖြင့် နှစ်နှစ်၊ သုံးနှစ်သာ အချိန်ပေးရန် လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆက်လက် ၍ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီ HTC မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ပီတာချူး (မြန်မာအမည်-ဦးဝင်းသန်း) နှင့် KMD ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသောင်းတင်တို့ ပူးပေါင်း၍လူငယ်များအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့က မေလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ပြုလုပ်ခဲ့သည့် ပီတာချူး၏ ဟောပြောတွေ့ဆုံဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဖောင်ဒေးရှင်းကို ''စဥ့်ကူ'' ဖောင်ဒေးရှင်းဟု ခေါ်ဝေါ်သွားမည်ဖြစ်ပြီး ဖောင်ဒေးရှင်းမှနေ၍ နည်းပညာစိတ်ဝင်စားသည့်လူငယ်များ
ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲ
ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲ
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ လက်ဆွဲ နှုတ်ဆက်နေစဉ်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ တက်ရောက်လာသူများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဗိုလ်ချုပ်ကြီးစိုးဝင်း
၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
၃။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
၎။ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး
၅။ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး
၆။ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်
၇။ ဗိုလ်ချုပ်စိုးထွဋ်
၈။ ဗိုလ်ချုပ်သန်းထွန်း
၉။ ဗိုလ်မှုးချုပ်ထွန်းထွန်းနောင်
၁၀။ ဗိုလ်မှုးကြီးကျော်စိုးဝင်း
၁၁။ ဗိုလ်မှုးကြီးအောင်သူ
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ တက်ရောက်လာသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်
၂။ ဦးတင်ခေး
၃။ ဦးစ၀်ခွန်ဆိုင်း
၎။ ဦးအောင်မောင်း
၅။ ဦးစ၀်ဟန်ယောင်ဟွေ
၆။ ဦးဘောင်ခေး
၇။ ဦးစိုင်းလူး
၈။ ဦးအောင်တိန်း
၉။ ဦးစ၀်ပင်ခမ်း
၁၀။ ဦးစ၀်ခွန်မိဏ်း
၁၁။ ဦးစိုင်းငင်း
၁၂။ ဦးစိုင်းဟန်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် လက်ရှိအချိန်ထိ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
၁။ ဗိုလ်ချုပ်ကြီးစိုးဝင်း
၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
၃။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
၎။ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး
၅။ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး
၆။ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်
၇။ ဗိုလ်ချုပ်စိုးထွဋ်
၈။ ဗိုလ်ချုပ်သန်းထွန်း
၉။ ဗိုလ်မှုးချုပ်ထွန်းထွန်းနောင်
၁၀။ ဗိုလ်မှုးကြီးကျော်စိုးဝင်း
၁၁။ ဗိုလ်မှုးကြီးအောင်သူ
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင
၁။ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်
၂။ ဦးတင်ခေး
၃။ ဦးစ၀်ခွန်ဆိုင်း
၎။ ဦးအောင်မောင်း
၅။ ဦးစ၀်ဟန်ယောင်ဟွေ
၆။ ဦးဘောင်ခေး
၇။ ဦးစိုင်းလူး
၈။ ဦးအောင်တိန်း
၉။ ဦးစ၀်ပင်ခမ်း
၁၀။ ဦးစ၀်ခွန်မိဏ်း
၁၁။ ဦးစိုင်းငင်း
၁၂။ ဦးစိုင်းဟန်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် လက်ရှိအချိန်ထိ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
"ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလာတာဟာ
ပြည်ထောင်စုအဆင့်ဆိုရင်ပဲ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ၁၆ ရက် ၁ လ ၂၀၁၂ ခုနှစ်မှာ
ပထမအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပါတယ်။ အခု
ကျွန်တော်တို့ ဒုတိယအကြိမ် ဆွေးနွေးမှာကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့
အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ၁၆ ရက် ၁ လ ၂၀၁၂ ခုနှစ်မှာ ဆွေးနွေးခဲ့ကြတဲ့
အချို့လုပ်ငန်းပိုင်းဆိုင်ရာ လက်တွေ့အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ
ရှိနေတာကို ပြန်လည်ပြီး
ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။
အိုလံပစ်မီးရှူးတိုင် လန်ဒန်ရောက်ပြီ
Saturday, May 19, 2012 Eaint Than Zin

၂၀၁၂ နှစ် လန်ဒန် အိုလံပစ်အတွက် လန်ဒန်ကနေ မိုင်ပေါင်း ၈၀၀၀ လောက်ဝေးတဲ့ ဂရိနိုင်ငံ၊ အေသင်မြို့ကနေ ရက်ပေါင်း ၇၀ ကြာ လက်ဆင့်ကမ်း သယ်ဆောင် လာတဲ့ အိုလံပစ် မီးရှူးတိုင်ဟာ ဒီကနေ့ပဲ လန်ဒန်ကို ရောက်လာ ပါပြီ။
