Pages

Saturday, December 29, 2012

လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြု

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpBJIyIp1cZnx_0KYfV_cyhaMP_qaE0pQt2ZJt0BICYij6ScyQO_cAHy8XGSQd7W1Y3fNWTAQzBGNcw65zTJJCF9Xd_F3t8aYu7l4EaZUUw79Pw0-AsJ1tG__KrJeDzUvgxN0g310Ehjk/s1600/377238_193251120807218_1883413624_n.jpg
 ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များနှင့် ဥပဒေနှင့်အညီ တူးဖေါ်နေသည့် ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များအနက်မှ သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက်များ၊ ဖော်ထုတ် လုပ်ကွက်များအား နိုင်ငံသား ပုဂ္ဂလိက ကုမ္ပဏီနှင့် အသင်းများကို ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

“အဆိုပြုလွှာ တင်သွင်းချင်ရင် ဒီဇင်ဘာ ၃၁ ရက်က စတင်ပြီး မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (ရုံးချုပ်)၊ မြန်မာ့ကျေက်မျက်ရတနာ ပြတိုက် (နေပြည်တော်) မှာ ကျောက်မျက်ရတနာ ဥပဒေနဲ့အညီ မှတ်ပုံတင်ကြေး ပေးသွင်းကာ မှတ်ပုံတင်ပြီး အဆိုပြုလွှာတွေ ထုတ်ယူတာနဲ့ လုပ်ကွက်မြေပုံတွေ လေ့လာတာတွေကို ဆောင်ရွက်နိုင်ပါတယ်” ဟု ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ထို့အပြင် သတ်မှတ် လုပ်ကွက်များအတွက် သတ်မှတ် အဆိုပြုလွှာ မကလ ၂ နှင့် ပုံစံ သမ ၁၊ ဖော်ထုတ် လုပ်ကွက်များအတွက် ဖော်ထုတ်လုပ်ကွက် အဆိုပြုလွှာ မကလ ၅ နှင့် ပူးတွဲပုံစံ ဖထ ၁ တို့တွင် လိုအပ်သည်များကို ပြည့်စုံစွာ ရေးသွင်းရမည် ဖြစ်သည်။

“အဆိုပြုလွှာ လျှောက်ထားတဲ့ ကုမ္ပဏီဟာ အဆိုပြုလွှာနဲ့အတူ ငွေရေးကြေးရေး အထောက်အထားတွေ ခိုင်မာမှုရှိကြောင်း မြန်မာစီးပွားရေးဘဏ် သို့မဟုတ် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကဘဏ် တခုခုမှ Bank Statement ကို ပူးတွဲတင်ပြ လျှောက်ထားရမှာပါ” ဟု လျှောက်ထားရန် ပြင်ဆင်နေသူ ဦးမင်းသူ က ပြောသည်။

အမည်မည်းစာရင်း အသွင်းခံရသူ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကိုမူ လျှောက်ထား လုပ်ကိုင်ခွင့် မပြုကြောင်း သိရသည်။

ခင်မျိုးသွယ် |ရန်ကုန် (မဇ္ဈိမ)။

တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး

 လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ (၁) ရက်နေ့က တရုတ်သံရုံးနားအထိ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့လို့ တရားစွဲဆိုခံထားရတဲ့ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုအောင်မျိုးဦး ၊ မသန္တာတို့အပါအ၀င် (၆) ဦးကို ကြည့်မြင်တိုင် နဲ့ အလုံမြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ပထမအကြိမ် တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။

တရားစွဲဆိုခံထားရသူ ( ၆ )ဦးဟာ ကြည့်မြင်တိုင် ၊ အလုံ၊ စမ်းချောင်း၊ ဒဂုံ အစရှိတဲ့ မြို့နယ်ရဲစခန်းတွေက တရားမ၀င် စီတန်းလှည့်လည်မှုအရ ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ အလုံမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တရားရုံးတွေက တရားစွဲဆိုခံထားရသူ တစ်ဦးကို ကျပ် ၃ သိန်းစီ စုစုပေါင်း ကျပ် ၆ သိန်းနဲ့ အာမခံကြေး ပေးဆောင်ခဲ့ရတယ်လို့ တရားစွဲဆိုခံထားရသူတွေထဲက ကိုအောင်မျိုးဦးက RFA ကို ပြောပြပါတယ်။

မြို့နယ် လေးမြို့နယ်ကနေ တရားစွဲဆိုခြင်းခံထားရတဲ့ ကိုဒီငြိမ်းလင်း အပါအ၀င် ၆ ဦးကို ရှေ့နေများ ကွန်ယက်အဖွဲ့ဝင် တွေက ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ ရုံးချိန်းခေါ်ဆိုမှုမှာ တရားရုံးနှစ်ခုစလုံးက မနက် ( ၁၀) နာရီ တပြိုင်တည်း ခေါ်ယူခဲ့တဲ့အတွက် တရားရင်ဆိုင်နေရသူတွေ အခက်အခဲ ဖြစ်ရတယ်လို့ သိရပါတယ်။

RFA Burmese

အကြမ်းဖက်မှုတစ်လပြည့်နှင့် ကြေးနီးစီမံကိန်းရပ်ဆိုင်ရေး၊နှိမ်နှင်းမှုပြုလုပ်ခဲ့သည့် တရားခံ ဖော်ထုတ်ပေးရေးအတွက် ဆန္ဒပြ

ဓာတ်ပုံ-The Voice Weekely

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့သည့် သပိတ်စခန်း များအား အကြမ်းဖက် ဖြိုခွင်း ခံရမှုမှာ ယနေ့ ဒီဇင်ဘာလ ၂၉ရက်နေ့တွင် တစ်လပြည့်မြောက် ခဲ့သော်လည်း ဖြိုခွဲသူ များအား ယခုထိ အရေးယူ နိုင်ခြင်း မရှိသေးသည့် အပေါ်၊ ကြေးနီစီမံကိန်း ဒေသခံ တောင်သူ ၂၀၀ခန့်နှင့် သံဃာ တော် အချို့ မှ ယနေ့ ညနေ ၃နာရီ အချိန်မှ စတင်ပြီး မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီး မြို့နယ်၊ ညောင်ပင်ကြီး ဆိပ်ကမ်းတွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။
အကြမ်းဖက်မှု တစ်လပြည့်နှင့် ကြေးနီးစီမံကိန်းရပ်ဆိုင်းရေး၊နှိမ်နှင်းမှုပြုလုပ်ခဲ့သည့် တရားခံဖော်ထုတ်ပေးရေးအတွက် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒပြမှုအား ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်း တွင် ပြုလုပ်ခဲ့ပြီး လူဦးရေ ၃၀ ခန့် ပါဝင်ခဲ့ပြီး ဒဏ်ရာရဘုန်းကြီးများ၏ ပုံပါဝင်သော ဗီနိုင်းအား ကိုင်ဆောင်ကာ လက်ပန်းတောင် ကြေးနီစီမံကိန်း ဆန္ဒထုတ်ဖော်မှုတွင် အကြမ်းဖက်နှိမ်နှင်းသူအား ဖော်ထုတ်ပေး၊ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သတ်၍ တရားစွဲဆိုသူများကို လွှတ်ပေးရေး ၊၀မ်ပေါင်ကုမဏီအလိုမရှိ စသည်တို့ကို ရွတ်ဆိုကာ ၅၁လမ်းရှိ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီအထိ လမ်းလျောက်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့အနေနဲ့  တစ်လပြည့် အထိမ်းအမှတ်အနေနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒဏ်ရာရရှိသွားသူတွေနဲ့ ထပ်တူခံစားရတယ်ဆိုတာကို ပြချင်တာပါ။နောက်တစ်ခုက ဒီလိုအကြမ်းဖက်နှိမ်နှင်မှုကို ပြုလုပ်ခဲ့တဲ့သူတွေကို အမြန်ဆုံးအရေးယူပေးဖို့နဲ့၊ဆန္ဒပြမှုတွေမှာ တရားစွဲဆိုခံထားရတဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် ပြုလုပ်တာဖြစ်ပါတယ်''ဟု ဆန္ဒပြမှုတွင်ပါဝင်သူ ကိုအောင်နိုင်သူမှ ပြောသည်။
အဆိုပါဆန္ဒပြမှုများအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ တားဆီးပိတ်ပင်မှုများနှင့် စစ်ဆေးမေးမြန်းမှုများရှိခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၌ အကြမ်းဖက်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့သောကြောင့် ဆန္ဒထုတ်ဖော်ခဲ့သော သံဃာတော်နှင့် လူပုဂ္ဂိုလ် ၁၀၀ ကျော်ခန့်မှာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ဒဏ်ရာရရှိခဲ့သော သံဃာတော်များထဲမှ နှစ်ပါးမှာ ဘန်ကောက်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်းနှင့် လက်ရှိတွင်လည်း လက်ပံတောင်းတောင်စီမံကိန်းအတွက်  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၁၄ ဦးပါဝင်သော အထူးစုံစမ်းရေး  ကော်မရှင်ဖွဲ့ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဝိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ

သတင်းနှင့်ဓာတ်ပုံ-မြန်မာ့ခေတ်

ဝိုင်းမော်၊ ဒီဇင်ဘာ ၂၉။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ တွင် ဒုက္ခသည်ဦးရေ နှစ်ဆနီးပါး များလာကြောင်း ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့မှ ကိုရှည်ရှည်က ပြောကြားသည်။

“တိုက်ပွဲတွေပြင်းထန်လာတဲ့ ပြီးခဲ့တဲ့ ၁၈ ရက်လောက်က စပြီး ဒုက္ခသည် စခန်းတွေမှာ လူဦးရေတိုးပါတယ်။ ဒီနေ့ထိဆိုရင် ၂ ဆလောက် တိုးလာ တယ်။ အခုလည်း လမ်းမှာ လာနေတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောကြားသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနားကျေးရွာအနီးတွင်ရှိနေသည့် KPC ဒုက္ခ သည်စခန်းတွင် ၅၆၉ ယောက်မှ ၁၀၄၇ ယောက်အထိ တိုးလာ ကြောင်း၊ စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းတွင် ၃၄၅ ယောက်မှ ၈၁၆ ယောက် အထိ တိုးလာကြောင်း သိရသည်။

“ဒုက္ခသည်စခန်းနားတွေမှာပဲ မြန်မာစစ်ကြောင်းတွေ သွားလာနေတာ တွေ့နေရတယ်။ ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ အချိန်ပဲ ရွာသားတစ်ယောက် သေနတ်မှန်တာ တွေ့ခဲ့ရတယ်။ သေတော့မသေဘူးဗျ” ဟု ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့မှ ကိုသားငယ် က ပြောကြားသည်။

အသက် ၅၀ ကျော် အမယ်အိုများနှင့် ၁၂ နှစ်အောက်ကလေးငယ်များ ဒုက္ခသည်စခန်းများတွင်တွေ့ရပြီး လူငယ်များနှင့် ယောက်ျားသား များ မတွေ့ရကြောင်း ကိုသားငယ်က၎င်းက ဆက်လက်ပြောကြားသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆမ်ရမ်၊ နမ်ဆော်ရမ်၊ အောင်ကြာရမ်၊ ကဇူရမ်၊ တာပရမ်၊ ဆိုင်းမိုင်၊ ၀မ်သောင်းနှင့် သလောကြီး အစရှိသော ကျေးရွာများမှ ဒုက္ခသည်စခန်းများတွင် အများဆုံး လာရောက်နေထိုင်လျက်ရှိနေကြောင်း သိရသည်။

KPC နှင့် စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းများတွင် သောက်သုံးရေ ပြဿနာနှင့် အဓိက ရင်ဆိုင်နေရပြီး ၂ မိုင်ခန့်ဝေး သောနေရာတွင် ရေသွားခပ်ရသည်ဟု ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့က ပြောသည်။

ဟိန်းသူ
The Myanma Age

လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်မှုများ ပြုလုပ်


SATURDAY, 29 DECEMBER 2012
KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်းကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာပါက ရှောင်တိမ်းနိုင်ရန် ဗုံးခိုကျင်းများ တူးခြင်း၊ လိုင်ဇာချောင်းနံဘေး ရေထွက်ပေါက်များအတွင် ၀င်ရောက်ခိုလှုံခြင်း အစရှိသည်တို့ကို လိုင်ဇာမြို့တွင်းနေ ပြည်သူများမှ ကြိုတင်ပြင်ဆင်မှုများကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပိုမို ပြုလုပ်လျက်ရှိနေပါသည်။


ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်သို့ အစိုးရ၏ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ ပျံသန်းခဲ့ပြီးနောက် လိုက်ဇာမြို့နေ ပြည်သူများ ထိတ်လန့်မှုဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ ရှိလာပါက အန္တရာယ်ကင်းစေရန် ယခုကဲ့သို့ ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အစိုးရ၏ တိုက်လေယာဉ်တစ်စင်း လိုင်ဇာမြို့ အနီး ပျံသန်းသွားခဲ့ပါသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့၌ လိုင်ဇာဌာနချုပ်နှင့် ၈ မိုင်ခန့်အကွာတွင် ရှိသော လဂျားယန်တွင် အစိုးရတပ်များနှင့် KIA တပ်များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများကို လိုင်ဇာမြို့ပေါ်မှ မကြာခဏ ကြားနေရပါသည်။
Eleven Media Group

NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေ ပွဲမှ ငွေကျပ်သိန်း ၂၆၅၃ ခန့်ရရှိ"



အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲမှအသားတင် ငွေ ကျပ် ၂၆၅၃ သိန်းခန့် ကျန်ရှိကြောင်းပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရရှိငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၄၆၀၀ ခန့်ဖြစ်ပြီး၊ကုန်ကျစရိတ် ၁၉၄၇ သိန်း ရှိသောကြောင့် စုစုပေါင်းကျန်ငွေ ၂၆၅၃ သိန်းကျော် ကျန်ရှိကြောင်း၊အဆိုပါငွေတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရပစ္စည်း နှစ်ခု အားလေလံပစ်သည့် ငွေပါ ပါဝင်ပြီးလက်ရှိ တွင် အင်တာနက်နှင့် တယ်လီဖုန်းတို့ဖြင့် ဆက်သွယ်၍ လှူဒါန်းထားသော ငွေ များစုံလင်စွာရရှိပါက ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ယခုရရှိထားသော ငွေများကို ပညာရေးကွန်ရက် မှ ကျောင်းများအပြင် နယ်ကြားဒေသမှ ပညာရေးကျောင်းများ၊ပြည်တွင်းစစ်အခက်အခဲကြောင့် ရွှေ့ပြောင်းလုပ်သားများရှိရာနေရာများမှ
 ကျောင်းများ၊ဒုက္ခသည် များရှိရာ ဒေသမှ ကျောင်းငယ်များကို သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲကို
 ယခုလ ၂၇ ရက်နှင့် ၂၈ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
NYK     Popular Myanmar News Journal

လူမှုဖွံ့ဖြိုးရေးလုပ်ငန်း(Civil society) များပေါ်ပေါက်အောင် လုပ်ဆောင်ခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်ရာတွင် အထောက်အကူ ရနိုင်သည်ဟု နာယက ဦးတင်ဦးမှ တောင်ကိုးရီးယားအမတ်များ အားပြောကြား

  ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် တောင်ကိုးရီးယားနိုင်ငံ ၊ ယောင်ဂျီပြည်နယ်စုမှ ကိုးရီးယားဒီမိုကရေစီပါတီမှ လွှတ်တော်အမတ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးအား လာရောက်တွေ့ဆုံ၍ ဒီမိုကရေစီဖော်ဆောင်ရေး လှုပ်ရှားမှုများကို ဆွေးနွေးခဲ့ကြသည် ။မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်တွင် တစ်ပါတီအာဏာရှင်စနစ်ကို တော်လှန်သော အရေးပါသည့်လူထုလှုပ်ရှားမှုကြီးပေါ်ပေါက်ခဲ့သလိုပင် တောင်ကိုးရီးယားနိုင်ငံတွင်လည်း ၁၉၈၀၊မေလ(၁၈) ရက်တွင် ကွန်မြူနစ်စနစ်ကို တော်လှန်သောဂွန်ဂျူးတော်လှန်ရေးပေါ်ပေါက်ခဲ့ပြီး ယခုလာရောက်သော လွှတ်တော်အမတ်များသည် ဂွန်ဂျူးတော်လှန်ရေးတွင်ပါဝင်ခဲ့သည့် ကျောင်းသားများဖြစ်သောကြောင့် NLDပါတီနှင့် ၎င်းတို့ပါတီ၏ အခြေအနေများသည် အတူတူပင်ဖြစ်ကြောင်း ယောင်ဂျီပြည်နယ်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ဆွေးနွေးခဲ့သည်။ ယခုလက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီရရှိနေပြီဟုဆိုသော်လည်း အစစ်အမှန်မဖြစ်သေးကြောင်း၊ ဒီမိုကရေစီဖွံ့ဖြိုးသောနိုင်ငံဖြစ်လာစေရန် ဝိုင်းဝန်းကူညီလိုသောကြောင့် နာယကဦးတင်ဦး၏ သဘောထားမည်သို့ ရှိမည်ကို မေးမြန်းခဲ့သည်။ နာယကဦးတင်ဦးက အားလုံးပါဝင်လျှင် ဖြစ်နိုင်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ လက်ရှိအခြေခံဥပဒေသည် ဒီမိုကရေစီနည်းမကျသောကြောင့် ပြန်လည်ပြင်ဆင်နိုင်ရန်နှင့် တိုင်းပြည်၏လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရန်ကြိုးစားခြင်းမှာ နိုင်ငံရေးပါတီများ၏တာဝန်ဖြစ်ပြီး ပြည်သူလူထု အပိုင်း၌လည်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများပေါ်ပေါက်အောင် လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် တိုးတက်လာမည်ဖြစ်သောကြောင့် ကိုးရီးယားနိုင်ငံမှ လူမှုရေးအဖွဲ့များအနေဖြင့်မြန်မာနိုင်ငံမှ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်စေလိုကြောင်း ပြောကြားခဲ့သည်။ တောင်ကိုးရီးယားနိုင်ငံမှလည်း ၁၉၈၀ခုနှစ်လှုပ်ရှားမှုပြီးနောက်ပိုင်း၌ အခွင့်အလမ်းနှင့်အကူအညီများအားနိုင်ငံတကာမှ ရရှိလက်ခံခဲ့ပြီး စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ် ကြိုးစားတက်လှမ်းခဲ့ရကြောင်း ။ ထို့ ကြောင့် ဦးတင်ဦးပြောသည်ကိုလက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း လူမှုအထောက်အကူပြုလုပ်ငန်းများ တိုးတက်လာအောင်ကူညီနိုင်ရန်ကြိုးစားပါမည်ဟု ဂတိပေးပြောကြားခဲ့သည်။ Nld Central

လိုင်ဇာအနီး လဂျားယန်ခံစစ်စခန်းများအား အစိုးရတပ်မှ ထိုးစစ်ဆင်မှုကြောင့်ကေအိုင်အေ ခေါင်းဆောင်များ တရုတ်နိုင်ငံသို့ တိမ်းရှောင်

 
Friday, December 28, 2012
 KIA ဌာနချုပ် လိုင်ဇာ၏ အဓိကခံစစ် တောင်ကုန်းဖြစ်တဲ့ လဂျားယန် တောင်ကြောကို ဒီနေ့ မနက်(၉)နာရီ အချိန်ခန့်က မြန်မာအစိုးရ စစ်လေယာဉ်များမှ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုကြောင့် KIA ဘက်မှ အထိအခိုက် အကျအဆုံးများပြီး ဒဏ်ရာရသူများကို လိုင်ဇာဆေးရုံကို သယ်ဆောင်နေကြောင်း မျက်မြင်တွေ့သူများမှ ပြောပါတယ်။ လက်နက်ကြီးပေါက်ကွဲသံများကို လိုင်ဇာမြို့မှ ကြားနေရပြီး လိုင်ဇာမြို့တွင် ခြောက်ကပ်လျက်ရှိ ကာ ဈေးလဲ ပိတ်ထားကြောင်း သိရပါတယ်။ KIA ခေါင်းဆောင်ပိုင်းကတော့ မနေ့ညကတည်းက လိုင်ဇာ ဂိတ်ပေါက်ကနေ တရုတ်ပြည်ထဲ ၀င်ရောက်ခိုလုံနေပြီး တရုတ်နိုင်ငံတွင်းမှ စစ်ဆင်ရေးကို ကွပ်ကဲနေ တယ်လို့ သိရပါတယ်။ ယခု အစိုးရက အပြင်းအထန်တိုက်ခိုက် နေတဲ့ လဂျားယန်တောင်ကြောဟာ ဒီလ (၁၄) ရက်နေ့က ရိက္ခာပို့တဲ့ မြန်မာစစ်တပ်ကို KIA မှ ခြုံခိုတိုက်ခိုက်ပြီး မြန်မာစစ်သား(၅)ဦး ဒဏ်ရာနှင့် အဖမ်းခံခဲ့ရတဲ့ နေရာလဲ ဖြစ်ပါတယ်။
အမေ့အိမ် မှ

အမေ....ကျွန်ုပ်တို့ကိုဒီလောက်ထိချစ်သလား..

လွင့်မောင်မောင်  -  ရေးသည်
အခုတလော Facebook မှာပြန့်နှံ့နေတဲ့ဗွီဒီယိုဖိုင်လေး တစ်ခုပါ။
ဒီဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိကြပါတယ်။
တချို့က လုံခြုံရေးစည်းကိုကျော်ပြီး ၀င်လာတဲ့ လူငယ်ကိုအပြစ်ပြောကြတယ်။
တချို့က လုံခြုံရေးကို တာဝန်ယူထားတဲ့သူတွေကို အပြစ်ဖို့ကြတယ်။

လူငယ်လေးဘက်ကနေ ပြောရမယ်ဆိုရင်.........
အမေစုကို နေ့တိုင်းလိုလို တွေ့မြင်နေကြရတဲ့ သူတွေအတွက်ကတော့ ..
အမေစုဟာ ဘာမှ မထူးခြားသလိုခံစားရမှာပါ။ ဒါပေမဲ့ ..ကျနော်တို့တနင်္သာရီတိုင်းသားတွေအတွက်ကတော့..
အတော်ကိုထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါ။
ကျနော်ကိုယ်တိုင် အမေစု ထားဝယ်လာတုန်းက ခံစားခဲ့ရဘူးပြီ။
ကြည်လင်ဝင်းပ၊ရွှမ်းလဲ့နေတဲ့ အမေ့မျက်နှာကို မြင်တွေ့ရစဉ်ခဏ....
ကြောင်အမ်းအမ်းဖြစ်၊ကြက်သီးမွှေးညင်းတွေထတဲ့အထိ ဖြစ်ခဲ့တဲ့ ပီတိတွေနဲ့အတူ..
ကာလကြာရှည်ကွဲကွာနေတဲ့ မိသားစုအရင်းတစ်ယောက်ကို ပြန်လည်တွေ့ရှိလို့ ဖြစ်ရတဲ့
ဝမ်းနည်းမှုတွေနဲ့အတူ ...မျက်ရည်ပါလည်ခဲ့ရတယ်။

ဒါဟာ ကျနော်တစ်ယောက်တည်းလားဆိုတော့....မဟုတ်ဘူး။
တခြားသူတော်တော်များများ(၅၀ယောက် ကျော်)ကို
ကျနော်ကိုယ်တိုင် မေးကြည့်တာ...သူတို့လည်းကျနော့လိုခံစားရတယ်ဆိုတဲ့အကြောင်း.၀န်ခံကြလေရဲ့။

ဒါဆို အမေစုဟာ သာမာန်လူတစ်ယောက်တော့ မဟုတ်ဘူး။
မေတ္တာများနဲ့ ပြည့်ဝနေတဲ့ ပါရမီရှင်တစ်ယောက်၊ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်ဆိုတာကို။
ကျနော့ အတွေ့အကြုံအရ သိရှိလိုက်ပါတယ်။

ဒီကနေ့ အမေဟာ မေတ္တာရှင် ပုဂ္ဂိုလ် တစ်ယောက်ဆိုတာ.......
ကျွန်ုပ်တို့ ပြည်သူတွေကို လူကြားကောင်းရုံ ဟန်ပြ ပါးစပ်က ချစ်ပြနေတာမဟုတ်ဘူး..ဆိုတာ
အခုတင်ပြတဲ့ဗွီဒီယိုဖိုင်က သက်သေပြခဲ့ပါပြီ။

ရုတ်တရက်ဖြစ်လာတဲ့ ပြဿနာ..မိန့်ခွန်းပြောနေချိန်..ဘယ်နေရာကနေဘယ်လို ပေါ်လာသလဲမသိလိုက်တဲ့
လူငယ်လေးတစ်ယောက်ကို၊ လုံခြုံရေးတာဝန်ယူနေတဲ့ သူတွေက အတင်းတွန်းဖယ် ဆွဲထုတ်နေတာကို
အမေက ...ဟေ့.ဟေ့ ရတယ်ရတယ် အဲဒီလောက်ထိ မလုပ်နဲ့လေ (လေသံပျော့) ၊.ခေါ်ခဲ့လိုက်..ခေါ်ခဲ့လိုက် လို့ သူ့လူတွေကို
အမိန့်ပေးသလို လေသံပြင်းပြင်းနဲ့ ပြောလိုက်တာ...
နောက် လူငယ်လေးကိုယ်တိုင် ပေးတဲ့ အနီရောင် ဖဲကြိုးကို လက်ခံလိုက်တာ....
လူငယ်လေးရဲ့ပါးလေးကို ချစ်စနိုး လက်နဲ့နစ်လိုက်တာ ..
အမေ .......ရယ်.ကျနော်တို့လို ပမွှားလူတန်းစားတွေကို လည်း .ဒီလောက်ထိချစ်သလားရယ်လို့............
ပီတိဇောနဲ့ မျက်ရည်လည်ခဲ့ရပါတယ်။
အမေ့ကိုချစ်သော ပြည်သူလူထုကိုလည်း တောင်းပန်ချင်ပါသည်။
 အမေ့ကိုချစ်မြတ်နိုး၍ ယုံကြည်အားကိုး လေးစားကြတယ်ဆိုရင်.....
အမေ့ရဲ့ လုံခြုံရေးကို တစ်ဖက်တလမ်းက ကူညီ ထောက်ပံ့ပေးသောအားဖြင့်....
 နောင်...ဤသို့သော နည်းလမ်းများကို ရှောင်ရှားကြရန်.....

အကယ်၍များသာ  ဒီလူငယ်လေးနေရာမှာ..မသမာသူ(ဒုတိယ ဂဠုန်ဦးစော) များဖြစ်နေရင်...
မခက်ပေဘူးလား....ကျွန်ုပ်တို့အတွက်အမေမရှိရင် မဖြစ်ဘူးလေ.......
                                                                                           လွင့်မောင်မောင်(ထားဝယ်)
ဗွီဒီယိုကိုရှုစားကြည့်ပါ။    

                                                    Video-Kotunwai and super

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သိန်း ၆၃၀ ဖြင့် လေလံအောင်မြင်

ရန်ကုန်၊ဒီဇင်ဘာ ၂၉။
ဒီဇင်ဘာလ ၂၈ ရက် ည ၁ နာရီ ၁၀ မီနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရက်လုပ်ထားသော ဆွယ်တာ အင်္ကျီအား ကျပ်သိန်း ၆၃၀ ဖြင့် အမည်မဖော်လိုသူ တစ်ဦးက လေလံအောင်မြင်သွားကြောင်း သိရသည်။

အဆိုပါ ဆွယ်တာအင်္ကျီအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် လေလံတင်အခန်းအနားပြုလုပ်ခြင်းဖြစ်ပြီး ည ၁၂ နာရီ ၀န်းကျင်ခန့် အချိန်တွင် ကျပ်သိန်း ၆၂၅ ထိရှိကြောင်းသိရသည်။

လေလံအောင်မြင်သွားသော ဆွယ်တာ အင်္ကျီအား အထက်ပါ အမည်မဖော်လိုသူက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လာရောက် ထုတ် ယူမည်ဖြစ်ကြောင်း သိရသည်။

စူးရှ - The Myanma Age

ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် CPJ ကြိုဆို


 
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုတော့မယ်လို့ ကြေညာလိုက်တဲ့အပေါ် နယူးယောက် အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ CPJ က ကြိုဆိုလိုက် ပါတယ်။ ပုဂ္ဂလိက သတင်းစာတွေကို ၂၀၁၃ ခုနှစ် ဧပြီလ ၁ရက်နေ့က စပြီး စတင် ထုတ်ဝေခွင့် ပြုတော့မယ့် အကြောင်း မြန်မာအစိုးရ၊ ပြန်ကြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၇ ရက်၊ ကြာသပတေးနေ့က ကြေညာခဲ့ပြီးတဲ့နောက် CPJ အဖွဲ့က သောကြာနေ့မှာ တုန့််ပြန် ပြောဆိုခဲ့တာပါ။

ဒီကြေညာချက်အတိုင်း အပြည့်အ၀ အကောင်အထည်ဖော်ပြီး ဘယ်လို ကန့်သတ်ချက်မျိုးမှ မရှိဘူးဆိုရင် ဒီမူဝါဒ အသစ်ဟာ ပြီးခဲ့ တဲ့နှစ်မှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာခဲ့ပြီးကတည်းက ရှိခဲ့တဲ့ သတင်းမီဒီယာအပေါ် ကန့်သတ်ထိန်းချုပ်တဲ့ မူဝါဒတွေကို ထိထိရောက်ရောက် ပြောင်းပြန် လှန်ပစ်လိုက်တာ ဖြစ်လိမ့်မယ်လို့ CPJ အဖွဲ့ရဲ့ အာရှအစီအစဉ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူး Bob Dietz က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင်တုန်းက ထုတ်ဝေခဲ့ဖူးတဲ့ ပုဂ္ဂလိကသတင်းစာတွေအားလုံးကို ၁၉၆၄ ခုနှစ်မှာ အဲဒီအချိန် ဦးနေ၀င်းအစိုးရက ပိတ်ပစ်ခဲ့ပြီး နိုင်ငံပိုင် လုပ်လိုက်ပြီးကတည်းကဆိုရင် ပုဂ္ဂလိကပိုင် သတင်းစာမရှိခဲ့တာ နှစ်ပေါင်း ၆၀ နီးပါးရှိသွားပြီ ဖြစ်ပါတယ်။

မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညှိနှိုင်းသော်လည်း ပြေလည်မှု မရရှိ

 
 အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီနှင့် မိုးထိမိုးမိ တောင်ပေါ် ဒေသ ရွှေလုပ်သားများ ဒီဇင်ဘာလ(၂၇)ရက်နေ့က ထပ်မံ ညှိနိုင်း ခဲ့သော်လည်း တစုံတရာ ပြေလည်မှု မရရှိ သေးကြောင်း ဇုန်(၈)မှ ရွှေလုပ်သား ကိုနေမင်းက ပြောကြားသည်။

Friday, December 28, 2012

ပြည်သူကို အနိုင်အထက် လုပ်သော တနင်္သာရီ လုပ်ငန်းရှင် အချို့ကိစ္စ သက်ဆိုင်ရာသို့ တင်ပြမည်


