Headlines News :
Home » » လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ် ရှိကြောင်း ပြင်သစ် ပြောကြား

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ် ရှိကြောင်း ပြင်သစ် ပြောကြား

Written By လွင့်မောင်မောင် on Friday, August 30, 2013 | 11:07 PM

 
လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။

အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံတစ်ခုလည်း ဖြစ်သည့် ပြင်သစ်နိုင်ငံ၏ သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက မိမိတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည့် ဆီးရီးယား အစိုးရအပေါ် အရေးယူရန် အသင့်ရှိနေကြောင်း ကြေညာခဲ့သည်။

ဗြိတိန်တွင် မဲခွဲဆုံးဖြတ်မှုအရ ဆီးရီးယားကို စစ်ဆင်မှု ပြုလုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သော်လည်း ယင်းအချက်ကြောင့် ပြင်သစ်၏ ရပ်တည်မှုကို အပြောင်းအလဲ ဖြစ်စေမည် မဟုတ်ဟုလည်း ဟော်လန်ဒေးက ဆိုသည်။ "ပြင်သစ်ဟာ ဒမတ်စကက်က အစိုးရရဲ့ မလျော်မကန် လုပ်ရပ်ကို အရေးယူဖို့ လိုလားချက်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

ဟော်လန်ဒေးက ဗြိတိန်က စစ်ဆင်ရေးကိစ္စကို နောက်ဆုတ်သွားသော် လည်း ပြင်သစ်ကမူ အစီအစဉ် အပြောင်းအလဲမရှိဟုလည်း ထပ်လောင်း ပြောဆိုလိုက်သည်။

"နိုင်ငံတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အထူးသဖြင့် ဒီလို စစ်ဆင်ရေးမျိုးမှာ ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာကို စိတ်ကြိုက် ဆုံးဖြတ်ခွင့် ရှိပါတယ်။ ဗြိတိန်က ဗြိတိန်အနေနဲ့၊ ပြင်သစ်က ပြင်သစ်အနေနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်"ဟုလည်း ၎င်းက ဆိုသည်။

ဩဂုတ်လ (၂၁)ရက်နေ့က သူပုန်တပ်ဖွဲ့များကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ကြောင်း စွပ်စွဲခံနေရသည့် ဘာရှာအယ်လ် အာဆက်ဒ် အစိုးရကို ပြင်သစ်က ပြစ်ဒဏ်ခတ်ရန်ရည်ရွယ်ပြီး ဖြစ်ကြောင်း
ဟော်လန်ဒေးက ဆက်လက် ပြောဆိုသွားသည်။

Planet Myanmar Network
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template