ဒါဟာ နှစ်ပေါင်း ၆၄ နှစ် အတွင်းမှာ ဗြိတိန်နိုင်ငံအတွက် ပထမဆုံး အိုလံပစ်မီးရှူးတိုင် ဆိုက်ရောက်လာခြင်းလည်းဖြစ်ပါတယ်။
အဲဒီ အိုလံပစ်မီးရှူးတိုင်ကို အင်္ဂလန်လက်ရွေးစင် ဘောလုံး ကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်းက မီးထွန်းညှိပေးပါ တယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံး တံခါးဖွင့်ထား
![]() |
ဓာတ်ပုံ Kyae Mon
မြန်မာနိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်ကို နယူးယောက်မြို့ရှိ မြန်မာသံရုံးတွင်
ဒေါ်ခင်စိုးဝင်း(ဗွီအိုအေ-မြန်မာဌာန) မှ သီးသန့်တွေ့ဆုံမေးမြန်းစဉ်။ (မေလ ၁၈
ရက်၊ ၂၀၁၂။)
|
ဦးမြင့် အကြံ လက်မခံ
by FNG on May 19, 2012
ပါ
“ဖွတ်ထွက် မှ တောင်ပို့ မှန်းသိတယ်” ဟု လူမှု ကွန်ယက် များ တွင် လတ်တလော ရေးသား ထား ခြင်းမှာ မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ အကြံပေး အဖွဲ့  ၀င် တစ်ဦး ဖြစ်သူ ဒေါက်တာ ဦးမြင့် ၏ အာ
ဏာရ အသိုင်းအ၀န်း များ နှင့် ပူးပေါင်း စည်း ပွား ရှာခဲ့ သည့် ခရိုနီ ဆိုသော လူတန်း စား တစ်ရပ်
ကို အရေး ပေး ရန် သူ ၏ တိုက် တွန်း ပြော ဆို မှု ကြောင့် ဖြစ်သည် ဟု FNG မှ သိရှိ ရသည်။
စီးပွား ရေး နှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာနက ပြု လုပ် သည့် အစည်း အဝေး တစ်ခု တွင်
ခရိုနီ များ သည် လည်း နိုင်ငံ ကို ချစ်သူ ဖြစ်သော ကြောင့် လက်တွဲ ခေါ်ရန် တိုက် တွန်း ပါသည် ဟု
သူ ၏ အဆို ကို ပြောကြား ခဲ့ သည်။
ရန်ကုန်မြို့လူထု ၆ နာရီ တစ်ကြိမ် အလှည့်ကျ မီးရမည်
![]() |
230 KV မဟာ ဓါတ်အားလိုင်းအားတွေ့ ရစဉ်(ဓါတ်ပုံ-Google Images) |
ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နှင့် မိုင် ၃၀ ခန့် အကွာ ရွှေလီနှင့် မန်ဆန် ကြားရှိ 230 KV မဟာ ဓါတ်အားလိုင်း အား ယနေ့နံနက် ၂ နာရီ ၄၇ မိနစ် ခန့်တွင် ဖေါက်ခွဲ ဖျက်ဆီး ခြင်းခံရသည့်အတွက် မေလ ၂၁ရက် နေ့မှ စတင်ကာ ရန်ကုန်စက်မှုဇုံများအား လျှပ်စစ်ဓါတ်အား ဖြတ်တောက်၍ ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ် များအား ၆နာရီ တစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်ဓါတ်အား ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က ယနေ့နံနက်တွင်ပြုလုပ်သော အရေးပေါ် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ၌ ပြောပြခဲ့သည်။
ပြီးခဲ့သည် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်းကလည်း ရွှေလီ ရေအား လျှပ်စစ် စီမံကိန်း မန်ဆန် ဓါတ်အားပေးစက်ရုံခွဲ ၏ ခြံစည်းရိုးအနီးတွင် ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်။
The Voice Weekly
ရွှေနံသာ တောင်သူလယ်သမားတွေ ကုမ္ပဏီထောင်
မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာက တောင်သူလယ်သမားတွေက မိမိတို့လယ်ယာတွေကို စက်မှုလယ်ယာအဆင့် ကုန်ထုတ်လုပ်မှုဖြစ်ပေါ်ရေး
အတွက် နေပြည်တော်မှာ မနေ့က ကုမ္ပဏီ မှတ်ပုံတင်ခဲ့ကြတယ်လို့ သိရပါတယ်။
လယ်သမားကိုယ်စားလှယ် (၉) ဦးနဲ့ သူတို့ကို အကူအညီပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဝင် ၂ ဦးတို့က နေပြည်တော်ရုံး အမှတ်(၃၂)မှာ သွားရောက်ပြီး ရွှေဝါစုပေါင်းညီညာ ဆိုတဲ့ အမည်နဲ့ ကုမ္ပဏီ မှတ်ပုံတင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလို တောင်သူလယ်သမားတွေ ကိုယ်ပိုင်ကုမ္ပဏီထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက အခုလို ရှင်းပြပါတယ်။
ကချင် စစ်ဘေးဒုက္ခသည်များကို ၈၈ တို့ ဦးဆောင် ထပ်မံ ကူညီရန်ရှိ
ကချင် စစ်ဘေးဒုက္ခသည်များကို ၈၈ တို့ ဦးဆောင် ထပ်မံ ကူညီရန်ရှိ
Saturday, May 19, 2012
Eaint Than Zin

မေလ ၁၈ ရက်နေ့
ဓာတ်ပုံ-
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ထားဝယ်မြို့
စည်ပင်သာယာဈေးကြီးအတွင်း ဒေသခံ အလှူရှင်တဦးက ကချင်စစ်ဘေး
ဒုက္ခသည်များအတွက် အလှူငွေပေးအပ်စဉ်
(လင်းသန့် ရေးသားပေးပို့သည်)
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လက်တွေ့ကျကျ အကောင်အထည်ဖော်သည့်အနေဖြင့် ၈၈ မျိုးဆက် ကျောင်းသား များက ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်များကို မိုးမကျမီ အချိန်မီ အကူအညီများပေးနိုင်ရေး ပြင်ဆင်နေကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပြောသည်။
