Headlines News :
Home » » မြန်မာနိုင်ငံတွင် EASI Travel MasterCard ကိုပထမဦးဆုံး ထုတ်ဝေလိုက်ပြီးဖြစ်ကြောင်း CB Bank နှင့် MasterCard တို့မှကြေငြာခြင်း

မြန်မာနိုင်ငံတွင် EASI Travel MasterCard ကိုပထမဦးဆုံး ထုတ်ဝေလိုက်ပြီးဖြစ်ကြောင်း CB Bank နှင့် MasterCard တို့မှကြေငြာခြင်း

Written By လွင့်မောင်မောင် on Tuesday, October 8, 2013 | 11:35 PM

Photo - CB Bank(Facebook)
 October 8, 2013 at 1:04pm
MasterCard နှင့် CB Bank တို့သည် မြန်မာနိုင်ငံ၏ပထမဦးဆုံးငွေပေးချေရာတွင် ၀န်ဆောင်မှုအသစ်ဖြစ်သည့် ကြိုတင်ငွေဖြည့်သွင်းရသည့်ကတ် CB Bank EASI Travel MasterCard အား မြန်မာပြည်သူများအတွက် စတင်မိတ်ဆက်ခဲ့သည်။ ပြန်လည်ငွေဖြည့်တင်းနိုင်သော ယခုကတ်အား မြန်မာနိုင်ငံသားများ ပြည်ပသို့ ခရီးထွက်ခွာသည့်အခါတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ၄င်းကတ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင်မိတ်ဆက်သည့် ကတ်ဖြစ်ပြီးအီလက်ထရောနစ် ငွေပေးချေမှုများ (electronic payments)အတွက် ကြီးမားသောတိုးတက်ပြောင်းလဲမှု တစ်ခုဖြစ်ပါသည်။

          MasterCard အနေဖြင့် 2012 စက်တင်ဘာလတွင် လိုင်စင်ထုတ်ပေးခဲ့သော CB Bank  နှင့် အတူတကွ အနီးကပ်ဆောင်ရွက်ကာ ပထမဦးဆုံး ကြိုတင်ငွေပေးချေရသည့် EASI Travel MasterCard အားမိတ်ဆက်နိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ CB Bank သည် နိုင်ငံတကာငွေပေးချေသည့် ကွန်ရက်များနှင့် ချိတ်ဆက်နိုင်ခွင့်ရရှိထားပြီး လိုအပ်သည့်စနစ်အပြည့်အစုံအား စမ်းသပ်လည်ပတ် ကြည့်ပြီးဖြစ်ပါသည်။

          CB Bank ၏ အမှုဆောင် ဒုတိယဥက္က္ကဌ နှင့် CEO ဖြစ်သူဦးကျော်လင်းမှ “CB Bank ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအီလက်ထရောနစ် ငွေပေးချေမှုများ(electronic payments) ကိုစတင်ခဲ့တာ ဖြစ်ပြီး ယခုလိုကြိုတင်ငွေပေးချေရသည့် EASI Travel MasterCard အားထုတ်ဝေရတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးအတွက် ပွင့်လင်းလာပြီဖြစ်သလို ကမ္ဘာကြီးတစ်ခုလုံးဟာလည်း မြန်မာနိုင်ငံသားတွေအတွက် ပွင့်လင်းလာပြီဖြစ်ပြီး မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံခြားကို ပိုမိုခရီးသွားလာနေကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ EASI Travel MasterCard ကိုမိတ်ဆက်ပေးပြီး မြန်မာနိုင်ငံသားများ ခရီးသွားတဲ့အခါမှာ လုံခြုံစိတ်ချရပြီး ငွေအများကြီးသယ်သွားစရာမလိုဘဲ သက်တောင့်သက်သာသွားနိုင်ရန် စီမံပေးနိုင်တဲ့အပြင် မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ သွားရောက်သည့်အခါ ကမ္ဘာ့နိုင်ငံပေါင်း(၂၁၀)ကျော်တွင် ATM များမှ ငွေသားထုတ်ယူနိုင်ခြင်း၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ Shopping Center များ ၊ ဆေးရုံများ အစရှိသည်တို့တွင် အသုံးပြုနိုင်ပြီး online ငွေပေးချေမှုပြုလုပ်ရန်အတွက်လည်းEasi Travel MasterCard ကို အသုံးပြုနိုင်မည်ဖြစ်သဖြင့် ပြည်သူများကို မိတ်ဆက်ခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက်မိ ပါတယ်’’ဟုပြောကြားသွားခဲ့ပါသည်။

