Headlines News :
Home » » နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ)မှ ဆဋ္ဌမအကြိမ်မြောက် သွေးလှူပွဲအခမ်းအနား ကျင်းပပြီးစီး

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ)မှ ဆဋ္ဌမအကြိမ်မြောက် သွေးလှူပွဲအခမ်းအနား ကျင်းပပြီးစီး

Written By လွင့်မောင်မောင် on Tuesday, October 8, 2013 | 11:26 PM


 Photo - Nay Zaw Lin


 Photo - Nay Zaw Lin


 သွေးသည်အသက် ၊ အသက်သည်သွေး ဖြစ်သကဲ့သို့ လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မီ ပေးအပ်လှူဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှကြီးမှူးကာ ၂၂-၉-၂၀၁၃(တနင်္ဂနွေနေ့) တွင် ဆဋ္ဌမအကြိမ်မြောက် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူဒါန်း ပွဲကြီးကို မလေးရှားနိုင်ငံ Chinese Assembly Hall (တရုတ်တန်းခမ်းမ) ၊ ကေအယ် ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 Photo - Nay Zaw Lin
 ၎င်းအခမ်းအနား အစီအစဉ်ကို နံနက် ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး သွေးလာရောက်လှူဒါန်းသော သွေးအလှူရှင်များကို လိုအပ်သော အချက်အလက်များ ရေးသားခြင်း ၊ ဖောင့်ဖြည့်ခြင်း ကျန်းမာရေးစစ်ဆေးခြင်း စသည့်များကို ပြုလုပ်ခဲ့ကာ သွေးလှူစေခဲ့ပါတယ်။


လက်ရှိ မလေးရှားနိုင်ငံရှိ ဆေးရုံတော်တော်များများမှာ သွေးအရမ်းလိုအပ်နေပါတယ်။ အခုလို နှလုံးလှ အသင်းကနေ ဦးဆောင်ပြီး သွေးလှူပွဲ ကျင်းပပေးပြီး လိုအပ်သော သွေးတွေကို လှူဒါန်းတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။


 ဒီသွေးတွေကိုလည်း လိုအပ်တဲ့ နေရာတွေမှာ ကျွန်မတို့ အသုံးပြုသွားမှာပါ။ " အခုလို မြန်မာတွေလှူတဲ့ သွေးလှူဒါန်းပွဲကို ပထမဆုံးအကြိမ် လာရောက်ရတဲ့အတွက် မြန်မာတစ်ယောက် အနေနဲ့ ကျွန်မဂုဏ်ယူမိပါတယ်။ ဒီလိုဆက်ပြီးတော့ ဘယ်လောက်ထိ မြန်မာများ စည်းလုံးတယ် ဘယ်လောက်ထိ စေတနာထားတယ် ဆိုတာ ဆက်ပြနိုင်ပါစေ။ နောက်ထပ်လည်း နှလုံးလှ အသင်းမှ သွေးလှူဒါန်းပွဲကို ဆက်လုပ်နိုင်ပါစေ " ဟု .... မလေးရှားနိုင်ငံမာလယာဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာ အေးအေးလှိုင်မှ ပြောခဲ့သည်။ 

အစ်ကို့တို့ အဖွဲ့က အခုအကြိမ်ဆို ဆဋ္ဌမအကြိမ်မြောက် ဖြစ်ပါတယ်။ မနက် ၉ နာရီကနေ စပြီးသွေးလှူဒါန်းတဲ့ အလှူရှင်တွေကို စနစ်တကျနဲ့ အဆင်ပြေပြေ လှူဒါန်းနိုင်အောင် အစ်ကိုတို့ လုပ်ဆောင်ပေးထားပါတယ်။ " စုစုပေါင်း သွေးလှူရှင် ၃၂၇ ဦးလာရောက် လှူဒါန်းခဲ့ပါတယ်။ အဓိက အစ်ကိုတို့ မန်ဘာတွေအများကြီးလည်း လှူဖြစ်ပါတယ်။ ဆဋ္ဌမအကြိမ်မြောက် သွေးလှူဒါန်းပွဲ ဖြစ်မြောက်ရေးအတွက် သွေးလာရောက် လှူဒါန်းတဲ့ အလှူရှင်များနဲ့ အဖက်ဖက်မှ ပါဝင်လှူဒါန်းကြသော အလှူရှင်များ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း " နှလုံးလှ 

ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှ ဥက္ကဌဖြစ်သူ ကိုသက်မှ ပြောဆိုခဲ့ပါသည်။ ဆဋ္ဌမအကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနားကို နံနက် ၉ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး သွေးလှူပွဲ လာရောက်ကြသောသူများအား အလှူရှင်များမှ ဒံပေါက် ၊လက်ဖက်ထမင်း ၊ ကိတ်မုန့် ၊ မိုင်လို ၊ အအေး ၊ ရေသန့် စသည့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကာ စုစုပေါင်း လူဦးရေ ၆၀၀ ကျော်လာရောက်ခဲ့သည်။

 Photo - Nay Zaw Lin
 ညနေ ၃ နာရီ အချိန်တွင် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အသင်းသားများ အမှတ်တရ ဓာတ်ပုံရိုက်ကာ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ကို ၁၃.၁.၂၀၁၂ နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး အသင်း၏လုပ်ဆောင်ချက်များ အနေနဲ့ သွေးလှူဒါန်းမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ နာရေးကိစ္စများ ၊ အခြား ပရဟိတကိစ္စများကို ကူညီပေးလျက် ရှိနေသော အသင်းကြီး ဖြစ်ကြောင်း သိရှိရသည်။ 


 နေဇော်လင်း Free Live Online Radio Media (Malaysia) http://www.malaysiaonlineradiomedia.com/
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template