“ကိုယ့်သွေးချင်းတွေကို စာနာထောက်ထားမှုရှိတဲ့ သူတွေ အနေနဲ့ ၈၈ ရုံးခန်းကို လာရောက်ပြီး လှူဒါန်းနိုင်ပါတယ်။ ကချင် ဒုက္ခသည်တွေကို မိုးမကျခင်ကို အကူအညီပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ၈၈ မျိုး ဆက်ကျောင်းသား ခေါင်း ဆောင် ကိုကိုကြီးက ဧရာဝတီကိုပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် မြန်မာပြည်တောင်ဖျား တနင်္သာရီတိုင်း ထားဝယ်၊ လောင်းလုံမြို့နယ်များသို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ်သွားရာတွင်လည်း ထိုဒေသရှိ ဒေသခံများက ကချင်ပြည်နယ်က စစ်ဘေး ဒုက္ခသည်များအတွက် အလှူငွေများ ၄င်းတို့ကို တဆင့် လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
“မြန်မာပြည် မြောက်ဖျားမှာ ဖြစ်နေတဲ့ဟာကို မြန်မာပြည်တောင်ဖျားက ပြည်သူတွေက လက်သည်းဆိတ် လက်ထိပ်နာ တယ်။ ဟိုမှာ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေဟာ ငါတို့အသွေးအသားတွေပဲဆိုတာကို ခံစားပြီးတော့ သူတို့ ချွေးနည်းစာ လေးတွေနဲ့ ရွာသူရွာသားတွေရဲ့ ရွာစဉ်အလိုက် အလှူငွေတွေ ကျနော်တို့ကို ပေးလိုက်တာ၊ အဲဒါ အခုထိ ၁၂ သိန်းလောက် ရတယ်” ဟု ကိုကိုကြီးက ရှင်းပြသည်။
ယခုကဲ့သို့ ထားဝယ်ခရီးစဉ်အတွင်း ကချင်စစ်ဘေး ဒုက္ခသည်များအတွက် ပြည်ထောင်စုသားအချင်းချင်း ၀ိုင်းဝန်း အကူ အညီပေးမှုသည် အလွန်မွန်မြတ်ကြောင်း၊ စစ်ပွဲများ ရပ်စဲကာ တိုင်းပြည် အမြန်ဆုံး ငြိမ်းချမ်းသွား စေရေး ပြည်သူလူထုက အမှတ်တကယ်လိုလားသည်ကို ပြသခြင်းလည်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
အီရန်အား တိုက်ခိုက်ရန် အမေရိကန်က စစ်ရေးအရ အဆင်သင့်ပြင်ဆင်ထား
အီရန်နိုင်ငံ၏
နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ကြိုးပမ်းမှုအား ရပ်တန့်ရန်
နိုင်ငံတကာဖိအားပေးမှု မအောင်မြင်ခဲ့လျှင် အီရန်အား တိုက်ခိုက်ရန် အမေရိကန်က
စစ်ရေးအရ အဆင်သင့်ပြင်ဆင်ထားကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်
ဒန်နီယယ် ရှပီရိုက ယခု သီတင်းပတ်အတွင်း ပြောကြားသည်။
အိုလံပစ်မီးရှူးတိုင် ဗြိတိန်သို့ရောက်ရှိ
Planet Myanmar Network
၂၀၁၂
လန်ဒန် အိုလံပစ်ပြိုင်ပွဲ ကျင်းပရာ ဗြိတိန်နိုင်ငံသို့ ဂရိနိုင်ငံမှ
သယ်ဆောင်လာသော အိုလံပစ်မီးရှူးတိုင်မှာ ကြာဿပတေးနေ့က ရောက်ရှိလာပြီဖြစ်ပြီး
အင်္ဂလန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း အပါအဝင် လန်ဒန်အိုလံပစ်
ကိုယ်စားလှယ်အဖွဲ့က တရားဝင် လက်ခံခဲ့ကြသည်။
TOLED screen နည်းပညာသုံး TV ပုံစံ
အနာဂတ်ကာလ TV screen
မှာ TV ပိတ်လိုက်သည့်အချိန်တွင် မှန်တစ်ချပ်ကဲ့သို့ ထိုးဖောက်မြင်နိုင်သော
TOLED နည်းပညာသုံး screen ဖြစ်လာနိုင်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ နည်းပညာမြင့် မျိုးဆက်သစ်အနာဂတ် TV များ ထုတ်လုပ်ရန် မဖြစ်နိုင်သေးသော်လည်း ၂၀၁၁ ခုနှစ်အတွင်း ကျင်းပခဲ့သည့် iF Concept Design ပြိုင်ပွဲတွင် TOLED screen နည်းပညာသုံး TV ပုံစံကို ဒီဇိုင်းပညာရှင် Michale Friebe က ပြသခဲ့သည်။
လက်ရှိအချိန်တွင် အဆိုပါ နည်းပညာမြင့် မျိုးဆက်သစ်အနာဂတ် TV များ ထုတ်လုပ်ရန် မဖြစ်နိုင်သေးသော်လည်း ၂၀၁၁ ခုနှစ်အတွင်း ကျင်းပခဲ့သည့် iF Concept Design ပြိုင်ပွဲတွင် TOLED screen နည်းပညာသုံး TV ပုံစံကို ဒီဇိုင်းပညာရှင် Michale Friebe က ပြသခဲ့သည်။
ရုပ်ရှင်မင်းသား ဂျက်ကီချန်းက အက်ရှင်မင်းသားအနားယူလိုက်ပြီ
အက်ရှင်စတား
နာမည်ကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်းက အက်ရှင်မင်းသားအဖြစ်
ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးတော့မည် မဟုတ်ဘဲ အနားယူလိုက်ပြီဖြစ်ကြောင်း
ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် ကြေညာလိုက်သည်။
အသက် ၅၈ နှစ်အရွယ် မင်းသားဂျက်ကီချန်းသည် အက်ရှင်ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀ တွင် မင်းသားအဖြစ် ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ကြောင်း Daily Mail က ဖော်ပြသည်။
အသက် ၅၈ နှစ်အရွယ် မင်းသားဂျက်ကီချန်းသည် အက်ရှင်ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀ တွင် မင်းသားအဖြစ် ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ကြောင်း Daily Mail က ဖော်ပြသည်။
မေလ ၂၀ ရက်တွင် နေအပြည့်ကြတ်မှုဖြစ်စဉ် ဖြစ်ပေါ်မည်
မေလ ၂၀ ရက်တွင်
နေအပြည့်ကြတ်မှုဖြစ်စဉ် ဖြစ်ပေါ်မည်ဟု သိရှိရသည်။ ထိုနေ့တွင်
နေကြတ်မှုဖြစ်စဉ်မှာ ၂ မိနစ်နှင့် ၄၇ စက္ကန့်မျှ ကြာမြင့်မည်ဖြစ်ပြီး
အမေရိကတိုက် အနောက်မြောက်ပိုင်းမှ မြင်တွေ့ရမည်ဟုဆိုသည်။
ကျိုင်းတုံတွေ့ဆုံပွဲ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင်တက်ရောက်