ရန်ကုန်၊ ဒီဇင်ဘာ ၂၅)
တနင်္သာရီ တိုင်းဒေသကြီးရှိ လုပ်ငန်းရှင် အချို့သည် ပြည်သူအား နိုင့်ထက် စီးနင်း လုပ်နေသောကြောင့် သက်ဆိုင်ရာသို့ တင်ပြသွား ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
”ကျွန်မ နားလည်သလောက် ကတော့ ဒီတနင်္သာရီဘက်မှာ ဆိုရင် တချို့ လုပ်ငန်းရှင်ကြီးတွေက သိပ် ပြီးတော့ အနိုင်ကျင့်နေတယ်လို့ ကျွန်မ ကြားရပါတယ်။ ဒါတွေ ကို ကျွန်မတို့က သက်ဆိုင်ရာကို တင် ပြရမှာပဲ။ မသိချင်ယောင်ဆောင်နေ လို့ကတော့ ဖြစ်မှာ မဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြီး ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြိတ်-ကော့သောင်း-ကံမော်-ကျွန်းစု ခရီးစဉ်၌ ကျွန်းစုကျေးရွာ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ စီးပွားရေး လုပ်ငန်းများ ခြယ်လှယ်မှုနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး ချမ်းသာနေသော လုပ်ငန်းရှင် များအနေဖြင့် ယခုကဲ့သို့ ထပ်မံလုပ်ဆောင် နေခြင်းသည် ရှက်စရာ တစ်ခုအဖြစ် မြင်ကြောင်း ၄င်းက ဒေသခံ ပြည်သူ များရှေ့တွင် ထပ်လောင်းပြောကြား သည်။
လုပ်ငန်းရှင် အချို့က ပြည်သူ အပေါ် မည်သို့ မည်ပုံနိုင့်ထက်စီး နင်းလုပ်နေသည်ကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိပေ။
”ကျွန်မတို့ သိပ်နားမလည် ဘူး။ လုပ်ငန်းရှင် တော်တော်များ များက အင်မတန်မှ ချမ်းသာနေပါပြီ။ ဘာများ ထပ်ပြီး လိုချင်သေးလို့ ဒီလို ဆက်လုပ်နေတယ် ဆိုတာ ကျွန်မ စဉ်းစားလို့ကို မရပါဘူး။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ ဆင်း ရဲနေတဲ့ အချိန်မှာ ကိုယ်တစ်ယောက် တည်း ဒါမှမဟုတ် ကိုယ်တစ်စုတည်း ချမ်းသာနေတယ် ဆိုတာ အင်မ တန်မှ ရှက်စရာ ကောင်းတဲ့ ကိစ္စဖြစ် တယ်လို့ နားလည်ဖို့ လိုတယ်လို့ ကျွန်မထင်ပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများမှ မေးမြန်း တင်ပြသော စစ်တပ်များ စည်ကား နေသော ကိစ္စ၊ အအေးခန်း အလုပ် သမားများ ပိတ်ရက်မရှိ လုပ်ကိုင် နေရသော ကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မေးမြန်းပေး သွားမည်ဟု တာဝန်ခံခဲ့ပြီး ဒေသခံများ အကြား လိုအပ်သော အခက် အခဲကိစ္စများကို အဖွဲ့ချုပ် သို့ တင်ပြ ပေးရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။
”ဒီမေးခွန်းတွေ မေးပြီးတဲ့အခါ ကျရင် ဘယ်လို အဖြေထွက်လာ တယ် ဆိုတာ ကျွန်မ ပြန်ပြီးပြောပါ့မယ်။ ကိုယ်ကျိုး အတွက် လုပ်တဲ့နိုင်ငံရေး သမားတွေကို ဘယ်တော့ မှ မထောက်ခံပါနဲ့။ တိုင်းပြည် နာလိမ့်မယ်။ အအေးခန်းအတွင်းက အလုပ် သမားတွေကို ဘာကြောင့် ပိတ်ရက်မရှိဘဲ အလုပ်ခိုင်းနေတာလဲ ဆိုတာ ကို မေးပေး ပါ့မယ်။ သက် ဆိုင်ရာကိုမေးပြီး ကျွန်မတို့ပြန်ဖြေ ပေးပါမယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။
အောင်ထက်(NYK)

အလူမီနီယမ်နှင့် တိုင်တမ်နီယမ် ဓါတ်သတ္တုပါ ရခိုင် ရှားပါး ပင်လယ်သဲများ တရုတ်က ၀ယ်ယူရန် စီစဉ်

 
အလူမီနီယမ် Aluminum နှင့် တိုင်တမ်နီယမ် Titanium ဓါတ်သတ္တုပါ ရခိုင်ပင်လယ် ကမ်းရိုးတန်းမှ ရှားပါးသဲများကို တရုတ် စီးပွားရေး သမားများက ၀ယ်ယူရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် ရသေ့တောင်နှင့် မောင်တောမြို့နယ် ပင်လယ် ကမ်းခြေမှ သဲများမှာ အလူမီနီယမ်နှင့် တိုင်တမ်နီယမ် ဓါတ်သတ္တုများ ရောပြွမ်း ပါဝင်နေသဖြင့် တရုတ် စီးပွားရေး သမားများမှ ၀ယ်ယူရန် အထူးစိတ်ဝင်စားနေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် သတ္တုတွင်း ၀န်ကြီး ဦးအောင်သန်းတင်အား နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။

“ အခုက စမ်းသပ်နေတဲ့ အဆင့်ပါ။ ရခိုင်ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အခု မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ပင်လယ် ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် တောင်ပိုင်း အငုံမော် ကမ်းခြေက သဲတွေကို စမ်းသပ်နေပါတယ်။ အဲဒီက သဲတွေမှာ ကျနော်သိရသလောက် တိုင်တမ်နီယမ် သတ္တုတွေ အဓိက ရောပါနေတဲ့ အတွက် သူတို့ တရုတ်တွေက အထူး စိတ်ဝင်စားနေပါတယ်” ဟု ပြောသည်။

အဆိုပါ သဲများကို  ပထမ အဆင့် အနေဖြင့် စမ်းသပ်နေပြီး မည်ကဲ့သို့ ဆက်လက် ဆောင်ရွက် မည်ကို စမ်းသပ်မူ ပြုလုပ်ပြီးနောက် ရခိုင်ပြည်နယ် အစိုးရနှင့် ညှိနိုင်းမည်ဟု ၀န်ကြီးက ဆိုသည်။

ယခုအခါ တရုတ် အမျိုးသား တစ်ဦး ဦးဆောင်သော စီးပွားရေး အဖွဲ့ တစ်ဖွဲ့သည် ရသေ့တောင်မြို့သို့ ရောက်ရှိလာပြီး မြေတိုင်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ အငုံမော် ဒေသသို့ သွားရောက် တိုင်းတာမူများ ပြုလုပ်ခဲ့သည်ဟု ရသေ့တောင် ဒေသခံ တစ်ဦးက ပြောသည်။

“ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကဘဲ တရုတ် စီးပွားရေးသမား တစ်ဦး ရသေ့တောင်ကို ရောက်လာ ပါတယ်။ မြေစာရင်းဌာနက အရာရှိတွေနဲ့ ဦးလှဖြူသံ စက်လှေကို ဌားပြီး  အငုံမော် ပင်လယ် ကမ်းခြေကို ထွက်သွားတာကို တွေ့ရပါတယ်။ အဲဒီနေရာ ပင်ကမ်းခြေကို   ပုံစံ ၁၀၅ ရေးဆွဲတယ်လို့ သိရပါတယ်။ စမ်းသပ် တူးဖေါ်မယ့် မြေနေရာတွေကို အထက်ကို တင်မယ်လို့တော့ သိရပါတယ်။ အသေးစိတ်တော့ ကျနော်တို့ မသိရသေးပါဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အငုံမော်ကမ်းခြေမှ သဲများကို တရုတ် စီးပွားရေး သမားများသည် ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်ကလည်း ထုတ်ယူခဲ့ပြီး နောက်ပိုင်းတွင် အာဏာပိုင်များက ဟန့်တား သဖြင့် ရပ်တန့်ခဲ့သည်ဟု သိရသည်။

“ သူတို့က ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်ထိ သဲတွေကို ထုတ်ယူခဲ့ပါတယ်။ ပင်လယ် ကမ်းခြေအောက်ကို စက်ကရိယာတွေနဲ့ (၆) ပေ အနက်ထိ တူးပြီး သဲတွေကို ယူပါတယ်။ အဲဒီ သဲတွေကို အိတ်တွေနဲ့ ထုတ်ပြီး စစ်တွေ ရေချမ်းပြင်ကို မော်တော်ဘုတ်တွေနဲ့ ပို့ခဲ့ပါတယ်။ တချို့လည်း တရုတ်ကို ယူသွားတယ်လို့ သိရပါတယ်။ အိတ်ပေါင်း သုံးသောင်း ကတော့ မယူနိုင်သေးဘဲ အခု အချိန်ထိ ကျန်ရှိနေပါသေးတယ်” ဒေသခံက ဆက်ပြောသည်။

အိတ်ပေါင်း ၃၀၀၀၀ တွင် ၁၅၀၀၀ မှာ အငုံမော် နစက စခန်းတွင် စုပုံနေပြီး ကျန် ၁၅၀၀၀ မှာ ရေချမ်းပြင် ပုဇွန်ကန် တစ်ခုတွင် စုပုံ ကျန်နေခဲ့သည်ဟု သိရသည်။

ယခုအခါ ဒုတိယ အကြိမ် အနေဖြင့် တရုတ် စီးပွားရေး သမားများမှ ပင်လယ် သဲများကို ပြန်လည် ၀ယ်ယူရန် စီစဉ် လာခြင်း ဖြစ်ကြောင်း သိရသည်။

အမည် မဖေါ်လိုသူ မြန်မာ ဘူမိဗေဒ အရာရှိ တစ်ဦးကလည်း သူ့အနေဖြင့် ဗိုလ်ချုပ် ခင်ညွှန့် လက်ထက်က  အငုံမော်နှင့် အလယ်သံကျော် ပင်လယ်ကမ်းခြေကို သွားရောက်ပြီး သဲများကို  လေ့လာ ဆန်းစစ် ခဲ့ဖူးကြောင်း၊ သဲ နမူနာများကို  ရန်ကုန်ကို ယူဆောင်လာပြီး  ဓါတ်ခွဲ စမ်းသပ် ခဲ့ကြောင်း၊ သဲထဲတွင် အလူမီနီယမ် ဓါတ်သတ္တုများ ရောနှော ပါရှိနေသဖြင့် သဲများမှာ အထူး တန်ဖိုး ရှိကြောင်း၊ အဆိုပါ သဲများကို စင်္ကာပူကို တင်ပို့ ရောင်းချခြင်းဖြင့် ရခိုင်ပြည်နယ်ကို ချမ်းသာ ကြီးပွားအောင် ပြုလုပ် နိုင်ကြောင်း ပြောဆိုသည်။

ရသေ့တောင် ဒေသခံ တစ်ဦးကမူ သဲများကို ထုတ်ယူခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံး သွားနိုင်ပြီး ရေနေသတ္တ၀ါများကို ထိခိုက်နိုင်သဖြင့် ဒေသခံများ အတွက် အကျိုးထက် အပြစ်များနိုင်ကြောင်း ပြောကြားသည်။
နိရဉ္စရာ

အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို

 
 သောကြာနေ့ နံနက် အစိုးရတပ်က ထိုးစစ် ဆင်မှုတွင် တိုက်လေယာဉ် များပင် အသုံးပြု တိုက်ခိုက် နေကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။ “လေယာဉ် လေးစီးနဲ့ လဂျားယန်မှာ ပစ်နေတုန်းပဲ။ မနက် ၉ နာရီ ပတ်ဝန်းကျင်ကနေ တိုက်လေယဉ်နဲ့ ပစ်တယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘ၀ အကျိုးသက်ရောက်မှုကို မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ရက်အတွင်း စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြမည်

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်နိုင်ရန်နှင့် လူမှုဘ၀အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ ရက်အတွင်း လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်သို့ တင်ပြမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့်    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် ၄/၂၀၁၂ တွင် ဖော်ပြထားသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်နိုင်ရန်နှင့် လူမှုဘ၀ အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအား တာဝန်ပေးအပ်ခဲ့ကြောင်း၊ ထို့ကြောင့်  မြန်မာ့ပတ်ဝန်းကျင် သိပ္ပံသည် Ecology Expert (၁)ဦး, Natural Hazzard and Enviromental Management (၁)ဦး,Health Safety and Enviromental Consultant (၁)ဦး,Soil and Water Expert(၁)ဦး,Social Impact Assessment  Expert(၁)ဦး,Air Quality Expert(၁)ဦး,EIA Consultant(၁)ဦး,Cultural Expert(၁)ဦး စသည့် ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ဖြင့် လုပ်ငန်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများမှ မီးလောင်ဒဏ်ရာရရှိသူများအနက်မှ သံဃာတော် ၂ပါးကို ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Eleven Media Group

 လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ဘဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညို ပြောကြား

လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ပဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဓာတုဗေဒပညာရှင်ဒေါက်တာ ခင်မောင်ညိုက'' Myanmar Express က ဒေါက်တာခင်မောင်ညို ၀န်ခံပြီဆိုပြီး ပြောတားတယ်။ Myanmar Express က တာဝန်မယူတတ်တဲ့ ၀က်ဘ်ဆိုဒ်ပေါ့လေ။ဘာမှ တာဝန်မယူပဲနဲ့ လုပ်ချင်ရာလုပ်၊ဖြစ်ချင်ရာဖြစ် ပြောတဲ့ဝက်ဘ်ဆိုဒ်ပေါ့။နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ပြီး လုပ်သမျှ တာဝန်မယူနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပါ။ ကျွန်တော်သိသလောက်တော့ Myanmar Express ကနေ ကျွန်တော်ဆီ ဆက်သွယ်မေးမြန်းတာ မရှိပါဘူး။အခြားနည်းလမ်းနဲ့ ဆက်သွယ် လာတာမျိုးတွေရှိလည်း မီးခိုးဗုံးမဟုတ်ဘူး မီးလောင်ဗုံးပဲ။မီးလောင်ဗုံး မဟုတ်ဘူး မီးခိုးဗုံးပဲဆိုတာ တစ်ခါမှမပြောပါဘူး။ဖြစ်တဲ့ကိစ္စတွေကိုပဲ ကျွန်တော်ပြောပါတယ်။ဘယ်သူကိုမဆို အမှန်အတိုင်း ဖြစ်နေပျက်နေတာတွေကိုပဲ ကျွန်တော်ပြော ပါတယ်။Chemistry Point of View ကနေ စဉ်းစားဆင်ခြင်နိုင်ဖို့ ပြောတာပါ။ဒေါ်စုတို့ အလုပ်လုပ်ရလွယ်အောင်လို့ ဘာတွေဖြစ်တယ်ဆိုတာ သူတို့စုံစမ်းသင့်တယ်ဆိုတဲ့ အကြောင်းပဲ ကျွန်တော်ပြောတာပါ'' ဟု ပြောကြားခဲ့သည်။
Myanmar Express ၀က်ဘ် ဆိုဒ်တွင်''လက်ပံတောင်းတောင် အရေးအခင်းတွင် ရဲတပ်ဖွဲ့ က မီးလောင်ဗုံးများ သုံးစွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကြိုတင်ခန့် မှန်း ပြောကြားခဲ့သည့်အတွက် အထူးပင်စိတ်မကောင်း ဖြစ်မိကြောင်း ဒေါက်တာ ခင်မောင်ညိုက ယနေ့  ထုတ်ဖော် ပြောကြားလိုက်သည်။
ယင်းကိစ္စတွင် မိမိအနေဖြင့် ရရှိသမျှ အထောက်အထားများကို အခြေခံ၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ အလဲဗင်းမီဒီယာ၊ ဒီဗွီဘီနှင့် အခြား မီဒီယာအချို့က မိမိထံလာရောက်၍ သဘောထားထင်မြင်ချက် တောင်းခံခဲ့ကြောင်း၊ ထိုသို့  ပြောကြားရာတွင် မိမိအနေဖြင့် ရရှိသမျှသော ဓါတ်ပုံများ၊ ဗီဒီယိုများ စသည်တို့ကို လေ့လာကြည့်ရှု၍ ခန့်မှန်းပြောကြားခဲ့ ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ခန့်မှန်းပြောကြားရာတွင်လည်း တစ်သက်လုံး သင်ယူလေ့လာခဲ့သော ဓါတုဗေဒ သဘောတရားများ၊ သီအိုရီများ စသည်တို့နှင့် ချင့်ချိန်၍ ပြောကြားခဲ့ကြောင်း၊ လက်တွေ့  အသုံးပြုခဲ့သော ဗုံးအစအနများ၊ ဗုံးနမူနာများ စသည်တို့ကို ကြည့်ရှုစစ်ဆေးနိုင်ခြင်း မရှိသဖြင့် မှားယွင်းနိုင်သည်မှာလည်း မှန်ပါကြောင်း၊ ထိုအချိန်တွင် အစိုးရဘက်မှ သတင်းထုတ်ပြန်ချက် အားနည်းနေသဖြင့် ရရှိသမျှ သတင်းအချက်အလက်များကို အခြေခံရခြင်း ဖြစ်ကြောင်း အငြိမ်းစားဓါတုဗေဒပါမောက္ခ ဒေါက်တာ ခင်မောင်ညိုက ပြောကြားသည်။
 ဒေါက်တာခင်မောင်ညို၏ ပြောကြားချက်သည် အခြေအနေ ပိုမိုဆိုးဝါးသွားစေရန် မီးလောင်ရာလေပင့် မဖြစ်ခဲ့ဘူးလားဟု မေးမြန်းရာ မိမိအနေဖြင့် ထိုမျှအထိ မျှော်မှန်းထားခဲ့ခြင်း မရှိခဲ့ကြောင်း၊ တတ်သည့်ပညာ မနေသာဆိုသလို အမေးရှိလာ၍ ဖြေကြားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိမှ မီးလောင်ဗုံး ဖြစ်နိုင်သည် ဟုသာ ပြောကြားခဲ့ခြင်း ဖြစ်ပြီး မျက်ရည်ယိုဗုံး မဖြစ်နိုင်ဟူ၍လည်း ပြောကြားခဲ့ကြောင်း၊ ယင်းပြောကြားချက်များကြောင့် အခြေအနေ ပိုမိုဆိုးဝါးစေခဲ့ပြီး သံဃာများ၏ ဒေါသကို နှိုးဆွသလို ဖြစ်စေခဲ့သည်ဆိုလျှင် မိမိ၏ ပညာရပ်ဆိုင်ရာ မှားယွင်းမှုဟု ပြောကြားလိုကြောင်း ၎င်းက ဖြေကြားသည်။
ဆက်လက်၍ ဒေါက်တာခင်မောင်ညိုက နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး မီးမလောင်ဟု ပြောခဲ့ရခြင်းမှာလည်း နိုင်ငံတကာ အဓိကရုဏ်းများကို ထောက်ရှု၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓါတုဗေဒသဘောတရားတွင် မီးလောင်အောင် ဖော်မြူလာထုတ်လျှင်လည်း ရပါကြောင်း၊ မီးခိုးဗုံး ဆိုသော်လည်း မီးလောင်နိုင်သည့် မီးခိုးဗုံးများ ထွက်ပေါ်နေသည်ကိုလည်း သိရှိပါကြောင်း၊ မိမိ၏ ခန့်မှန်းချက် စောစီးစွာ ပေါ်ထွက်လာခဲ့ခြင်းမှာလည်း မီဒီယာများက လာရောက်မေးမြန်းသဖြင့် မိမိသိရှိနားလည်ထားသမျှ ပညာရပ်ဆိုင်ရာများကို အခြေခံ၍ ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယင်းကိစ္စကို စစ်ဆေးဖော်ထုတ်နေပြီ ဖြစ်ရာ မိမိ၏ ပြောကြားချက်များကြောင့် ကော်မရှင်အပေါ် ယုံကြည်မှုအားနည်းစေမည်ကိုလည်း မလိုလားကြောင်း၊ ကော်မရှင်မှာ လက်တွေ့အသုံးပြုခဲ့သည့် ဗုံးစဗုံးနများကို သိပံနည်းကျ စစ်ဆေးဖော်ထုတ်မည် ဖြစ်၍ မိမိ၏ ခန့်မှန်းပြောကြားချက်ထက် ပိုမို၍ တိကျခိုင်မာမည်ဟု ယုံကြည်ထားကြောင်း၊ မိမိအနေဖြင့် လေ့လာထားသော ပညာရပ်ဆိုင်ရာ ဗဟုသုတအပေါ်တွင် အခြေခံ၍ ပြည်သူများ သိရှိနားလည်စေရန် နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး သုံးကြသော်လည်း မီးလောင်ခြင်း မရှိသည်ကို ထင်ရှားစေရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ရေနှင့် မီးစုန်း ဓါတ်ပြုလျှင် မီးလောင်ကျွမ်းသည် ဟူသည်ကို သိပါသလားဟု မေးမြန်းရာ ဒေါက်တာခင်မောင်ညိုက မှန်ပါကြောင်း၊ မီးစုန်းသည် ရေနှင့်တွေ့လျှင် သေချာပေါက် မီးလောင်ကြောင်း၊ မီးစုန်းပါဝင်မှု အချိုးအစား အနည်းအများပေါ်မူတည်၍ မီးလောင်ကျွမ်းမှု အနည်းအများ ဖြစ်စေတတ်ကြောင်း၊ ယင်းကာလက မိမိအနေဖြင့် မီးစုန်းဓါတ် ပါဝင်နိုင်သည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း၊ ယင်းအတွက် မိမိအားမှားယွင်းသည်ဟု ပြောလျှင်လည်း ခံရမည်သာဖြစ်ကြောင်း၊ မိမိ၏ ပြောကြားချက်များ အလွန်အကျွံ ဖြစ်ခဲ့သည်ဟု ဆိုပါက ထိုအချိန်က တွေ့ရှိရသော သတင်းဓါတ်ပုံများကို ကြည့်၍ ဖြစ်ပေါ်လာသော စိတ်ခံစားမှုကြောင့် ဖြစ်ခဲ့သည်ဟု ပြောကြားလိုကြောင်း၊ မိမိ၏ ပြောကြားချက်များကြောင့် လူအများ၏ ဒေါသကို ပိုမိုဖြစ်စေခဲ့သည်ဟု ဆိုပါက မိမိအနေဖြင့် ပညာရှင်တစ်ယောက်၏ စိတ်ခံစားမှု ဟူ၍သာ နားလည်ပေးစေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကော်မရှင်မှ စစ်ဆေးတွေ့ ရှိချက်သာ အစစ်အမှန်ဟု မိမိအနေဖြင့် လက်ခံမည်ဖြစ်ကြောင်း၊ မပြည့်စုံသော အထောက်အထားများကို အခြေခံ၍ ခန့် မှန်းပြောကြားလျှင် မိမိကဲ့သို့ ပင် မှားယွင်းနိုင်ပါကြောင်း၊ ပညာရှင်များသည် တိကျခိုင်မာမှသာ ပြောကြားသည်ဟူသော ဆိုရိုးကို မိမိလက်ခံပါကြောင်း၊ စောစီးစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်းအတွက် မိမိအနေဖြင့် စိတ်မကောင်း ဖြစ်ရပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။
လက်ပံတောင်းတောင်အရေးတွင် ရဲတပ်ဖွဲ့ဝင်များက ရေဖြင့်ပက်ဖျန်းပြီးမှ မီးခိုးဗုံးများ အသုံးပြုခဲ့သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။ ယင်းဖြိုခွင်းမှုကြောင့် သံဃာအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုအခါ ဒဏ်ရာဆိုးဝါးသော ဦးတိကမှာ ထိုင်းနိုင်ငံသို့  ပို့ ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိသည်။ ထိုင်းနိုင်ငံမှ ဆရာဝန်များက မီးခိုးဗုံးနှင့် ရေ ထိတွေ့  ဓါတ်ပြုခြင်းကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း ကောက်ချက်ချထားသည်''ဟု သတင်းဖော်ပြထားသည်။
ဒေါက်တာခင်မောင်ညိုသည် လက်ပံတောင်းတောင်အရေးအခင်း ဖြစ်ပွားစဉ်ကာလအတွင်း ပြည်တွင်း မီဒီယာအချို့ထံ မီးလောင်ဗုံးနှင့် မျက်ရည်ယိုဗုံး ကွာခြားချက်များကို ဓာတုဗေဒနည်းအရ ခန့်မှန်းသုံးသပ် ပြောကြားမှုများ ပြုလုပ်ခဲ့သည်။
Eleven Media Group

အပြီးသတ် အစီရင်ခံစာ တင်သွင်းရန် ရခိုင်ပြည်နယ်သို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၂၀၁၃ ခုနှစ် ပထမအပတ်အတွင်း ထပ်မံသွားရောက်မည်

ရခိုင်ပြည်နယ် ပဋိပက္ခများ အပြီးသတ် အစီရင်ခံစာ တင်သွင်းနိုင်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမအပတ်အတွင်း ရခိုင်ပြည်နယ် ဒေသများသို့ သွားရောက်ပြီး လိုအပ်သော အချက်အလက်များ ကောက်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် အမှတ် (၃) အရ သိရသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို ပေးပို့တင်ပြခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နောက်ဆုံးအပြီးသတ် တင်သွင်းရမည့် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြရန်လည်း နိုင်ငံတော်သမ္မတက ရက်တိုးမြှင့် ပေးထားကြောင်းလည်း သိရသည်။
အဆိုပါ ကြားဖြတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်း အကျဉ်း၊ ရခိုင်ပြည်နယ်အတွင်း လူအဖွဲ့အစည်းနှစ်ခု တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိက္ခဖြစ်စဉ်မျး၊ ဆူပူအကြမ်းဖက်မှုများကြောင့် ဆုံးရှုံးမှုများ၊ လက်ရှိရခိုင်ပြည်နယ်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေများ စသည်မြေပြင် အခြေအနေ တွေ့ရှိချက်များနှင့် ထိုတွေ့ရှိချက်များအပေါ် အခြေခံကာ ပဋိပက္ခချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်သင့်သည်များအပေါ် အကြံပြုချက် ၄ ချက်၊ အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များအပေါ် အကြံပြုချက် ၂၆ ချက်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အကြံပြုချက် ၉ ချက်တို့ကို အစီရင်ခံထားကြောင်းလည်း သိရသည်။
ထို့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဘာသာရေး အစွန်းရောက်သည့် အတွေးအခေါ်များ ၀င်ရောက်မလာရေးအတွက် တားမြစ်ကာကွယ်ရေး တရားမ၀င် ခိုးဝင်လာသူများ မရှိစေရေးအတွက် ထိရောက်စွာ ကာကွယ်ရေး၊ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေး၊ လှုံ့ဆော်သူများကို ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူရေး၊ နိုင်ငံသား ဥပဒေပြုရေးကိစ္စများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် နှစ်ဖက်လူ့အဖွဲ့အစည်းမှ ရပ်တည်ချက်သဘော မှန်ကန်သည့် ခေါင်းဆောင်များပါဝင်သော လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်အဖွဲ့ ဖွဲ့စည်းရေး၊ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် စနစ်မကျသည့် ဘာသာရေးကျောင်းများကို စိစစ်ကြပ်မတ်ရေး စသော အကြောင်းအရာများအပြင် ရခိုင်ပြည်နယ် လူမှုရေး စီးပွားရေး ကဏ္ဍများကို ထည့်သွင်းအစီရင်ခံထားကြောင်းလည်း သိရသည်။
Eleven Media Group

မီဒီယာများ၌ ဖော်ပြနေကြသည့် GSM မိုဘိုင်းဖုန်း ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ လတ်တလော အတည်ပြုပြောကြားခြင်း မရှိဟု သိရ


ယခုရက်ပိုင်း မီဒီယာများတွင် ဖော်ပြနေသော ဇန်န၀ါရီလအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ခွင့်ပြုရောင်းချပေးမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာ ၂၈ ရက်က  ပြောသည်။

ဆက်လက်၍ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ခုအချိန်ထိ ဘယ်သတင်းဌာနကိုမှ ဘယ်လောက် ဈေးနှုန်းနဲ့ ရောင်းချမယ်ဆိုတာ အတိအကျ မထုတ်ပြန်ရသေးပါဘူး။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက ကောလဟာလတွေပါ” ဟု ပြောသည်။

ထို့ပြင် ဌာနမှ ထုတ်ပြန်ခြင်းပင် မရှိသည့် ဈေးနှုန်းများကို သတင်းဌာနများမှ သိနေခြင်းအပေါ် ၎င်းမှ မပြောတတ်တော့ကြောင်း၊ ဌာနအနေနှင့် ခွင့်ပြုရောင်းချတော့မည်ဆိုက မီဒီယာများကို တစ်ပတ်ကြိုကာ အကြောင်းကြား သွားမည်ဖြစ်ကြောင်း၊ ယခုအထိ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ တန်ဖိုးရော၊ ရောင်းမည့်အချိန်ကိုပါ မပြောရသေးကြောင်း ၎င်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆိုပါ မိုဘိုင်းဖုန်းများကို လာမည့် ၂၀၁၃ ဇန်န၀ါရီအတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး မည်သည့်နေ့ရက်တွင် ရောင်းချပေးမည် ဆိုသည်ကို သတင်းမထုတ် ပြန်ရသေးကြောင်း ၎င်း၏ အဆိုအရ သိရသည်။

ဇန်န၀ါရီလအတွင်း ရောင်းချပေးမည့် မိုဘိုင်းဖုန်းများတွင် မိုဘိုင်းဖုန်းနံပါတ် ပြောင်းလဲခြင်းနှင့် ဂဏန်းအရေအတွက် ထပ်မံတိုးလာဖွယ် မရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

Eleven Media Group

မီးရှို့ရာတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးသစ်နှင့် ရွာသား တစ်ဦး အဖမ်းခံရ

Rathidaung
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဆားပြင်ကြီးကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် အဖြစ် အရွှေးခံရသော ဦးမဲစိန်အောင်နှင့် နောက်ထပ် ရွာသား တစ်ဦးအား မွတ်ဆလင်ကျေးရွာ မီးရှို့တိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ဆိုကာ ရဲက ဖမ်းဆီးသွားခဲ့သည်။ “ ဦးမဲစိန်အောင်နဲ့ ကိုအေးထွန်းသောင်းကို ဖမ်းတာက ရသေ့တောင်မြို့ပေါ်မှာ ဖြစ်ပါတယ်။ ဦးမဲစိန်အောင်က ရွာမှာ အုပ်ချုပ်ရေးမှူး အသစ်အဖြစ် အရွှေးခံရတယ်။ ခုလို အရွှေးခံရတဲ့ အတွက် ရဲထောက်ခံစာ၊လ၀က ထောက်ခံစာ၊ ကျန်းမာရေး ထောက်ခံစာတွေ သွားတောင်းတဲ့ အချိန်မှာ ရသေ့တောင်ရဲက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။
ယခုအခါ ဦးမဲစိန်အောင်နှင့် ဦးအေးထွန်းသောင်းတို့ကို ရသေ့တောင်မှတဆင့် စစ်တွေသို့ ပို့ဆောင်လိုက်ပြီး အမှတ် (၂) ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု ဆိုသည်။
“ သူတို့ကို ဇန္န၀ါရီလ ၂ ရက်နေ့မှာ စစ်တွေ ခရိုင်ရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။ အခုတော့ ရမန်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။ သူတို့ကို ဖမ်းတာက လွန်ခဲ့တဲ့ အပတ်က ဖြစ်ပါတယ်” ဟု ဆိုသည်။
ဦးမဲစိန်အောင်မှာ သူနှင့် အတူ  အုပ်ချုပ်ရေးမှူး အဖြစ် ယှဉ်ပြိုင် အရွှေးခံသူ မဲရှုံးရာမှ ရဲကို သွားရောက်တိုင်ကြားပြီး ငွေပေးရာမှ ရဲက ဖမ်းဆီးခြင်း ဖြစ်သည်ဟု  ဦးမဲစိန်အောင် ဖမ်းဆီးခံရမူနှင့် ပတ်သက်ပြီး ဒေသခံများက  ပြောဆိုသည်။
တစ်ခြား ရပ်ရွာ လူကြီး တစ်ဦးကို နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။
“ အဓိကတော့ ဦးမဲစိန်အောင် အပါအ၀င် လူ (၈) ဦးကို ညောင်ပင်ကြီး ကုလားရွာ မီးရှို့မူမှာ ဦးဆောင်တယ်လို့ ရဲက ယူဆထားတယ်။ အဲသလို အခြေအနေမျိုးမှာ ဟိုမဲရှုံးတဲ့ လူ လုပ်တာလည်း ပါကောင်း ပါနိုင်တာပေါ့။ အတိ အကျတော့ မပြောနိုင်ဘူး။ ရသေ့တောင် တရားရုံးရှေ့က  လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်နေစဉ် ရဲက ၀င်ဖမ်းသွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့က ရသေ့တောင်မြို့နယ် တောင်ပိုင်း မစဲကမ်းဒေသရှိ  ညောင်ပင်ကြီး မွတ်ဆလင် ကျေးရွာ တိုက်ခိုက်မူ ဖြစ်စဉ်တွင် စစ်တပ်က ပစ်ခတ်၍ ရခိုင်အမျိုးသား ၂ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ညောင်ပင်ကြီးရွာမှ အိမ် (၂၀) ခန့်မှာ မီးထဲပါသွားခဲ့သည်ဟု ဆိုသည်။
၎င်းနောက်ပိုင်း မြို့နယ် ရဲတပ်ဖွဲ့မှ ဒဏ်ရာရသူ ရခိုင်  (၁၁) ဦးနှင့် အဆိုပါ ဒေသရှိ ဆားပြင်ကြီး၊ ဆားပြင်ချေ စသည့် ကျေးရွာများမှ  ခေါင်းဆောင်များဟု ယူဆသူ လူ (၈) ဦး၊ စုစုပေါင်း ၁၉ ဦးကို ဖမ်းဝရန်း ထုတ်ထားသည်ဟု ဆိုသည်။
ယခုအခါ ဖမ်းဝရမ်းထုတ်ခံရသူ ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
နိရဉ္စရာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်တွင် လေလံတင်သော ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ရက်လုပ်ထားသော သိုးမွှေးဆွယ်တာ အားshwe fm ကကျပ်သိန်း၄၁၅ သိန်းဖြင့်လေလံအောင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်တွင် လေလံတင်သော ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ရက်လုပ်ထားသော သိုးမွှေးဆွယ်တာ အားshwe fm ကကျပ်သိန်း၄၁၅ သိန်းဖြင့်ရရှိသွားသည်။
ဟုသတင်းရရှိသည်။
ပေါ်ပြူလာ ..မှ

