အသစ်တည်ဆောက်ပြီးစီးသွားသော ပန်းဝါမြို့မှ လျောင်းတော်မူ ဘုရား။ ( ဓါတ်ပုံ- Star) |
၎င်း ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့် ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်းသည် လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က အစ္စလာမ်မစ် အစွန်းရောက်သူများ၏ မီးရှို့ တိုက်ခိုက်မူကြောင့် ပြိုပျက်ခဲ့ရသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရသည် အဆိုပါ ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့် ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း ပြန်လည် တည်ဆောက်ရေးအတွက် ဘင်္ဂလာဒေခ်ျ့ တာကာ ကုဋေ (၂၀) အသုံး ပြုခဲ့သည်။
မြန်မာကျပ်ငွေ တန်ဖိုးနှင့် ဆိုလျှင် အဆိုပါ ငွေကြေးမှာ ကုဋေ (၂၀၀) ဖိုးခန့် ရှိသည်။
၎င်းကျောင်းတော် ၁၉ ကျောင်းကို အမှတ် (၁၇) ဘင်္ဂလာဒေခ်ျ့ အင်ဂျင်နီယာစစ်တပ်မှ တာဝန်ယူ ပြန်လည် တည်ဆောက်ခဲ့ပြီး ယခုအခါ ပြီးစီးသွားပြီ ဖြစ်သည်။
ယင်းအထဲမှ ပေ ၁၀၀ အရှည်ရှိ လျောင်းတော်မူ ဗုဒ္ဓရုပ် ပွားတော်ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ချိတ်ဟာဆီးနာမှ တက်ရောက် ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ရာမူး ခေါ် ပန်းဝါမြို့တွင် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့က အစွန်းရောက် ဘာသာရေး သမားများ၏ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့် ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း အထဲတွင် အဆိုပါ လျောင်းတော်မူ ဘုရားလည်း ပါဝင်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ခရီးစဉ် အတွင်း ဘင်္ဂလား- မြန်မာနယ်စပ် ဂိတ်များကို ပိတ်ထားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ကော့စ်ဘဇား (ဖလောင်းချိတ်) နှင့် ရာမူး (ပန်းဝါ) ခရီးစဉ်အား စက်တင်္ဘာလ ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ရာ မောင်တော- တက်ကနက် ဆိပ်ကမ်း အပါအ၀င် မြန်မာပြည်နှင့် ကူးလူး ဆက်ဆံနေသော အ၀င်အထွက်ဂိတ်များကို စက်တင်္ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ပိတ်ထားမည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ခရီးစဉ် အတွင်း ရာမူးမှ တဆင့် မြန်မာ နယ်စပ် အနီးရှိ အိုးခီးယားနှင့် တက်ကနက် မြို့ များသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကြောင်းလည်း သိရသည်။
(နိရဉ္စရာ- ၂၉ သြဂတ်စ် ၂၀၁၃)/ မောင်အေး