ယနေ့ နံနက် သံလွင်အရှေ့ခြမ်းကျိုင်းတုံမြို့ ၌ အစိုးရကိုယ်စားလှယ် နှင့် သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်တို့ တွေ့ဆုံသော ပြည်ဆောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲအား RCSS/SSA ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင်တက်ရောက်သည်ဟုသိရသည်။
“ဒီဆွေးနွေးပွဲက
ကျနော်ကိုယ်တိုင် မသွားလို့မဖြစ်တဲ့ ခရီးစဉ်တော့မဟုတ်ဘူး။
လက်တွေ့လုပ်ရမယ့် အပိုင်းမှာ ပိုမို မြန်ဆန်အောင် ဆွေးနွေးချက်တွေ
အချိန်မဆွဲဘဲ ဆုံးဖြတ်နိုင်အောင်လို့ပါ” - ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် က
မယ်ဆိုင်မြို့မှ မထွက်ခွာခင် သတင်းထောက်များအား ပြောကြားခဲ့သည်ဟု ခရီးစဉ်၌
လိုက်ပါသူ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းအန်းတိုင်းကပြောပါသည်။
RCSS/SSA ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်ကြီး
ယွက်စစ်

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့
ကုလသမဂ္ဂရုံးမှာ ဒီကနေ့မနက် ကျင်းပတဲ့ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့
စီမံကိန်းမူကြမ်း ရှင်းလင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
ဒေသဆိုင်ရာ ကုလသမဂ္ဂရုံးတာဝန်ခံနဲ့ ဌာနေကိုယ်စားလှယ်တို့က
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ UNDP က
ဆောင်ရွက်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့
ဆွေးနွေးခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က
ပြောပါတယ်။
RFA-Burmese
Photo courtesy of Wikipedia
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
"UNDP ရုံးက ဒီရီဂျင်အတွက်
တာဝန်ခံပေါ့နော်။ သူရယ် resident coordinator ရယ်၊ ဗမာပြည်အတွက် country
programme ကိုရှင်းပြတာပါ။ အဲတာ Draft country programme ပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်ချက်ကို ယူတာပါ။ ဒါကိုပဲ သူတင်ပြပါတယ်။
သူတို့ရဲ့ဘာကိုတင်ပြသလဲဆိုတာ သူတို့က အတည်မပြုရသေးတော့ အန်ကယ်တို့လည်း
ပြောလို့မရပါဘူး"
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက်
အသေးစားချေးငွေလုပ်ငန်းတွေ၊ သဘာဝဘေးဒဏ် ကာကွယ်ရေးနဲ့ ကူညီစောင့်ရှောက်ရေး
ကဏ္ဍတွေ၊ ဖွံ့ ဖြိုးတိုးတက်ရေး ကဏ္ဍတွေအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ က
လုပ်ဆောင်နေမှုတွေကို ရှင်းလင်းတင်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့
အမြင်သဘောထားတွေကို ဆွေးနွေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။RFA-Burmese
မြန်မာ့ ခရိုနီတွေကို လက်တွဲခေါ် သင့်သလား
![]() |
ခရိုနီတွေဟာလည်း တိုင်းပြည်ကို ချစ်တဲ့သူတွေ ဖြစ်တယ်လို့ ဦးမြင့်ပြော |
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေး တခုမှာ ဦးမြင့်က အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သဘောတူ လက်ခံပါတယ်လို့ ဆိုတဲ့ ဦးမြင့်ရဲ့ အခုလို ပြောကြားချက်အပေါ်၊ စာရေးဆရာနဲ့ စီးပွားရေး ပညာရပ် ကျွမ်းကျင်သူ ဦးဟန်ထွန်း (အခွန်)ကတော့ အဲဒီ ခရိုနီစီးပွားရေးသမားတွေ တိုင်းပြည်ချစ်တယ်ဆိုရင် အများကြီး လုပ်မပြစရာမလိုပဲ အခွန်ပဲ မှန်ကန်အောင် ပေးပါဦးလို့ ဝေဖန် ထောက်ပြလိုက်တာ ဖြစ်ပါတယ်။
ရန်ကုန်အလုပ်သမားဆန္ဒပြပွဲ အရှိန်မြင့်
By မအေးအေးမာ
ရန်ကုန်မြို့၊ လှိုင်သာယာနဲ့ရွှေပြည်သာ စက်မှုဇုံတွေမှာ အလုပ်သမားတွေရဲ့
ဆန္ဒပြမှုတွေဟာ ဒီကနေ့ ပို ကျယ်ပြန့် လာပြီး တချို့စက်ရုံတွေမှာဆိုရင်
အလုပ်သမားတွေက မကျေနပ်လို့ ပစ္စည်းတွေကို ရိုက်ချိုးတဲ့ အထိ ဖြစ်ခဲ့ပါတယ်။
ဒီသီတင်းပတ်ကတည်းက စတင်ခဲ့တဲ့ အလုပ်သမား တွေရဲ့ ဆန္ဒပြမှု တွေကို
အာဏာပိုင်တွေက ဝင်ရောက်ဖြေရှင်း ညှိနှိုင်းပေးမှုတွေ ရှိခဲ့ပေမယ့်လည်း
ပြေလည်မှု မရှိသေးတဲ့ အခြေအနေကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက
တင်ပြထားပါတယ်။
အခြေခံလစာ နည်းပါးမှုတွေကြောင့် ရန်ကုန်မြို့၊ စက်မူဇုံက အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေက ဆက်ဖြစ်နေပြီး အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်ရေးမှူးတွေလာရောက်ပြီး သဘောတူညီချက် ရခဲ့ပြီးဖြစ်တဲ့ ဟိုက်မို ဆံပင်တုစက်ရုံက အလုပ်သမားတွေကတော့ မနေ့ကစပြီး ဆန္ဒပြမှုတွေ ပြန်ဖြစ်နေတာကြောင့် အခုဆိုရင် ဆန္ဒပြတဲ့စက်ရုံ ၆ ရုံရှိသွားပြီ ဖြစ်ပါတယ်။