          MasterCard, အရှေ့တောင်အာရှ၏ President ဖြစ်သူMr.Matthew Driver မှ “အခုလိုမျိုး နယ်ပယ်အသစ်တစ်မျိုးမှာ စတင်လည်ပတ်ရန် စွဲဆောင်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုကတော့ အသက်သွေးကြောတမျှ အရေးကြီးတဲ့ ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီအောင် ၀န်ဆောင်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေတော်တော်များများဟာ ဘဏ်ဝန်ဆောင်မှုများနဲ့ အခြားဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုများကို အသုံးပြုမှုမရှိကြသေးပါဘူး။ ဒါပေမယ့် ငွေပေးချေနိုင်ရန် အဆောက်အအုံများဟာ အလျှင်အမြန်ပဲ တိုးတက်ဖွံ့ဖြိုးလာနေပါပြီ။ ATMတွေ ၊ Point of Sales Terminal တွေ နှင့် ယခုဆိုလျှင် ကြိုတင်ငွေဖြည့်ကတ်များပဲဖြစ်ပါတယ်”ဟုပြောကြားသွားခဲ့သည်။ ၄င်းမှ ဆက်လက် ၍ “ ယခုမိတ်ဆက်မှုဟာဆိုလျှင် ယခင်ကအပျော်ခရီးသွားပဲဖြစ်ဖြစ်၊ စီးပွားရေးအရ ခရီးသွားတာပဲဖြစ်ဖြစ် ငွေသားတွေ အများကြီးယူသွားဖို့လိုအပ်တဲ့ မြန်မာနိုင်ငံသားများအတွက် ရွေးချယ်စရာနည်းလမ်း တစ်ခုဘဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သူတို့တွေကို လုံခြုံစိတ်ချရတဲ့ ငွေပေးချေမှုစနစ်ကို နိုင်ငံခြားတွေမှာ အသုံးပြုနိုင်ရန် ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟုပြောကြားသွားခဲ့ပါသည်။

          သုံးစွဲသူများရဲ့ ပျမ်းမျှအကောင်းမြင်မှုဟာလည်း လက်ရှိမြန်မာနိုင်ငံတွင် အလွန်မြင့်မားသော အဆင့်တွင် ရှိသည်။ (MasterCard Index သုံးစွဲသူများ ယုံကြည်အားထားမှုစာရင်းတွင် (၉၆)မှတ် ရရှိထားသည်။) MasterCard ၏ သုံးစွဲသူများ ၀ယ်ယူမှုဦးစားပေးစာရင်း စစ်တမ်းကောက်ယူရာတွင် နိုင်ငံခြား ခရီးထွက်ပြီးသူ ၃ ပုံ ၁ ပုံခန့်သည် လာမည့်(၁၂)လအတွင်း ထပ်မံသွားရန် ရည်ရွယ်ထားသည်ဟု ဖြေကြားခဲ့ပြီး ဈေးကွက်အတွင်း MasterCard ၏ ကြိုတင်ငွေပေးချေရသည့် EASI Travel MasterCard အားမိတ်ဆက်ပေးမှုသည် အချိန်ကိုက်ပင်ဖြစ်သည်။

          လူတိုင်းလက်လှမ်းမီတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုအား မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန် ချမှတ်ထားသည့် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုကတော့ မြန်မာနိုင်ငံသားများအား အီလက်ထရောနစ် ငွေပေးချေမှု(electronic payment) များကို အသုံးပြုနိုင်သွားရန်  ကျွန်တော်တို့အနေဖြင့် ငွေသား အသုံးမပြုဘဲ ငွေပေးချေခြင်းရဲ့  အကျိုးရလာဒ်များကို ဆောင်ကျဉ်း ပေးသွားရန်ဖြစ်ပါတယ်” ဟု Mr.Matthew Driver မှ ဆက်လက် ပြောကြားသွားခဲ့ပါသည်။

          ယခုကြိုတင်ငွေဖြည့်ကတ် အသစ်များအား စတင်မိတ်ဆက်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပြန်လည်တည်ဆောက်မှု လုပ်ငန်းများအတွက် အရေးကြီးသော ခြေလှမ်းတစ်ခုလည်း ဖြစ်ပါသည်။

          MasterCard သည် CB Bank အား ပထမဦးဆုံး နိုင်ငံတကာနှင့် ငွေပေးချေမှုကွန်ရက်အတွက် 2012 စက်တင်ဘာတွင် လိုင်စင်ထုတ်ပေးခဲ့သော ပထမဦးဆုံး နိုင်ငံတကာငွေပေးမှုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံတကာငွေပေးချေကတ်များအကြား ပထမဦးဆုံးATMတွင် ငွေသားထုတ်ယူနိုင်မှု ကိုလည်း 2012 နိုဝင်ဘာလအတွင်း ရန်ကုန်တွင်ရှိသော CB ဘဏ်၏ ATM တစ်ခုတွင် စတင်ပြုလုပ်ခဲ့ ပါသည်။ ယခုအခါ EASI Travel MasterCard အား နိုင်ငံပေါင်း (၂၁၀)ကျော်တို့တွင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

သတင်းနှင့် ဓာတ်ပုံ-
CB Bank ( Co-operative Bank Ltd. )
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template