Headlines News :
Home » » Generation Wave အဖွဲ့မှ အတွင်းရေးမှုး ကိုဝေဖြိုး ဖမ်းဆီးခံရ

Generation Wave အဖွဲ့မှ အတွင်းရေးမှုး ကိုဝေဖြိုး ဖမ်းဆီးခံရ

Written By လွင့်မောင်မောင် on Thursday, July 11, 2013 | 9:11 AM

 
Generation Wave ရဲ့ အတွင်းရေးမှုး ကိုဝေဖြိုး(ခ) ဂလိကို သူတည်းခိုနေရာ ဟိုတယ်မှာ ပြည်မြို့အမှတ်(၁)ရဲစခန်းမှ စခန်းမှုးဦးအောင်လင်းက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဖမ်းဆီးရခြင်းအကြောင်းရင်းက ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက Generation Wave ကပြုလပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ပိုစတာလှုပ်ရှားမှုကို ဦးဆောင်စီစဉ်ခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီလှုပ်ရှားမှုမှာ ကိုဝေဖြိုး(ခ)ဂလိနဲ့အတူပါဝင်ခဲ့တဲ့ GW အဖွဲ့ဝင်၂ဦးတို့အဖမ်းခံခဲ့ရပြီး ကိုဝေဖြိုး(ခ)ကတော့ လွတ်မြောက်နေခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်ပြန်ခံထားရတာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဝင်နှစ်ဦးကိုလည်း ပြည်အကျဉ်းထောင်မှာ ၇ လနီးပါးချုပ်နှောင်ထားခဲ့ပြီး ၂၀၁၂ ဖေဖော်ဝါရီလ မှာ ထောင်ဒဏ် ၃လ (သို့မဟုတ်) ဒဏ်ငွေ ၃သောင်းချမှတ်ခဲ့ပါတယ်။

ယခု ကိုဝေဖြိုး(ခ)ဂလိကို ဖမ်းဆီးမှုဟာ အဲ့ဒီနိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုအတွက် ဖမ်းဆီးတာဖြစ်ပြီး၊ လက်ရှိပြည်မြို့တရားရုံး အချုပ်ခန်းမှာ ချုပ်နှောင်ခံထားရပါတယ်။ ပုံနှိပ်ဥပဒေ ပုဒ်မ ၁၇နဲ့တရားစွဲဆိုထားပြီး အာမခံမရနိုင်ဘူးလို့ သိရပါတယ်။ Generation Wave အနေနဲ့ ကိုဝေဖြိုး(ခ)ဂလိအပါအ၀င် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template