အခြေခံလစာ နည်းပါးမှုတွေကြောင့် ရန်ကုန်မြို့၊ စက်မူဇုံက အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေက ဆက်ဖြစ်နေပြီး အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်ရေးမှူးတွေလာရောက်ပြီး သဘောတူညီချက် ရခဲ့ပြီးဖြစ်တဲ့ ဟိုက်မို ဆံပင်တုစက်ရုံက အလုပ်သမားတွေကတော့ မနေ့ကစပြီး ဆန္ဒပြမှုတွေ ပြန်ဖြစ်နေတာကြောင့် အခုဆိုရင် ဆန္ဒပြတဲ့စက်ရုံ ၆ ရုံရှိသွားပြီ ဖြစ်ပါတယ်။
မြေယာကိစ္စတွင် ရင်းနှီးမြုပ်နှံသူနှင့် တိုက်ရိုက်စကားပြောခွင့် ထားဝယ်ဒေသခံများ တောင်းဆို
ထားဝယ်စီမံကိန်းဧရိယာအတွင်း
မြေယာလျော်ကြေးပေးအပ်မှုနှင့် ပက်သက်၍ ဒေသခံများ စုပေါင်း လက်မှတ်ရေးထိုး
တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့ကြောင်း ဒေသခံလူမှုရေး လှုပ်ရှားတက်ကြွသူတစ်ဦး
ဖြစ်သည့် ကိုလေးလွင်က ပြောသည်။
နဘုလယ်ဒေသ၊ ထိန်ကြီးကျေးရွာတွင် ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံပွဲတွင် တောင်းဆိုချက် (၄) ချက်နှင့် အတူ ဒေသခံ ၂၀၀ ကျော်က လက်မှတ်ရေးထိုးကာ ၈၈ ကျောင်းသားခေါင်းဆောင်များမှ တဆင့် နိုင်ငံတော်သမ္မတကြီး နှင့် သတင်းမီဒီယာများသို့ ပန်ကြားလွှာပေးပို့ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
“ရွာသားတွေက မြေကိစ္စတွေနဲ့ ပက်သက်ပြီး လာလုပ်တဲ့ ကုမ္ပဏီနဲ့ တိုက်ရိုက်စကားပြောရတာမျိုးကိုပဲ လိုချင်တယ်“ ဟု ကိုလေးလွင်က ဆိုသည်။
နဘုလယ်ဒေသ၊ ထိန်ကြီးကျေးရွာတွင် ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံပွဲတွင် တောင်းဆိုချက် (၄) ချက်နှင့် အတူ ဒေသခံ ၂၀၀ ကျော်က လက်မှတ်ရေးထိုးကာ ၈၈ ကျောင်းသားခေါင်းဆောင်များမှ တဆင့် နိုင်ငံတော်သမ္မတကြီး နှင့် သတင်းမီဒီယာများသို့ ပန်ကြားလွှာပေးပို့ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
“ရွာသားတွေက မြေကိစ္စတွေနဲ့ ပက်သက်ပြီး လာလုပ်တဲ့ ကုမ္ပဏီနဲ့ တိုက်ရိုက်စကားပြောရတာမျိုးကိုပဲ လိုချင်တယ်“ ဟု ကိုလေးလွင်က ဆိုသည်။
ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး သစ်ခိုးထုတ်နေ
ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ ၀ါးနှင့်ဖုံးလာတဲ့ သစ်ကား |
မကွေးတိုင်း ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ ဒေသခံပြည်သူတွေ မိုးရာသီ
အတွက် အိမ်ဆောက်ခြင်း နေအိမ်ပြုပြင်ခြင်းများ အတွက် လိုအပ်တဲ့ သစ်/၀ါး တွေကို
ခုတ်ရာမှာ သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးတားဆီးတာတွေ လုပ်နေပါတယ်။
အဆိုပါ လမ်းပိုင်းမှာ သက်ဆိုင်ရာအာဏာပိုင်တွေက သစ်တောဝန်ထမ်းတွေနှင့်
ပေါင်းပြီး သစ်များခိုးထုတ်မှုများပြုလုပ်နေကြတာတော့ကြာပြီး ဖြစ်ပါတယ်။
ပတ္တမြားမြို့သစ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် ခိုက်ရန်ဖြစ်မှု အပြန်အလှန် စွပ်စွဲ
ရန်ကုန်၊ မေ ၁၇
တပ်မတော် တပ်ရင်း တပ်ဖွဲ့များနှင့် ရဲတပ်ရင်းများ တည်ရှိရာ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်တွင် မေလ ၁၆ ရက်နေ့ညက အဆိုပါ ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက် ရိုက်နှက်ကာ ရပ်ကွက်ကို ခြိမ်းခြောက် ပြောကြားခဲ့သည်ဟု ရပ်ကွက်လူထုက ဆိုပြီး ယင်းရဲတပ်ရင်းမှ အရာရှိကမူ ရပ်ကွက်၏ ရန်စမှု သာဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲ ပြောဆိုသည်။
အချင်း ဖြစ်ပွားသည့်နေ့ နေ့လည်ပိုင်းက ယင်းရပ်ကွက် စိန်သပြေ လမ်းပေါ်တွင် ရပ်ကွက်မှ လူငယ်နှစ်ဦးနှင့် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးတို့ အချင်းများ ခဲ့သည်ကို အငြိုးထား၍ ည ၇ နာရီ မိနစ် ၃၀ ခန့် မီးပျက် နေချိန်၌ အောင်စည်တော် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်ငါးဦးက ရာဘာတုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း၊ ရပ်ကွက်အတွင်း၌ ဖြန့်ကြက်ထားသူ ရဲတပ်ဖွဲ့ဝင် ၇၀ ဦးခန့်ရှိပြီး အရိုက်ခံရသူ ရပ်ကွက်မှ ခုနစ်ဦးခန့် ရှိကြောင်း ယင်းဖြစ်ရပ်ကို တွေ့ရှိခဲ့သူ ဦးလှထွေးက ပြောကြားသည်။
ကျန်ရှိ စာနယ်ဇင်း ၃ မျိုး စိစစ်မှုဖျက်သိမ်းမည်
By featured, အောင်သက်ဝိုင်း on May 16, 2012 11:40 am
ရန်ကုန်မြို့ရှိ စာပေစိစစ်ရေးရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပသော စတ္တုတ္ထအဆင့် စာပေစိစစ်ရေးမူဝါဒများ ဖြေလျှော့ရေး ရှင်းလင်းသည့် အစည်းအဝေးတွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေက “စာနယ်ဇင်းကောင်စီ ပေါ်လာလို့ရှိရင် နိုင်ငံရေးနဲ့ ဘာသာရေးတွေကို ဖြေလျှော့ပေးလိုက်မှာပါ။ ၀န်ကြီး (ဦးကျော်ဆန်း) လည်း ပြောထားပြီးသားပဲ။ ဘာမှ မရှိတော့ဘူး။ ဒါကြောင့်မို့လို့ သာမန်အားဖြင့် ပြောရရင် ၂၀၁၂ ခုနှစ် ဇွန်လဆိုရင် ဆင်ဆာလုပ်တာတွေ မရှိတော့ဘူး” ဟု ပြောသည်။
