Headlines News :
Home » , » ထားဝယ်မြို့၊ဆန်းချီ အ - မ -က ရပ်ကွက်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ(၁၉၆၃ မှ ယနေ့ထိ)

ထားဝယ်မြို့၊ဆန်းချီ အ - မ -က ရပ်ကွက်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ(၁၉၆၃ မှ ယနေ့ထိ)

Written By လွင့်မောင်မောင် on Tuesday, April 9, 2013 | 11:46 PM

ဆန်းချီ အ - မ -က ရပ်ကွက်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ

ဓာတ်ပုံ-မြတ်ပန်းခိုင်(ထားဝယ်)











အခမ်းအနားအစီအစဉ်( ၁ ) ကာလများစွာကင်းကွာခဲ့သောကျောင်းကလေး၏ခေါင်းလောင်းသံအားပြန်လည်ခံစားခြင်း


အခမ်းအနားအစီအစဉ်( ၂ )ကန်တော့ကြမည့်ကျောင်းသား/သူများနေရာယူခြင်း။




အခမ်းအနားအစီအစဉ်( ၃ )အသက်၇၀နှစ် နှင့်အထက်ဆရာ ၊ဆရာမကြီးများနေရာယူခြင်း

အခမ်းအနားအစီအစဉ်( ၄ )မြတ်ဆရာဂုဏ်ပြုတေးဖြင့် အခမ်းအနားကိုဖွင့်လှစ်

ဆန်းချီရပ်ကွက်သူ ဒေါ်သန်းညွန့် ဂုဏ်ဲပုတေးဖြင့် ဂါရ၀ပြုပါသည်။
အခမ်းအနားအစီအစဉ်( ၅ ) မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် “မောင်အေးမင်း” မှ နှုတ်ခွန်းဆက်ဂါရ၀ စကားပြောကြားခြင်း။
ဤသို့ပြောကြားရာတွင် ဆရာတစ်ယောက်၏အရည်အချင်းများဖြစ်သော ၀ါသနာ၊စေတနာ၊အနစ်နာ ဆိုသော “နာသုံးနာ” မှ အနစ်နာခံခြင်းကို အဓိကထား၍ပြောကြားသွားပါသည်။ ဆရာတို့သည် မိမိတပည့်များအပေါ်တတ်စေချင်သောဆန္ဒလောဘ၊တော်စေချင်လွန်းသောဆန္ဒလောဘ၊လိမ်မာစေချင်လွန်းသောဆန္ဒလောဘ၊နှင့် သွန်သင်ဆုံးမသည်ကိုမလိုက်နာလျှင်ဖြစ်ပေါ်လာသောဒေါသ တို့ကြောင့် ရုတ်တရက်သေဆုံးမည်ဆိုလျှင် ....ဒေါသနှင့်သေလျှင်“ငရဲ” ၊ လောဘနှင့်သေလျှင်“ပြိတ္တာ” ကလွဲ၍ တခြားလားရာသည်မရှိ။ထို့ ကြောင့်ဆရာဆိုသည်မှာ သံသရာတစ်ခုလုံး“နစ်” သည်အထိ “အနာခံ” တတ်သောပုဂ္ဂိုလ်များ” ဟု မှတ်ယူရမှာဖြစ်ကြောင်းပြောကြားသွားသည်။


ဆရာမကြီးဒေါ်လှရွှေမှ ရင်ထဲပီတိစကားနှင့် ဆုံးမသြ၀ါဒပေးခြင်း

ဆရာမကြီးဒေါ်ခင်ကြူ မှ ရင်ထဲပီတိစကားနှင့် ဆုံးမသြ၀ါဒပေးခြင်း
ကျောင်းသား ဟောင်း ဦးတင့်ဆွေ မှ ရင်ထဲပီတိစကားနှင့်ကျေးဇူးတင်စကားပြောကြားခြင်း
ကျောင်းသူ ဟောင်း ဒေါက်တာခင်မျိုးဆင့် မှ ရင်ထဲပီတိစကားနှင့်ကျေးဇူးတင်စကားပြောကြားခြင်း

မြတ်ဆရာပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းမှတ် အောင်ခရေပင်စိုက်ပျိုးခြင်း

အောင်ခရေပင်ကို မြတ်ဆရာပူဇော်ပွဲကော်မတီအဖွဲ့ဝင် ဦးဇော်မောင်မှ စိုက်ပျိုးပေး၍
ဆန်းချီ အ-မ-က ပထမဆုံး ကျောင်းအုပ်ကြီးဦးအုန်းလွင်မှ ရွှေရည် ကိုလည်းကောင်း၊
ယခုကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်ယု နှင့် မြတ်ဆရာပူဇော်ပွဲကော်မတီအဖွဲ့ဝင် ဦးဖေခင် တို့မှ ငွေရည် များသွန်းလောင်းကြပါသည်။



ကျောင်းသားဟောင်းများမှ မိမိတို့ချစ်ခင်လေးမြတ်ပြုရသော မိမိဆရာများအားသီးသန့်ကန်တော့ကြ၍ အခမ်းအနားကိုရုတ်သိမ်းသည်။


ဆန်းချီအ-မ-က အငြိမ်းစားဆရာမကြီးများနှင့် တာဝန်ထမ်းဆောင်ဆဲဆရာမများ
ဆန်းချီ အ-မ-က တွင်တာဝန်ထမ်းဆောင်ဆဲ ဆရာမများ

ဓာတ်ပုံ- မြတ်ပန်းခိုင်(ထားဝယ်)

 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template