Wednesday, December 26, 2012

မူးယစ်ရာဇာ နော်ခမ်းသေဒဏ် အယူခံပယ်ချ

မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့ဂိုဏ်းဝင်တွေကို တရုတ်က သေဒဏ်အပြစ်ပေးထားတဲ့အပေါ် အယူခံဝင်တာကို တရုတ် အထက်တရားရုံးကနေ ပယ်ချလိုက်ပါပြီ။ တရားရုံးရဲ့ သေဒဏ်စီရင်ဆုံးဖြတ်ချက်ဟာ မှန်ကန်မျှတမှုရှိတယ်လို့ တရုတ် အထက်တရားရုံးကနေ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်းရိုက်တာသတင်းက ရေးသားပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

တရုတ်နိုင်ငံကနေ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ မူးယစ်ရာဇာ နော်ခမ်းအပါအ၀င် သူ့နောက်လိုက်နောက်ပါ ၆ ဦးရဲ့ အယူခံမှုကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တရားရုံးတခုကနေ အခု ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်တာပါ။ တရုတ်နိုင်ငံသား ၁၃ ဦးကို သတ်ဖြတ်မှုနဲ့ မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့နောက်လိုက်သုံးဥိးကို  တရုတ်တရားရုံးကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလက သေဒဏ်ပြစ်ဒဏ်အမိန့်ချခဲ့ပါတယ်။ မူးယစ်ရာဇာ နော်ခမ်းဟာ တရုတ် မြန်မာ လာအိုး ထိုင်း စတဲ့ နယ်စပ်တကြော မဲခေါင်းမြစ်ရိုးတလျှောက်မှာ လှုပ်ရှားကျင်လည်ခဲ့တာဖြစ်ပြီး၊ နယ်စပ် မဲခေါင်မြစ်ထဲမှာပဲ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ တရုတ်အာဏာပိုင်တွေက အလိုရှိခဲ့တာပါ။ ဒါကြောင့် မဲခေါင်းမြစ်တကြော လှုပ်ရှားနေတဲ့ မူးယစ်ရာဇာ နော်ခမ်းရဲ့ ဂိုဏ်းကို နှိမ်နင်းပြီး အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ တရုတ်ဖက်က ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

တရုတ်တရားရုံးကနေ နော်ခမ်းအပါအ၀င် လေးဦးကို သေဒဏ် စီရင်ချက်ချမှတ်ခဲ့ပြီး၊ နောက်ထပ် တဦးကိုတော့ ဆိုင်းငံသေဒဏ်ချမှတ်ပါတယ်။ တရုတ်နိုင်ငံမှာ ဆိုင်းငံသေဒဏ်ဆိုတဲ့သဘောကတော့ နောက်ပိုင်းမှာ ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ်ကို ပြောင်းလေ့ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ မူးယစ်ရာဇာ နော်ခမ်းဂိုဏ်းဝင် ၆ ဦးမြောက်ကိုတော့ ထောင်ဒဏ် ၈ နှစ်စီ ချမှတ်အပြစ်ပေးခဲ့ပါတယ်။ ဖမ်းဆီးအပြစ်ပေးခံရသူ ၆ ဦးလုံးဟာ လူသတ်မှု တရားမ၀င်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပြန်ပေးဆွဲမှုတွေနဲ့ စွဲချက်တင်ခံခဲ့ကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက မဲခေါင်မြစ်ထဲမှာ တရုတ် ကုန်တင်သင်္ဘောနှစ်စင်းကို နော်ခမ်းနဲ့အဖွဲ့တွေက ဖမ်းဆီးပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သင်္ဘောပေါ်ပါလာတဲ့ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်ခဲ့ကြပါတယ်။

ဒီအမှုနဲ့ပဲ နော်ခမ်းနဲ့ သူ့နောက်လိုက် အားလုံးတရားခံ ၆ဦးကို ကို တရုတ်နိုင်ငံကနေ နိုဝင်ဘာလက ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာပါ။ အပြစ်ပေးခံရသူ ၆ ဦးလုံးကတော့ သူတို့ဟာ သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုတွေကို တရုတ်ယွမ် ၆သန်း၊ အမေရိကန် ဒေါ်လာ ၉သိန်းကျော်ကို လျော်ကြေးပေးခဲ့ပြီဖြစ်တယ်ဆိုပြီး သူတို့ပြစ်ဒဏ်ကို သက်ညှာစဉ်းစားဖို့ တရုတ်အထက်တရားရုံးကို အယူခံဝင်ခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံက လွှင့်ထုတ်ကြေညာပါတယ်။ အဲဒီ အယူခံမှုကကိုတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထက်တရားရုံးကနေ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကြားနာခဲ့ပြိး၊ အခု ဗုဒ္ဓဟူးနေ့မှာ တရားသူကြီးချုပ် Sun Jie ကနေ နောက်ဆုံး စီရင်ချက်ချခဲ့တာကို တရုတ်ပိုင်း CCTV ကနေ ကြေညာပါတယ်။

“ဒီ စီရင်ချက်ဟာ မျှတမှန်ကန်မှုရှိပါတယ်။ မူလ တရားကြားနာ စီရင်မှုတွေဟာ ဥပဒေကြောင်းအရ ညီညွတ်ပါတယ် ဆိုပြီး တရားသူကြီးချုပ် Sun က တရားရုံးမှာ ကြေညာသွားတာဖြစ်ပါတယ်။"

အဓိက တရားခံဖြစ်တဲ့ မူးယစ်ရာဇာ နော်ခမ်းကို လောနိုင်ငံက ဖမ်းဆီးမိခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မေလအတွင်းကပဲ တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ တရုတ်သင်္ဘောတွေ အမြောက်အများ အခုလို သတ်ဖြတ်ခံရတဲ့ကိစ္စဟာ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပင်လယ်ရေကြောင်း သမိုင်းမှာ တရုတ်တွေ အသေအပျောက်အများဆုံး အဖြစ်အပျက်တခုဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီအဖြစ်အပျက်ကြောင့် တရုတ်ဟာ သူ့နယ်စပ် မြစ်ကြောင်းတွေမှာ လက်နက်ကိုင်လုံခြုံရေးကင်းလှည့်သင်္ဘောတွေ ချထားခဲ့ရတဲ့အခြေအနေအထိပါ ရောက်လာပါတယ်။ မူးယစ်ရာဇာ နော်ခမ်းနဲ့အဖွဲ့ဟာ တရုတ် မြန်မာ ထိုင်း လော နယ်ချင်းစပ်နေတဲ့ မဲခေါင် မြစ်ကြောတလျှောက် သင်္ဘောတွေကို တိုက်ခိုက် ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး၊ ဒေသတွင်း တရားမ၀င် မူးယစ်ကုန်ကူးမှုမှာလည်း ပါဝင်ပတ်သက်ခဲ့ပါတယ်။
ကိုသားညွန့်ဦး(VOA)

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်

ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး စစ်ရေးအရှိန် မြင့်လာခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့) နှင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တို့ တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ် နေခဲ့ကြောင်း သိရပါသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့) တွင် KIA ၏ ရှေ့တန်းစစ်မြေပြင် တပ်များအနေဖြင့် တိုက်ခိုက်ခြင်းမပြုရန် KIA ဘက်မှ ညွှန်ကြားမှုများ ရှိခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ခရစ္စမတ်နေ့က ဖြစ်တာက ပန်ဝါဒေသမှာ ကျွန်တော်တို့ တပ်စခန်းကို အစိုးရတပ်ကနေပြီးတော့ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာမျိုး ရှိတယ်။ နောက်ပြီးတော့ ဗဟိုဌာနချုပ်နဲ့ နီးတဲ့ လဂျားယန်ဒေသမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ရှိတယ်။ ဘွမ်ဆောဘွမ်မှာ မြေပြင်တိုက်ပွဲတွေ ရှိတယ်။ မြေပုံအနေနဲ့ ပြောရင်တော့ ပြောဖို့ခက်တယ်။ ဖြစ်တဲ့နေရာမှာ ရွာတွေတော့ ရှိတယ်။ နယ်ခြား မှတ်တိုင် ၆ အနီးတ၀ိုက်မှာ ဖြစ်တယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ လဂျားယန်ဘက်မှာ မနက် လေးနာရီကနေပြီး မွန်းတည့် ၁၂ နာရီလောက်အထိ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ မွန်းလွဲနှစ်နာရီလောက်မှာ ပစ်ခတ်မှုတွေ ပြန်လည် ဖြစ်ပွားတယ်”ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါသည်။
ခရစ္စမတ်နေ့နှင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် အချို့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားမည့်သူ မရှိခဲ့ပေ။
တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တို့အကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလ အတွင်း KIA နှင့် အစိုးရတပ်များ အကြား တိုက်ပွဲအကြီးအငယ် ၁၄၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
မြစ်ကြီးနား-ဗန်းမော်လမ်း ကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ ၂၃ ရက်တွင် အကြောင်းကြားခဲ့ပြီး အဆိုပါ အကြောင်းကြားစာကို KIA မှ ကန့်ကွက်ခဲ့သည်။ တပ်မတော် အနေဖြင့် လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် အဆိုပါလမ်းကြောင်းအတိုင်း တပ်များ ၀င်ရောက်ရန် ရှိကြောင်း၊ ထို့ကြောင့်လမ်းတစ်လျှောက်ရှိ KIA  တပ်များ အားလုံးကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေးကို သတိပေးကြောင်း  တပ်မတော်မှ KIA သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မြစ်ကြီးနားနှင့် ၀ိုင်းမော်ကို လျှပ်စစ်ဓာတ်အားပေးနေသော တဘတ်ယန်ကျေးရွာအနီးရှိ မလိရေအားလျှပ်စစ်ရုံ အစိတ်အပိုင်း အချို့ ပျက်စီးသွားပြီး လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်နေ ပါသည်။ မလိ ရေအားလျှပ်စစ် စက်ရုံသည် KIO မှ ပိုင်ဆိုင်သော ရေးအားလျှပ်စစ် စက်ရုံဖြစ်ပါသည်။
Eleven Media Group

ထန်းတပင်မြို့နယ်မှာ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ပိုက်ပေါက် မီးလောင်လျှက်ရှိ

ထန်းတပင်မြို့ နယ် ကို ဖြတ်သွားတဲ့ ဓါတ်ငွေ့ ပိုက်လိုင်း တနေရာအားတွေ့ ရစဉ်
 ၂၄-၁၂-၂၀၁၂ ရက်နေ့ ၁၄၀၀ အချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်း- ရန်ကုန်(အင်းစိန် ရွာမ)သို့ ပို့လွှတ်သော မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းပိုင် CNG ၄ လက်မ ပိုက်လိုင်းမှာ ထန်းတပင်မြို့နယ်၊ သံပုရာကုန်း ကျေးရွာ မြောက်ဘက် (၃)ဖာလုံခန့်အကွာ လယ်ကွင်း အတွင်း
ပိုက်ပေါက်ပြီး ---

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် သရုပ်ဆောင်၂၁ဦး ရွေးချယ်မည်

 
 သရုပ်ဆောင်၂၁ဦး နေရာ များမှာ သခင် လှဖေ (ဗိုလ်လက်ျာ) ( ၁၉၁၁ - ၁၉၇၈ )၊ သခင် လှမြိုင် (ဗိုလ်ရန်အောင်) ( ၁၉၁၇ - ၁၉၆၇)၊ သခင်ရှုမောင် (ဗိုလ်နေဝင်း ) (၁၉၁၀ - ၁၉၉၂ )၊ သခင်နု (၁၉၀၇ - ၁၉၉၅)၊ ဒေါက်တာဘမော် (၁၈၉၃ - ၁၉၇၇ )၊ ဂဠုန်ဦးစော၊ သခင်ထွန်းအုပ် (၁၉၀၇ - ၁၉၇၀ )၊ ----


ဆူပူမူ ထပ်မံ ဖြစ်ပွား လိုသူများ တိုက်ခိုက်၍ ပေါက်တောတွင် ရခိုင်လူငယ် (၂) ဦး ဒဏ်ရာရ

ပေါက်တောမြို့ မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ)
ပေါက်တောမြို့ မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ)
 ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စိုင်းတုတ်ရွာမှ လူငယ် (၂) ဦး ကဏန်း ဖမ်းနေစဉ် အနီးအနား ကျေးရွာတစ်ခုက ဆူပူမူကို ထပ်မံ ဖြစ်ပွားလိုသူ တစ်စုက ဓါးများဖြင့် လာရာက် တိုက်ခိုက်သဖြင့် ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ဒဏ်ရာ ရရှိသွားသူများမှာ စိုင်းတုတ်ကျေးရွာမှ မောင်တင်အောင်မြင့်(ဘ)ဦးစံရွှေလှ (၂၅)  နှစ် နှင့် မောင်ကျော်သန်းစိုး (ဘ) မောင်ကျော်သောင်း (၂၄)  နှစ်တို့  ဖြစ်ကြသည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးက ယခုလို ပြောကြားသည်။
“ သူတို့နှစ်ဦးက ဒီနေ့မနက်က အသပြာကျွန်းမှာ ကဏန်းပုံးတွေနဲ့ ကဏန်းထောင်နေစဉ်မှာ အဲဒီ အနီး အနားမှာ ရှိတဲ့ ငှက်ချောင်းကုလားရွာက မွတ်ဆလင်တွေက ဓါးနဲ့ လာရောက် တိုက်ခိုက်ပါတယ်။ တိုက်ခိုက်ပြီး ခုတ်သတ်မလို့ လုပ်နေစဉ်မှာ ရခိုင်ရွာသားတွေ သတင်းရပြီး လိုက်သွားတဲ့ အခါ အသပြာကျွန်းနဲ့ တဖက် တကမ်း သရက်အုပ်မှာ ကြိုးနဲ့ တုတ်ပြီး ပစ်ထားကာ မွတ်ဆလင်တွေက ထွက်ပြေးသွားကြပါတယ်။ နောက်နစက တပ်ဖွဲ့ နဲ့ ရွာသားတွေ သွားရှာတော့ သူတို့ကို ပြန်တွေ့ပြီး အခု ပေါက်တောမြို့နယ် ဆေးရုံကို ယူလာပါတယ်” ဟု ပြောသည်။
တိုက်ခိုက်ခံရသူ နှစ်ဦးတွင် မောင်တင်အောင်မြင့် သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသဖြင့် RNDP ပေါက်တောမြို့နယ်ရုံးကို ဆက်သွယ်မေးမြန်းရာ သေဆုံးသွားသည်မှာ မဟုတ်မှန်ကြောင်းနှင့် ယခုအခါ သူတို့ နှစ်ဦးစလုံးကို စက်လှေဖြင့် ပေါက်တော ဆေးရုံသို့ ယူဆောင်လာကြောင်း ပြောသည်။
“ မောင်တင်အောင်မြင့်က မသေပါ။ မျက်နာနဲ့ လက်မောင်းမှာ ဓါးဒဏ်ရာ ရပါတယ်။ မောင်ကျော်သန်းစိုးက ဦးခေါင်းမှာ ဒဏ်ရာ ရပါတယ်။ အခု သူတို့ကို ပေါက်တောကို ယူလာပါပြီ” ဟု ပြောသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ပေါက်တော ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက ပြဿနာ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသော်လည်း နည်းနည်းပါးပါး ဖြစ်တာပါဟု ဆိုသည်။
“ အခု ပြဿနာ ဖြစ်ပွားတဲ့ နေရာကို တာဝန်ရှိသူတွေ လိုက်သွားပါပြီ။ ကောင်လေး နှစ်ယောက်ကတော့ နယ်မြေခံ နစက တပ်ဖွဲ့ဆီကို ရောက်သွားပါပြီ။ နည်းနည်းပါးပါး ဒဏ်ရာ ရတာပါ။ သေလောက်ထိတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။
လွန်ခဲ့သော အပတ်ကလည်း စိုင်းတုတ်ကျေးရွာ အနီးတွင် ဓါးပြမူ တိုက်မူ တစ်ခု ဖြစ်ပွားခဲ့ပြီး ဓါးပြတိုက်ရာတွင် ပါဝင်သူ မွတ်ဆလင် (၄) ဦးကို ရဲက သက်သေခံ အထောက်အထားများနှင့် အတူ ဖမ်းဆီးမိခဲ့သည်ဟု  သိရသည်။
နိရဉ္စရာ

ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက် ရန်ကုန်၌ တွေ့ဆုံမည်

ဘီလျံနာ သူဌေး ဂျော့ဆိုးရော့စ်
 ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင် ဘီလျံနာ သူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက် ကျောင်းသား များသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌ ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ သတင်းရရှိပါသည်။