စမ်းချောင်းဂွဈေးမီး ရှို့မီးလား
ဆိုင်ခန်းပေါင်း သုံးရာကျော်ရှိသည့် ယင်းဈေးတွင် ယနေ့မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း ၂၃၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မနက် ၁ နာရီဝန်းကျင်မှ လောင်ကျွမ်းသော မီးကို မနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးညွန့်ချိုးနိုင်ခဲ့ကြောင်း၊ ယင်းဂွဈေးနေရာကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ရန် ညှိုနှိုင်းခဲ့သော်လည်း ဈေးသူဈေးသား များက လက်မခံဘဲ အကြိမ်ကြိမ်ပယ်ချခဲ့ကြောင်း၊ ယခုအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ခြင်းအပေါ် ဈေးသူဈေးသားများအများစုက ဈေးဖျက်သိမ်းလို၍ လုပ်ဆောင်သော ရှို့မီးဖြစ်နိုင်သည်ဟု ဝေဖန်နေကြသည်။
Friday, May 18, 2012
ဆန္ဒပြနေတဲ့ စက်ရုံ တွေ က အလုပ်သမားတွေ အလုပ်ရှင် နဲ့  ညှိနိုင်းလို့ မရသေး (ရုပ်/သံ)
လှိုင်သာယာစက်မှုဇုံ က လုပ်ခတိုးပေးဖို့ အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့ စက်ရုံ တွေ က အလုပ်သမားတွေ အလုပ်ရှင် နဲ့  ညှိနိုင်းလို့ မရသေးဘဲ ဆက်လက်ဆနပြနေကြပါတယ်။ ကိုသက် (ဒီဗွီဘီ)
ဝ နှင့် မိုင်းလားအင်အားမတိုးချဲ့ဘဲ ပါတီထောင်ရန် ဝန်ကြီးဦးသိန်းဌေးဖိအားပေး
ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်
နှင့် အမျိုးသားဒီမိုကရက်တစ်တပ်မတော်တို့နှင့်တွေ့ဆုံစဉ်
တပ်အင်အားမတိုးချဲ့ဘဲ နိုင်ငံရေးပါတီသာထောင်ရန် ပြည်ထောင်စု
နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ဖိအားပေးခဲ့ကြောင်း
အမည်မဖေါ်လိုသည့် ဝတပ်ဖွဲ့ဌာနချုပ်အရာရှိ တဦးကပြော ပါသည်။

မြန်မာ့အလင်းသတင်းစာပါ ပြည်ထောင်စုနယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး
“သူ့ခရီးစဉ်က
နယ်စပ်ဒေသဖွံ့ဖြိုးရေးလို့တော့ပြောတာဘဲ။
ဖွံ့ဖြိုးတိုးတက်ရေးအတွက်လဲပြောပါတယ်။ ဒါပေ မယ့်
သူအဓိကစောင့်ပေးပြီးပြောတာက သူတို့နဲ့လက်တွဲပြီးနိုင်ငံရေးလုပ်ဖို့
ပါတီထောင်ခိုင်းတယ်၊ တပ်အင် အားတွေမချဲ့ဖို့ စစ်အင်အားနဲ့ဖြေရှင်းရမယ့်
ခေတ်ကုန်သွားပြီ၊ ဖွဲ့စည်းပုံအရဆိုရင် တိုင်းပြည်တခုမှာ တပ်
မတော်တခုဘဲရှိရမယ်ဆိုတာ ခင်ဗျားတို့ သိထားဖို့လိုတယ်” - ဟု ဝန်ကြီး
ဒု-ဗိုလ် ချုပ်ကြီးသိန်းဌေး ကပြော သွားကြောင်း အဆိုပါအရာရှိက
သျှမ်းသံတော်ဆင့်သို့ပြောပါသည်။ဖွဲ့စည်းပုံကြောင့် ဒုသမ္မတအနားယူသည့်ကိစ္စ အစိုးရကြေငြာရခက်
နိုင်ငံတော် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ အမှန်တကယ်အနားယူကြောင်း နီးစပ် သည့်အသိုင်းအဝိုင်းက အတည်ပြုပြောသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကြောင့် သတင်းထုတ်ပြန် ကြေငြာရန် အစိုးရက အခက်တွေ့နေရကြောင်း ၎င်းတို့အသိုင်းအဝိုင်းက ပြောပါသည်။
နိုင်ငံတော် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး
“ဒုသမ္မတ
ဦးတင်အောင်မြင့်ဦး အနားယူတယ်ဆိုတာမှန်တယ်။ ဖွဲ့စည်းပုံထဲမှာ
အနားယူကြောင်း၊ နှုတ်ထွက် ကြောင်း တရားဝင်ကြေငြာပြီး ဘယ်နှစ်ရက်အတွင်း
အစားထိုးရမယ်ဆိုတာပါတယ်လေ။ ဒါပေမယ့်အခု လွှတ်တော်က နားထားတယ်မဟုတ်လား။
ဖွဲ့စည်းပုံအတိုင်းလိုက်လုပ်ဖို့ မဖြစ်နိုင်သေးလို့ ခေါင်းမခါ ခေါင်း
မငြိမ့်နိုင်တဲ့ အခြေအနေဖြစ်နေရတာပါ။ သတင်းကိုဖုန်းကွယ် ထားတာမဟုတ်ပါဘူး” -
ဟု သံလွင်အရှေ့ ခြမ်းရောက် နေပြည်တော်ထိပ်သီးများနှင့် နီးစပ်သည့်
ပုဂ္ဂိုလ် တဦးကပြောပါသည်။
နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို
ရန်ကုန် မေ ၁၇
နှလုံးခုန် ထိန်းညှိစက် ထည့်သွင်း ထားရသော အသက် ၆၇ နှစ် အရွယ်ရှိ
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရုတ်တရက် မူးလဲသဖြင့် စင်္ကာပူနိုင်ငံသို့
ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရသည် ဆိုသော သတင်းများမှာ မှန်ကန်မှု
မရှိကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။
ရန်ကုန် မြို့သို့ ရောက်ရှိနေသော နိုင်ငံ သမ္မတ ကြီး ၏ ကျန်းမာရေး နှင့်
ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ ကောလဟာ လ များသာဖြစ်၍ ခရီးသွားနေသည့်
အချက်များမှ လွဲ၍ ကျန်အချက်များမှာ လုံးဝ မှန်ကန်မှု မရှိကြောင်း၊
မိတ်ဆွေများ ၏ စိုးရိမ် ပူပန်မှုအတွက် ကျေးဇူး အထူးတင် ရှိပါသည် ဟု ၄င်း၏
facebook စာမျက်နှာ တွင်ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
ဒုတိယသမ္မတသီဟသူရ ဦးတင်အောင်မြင့်ဦးဘာလို့နှုတ်ထွက်သလဲ?
