Headlines News :
Home » » Sky Net မီဒီယာအား အခွန်ကင်းလွတ်ခွင့် သုံးနှစ်အပါအ၀င် ၃၃ နှစ်အထိ လုပ်ကိုင်ခွင့် ပြုထားဟု သိရ

Sky Net မီဒီယာအား အခွန်ကင်းလွတ်ခွင့် သုံးနှစ်အပါအ၀င် ၃၃ နှစ်အထိ လုပ်ကိုင်ခွင့် ပြုထားဟု သိရ

Written By လွင့်မောင်မောင် on Wednesday, October 9, 2013 | 12:14 PM

 
Sky Net မီဒီယာအား အခွန်ကင်းလွတ်ခွင့် သုံးနှစ်အပါအ၀င် ၃၃ နှစ်အထိ လုပ်ကိုင်ခွင့် ပြုထားပြီးကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက အောက်တိုဘာလ ၈ ရက်တွင် ပြောကြားချက်အရ သိရသည်။
နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန၌ အောက်တိုဘာ ၈ ရက်တွင် ပြုလုပ်သော ရှင်းလင်းပွဲတွင် ပြည်တွင်းမီဒီယာ တစ်ခုမှ တာဝန်ရှိသူ တစ်ဦး၏ မေးမြန်းချက်ကို ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၏ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက "စာချုပ်တွေကတော့ forever နဲ့ ရုပ်သံထုတ်လွှင့်ခြင်းကို ကျွန်တော်ခုနကလည်း တင်ပြခဲ့ပါတယ်။ ဟို ၂၀၀၆ ခုနှစ်မှာ ၂၀၀၄ ခုနှစ်မှာ ပြန်စတယ်။ ပထမစတဲ့ နှစ်နှစ်က ကျွန်တော်တို့ ဒီလုပ်ငန်းက မအောင်မြင်ဘူး။ ၂၀၀၆ ခုနှစ်ကျတော့ DVT စနစ်နဲ့ ပြန်ပြီးချုပ်တယ်။ ဒီလုပ်ငန်းတွေကို ၂၀၀၄ ခုနှစ်ကနေ စတာပါ။ ၁၂ နှစ် ပေးထားပါတယ်။ ၂၀၁၆ ခုနှစ်အထိ ပေးထားပါတယ်။ ရွှေသံလွင်နဲ့ ပေးထားတယ် ဆိုတာက စာချုပ်ချုပ်တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ပေးထားတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ အဲဒီတုန်းက ရှိတဲ့အစိုးရ ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပါတယ်။ အလားတူ ရွှေသံလွင်နဲ့ ၂၀၁၀ မှာ ချုပ်ပါတယ်။ ကျွန်တော်တို့ တကယ်တမ်း ပြည့်မယ့်ကာလက ၃၃ နှစ် ပေးထားပါတယ်။ အလားတူပဲ ၃၃ နှစ်မှာ သုံးနှစ်က ကျွန်တော် ခုနက တင်ပြသလို Risk Peri သိရှိပြီးတော့ ကျန်တဲ့ နှစ် ၃၀ တော့ ခွင့်ပြုထားပါတယ်" ဟု ဖြေကြားခဲ့သည်။
ဆက်လက်၍ ၎င်းက အက်ဖ်အမ်များတွင် နှစ်မျိုးကွဲကြောင်း မန္တလေး အက်ဖ်အမ်အား ၂၀၀၉ ခုနှစ်တွင် ချုပ်ဆိုပြီး နှစ် ၃၀ ပေးထားကြောင်း၊ ကျန်ရှိသည့် အက်ဖ်အမ်ငါးခုအား ၂၀၁၀ ပြည့်နှစ်တွင် စတင်ချုပ်ဆိုပြီး ၃၂ နှစ် သက်တမ်းပေးထားကြောင်း ပြောကြားသည်။
Sky Net ရုပ်သံလိုင်း၊ Forever (MRTV-4) ရုပ်သံလိုင်းတို့မှ ရရှိသည့် အကျိုးအမြတ် ခွဲဝေမှု အချိုးနှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှရသည့် အကျိုးအမြတ် ခွဲဝေမှု အချိုးအား မေးမြန်းရာတွင် ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက "အချိုးအနေနဲ့တော့ သတ်မှတ်ချက် အနေနဲ့ ၀င်ငွေတွေအရ တင်ပြထားတဲ့အခါ သတ်မှတ်ဝင်ငွေအတိုင်း သွင်းထားတယ် ဆိုတာပဲ။ အချိုးရယ်လို့ မဟုတ်ဘူး။ စာချုပ်ပါ အချက်အတိုင်းပဲ သတ်မှတ်ထားတဲ့ ၀င်ငွေရရှိရေးပဲ ဖြစ်ပါတယ်" ဟု ဖြေကြားခဲ့သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template