မျက်ရည်စများကို သုတ်ပေးတော့မည့် ဝိုင်းစုခိုင်သိန်း

 
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူများအပေါ် လူမှုအကျိုးပြုပေးဆပ်မှုများကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပါ အသိအမှတ်ပြုလာချိန်တွင် ပြည်တွင်းရှိ အနုပညာလောကသားများ၊ အနု ပညာရှင်များပါ လူမှုရေးလုပ်ငန်းများတွင် ပိုမိုလုပ်ဆောင် ကူညီပေးဆပ်လာကြသည်ကို ဝမ်းမြောက် ဖွယ်ရာ တွေ့မြင်လာရပေသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ မေတ္တာဖြင့် လုပ်အားဒါနပြု ကူညီဖေးမပေးဆပ်ကြသည့် အနုပညာရှင်များ၊ အနုပညာလောကသားများရှိသလို သဒ္ဒါဖြင့်လာရောက်ကာအလှူငွေများလှူဒါန်းထောက်ပံ့ကူညီကြသောအနုပညာရှင်များ၊အနုပညာ လောကသားများသည်လည်း မြောက်များစွာရှိလေသည်။ ထိုအနုပညာရှင်များထဲတွင် သရုပ်ဆောင်/ အဆိုတော် ဝိုင်းစုခိုင်သိန်း တစ်ယောက်သည်လည်း အပါအဝင်ဖြစ်ခဲ့ပြီ ဖြစ်တော့သည်။

၂၄.၁၂.၂၀၁၂ ရက်နေ့ နံနက် (၁၂း၀၀) နာရီအချိန်ခန့်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်းသည် မိဘနှင့်အတူလာရောက်၍ သူမ၏ ချွေးနည်းစာ အနုပညာကြေးများထဲမှ မိမိမွေးနေ့ အမှတ်တရအဖြစ် အလှူငွေကျပ် (၁ဝ) သိန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုကူညီရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့လေသည်။ သရုပ်ဆောင်/အဆိုတော် ဝိုင်းစု ခိုင်သိန်းနှင့် မိသားစုအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသားများမှ
အသင်း၏ လုပ်ငန်းဆောင်တာများအား လိုက်လံရှင်းပြကာ မုဒိတာပွားစေခဲ့ပါသည်။

ယင်းနောက် ဥက္ကဋ္ဌ ဦးကျော်သူမှ သုခပညာဒါန စာသင်ခန်းများ၊ သုခအလင်း စာကြည့်တိုက်နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းတို့ တွင် ဆေးကုသမှုဆိုင်ရာ ဆေးကုသခန်းများအား လေ့လာမုဒိတာပွားစေခဲ့သည်။ ယခု သရုပ်ဆောင်/ အဆိုတော် ဝိုင်းစုခိုင်သိန်း လှူဒါန်းသောအလှူငွေများကို နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုကူညီရေး လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ပြီး နာရေးအတွက် သောကမျက်ရည် ဝေနေကြသော အများပြည်သူတို့၏ အပူမီးများအား ငြိမ်းအေးစေမည်ဖြစ်သလို ကျန်းမာရေးချို့ယွင်းနေသော ပြည်သူလူထု တို့အတွက်လည်း ကျန်းမာသန်စွမ်းစေသော အထောက်အကူတစ်ခုဖြစ်စေကာ အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် ပညာတတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေသော အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့ပြီ ဖြစ်တော့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် တချိန်တခါက အနုပညာ ညီအကိုမောင်နှမများမှ ယခုတိုင်းပြည် ပြန်လည်ထူထောင်ရေးကာလတွင် ဦးကျော်သူ လုပ်ကိုင်နေသော အများအကျိုးသယ်ပိုးဆောင်ရွက်ပေးနေသော အသင်းအဖွဲ့ကြီးအား တစ်နိုင်တစ်ပိုင် လုပ်အား၊ ဥာဏ်အား၊ အလှူငွေတို့ဖြင့် လာရောက်ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်တရာမှ မြင့်မြတ်လှသော ကောင်းမှုကြီးဖြစ်ပေသည်။

ထို့ကြောင့် ပြည်သူတို့၏ သောကအပူမျက်ရည်များအား တစိတ်တပိုင်း ငြိမ်းအေးစေရန် ကူညီဖေးမချွေးသိပ် ကူညီပေးခဲ့သည့် ပြည်သူချစ်သော အနုပညာရှင် သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်း ၏ အနုပညာလမ်းခရီးတလျှောက် ပိုမိုတိုးတက် အောင်မြင်ပါစေ ကြောင်းနှင့် ပြည်သူလူထုအား ပိုမိုပေးဆပ်နိုင်ပါစေကြောင်း အများပြည်သူကိုယ်စား မေတ္တာပို့သကာ မုဒိတာပွား လိုက်ရပါသည်။ အထူးအားဖြင့် ဆင်းရဲနွမ်းပါးပြီး သောကအပူများဖြင့် ပြည့်နှက်နေကြသော ပြည်သူလူထုတို့၏ မျက်ရည်စများကို ပြည်သူချစ်သော ဝိုင်းစုခိုင်သိန်း အစဉ်ထာဝရ အနုပညာ လက်ဝါး ပြင်နှင့် သုတ်ပေးနိုင်ပါစေကြောင်း မေတ္တာပို့သလိုက်ရပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)
ဒေါင်းမာန်ဟုန် မှတဆင့်

ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်စေရေး လာဘ်ပေးလာဘ်ယူမှုများအား ထိထိရောက်ရောက် တားဆီးထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ ပြောကြား

Photo-http://www.president-office.gov.mm/zg/
 ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်စေရေး လာဘ်ပေးလာဘ်ယူမှုများအား ထိထိရောက်ရောက် တားဆီးထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရအဖွဲ့ နိုင်ငံအုပ်ချုပ်ရေး တာဝန်ယူခဲ့သည့် တစ်နှစ်နှင့် ကိုးလခန့်အကြာတွင် ပြောကြားခဲ့သည်။                               
နိုင်ငံတော်သမ္မတက ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစိုးရဌာနအဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား လမ်းညွှန်မိန့်ကြားသည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ ကောင်းမွန်သော အုပ်ချုပ်မှု ရှိမရှိ တိုင်းတာသောစံများအရ များစွာအားနည်းနေသေးတာကို တွေ့ရှိရပါတယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်အောင် ဆောက်ရွက်ရမယ့်အချက်များနှင့် လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြဖို့ မှာကြားလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ယင်းသို့လာဘ်ပေးလာဘ်ယူမှုများ တားဆီးထိန်းသိမ်းရာတွင် လာဘ်ပေးသူရော လာဘ်ယူသူပါ တာဝန်ရှိတဲ့အလျောက် အမျိုးသားအကျင့်စာရိတ္တ မထိခိုက်အောင် ပြည်သူများ အားလုံးပါဝင်ထိန်းသိမ်းပေးကြပါလို့ ပန်ကြားလိုပါကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။         
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် ပြည်သူဘဏ္ဍာများကို ရယူပြီး ပြည်သူ့ဝန်ကို ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်း နိုင်ငံသားကောင်းများအနေနဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ တစ်ဦးချင်းတစ်ဌာနချင်း ကောင်းအောင် ပြုပြင်ဆောင်ရွက်သွားကြပြီး တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပါဝင်သည်။
“အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ပြန်လည်ကောင်းမွန်အောင် စိတ်ဓာတ်ကောင်းကောင်း စည်းကမ်းကောင်းကောင်းနဲ့ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို စေတနာကောင်းကောင်းနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်” လည်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား လမ်းညွှန်ခဲ့သည်။
“ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကျွန်တော်တို့အစိုးရ အဖွဲအစည်းအနေနဲ့ရော၊ ပြည်သူများရဲ့အခွန်ဘဏ္ဍာနဲ့ ပြည်သူ့ဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်းအားလုံးကို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့အစိုးရ (Good Government, Clean Government) ဖြစ်အောင် ကြိုးပမ်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးကိစ္စအ၀၀မှာ ပြည်သူလူထုအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ မှာကြားတိုက်တွန်းခဲ့ပြီး ဖြစ်ပါတယ်” ဟုလည်း နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အထောက်အထားမဲ့လုပ်သား နှစ်သန်းခန့်ကို ယာယီမြန်မာနိုင်ငံကူးလက်မှတ်များ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရ

အထောက်အထားမဲ့လုပ်သား နှစ်သန်းခန့်ကို ယာယီမြန်မာနိုင်ငံကူးလက်မှတ်များ ဆက်လက်ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး Stateless ဖြစ်နေသည့် ကလေးများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။
“အထောက်အထားမဲ့ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ကို ယာယီမြန်မာနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ ကျန်ရှိနေသေးတဲ့ လုပ်သားနှစ်သန်းခန့်ကိုလည်း ဆက်လက်ထုတ်ပေးနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေဟာ Stateless ဖြစ်နေတဲ့အတွက် အဲဒီကလေးတွေကိုလည်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား ထုတ်ပေးဖို့နဲ့ ကလေးတွေ ပညာသင်နိုင်ဖို့ကိစ္စတွေကို အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ တရားဝင်စေလွှတ်ခဲ့သည့် အလုပ်သမားပေါင်း ၄၀၀၀၀ ကျော်ရှိပြီး မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ လုပ်သား ၁၀၁၀၀၀ ကျော်ကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပြီး ကျန်ရှိနေသည့် အထောက်အထားမဲ့လုပ်သား တစ်သိန်းခန့်ကို ဆက်လက်ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေသည်။
“အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့နဲ့ အခက်အခဲတွေ ဖြေရှင်းပေးနိုင်ဖို့ ထိုင်း၊ ကိုရီးယားနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်သမား သံအရာရှိတွေ ခန့်ထားပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ကူညီစောင့်ရှောက်နိုင်ဖို့အတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအသင်းကိုလည်း ဖွဲ့စည်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ရွှေ့ပြောင်းအလုပ်သမားကိစ္စများကို IOM နှင့်ပူးပေါင်းဆောင်ရွက်နေပြီး ပြည်ပရောက်အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစ၍ ပြည်ပနိုင်ငံများသို့ မြန်မာအမျိုးသမီး အလုပ်သမားများကို စေလွှတ်ခဲ့ပြီး အလုပ်သမားအများဆုံး သွားရောက်လုပ်ကိုင်သည့် နိုင်ငံများမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိကြောင်း သိရပါသည်။

အငြင်းပွား ကျွန်းအနီး ဂျပန် တိုက်လေယာဉ်တွေစေလွှတ်

တရုတ်နိုင်ငံက ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်တစင်း ပျံသန်းနေတာကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ရိုက်ကူးထားသည့် မှတ်တမ်းပုံ။
25.12.2012
 ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ပြင်တွင်း ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တဲ့နောက် တရုတ်နိုင်ငံက အရေးပေါ် တပ်လှန့်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ အချေအတင် ဖြစ်နေရတဲ့ ကျွန်းစုတွေ ရှိရာအနီး တရုတ်နိုင်ငံက ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်တစင်း ပျံသန်းနေတာကို သိရတဲ့အတွက် F-15 တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တာလို့ ဂျပန်နိုင်ငံက သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အေါ်မှာတော့ တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်တဲ့ အကြောင်းကိုတော့ အင်္ဂါနေ့မှာပဲ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေး လေယာဉ်ကတော့ လုပ်ရိုးလုပ်စဉ် ကင်းထောက်တာသာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဂျပန်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေကတော့ တရုတ်နိုင်ငံရဲ့ ပင်လယ်ပြင်ဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရေးဌာနက Y-12 အမျိုးအစား လေယာဉ်ကို အငြင်းပွားနေတဲ့ ကျွန်းစုတွေရဲ့ မြောက်ဖက် မိုင် ၆၀ ကျော်လောက်မှာ တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်နေချိန်မှာပဲ တရုတ်ထောက်လှမ်းရေးလေယာဉ် ဒေသတွင်းက ပြန်ထွက် သွားခဲ့တယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံက Senkaku လို့ခေါ်ပြီး တရုတ်နိုင်ငံက Diaoyu လို့ခေါ်တဲ့ ကျွန်းတွေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အတွက်လည်း တရုတ်နဲ့ ဂျပန် ၂ နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားနေတာလည်း ဖြစ်ပါတယ်။
။ VOA

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ဂျွန်ကယ်ရီကို ရွေးချယ်


အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားက လာမည့် သက်တမ်းသစ်အတွက် နိုင်ငံခြားရေး ၀န်ကြီးသစ်အဖြစ် ရွေးချယ်လိုက်သူ အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီသည် နိုင်ငံတကာ ခေါင်းဆောင် များနှင့် မျက်နှာ မစိမ်းသူ ဖြစ်သကဲ့သို့ မြန်မာ့ ဒီမိုကရေစီနှင့် လူအခွင့်အရေး တို့အတွက် ရှေ့တန်းက အားပေးထောက်ခံခဲ့သူ တဦးလည်း ဖြစ်သည်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်၊ သံတမန်ရေး ကျွမ်းကျင်ပြီး နိုင်ငံတကာ ခေါင်းဆောင်များနှင့်ပါ ရင်းနှီး ကျွမ်းဝင်သူလည်းဖြစ်ပြီး ၂၀၀၄ ခုနှစ်က သမ္မတလောင်းအဖြစ် ရွေးချယ်ခံ ခဲ့သူလည်းဖြစ်သည့် ဗီယက်နမ် စစ်ပြန် ဂျွန်ကယ်ရီကို သမ္မတ အိုဘားမားက လွန်ခဲ့သည့် သောကြာနေ့က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ် ကြေငြာခဲ့ခြင်းဖြစ်သည်။

ဂျွန်ကယ်ရီသည် အိုဘားမား အစိုးရအတွက် နိုင်ငံတကာသို့ လှည့်လည် သွားခဲ့သူလည်းဖြစ်သလို နှစ်ပေါင်း ၃၀ နီးပါး အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ အဓိက နေရာက ပါဝင်လှုပ်ရှားနေသကဲ့သို့ အထက်လွှတ်တော်တွင်လည်း ဒီမို ကရက်ပါတီနှင့် ရီပတ်ပလီကန်ပါတီ ၂ ရပ်လုံးက လေးစားယုံကြည်မှုရ၍ အထက်လွှတ်တော်ကလည်း နိုင်ငံခြားရေး ၀န်ကြီးအဖြစ် လျှင်မြန်စွာ အတည်ပြုပေးမည်ဟု ယုံကြည်ကြောင်း သမ္မတ အိုဘားမားက ပြောသည်။

ဂျွန်ကယ်ရီသည် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးရေး ကိစ္စ တွင် အဓိက အခန်းကဏ္ဍကပါဝင်ခဲ့သော်လည်း မြန်မာ- အမေရိကန် ပုံမှန်ဆက်ဆံရေး ပြန်လည် ရရှိစေရန် အမေရိကန် အမတ်များကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ပေးခဲ့သည့်အထဲ မန်ဆက်ချူးဆက် ပြည်နယ်က အထက် လွှတ်တော်အမတ် ဂျွန်ကယ်ရီလည်း ပါဝင်သည်။

မစ္စတာ ဂျွန်ကယ်ရီသည့် လွန်ခဲ့သည့်နှစ် သြဂုတ်လက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို အသိအမှတ်ပြု ကြိုဆိုခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ မည်သို့ ဆက်လုပ်မည်ဆိုသည်ကို အနီးကပ်စောင့် ကြည့်နေသည်ဟုလည်း သူက ပြောခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်ဟောင်း တချို့နှင့်လည်း ရင်းနှီးသကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်တွင်လည်း ဂျွန်ကယ်ရီသည် အဓိကအခန်းက ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ယခုနှစ်ဆန်းပိုင်းက မြန်မာနိုင်ငံနှင့် ပတ်သက်၍ မှတ်ချက်ပေးရာတွင် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသည့်အသံကို အသိအမှတ်ပြုကာ အားပေး ထောက်ခံသွားရေးကိုလည်း ဆောင်းပါးတပုဒ်ရေးပြီး တိုက်တွန်းခဲ့ဖူးသည်။
“မြန်မာနိုင်ငံက လမ်းဆုံလမ်းခွကို ရောက်နေပြီ ပြောလို့ရတယ်။ အထိအခိုက် မခံတဲ့ အခြေအနေရှိတဲ့ နိုင်ငံတခုအဖြစ် ရှိနေသေးတယ်။ အပြောင်းအလဲကို အားပေးဖို့ ကွန်ဂရက်မှာလည်း ကျနော်တို့ လုပ်ဆောင်မှာပါ။ အဓိက ကျနော်တို့ စောင့်ကြည့်နေတာကတော့ မြန်မာအစိုးရဟာ မြန်မာပြည်သူတွေအတွက် ဘယ်ကဏ္ဍက ဘယ်လို အစပြု လုပ်မလဲဆိုတာနဲ့ လက်တွဲဖော် အသစ်ဖြစ်ရေးအတွက် အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု ဂျွန်ကယ်ရီက Empowering Burma’s voices of change ဆောင်းပါးတွင် ရေးသားခဲ့ဖူးသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ မကြာခဏ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာဆိုင်ရာ အမေရိကန် မူဝါဒနှင့် ပတ်သက်၍ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီက အားကိုးရသူ တဦးလည်း ဖြစ်သည်။

နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ကလည်း ဂျွန် ကယ်ရီကို သူ၏ ယုံကြည်စွာ လက်တွဲ လုပ်ဆောင်နေသည့် လုပ်ဖော် ကိုင်ဖက်ကောင်းတဦး ဖြစ်ကြောင်း ပြောသည်။

“အီရတ်စစ်ပွဲ အဆုံးသတ်ရေး သူ ကူညီခဲ့တယ်” ဟု မစ္စ ဟီလာရီက ဆိုသည်။

ထို့အပြင် အာဖဂန် အသွင်ကူးပြောင်းရေးကာလ စေ့စပ်ညှိနှိုင်းမှုတွင် ကူညီခဲ့သကဲ့သို့ အီဂျစ် အပါအ၀င် အရှေ့အလယ်ပိုင်း၊ ပါကစ္စတန်၊ ရုရှား စသည့် နိုင်ငံများနှင့် အရေးကြီးသည့် ဆက်ဆံရေး ကိစ္စများတွင်လည်း ကူညီခဲ့သူဖြစ်ကြောင်းလည်း မစ္စ ဟီလာရီက ဆက်ပြောသည်။

မစ္စ ဟီလာရီသည် မကြာသေးမီက သမ္မတ အိုဘားမား၏ လာမည့် သမ္မတ သက်တမ်းအတွက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ဆက်လက်ယူမည် မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်၍ ယခုကဲ့သို့ ဂျွန်ကယ်ရီကို နိုင်ငံခြားရေး ၀န်ကြီးသစ် အဖြစ် သမ္မတ အိုဘားမားက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အသက် ၆၉ နှစ်ရှိပြီဖြစ်သည့် ဂျွန်ကယ်ရီသည် အရှေ့အလယ်ပိုင်းမှ အစပြုကာ နိုင်ငံတကာရေးရာ ဗဟုသုတ နှံ့စပ် ကြွယ်ဝသူဖြစ်ပြီး ဂျွန်ကယ်ရီကို စစ်ပွဲများ၊ အစိုးရ အုပ်ချုပ်ရေး၊ သံတမန်ရေး နယ်ပယ်များတွင် စမ်းသပ်ခံပြီးသား ဖြစ်ကြောင်း မစ္စ ဟီလာရီက ဆိုသည်။

“ဂျွန်ကယ်ရီဟာ ကမ္ဘာတ၀န်းက အမေရိကန် အကျိုးစီးပွားနဲ့ တန်ဖိုးတွေကို ထိထိရောက်ရောက် ရှေ့တန်းရောက်စေဖို့ မနားတမ်း ဦးဆောင်ခဲ့တယ်။ သူနဲ့ အရင်က အတူအလုပ်တွဲလုပ်ရတာကို ကျမ ဂုဏ်ယူတယ်” ဟု ကုလ သမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စ ဆူဇန် ရိုက်စ်က မှတ်ချက်ပေးသည်။

အလားတူ သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများ၊ လွှတ်တော်အမတ် အသီးသီးတို့ကလည်း ဂျွန်ကယ်ရီအား နိုင်ငံခြားရေး ၀န်ကြီးအဖြစ် မျှော်လင့်သူများ ရှိသကဲ့သို့ မေးခွန်းထုတ်သူများလည်း ရှိကြသည်။

ဂျွန်ကယ်ရီသည် ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၆၆ ခုနှစ်တွင် ယေးလ် တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ဗီယက်နမ်စစ်ပွဲ၌ အမေရိကန် ရေတပ်တွင် ဒုဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မဲခေါင်မြစ် တိုက်ခိုက်ရေး ရေယာဉ်မှူးအဖြစ်လည်း တာဝန်ယူခဲ့ကာ ငွေကြယ်၊ ကြေးနီကြယ်နှင့် Purple Heart ဆုတံဆိပ် ၃ ခု ရခဲ့သူဖြစ်သည်။

၁၉၇၀ ခုနှစ်တွင် ဗီယက်နမ်မှ အမေရိကန်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ဗီယက်နမ် စစ်ဆန့်ကျင်ရေး အုပ်စုတခု၏ ခေါင်းဆောင် လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု၌ လူသိများလာခဲ့သည်။

ဂျွန်ကယ်ရီသည် ၁၉၇၂ ခုနှစ်က မက်ဆာချူးဆက်ပြည်နယ် အောက်လွှတ်တော် အမတ်ရွေးပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ၁၉၈၂ ခုနှစ်တွင် နိုင်ငံရေးလောကသို့ ပြန်လည် ၀င်ရောက်လာခဲ့ပြီး မက်ဆာချူးဆက်ပြည်နယ်၏ လက်ထောက်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။ ၂ နှစ်ခန့်ကြာပြီးနောက် အမေရိကန် အထက်လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ယခုတိုင် ၅ ကြိမ် သက်တမ်းဖြင့် မက်ဆာချူးဆက်ပြည်နယ်၏ အထက်လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းနေဆဲဖြစ်သည်။

ပြိုင်ဘက်ဟောင်း ဖြစ်သကဲ့သို့ လုပ်ဖော်ကိုင်ဖက် ဟောင်းလည်းဖြစ်သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယခုလဆန်းပိုင်းလောက်ကတည်းက ဂျွန်ကယ်ရီကို ရယ်မောကာ နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီဟု ခေါ်ဆိုခဲ့သေးသည်။

မစ္စတာ ဂျွန်ကယ်ရီ ကိုယ်တိုင်ကလည်း နိုင်ငံခြားရေးဆိုင်ရာ လုပ်ငန်းများတွင် ကျွမ်းကျင်သူဟု သတ်မှတ်ထားလေ့ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

မစ္စတာ ဂျွန်ကယ်ရီ နိုင်ငံခြားရေး ၀န်ကြီးဖြစ်လာပါက ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုများက အသင့်ဆီးကြိုလျှက်ရှိသည်။

ဆီးရီးယားနှင့် အစ္စရေး-ပါလက်စတိုင်း စသည့် အရှေ့အလယ်ပိုင်းမှ အစ၊ မြောက်ကိုရီယား အဏုမြူနှင့် ဒုံးကျည်လက်နက် ကိစ္စနှင့် အာရှရေးရာ အလယ်၊ ကျဆင်းနေသည့် အမေရိကန် စီးပွားရေး ကိစ္စများအဆုံး ကမ္ဘာတ၀န်း အမေရိကန်၏ ဦးဆောင်မှု အခန်းကဏ္ဍများအား မည်သို့ လုပ်ဆောင်သွားမည်ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ပေသည်။

Irrawaddy News

မြိတ်မြို့ မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ပြောကြားနေစဉ် လုံခြုံရေး စည်းကျိုးပေါက်ခဲ့ (ရုပ်/သံ)


 NLD ဗဟိုလုံခြုံရေးနှင့် နယ်မြေခံ မြိတ်လုံခြုံရေး အကြား နားလည်မှု လွဲမှားခြင်း၊ မြိတ် NLD တာဝန်ခံများ စီစဉ် ညွန်းကြားမှု ညံ့ဖျင်းခြင်း ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောရာ စင်မြင့်ထက်သို့ လူတစ်ယောက် စွတ်အတင်း တက်ရောက် လာပါတယ်။ အဲဒီလူနဲ့ NLD လုံခြုံရေး အဖွဲ့ တွေကြားမှာလည်း ရုန်းရင်း ဆံခတ် ဖြစ်ပွါးခဲ့ပါတယ်။ စင်ပေါ် ရောက်လာသူကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘယ်လို တုန့် ပြန်လိုက်တယ် ဆိုတာကို တော့ (ရုပ်/သံ)မှာ ကြည့်ရှုနိုင်ပါတယ်။ ရိုက်ကူး - မောင်စူပါ
MMN မှ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Tuesday, December 25, 2012

မုံရွာ-ပခုက္ကူ-ရေစကြို-မြိုင်-ချောက်-ရေနံချောင်း-ကျောက်ပန်တောင်း-ဆားလင်းကြီး ဒေသရှိ သံဃာတော်များ၏ သဘောထား ထုတ်ပြန် ကြေညာချက်

၂၀၁၂-ခု ဒီဇင်ဘာလ (၂၅) ရက်၊ အင်္ဂါနေ့
၁၃၄၇-ခု-နတ္တော်လဆန်း-၁၂-ရက်

၁။ ။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရမှ အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သော သံဃာတော်များအား မိမိတို့ အပြစ်ကို ၀န်ခံ၍ (၁၅၊ ၁၂၊ ၁၂) နေ့တွင် မန္တလေး၌ တောင်းပန်ခဲ့ခြင်းကို ဖေါ်ပြပါ သံဃာထု အားလုံးက အသိအမှတ်ပြု လက်ခံ သည်။
၂။ ။ နိုင်ငံတော် အစိုးရမှ သံဃာတော်များအား ၀န်ချ တောင်းပန်သည့် အလျောက် နောက်နောင် သံဃာထု တစ်ရပ်လုံး အပေါ် ကာယကံ၊ ၀စီကံ တို့ဖြင့် မကျူးလွန်ရန်-
ဥပမာ …….. သံဃာတော်များသည် ဥပဒေကို မလိုက်နာ၍ အစိုးရမှ ဥပဒေနှင့် အညီ ဆောင်ရွက်ရပါ သည်ဟု သမ္မတ ဦးသိန်းစိန်၏ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး ခရီးစဉ်၌ ပြောကြားသော စ ကားမျိုးကို ဆိုလိုသည်။
၃။ ။ ၂၉၊ ၁၁၊ ၂၀၁၂ နေ့ နံနက် ၂ နာရီ ၃၀ မိနစ် အချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်နေသည့် သံဃာတော်များနှင့် ပြည်သူများကို ပြည်သူ့ ရဲတပ်ဖွဲ့၏ အကွက်ကျကျ ကြိုတင် ပြင်ဆင်လျက် ဥပဒေမဲ့ လူမဆန်စွာဖြင့် မီးလောင်စေသော ဓာတုဗေဒ ပစ္စည်းများ သုံးစွဲပြီး အကြမ်းဖက် ဖြိုခွဲ ဖျက်ဆီးမှုတွင် တာဝန်ရှိသူ၊ အမိန့်ပေးသူ အားလုံးကို အစိုးရ အဖွဲ့မှ အရေးယူ ထုတ်ပယ်ပေးရန်။
၎။ ။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒ ထုတ်ဖေါ်မှုကြောင့် ဖမ်းဆီး ခံထားရသူ အားလုံးကို ချွင်းချက်မရှိ အမြန်လွှတ်ပေးရန်။
၅။ ။ ဒေသခံ ပြည်သူများ၏ ဆန္ဒနှင့် ထပ်တူ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်း ပေးရန် ဖေါ်ပြပါ သံဃာထု တစ်ရပ်လုံးက တောင်းဆိုလိုက်သည်။

မုံရွာ-ပခုက္ကူ-ရေစကြို-မြိုင်-ချောက်-ရေနံချောင်း-ကျောက်ပန်တောင်း-ဆားလင်းကြီး ဒေသရှိ သံဃာတော်များ

ဒီဇင်ဘာလ ၂၅ ရက်နေ့ ယနေ့ ထုတ်ပြန်လိုက်သည့် မုံရွာ၊ ပခုက္ကူ၊ ကျောက်ပန်တောင်း၊ ချောက်၊ ရေနံချောင်း၊ ဆားလင်း၊ ရေစကြို၊ မြိုင် ဒေသရှိ သံဃာတော်များ၏ သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ဖြန့်ဝေလိုက်ပါသည်။
ဆက်သွယ်မေးမြန်းရန် ဖုံးနံပါတ်များကို ပေးပို့လိုက်ပါသည်။

ရှင်မတောင်ဆရာတော်။။။။။။။။။။။၀၉ ၄၇၂၂၇၅၅၆ (ရေစကြို)
ဦးရေ၀တ။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၀၁၅၇၁၉၁၈ (ချောက်)
ဦးဥတ္တရ။။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၇၂၃၁၀၂၂ (ပခုက္ကူ)
ဦးပါကဋ။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၀၁၅၁၂၅၆၉ (ပခုက္ကူ)
ဦးသုမန။။။။။။။။။။။။။။။။။။။။။။။။။။၀၆၁ ၅၂၁၅၅ (ကျောက်ပန်တောင်း)
ဦးအာလောက။။။။။။။။။။။။။။။။။။ ၀၉ ၄၀၀၄၁၅၇၃၁၊ ၀၉ ၄၉၂၉၀၆၁၉ (ဆားလင်းကြီး)
ဦးအာစရိယ။။။။။။။။။။။။။။။။။။။။၀၇၁ ၂၃၀၉၁ (မုံရွာ)
ဦးလက္ခဏ။။။။။။။။။။။။။။။။။။။။။ ၀၉ ၂၃၀၁၉၂၇ (ပခုက္ကူ)

ကိုဟန်ဝင်းအောင်
ဒေါင်းမာန်ဟုန် မှ

မပခ တိုင်းမှုး၏ ရာဇသံ KIO က လက်မခံ

မပခ တိုင်းမှူး၏ အကြောင်းကြားစာ
  မြန်မာ့ တပ်မတော်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကချင် လွတ်လပ်ရေးတပ် KIA များအား ရှင်းလင်း ဆုတ်ခွါပေးရန် “သတိပေး”ချက်အား KIA ဘက်မှ “ကန့်ကွက်ပါကြောင်း” အင်္ဂါနေ့က ပြန်လည် တုန့်ပြန်လိုက်သည်။
----

သမိုင်းအမှန်ကို ဘာ့ကြောင့်လက်မခံနိုင်ရတာလဲ??

ရေးသူ-ခင်နိုင်ဦး
အမှန်တရားကို မချစ်တတ်တဲ့ ၊ အမှန်ကို လက်ခံနိုင်စွမ်းမရှိတဲ့ အာဏာပိုင်တွေကြီးစိုးနေမှု မြန်မာပြည်မှာဘယ်လောက်များ ရှိနေသေးလဲမေးလာရင်
ကျနော် ဖြေတတ်မှာ မဟုတ်ဘူး။
သမိုင်းဌာနက ဆရာဦးနိုင်ဝင်း ရဲ့ စာတမ်း ဖတ်ခွင့်မရလိုက် တာပါဘဲ။ ရန်ကုန်မှာ လုပ်တဲ့ အဲ့ဒီ သုတေသနစာတမ်းဖတ်ပွဲ မှာ ဆရာက ပျူနဲ့ ပက်သက်တဲ့ စာတမ်းကို ဖတ်မှာပါ။ ဒါပေမဲ့ စာတမ်းဖတ်ပွဲပြီးဆုံးကြောင်းသာကြော်ငြာသွားတယ် ဆရာ့ရဲ့ စာတမ်း ဖတ်ခွင့်မရလိုက်ဘူး။ ဆရာကတော့ စောင့်နေရင်းနဲ့ပေါ့။
တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နေတဲ့ အချိန်မှာ အခုလို တိုင်းရင်သားတွေအချင်းချင်းပဋိပက္ခဖြစ်မယ့်စာတမ်းမျိုးကို ပေးမဖတ်တော့ပါဘူးတဲ့။ ကျနော်တွေးမိတယ်။ သမိုင်းသုတေသန စာတမ်းကို ဘာလို့ လူမျိုးရေးအမြင်တွေ၊ ယုံကြည်ချက်တွေ လာပေါင်းထည့်ပြီး ဆတ်ဆတ်ထိမခံ ဖြစ်ကြရပါသလဲ ဆိုတာပါဘဲ။ သုတေသန စာတမ်းရဲ့ အဓိပါယ်ကိုရော သည်လူကြီးတွေ ဘာလို့နားမလည်ကြတာလဲဆိုတာ မချင့်မရဲ ဖြစ်မိတယ်။
ဆရာက ပညာ ပြည့်ဝတယ်။ သူယုံကြည်တဲ့ သူ့ရဲ့ ပညာအတွက်ရဲဝံ့တယ်။ ပြတ်သားတယ်။ သူမှာ လူမျိုးစွဲကင်းပါတယ်။
သူဟာ သုဝဏ္ဏဘူမိကို သထုံဒေသအပါအ၀င်အောက်မြန်မာနိုင်ငံဖြစ်ကြောင်း သူရဲ့ စာတမ်းကို ရဲရင့်ပြတ်သားစွာနဲ့ တင်သွင်းထားပြီးပါပြီ။ သူရဲ့ သက်သေပြချက်ဟာ အလွန်ကောင်းလွန်းလို့ ကျနော် တော်တော် ကြိုက်ခဲ့ပါတယ်။ ဆရာရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ထိုင်းတွေ က သူ့ကိုယ်သူ သုဝဏ္ဏဘူမိပါဆိုတဲ့ အဆိုကို ဆရာက အကောင်းဆုံး တုန့်ပြန်ချေဖျက်သွားပြီးတော့ ရာမညဒေသသာလျှင် သုဝဏ္ဏဘူမိဖြစ်ကြောင်းသက်သေပြချက်စာတမ်းကို တင်သွင်းခဲ့ပြီးပါပြီ။ အလွန်ကောင်းပါတယ် ခင်ဗျာ။