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် မေလ (၃)ရက်နေ့က နှုတ်ထွက်စာတင်ကြောင်း သတင်းများ ပလူပျံအောင်ထွက်ပေါ်လာခဲ့ပါတယ်။ ကျန်းမာရေးကြောင့် နှုတ်ထွက်တယ်လို့ပြောသူက ပြောကြ တယ်။ တကယ်လို့ ကျန်းမာရေးကြောင့်နှုတ်ထွက်တယ်ဆိုရင်လည်း ကျေကျေလည်လည် ပွင့်ပွင့်လင်းလင်း ပြောပြပြီးမှ နှုတ်ထွက်သင့်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အခုတော့ ကျန်းမာရေးကြောင့်လို့ပဲဆိုပါတယ်။ လည်းပင်းက၊ အူလမ်းကြောင်းကဖြစ်လို့ဆိုပြီးတော့ လူချင်းလည်းအတွေ့မခံ၊ အပြောမခံ၊ ဖုန်းဆက်လို့ လည်းမရ၊ နှုတ်ထွက်စာတင်တယ်လို့သာ ပြောသံကြားရပါတယ်။ ကျန်းမာရေးအရဆိုရင် တစ်ဦးနှင့်တစ်ဦး ကျေကျေ လည်လည်ပြောပြကြရမှာဖြစ်ပါတယ်။ တကယ် ကျန်းမာရေးအရ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိ ကြောင်း ပြောဆိုသံ၊ ဆရာဝန်၏မှတ်ချက်ပြသံမကြားရ၍ ထူးဆန်းအံ့သြဖွယ်ကောင်းနေပါတယ်။ သို့သော်လည်း မပြေးသော် ကန်ရာရှိဆိုသလို အခြားအကြောင်းများရှိနေမည်မှာ ဧကန်မလွဲပါ။
ထိုအကြောင်းများက အဘယ်နည်း။
ဒစ္စကို ဘုရင်မ Donna Summer ကွယ်လွန်
Friday, May 18, 2012
Eaint Than Zin

၁၉၇၀ ခုနှစ်လွန်များက ဂီတလောကမှာ ဒစ္စကို ဘုရင်မရယ်လို ကျော်ကြားခဲ့တဲ့ အသက် ၆၃ နှစ်အရွယ် မစ္စ Donna Summer ဟာ မေ ၁၇ ရက်နေ့ နံနက် အစောပိုင်းက အမေရိကန် ပြည်ထောင်စု ဖလောင်ရီဒါတွင် ကွယ်လွန်သွားကြောင်းကို ယနေ့ နေ့စွဲနှင့် THE SUN အွန်လိုင်းသတင်းစာတွင် ဖော်ပြထားပါတယ်။Donna Summer ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်က မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့မှာ မွေးဖွားခဲ့သူပါ။
ကျောင်းဆရာမလည်းဖြစ်သူ သူ့မိခင်ကပြောတာကတော့ Donna Summer ဟာ စကားပြောတတ်ခါစ ကစပြီး သီချင်းခဲ့သူပါတဲ့။သူကွယ်လွန်ချိန်မှာတော့ အဆိုတော်လည်းဖြစ်၊ ထုတ်လုပ်သူတဦးလည်းဖြစ်တဲ့ ခင်ပွန်းသည် Bruce Sudano ရယ်၊ သူတို့ရဲ့ သမီးတွေဖြစ်တဲ့ Brooklyn နဲ့ Amanda အပြင် အရင် အိမ်ထောင်နဲ့ ရခဲ့တဲ့ သမီးလေး Mimi တို့လည်း အတူရှိခဲ့ပါတယ်တဲ့။
ဆဲဗင်းဂျုလိုင်အတွက် လှုပ်ရှားမှု စတင်
Friday, May 18, 2012
Eaint Than Zin

ဆဲဗင်းဂျုလိုင် နှစ်ငါးဆယ်ပြည့် အရေးတော်ပုံ အခမ်းအနား ကျင်းပရေး အတွက် စည်းရုံးရေး အကြိုလှုပ်ရှားမှုများ စတင် ခဲ့ပါတယ်။
နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနား ကျင်းပရေးကော်မတီ မှ အကြိုကာလ စည်းရုံးရေး လှုပ်ရှားမှုများ စတင် သည့်အနေဖြင့် မန္တလေး ဈေးချိုတော် အတွင်း စတစ်ကာများ ကပ်ခြင်း ၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်း များ ဆောင်ရွက်ခဲ့ပြီး ဈေးသူဈေးသား များမှ အားတက်သရော အားပေးခဲ့ကြသည်။
ကလောမြို့ အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား
၂၀၁၂ မေလ ၁၇ ရက်နေ့ ယနေ့ နံနက် ၁၀နာရီ ခန့်က ရှမ်းပြည်တောင်ပိုင်း
ရပ်စောက်မြို့မှ မန္တလေး သို့ ထွက်ခွာလာတဲ့ ဇာတိမာန်ယာဉ်လိုင်းမှ
မှန်လုံမော်တော်ယာဉ်ဟာ ကလော မြို့နယ် ၀က်ဖြူရေ နှင့် မကွေ ကြားတွင်
တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
ကားဟာဂျွိင့်ပြုတ်ထွက်သွားပြီး ပေ-၁၀၀ ကျော်နက်သောခြောက်ထဲသို့ထိုးကျ
သွားရာ ကားပေါ်လိုက်ပါလာသူ ခရီးသည်(၁၉)ဦးအနက် (၄)ဦးမှာ နေရာတွင်ပင်
ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်ခရီးသည်များမှာလည်းဒဏ်ရာပြင်းထံလို့
တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။
Myanmar News Now
![]() |
ကလော မရောက်ခင်ဆိုလမ်းတွေက အကွေ့ အကောက်အတော်များတယ် |
ရပ်စောက်မြို့မှ မန္တလေး သို့ ထွက်ခွာလာတဲ့ ဇာတိမာန်ယာဉ်လိုင်းမှ
မှန်လုံမော်တော်ယာဉ်ဟာ ကလော မြို့နယ် ၀က်ဖြူရေ နှင့် မကွေ ကြားတွင်
တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
ကားဟာဂျွိင့်ပြုတ်ထွက်သွားပြီး ပေ-၁၀၀ ကျော်နက်သောခြောက်ထဲသို့ထိုးကျ
သွားရာ ကားပေါ်လိုက်ပါလာသူ ခရီးသည်(၁၉)ဦးအနက် (၄)ဦးမှာ နေရာတွင်ပင်
ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်ခရီးသည်များမှာလည်းဒဏ်ရာပြင်းထံလို့
တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။
Myanmar News Now
ဆဲဗင်းဂျုလိုင်အတွက် လှုပ်ရှားမှု စတင်

ဆဲဗင်းဂျုလိုင် နှစ်ငါးဆယ်ပြည့် အရေးတော်ပုံ အခမ်းအနား ကျင်းပရေး အတွက် စည်းရုံးရေး အကြိုလှုပ်ရှားမှုများ စတင် ခဲ့ပါတယ်။
နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနား ကျင်းပရေးကော်မတီ မှ အကြိုကာလ စည်းရုံးရေး လှုပ်ရှားမှုများ စတင် သည့်အနေဖြင့် မန္တလေး ဈေးချိုတော် အတွင်း စတစ်ကာများ ကပ်ခြင်း ၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်း များ ဆောင်ရွက်ခဲ့ပြီး ဈေးသူဈေးသား များမှ အားတက်သရော အားပေးခဲ့ကြသည်။
မန်းမြန်မာပလာဇာသို့ ဝင်ရောက်ရာတွင် မူ တာဝန်ကျ မန်းမြန်မာပလာဇာ ဝန်ထမ်းမှ ဓါတ်ပုံများ မရိုက်ရန်၊ ကြေငြာများ မကပ်ရန် ၊ကပ်လို့ပါက ရုံးခန်းသို့ လိုက်ပြောရန် လာပြောသည်။ ကျောင်းသားများက ဓါတ်ပုံမရိုက်ရန် သဘောတူသောလည်း အခြားစီးပွားရေးကြော်ငြာများကပ်သည့် နေရာများတွင် ကပ်ခဲ့ကြသည်။
အချို့နေရာများ ပြန်လည် ခွာပစ်ခဲ့ကြသည့်အတွက် မှတ်တမ်းဓါတ်ပုံများ ပြန်လည်ရိုက်ခဲ့သည်။ စီပွားရေးကြော်ငြာများ ကပ်ခွင့် ပြုထားပြီး အရေးတော်ပုံ စတစ်ကာအား ကပ်ခွင့်မပြုခဲ့သော ထိုလုပ်ရပ်ကို ကျောင်းသားများ မကျေနပ်သော်လည်း ငြိမ်းချမ်းစွာ ဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)
By:ဗကသ(အထက်ဗမာပြည်)တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီ
စစ်ဆင်ရေးအတွက် အသုံးပြုခဲ့တဲ့ ဘင်လာဒင်ရဲ့ နေအိမ်ခြံဝင်း ပုံစံငယ်
Friday, May 18, 2012
Eaint Than Zin

ယမန်နှစ်က အမေရိကန် အထူးတပ်ဖွဲ့တွေက ပါကစ္စတန်မှာ ရှိတဲ့ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို စီးနင်းတိုက်ခိုက်ဖို့ စစ်ဆင်ရေး ချမှတ်ရာမှာ အသုံးပြုတဲ့ သူ ခိုအောင်းရာ နေအိမ် ခြံဝင်းနဲ့ အချိုးအစားတူ ပုံစံငယ်ကို ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ဖော်ပြသလိုက်တာကို မေလ ၁၇ ရက်နေ့စွဲနဲ့ THE WALL STREET JOURNAL အွန်လိုင်းမှာ ရေးသားထားပါတယ်။စစ်ဆင်ရေး အသုံးပြုတဲ့ ဘင်လာဒင် နေအိမ် ခြံဝင်း ပုံစံငယ်ကို National Geospatial-Intelligence Agency က တာဝန်ခံ တည်ဆောက်ပေးခဲ့တာပါ။အဲဒီတုန်းက ဘင်ဘာဒင်ရဲ့ အိမ်ကို ပါကစ္စတန်အစိုးရကိုပါ အသိမပေးဘဲ လျှို့ဝှက် စစ်ဆင်ရေးအောင်မြင်ပြီး ဘင်လာဒင် ကိုတော့ အသေဖမ်းဆီးမိခဲ့ပါတယ်။









