Headlines News :
Home » » ဒေါက်တာဆိတ်ဖွားကိုဖော်ထုတ်နိုင်ပြီဟု ကော်မရှင်ဥက္ကဋ္ဌပြောကြား

ဒေါက်တာဆိတ်ဖွားကိုဖော်ထုတ်နိုင်ပြီဟု ကော်မရှင်ဥက္ကဋ္ဌပြောကြား

Written By လွင့်မောင်မောင် on Tuesday, April 23, 2013 | 3:03 PM


ရန်ကုန်၊ ဧပြီ ၂၂

လွှတ်တော်ကိုယ်စားလှယ်များကို Above the Law (ဥပဒေအထက်တွင် လွှတ်တော်ရှိနေသလား) ဆိုသော ခေါင်းစဉ်ဖြင့် အင်တာနက်ပေါ်တွင် ဝေဖန်ရေးသား ခဲ့သော ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌဦးမြငြိမ်း က The Voice သို့ ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး ဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သော ယင်းကော်မရှင်က ဒေါက်တာ ဆိတ်ဖွားအမည်ဖြင့် အင်တာနက် စာမျက်နှာ ဖန်တီးပြီး လွှတ်တော်အား ယင်းသို့ ဝေဖန် နေသူကို နှစ်လကျော်ကာလအတွင်း ဖော်ထုတ်နိုင်လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ် အရေးယူနိုင်ရန် ယင်းကော်မရှင်က သမ္မတရုံး ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိများ၊ တပ်မတော်သား ကွန်ပျူတာနှင့် Network တာဝန်ခံများ၊ သတင်းစာဆရာများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများကို စစ်ဆေးကြားနာပြီး အစီရင်ခံစာ ရေးသားကာ ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြ အဆုံးအဖြတ် ရယူခဲ့ရခြင်းဖြစ်ကြောင်း ယင်းကော်မရှင် အဖွဲ့ဝင် ဦးဖုန်းမြင့်အောင်က ပြောကြား သည်။

ဒေါက်တာဆိတ်ဖွားအနေနှင့် သက်ဆိုင်ရာတရားရုံးမှ ပြန်လည်ခုခံပိုင်ခွင့် ကိုလည်း ကော်မရှင်တွင်ပါဝင်သည့် ဥပဒေပညာရှင်များက အကြံပြုတင်ပြ ထားကြောင်း ၄င်းကပြောသည်။
"ကာယကံရှင်ကို မထိခိုက်စေချင်လို့ နာမည်ကိုတော့ ထုတ်မပြောလိုပါဘူး။ နာယကကြီး ဆုံးဖြတ်ချက် ချပြီးပါပြီ" ဟု ဦးမြငြိမ်းက နာမည်အတိအကျ ထုတ်ဖော် ပြောကြားရန် ငြင်းဆိုသည်။

သို့သော် ဒေါက်တာဆိတ်ဖွားအမည်ဖြင့် အင်တာနက်ဆောင်းပါး ရေးသားသူမှာ အယ်ဒီတာချုပ် ခင်မောင်ညို (ဘောဂဗေဒ) ၏ The Street View ဂျာနယ်တွင် ဆောင်းပါး ရေးသားဖူးသူ ဖြစ်ကြောင်း ဦးမြငြိမ်းက အရိပ်အမြွက် ပြောကြားသည်။
အဆိုပါအစီရင်ခံစာသည် ပြည်ထောင်စု လွှတ်တော်ရုံးသို့ မရောက်သေးကြောင်း ပြည်ထောင်စုလွှတ်တော် နာယကတာဝန် ယူထားသည့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
"ဆုံးဖြတ်ချက်လည်း မချရသေးပါ ဘူး" ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ဒေါက်တာဆိတ်ဖွား ဆိုသူကမူ မိမိ၏ရေးသားချက်နှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များကို တောင်းပန်ပါကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ၄င်း၏ အင်တာနက်စာမျက်နှာတွင် ရေးသား ထားသည်။

ဒေါက်တာဆိတ်ဖွား၏ အင်တာနက် ဆောင်းပါးမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ဆောင်းပါးရေးသားသူကို ကော်မရှင်ဖွဲ့ပြီး ဖော်ထုတ်အရေးယူပေးရန် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီးအဆို တင်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာဆိတ်ဖွားကို ဆက်သွယ်ရေး ဆိုင်ရာ၊ နိုင်ငံတော်လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် ပြည်သူ့တို့၏ ကိုယ်ကျင့်တရား အလို့ငှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ဆန့်ကျင်မှု ရှိ၊ မရှိနှင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သင့်သည်ကို ကော်မရှင်က တင်ပြရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကော်မရှင် ဖွဲ့စည်းကာ တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template