သည်လိုဆရာမျိုး မြန်မာပြည်မှာ ရှိပါသေးလားဆိုတာ ကျနော် မျက်မြင်သိလိုက်ရလို့ အရမ်းအားတက်မိတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်လို့ ဆိုပြီး စွတ်စွဲတဲ့ လွတ်တော်အမတ်ကိုလည်းအများကြီး အံ့သြထိတ်လန့်မိတယ်။တော်ပါသေးရဲ့။

အဲ့ဒီနေ့က တက်တဲ့ ရဲချုပ်နဲ့ တရားသူကြီးချုပ်က နိုင်ငံသားတိုင်းဟာ မိမိရဲ့ ယုံကြည်ချက်ကို ဖွဲ့စည်းပုံအခြေခံပါ တားမြစ်ချက်များနဲ့ မညိစွန်းစေဘဲ လွတ်လပ်စွာ ရေးသားခွင့်၊ပြောဆိုခွင့် ၊ စည်းရုံးဟောပြောခွင့်ရှိတယ် ဆိုတဲ့ အချက်ကို ပိုင်ပိုင်နိုင်နိုင်ကိုင်ပြီး ကာကွယ်ပေးခဲ့လို့ ဆရာ ဦးနိုင်ဝင်း လတ်ထိတ်မ၀တ်လိုက်ရတယ်။
သမိုင်း သုတေသနကို ဘာ့ကြောင့်များ လူမျိုးရေးယုံကြည်ချက်တွေ နဲ့ ချီတုတ်ချင်ရသလဲ ။ ဘယ်တော့မှများ မြန်မာ့သမိုင်းနဲ့ ပက်သက်တဲ့ သုတေသနစာတမ်းတွေကို လွတ်လွတ်လပ်လပ်ဖော်ထုတ်ခွင့်ရမှာလဲဆရာကြီးတို့ရယ်။

Khin Naing Oo(Facebook) မှ

ဟဲဟိုးလေယာဉ်ကွင်းမှ Air Bagan ပျက်ကျမှု မြင်ကွင်းများ ဓါတ်ပုံ ၊



                                          Photo-Tachileik - သတင်းစာမျက်နှာ
ယခုအခါတွင် အားနည်းချက်များကြောင့် သတင်းများသည်လည်း များစွာကွာခြားကြပါသည်။ ရှေးဦးသတင်း ထွက်ပေါ်လာရာတွင် Landing Gear ကြောင့်လို့ပြောပါသည်။ ဖြစ်စဉ်အမှန်မှာ နှင်းများစွာ ထူထဲပြီးကျဆင်းသည့်အတွက် လေယာဉ်ကွင်းကို ကောင်းစွာမြင်နိုင်ခြင်းမရှိပဲဟဲဟိုး-အောင်ပန်း ကားလမ်းအနီးရှိ သစ်ပင်များနှင့်ဝင်တိုက်မိကာ အနီးရှိ စိုက်ပျိုးရေးဌာန၊ စိုက်ကွင်းထဲသို့ smooth landing လုပ်ခဲ့ရသည်။ လယာဉ်မှာ မီးလောင်သွားခဲ့ရာ လေယာဉ်ပေါ်ပါခရီးသည်နှင့် လေယာဉ်အမှုထမ်း (၇၁)ဦးပါရှိပြီး (၁၁)ဦးဒဏ်ရာရရှိ၍ တောင်ကြီးမြို့ရှိ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ကျန်(၅၉)ဦးမှာ ဟဲဟိုးလေဆိပ်တွင် အန္တရာယ်ကင်းစွာရှိပါသည်။ လေယာဉ်ပေါ်တွင် ကလေး(၁)ဦးအလောင်းတွေ့ရှိရကြောင်း သတင်းရရှိသည်ဟု ရဲဇာနည်တွင် တရားဝင်ဖော်ပြပါရှိပါသည်။ The Voice မှ ထုတ်ပြန်သောသတင်းတွင် လေယာဉ်အင်ဂျင်မီးလောင်သွားသည်ဟုလည်း ဖော်ပြပါရှိပါသည်။ အခြားသော သတင်းများကမူ အဲပုဂံလေယာဉ်သည် လေယာဉ်ကွင်းမရောက်မီ အရေးပေါ် လေယာဉ်ဆင်းသက်စဉ် ဓာတ်ကြိုးနှင့်ညှိပြီး လေယာဉ်ကွင်းအပြင်ဘက် ကားလမ်းမပေါ်တွင် မောင်းနှင်လာသော ဆိုင်ကယ်နှင့် ညှိမိရာ ဆိုင်ကယ်သမား နှစ်ဦးအနက် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဟဲဟိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးနိုင်ထွန်းကအတည်ပြု ပြောကြားသည်။

မီးလောင်ကျွမ်းနေသည့် လေယာဉ်အား တောင်ကြီး၊ ကသာ၊ ဟဲဟိုး၊ ရွှေညောင်၊ အောင်ပန်း၊ အေးသာယာမြို့နယ်တို့နှင့် ဟဲဟိုးလေဆိပ်မှ မီးသတ်ကားအပါအ၀င် မီးသတ်ကား စုစုပေါင်း ၁၀ စီးဖြင့် မီးငြှိမ်းသတ်ရာ ယခုအခါ မီးငြှိမ်းသွားပြီဖြစ်ကြောင်း ကလောမြို့နယ် အရံမီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးခွန်ဂျာတင့်ကပြောသည်။
လေယာဉ် အရေးပေါ်ဆင်းသက်ပြီး ခရီးသည်များယာဉ်ပေါ်မှဆင်းသက်ပြီးမှ လေယာဉ်တစ်စီးလုံးမီးလောင်

သွားကြောင်းမျက်မြင်တွေ့သူမျာမှပြောပါသည်။
Myanmar Online News

 ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော Air Bagan လေယာဉ် ဟဲဟိုးလေဆိပ်အဆင်းတွင် ပျက်ကျမှုဖြစ်ပွား

ယနေ့(ဒီဇင်ဘာလ ၂၅ ရက်နေ့) မနက် ၇နာရီခွဲခန့်တွင်  ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော Air Bagan  လေယာဉ်အမှတ်(W-9011)သည် မန္တလေးမှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ကွင်းနှင့် ၂-မိုင်အကွာခန့်တွင် ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ လေယာဉ်မှာ ဟဲဟိုးလေဆိပ်သို့အဆင်းတွင် လေယာဉ်ဘီး ထုတ်နိုင်ခြင်းမရှိဘဲ ဆင်းသက်ခဲ့ရမှု ကြောင့် လေယာဉ်ခါးကျိုးပြီး မီးလောင်ခဲ့ရခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“လေယာဉ်ကွင်းအတွင်းမှာမဟုတ်ဘဲ ကွင်းအနီးမှာဖြစ်တာပါ။ လောပိတ ဓါတ်အားလိုင်းကိုဝင်တိုက်တယ်။ ပြီးတော့ အောက်က သစ်ပင်တွေ လျှပ်စစ်ကြိုးတွေကို ထပ်တိုက်တယ်။ ကားလမ်းပေါ်က ဖြတ်သွားပြီး ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးကိုပါ ထပ်တိုက်တာ တစ်ဦးသေသွားတယ်။လေယာဉ်က စိုက်ပျိုးရေး မျိုးသန့်ခြံကို အရောက်မှာ ပျက်ကျပြီး ခါးထပ်ပိုင်း ကျိုးသွားတယ်။ လောလောဆယ်တော့ ဒဏ်ရာမရတဲ့သူလည်းရှိတယ်။ ဒဏ်ရာရတဲ့သူအချို့ကိုတော့ ဆေးရုံကိုပို့တာတွေ့ရတယ်။ ကနဦး စစ်ဆေးမှုအရ ၇ယောက်ပျောက်တယ်လို့တော့ ပြောကြတယ်။ဒါပေမယ့် အပြီးသတ် စစ်ဆေးပြီးမှသာ အတည်ပြုနိုင်မှာပါ။ အခုနောက်ဆုံးသတင်းအရတော့ လေယာဉ်ထဲမှာ တစ်ဦး ပြန်တွေ့တယ်။ဒါပေမယ့် သေဆုံးပြီလို့ သိရတယ်။သူ့ကိုတော့ လေယာဉ်ထဲက သယ်ထုတ်သွားပါပြီ”ဟု ဟဲဟိုး ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
“လေယာဉ်ကွင်းနားကို ထိုးကျပြီး လေယာဉ်ခါးကျိုးသွားတယ်။ လူအသေအပျောက်မရှိဘူးလို့တော့ ကနဦးသတင်းအရ သိရတယ်၊လေယာဉ်မှူး နှစ်ဦးကိုတော့ ဆေးရုံတင်ထားရတယ်လို့ ကြားတယ်”ဟု ဟဲဟိုး ရှိ ဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်တွင် ခရီးသည် စုစုပေါင်း ၆၅ ဦးပါရှိပြီး ၄၈ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း သိရှိရသည်။ယခုလက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းလည်း စုံစမ်းသိရပါသည်။
Air Bagan facebook စာမျက်နှာတွင်မူ ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း နှင့် Air Bagan  Emergency Team မှ ဖြစ်ပွားရာနေရာသို့ သွားရောက်၍ လိုအပ်သည့်အကူအညီများ ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
(လတ်တလောရရှိသော သတင်းများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး တရားဝင်ထုတ်ပြန်ချက်များနှင့် နောက်ဆုံးရရှိသော သတင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။)
Eleven Media Group

Air Bagan လေယာဉ် ထိခိုက်မှု ၂ ဦးသေ ၁၂ ဦး ဒဏ်ရာ ရ

Air Bagan လေယာဉ်တစီး၊ ဓာတ်ပုံ- http://www.crash-aerien.aero
မန္တလေးမှ ဟဲဟိုးမြို့ကို ပျံသန်းလာတဲ့ Air Bagan လေကြောင်းလိုင်းက ခရီးစဉ် W-9 011 လေယာဉ်တစီး ထိခိုက် မီး လောင် မှုကြောင့် ၂ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ 
လေယာဉ် ကပ္ပတိန် မောင် မောင်ထွေးပါ လေယာဉ်အမှုထမ်း ၆ ဦး၊ လေယာဉ် လုံခြုံရေး ၂ ဦး၊ နိုင်ငံခြား သား ၅၁ ဦး အပါအ၀င် ခရီးသည် ၆၃ ဦး၊ စုစုပေါင်း လူဦးရေ ၇၁ ဦးတင်ဆောင်ထားသော လေယာဉ် တစီးဟာ ဟဲဟိုး လေဆိပ် အနီးမှာ အရေးပေါ် ဆင်းခဲ့ရတယ်လို့ မြန်မာအသံက နေ့လယ် ၁၀ နာရီ ၅၅ မိနစ်မှာ ကြားဖြတ်သတင်းအဖြစ် ကြေငြာ သွားပါတယ်။ 

မြန်မာ့ ရုပ်မြင်သံကြား အဆိုအရ ၈ နာရီ ၅၅ မိနစ်တွင် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မြူနှင်းများ ဖုံးလွှမ်းနေမှုကြောင့် လေယာဉ်ပြေးလမ်းဘေး လယ်ကွင်းများအတွင်းသို့ မှားယွင်းဆင်းသက် ခဲ့ပြီး လေယာဉ် အမြီးပိုင်းကျိုး၍ မီးလောင်ခဲ့ ကြောင်း၊ နံနက် ၉ နာရီတွင် မီးသတ်ကားများ ရောက်ရှိငြိမ်း သတ်ခဲ့ပြီး ၉ နာရီ ၄၅ မိနစ်အချိန် ငြှိမ်းသတ် နိုင်ခဲ့ကြောင်း၊ ခရီးသည်တွေကို ကယ်တင်ခဲ့ပြီး လေယာဉ် ကွင်း အနီးတွင် ယာယီ စောင့်ရှော်ကထားကြောင်းလည်း မြန်မာ့ ရုပ်မြင်သံကြားက ကြေငြာသွားခဲ့ပါတယ်။ 

အသက် ၁၁ နှစ်အရွယ်ခန့် ကလေးတဦးသေဆုံးခဲ့ပြီး လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနဲ့ နိုင်ငံခြားသား ၄ ဦးအပါအ၀င် ခရီးသည် ၉ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာ ရှိခဲ့လို့ ဟဲဟိုးနဲ့ တောင်ကြီး စပ်စံထွန်း ဆေးရုံတွေ ကို ပို့၍ ဆေးကုသပေးနေ ကြောင်းလည်း သိရပါတယ်။ 

မှားယွင်း ဆင်းသက်မှုကြောင့် ဆိုင်ကယ်စီးနေသူ ၂ ဦးအား တိုက်မိပြီး ၁ ဦးသေဆုံးက ၁ ဦး ဒဏ်ရာ ရှိခဲ့ကြောင်းမြန်မာ ရုပ်မြင်သံကြားက ကြေငြာခဲ့တာမို့ အခုဖြစ်စဉ်မှာ သေဆုံးသူ ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၂ ရှိတာဖြစ်ပါတယ်။ 

ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြန်ကြားရေး ၀န် ကြီးဌာနရဲ့ ကြွေးကြော်ထားချက်ဖြစ်တဲ့ ပြည်သူ ဗဟိုပြု Public Media Service ဖြစ်တာမို့ အချိန်နဲ့ တပြေးညီ နိုင်ငံပိုင် မီဒီ ယာတွေက ဖော်ပြပေးသွားမယ်လို့ ဆိုပါတယ်။ 

“Air Bagan လေယာဉ်သတင်းနဲ့ပတ်သက်ပြီး အတိအကျသတင်းထုတ်ပြန်ပေးနိုင်ဖို့ ဆောင်ရွက် လျှက် ရှိကြောင်း တင်ပြ အပ်ပါတယ်။ ကနဦး သတင်းများရရှိထားပြီးဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး အခြေ အနေများကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်ဖို့ အတွက် ဆက်သွယ်ဆောင်ရွက်လျှက်ရှိပါတယ်” လို့ ဦးရဲထွဋ် က ရေးထားပါတယ်။ 

ဒါပေမယ့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား သတင်းကြေငြာသူက အဆိုပါ အဲယားပုဂံလေယာဉ် ထိခိုက် မီးလောင်မှု သတင်း ကို ချက်ချင်းမကြေညာနိုင်ခဲ့ဘဲ ၁၀ နာရီ ၅၅ မိနစ်အချိန်ရောက်မှသာ ကြေငြာခဲ့ပါ တယ်။ 

အခုဆိုရင် ဟဲဟိုး လေဆိပ်ရှိရာသို့ Air Bagan လေဆိပ်ကို အဆိုပါ ကုမ္ပဏီပိုင်ရှင် ဦးတေဇ လည်း ရောက်ရှိလာပြီး ထိခိုက် ဒဏ်ရာရသူတွေနဲ့ လေယာဉ်စီးခရီးသည်တွေကို အားပေးဖို့ ရောက်လာ တယ်လို့ သိရပါတယ်။ 

အစောပိုင်း Air Bagan က သတင်းထုတ်ပြန်မှုတွင် သေဆုံးမှု မရှိကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

တော်ဝင်သစ်စက် လုပ်သမားများကြား ရိုက်နှက် အကြမ်းဖက်မှုတစ်ခုဖြစ်ပွား

 
ယနေ့ ဒီဇင်ဘာ ၂၄ရက် နေ့လည် ၁၂ နာရီခန့်တွင် တော်ဝင်သစ်စက် ဆန္ဒပြအလုပ်သမားများအား ၀ါးရင်းတုတ် များ၊ သံတုတ်များနှင့် ရိုက်နှက် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သောကြောင့် အင်းစိန်ဆေးရုံသို့ အလုပ်သမား ၅ ဦးအရေးပေါ် တက်ရောက် ကုသနေရကြောင်း သိရသည်။